အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

By Neko_san_ZP

851K 119K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... More

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter-104

3.2K 458 4
By Neko_san_ZP

Zawgyi

အန္ဒီးယားရဲ႕ေက်ာ္ၾကားမႈက ဒန္နာရီနဲ႕ယွဥ္ရင္ေတာ့ ဘာမွမဟုတ္ေပ၊အန္ဒီးယားေက်ာ္ၾကားလာျခင္းတစ္ပိုင္းတစ္စက ေရခဲဘုရင္ဆရာလ်ဴးဝစ္ေၾကာင့္ျဖစ္ၿပီး အန္ဒီးယားရဲ႕စြမ္းရည္က ေကာင္းေပမယ့္ ဒန္နာရီတို႔အဖြဲ႕နဲ႕ယွဥ္ရင္ ဘာမွမဟုတ္ေသးေပ၊

ဒန္နာရီကလည္း ထိုကိစၥနဲ႕ပတ္သတ္ၿပီးေတာ့ သိပ္ဂ႐ုမစိုက္ေပ၊သူက ေက်ာင္းေတာ္ရဲ႕စာၾကည့္ေဆာင္မွာ သူနားမလည္တဲ့အပိုင္းေတြ ဖတ္ေနရင္းနဲ႕ တစ္ခုခုကို ေတြးမိသြားသည္၊

အတိတ္ကအတိုင္းဆိုရင္ သူက ေက်ာင္းေတာ္ရဲ႕လက္႐ုံးေတာ္ေက်ာင္းေတြထဲက ေတာင္ပိုင္းေက်ာင္းေတာ္မွာ တက္ေနရၿပီး ဆရာေရးနက္စ္နဲ႕ေတြ႕ဆုံရမွာျဖစ္ေပမယ့္ ကံၾကမၼာေျပာင္းလဲၿပီးေတာ့ ကုန္းတိုက္ႀကီးရဲ႕အေကာင္းဆုံးေမွာ္ေက်ာင္းေတာ္ကို ေရာက္ရွိလာခဲ့ၿပီပဲ၊ဒါေၾကာင့္ အတိတ္ဘဝက သူ႕အေပၚ ေကာင္းခဲ့တဲ့ဆရာေရးနက္စ္ကို သတိရမိသည္၊ဒီခ်ိန္မွာ ျပန္ေတြ႕ဆုံရင္ေတာင္ သူနဲ႕ဆရာေရးနက္စ္က သူစိမ္းေတြလိုပဲ ျဖစ္ေနမွာပဲ၊

'သူ႕ရဲ႕ကံၾကမၼာက ေျပာင္းလဲသြားေပမယ့္ သူ႕ရဲ႕ရန္သူေတြကေတာ့ ရွင္သန္ေနတုန္းပဲ'

ဒန္နာရီက ထိုအေၾကာင္းေတြကို ေတြးတာကိုရပ္တန့္လိုက္ၿပီး အတိတ္ဘဝတုန္းက သူမေလ့လာခဲ့ရတဲ့ေမွာ္အစီအရင္ေတြနဲ႕ပတ္သတ္ၿပီးေတာ့ ဖတ္ရႈေနေတာ့သည္၊

သူ႕မိခင္ရဲ႕စာအုပ္ထဲမွာ ပိုစုံလင္ေနေပမယ့္ တစ္ခ်ိဳ႕ေသာေမွာ္အစီအရင္ေတြက အဆင့္ျမႇင့္မားလြန္းတာေၾကာင့္ သူအသုံးျပဳဖို႔ အဆင္မေျပလွေပ၊ဒါေၾကာင့္ ေက်ာင္းေတာ္ရဲ႕စာၾကည့္တိုက္ထဲမွာ သာမန္အဆင့္ျမႇင့္ေမွာ္အစီအရင္ေရးဆြဲနည္းေတြနဲ႕ပတ္သတ္ၿပီး ေလ့လာေနျခင္းျဖစ္သည္၊

ဒန္နာရီ ေလ့လာေနရင္း အခ်ိန္ေတြက တစ္ျဖည္းျဖည္းကုန္ဆုံးလာေတာ့သည္၊ညေနေစာင္းအခ်ိန္ေရာက္ခ်ိန္မွာေတာ့ အန္းတိုလ္က ေရာက္လာေတာ့သည္၊

