Zawgyi
"ငါတို႔ ဘာလုပ္ၾကမလဲ" အန္းတိုလ္ရဲ႕အေမးစကားေၾကာင့္ အကုန္လုံးက ဒန္နာရီကိုၾကည့္လာေတာ့သည္၊
"ဒီကိစၥကို ဆရာေတြသိဖို႔အတြက္ကလည္း ငါတို႔မွာ လုံေလာက္တဲ့သက္ေသရွိမွ ရလိမ့္မယ္...ေနာက္တစ္ခ်က္က ငါတို႔က သြားေျပာရင္ေတာင္ ဆရာေတြက ဆရာလ်ဴးဝစ္ေၾကာင့္ အန္ဒီးယားကို စစ္ေဆးရဲမွာ မဟုတ္ဘူး" ဒန္နာရီစကားကို သူတို႔လည္းေခါင္းညိတ္လက္ခံလိုက္သည္၊ဆရာလ်ဴးဝစ္က သာမန္ဆရာတစ္ဦးမဟုတ္သည္ကို စီနီယာေတြအေျပာေၾကာင့္ သိထားၿပီးၿပီကိုး၊
"ငါတို႔ သက္ေသစုရမယ္ဆိုရင္ေတာင္ ဘယ္ကစၿပီး စုရမွာလဲ" ရွီရယ္က သက္ျပင္းခ်ကာေျပာလိုက္သည္၊
"တကယ္ေတာ့ နည္းလမ္းတစ္ခုကို ငါသိတယ္" အီရွစကားေၾကာင့္ သူတို႔လည္းစိတ္ဝင္စားသြားေတာ့သည္၊
"ႏြန္းေတြရဲ႕က်ိန္စာမ်က္စိအစီအရင္"
"ဘာႀကီး..."
"အဲ့တာက ငါတို႔မ်ိဳးႏြယ္ရဲ႕မ်က္စိလိုပဲ၊ ဒါေပမယ့္ အဲ့အစီအရင္ကေတာ့ နတ္ဆိုးစြမ္းအားေတြကိုပါ တိုက္ထုတ္ေပးတယ္..."
"ဒါဆိုရင္ ငါတို႔က ေမွာ္အစီအရင္ေရးဆြဲတဲ့သူကို ရွာရမွာေပါ့"
"ဟ ရွာဖို႔လိုလို႔လား ဒန္နာရီရွိတယ္ေလ..."
"မင္း အဲ့အစီအရင္အေၾကာင္းကို သိလား" ဒန္နာရီက အီရွကိုေမးလိုက္သည္၊
အီရွက ေခါင္းညိတ္လိုက္ၿပီး သိေၾကာင္းေျပာျပလိုက္သည္၊
"ဒါေပမယ့္ ငါတို႔ေတြ ေက်ာက္ငါးမ်ိဳးကိုပါ ရွာေဖြရလိမ့္မယ္...၊
"ၿပီးေတာ့ အလင္းငွက္ရဲ႕ေသြးမွင္လိုအပ္လိမ့္မယ္...ဒါေတြက တန္ဖိုးႀကီးပစၥည္းေတြေပမယ့္ သဘာဝေမွာ္ေက်ာက္ေတြကေတာ့ အမွတ္နဲ႕လဲလွယ့္လို႔ရတယ္...ေက်ာက္တစ္ခုကို ေမွာ္အမွတ္ငါးေသာင္းေလာက္ရွိတယ္..."
