အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

By Neko_san_ZP

851K 119K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... More

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter-108

3.4K 476 7
By Neko_san_ZP

Zawgyi

"ဘယ္လို...ေဂ်ာ့ဖေရးနဲ႕မင္းက ေစ့စပ္ထားတာလား"

ထိုခ်ိန္မွာ ဒန္နာရီဆီမွာ ရႉံးနိမ့္ခဲ့ကာ အဆင့္ေလးဆယ့္တစ္ကိုက်သြားတဲ့စီနိယာရန္ဟြမ္က ေရာက္လာေတာ့သည္၊သူ႕မ်က္ႏွာအမူအရာက မယုံၾကည္နိုင္ေအာင္ျဖစ္ေနၿပီး ထပ္ေမးလိုက္သည္၊

"ဟုတ္တယ္ေလ ဒန္နာရီေရာက္လာတည္းက ဒီအေၾကာင္းေတြေၾကာင့္ ၾကားထဲမွာေတာင္ ဂယက္ထသြားေသးတယ္" အနီးနားကေက်ာင္းသူတစ္ဦးက ရန္ဟြမ္ကိုရွင္းျပလိုက္ၿပီး တစ္ခ်ိဳ႕ကလည္းေခါင္းညိတ္ျပလိုက္သည္၊

ရန္ဟြမ္က အရင္ေန႕ကမွ စစ္ေျမျပင္ကေန ေက်ာင္းေတာ္ကိုျပန္ေရာက္ရွိတဲ့သူျဖစ္ၿပီး သူက ခ်ဲလ္ရဲ႕စိတ္ဓာတ္ကို သေဘာက်ခဲ့သူျဖစ္သည္၊ဒါေၾကာင့္ ခ်ဲလ္က သူ႕ရင္ခြင္ထဲဝင္လာကာ အျခားဂ်ဴနီယာတစ္ဦးက သူ႕ခ်စ္သူကို လုသြားေၾကာင္းေျပာလာေတာ့သည္၊

ရန္ဟြမ္က ေတာ္႐ုံယုံတတ္သူမဟုတ္ေပမယ့္ စစ္ေျမျပင္မွာ ခ်ဲလ္က သူ႕ကိုကယ္တင္ကူညီေပးခဲ့ဖူးတာေၾကာင့္ ထိုအေႂကြးကို ရန္ဟြမ္က ဆပ္ေပးခ်င္ခဲ့သည္၊ဒါေၾကာင့္ ခ်ဲလ္ေျပာသလို ဒန္နာရီကို ဖိအားေပးခဲ့တာ အမွန္ေပ၊ဒါေပမယ့္ ဒန္နာရီကို ရႉံးသြားၿပီးေနာက္မွာေတာင္ သူ႕ရဲ႕ဂုဏ္သိကၡာေတြက်ဆင္းခဲ့ေပမယ့္ ထိုအေရးကိုဂ႐ုမစိုက္ပဲ ခ်ဲလ္ကိုေတာင္ ႏွစ္သိမ့္ေပးလိုက္ေသးသည္၊

ဒန္နာရီက သူ႕ဂုဏ္သတင္းကို ျပန္ျမႇင့္တင္ေပးခဲ့ခ်ိန္မွာ ခ်ဲလ္က ညဘက္ႀကီး သူ႕အေဆာင္ကိုေရာက္လာၿပီး ေျပာလာခဲ့ေသးသည္၊

ေဂ်ာ့ဖေရးက ခ်ဲလ္ကို မေ႐ြးခ်ယ္ပဲ ဒန္နာရီကို ေ႐ြးခ်ယ္ခဲ့တာေၾကာင့္ အရည္အခ်င္းနဲ႕ တကယ္ခ်စ္မိသြားတာေၾကာင့္ဟုထင္ခဲ့ၿပီး ခ်ဲလ္က မနာလိုတာေၾကာင့္ သူ႕ကိုအသုံးခ်ကာ တိုက္ခိုက္ခိုင္းခဲ့သည္ဟုဝန္ဟေျပာဆိုခဲ့ေသးသည္၊

ရန္ဟြမ္ေတြးရင္းနဲ႕ ေဒါသထြက္လာကာ လည္ပင္ေသြးေၾကာေတြကို ေမးရိုးေၾကာပါေထာင္ထေနေတာ့သည္၊

"မင္းေျပာေတာ့ ေဂ်ာ့ဖေရးက မင္းကိုေက်ာ္ၿပီး ေက်ာင္းသားသစ္ကို ေ႐ြးခ်ယ္သြားတာဆို ခ်ဲလ္"

"ကြၽန္...ကြၽန္ေတာ္မေျပာမိပါဘူး..."

"မေျပာမိဘူးတဲ့လား" ခ်ဲလ္ရဲ႕ျငင္းဆိုစကားေၾကာင့္ ရန္ဟြမ္က စိတ္ပ်က္စြာရယ္ေမာလိုက္မိသည္၊ထို႔ေနာက္မွာ မွတ္ဥာဏ္ေက်ာက္တုံးကို ထုတ္လိုက္ၿပီး အသုံးျပဳလိုက္ခ်ိန္မွာ အားလုံးက မွတ္ဥာဏ္ေက်ာက္တုံးေၾကာင့္ ေပၚလာတဲ့ပုံရိပ္ေတြကို ၾကည့္ရင္း အံ့အားသင့္သြားေတာ့သည္၊

"ေနပါဦး ေျပာေတာ့ စီနီယာရန္ဟြမ္က သူ႕ကိုသေဘာက်ေနတာေၾကာင့္ ဒန္နာရီကို သူ႕အစားယွဥ္ၿပိဳင္ခဲ့တာဆို...​ငါၾကည့္ရသေလာက္ေတာ့ စီနီယာရန္ဟြမ္က သူ႕ကို မႀကိဳက္ပါဘူး..." ပုံရိပ္ေယာင္ကျမင္ကြင္းေတြၾကည့္ၿပီး အကုန္လုံးက ခ်ဲလ္ဟာ မ်က္ႏွာေျပာင္တိုက္ထားမွန္းသိလိုက္ရသည္၊

"ခ်ီးပဲ စီနီယာခ်ဲလ္က အကုန္လုံးက သူ႕ကိုႀကိဳက္ေနတဲ့ဆိုတဲ့ဇာတ္မ်ားကေနသလားပဲ!"