"အီရွက ငါတို႔ကို ေျပာစရာရွိလို႔တဲ့" အန္းတိုလ္စကားေၾကာင့္ မေန႕က ကိစၥကို သတိရသြားေတာ့သည္၊ဒါေၾကာင့္ ဒန္နာရီလည္း စာအုပ္ေတြကိုျပန္အပ္လိုက္ၿပီး အန္းတိုလ္နဲအတူ အီရွရဲ႕အေဆာင္ကို ထြက္လာေတာ့သည္၊

ဒန္နာရီတို႔ တံခါးေခါက္ခ်ိန္မွာ ရွီရယ္က တံခါးလာဖြင့္ေပးတာေၾကာင့္ ရွီရယ္နဲ႕စီရက္စ္ပါေရာက္ေနတာ သိလိုက္ၿပီး သူတို႔လည္း အခန္းထဲဝင္လာေတာ့သည္၊အီရွက အိပ္ယာေပၚမွာ ေစာင္ကို ေခါင္းထိၿခဳံထားကာ ေကြးေကြးေလးထိုင္ေနေတာ့သည္၊သူရဲ႕မ်က္ႏွာက အနည္းေတာ့ ျဖဴေဖ်ာ့ေနတာေတြ႕လိုက္ရေတာ့ ဒန္နာရီလည္း အနည္းငယ္စိုးရိမ္သြားေတာ့သည္၊

"အီရွ အဆင္ေျပရဲ႕လား"

"ေျပပါတယ္...နည္းနည္းေတာ့ ခံရခက္တုန္းပဲ" အီရွက အားနည္းကာေဖ်ာ့ေတာ့ေနတဲ့ေလသံနဲ႕ေျပာလာေတာ့သည္၊အီရွဘာျဖစ္တာလဲ သိခ်င္ေပမယ့္ အီရွဘက္က မေျပာလာသ၍ ေမးဖို႔ေတာ့ စိတ္ကူးမရွိလွေပ၊

"ငါတို႔မ်ိဳးႏြယ္က ေျမေခြးသားရဲနတ္ဘုရားရဲ႕သခင္မ်ိဳးဆက္ေတြပဲေလ...ငါတို႔ကို 'ႏြန္း'လို႔ေခၚတယ္၊ ႏြန္းေတြရဲ႕အားနည္းခ်က္က အေမွာင္ထုျဖစ္ၿပီး ႏြန္းေတြရဲ႕နတ္ဘုရားမ်က္စိကေန မည္သည့္အေမွာင္ထုမွ ေျပးမလႊတ္ဘူး"

အီရွက ရွင္းျပေနရင္း အီရွရဲ႕ညာဘက္မ်က္ဝန္းမ်ားက ေ႐ႊေရာင္လင္းလက္ေတာက္ပလာေတာ့သည္၊

"ႏြန္းေတြရဲ႕နတ္မ်က္စိေလ...ငါက အခုမွ ဝါႏုေသးလို႔ အန္ဒီးယားဆီကေန ျမင္တဲ့အေမွာင္ထုရဲ႕တန္ျပန္တိုက္ခိုက္ခ်က္ေၾကာင့္ နာက်င္ေနရတာပဲ"

"အန္ဒီးယား... အေမွာင္ထု..." ရွီရယ္တို႔က နားမလည္စြာျဖစ္သြားေတာ့သည္၊ဒါေပါ့ အန္ဒီးယားကိုယ္ထဲမွာ အေမွာင္ထုရွိတာကို သိတာက ဒန္နာရီအျပင္ အီရွပဲရွိေသးတာကိုး၊

"အန္ဒီးယားကိုယ္ထဲမွာ နတ္ဆိုးတစ္ေကာင္ရွိေနတယ္" အီရွက ေလးပင္ေသာအသံနဲ႕ေျပာလိုက္သည္၊

ရွီရယ္တို႔က ေၾကာင္အသြားေတာ့သည္၊သူတို႔က ခ်က္ခ်င္းမတ္တပ္ရပ္လိုက္ၿပီးေတာ့ "ဒါဆိုရင္ ဆရာေတြဆီ တင္ျပရမွာပဲေလ...ငါတို႔ေက်ာင္းသားေတြအတြက္ အႏၱရာယ္ရွိနိုင္တယ္" လို႔ ေျပာၿပီး ထြက္ေတာ့မဲ့အခ်ိန္မွာ ဒန္နာရီက တားဆီးလိုက္သည္၊