"ငါတို႔လိုအပ္တဲ့ေက်ာက္ေတြက နဲဗမ္ေက်ာက္၊ရိစ္ေက်ာက္၊လီလ္ရာေက်ာက္၊ဆာလက္စ္ေက်ာက္၊နဲစတာေက်ာက္ေတြပဲ..." အီရွရဲ႕စကားဆုံးသည္နဲ႕ အကုန္လုံး နားမလည္စြာ မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္ေလးေတြျဖစ္သြားေတာ့သည္၊ဒါေၾကာင့္ အီရွလည္း ေက်ာက္ေတြနဲ႕ပတ္သတ္ၿပီး ရွင္းျပေပးလိုက္သည္၊
နဲဗမ္ေက်ာက္က အလင္းေက်ာက္တစ္မ်ိဳးျဖစ္ၿပီး ထိုေက်ာက္ထဲမွာ သန့္စင္တဲ့အလင္းေတြပါဝင္ၿပီး နဲဗမ္ဟက္ဆိုတဲ့ေဒသ၌သာထြက္ေသာေက်ာက္တစ္မ်ိဳးျဖစ္သည္၊ရိစ္ေက်ာက္ကေတာ့ မီးဓာတ္ျပဳေက်ာက္တစ္မ်ိဳးျဖစ္ၿပီး အျခားမီးဓာတ္ျပဳေက်ာက္ေတြနဲ႕ယွဥ္ရင္ အရည္အေသြးကြာဟေပမယ့္ သူ႕ရဲ႕အားသာခ်က္က အသုံးျပဳခံရတဲ့ခႏၶာကိုယ္ပိုင္ရွင္ကို မထိခိုက္ေစေပ၊
ေနာက္တစ္မ်ိဳးကေတာ့ လိလ္ရာေက်ာက္ျဖစ္ၿပီး ပင္လယ္ေက်ာက္စိမ္းတစ္မ်ိဳးျဖစ္သည္၊ပင္လယ္ေက်ာက္စိမ္းေပမယ့္ အေရာင္ကေတာ့ ၾကည္လင္ေနတဲ့အျပာေရာင္ေက်ာက္ျဖစ္ၿပီး လက္ဝတ္ရတနာအတြက္ဝတ္ဆင္ပါက စိတ္ကိုၾကည္လင္လန္းဆန္းေစတာအမွန္ေပ၊ဆာလက္စ္ေက်ာက္ကေတာ့ ဓာတ္ႀကီးငါးပါးထဲက သစ္ဓာတ္ပါဝင္တဲ့ေက်ာက္တစ္မ်ိဳးျဖစ္သည္၊သူ႕ရဲ႕ထူးျခားခ်က္ကေတာ့ လိလ္ရာေက်ာက္လိုမ်ိဳးပင္၊ေနာက္ဆုံးေက်ာက္ျဖစ္တဲ့ နဲစတာေက်ာက္ကေတာ့ နဲစတာတိုင္းျပည္ကေနထြက္တဲ့ေက်ာက္ရိုင္းတစ္မ်ိဳးသာျဖစ္ၿပီး တစ္ႏွစ္မွာ အနည္းငယ္သာ တူးေဖာ္ရရွိၿပီး ရွားပါးလွတဲ့ေက်ာက္တစ္မ်ိဳးျဖစ္သည္၊နဲစတာေက်ာက္ေတြက ေလဓာတ္ျပဳေက်ာက္တစ္မ်ိဳးျဖစ္ၿပီး အလင္းစြမ္းအားပါအနည္းငယ္ပါဝင္ေနတာေၾကာင့္ ထိုေက်ာက္ကို စြမ္းအင္ႏွစ္မ်ိဳးေက်ာက္လို႔လည္း ေခၚၾကသည္၊
"ဒီေက်ာက္ေတြအတြက္ ငါတို႔လိုအပ္တာ အမွတ္ေတြပဲ" အီရွစကားေၾကာင့္ ဒန္နာရီတို႔လည္း ေခါင္းညိတ္လိုက္သည္၊ေက်ာက္ေတြက ရွားပါၿပီး အမွတ္ရရွိဖို႔ အေတာ္ႀကိဳးစားရလိမ့္မည္၊
"ငါ့ေၾကာင့္ မင္းတို႔ ဒုကၡမ်ားေစၿပီ..." ဒန္နာရီက အီရွတို႔ကို အလြန္အားနာေနၿပီ၊ရွင္းရွင္းေျပာရရင္ အန္ဒီးယားက သူ႕ကိုသာမုန္းတီးေနၿပီး အီရွတို႔နဲ႕မဆိုင္ပင္၊
"ဒါက ေက်ာင္းေတာ္ရဲ႕အနာဂတ္နဲ႕ဆိုင္တာပဲေလ...ငါတို႔မွာ လုံေလာက္တဲ့သက္ေသမရွိေတာ့ ဒီလိုပဲ စီစဥ္ရတာပဲေလ..."
