သူငယ်ချင်း

By FanPooklookFonthipMy

284 14 8

win......ငါမင်းကိုချစ်ပေမယ့်လည်း ငါတို့ကငယ်ချင်းတွေဆိုတော့မင်းသိအောင် ငါမပြောရဲပါဘူး........ bright......မင်း... More

သူငယ်ချင်း
2

ep1

100 8 3
By FanPooklookFonthipMy

''သူငယ်ချင်း''

ကျွန်တော့်နာမည်က bright ပါဗျ ကျွန်တော်ကလေ သူငယ်ချင်းဆိုတဲ့စကားကိုမုန်းတယ်ဗျ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာလေ အရမ်းကိုချစ်ဖို့ကောင်းတဲ့ငယ်ချင်းလေးတစ်ယောက်ရှိပါတယ်ဗျ သူလေးက ရိုးသားတယ် စိတ်ထားကောင်းတယ် ကျွန်တော့်ကိုလည်းအမြဲကူညီပေးခဲ့တယ် ကျွန်တော်က သူ့လောက်မချမ်းသာပေမယ့် သူကတော့မခွဲခြားပဲ ကျွန်တော့်ကိုငယ်ငယ်ကတည်းကပေါင်းသင်းခဲ့တယ် သူကအမြဲတမ်းကျွန်တော့်ကိုဂရုစိုက်ပေးတော့လေ ကျွန်တော်လည်းမသိစိတ်လေးနဲ့ သူ့ကိုချစ်မိပြီဗျ ကျွန်တော်ဂေးတော့မဟုတ်ရပါဘူး ဒါပေမယ့် ကျွန်တော်ကဘယ်သူ့ဆီမှဂရုစိုက်မခံဖူးပါဘူး ဘာလို့လဲဆိုတော့ ကျွန်တော်မှာမိဘမဲ့ကလေးပါပဲ အဖေအမေက ကျွန်တော်ငယ်ငယ်ကတည်းက မတော်တဆမှုနဲ့ဆုံးပါးသွားပြီဗျ ခုလက်ရှိကျွန်တော်တော့ အဒေါ်နဲ့ပဲအတူနေထိုင်တော့တယ် အဒေါ်အကြောင်းပြောနေရင်း ‌သူမရဲ့အော်သံကိုကြားမိပါရဲ့

"Bright သား သားထမင်းလာစားတော့"

"ဟုတ်ကဲ့ဗျ"

အဒေါ်အော်တဲ့အသံ‌ေကြာင့် ကျွန်တော်လည်းလံယ်အိတ်လေးကိုင်ပြီး အောက်ကိုဆင်းသွားလိုက်ခဲ့လေသည်

"အမယ် ဒီနေ့တော့ ဒေါ်လေးရဲ့သားသားက အရမ်းကိုခန့်ချောနေတာပဲ"

‌ဒေါ်လေးစကားကြောင့် ရှက်ကိုးရှက်ကန့်ဖြစ်မိ

"ဒေါ်လေးလည်း သားကနေ့တိုင်းခန့်ချောတာပဲဗျာ"

"အမယ် စကားကတက်လိုက်တာ...ဒါမှမဟုတ် သားလေးမှာရည်းစားရှိသလား"

"အဟွတ်....အဟွတ်"

ဒေါ‌်လေးစကားကြောင့် သောက်နေတဲ့ရေကိုသီးမိတယ်

"သားလေး ဖြည်းဖြည်းသောက်ပါ အဝတ်လည်းစိုအုံးမယ်"

"ဒေါ်လေးရယ် သားမှာရည်းစားမရှိဘူးဗျ...ထားဖို့တောင်စိတ်မဝင်စားဘူး"

"ဟုတ်ပါစေ ဒေါ်လေးလည်းကြိုးစားပြီးယုံလိုက်အုံးမယ် ကဲထမင်းစားတော့"

"ဟုတ်ကဲ့ဗျ"

ဒေါ်လေးက ကျွန်တော့်ကိုစပြီး မီးဖိုချောင်ထဲဝင်သွားလိုက်တယ် ကျွန်တော်လည်းထမင်းစားပြီး ကျောင်းသွားဖို့ လွယ်အိပ်ကလေးယူပြီး ကျွန်တော့်ငယ်ချင်းဆီဖုန်းဆက်လိုက်လေသည်