"နတ္ဆိုးတစ္ေကာင္နဲ႕စာခ်ဳပ္ခ်ဳပ္ထားၿပီး ေက်ာင္းက အဆင္ျမႇင့္ေမွာ္ဆရာေတြေတာင္ သတိမထားမိတာကို... ငါတို႔က ဆရာေတြဆီ ဘယ္လိုသင္ျပရမွာလဲ"

ဒန္နာရီစကားေၾကာင့္ စီရက္စ္ကလည္း ရွီရယ္လက္ကိုဆုပ္ကိုင္လိုက္ၿပီး ေျပာလိုက္သည္၊

"ဟုတ္တယ္ ဒန္နာရီေျပာတာ မွန္တယ္ ရွီရွီ၊ ဆရာလ်ဴးဝစ္လိုလူမ်ိဳးေတာင္ သတိမထားမိဘူးဆိုရင္ ငါတို႔မွာ ဘယ္လိုသက္ေသရွိမွာလဲ..."

"အီရွရဲ႕ႏြန္းက သက္ေသပဲေလ..."

" ေက်ာင္းသားေတြအတြက္ အႏၱရာယ္ရွိေပမယ့္ အီရွကို အဲ့မ်က္စိ ထပ္သုံးခိုင္းဖို႔ဆိုရင္ ငါကန့္ကြက္တယ္" အန္းတိုလ္က လက္မခံစြာေျပာလိုက္သည္၊ထို႔ေနာက္က သူက ဆက္ၿပီးေျပာလိုက္သည္၊

"အီရွက အခုမွ ဆယ့္သုံးႏွစ္ပဲရွိေသးတာ... တစ္ဖက္က နတ္ဆိုးက ဘုရင္အဆင့္ဆိုရင္ ေနာက္ဆုံး အီရွပဲ မ်က္စိစုံကန္းရလိမ့္မယ္...ငါ့အတြက္ေတာ့ ေက်ာင္းေတာ္ကေက်ာင္းသားေတြထက္ အီရွက ပိုအေရးႀကီးတယ္ "

"အန္းတိုလ္ေျပာတာမွန္တယ္ ရွီရယ္၊ငါတို႔မွာ အျခားနည္းလမ္းေတြရွိေသးတယ္...ၿပီးေတာ့ စီရက္စ္က အန္ဒီးယားကို မ်က္စိေတာက္ေလွ်ာက္ေစာင့္ၾကည့္ေနေပါ့..."

ဒန္နာရီကလည္း အန္းတိုလ္နဲ႕အီရွရဲ႕ပတ္သတ္မႈက မရိုးရွင္းသည္ကို နားလည္ၿပီးသားေပ၊ထို႔ေနာက္မွာေတာ့ ဒန္နာရီက ရႈ~ကိုေခၚထုတ္လိုက္ၿပီး အီရွကို ကုသခိုင္းလိုက္သည္၊

ရႈ~က အီရွနားသြားကာ အီရွရဲ႕နဖူးေလးကို ဖြဖြေလးနမ္းလိုက္သည္၊ထို႔ေနာက္မွာေတာ့ အီရွရဲ႕အေျခအေနက သက္သာလာေတာ့သည္၊ သူ႕ရဲ႕မ်က္ႏွာက ေသြးေရာင္ျပန္လႊမ္းမိုးလာၿပီး စိတ္ထဲက အေၾကာက္တရားလည္း ​သက္သာလာေတာ့သည္၊အီရွက ရႈ~ရဲ႕ေခါင္းေလးကို ဖြဖြေလးပုတ္ေပးလိုက္ၿပီး ေက်းဇူးတင္လိုက္သည္၊

"တကယ္ေတာ့ လြန္ခဲ့တဲ့ရက္အနည္းငယ္က အန္ဒီးယားနဲ႕ငါဆုံေတြ႕ခဲ့တာပဲ... သူ႕ဆီကေန အေမွာင္ထုရဲ႕စြမ္းအားေတြ ခံစားရလို႔ ငါက သူ႕ကို ေမးခြန္းထုတ္ခဲ့ေပမယ့္ သူက ထြက္ေျပးသြားတယ္ေလ...၊ ၿပီးေတာ့ ငါတို႔က ဝမ္းကြဲညီအစ္ကိုေတြပဲ..."