"ဟုတ္တယ္...မင္း အားနာစရာမလိုဘူး ဒန္နာရီ" ရွီရယ္တို႔ကလည္းေျပာလာတာေၾကာင့္ ဒန္နာရီက ၿပဳံးသြားၿပီး ေက်းဇူးတင္လိုက္သည္၊
ထို႔ေနာက္မွာေတာ့ သူတို႔က ပါဝင္ပစၥည္းေတြနဲ႕ပတ္သတ္တဲ့အမွတ္ေတြအေၾကာင္းကို စုံစမ္းလိုက္ခ်ိန္မွာ ငါးေယာက္လုံး ေသြးတက္သြားေတာ့သည္၊
ေက်ာက္တစ္ေက်ာက္ဆီကို အမွတ္တစ္သိန္းတဲ့!၊မင္းတို႔ ေက်ာင္းသားေတြကို ဓားျပတိုက္ေနတာလားဟ!၊
"နဲစတာေက်ာက္နဲ႕နဲဗမ္ေက်ာက္အတြက္ေတာ့ အမွတ္သုံးရလိမ့္မယ္...က်န္တဲ့ေက်ာက္အတြက္ေတာ့ ငါရွာေဖြေပးနိုင္တယ္" ရွီရယ္ကေျပာလာေတာ့သည္၊ဒါေပါ့ ရွီရယ္က ေတာ္ဝင္အင္ပါယာတစ္ခုက မင္းသားျဖစ္တာေၾကာင့္ ထို႔ေက်ာက္ေတြကို ရဖို႔အဆက္အသြယ္အနည္းငယ္သာ အသုံးခ်ရန္လိုအပ္သည္၊
"ေကာင္းၿပီေလ...ဒါေပမယ့္ ငါတို႔ငါးေယာက္ေပါင္းမွာ အမွတ္က ႏွစ္ေသာင္းေတာင္မရွိဘူး..." ဒါေတာင္ ေဂ်ာ့ဖေရးတို႔အဖြဲ႕ရဲ႕အေပၚကုတ္ကေမွာ္အစီအရင္ေတြကို ျပဳျပင္ေပးခဲ့လို႔ ဒန္နာရီ အမွတ္ငါးေထာင္ေက်ာ္ရခဲ့တာေၾကာင့္ျဖစ္သည္၊
"တကယ္ေတာ့ ေမွာ္အမွတ္ရဖို႔က စစ္ေျမျပင္သြားဖို႔က အေကာင္းဆုံးပဲေလ..." သူတို႔က ပထမႏွစ္ရဲ႕ပထမတန္းသာရွိေသးတာေၾကာင့္ ဆရာေတြက လႊတ္မည္မဟုတ္ေပ၊
"ေနာက္တစ္နည္းရွိပါေသးတယ္..." စီရက္စ္ကဝင္ေျပာလာတာေၾကာင့္ ဒန္နာရီတို႔အၾကည့္ေတြက သူ႕ဆီေရာက္လာေတာ့သည္၊
"မၾကာခင္မွာ ငါတို႔ပထမႏွစ္ေတြအတြက္ ဆရာေ႐ြးေျမာက္ပြဲလာေတာ့မွာေလ...အဲ့ပြဲမွာ ပထမဆုက အမွတ္တစ္ေသာင္းနဲ႕ ႏွစ္ကေန တစ္ဆယ္ထိက အမွတ္ငါးေထာင္ေပးမယ္ ၾကားတယ္"
"သူတို႔က အမွတ္ေပးတာ ကပ္ေစးနဲလိုက္တာ"ရွီရယ္ကမေက်မနပ္ေျပာလိုက္သည္၊သူတို႔လိုခ်င္တဲ့ေက်ာက္က တစ္မ်ိဳးတည္းမဟုတ္ဘူး ႏွစ္မ်ိဳးေတာင္ေလ ၿပီးေတာ့ ႏွစ္သိန္းေတာင္...၊
"တရားဝင္ေက်ာင္းသားျဖစ္ရင္ ငါတို႔က တာဝန္ေတြ ခြဲေဝလို႔ရၿပီေလ...ၿပီးေတာ့ မေမ့နဲ႕အုံး...ငါတို႔က ေ႐ႊအဆင့္ေက်ာင္းသားေတြေလ တစ္လကို ေမွာ္အမွတ္တစ္ေသာင္းရမဲ့သူေတြေလ..."