"သူ႕႐ုပ္က ၾကည့္ေကာင္းေပမယ့္ သူ႕ထက္ၾကည့္ေကာင္းတဲ့သူေတြ ငါတို႔ေက်ာင္းေတာ္မွာ ရိုက္သတ္လို႔မကုန္ပါဘူးဟ"

ေက်ာင္းသားေတြကလည္း မေက်နပ္စြာေျပာလာေတာ့သည္၊ရန္ဟြမ္ကလည္း အနည္းငယ္စိတ္ရႈပ္ေထြးသြားေတာ့သည္၊ သူက ခ်ဲလ္ရဲ႕စိတ္ဓာတ္ကို သေဘာက်ခဲ့႐ုံသာျဖစ္ၿပီး ခ်ဲလ္ကို စိတ္ေတာင္မဝင္စားခဲ့ေပ၊

"ခင္ဗ်ား... !" ခ်ဲလ္က မွတ္ဥာဏ္ေက်ာက္တုံးက ပုံရိပ္ေတြက ေနာက္ကိုဖင္ထိုင္က်သြားေတာ့သည္၊ရန္ဟြမ္က သူတို႔ေျပာထားသည္ကို တိတ္တဆိတ္မွတ္ဥာဏ္ကူးရိုက္ထားမည္လို႔မထင္ခဲ့ေပ၊

မယ္လီရာတို႔ကလည္း အနည္းငယ္စိတ္ရႈပ္ေထြးသြားေတာ့သည္၊ဒါေပမယ့္ သူမက ခ်ဲလ္ဘက္ကေန အဆုံးထိရပ္တည္ေပးခ်င္ေသးသည္၊သူမတို႔က ငယ္ငယ္တည္းကခင္မင္လာတဲ့သူေတြမလား၊

"စီနီယာရန္ဟြမ္... ခိုးေၾကာင္ခိုးဝွက္နဲ႕မွတ္တမ္းတင္တာကလူႀကီးလူေကာင္းပီသတဲ့အလုပ္မဟုတ္ဘူးေနာ္" အန္ဒီးယားက ရန္ဟြမ္ကိုအျပစ္တင္လိုက္သည္၊ရန္ဟြမ္က ခိုးေၾကာင္ခိုးဝွက္မွတ္တမ္းတင္ထားတာက ေကာင္းမြန္တဲ့လုပ္ရပ္မဟုတ္မွန္းသိတာေၾကာင့္ အန္ဒီးယားကို ဘာမွမေျပာနိုင္ျဖစ္သြားေတာ့သည္၊

"ေၾသာ္...သူမ်ားခင္ပြန္းေလာင္းကို ခိုးေၾကာင္ခိုးဝွက္နဲ႕လုယူခ်င္တာကေတာ့ သူေတာ္ေကာင္းလုပ္ရပ္မ်ားလား..."အီရွက အန္ဒီးယားကို စိုက္ၾကည့္ကာေမးလိုက္သည္၊

အီရွရဲ႕စကားက ခ်ဲလ္ကိုသာမက အန္ဒီးယားကိုပါထိပါးေစသည္၊ဘာေၾကာင့္လဲဆိုေတာ့ အန္ဒီးယားကလည္း ေဂ်ာ့ဖေရးကို သူ႕လူအျဖစ္လိုခ်င္ခဲ့သည္မလား၊

"မင္းစကားေတြ မကြၽံနဲ႕ အီရွ!"

"ႏြန္းကို သခင္​ေလးႏြန္းရိုလ္မို႔လို႔ ေခၚစမ္း...မင္းလို နိမ့္ပါးတဲ့မ်ိဳးရိုးကလာတဲ့သူက ႏြန္းကိုနာမည္ေခၚခြင့္ရွိတယ္ထင္ေနလား" အီရွရဲ႕အသံရ ေမာက္မာေနၿပီး အန္ဒီးယားကို အမ်က္ေဒါသျဖစ္ေစသည္၊ဒါေပမယ့္ အျခားသူေတြက ဒီေမာက္မာတဲ့သူကို ဘာမေျပာတာ အံ့ေအာေနမိသည္၊

"သခင္ေလးႏြန္းရိုလ္မို႔ကို သူနဲ႕အဆင့္အတန္းခ်င္းတူမယ္ထင္ေနလားပဲ"

"သူက ဆရာလ်ဴးဝစ္ဆီကို ဆရာေတာ္လိုက္ၿပီးေနာက္ပိုင္းမွာ သူ႕ကိုယ္သူေကာင္းကင္ကို ဒူးတိုက္နိုင္ၿပီထင္ေနတာေလ... "

"စစ္ေျမျပင္ရဲ႕အေစာက္အေရွာက္ငါးပါးထဲက သခင္ႏြန္းရဲ႕မ်ိဳးဆက္ကို ျပန္ခံေျပာရဲတဲ့သူက ရွိေသးတယ္...ေက်ာင္းေတာ္ကို ျပန္ေရာက္မွ အျမင္ေတြဖြင့္လာၿပီ" စီနီယာတန္းက ေက်ာင္းသားေတြကလည္း အန္ဒီးယားကို 'ငပိန္းပါလား'ဆိုတဲ့အၾကည့္ေတြနဲ႕ၾကည့္ကာေျပာဆိုေနေတာ့သည္၊

အန္ဒီးယားမွာ ေဒါသေၾကာင့္ ေသြးငယ္ထိပ္ေဆာင့္သြားသလိုပင္၊သူ႕ကို အျပစ္တင္ေျပာဆိုတဲ့ေကာင္ကိုေၾကာင့္ေတာ့ ဘာမွမေျပာပဲ သူ႕ကို လာအျပစ္တင္ရဲတယ္!