"ဟယ်လို bright"

"မင်းအခုပြီးပြီလား"

"မင်းအိမ်ရှေ့တောင်ရောက်ပြီ အမြန်ထွက်လာခဲ့ ငါစောင့်နေမယ်"

သူ့အသံကြားတော့်ကျွန်တော်အမြန်ပြေးထွက်သွားသည်

       
ဒီနေ့ကလေ winလေးကအရမ်းကိုမှခန့်ချော သူ့ရဲ့မျက်နှာလေးကိုစိတ်အေးချမ်းစေတယ် သူ့အနီးကပ်ထိုင်ရရင်နှလုံးသားလေးက မရပ်မနားခုန်နေမိတယ် ခုရောပဲ ကျွန်တော်ရဲ့နှလုံးသားလေးခုန်လွန်းတဲ့အတွက်ကြောင့်မို့ သူ့အနီးလေးတောင်မထိုင်စေချင်တော့ဘူးဗျာ

"Bright ဘာဖြစ်နေလဲ မင်းမျက်နှာကြည့်ရတာ နေမကောင်းတာနဲ့တူတယ်ကွာ"

ကျွန်တော်လန့်ပြီး သူ့ကိုပြုံးပြပြီး

"ငါဘာမှမဖြစ်ရဘူး ငါအေးလို့ပါ မင်းရဲ့အယ်လေးကိုအနည်းလျော့ပေးအုံး"

"မယုံချင်စရာ အရင်ကဆိုမင်းကငါ့ကားပေါ်တက်တာနဲ့ပူတယ်လို့ ပွစိပွစိအမြဲပြောနေပြီ"

သူပြောတာလည်းမှန်တာ်ဗျ ဒါပေမယ့်ခုကအရင်ကမတူတော့ပါဘူး သူနဲ့မနီးကပ်နေရတိုင်းစိတ်လှုပ်ရှားတယ်ဗျ ကျွန်တော်ရဲ့ရင်ခုန်သံလေးကို သူကြားရမှာသိပ်ကြောက်မိတယ်ဗျာ winလည်းကားမောင်းရင်း မိနစ်အကြာကျွန်တော်တို့က ကျောင်းတွင်းရောက်လာခဲ့တယ်ဗျာ

"မင်းဘာစားချင်လဲ Bright"

"ငါတော့ဘာဖြစ်ဖြစ်ရတယ်ကွ"

"အဲ့ဆိုခေါက်ဆွဲပဲထိုင်စားရအောင်"

ကျွန်တော်ခေါင်းညိတ်ပြီး နှစ်ယောက်သားလည်း ခေါက်ဆွဲဆိုင်ထဲဝင်ထိုင်ပြီး ခေါက်ဆွဲကိုမာလိုက်ပါသည် မထင်မှတ်ပဲဆိုင်ထဲကမိန်းကလေးချောတွေအများကြီးပါပဲဗျာ သူတို့အကြည့်လေးက ကျွန်တော်တို့ဆီမှာပါပဲဗျာ winကတော့စာကြိုးစားတဲ့အတွက် ကောင်မလေးအကြည့်ကိုအမြဲလိုလို လျစ်လျူရှူခဲ့တယ်ဗျာ အဲ့ဒါကြောင့်သူ့ကိုစိတ်မပူခဲ့တာ‌ဗျာ

"Win စားတော့လေအေးအုံးမယ်"

"အွန်"

"မင်းကိုမေးလို့ရမလား"

"အင် မေး"

"မင်းကဘာအတွက်ကြောင့် ကောင်မလေးတွေမကြည့်သလဲ သူတို့ကမင်းကိုကြိုက်နေတယ်လေ"

သူတချက်ပြုံးပြီး

"ငါကအဲ့ကောင်မလေးတွေကိုမကြိုက်ပါဘူး"

"ဘာလို့မကြိုက်သလဲ"

"ဘာလို့လဲဆိုတော့ ငါကြိုက်မိတဲ့လူရှိပြီလေ"

အဲ့စကားကြားတော့ ကျွန်တော်ဗိုက်ကလေးအောင့်သလိုခံစားရပြီး မျင်ရည်ကလည်းဝဲလည်လည်ဖြစ်ခဲ့သည် သူကြိုက်တာကျွန်တော်ဖြစ်စေပေမယ့် မဖြစ်နိုင်မှန်းသိခဲ့တယ်ဗျာ

