အချစ်တို့ မြစ်ဖျားခံရာ ( comp...
By EmmaRine9820
496K 14.3K 553
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၁၆) uni & zg
9.2K 311 6
By EmmaRine9820
Unicode
ပြန်တွေးကြည့် ငါသိပ်ချစ်မိသွားပြီ
မြတ်နိုးရတဲ့ မင်းရဲ့အပြုံးဟာလည်း
အမြဲတမ်းတွေ့ချင်သည်
ရင်ထဲထိ ပြစ်ခွင်းဆူးနစ်သွားပြီ မင်းအကြည့်များ ဂန္တဝင်မြောက်လွန်းတဲ့ ကမ္ဘာကျော် ပန်းချီလဲ ရှုံးရပြီ .....
ရင်ခုန်စွာ စွဲလမ်းမိပြီ ဘယ်လိုလုပ်မလဲ ၊
ဖြေရှင်းဖို့မင်းရဲ့ အဖြေလေးတစ်ခွန်းရင်မှာလိုပြီ
ကြာလာရင် ဆိုးသွားလိမ့်မယ် ကူညီပါအုံး ၊
နှလုံးသားလေးဟာ တဒိတ်ဒိတ်နဲ့
အချစ်တို့ရှိရာဆီ ..... လှမ်းလာဖို့စေခိုင်းတတ်ခဲ့ပြီဘဝတစ်ခုလုံး ပုံပြီးတော့ပြောမယ်
ယုံကြည်ပေးပါ ကိုယ့်အချစ်တွေ .....
စိုးရိမ်မိတယ် ငြင်းပယ်မှာလား ....၊
ကိုယ်တွေးပူရတာ ကိုယ်ရူးတော့မယ် ၊
မင်းကိုချစ်တယ် ရယူခွင့်ပေးပါ ....၊
အချစ်တွေနဲ့ အတူ ကိုယ်လှမ်းခဲ့မယ် .......
ကားပေါ်တွင် ပျံ့လွှင့်နေသည့် သီချင်းဟာ
ဒီဇင်ဘာခြံက ထွက်ကထဲကပင် ဒီသီချင်းကနေ အခြားတစ်ပုဒ်ခုထိမပြောင်း ဒါပဲပြန်ပီးဖွင့်ထားသည်။ ဖွင့်တာထိလဲ အကြောင်းမဟုတ် အပေါ် ၂ ပိုဒ်မှာ ထိုက်က တိုးတိုးလေးလိုက်ဆိုနေပေမဲ့
နောက်ဆုံး ၁ပိုဒ်ရောက်ရင် စိုင်းခက်ကို လှည့်
ကြည့်ရင်း အသံကို ပိုကျယ်၍ လိုက်ဆိုနေခြင်း
ကြောင့်ပင် ... စိုင်းခက်မှာ သူ့အကြည့်တွေကို ခနခန မျက်နှာလွဲနေရသည် ။ မိုးအေးအေးနဲ့ ပြင်ဦးလွင်မှာ စိုင်းခက်တစ်ယောက် ချွေးပင်စို့
ချင်နေလေပြီ ... အနေရခက်စွာ ရင်ထဲမှာလဲ တစ်မျိုးတစ်ဖုံဖြစ်လာတော့၏ ဒီအခြေအနေကရုန်းထွက်ဖို့ မြန်မြန်ပင် ကန်တော်ကြီးကို
ရောက်ချင်နေလေပြီ .....
မဟုတ်ရင် သူ့ခေါင်းကြီးလဲ ကားမှန်အပြင်ဘက် ဇွတ်လှည့်ထားရ၍ အကျောပင်ညှပ်လေတော့
မည် ။ ထိုက်ကတော့ ပြုံးစိစိဖြင့်သာ မသိချင် ယောင် ဆောင်၍ ဆက်ဆိုနေတုံးပင်....
