Fa Wei Lan၏ပြန်လည်မွေးဖွားခြင...

By lilypark202

4.3K 252 33

I do not own this story and I just translated this story. I give full credit to the original author- @Harui30 More

စာတို
Ch 44: ဇာမဏီ
Ch45 (သတိရပီးစောင့်နေပါ)
Vol2(Ch1) ပိုင်သခင်လေး
Ch 2:ငါ့ကိုရွေးပါ
Ch 3:ကောလဟာလ
Ch 4: 18နှစ်
Ch 5: မှတ်မိနေဆဲပဲ

Ch 43(လိပ်ပြာများအား ဆွဲဆောင်ခြင်း)

1K 39 4
By lilypark202

ဝမ်ဖုန်းက ပွဲခန်းမကိုအပြန်လမ်းတစ်လျှောက်လုံး သူမလက်ကိုကိုင်ထားခဲ့တယ်။ ဖုန်းဘေးမှာလျှောက်ရင်းနဲ့ မိန်းမငယ်လေးတွေက ဖုန်းကိုလိုချင်တပ်မက်တဲ့မျက်လုံးတွေနဲ့ ကြည့်နေကြတာကို သတိထားမိလိုက်တယ်။ အဲ့ဒီအကြည့်တွေက သူမကိုကြည့်တဲ့အခါမှာတော့ စူးစူးဝါးဝါးပုံစံပြောင်းသွားတာကြောင့် အနေခက်သွားရသည်။

"မင်း 'ဝေလန်'ကိုဘယ်များပြန်ပေးဆွဲသွားသလဲလို့စဥ်းစားနေတာ"

အဖိုး၊ တစ်ဝမ်းကွဲအစ်ကိုနဲ့ ဦးလေးတို့က အဘွားဝမ်၊ သားဖြစ်သူနဲ့ချွေးမ ပီးတော့ တစ်ခစ်ခစ်ရယ်နေတဲ့ လီရှတို့နဲ့အတူတူထိုင်နေတာကိုတွေ့လိုက်ရတယ်။ ဝေလန် ဦးညွတ်နှုတ်ဆက်လိုက်ပီး အဖိုးတို့ကိုစိတ်ပူအောင်လုပ်မိတဲ့အတွက်တောင်းပန်လိုက်သည်။

စားသောက်ဖွယ်ရာတွေ ရောက်လာတဲ့အခါမှာတော့
အကြီးအကဲဝမ်က မတ်တပ်ထရပ်လိုက်ကာ ပွဲတက်ရောက်သူများအား ကျေးဇူးတင်စကားပြောကာ ပေါ့ပါးစွာပြင်ဆင်ထားသော စားသောက်စရာများအား မြိန်ရှက်စွာသုံးဆောင်ရန် ပြောလိုက်သည်။

အဲ့ဒီပေါ့ပါးတယ်ဆိုတဲ့စကားလုံးက ဝေလန်ထင်ထားသလိုလုံးဝမဟုတ်ဘူး။ စားပွဲအကြီးကြီးတွေက ဟင်းလျာတွေအပြည့်နဲ့ခင်းကျင်းထားပီးတော့ တစ်မယ်ချင်းစီကလည်း လှပစွာပြုလုပ်ထားတယ်။ ဒီလောက်များပြားလှတဲ့ ဟင်းအမယ်တွေကို တစ်ခါတည်းနဲ့ ဘယ်တုန်းကမှမမြင်ဖူးခဲ့ဘူး။

'ဝေလန်' လီရှက လှပတဲ့ လမုန့်ကို ယူပီး သူမပန်းကန်ထဲထည့်ပေးသည်။ " ဒီကြာ လမုန့်လေးစားကြည့်ကြည့်"

သဘောကျစွာနဲ့ လမုန့်ကိုယူပီး ဝေလန်တစ်ကိုက်ကိုက်ကြည့်သည်။ အဲ့တာကချိုပီးတော့ နူးညံ့လှကာ ပါးစပ်ထဲတွင်ပျော်ဝင်သွားသည်။