"အဲ့အမွတ္ေတြကိုေစာင့္ရင္း အန္ဒီးယားဆိုတဲ့ေက်ာင္းသားရဲ႕ခႏၶာကိုယ္ကို နတ္ဆိုးက အၿပီးပိုင္ဝင္မပူးသြားဖို႔ပဲ ေမွ်ာ္လင့္တယ္" စီရက္စ္စကားေၾကာင့္ ရွီရယ္က မေက်မနပ္ျပန္ေျပာလိုက္သည္၊စီရက္စ္က တစ္ခ်က္သာရယ္ေမာရင္း ရွီရယ္ရဲ႕ခါးကိုဖက္ထားလိုက္သည္၊
"ငါတို႔ တျခားနည္းလမ္းစဥ္းစားၾကတာေပါ့..."
"တရားဝင္ေက်ာင္းသားမျဖစ္ေသးသ၍ တာဝန္ထမ္းေဆာင္ခြင့္မရွိေသးဘူးေလ " အီရွက ဘာမွမသိနားလည္တဲ့တစ္သိုက္ကိုေျပာျပလိုက္သည္၊ဒီေကာင္ေတြ တစ္ေယာက္က အားေန သူ႕ခ်စ္သူနဲ႕ပဲ ေနေနၿပီး ေနာက္သုံးေယာက္ကေတာ့ အားေနရင္ တိုက္ခိုက္ဖို႔ေလာက္ပဲ စိတ္ဝင္စားသူေတြျဖစ္သည္၊ဒါေၾကာင့္ ေက်ာင္းအခ်က္အလက္ေတြနဲ႕ပတ္သတ္ၿပီး အီရွသာ စုံစမ္းခဲ့ရတာေၾကာင့္ ထိုေက်ာက္ေတြနဲ႕ပတ္သတ္ၿပီး သိေနျခင္းသာျဖစ္သည္၊
"ဆရာေ႐ြးတင္ရမဲ့ပြဲၿပီးမွပဲ ငါတို႔ေတြ ဆက္ေဆြးႏြေးၾကတာေပါ့..." ဒန္နာရီကလည္း အီရွစကားေၾကာင့္ လက္ခံေခါင္းညိတ္ရင္းေျပာလိုက္သည္၊ထို႔ေနာက္မွာေတာ့ သူတို႔လည္း လူစုခြဲလိုက္ၿပီး ကိုယ့္အခန္း ကိုယ္ျပန္လာကာ အနားယူၾကေတာ့သည္၊
-*-*-*-*--*-*-
Chapter - 106ေမွ်ာ္
-*-*-*-*-*-*-*-*-*-*
Unicode
"ငါတို့ ဘာလုပ်ကြမလဲ" အန်းတိုလ်ရဲ့အမေးစကားကြောင့် အကုန်လုံးက ဒန်နာရီကိုကြည့်လာတော့သည်၊
"ဒီကိစ္စကို ဆရာတွေသိဖို့အတွက်ကလည်း ငါတို့မှာ လုံလောက်တဲ့သက်သေရှိမှ ရလိမ့်မယ်...နောက်တစ်ချက်က ငါတို့က သွားပြောရင်တောင် ဆရာတွေက ဆရာလျူးဝစ်ကြောင့် အန်ဒီးယားကို စစ်ဆေးရဲမှာ မဟုတ်ဘူး" ဒန်နာရီစကားကို သူတို့လည်းခေါင်းညိတ်လက်ခံလိုက်သည်၊ဆရာလျူးဝစ်က သာမန်ဆရာတစ်ဦးမဟုတ်သည်ကို စီနီယာတွေအပြောကြောင့် သိထားပြီးပြီကိုး၊
"ငါတို့ သက်သေစုရမယ်ဆိုရင်တောင် ဘယ်ကစပြီး စုရမှာလဲ" ရှီရယ်က သက်ပြင်းချကာပြောလိုက်သည်၊
"တကယ်တော့ နည်းလမ်းတစ်ခုကို ငါသိတယ်" အီရှစကားကြောင့် သူတို့လည်းစိတ်ဝင်စားသွားတော့သည်၊
"နွန်းတွေရဲ့ကျိန်စာမျက်စိအစီအရင်"
"ဘာကြီး..."