***🌸🌸🌸****
ကန်တော်ကြီး အဝင်ရောက်တော့မှ စိုင်းခက် သက်ပြင်းချမိတော့၏ သီချင်းသံလဲရပ်သွားလေပြီ .... ကန်တော်ကြီးထဲဝင်ပီး ကားပါကင် တွင်ထိုးကာအသွားတုန်းက ဝင်ဝယ်ခဲ့သည့်
ပိုက်ဖျာလေးယူပြီး မြက်ခင်းပြင်တွေဘက်လာခဲ့လိုက်သည်။
"အကို ဒီနေရာလေး ရိပ်တယ် ဒီမှာပဲခင်းလိုက် တော့"
စိုင်းခက်တို့ နေရာယူလိုက်သည်က ကန်ရေပြင် အနီးရှိ အုပ်စိုင်းနေသော သစ်ပင် အောက်တွင်ဖြစ်သည် ။နေရာခင်းပီးသည်နှင့် သူတို့လဲ ခနထိုင် ကာ အမောဖြေရတော့သည်။
"စိုင်းခက် ဘာစားမလဲ မနက်က စားပီးထဲကမင်းဘာမှမစားရသေးဘူး တစ်ခုခုအရင်စားပီးမှ ပတ်ကြည့်ရအောင်"
"ရေခဲမှုန့် နဲ့ မာလာအားလူးကြော်စားချင်တယ်"
"အင်း ကိုယ်သွားဝယ်ပေးမယ် ခနစောင့်"
ထိုက် စိုင်းခက်စားချင်တာ ဝယ်ဖို့ ထွက်ခဲ့လိုက်
စဉ်နောက် မှလှမ်းအော်လို့ လှည့်လိုက်လိုက်တော့
"အကို ကျွန်တော်စားချင်တာ တံတားအဆုံးက ဆိုင် နော်ကပဲနော် ကျန်တဲ့ဆိုင်တွေက ဆိုမကြိုက်ဖူး "
ထိုက်လဲ ခေါင်းအသာငြိမ့်ပြ၍ ဆိုင်သို့ထွက်ခဲ့
လိုက်သည်။ ထိုက်သွားတာ သိပ်မကြာလိုက် လက်ထဲမှာ မုန့်ထုတ်တွေကတစ်ဖက် ရေခဲမှုန့်က တစ်ဖက်နှင့် ပြန်ရောက် လာသည်။
"ကဲ ရပါပီဗျာ သုံးဆောင်ပါ "
"ဟီးဟီး ကျေးဇူးပဲနော် အကို "
"ဒါပီးရင်ဘယ်အရင်သွားချင်လဲစိုင်းခက်"
"အရင်ဆုံး ငှက်ဥယာဉ်ကိုသွားရအောင် ဒေါင်းတွေကြည့်ချင် လို့ ၊ အဲတာပီးမှ ထင်းရူးတောကိုသွားမယ် ပုံလိုက်ရိုက်ပေးလေ ၊ ပီးရင်နဲနဲပါးပါးလျှောက်ပတ် ပီးပြန် ကြတာပေါ့ "
သွားချင်သည်များရွေးပီးသည်နှင့် ထွက်လာခဲ့လိုက် ကြသည်။ နေ့လည် ၂ နာရီဆိုပေမဲ့ မိုးအေးနေသဖြင့် နေကလုံးဝမပူပေ။ မိုးရာသီဆိုတော့ ပန်းပင်သစ်ပင် တွေကလဲ စိမ်းဆိုပီး ပုံမှန်ထပ်ကိုပင် ပိုလှနေသည်။ စိုင်းခက်ကတော့ ထိုက်ရှေ့ကနေ လျှောက်နေပြီး ကန်ရေပြင်နှင့်ပန်းပင်တွေကို ဓာတ်ပုံရိုက်နေသည်။ ထိုက် ကတော့ စိုင်းခက် နောက်ကျောပြင် နှင့် ဘေးတိုက်လှည့်လာသော မျက်နှာပြင်ပုံ တွေကို မှတ်တမ်းတင်နေတော့သည်။ သူတို့နဲနဲလျှောက်လာတာကြာတော့ ငှက်ခြံသို့ဆိုတဲ့ ဆိုင်းဘုတ် ကိုမြင်ရတော့သည်။