"အီရွ ေဒါသထြက္မေနနဲ႕" ဒန္နာရီက အီရွရဲ႕ပခုံးကိုပုတ္ေပးရင္းေျပာလိုက္ေတာ့ အီရွကေခါင္းညိတ္လိုက္ၿပီး အန္ဒီးယားကို အမွိုက္စတစ္စလိုတစ္ခ်က္ၾကည့္လိုက္ၿပီး အၾကည့္လြဲကာ အန္းတိုလ္ရင္ခြင္ထဲဝင္ေနလိုက္သည္၊

အန္ဒီးယားရဲ႕အေမွာင္ထုအေငြ႕အသက္ေတြက အီရွကို ေခါင္းကိုက္ေစၿပီး ပင္ပန္းလြယ္သည္၊အန္းတိုလ္ကလည္း အီရွကို မင္းသမီးေလးလိုေပြ႕ခ်ီလိုက္ၿပီး ရင္ခြင္ထဲထည့္သိပ္ထားသည္၊

ဒါက လူတိုင္းကို မ်က္ခုံးပင့္ေစသြားတာအမွန္ေပ၊အန္းတိုလ္ကလည္း ေက်ာင္းသားသစ္ေတြၾကားမွာ ႐ုပ္ရည္ေၾကာင့္ေကာ အရည္အခ်င္းေၾကာင့္ေကာ လူအမ်ားရဲ႕ႏွစ္သက္မႈကိုခံရတဲ့ေက်ာင္းသားျဖစ္ေနသည္မလား၊

'ေက်ာင္းေတာ္ရဲ႕ခန့္ေခ်ာႀကီးေတြက ခ်စ္သူကိုယ္စီနဲ႕!! ငါတို႔အတြက္ က်န္ေသးရဲ႕လားဟ' လူလြတ္ေက်ာင္းသူ၊ေက်ာင္းသားမ်ားဟာ စိတ္ထဲကေန ဝမ္းနည္းစြာေတြးလိုက္ၿပီး ရွီရယ္နဲ႕စီရက္စ္ကို ၾကည့္လိုက္သည္၊

စီရက္စ္က ရွီရွယ္ရဲ႕ခါးေပၚလက္တင္ထားၿပီး ရွီရယ္ကလည္း ထိုလက္ေပၚကို လက္ထပ္အုပ္ထားတဲ့ျမင္ကြင္းဟာ က်န္တဲ့သူေတြရဲ႕ေမွ်ာ္လင့္ခ်က္ကို ရိုက္ခ်ိဳးလိုက္သလိုပင္၊

'အားလုံးမွာ အတြဲကိုယ္စီနဲ႕!'

"စီနီယာခ်ဲလ္ မင္းရဲ႕ကတိကို မင္းတည္ဖို႔ေမွ်ာ္လင့္တယ္...ၿပီးေတာ့ အန္ဒီးယား" ဒန္နာရီက ခ်ဲလ္ကိုေျပာၿပီးေနာက္မွာ အန္ဒီးယားဘက္ကိုလွည့္ကာေျပာလိုက္သည္၊

"ေနရာတကာ သူေတာ္ေကာင္းဝင္လုပ္ခ်င္ရင္လည္း အခ်ိန္နဲ႕အခါကို ေ႐ြးေပါ့   ရိုစဲဆလပ္မ်ိဳးရိုးကို သိကၡာမခ်နဲ႕"

"သြားရေအာင္"

ဒန္နာရီက သူ႕သူငယ္ခ်င္းေတြကို ေျပာကာထြက္သြားေတာ့သည္၊က်န္ရစ္ခဲ့တဲ့အျဖစ္အပ်က္ေတြကိုလည္း ဒန္နာရီတို႔က စိတ္မဝင္စားေပ၊ဒါက သူတို႔အတြက္ အေရးမပါတဲ့အေၾကာင္းအရာေတြသာျဖစ္သည္မလား၊

ရန္ဟြမ္ကလည္း ဓားတစ္ေခ်ာင္းကို ထုတ္လိုက္ၿပီး သူ႕ခါးကို သူ႕ဓားနဲ႕ျဖတ္လိုက္ခ်ိန္မွာ ေက်ာင္းသူေတြရဲ႕ေအာ္ဟစ္သံထြက္ေပၚလာေတာ့သည္၊ ရန္ဟြမ္ရဲ႕ခါးကေန ေသြးမ်ားစီးက်လာၿပီး ရန္ဟြမ္ရဲ႕မ်က္ႏွာဟာျဖဴေဖ်ာ့သြားေပမယ့္ သူက အံကိုႀကိတ္လိုက္ၿပီး ခ်ဲလ္ကို စိုက္ၾကည့္ရင္းေျပာလိုက္သည္၊