"အဲ့တာက ငါတို့မျိုးနွယ်ရဲ့မျက်စိလိုပဲ၊ ဒါပေမယ့် အဲ့အစီအရင်ကတော့ နတ်ဆိုးစွမ်းအားတွေကိုပါ တိုက်ထုတ်ပေးတယ်..."
"ဒါဆိုရင် ငါတို့က မှော်အစီအရင်ရေးဆွဲတဲ့သူကို ရှာရမှာပေါ့"
"ဟ ရှာဖို့လိုလို့လား ဒန်နာရီရှိတယ်လေ..."
"မင်း အဲ့အစီအရင်အကြောင်းကို သိလား" ဒန်နာရီက အီရှကိုမေးလိုက်သည်၊
အီရှက ခေါင်းညိတ်လိုက်ပြီး သိကြောင်းပြောပြလိုက်သည်၊
"ဒါပေမယ့် ငါတို့တွေ ကျောက်ငါးမျိုးကိုပါ ရှာဖွေရလိမ့်မယ်...၊
"ပြီးတော့ အလင်းငှက်ရဲ့သွေးမှင်လိုအပ်လိမ့်မယ်...ဒါတွေက တန်ဖိုးကြီးပစ္စည်းတွေပေမယ့် သဘာဝမှော်ကျောက်တွေကတော့ အမှတ်နဲ့လဲလှယ့်လို့ရတယ်...ကျောက်တစ်ခုကို မှော်အမှတ်ငါးသောင်းလောက်ရှိတယ်..."
"ငါတို့လိုအပ်တဲ့ကျောက်တွေက နဲဗမ်ကျောက်၊ရိစ်ကျောက်၊လီလ်ရာကျောက်၊ဆာလက်စ်ကျောက်၊နဲစတာကျောက်တွေပဲ..." အီရှရဲ့စကားဆုံးသည်နဲ့ အကုန်လုံး နားမလည်စွာ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လေးတွေဖြစ်သွားတော့သည်၊ဒါကြောင့် အီရှလည်း ကျောက်တွေနဲ့ပတ်သတ်ပြီး ရှင်းပြပေးလိုက်သည်၊
နဲဗမ်ကျောက်က အလင်းကျောက်တစ်မျိုးဖြစ်ပြီး ထိုကျောက်ထဲမှာ သန့်စင်တဲ့အလင်းတွေပါဝင်ပြီး နဲဗမ်ဟက်ဆိုတဲ့ဒေသ၌သာထွက်သောကျောက်တစ်မျိုးဖြစ်သည်၊ရိစ်ကျောက်ကတော့ မီးဓာတ်ပြုကျောက်တစ်မျိုးဖြစ်ပြီး အခြားမီးဓာတ်ပြုကျောက်တွေနဲ့ယှဥ်ရင် အရည်အသွေးကွာဟပေမယ့် သူ့ရဲ့အားသာချက်က အသုံးပြုခံရတဲ့ခန္ဓာကိုယ်ပိုင်ရှင်ကို မထိခိုက်စေပေ၊
နောက်တစ်မျိုးကတော့ လိလ်ရာကျောက်ဖြစ်ပြီး ပင်လယ်ကျောက်စိမ်းတစ်မျိုးဖြစ်သည်၊ပင်လယ်ကျောက်စိမ်းပေမယ့် အရောင်ကတော့ ကြည်လင်နေတဲ့အပြာရောင်ကျောက်ဖြစ်ပြီး လက်ဝတ်ရတနာအတွက်ဝတ်ဆင်ပါက စိတ်ကိုကြည်လင်လန်းဆန်းစေတာအမှန်ပေ၊ဆာလက်စ်ကျောက်ကတော့ ဓာတ်ကြီးငါးပါးထဲက သစ်ဓာတ်ပါဝင်တဲ့ကျောက်တစ်မျိုးဖြစ်သည်၊သူ့ရဲ့ထူးခြားချက်ကတော့ လိလ်ရာကျောက်လိုမျိုးပင်၊နောက်ဆုံးကျောက်ဖြစ်တဲ့ နဲစတာကျောက်ကတော့ နဲစတာတိုင်းပြည်ကနေထွက်တဲ့ကျောက်ရိုင်းတစ်မျိုးသာဖြစ်ပြီး တစ်နှစ်မှာ အနည်းငယ်သာ တူးဖော်ရရှိပြီး ရှားပါးလှတဲ့ကျောက်တစ်မျိုးဖြစ်သည်၊နဲစတာကျောက်တွေက လေဓာတ်ပြုကျောက်တစ်မျိုးဖြစ်ပြီး အလင်းစွမ်းအားပါအနည်းငယ်ပါဝင်နေတာကြောင့် ထိုကျောက်ကို စွမ်းအင်နှစ်မျိုးကျောက်လို့လည်း ခေါ်ကြသည်၊
"ဒီကျောက်တွေအတွက် ငါတို့လိုအပ်တာ အမှတ်တွေပဲ" အီရှစကားကြောင့် ဒန်နာရီတို့လည်း ခေါင်းညိတ်လိုက်သည်၊ကျောက်တွေက ရှားပါပြီး အမှတ်ရရှိဖို့ အတော်ကြိုးစားရလိမ့်မည်၊
"ငါ့ကြောင့် မင်းတို့ ဒုက္ခများစေပြီ..." ဒန်နာရီက အီရှတို့ကို အလွန်အားနာနေပြီ၊ရှင်းရှင်းပြောရရင် အန်ဒီးယားက သူ့ကိုသာမုန်းတီးနေပြီး အီရှတို့နဲ့မဆိုင်ပင်၊
"ဒါက ကျောင်းတော်ရဲ့အနာဂတ်နဲ့ဆိုင်တာပဲလေ...ငါတို့မှာ လုံလောက်တဲ့သက်သေမရှိတော့ ဒီလိုပဲ စီစဥ်ရတာပဲလေ..."
"ဟုတ်တယ်...မင်း အားနာစရာမလိုဘူး ဒန်နာရီ" ရှီရယ်တို့ကလည်းပြောလာတာကြောင့် ဒန်နာရီက ပြုံးသွားပြီး ကျေးဇူးတင်လိုက်သည်၊
ထို့နောက်မှာတော့ သူတို့က ပါဝင်ပစ္စည်းတွေနဲ့ပတ်သတ်တဲ့အမှတ်တွေအကြောင်းကို စုံစမ်းလိုက်ချိန်မှာ ငါးယောက်လုံး သွေးတက်သွားတော့သည်၊
ကျောက်တစ်ကျောက်ဆီကို အမှတ်တစ်သိန်းတဲ့!၊မင်းတို့ ကျောင်းသားတွေကို ဓားပြတိုက်နေတာလားဟ!၊
"နဲစတာကျောက်နဲ့နဲဗမ်ကျောက်အတွက်တော့ အမှတ်သုံးရလိမ့်မယ်...ကျန်တဲ့ကျောက်အတွက်တော့ ငါရှာဖွေပေးနိုင်တယ်" ရှီရယ်ကပြောလာတော့သည်၊ဒါပေါ့ ရှီရယ်က တော်ဝင်အင်ပါယာတစ်ခုက မင်းသားဖြစ်တာကြောင့် ထို့ကျောက်တွေကို ရဖို့အဆက်အသွယ်အနည်းငယ်သာ အသုံးချရန်လိုအပ်သည်၊
"ကောင်းပြီလေ...ဒါပေမယ့် ငါတို့ငါးယောက်ပေါင်းမှာ အမှတ်က နှစ်သောင်းတောင်မရှိဘူး..." ဒါတောင် ဂျော့ဖရေးတို့အဖွဲ့ရဲ့အပေါ်ကုတ်ကမှော်အစီအရင်တွေကို ပြုပြင်ပေးခဲ့လို့ ဒန်နာရီ အမှတ်ငါးထောင်ကျော်ရခဲ့တာကြောင့်ဖြစ်သည်၊