ဒန္နာရီက ကလီနာလုပ္ခဲ့တဲ့လုပ္ရပ္ေတြနဲ႕ပတ္သတ္ၿပီး အနည္းအက်ဥ္းေျပာလိုက္ၿပီးေနာက္မွာ သူက အန္ဒီးယားက သူ႕ကိုသတ္ခ်င္ေနေၾကာင္းကိုပါ ခ်ိဳ႕ယြင္းခ်က္မထားပဲ ေျပာျပလိုက္သည္၊

"ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတဲ့မိန္းမပဲ..." အီရွတို႔အေနနဲ႕ ဒါကထိတ္လန့္စရာေကာင္းလွသည္၊သူ႕တို႔က မိဘအရိပ္ေအာက္မွာ ႀကီးျပင္းလာၿပီး သူတို႔ႏြန္းေတြက မိသားစုစိတ္ဓာတ္နဲ႕အဖြဲ႕အစည္းစိတ္ဓာတ္ ျပင္းျပသူေတြျဖစ္တာေၾကာင့္ တစ္ဦးနဲ႕တစ္ဦး ဒုကၡေပးခ်င္စိတ္မရွိတာေၾကာင့္ ကလီနာက ဒန္နာရီအေပၚ ထိုသို႔လုပ္ရပ္မ်ိဳး လုပ္နိုင္တာကို ေၾကာက္႐ြံ႕ကာ အန္ဒီးယားတို႔သားအမိအေပၚ ႐ြံ႕ရွာသြားေတာ့သည္၊

ရွီရယ္အတြက္ကေတာ့ ဒါက ႀကဳံေနက်ျဖစ္ေပမယ့္ ကိုယ့္သားအတြက္ သူမ်ားသားကို စေတးတဲ့လုပ္ရပ္က မုန္းစရာေကာင္းလွသည္၊သူတို႔က အန္ဒီးယားက ဘာလို႔ ဒန္နာရီကို မုန္းေနလည္း နားလည္လာေတာ့သည္၊

ပါရမီရွင္တစ္ဦးဟာ အျခားသူေတြဆီက မနာလိုမုန္းတီးခံရတတ္သည္မလား၊ဒန္နာရီရဲ႕ငယ္ဘဝက အန္ဒီးယားနဲ႕ကြာျခားေပမယ့္ ဒန္နာရီႀကီးလာေလေလ လူတိုင္းက ဒန္နာရီကို သတိထားမိလာခ်ိန္မွာ အန္ဒီးယားလို ေမာက္မာတဲ့သူတစ္ေယာက္အေနနဲ႕လထိုကိစၥကိုလက္မခံနိုင္ျဖစ္သြားတာ အမွန္ေပ၊

ဥပမာ သတို႔သားေလာင္းခ်င္း ယွဥ္ၿပိဳင္ၾကည့္ေလ၊ အန္ဒီးယားရဲ႕သတို႔သားေလာင္းက ေသးငယ္တဲ့အင္ပါယာရဲ႕အိမ္ေရွ႕စံေပမယ့္ ဒန္နာရီရဲ႕သတို႔သားေလာင္းကေတာ့ ေမွာ္ေက်ာင္းေတာ္မွာပင္ လူတိုင္းနီးပါး ေစာင့္ၾကည့္ေနရတဲ့ပါရမီရွင္တစ္ဦးျဖစ္သည္၊

ဒန္နာရီကေတာ့ အီရွတို႔အေတြးကို သိပ္ၿပီးဂ႐ုမထားေပ၊အန္ဒီးယားက သူ႕အေပၚမုန္းတီးေနရတဲ့အေၾကာင္းအရင္းက သူ႕မိခင္ရဲ႕စိတ္ဓာတ္ရိုက္သြင္းမႈေတြေၾကာင့္ျဖစ္သည္၊

ငယ္ငယ္တည္းက အိမ္ေတာ္ရဲ႕အပယ္ခံသားက အန္ဒီးယားကိုေက်ာ္တက္သြားတဲ့အျပင္ အစ္ကိုေတြရဲ႕အခ်စ္ေတြပါ လုယူခံရတယ္လို႔ ခံစားလိုက္ရတဲ့အန္ဒီးယားက ဒန္နာရီကို အသည္းထဲထိကို မုန္းတီးၿပီးေတာ့ တစ္ေန႕မွာ ဒန္နာရီကို ျပန္ခ်နင္းကာ သူ႕ကို မေ႐ြးခ်ယ္ခဲ့တဲ့သူေတြကို ေနာင္တရေအာင္လုပ္မဲ့စိတ္ေတြနဲ႕ ျပင္းျပေန႐ုံသာျဖစ္သည္၊