အထဲရောက်တာနှင့် ငှက်အမျိုးအစားမျိုးစုံကိုတွေ့ရသည်။ စိုင်းခက်ကတော့ ဒေါင်းရှိတာသို့သွားကာ ဓာတ်ပုံရိုက်တော့သည်။
"အကို အရမ်းလှတာပဲနော် ကြည့်ပါအုံး "
ထိုက်က စိုင်းခက်ဘက်လှည့်ကာ
"အင်း ဟုတ်တယ် သိပ်လှတယ် "
"ဟင်"
ထိုက်က ပြုံးပီးစိုက်ကြည့်ကာ ပြောနေဖြင့်
ရှက်ကို့ရှက်ကန်းဖြင့် လည်ဂုတ်ကို လက်ဖြင့်ပွက်
လိုက်ပီး လှည့်ထွက်လာလိုက်တော့သည်။
"ဟဟ သေချာတယ်ဒီကောင်လေး ရှက်သွားတာ
ဟေ့ ကိုယ့်ကိုစောင့်အုန်းလေ ကောင်လေး"
ထိုက် စိုင်းခက်နောက်ပြေးလိုက်သွားတော့သည်။
ငှက်ကျေးရွာကနေ ထင်းရူးတောဘက်ကို ဆက်
လျှောက်လာလိုက်သည်။
ကျောက်စလစ် လမ်းတစ်လျှောက်လုံးဘေးတွင် ထင်းရူးပင်များအတန်းလိုက်၊ မြက်ခင်းပြင်ကြီးပေါ်မှာ အဝေးကိုလှမ်းကြည့်ရင်တောင်မျက်စိတစ် ဆုံး ထင်းရူးပင်များဖြင့်သာ ။ သာယာလှတဲ့ လမ်းလေးပေါ့ ။
"မောနေပီလား အကို ကျွန်တော်ကလမ်းအဆုံးထိလျှောက်ချင်တာ "
"မမောပါဘူး မင်းနဲ့ဆို ဘယ်နေရာနေနေ အဆုံးထိ ကိုယ်လျှောက်နိုင်ပါတယ် ကဲလာ "
သူ့ကိုကြောင်ကြည့်နေတဲ့ စိုင်းခက်လက်ကို လှမ်းဆွဲလိုက်ပီးရှေ့ဆက်လျှောက်ခဲ့လိုက်သည်။ စိုင်းခက် သူ့ကို ကိုင် ထားတဲ့ လက်ကိုကြည့်လိုက်
ထိုက်ကို ကြည့်လိုက်နှင့် မရေရာမသေချာတဲ့ ခံစားချက်တွေဝင်ရောက် လာပြန်သည်။
***🌺🌺🌺***
Tent ပြန်ရောက်သည်ထိ စိုင်းခက် ထိုက်ကို စကားမပြောသေး ။ ကန်တော်ကြီးကအပြန်ကားပေါ်မှာလဲ စကားမပြောဖြစ်ခဲ့ကြ ။ ထိုက် ကရေသွားချိုးနေသဖြင့် tent ထဲမှာ စိုင်းခက်တစ်ယောက်ထဲသာရှိသည်။ထိုစဉ် tent အပြင်ဘက်က ခေါ်သံကြားသဖြင့် စိုင်းခက် ထွက်ကြည့်လိုက် တော့ ...