"ထိုႏွစ္က မင္းကယ္တင္ေပးတဲ့ေက်းဇူးကို ငါျပန္႐ုတ္သိမ္းလိုက္ၿပီ ခ်ဲလ္ ေနာက္တစ္ခါ မင္းနဲ႕ငါ့ၾကားမွာ ဘာေက်းဇူးတရားမွမရွိဘူး"

ရန္ဟြမ္က ေအးစက္ၿပီးခက္ထန္တဲ့အသံနဲ႕ေျပာေနေပမယ့္ ဒဏ္ရာေၾကာင့္ အသံဟာတိုးေဖ်ာ့ေနေတာ့သည္၊ထို႔ေနာက္မွာ ရန္ဟြမ္ကို ထြက္သြားလိုက္ခ်င္ေပမယ့္ မ်က္စိမ်ားမႈန္ဝါးကာ အခ်ိန္မေ႐ြးေမ့လဲေတာ့မည္အခ်ိန္မွာ ေသးငယ္တဲ့ပုံရိပ္ေလးက ရန္ဟြမ္ကို လွမ္းထိန္းလာေတာ့သည္၊

"ဟြမ္!...ခင္ဗ်ားေတာင့္ခံထား...ကြၽန္ေတာ္ကုေပးမယ္..." ထိုအသံေသးၿပီး ၾသရွၿပီးအက္ကြဲေနတဲ့အသံေၾကာင့္ ရန္ဟြမ္ကာ မ်က္လုံးမ်ားကို အားတင္းၿပီးဖြင့္ၾကည့္လိုက္သည္၊အျဖဴေရာင္ဆံပင္ရွည္မ်ားဟာ မ်က္ႏွာအလယ္ထိဖုံးအုပ္ေနၿပီး လူေကာင္ေသးေသးနဲ႕ေကာင္ေလးကို ၾကည့္ရင္း ရန္ဟြမ္ၿပဳံးမိသြားသည္၊

"ကာလ္လင္း"

"ဟုတ္တယ္ ကြၽန္ေတာ္ ကာလ္လင္းပါ...ခင္ဗ်ားနည္းနည္းေတာင့္ခံထားေနာ္"

ကာလ္လင္းက နက္ရွိုင္းစြာျဖတ္ခဲ့လိုက္ရတဲ့ခါးကဒဏ္ရာကိုၾကည့္ရင္း မ်က္ရည္မ်ားမထိန္းနိုင္က်ေနေတာ့သည္၊သူ႕ရဲ႕အလင္းစြမ္းအားက နည္းပါးလြန္းတာေၾကာင့္ ရန္ဟြမ္ကို ထိေရာက္စြာမကုသနိုင္ေပ၊

အျခားသူေတြထဲမွာလည္း အလင္းစြမ္းအားရွင္မ်ားမရွိတာေၾကာင့္ ဒီေနရာမွာ ခ်ဲလ္နဲ႕ကာလ္လင္းသာရွိၿပီး ခ်ဲလ္ရဲ႕ကုသမႈကိုလည္း ရန္ဟြမ္က လက္ခံမည္မဟုတ္ေပ၊

ခ်ဲလ္ရဲ႕အၾကည့္မ်ားကလည္း ေလွာင္ခ်င္စိတ္မ်ားၾကည့္ေနၿပီး သူက ရန္ဟြမ္ကိုတစ္ခါတည္းေသသြားပါေစလို႔ေတာင္ ေတြးေနေသးသည္၊

ကာလ္လင္းက ရန္ဟြမ္ရဲ႕ကိုယ္ကိုဖက္ရင္း ငိုေနေတာ့သည္၊ေက်ာင္းသားတစ္ဦးက ဒန္နာရီတို႔ကို သြားေခၚမည္ျဖစ္ေၾကာင္းနဲ႕ ခဏေတာင့္ထားသင့္ေၾကာင္းေျပာရင္း တစ္ခ်ိဳ႕ကလည္း ဆရာေတြကို အေျပးအလႊားေခၚေနေတာ့သည္၊

ကာလ္လင္းက သူ႕လက္ကေန ထြက္လာတဲ့အလင္းစြမ္းအားေတြၾကည့္ၿပီး စိတ္ပ်က္ေနမိသည္၊သူခ်စ္ရတဲ့သူကိုေတာင္ မကယ္တင္နိုင္တဲ့အထိ အသုံးမက်တဲ့သူကို ဘယ္သူမွမခ်စ္တာ မထူးဆန္းေတာ့ေပ၊

'ဒါေပမယ့္ ရန္ဟြမ္ကိုေတာ့ ကယ္တင္ခ်င္တယ္..."

အလင္းနတ္ဘုရားဆီမွာ ဝိညာဥ္ေပးဆပ္ကာကြၽန္ျပဳရလည္းကိစၥမရွိေပ၊အနည္းဆုံးေတာ့ သူခ်စ္ရတဲ့သူေတြကို ကာကြယ္ေပးနိုင္တဲ့အထိ သန္မာခ်င္လွသည္၊

ထိုခ်ိန္မွာ ကာလ္လင္းဆီကို ျပင္းထန္တဲ့အလင္းစြမ္းအားႀကီးက်ဆင္းလာေတာ့သည္၊လူတိုင္းကလည္း ေ႐ႊေရာင္သန္းေနတဲ့အလင္းစြမ္းအားကိုၾကည့္ရင္း အံ့အားသင့္သြားရင္ သူတို႔မွာ ႐ုတ္တရက္ဘာျဖစ္သြားမွန္းေတာင္မသိေပ၊

'ခ်စ္လွစြာေသာသားေတာ္ကာလ္လင္း...မင္းဆႏၵကို ဒီဖခမည္းေတာ္က လက္ခံတယ္'