အခုေတာ့ ကလီနာက မတားတဲ့အျပင္ အန္ဒီးယားကို ဖ်က္စီးေနျပန္သည္၊ကလီနာလို မိခင္မ်ိဳးကို ပိုင္ဆိုင္ထားတဲ့အန္ဒီးယားဘဝကေတာ့ အနည္းငယ္ေတာ့ သနားစရာေကာင္းလွသည္၊

--*-*-*-*-*-*-*-*-*
Chapter -105 ေမွ်ာ္

-*-*-*-*-*-*-*

Unicode

အန်ဒီးယားရဲ့ကျော်ကြားမှုက ဒန်နာရီနဲ့ယှဥ်ရင်တော့ ဘာမှမဟုတ်ပေ၊အန်ဒီးယားကျော်ကြားလာခြင်းတစ်ပိုင်းတစ်စက ရေခဲဘုရင်ဆရာလျူးဝစ်ကြောင့်ဖြစ်ပြီး အန်ဒီးယားရဲ့စွမ်းရည်က ကောင်းပေမယ့် ဒန်နာရီတို့အဖွဲ့နဲ့ယှဥ်ရင် ဘာမှမဟုတ်သေးပေ၊

ဒန်နာရီကလည်း ထိုကိစ္စနဲ့ပတ်သတ်ပြီးတော့ သိပ်ဂရုမစိုက်ပေ၊သူက ကျောင်းတော်ရဲ့စာကြည့်ဆောင်မှာ သူနားမလည်တဲ့အပိုင်းတွေ ဖတ်နေရင်းနဲ့ တစ်ခုခုကို တွေးမိသွားသည်၊

အတိတ်ကအတိုင်းဆိုရင် သူက ကျောင်းတော်ရဲ့လက်ရုံးတော်ကျောင်းတွေထဲက တောင်ပိုင်းကျောင်းတော်မှာ တက်နေရပြီး ဆရာရေးနက်စ်နဲ့တွေ့ဆုံရမှာဖြစ်ပေမယ့် ကံကြမ္မာပြောင်းလဲပြီးတော့ ကုန်းတိုက်ကြီးရဲ့အကောင်းဆုံးမှော်ကျောင်းတော်ကို ရောက်ရှိလာခဲ့ပြီပဲ၊ဒါကြောင့် အတိတ်ဘဝက သူ့အပေါ် ကောင်းခဲ့တဲ့ဆရာရေးနက်စ်ကို သတိရမိသည်၊ဒီချိန်မှာ ပြန်တွေ့ဆုံရင်တောင် သူနဲ့ဆရာရေးနက်စ်က သူစိမ်းတွေလိုပဲ ဖြစ်နေမှာပဲ၊

'သူ့ရဲ့ကံကြမ္မာက ပြောင်းလဲသွားပေမယ့် သူ့ရဲ့ရန်သူတွေကတော့ ရှင်သန်နေတုန်းပဲ'

ဒန်နာရီက ထိုအကြောင်းတွေကို တွေးတာကိုရပ်တန့်လိုက်ပြီး အတိတ်ဘဝတုန်းက သူမလေ့လာခဲ့ရတဲ့မှော်အစီအရင်တွေနဲ့ပတ်သတ်ပြီးတော့ ဖတ်ရှုနေတော့သည်၊

သူ့မိခင်ရဲ့စာအုပ်ထဲမှာ ပိုစုံလင်နေပေမယ့် တစ်ချို့သောမှော်အစီအရင်တွေက အဆင့်မြှင့်မားလွန်းတာကြောင့် သူအသုံးပြုဖို့ အဆင်မပြေလှပေ၊ဒါကြောင့် ကျောင်းတော်ရဲ့စာကြည့်တိုက်ထဲမှာ သာမန်အဆင့်မြှင့်မှော်အစီအရင်ရေးဆွဲနည်းတွေနဲ့ပတ်သတ်ပြီး လေ့လာနေခြင်းဖြစ်သည်၊

ဒန်နာရီ လေ့လာနေရင်း အချိန်တွေက တစ်ဖြည်းဖြည်းကုန်ဆုံးလာတော့သည်၊ညနေစောင်းအချိန်ရောက်ချိန်မှာတော့ အန်းတိုလ်က ရောက်လာတော့သည်၊