ဝန်ထမ်းကောင်လေး လက်ထဲမှာက အကင်ပန်းကန် နှင့် ဘီယာ ၂ပုလင်း ၊
"ဟို အကိုက မှာထားတာပါဗျ ဒီကိုပို့ထားလိုက်ပြောလို့လာပို့တာပါ"
"အော်ဟုတ်ကဲ့ဗျ ဒီမှာပဲထားခဲ့လိုက်ပါ "
ဝန်ထမ်းကောင်လေး ထွက်သွားပီးမကြာဘူး
ထိုက်ပြန်​ရောက်လာကာ
" စိုင်းခက် ရေသွားချိုးတော့လေ ပီးရင်ဒါလေးဝတ်"
အထုတ်လေး တစ်ထုတ် ကြည့်လိုက်တော့
ဝါးချည်ဝမ်းဆက်လေး တစ်စုံ ။
"ဒါသွားဝယ်နေလို့ ကြာနေတာလား "
"အင်းဟုတ်တယ် သွားသွားနောက်ကျလို့အအေး
ပတ်နေလိမ့်မယ် "
စိုင်းခက်လဲ ရေချိုးဖို့ထွက်လာလိုက်သည်။ရာသီဥတုအေးသဖြင့် ရေပူဖြင့် ချိုးမှသာ အဆင်ပြေသည်။ စိုင်းခက်လဲရေချိုးပီးသည်နှင့်ထိုက်ဝယ် ခဲ့သည့် အပြာနုရောင် လက်ရှည်ဘောင်းဘီရှည် ဝမ်းဆက် လေး လဲခဲ့လိုက်ပီး tent ဆီပြန်လာလိုက်သည်။ ထိုက်က tent ရှေ့က စားပွဲဘေးတွင် ထိုင်၍ ဖုန်းသုံးနေသည်။ စိုင်းခက်လဲ ထိုက်ဘေးတွင် ဝင်ထိုင်လိုက် ကာ ပခုံးပေါ်တင်ထားတဲ့ တဘက်ဖြင့်ခေါင်းသုတ်နေလိုက်သည်။
" ဘာလို့ခေါင်းတွေပါလျော်တာလဲ နှာစီးတော့မှာပဲကိုယ်လေမှုတ်ပေးမယ် "
ထိုက် dryer လေးထယူ၍ ဆံပင်လေးအား ဖွဖွလေး ကိုင်ကာ လေမှုတ်ပေးလိုက်သည်။ ခုမှရေချိုးပီးကာစဖြစ်၍ မျက်နှာလေးက ကြည်လင်၍ နဂိုအသားဖွေးဖွေးက ခုမှပို၍ တောင် ဖွေးနေသယောင် အပြာနုရောင်လက်ရှည်လေးက လက်ဖမိုးထိဖုံးကာ ပေါ်နေသောလက်ချောင်းသွယ်သွယ်လေးတွေက တကယ်ကိုလှနေတာ
"အကျီက မင်းနဲ့ လိုက်တယ် ကြိုက်ရဲ့လား "
"ဟုတ်ကြိုက်တယ် မပြန်ခင် တစ်စုံလောက်
ထပ်ဝယ် အုံးမယ် "
"အင်း ကိုယ်ဝယ်ပေးမယ်"
"အင်း အကို စိုက်ထားပေး ပီးမှကျွန်တော်ပြန်ပေးမယ်နော် ဒီကိုလာတဲ့ကုန်ကျစရိတ်တွေရောပဲ"
"မလိုပါဘူးကွာ မပေးနဲ့ ဒီလောက်က ကိုယ့်အတွက် ဘာမှမဖြစ်ပါဘူး စိုင်းခက်လိုချင်တာ မှန်သမျှကိုယ်က အကုန်လုပ်ပေးချင်တာ"
"ဟုတ်ကဲ့ပါ သူဌေးရယ် အကိုချမ်းသာတာသိပါ
တယ် ကျွန်တော်က အားနာလို့ပါ "
"မင်း နဲ့ ကိုယ်နဲ့ကြားမှာ အားနာတယ်ဆိုတဲ့ စကားက သူစိမ်းဆန်တယ်လို့ခံစားရတယ်
နောက်မပြောနဲ့"
ထိုက်အသံက အနဲငယ်မာသွားသဖြင့်
"အင်းပါ မပြောတော့ဘူး စိတ်မဆိုးနဲ့ အဲလောက်အပေးအကမ်းရက်ရောနေမှတော့
ကျွန်တော် ကူဖြုန်းပေးရမှာပေါ့ ဟီးဟီးခုတော့ စားရအောင် ဘီယာတွေ ပူကုန်တော့မယ် "
ထိုက်နဲ့စိုင်းခက်လဲ ဘီယာလေးသောက်၊ အကင်လေးစားလိုက်ဖြင့် ရောက်တတ်ရာရာစကားတွေလျှောက်ပြောနေလိုက်ကြသည်။ ဘီယာကလဲ ၇ ပုလင်းလောက်ကုန်​တော့ စကားသံတွေက လုံးထွေးလာသည်။
"အကို ကောင်းကင်ကိုကြည့်ပါအုံး ကြယ်တွေဘယ်လောက်လှလိုက်သလဲ"
စကားသံတွေက မပီမပြင်
"အင်း ကြယ်တွေထက် ခုကြယ်တွေကို ကြည့်ပီးပြုံးနေတဲ့ မင်းအပြုံးတွေက ပိုလှတယ်"
"ဟင်"
ပြောပြန်ပီ ဒီစကား စိုင်းခက်အတွက် သူ့ကိုလှ
တယ်လို့ သူများတွေပြောတာ ခနခနခံဖူးပေမဲ့ ခုတော့မတူ လရောင် အောက်တွင် အကို့မျက်နှာက ညှိ့ရီရီလေးဖြစ်နေကာ သူ့ကိုစိုက်ကြည့်ပီးပြောသည်ကြောင့် သူ့စိတ်တွေ ကနာမငြိမ် စိုင်းခက်က ပုံမှန်ဆို အရှက် ကြီးသူ မဟုတ်ပေမဲ့ အကို့ရဲ့ခုလိုစကားတွေကြားရရင် ရှက်မိတာ အမှန်ပေ....