ထိုအသံကို ကာလ္လင္းတစ္ေယာက္သာၾကားၿပီး ကာလ္လင္းဟာ ဒဏ္ရာျပင္းထန္စြာရေနတဲ့ရန္ဟြမ္ကို စကၠန့္အနည္းငယ္နဲ႕ကုသနိုင္ၿပီးေနာက္မွာ အလင္းနတ္ဘုရားရွိရာေက်ာင္းေတာ္ဘက္ကို ဒူးေထာက္ဂါဝရျပဳေတာ့သည္၊

-*-*-*-*-*-*-*-*
Chapter -109ေမွ်ာ္

-*-*-*-*-*-*-*-*
Unicode

"ဘယ်လို...ဂျော့ဖရေးနဲ့မင်းက စေ့စပ်ထားတာလား"

ထိုချိန်မှာ ဒန်နာရီဆီမှာ ရှူံးနိမ့်ခဲ့ကာ အဆင့်လေးဆယ့်တစ်ကိုကျသွားတဲ့စီနိယာရန်ဟွမ်က ရောက်လာတော့သည်၊သူ့မျက်နှာအမူအရာက မယုံကြည်နိုင်အောင်ဖြစ်နေပြီး ထပ်မေးလိုက်သည်၊

"ဟုတ်တယ်လေ ဒန်နာရီရောက်လာတည်းက ဒီအကြောင်းတွေကြောင့် ကြားထဲမှာတောင် ဂယက်ထသွားသေးတယ်" အနီးနားကကျောင်းသူတစ်ဦးက ရန်ဟွမ်ကိုရှင်းပြလိုက်ပြီး တစ်ချို့ကလည်းခေါင်းညိတ်ပြလိုက်သည်၊

ရန်ဟွမ်က အရင်နေ့ကမှ စစ်မြေပြင်ကနေ ကျောင်းတော်ကိုပြန်ရောက်ရှိတဲ့သူဖြစ်ပြီး သူက ချဲလ်ရဲ့စိတ်ဓာတ်ကို သဘောကျခဲ့သူဖြစ်သည်၊ဒါကြောင့် ချဲလ်က သူ့ရင်ခွင်ထဲဝင်လာကာ အခြားဂျူနီယာတစ်ဦးက သူ့ချစ်သူကို လုသွားကြောင်းပြောလာတော့သည်၊

ရန်ဟွမ်က တော်ရုံယုံတတ်သူမဟုတ်ပေမယ့် စစ်မြေပြင်မှာ ချဲလ်က သူ့ကိုကယ်တင်ကူညီပေးခဲ့ဖူးတာကြောင့် ထိုအကြွေးကို ရန်ဟွမ်က ဆပ်ပေးချင်ခဲ့သည်၊ဒါကြောင့် ချဲလ်ပြောသလို ဒန်နာရီကို ဖိအားပေးခဲ့တာ အမှန်ပေ၊ဒါပေမယ့် ဒန်နာရီကို ရှူံးသွားပြီးနောက်မှာတောင် သူ့ရဲ့ဂုဏ်သိက္ခာတွေကျဆင်းခဲ့ပေမယ့် ထိုအရေးကိုဂရုမစိုက်ပဲ ချဲလ်ကိုတောင် နှစ်သိမ့်ပေးလိုက်သေးသည်၊

ဒန်နာရီက သူ့ဂုဏ်သတင်းကို ပြန်မြှင့်တင်ပေးခဲ့ချိန်မှာ ချဲလ်က ညဘက်ကြီး သူ့အဆောင်ကိုရောက်လာပြီး ပြောလာခဲ့သေးသည်၊

ဂျော့ဖရေးက ချဲလ်ကို မရွေးချယ်ပဲ ဒန်နာရီကို ရွေးချယ်ခဲ့တာကြောင့် အရည်အချင်းနဲ့ တကယ်ချစ်မိသွားတာကြောင့်ဟုထင်ခဲ့ပြီး ချဲလ်က မနာလိုတာကြောင့် သူ့ကိုအသုံးချကာ တိုက်ခိုက်ခိုင်းခဲ့သည်ဟုဝန်ဟပြောဆိုခဲ့သေးသည်၊

ရန်ဟွမ်တွေးရင်းနဲ့ ဒေါသထွက်လာကာ လည်ပင်သွေးကြောတွေကို မေးရိုးကြောပါထောင်ထနေတော့သည်၊

"မင်းပြောတော့ ဂျော့ဖရေးက မင်းကိုကျော်ပြီး ကျောင်းသားသစ်ကို ရွေးချယ်သွားတာဆို ချဲလ်"

"ကျွန်...ကျွန်တော်မပြောမိပါဘူး..."

"မပြောမိဘူးတဲ့လား" ချဲလ်ရဲ့ငြင်းဆိုစကားကြောင့် ရန်ဟွမ်က စိတ်ပျက်စွာရယ်မောလိုက်မိသည်၊ထို့နောက်မှာ မှတ်ဥာဏ်ကျောက်တုံးကို ထုတ်လိုက်ပြီး အသုံးပြုလိုက်ချိန်မှာ အားလုံးက မှတ်ဥာဏ်ကျောက်တုံးကြောင့် ပေါ်လာတဲ့ပုံရိပ်တွေကို ကြည့်ရင်း အံ့အားသင့်သွားတော့သည်၊

"နေပါဦး ပြောတော့ စီနီယာရန်ဟွမ်က သူ့ကိုသဘောကျနေတာကြောင့် ဒန်နာရီကို သူ့အစားယှဥ်ပြိုင်ခဲ့တာဆို...​ငါကြည့်ရသလောက်တော့ စီနီယာရန်ဟွမ်က သူ့ကို မကြိုက်ပါဘူး..." ပုံရိပ်ယောင်ကမြင်ကွင်းတွေကြည့်ပြီး အကုန်လုံးက ချဲလ်ဟာ မျက်နှာပြောင်တိုက်ထားမှန်းသိလိုက်ရသည်၊

"ချီးပဲ စီနီယာချဲလ်က အကုန်လုံးက သူ့ကိုကြိုက်နေတဲ့ဆိုတဲ့ဇာတ်များကနေသလားပဲ!"