"အီရှက ငါတို့ကို ပြောစရာရှိလို့တဲ့" အန်းတိုလ်စကားကြောင့် မနေ့က ကိစ္စကို သတိရသွားတော့သည်၊ဒါကြောင့် ဒန်နာရီလည်း စာအုပ်တွေကိုပြန်အပ်လိုက်ပြီး အန်းတိုလ်နဲအတူ အီရှရဲ့အဆောင်ကို ထွက်လာတော့သည်၊

ဒန်နာရီတို့ တံခါးခေါက်ချိန်မှာ ရှီရယ်က တံခါးလာဖွင့်ပေးတာကြောင့် ရှီရယ်နဲ့စီရက်စ်ပါရောက်နေတာ သိလိုက်ပြီး သူတို့လည်း အခန်းထဲဝင်လာတော့သည်၊အီရှက အိပ်ယာပေါ်မှာ စောင်ကို ခေါင်းထိခြုံထားကာ ကွေးကွေးလေးထိုင်နေတော့သည်၊သူရဲ့မျက်နှာက အနည်းတော့ ဖြူဖျော့နေတာတွေ့လိုက်ရတော့ ဒန်နာရီလည်း အနည်းငယ်စိုးရိမ်သွားတော့သည်၊

"အီရှ အဆင်ပြေရဲ့လား"

"ပြေပါတယ်...နည်းနည်းတော့ ခံရခက်တုန်းပဲ" အီရှက အားနည်းကာဖျော့တော့နေတဲ့လေသံနဲ့ပြောလာတော့သည်၊အီရှဘာဖြစ်တာလဲ သိချင်ပေမယ့် အီရှဘက်က မပြောလာသ၍ မေးဖို့တော့ စိတ်ကူးမရှိလှပေ၊

"ငါတို့မျိုးနွယ်က မြေခွေးသားရဲနတ်ဘုရားရဲ့သခင်မျိုးဆက်တွေပဲလေ...ငါတို့ကို 'နွန်း'လို့ခေါ်တယ်၊ နွန်းတွေရဲ့အားနည်းချက်က အမှောင်ထုဖြစ်ပြီး နွန်းတွေရဲ့နတ်ဘုရားမျက်စိကနေ မည်သည့်အမှောင်ထုမှ ပြေးမလွှတ်ဘူး"

အီရှက ရှင်းပြနေရင်း အီရှရဲ့ညာဘက်မျက်ဝန်းများက ရွှေရောင်လင်းလက်တောက်ပလာတော့သည်၊

"နွန်းတွေရဲ့နတ်မျက်စိလေ...ငါက အခုမှ ဝါနုသေးလို့ အန်ဒီးယားဆီကနေ မြင်တဲ့အမှောင်ထုရဲ့တန်ပြန်တိုက်ခိုက်ချက်ကြောင့် နာကျင်နေရတာပဲ"

"အန်ဒီးယား... အမှောင်ထု..." ရှီရယ်တို့က နားမလည်စွာဖြစ်သွားတော့သည်၊ဒါပေါ့ အန်ဒီးယားကိုယ်ထဲမှာ အမှောင်ထုရှိတာကို သိတာက ဒန်နာရီအပြင် အီရှပဲရှိသေးတာကိုး၊

"အန်ဒီးယားကိုယ်ထဲမှာ နတ်ဆိုးတစ်ကောင်ရှိနေတယ်" အီရှက လေးပင်သောအသံနဲ့ပြောလိုက်သည်၊

ရှီရယ်တို့က ကြောင်အသွားတော့သည်၊သူတို့က ချက်ချင်းမတ်တပ်ရပ်လိုက်ပြီးတော့ "ဒါဆိုရင် ဆရာတွေဆီ တင်ပြရမှာပဲလေ...ငါတို့ကျောင်းသားတွေအတွက် အန္တရာယ်ရှိနိုင်တယ်" လို့ ပြောပြီး ထွက်တော့မဲ့အချိန်မှာ ဒန်နာရီက တားဆီးလိုက်သည်၊

"နတ်ဆိုးတစ်ကောင်နဲ့စာချုပ်ချုပ်ထားပြီး ကျောင်းက အဆင်မြှင့်မှော်ဆရာတွေတောင် သတိမထားမိတာကို... ငါတို့က ဆရာတွေဆီ ဘယ်လိုသင်ပြရမှာလဲ"

ဒန်နာရီစကားကြောင့် စီရက်စ်ကလည်း ရှီရယ်လက်ကိုဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်၊

"ဟုတ်တယ် ဒန်နာရီပြောတာ မှန်တယ် ရှီရှီ၊ ဆရာလျူးဝစ်လိုလူမျိုးတောင် သတိမထားမိဘူးဆိုရင် ငါတို့မှာ ဘယ်လိုသက်သေရှိမှာလဲ..."