"အဲ့ဒါဘယ်သူလဲ"

အသံတုန်လှုပ်စွာမေးနေတယ် ဒါပေမယ့်သူကတော့အပြုံးကလေးဘယ်တော့မှမပျက်ပဲ စကားစပ်သည်

"ငါကြိုက်တဲ့လူက....မပြောဘူး ငါသေချာမှမင်းကိုပြောပြမယ်"

"အင်ပါ"

ကျွန်တော်သူ့ကိုဒေါသထွက်ခဲ့တယ် သူကကျွန်တော့်ခေါင်းကလေးကိုပုတ်ပြီး

"စိတ်မဆိုးနဲ့နော်....ငါသေချာတဲ့တနေ့မင်းကိုပထမဆုံးပြောပြမယ်လေဟုတ်ပြီလား"

ကျွန်တော်သူ့ကိုမော့ကြည့်ခဲ့တယ် သူပြုံးတိုင်းအရမ်းချစ်စရာကောင်းတယ်ဗျာ သူချော့တာခံရတာအရမ်းပျော်တယ်ဗျာ သူသာချစ်သူရှိရင်ကျွန်တော်အမှန်ကြေကွဲသေနိုင်တယ်ဗျာ ကျွန်တော်မပိုင်ဆိုင်ရပေမယ့်လည်း သူနဲ့ဒီလိုလေးကြာကြာနေချင်တယ်ဗျာ....

"Bright လာအခန်းထဲသွားရအောင်"

"အင်"

အခန်းထဲရောက်တော့ အရမ်းကိုမှဆူညံနေကြတယ် ဒါပေမယ့်သာမန်လေးပဲဗျာ သာမန်မဟုတ်တာကတော့ ကျွန်တော်တို့ထိုင်ခုံမှာလူတစ်ယောက်လာထိုင်တာတွေ့တယ်ဗျ

"ဟေ့ယျောင် မင်းကဘယ်သူလဲ"

ကျွန်တော်အသံကြားတော့တဖြည်းဖြည်းသူ့မျက်နှာလှည့်လာခဲ့တယ်ဗျာ ဒါပေမယ့်ကျွန်တော်ကတော့သူ့ကိုမတွေ့ချင်စိတ်ရှုပ်ဖို့ကောင်းတယ်

"ဟေ့ bright "

သူထရပ်ပြီး ကျွန်တော့်ပါးကိုနမ်းပြီး တင်းကြပ်ဖက်ထားသည်

"‌nani မင်းဘယ်လိုရောက်လာသလဲ"

"Bright နဲ့ကျောင်းလာတက်ဖို့အတွက် ဘာမဆိုကိုယ်လုပ်နိုင်တယ်"

"ကိုယ်"

Win အသံလေးထွက်လာသည် သူစိတ်ဆိုးမှန်းသိသာတယ်ဗျာ

Update မှန်မယ်မဟုတ်တဲ့အတွက်ကြိုပြောထားပါတယ်ဗျာ ဘာသာကအားသလိုလိုနဲ့ရေးပေးခြင်းဖြစ်ပါတယ် အားလုံးကြိုက်မယ်လို့မ်ျှေလင့်ပါတယ် အကြံကောင်းလေးဝေဖန်မျှဝေနိုင်ပါတယ် ဇာတ်လမ်းလေးက winbright ဖြစ်ပါတယ်ကြိုက်မှဖတ်ကြပါနော် ဘာသာကဘယ်တော့မှbrightwinမရေးပါ ရေးတဲ့သူများပြားနေလို့ပါ နားလည်ပေးကြမယ်ထင်ပါတယ်

Continue Reading

You'll Also Like

304K 6.2K 56
Olivia was taken from her family at the age of 2 by her families rivals. She can't remember anything before then, the only thing she can remember is...
600K 18.2K 95
ဘယ်သူ့ဘယ်သူမှ ထိခိုက်စေလိုချင်းမရှိပါ
269K 22.3K 42
الأدعج" قـاع الظلام " تنـتظـِركم لـيالـي قاسيه وعيـُون لاتنـّام وأيـام سوداويه فـْي أعـماق قــاع الضلام هـيا يـا رِفـاق انـتـّزعو ثـُوب النجاة ل...
122K 1.3K 26
mikhaiah