"သူ့ရုပ်က ကြည့်ကောင်းပေမယ့် သူ့ထက်ကြည့်ကောင်းတဲ့သူတွေ ငါတို့ကျောင်းတော်မှာ ရိုက်သတ်လို့မကုန်ပါဘူးဟ"

ကျောင်းသားတွေကလည်း မကျေနပ်စွာပြောလာတော့သည်၊ရန်ဟွမ်ကလည်း အနည်းငယ်စိတ်ရှုပ်ထွေးသွားတော့သည်၊ သူက ချဲလ်ရဲ့စိတ်ဓာတ်ကို သဘောကျခဲ့ရုံသာဖြစ်ပြီး ချဲလ်ကို စိတ်တောင်မဝင်စားခဲ့ပေ၊

"ခင်ဗျား... !" ချဲလ်က မှတ်ဥာဏ်ကျောက်တုံးက ပုံရိပ်တွေက နောက်ကိုဖင်ထိုင်ကျသွားတော့သည်၊ရန်ဟွမ်က သူတို့ပြောထားသည်ကို တိတ်တဆိတ်မှတ်ဥာဏ်ကူးရိုက်ထားမည်လို့မထင်ခဲ့ပေ၊

မယ်လီရာတို့ကလည်း အနည်းငယ်စိတ်ရှုပ်ထွေးသွားတော့သည်၊ဒါပေမယ့် သူမက ချဲလ်ဘက်ကနေ အဆုံးထိရပ်တည်ပေးချင်သေးသည်၊သူမတို့က ငယ်ငယ်တည်းကခင်မင်လာတဲ့သူတွေမလား၊

"စီနီယာရန်ဟွမ်... ခိုးကြောင်ခိုးဝှက်နဲ့မှတ်တမ်းတင်တာကလူကြီးလူကောင်းပီသတဲ့အလုပ်မဟုတ်ဘူးနော်" အန်ဒီးယားက ရန်ဟွမ်ကိုအပြစ်တင်လိုက်သည်၊ရန်ဟွမ်က ခိုးကြောင်ခိုးဝှက်မှတ်တမ်းတင်ထားတာက ကောင်းမွန်တဲ့လုပ်ရပ်မဟုတ်မှန်းသိတာကြောင့် အန်ဒီးယားကို ဘာမှမပြောနိုင်ဖြစ်သွားတော့သည်၊

"သြော်...သူများခင်ပွန်းလောင်းကို ခိုးကြောင်ခိုးဝှက်နဲ့လုယူချင်တာကတော့ သူတော်ကောင်းလုပ်ရပ်များလား..."အီရှက အန်ဒီးယားကို စိုက်ကြည့်ကာမေးလိုက်သည်၊

အီရှရဲ့စကားက ချဲလ်ကိုသာမက အန်ဒီးယားကိုပါထိပါးစေသည်၊ဘာကြောင့်လဲဆိုတော့ အန်ဒီးယားကလည်း ဂျော့ဖရေးကို သူ့လူအဖြစ်လိုချင်ခဲ့သည်မလား၊

"မင်းစကားတွေ မကျွံနဲ့ အီရှ!"

"နွန်းကို သခင်​လေးနွန်းရိုလ်မို့လို့ ခေါ်စမ်း...မင်းလို နိမ့်ပါးတဲ့မျိုးရိုးကလာတဲ့သူက နွန်းကိုနာမည်ခေါ်ခွင့်ရှိတယ်ထင်နေလား" အီရှရဲ့အသံရ မောက်မာနေပြီး အန်ဒီးယားကို အမျက်ဒေါသဖြစ်စေသည်၊ဒါပေမယ့် အခြားသူတွေက ဒီမောက်မာတဲ့သူကို ဘာမပြောတာ အံ့အောနေမိသည်၊

"သခင်လေးနွန်းရိုလ်မို့ကို သူနဲ့အဆင့်အတန်းချင်းတူမယ်ထင်နေလားပဲ"

"သူက ဆရာလျူးဝစ်ဆီကို ဆရာတော်လိုက်ပြီးနောက်ပိုင်းမှာ သူ့ကိုယ်သူကောင်းကင်ကို ဒူးတိုက်နိုင်ပြီထင်နေတာလေ... "

"စစ်မြေပြင်ရဲ့အစောက်အရှောက်ငါးပါးထဲက သခင်နွန်းရဲ့မျိုးဆက်ကို ပြန်ခံပြောရဲတဲ့သူက ရှိသေးတယ်...ကျောင်းတော်ကို ပြန်ရောက်မှ အမြင်တွေဖွင့်လာပြီ" စီနီယာတန်းက ကျောင်းသားတွေကလည်း အန်ဒီးယားကို 'ငပိန်းပါလား'ဆိုတဲ့အကြည့်တွေနဲ့ကြည့်ကာပြောဆိုနေတော့သည်၊

အန်ဒီးယားမှာ ဒေါသကြောင့် သွေးငယ်ထိပ်ဆောင့်သွားသလိုပင်၊သူ့ကို အပြစ်တင်ပြောဆိုတဲ့ကောင်ကိုကြောင့်တော့ ဘာမှမပြောပဲ သူ့ကို လာအပြစ်တင်ရဲတယ်!