"တကယ်တော့ မှော်အမှတ်ရဖို့က စစ်မြေပြင်သွားဖို့က အကောင်းဆုံးပဲလေ..." သူတို့က ပထမနှစ်ရဲ့ပထမတန်းသာရှိသေးတာကြောင့် ဆရာတွေက လွှတ်မည်မဟုတ်ပေ၊
"နောက်တစ်နည်းရှိပါသေးတယ်..." စီရက်စ်ကဝင်ပြောလာတာကြောင့် ဒန်နာရီတို့အကြည့်တွေက သူ့ဆီရောက်လာတော့သည်၊
"မကြာခင်မှာ ငါတို့ပထမနှစ်တွေအတွက် ဆရာရွေးမြောက်ပွဲလာတော့မှာလေ...အဲ့ပွဲမှာ ပထမဆုက အမှတ်တစ်သောင်းနဲ့ နှစ်ကနေ တစ်ဆယ်ထိက အမှတ်ငါးထောင်ပေးမယ် ကြားတယ်"
"သူတို့က အမှတ်ပေးတာ ကပ်စေးနဲလိုက်တာ"ရှီရယ်ကမကျေမနပ်ပြောလိုက်သည်၊သူတို့လိုချင်တဲ့ကျောက်က တစ်မျိုးတည်းမဟုတ်ဘူး နှစ်မျိုးတောင်လေ ပြီးတော့ နှစ်သိန်းတောင်...၊
"တရားဝင်ကျောင်းသားဖြစ်ရင် ငါတို့က တာဝန်တွေ ခွဲဝေလို့ရပြီလေ...ပြီးတော့ မမေ့နဲ့အုံး...ငါတို့က ရွှေအဆင့်ကျောင်းသားတွေလေ တစ်လကို မှော်အမှတ်တစ်သောင်းရမဲ့သူတွေလေ..."
"အဲ့အမှတ်တွေကိုစောင့်ရင်း အန်ဒီးယားဆိုတဲ့ကျောင်းသားရဲ့ခန္ဓာကိုယ်ကို နတ်ဆိုးက အပြီးပိုင်ဝင်မပူးသွားဖို့ပဲ မျှော်လင့်တယ်" စီရက်စ်စကားကြောင့် ရှီရယ်က မကျေမနပ်ပြန်ပြောလိုက်သည်၊စီရက်စ်က တစ်ချက်သာရယ်မောရင်း ရှီရယ်ရဲ့ခါးကိုဖက်ထားလိုက်သည်၊
"ငါတို့ တခြားနည်းလမ်းစဥ်းစားကြတာပေါ့..."
"တရားဝင်ကျောင်းသားမဖြစ်သေးသ၍ တာဝန်ထမ်းဆောင်ခွင့်မရှိသေးဘူးလေ " အီရှက ဘာမှမသိနားလည်တဲ့တစ်သိုက်ကိုပြောပြလိုက်သည်၊ဒီကောင်တွေ တစ်ယောက်က အားနေ သူ့ချစ်သူနဲ့ပဲ နေနေပြီး နောက်သုံးယောက်ကတော့ အားနေရင် တိုက်ခိုက်ဖို့လောက်ပဲ စိတ်ဝင်စားသူတွေဖြစ်သည်၊ဒါကြောင့် ကျောင်းအချက်အလက်တွေနဲ့ပတ်သတ်ပြီး အီရှသာ စုံစမ်းခဲ့ရတာကြောင့် ထိုကျောက်တွေနဲ့ပတ်သတ်ပြီး သိနေခြင်းသာဖြစ်သည်၊
"ဆရာရွေးတင်ရမဲ့ပွဲပြီးမှပဲ ငါတို့တွေ ဆက်ဆွေးနွေးကြတာပေါ့..." ဒန်နာရီကလည်း အီရှစကားကြောင့် လက်ခံခေါင်းညိတ်ရင်းပြောလိုက်သည်၊ထို့နောက်မှာတော့ သူတို့လည်း လူစုခွဲလိုက်ပြီး ကိုယ့်အခန်း ကိုယ်ပြန်လာကာ အနားယူကြတော့သည်၊
-*-*-*-*--*-*-
Chapter - 106မျှော်