"အကို ကျွန်တော်အိပ်ချင်ပီအထဲဝင်တော့မယ် အကိုလဲ အိပ်တော့လေ"
စိုင်းခက် ထရပ်တော့ ထိုက်က လက်ကို လှမ်းဆွဲလိုက်တာကြောင့် ရုတ်တရက်ထိန်းမထားနိုင်ပဲ
ထိုက်ပေါင်ပေါ်ထိုင်လျက်ကျသွားကာရင်ခွင်ထဲကွက်တိ ဝင်ရောက်မိသွားသည်။
"အာ sorry ကိုယ်က "
ထိုက်စကားမဆုံးလိုက်ခင် စိုင်းခက်က ရင်ခွင်ထဲကရုန်းထွက်၍ ပြန်ထလိုက်ကာ
"ရ ... ရပါတယ် ကျွန်တော်အိပ်ပီ "...
စိုင်းခက် ဒီညလဲ အတွေးတွေ များရပေအုံးမည်။
*🌺🌺*
ပျင်းနေကြပီလားဟင် ❤️ ထိုက်နဲ့စိုင်းခက်ကြားက သံယောဇဉ်လေးတွေ မြင်အောင်ရေးပေးနေတာမို့ ဆက်ဖတ်ပေးကြပါအုံးနော် ❤️ နောက်အပိုင်းတွေမှာ ဇာတ်ရှိန်တက်လာပီနော်
ကန်ဘေးက သစ်ပင်လေး ❤️
ငှက်ခြံသို့ ❤️
ကန်တော်ကြီး ငှက်ဥယာဉ်ထဲက ဒေါင်း 💚
ထင်းရူးတန်း ❤️
အရမ်းလှသောကောင်းကင်ကြီး 🧡
ဘီယာနှင့်အကင်
ထိုက်ပေးတဲ့ ဝမ်းဆက်လေး ❤️
Zawgyi
အမြဲတမ်းတွေ့ချင်သည်
ရောက်ချင်နေလေပြီ .....
***🌸🌸🌸****
"ဟင်"
လျှောက်လာလိုက်သည်။
***🌺🌺🌺***
ထိုက်ပြန်​ရောက်လာကာ
ပတ်နေလိမ့်မယ် "
ထပ်ဝယ် အုံးမယ် "
"အင်း ကိုယ်ဝယ်ပေးမယ်"
နောက်မပြောနဲ့"
စကားသံတွေက မပီမပြင်
"ဟင်"
"အာ sorry ကိုယ်က "
*🌺🌺*
Continue Reading
You'll Also Like
226K 13.9K 37
ကိုကြီးရဲ့ကောင်လေး 11/04/2020 "ငါ့ဘဝမှာငါ့ညီမကအရေးကြီးဆုံးဘဲ" "ကိုယ်မင်းကိုချစ်တယ်ကောင်လေး" "ဘာအခက်အခဲဘဲရှီရှီမင်းကိုကိုယ်မစွန့်လွှက်နိုင်ဘူးကလေး" ...
3.6M 150K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.8M 116K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
9.6K 505 16
MewGulf fanfiction.. ဒီficသည်စိတ်ကူးသက်သက်ဖြင့်သာဖန်တီးခြင်းဖြစ်ပါသည် By winterdaisy88