"အီရှ ဒေါသထွက်မနေနဲ့" ဒန်နာရီက အီရှရဲ့ပခုံးကိုပုတ်ပေးရင်းပြောလိုက်တော့ အီရှကခေါင်းညိတ်လိုက်ပြီး အန်ဒီးယားကို အမှိုက်စတစ်စလိုတစ်ချက်ကြည့်လိုက်ပြီး အကြည့်လွဲကာ အန်းတိုလ်ရင်ခွင်ထဲဝင်နေလိုက်သည်၊

အန်ဒီးယားရဲ့အမှောင်ထုအငွေ့အသက်တွေက အီရှကို ခေါင်းကိုက်စေပြီး ပင်ပန်းလွယ်သည်၊အန်းတိုလ်ကလည်း အီရှကို မင်းသမီးလေးလိုပွေ့ချီလိုက်ပြီး ရင်ခွင်ထဲထည့်သိပ်ထားသည်၊

ဒါက လူတိုင်းကို မျက်ခုံးပင့်စေသွားတာအမှန်ပေ၊အန်းတိုလ်ကလည်း ကျောင်းသားသစ်တွေကြားမှာ ရုပ်ရည်ကြောင့်ကော အရည်အချင်းကြောင့်ကော လူအများရဲ့နှစ်သက်မှုကိုခံရတဲ့ကျောင်းသားဖြစ်နေသည်မလား၊

'ကျောင်းတော်ရဲ့ခန့်ချောကြီးတွေက ချစ်သူကိုယ်စီနဲ့!! ငါတို့အတွက် ကျန်သေးရဲ့လားဟ' လူလွတ်ကျောင်းသူ၊ကျောင်းသားများဟာ စိတ်ထဲကနေ ဝမ်းနည်းစွာတွေးလိုက်ပြီး ရှီရယ်နဲ့စီရက်စ်ကို ကြည့်လိုက်သည်၊

စီရက်စ်က ရှီရှယ်ရဲ့ခါးပေါ်လက်တင်ထားပြီး ရှီရယ်ကလည်း ထိုလက်ပေါ်ကို လက်ထပ်အုပ်ထားတဲ့မြင်ကွင်းဟာ ကျန်တဲ့သူတွေရဲ့မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သလိုပင်၊

'အားလုံးမှာ အတွဲကိုယ်စီနဲ့!'

"စီနီယာချဲလ် မင်းရဲ့ကတိကို မင်းတည်ဖို့မျှော်လင့်တယ်...ပြီးတော့ အန်ဒီးယား" ဒန်နာရီက ချဲလ်ကိုပြောပြီးနောက်မှာ အန်ဒီးယားဘက်ကိုလှည့်ကာပြောလိုက်သည်၊

"နေရာတကာ သူတော်ကောင်းဝင်လုပ်ချင်ရင်လည်း အချိန်နဲ့အခါကို ရွေးပေါ့   ရိုစဲဆလပ်မျိုးရိုးကို သိက္ခာမချနဲ့"

"သွားရအောင်"

ဒန်နာရီက သူ့သူငယ်ချင်းတွေကို ပြောကာထွက်သွားတော့သည်၊ကျန်ရစ်ခဲ့တဲ့အဖြစ်အပျက်တွေကိုလည်း ဒန်နာရီတို့က စိတ်မဝင်စားပေ၊ဒါက သူတို့အတွက် အရေးမပါတဲ့အကြောင်းအရာတွေသာဖြစ်သည်မလား၊

ရန်ဟွမ်ကလည်း ဓားတစ်ချောင်းကို ထုတ်လိုက်ပြီး သူ့ခါးကို သူ့ဓားနဲ့ဖြတ်လိုက်ချိန်မှာ ကျောင်းသူတွေရဲ့အော်ဟစ်သံထွက်ပေါ်လာတော့သည်၊ ရန်ဟွမ်ရဲ့ခါးကနေ သွေးများစီးကျလာပြီး ရန်ဟွမ်ရဲ့မျက်နှာဟာဖြူဖျော့သွားပေမယ့် သူက အံကိုကြိတ်လိုက်ပြီး ချဲလ်ကို စိုက်ကြည့်ရင်းပြောလိုက်သည်၊

"ထိုနှစ်က မင်းကယ်တင်ပေးတဲ့ကျေးဇူးကို ငါပြန်ရုတ်သိမ်းလိုက်ပြီ ချဲလ် နောက်တစ်ခါ မင်းနဲ့ငါ့ကြားမှာ ဘာကျေးဇူးတရားမှမရှိဘူး"

ရန်ဟွမ်က အေးစက်ပြီးခက်ထန်တဲ့အသံနဲ့ပြောနေပေမယ့် ဒဏ်ရာကြောင့် အသံဟာတိုးဖျော့နေတော့သည်၊ထို့နောက်မှာ ရန်ဟွမ်ကို ထွက်သွားလိုက်ချင်ပေမယ့် မျက်စိများမှုန်ဝါးကာ အချိန်မရွေးမေ့လဲတော့မည်အချိန်မှာ သေးငယ်တဲ့ပုံရိပ်လေးက ရန်ဟွမ်ကို လှမ်းထိန်းလာတော့သည်၊