"ကောင်းလားဟင်"
လီရှက တောက်ပတဲ့မျက်လုံးလေးတွေနဲ့ကြည့်ကာမေးသည်။

"အင်း"သူဖြေပီး နောက်တစ်ကိုက် ထပ်ကိုက်လိုက်သည်။

"လီရှ မင်းကတော့ဝေလန့်ကို ကြွားနေပြန်ပီ"
အဘွားဝမ်က ပြောရင်း နှစ်ခြိုက်စွာရယ်သည်။
"ဝေလန် အဲ့လမုန့်ကလီရှရဲ့ အထူးစွမ်းရည်လေ"

သူ အရမ်းအံ့သြသွားပီး ဘေးမှာထိုင်နေတဲ့ ရုတ်တရက်ရှက်သွားသော မိန်းကလေးအား ကြည့်လိုက်မိသည်။

"ဘွားဘွားကလည်း"
လီရှက နှုတ်ခမ်းစူသည်။

ဝေလန်ပြုံးလိုက်ပီး နောက်လမုန့်တစ်ခုကိုယူလိုက်တာကြောင့် လီရှပျော်သွားသည်။ လမုန့်ကိုစားနေတုန်းမှာပင် ဖုန်းက သူ့ပန်းကန်ထဲကို ဖက်ထုပ်တွေအများကြီး လာထည့်သည်။

"ကိုကြီး ဖုန်း" လီရှက မျက်နှာတည်သွားကာ
"အဲ့ဖက်ထုပ်တွေက ညီမလေးလမုန့်တွေနဲ့ မလိုက်ဘူး"

လီရှက လက်လှမ်းလိုက်ကာ နူးညံ့တဲ့ အဖြူရောင်ဆန်မုန့်တွေကို ယူလိုက်သည်။

"ဝေလန် အဲ့အစား ဒီဆန်မုန့်လေးတွေစားသင့်တာ"

တစ်ချိန်တည်းမှာပဲ ဖုန်းက ဝက်သားဘန်းကိတ် သေးသေးလေးတွေ အများကြီးကို သူ့ပန်းကန်ထဲထပ်ထည့်လိုက်ပြန်ရော။ လီရှက မျက်မှောင်ကြုတ်ကာ
မက်မွန်သီးကိတ်နဲ့ ဖုန်းကိုပြန်တိုက်စစ်ဆင်တော့သည်။ မောင်နှမနှစ်ယောက်လုံးက ဝေလန့် ပန်းကန်ပေါ်မှာ တောင်ကလေးတစ်ခုဖြစ်မလာမချင်းထည့်လိုက်ပြုလိုက်လုပ်နေကြတော့သည်။

"ညီမလေးက အရမ်းချစ်ခံနေရတာပဲ"
မင်က သူတို့လုပ်နေပုံကိုကြည့်ပီး သဘောကျကာ ကသူ့ကိုစတော့သည်။
" ဟား ကိုကြီးမင်ပန်းကန်ထဲကိုကျ ဘယ်သူမှ ထည့်ပေးမယ့်သူမရှိဘူးကွာ"

ဝေလန် ပန်းကန်ကို လက်တစ်ဖက်နဲ့ကိုင်ပီး ထရပ်လိုက်သည်။ သူ့ဘေးကိုရောက်တာနဲ့တစ်ပြိုင်နက် လက်ထဲမှာ ကိုင်ထားတဲ့ အစားအစာတောင်ငယ်ကလေးကို သူ့ရှေ့တည့်တည့်မှာချ ပေးလိုက်သည်။
ပီးတော့ ခေါင်းကလေးကိုသူ့ပုခုံးတစ်ဖက်ဘက်သို့စောင်း၍ ကြီးမားသောအပြုံးဖြင့် သူ့ကိုကြည့်ရင်းက

" ဒါက ကိုကြီးမင်ကို ပျော်အောင်လုပ်ပေးနိုင်မယ်လို့ ညီမလေးမျှော်လင့်တယ်နော်"