"အီရှရဲ့နွန်းက သက်သေပဲလေ..."

" ကျောင်းသားတွေအတွက် အန္တရာယ်ရှိပေမယ့် အီရှကို အဲ့မျက်စိ ထပ်သုံးခိုင်းဖို့ဆိုရင် ငါကန့်ကွက်တယ်" အန်းတိုလ်က လက်မခံစွာပြောလိုက်သည်၊ထို့နောက်က သူက ဆက်ပြီးပြောလိုက်သည်၊

"အီရှက အခုမှ ဆယ့်သုံးနှစ်ပဲရှိသေးတာ... တစ်ဖက်က နတ်ဆိုးက ဘုရင်အဆင့်ဆိုရင် နောက်ဆုံး အီရှပဲ မျက်စိစုံကန်းရလိမ့်မယ်...ငါ့အတွက်တော့ ကျောင်းတော်ကကျောင်းသားတွေထက် အီရှက ပိုအရေးကြီးတယ် "

"အန်းတိုလ်ပြောတာမှန်တယ် ရှီရယ်၊ငါတို့မှာ အခြားနည်းလမ်းတွေရှိသေးတယ်...ပြီးတော့ စီရက်စ်က အန်ဒီးယားကို မျက်စိတောက်လျှောက်စောင့်ကြည့်နေပေါ့..."

ဒန်နာရီကလည်း အန်းတိုလ်နဲ့အီရှရဲ့ပတ်သတ်မှုက မရိုးရှင်းသည်ကို နားလည်ပြီးသားပေ၊ထို့နောက်မှာတော့ ဒန်နာရီက ရှု~ကိုခေါ်ထုတ်လိုက်ပြီး အီရှကို ကုသခိုင်းလိုက်သည်၊

ရှု~က အီရှနားသွားကာ အီရှရဲ့နဖူးလေးကို ဖွဖွလေးနမ်းလိုက်သည်၊ထို့နောက်မှာတော့ အီရှရဲ့အခြေအနေက သက်သာလာတော့သည်၊ သူ့ရဲ့မျက်နှာက သွေးရောင်ပြန်လွှမ်းမိုးလာပြီး စိတ်ထဲက အကြောက်တရားလည်း ​သက်သာလာတော့သည်၊အီရှက ရှု~ရဲ့ခေါင်းလေးကို ဖွဖွလေးပုတ်ပေးလိုက်ပြီး ကျေးဇူးတင်လိုက်သည်၊

"တကယ်တော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က အန်ဒီးယားနဲ့ငါဆုံတွေ့ခဲ့တာပဲ... သူ့ဆီကနေ အမှောင်ထုရဲ့စွမ်းအားတွေ ခံစားရလို့ ငါက သူ့ကို မေးခွန်းထုတ်ခဲ့ပေမယ့် သူက ထွက်ပြေးသွားတယ်လေ...၊ ပြီးတော့ ငါတို့က ဝမ်းကွဲညီအစ်ကိုတွေပဲ..."

ဒန်နာရီက ကလီနာလုပ်ခဲ့တဲ့လုပ်ရပ်တွေနဲ့ပတ်သတ်ပြီး အနည်းအကျဥ်းပြောလိုက်ပြီးနောက်မှာ သူက အန်ဒီးယားက သူ့ကိုသတ်ချင်နေကြောင်းကိုပါ ချို့ယွင်းချက်မထားပဲ ပြောပြလိုက်သည်၊

