စွဲလမ်းသော အချစ်(အပိုင်း ၁၆)🔥

5.2K 173 3
                                    

Obsessive Love( စွဲလမ်းသော အချစ်)
(Part-16)

   သူ့အပေါ်အုပ်မိုးထားတဲ့ ဝမ်ရိပေါ်ကို မျက်လုံးချင်း
မဆုံရဲတာကြောင့်  ရှောင်းကျန့် မျက်နှာကိုတမင် ဘယ်ဘက်ကိုလွှဲထားလိုက်သည်။

တဖက်ခြမ်းကို မျက်နှာလွှဲထားတာကြောင့် ဘေးတစောင်းမြင်နေရတဲ့မျက်နှာလှလှလေးကို ရိပေါ် ငေးကြည့်နေမိသည်။

အနီရောင်ဖျော့ဖျော့သန်းနေ တဲ့ နှုတ်ခမ်းပါးလေးအောက်က မှဲ့နက်လေးကို ရိပေါ်ဖွဖွလေး အနမ်းပေးလိုက်တော့ သူ့ရင်ခွင်အောက်က ကိုယ်လေးတချက်တုန်သွားတာကို သတိထားမိလိုက်တယ်။

တမင် သူ(Wang Yibo)ကိုမကြည့်ဘဲ လွှဲထားတဲ့မျက်နှာလေးကို မှေးဖျားလေးက ဆွဲမော့ပြီး သူ့နဲ့အကြည့်ချင် ဆုံစေလိုက်သည်။

'ဒုတ်..ဒုတ် '

ရှောင်းကျန့်ရဲ့ မျက်ဝန်းညိုညိုလေးတွေငေးကြည့်နေတုန်းမှာပဲ... ဝမ်ရိပေါ်ရဲ့ ရင်ခုန်သံကို ပီပီပြင်ပြင်
ကြားလိုက်ရ၍ ရှောင်းကျန့် ဝမ်ရိပေါ်ကို  ပြူးကြောင်ကြောင်လေး ငေးကြည့်နေမိသည်။

ဝမ်သခင်လေးက... ကျန့်ကျန့်ကြောင့်...ရင်ခုန်နေတာပေါ့။ ကျန့်ကျန့် ပျော်လိုက်တာ...ကိုယ့် crushက..ကိုယ့်အပေါ် ရင်ခုန်နေတာ..ကို။

သဘောကျစွာ...ရယ်နေတဲ့ ရှောင်းကျန့်ကို မြတ်မြတ်နိုးနိုးနဲ့ Wang Yibo.. ကြည့် နေလိုက်သည်။
ရှောင်းကျန့်က နှုတ်ခမ်းက ရီနေတာမဟုတ်ပဲ..မျက်ဝန်းလေးတွေကရယ်မြူးရိပ်သန်းနေတာ.။

ထိုပုံစံလေးကို  ချစ်မဝစွာ..ဝမ်ရိပေါ်ကလဲ မျက်တောက်မခတ် ငေးမောနေမိတာ။
ပင်လယ်ပြင်က ကျောက်ဆောင်ကိုရိုက်ခတ်တဲ့ လှိုင်းပုတ်သံတွေမကြားတော့...အခုချိန်မှာ သူတို့နှစ်ယောက်အရာအားလုံးကို မေ့ကာ..တယောက်နဲ့တယောက် အကြည့်မလွဲဘဲ စိုက်ကြည့်နေမိကြသည်။

"ရှောင်းကလေးလေး..."

"ဟင်"

ရင်ဘက်ချင်းထိစပ်နေတဲ့ အနေအထားမှာ
ဝမ်ရိပေါ် စိတ်လှုပ်ရှားစွာ...ရှောင်းကျန့်ကိုခေါ်လိုက်သည်။ အခုအခြေအနေက မသိရင် Honeymoon ထွက်လာတဲ့ ဇနီးမောင်နှံတွေနဲ့တောင် ခပ်ဆင်ဆင်မလို့...ရိပေါ်ရော..ရှောင်းကျန့်ပါ...တမျိုးတမည်ကြီး
ခံစားနေမိတယ်။

Obsessive Love Where stories live. Discover now