ပန်းကန်ကြီးကို ကြည့်ရင်းက မင် မချိတင်ကဲပြုံးသည်။

"ကိုကြီးမင် ကုန်အောင်စားမှရမယ်နော် မဟုတ်ရင် ဘွားဘွားဝမ်ကို မရိုသေရာကျလိမ့်မယ်"

ထိုအချိန်မှာတော့ လူကြီးတွေက သူတို့ပါးစပ်တွေကိုလက်နဲ့အုပ်ထားကြကာ မရယ်မိအောင်ထိန်းနေကြသည်။

"ညီ...ညီမလေးက ကြင်နာတတ်လိုက်တာ"
မင်က သက်ပြင်းချလိုက်ပီး ပါးကိုဆွဲညစ်လိုက်သည်။

"ဖားမင်" ဝမ်ဖုန်းရဲ့ကျယ်လောင်ပီး အေးစက်တဲ့အသံကြောင့် မင်နှင့်ဝေလန်တို့လန့်သွားရသည်။

ဝမ်ဖုန်းရဲ့ အေးစက်စက်မျက်လုံးတွေကိုမြင်လိုက်တာနဲ့ သူ ထရပ်လိုက်သည်။

"ဘာလို့ရုတ်တရက်ကြီးဒေါသထွက်နေပြန်တာလဲ"

"လန်....ဒီကိုလာခဲ့"

ဖုန်းအနားကိုရောက်ကာနီးမှာပဲ ဖုန်းက လက်ကောက်ဝတ်ကိုရုတ်တရက်လှမ်းကိုက်လိုက်ကာ သူ့ဆီဆွဲခေါ်လိုက်သည်။ လက်တစ်ဖက်နဲ့ လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားကာ ကျန်တစ်ဖက်ကိုတော့ ပါးပေါ်မှာ အုပ်မိုးထားလေသည်။ မင် လက်ဆော့ပီးဖြစ်လိုက်တဲ့ ပါးပေါ်ကိုပေါ့။ ဖုန်းက မျက်မှောင်ကြီးကျုတ်ကာ သူ့လက်မနဲ့ပါးကိုပွတ်သပ်ပေးသည်။ ဝေလန် စိတ်ရှုပ်သွားရသည်။ ပိုဆိုးတာက ရယ်သံတွေကြားလိုက်ရတဲ့ အချိန်မှာပဲ။

"ငါ ဘာလွတ်သွားတာလဲ?"
အားလုံးစားသောက်ပီးချိန်မှာတော့ အစေခံတွေက
လက်ဆောင်အခမ်းအနားကျင်းပရန် နေရာအား လျှင်မြန်စွာ ရှင်းလင်းလိုက်ကြသည်။

ပိုးထည်၊ လက်ဝတ်ရတနာ၊ ကျောက်မျက်၊ရွှေနဲ့ ကျောက်သံပတ္တမြား တွေကစလို့ အခြားသောအဖိုးတန်ရတနာတွေထည့်ထားတဲ့ အရွယ်စုံသစ်သားသေတ္တာတွေဟာ ခန်းမထဲမှာနေရာယူထားကြတယ်။
ဝေလန်အလှည့်ကိုရောက်တဲ့အချိန်မှာတော့ မင်ကသူနဲ့အတူတူရှေ့ကိုထွက်လိုက်သည်။

"ဘွားဘွားဝမ်" မင်က သူ့ရဲ့ ပုံမှန်အတိုင်း ယောက်ျားပီသသော ဆွဲဆောင်ရှိတဲ့အပြုံးအား ပြုံးလိုက်ကာ
လက်တစ်ဖက်ကို လက်သီးဆုပ်ပေါ်အုပ်တင်လိုက်ရင်း ဂါရဝပြုလိုက်သည်။

"ဖား မိသားစုရဲ့ကိုယ်စား ဖားမင်နဲ့ဖားဝေလန်မှ ဘွားဘွားဝမ်ကို ပျော်ရွှင်စရာမွေးနေ့ပါလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ"