"ဟွမ်!...ခင်ဗျားတောင့်ခံထား...ကျွန်တော်ကုပေးမယ်..." ထိုအသံသေးပြီး သြရှပြီးအက်ကွဲနေတဲ့အသံကြောင့် ရန်ဟွမ်ကာ မျက်လုံးများကို အားတင်းပြီးဖွင့်ကြည့်လိုက်သည်၊အဖြူရောင်ဆံပင်ရှည်များဟာ မျက်နှာအလယ်ထိဖုံးအုပ်နေပြီး လူကောင်သေးသေးနဲ့ကောင်လေးကို ကြည့်ရင်း ရန်ဟွမ်ပြုံးမိသွားသည်၊

"ကာလ်လင်း"

"ဟုတ်တယ် ကျွန်တော် ကာလ်လင်းပါ...ခင်ဗျားနည်းနည်းတောင့်ခံထားနော်"

ကာလ်လင်းက နက်ရှိုင်းစွာဖြတ်ခဲ့လိုက်ရတဲ့ခါးကဒဏ်ရာကိုကြည့်ရင်း မျက်ရည်များမထိန်းနိုင်ကျနေတော့သည်၊သူ့ရဲ့အလင်းစွမ်းအားက နည်းပါးလွန်းတာကြောင့် ရန်ဟွမ်ကို ထိရောက်စွာမကုသနိုင်ပေ၊

အခြားသူတွေထဲမှာလည်း အလင်းစွမ်းအားရှင်များမရှိတာကြောင့် ဒီနေရာမှာ ချဲလ်နဲ့ကာလ်လင်းသာရှိပြီး ချဲလ်ရဲ့ကုသမှုကိုလည်း ရန်ဟွမ်က လက်ခံမည်မဟုတ်ပေ၊

ချဲလ်ရဲ့အကြည့်များကလည်း လှောင်ချင်စိတ်များကြည့်နေပြီး သူက ရန်ဟွမ်ကိုတစ်ခါတည်းသေသွားပါစေလို့တောင် တွေးနေသေးသည်၊

ကာလ်လင်းက ရန်ဟွမ်ရဲ့ကိုယ်ကိုဖက်ရင်း ငိုနေတော့သည်၊ကျောင်းသားတစ်ဦးက ဒန်နာရီတို့ကို သွားခေါ်မည်ဖြစ်ကြောင်းနဲ့ ခဏတောင့်ထားသင့်ကြောင်းပြောရင်း တစ်ချို့ကလည်း ဆရာတွေကို အပြေးအလွှားခေါ်နေတော့သည်၊

ကာလ်လင်းက သူ့လက်ကနေ ထွက်လာတဲ့အလင်းစွမ်းအားတွေကြည့်ပြီး စိတ်ပျက်နေမိသည်၊သူချစ်ရတဲ့သူကိုတောင် မကယ်တင်နိုင်တဲ့အထိ အသုံးမကျတဲ့သူကို ဘယ်သူမှမချစ်တာ မထူးဆန်းတော့ပေ၊

'ဒါပေမယ့် ရန်ဟွမ်ကိုတော့ ကယ်တင်ချင်တယ်..."

အလင်းနတ်ဘုရားဆီမှာ ဝိညာဥ်ပေးဆပ်ကာကျွန်ပြုရလည်းကိစ္စမရှိပေ၊အနည်းဆုံးတော့ သူချစ်ရတဲ့သူတွေကို ကာကွယ်ပေးနိုင်တဲ့အထိ သန်မာချင်လှသည်၊

ထိုချိန်မှာ ကာလ်လင်းဆီကို ပြင်းထန်တဲ့အလင်းစွမ်းအားကြီးကျဆင်းလာတော့သည်၊လူတိုင်းကလည်း ရွှေရောင်သန်းနေတဲ့အလင်းစွမ်းအားကိုကြည့်ရင်း အံ့အားသင့်သွားရင် သူတို့မှာ ရုတ်တရက်ဘာဖြစ်သွားမှန်းတောင်မသိပေ၊

'ချစ်လှစွာသောသားတော်ကာလ်လင်း...မင်းဆန္ဒကို ဒီဖခမည်းတော်က လက်ခံတယ်'

ထိုအသံကို ကာလ်လင်းတစ်ယောက်သာကြားပြီး ကာလ်လင်းဟာ ဒဏ်ရာပြင်းထန်စွာရနေတဲ့ရန်ဟွမ်ကို စက္ကန့်အနည်းငယ်နဲ့ကုသနိုင်ပြီးနောက်မှာ အလင်းနတ်ဘုရားရှိရာကျောင်းတော်ဘက်ကို ဒူးထောက်ဂါဝရပြုတော့သည်၊

-*-*-*-*-*-*-*-*
Chapter -109မျှော်

Continue Reading

You'll Also Like

89.6K 9.5K 8
Associated Name - Wo Shi Yi Ge Alpha, 我是一个Alpha Author - Xin Shou Hua (信手话) Eng Translator - Silent Fish This is the offline reading and funtranslati...
138K 13.2K 53
Title - Rebirth to become a dominant omega သွေးသန့်အိုမီဂါလေး ဂျူလီယမ် Author - latteechrie With Original Author permission Start Date - 5.3.2022 E...
4.8K 647 5
#ChanBaek Mini Story {written by Oli_va_K_ay&your_syanxing}
182K 9.5K 56
တိုင္းျပည္နဲ႕လူမ်ိဳးကိုဆံုးရံႈးခဲ့တဲ့ နွင္းျမိဳ႕ေတာ္က မင္းသားေလး ကမာအာဇမာန္ကို ညီရင္းလိုျပဳစုပ်ိဳးေထာင္ေပးရင္း မထင္မွတ္ပဲ အခ်စ္ႀကီးခ်စ္မိသြားတဲ့ စစ္သ...