"တော်တော်ကြောက်ဖို့ကောင်းတဲ့မိန်းမပဲ..." အီရှတို့အနေနဲ့ ဒါကထိတ်လန့်စရာကောင်းလှသည်၊သူ့တို့က မိဘအရိပ်အောက်မှာ ကြီးပြင်းလာပြီး သူတို့နွန်းတွေက မိသားစုစိတ်ဓာတ်နဲ့အဖွဲ့အစည်းစိတ်ဓာတ် ပြင်းပြသူတွေဖြစ်တာကြောင့် တစ်ဦးနဲ့တစ်ဦး ဒုက္ခပေးချင်စိတ်မရှိတာကြောင့် ကလီနာက ဒန်နာရီအပေါ် ထိုသို့လုပ်ရပ်မျိုး လုပ်နိုင်တာကို ကြောက်ရွံ့ကာ အန်ဒီးယားတို့သားအမိအပေါ် ရွံ့ရှာသွားတော့သည်၊

ရှီရယ်အတွက်ကတော့ ဒါက ကြုံနေကျဖြစ်ပေမယ့် ကိုယ့်သားအတွက် သူများသားကို စတေးတဲ့လုပ်ရပ်က မုန်းစရာကောင်းလှသည်၊သူတို့က အန်ဒီးယားက ဘာလို့ ဒန်နာရီကို မုန်းနေလည်း နားလည်လာတော့သည်၊

ပါရမီရှင်တစ်ဦးဟာ အခြားသူတွေဆီက မနာလိုမုန်းတီးခံရတတ်သည်မလား၊ဒန်နာရီရဲ့ငယ်ဘဝက အန်ဒီးယားနဲ့ကွာခြားပေမယ့် ဒန်နာရီကြီးလာလေလေ လူတိုင်းက ဒန်နာရီကို သတိထားမိလာချိန်မှာ အန်ဒီးယားလို မောက်မာတဲ့သူတစ်ယောက်အနေနဲ့လထိုကိစ္စကိုလက်မခံနိုင်ဖြစ်သွားတာ အမှန်ပေ၊

ဥပမာ သတို့သားလောင်းချင်း ယှဥ်ပြိုင်ကြည့်လေ၊ အန်ဒီးယားရဲ့သတို့သားလောင်းက သေးငယ်တဲ့အင်ပါယာရဲ့အိမ်ရှေ့စံပေမယ့် ဒန်နာရီရဲ့သတို့သားလောင်းကတော့ မှော်ကျောင်းတော်မှာပင် လူတိုင်းနီးပါး စောင့်ကြည့်နေရတဲ့ပါရမီရှင်တစ်ဦးဖြစ်သည်၊

ဒန်နာရီကတော့ အီရှတို့အတွေးကို သိပ်ပြီးဂရုမထားပေ၊အန်ဒီးယားက သူ့အပေါ်မုန်းတီးနေရတဲ့အကြောင်းအရင်းက သူ့မိခင်ရဲ့စိတ်ဓာတ်ရိုက်သွင်းမှုတွေကြောင့်ဖြစ်သည်၊

ငယ်ငယ်တည်းက အိမ်တော်ရဲ့အပယ်ခံသားက အန်ဒီးယားကိုကျော်တက်သွားတဲ့အပြင် အစ်ကိုတွေရဲ့အချစ်တွေပါ လုယူခံရတယ်လို့ ခံစားလိုက်ရတဲ့အန်ဒီးယားက ဒန်နာရီကို အသည်းထဲထိကို မုန်းတီးပြီးတော့ တစ်နေ့မှာ ဒန်နာရီကို ပြန်ချနင်းကာ သူ့ကို မရွေးချယ်ခဲ့တဲ့သူတွေကို နောင်တရအောင်လုပ်မဲ့စိတ်တွေနဲ့ ပြင်းပြနေရုံသာဖြစ်သည်၊

အခုတော့ ကလီနာက မတားတဲ့အပြင် အန်ဒီးယားကို ဖျက်စီးနေပြန်သည်၊ကလီနာလို မိခင်မျိုးကို ပိုင်ဆိုင်ထားတဲ့အန်ဒီးယားဘဝကတော့ အနည်းငယ်တော့ သနားစရာကောင်းလှသည်၊

--*-*-*-*-*-*-*-*-*
Chapter -105 မျှော်

Continue Reading

You'll Also Like

227K 25K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
1.4M 240K 110
Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanma...
277K 19.7K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
217K 19.7K 55
ကောင်းကင်ဘုံရဲ့ထိပ်သီးမဟေသီတစ်ပါးဖြစ်ဖို့ကလွယ်ကူမယ်ထင်နေသလား ? အဓိကဇာတ်ဆောင် - အဓိပတိရာဇ + ရူစန္ဒာအဏီရာ MAHARVERSE SEASON 2|| Start Date - June 26 20...