လူတိုင်းက သူတို့အဖိုးဘယ်သူဆိုတာသိကြကာတော်ဝင်မိသားစုနဲ့ လွန်စွာရင်းနှီးကြကြောင်း ကောလဟာလ များကိုလည်းကြားဖူးကြလေသည်။
ဘယ်သူကမှ အသေအချာမသိကြပေမယ့် သေချာတာကတော့ ဂျင် စီရင်စုတစ်ခုလုံးမှာ ဖားမိသားစု အချမ်းသာဆုံးနဲ့ အကြီးမားဆုံး မိသားစုဆိုတာကိုတော့ သိနားလည်ကြသည်။ ဝမ်မိသားစုနဲ့အတူထိုင်ခွင့်ရသောကြောင့် လူတိုင်းက သူတို့ ဝမ်မိသားစုနဲ့ဘယ်လိုပတ်သတ်ကြသလဲဆိုတာကို သိချင်နေကြသည်။ ဂုဏ်ယူဖွယ်ဧည့်သည်တော်များသာ ထိပ်ဆုံးဝိုင်းမှာ ထိုင်နိုင်ကြသည်လေ။

"ဘွားဘွားဝမ် ကျေးဇူးပြုပီး ဝေလန်ရဲ့ လက်ဆောင်လေးကို လက်ခံပေးပါရှင်"

ဝေလန်က အပြာရောင်သေတ္တာကလေးနဲ့အတူရှေ့ကိုတက်လာလိုက်သည်။ အခြား လက်ဆောင်ပေးပီးသော အရာများနဲ့ယှဥ်ရင် သူမရဲ့ လက်ဆောင်မှာ အတော်လေးသေးငယ်သောအရွယ်အစားရှိသည်။
သေတ္တာရဲ့ ရိုးရှင်းတဲ့ပုံစံနဲ့အရောင်ကတောင် အခြားဟာတွေလိုမျိုး ထည်ထည်ဝါဝါမရှိလှပေ။
လီရှက သူ့အဘွားကိုယ်စားလက်ဆောင်ကို အပြုံးကလေးနဲ့ယူပီး အဘွားဝမ်ဆီသွားကာ လက်ဆောင်ကိုဖွင့်ပြလိုက်သည်။

"အိုး လက်ဖက်ခြောက်နဲ့ ပျားရည်ပဲ"

အဘွားဝမ်ရဲ့ အပြုံးက စစ်မှန်လှသည်။ သူ စိတ်အေးသွားရစဥ်မှာပင် မသဲမကွဲရယ်သံများကိုကြားလိုက်ရသည်။ သိချင်စိတ်ဖြင့် သူလှည့်ကြည့်လိုက်ရာ လူအချို့မှာ မရယ်မိအောင် ထိန်းထားကြသည့်ပုံပေါ်နေလေသည်။ အဘိုးကိုတစ်ချက်ကြည့်လိုက်ရာ အဘိုးရဲ့တည်ငြိမ်သော မျက်နှာပေါ်တွင် အလိုမကျမှုကိုမြင်လိုက်ရသည်။ ဝေလန် စိတ်ပူစွာဖြင့် ဘေးကမင်ကိုကြည့်လိုက်သည်။

"သူတစ်ခုခုများ မှားလုပ်မိလိုက်တာလား?"

"အဘွားဝမ်, အဘွားရဲ့ ဂုဏ်ယူစရာဧည့်သည်လေးကဒီလို မလောက်လေးမလောက်စားလက်ဆောင်လေးနဲ့လာနောက်နေပုံပဲ။ ဒီ ဂျင်စီရင်စုတစ်ခုလုံးမှာ ဖား မိသားစုက အချမ်းသာဆုံး မဟုတ်ဘူးလား? သေချာတာကတော့, ဒီမမလေးလက်ဆောင်က တကယ့်ဟာသ...."

ရုတ်တရက်ဆန်သော ပြောဆိုမှုကြောင့် ဝေလန် လန့်သွားရသည်။ မိန်းမငယ်လေးတစ်ယောက်ရဲ့အသံမှာ ပြောလျှင်ပြောပီးချင်း ရပ်တန့်သွားရသည်။ ကြည့်ရတာ တစ်ယောက်ယောက်က ထိူမိန်းကလေးပါးစပ်ကိုပိတ်လိုက်ကာ ဘာမှဆက်မပြောမိအောင်ထိန်းလိုက်ပုံရသည်။

"ဒီလက်ဖက်ခြောက်အရွက်ကလေးတွေက ညီမလေးကိုယ်တိုင် စိုက်ပျိုးပီး ပြုစုထားတဲ့ အပြာရောင်ကြာပန်းနေ လုပ်ထားတာပါ" မင်က တည်ငြိမ်စွာ အစချီလိုက်သည်။ သူ့အပြုံးတွေက ဘာမှမဖြစ်ခဲ့သလိုပင် တောက်ပလှသည်။ "ပျားရည်ကလည်း ညီမလေးကိုယ်တိုင်ပဲလုပ်ထားတာပါ"

ဝေလန် မှာ မင်က သူ့ကိုပြုံးပြသောကြောင့် နှစ်သိမ့်သွားရသည်။ တစ်ဖန် မင်က လူအုပ်ကြီးဘက်သို့လှည့်လိုက်ပီး ခုဏက ထပြောလိုက်သော အရပ်ဘက်သို့ စိုက်ကြည့်လိုက်သည်။ သူမ၏လက်ဆောင်​က လူအများအတွက် လှောင်ရယ်ဖွယ်ဖြစ်နေသည်ကို ဝေလန်နားလည်လိုက်ကာ မင်ကတော့ သူ့ကို ကာကွယ်ပေးရန်ကြိုးစားနေသည်။

"ရွှေ ကျောက်သံပတ္တမြားတွေဆိုတာ ကျွန်ုပ်တို့ ဖားမိသားစုအတွက်တော့ အလွယ်အကူ ပစ္စည်းတွေပါ။ ဒါပေမယ့်လို့ ဖားဝေလန်ရဲ့လက်ဖက်ခြောက်နဲ့ ပျားရည်ဆိုတာကတော့ ကြုံရဖို့တောင်ရှားတဲ့ပစ္စည်းတွေပဲ" မင်က သူ့ရဲ့ထုံးစံ ကြည်လင်သောအသံ၊ ပြုံးနေသော မျက်ဝန်းတို့ဖြင့် ဆက်ပြောသည်။

"ပျားရည်နဲ့ လက်ဖက်ခြောက်ကဘယ်လိုလို့ရှားမှာတဲ့လဲ သခင်လေးဖားကတော့ ဘယ်လို လှည့်ပတ်ပြောရမလဲ သိတာပဲနော်" နောက်ထပ် အထက်ဆီးဆန်သော စကားသံမှာ ပျက်ရယ်ပြုဟန်တ်ို့ဖြင့် ပြောလာပြန်သည်။

"ဘန်း"

ရုတ်တရက်ပင်, စူးရှသော အသံကျယ်တစ်ခုကပွဲခန်းမထဲတွင် မြည်ဟီးသွားရသည်။ ဖုန်းက သူ့ရဲ့ လက်ဖက်ရည်ခွက်အား စားပွဲပေါ်သို့အားပြင်းစွာစောင့်ချလိုက်ရာ မာကျောသော စားပွဲခုံပင်လျှင် လှုပ်ခါသွားတော့သည်။

"ငါ့ရဲ့လန်ကို စော်ကားပြောဆိုတဲ့သူအကုန် ရှေ့ထွက်ခဲ့စမ်း"

ပွဲခန်းမကြီးတစ်ခုလုံးမှာ ဝမ်ဖုန်းရဲ့အေးစက်သောမျက်လုံးများအောက်တွင်ငြိမ်သက်သွားသည်။ ဝမ်ဖုန်းက ဖားဝေလန်ဟာ သူ၏လန်ပါလို့ ကြေငြာပီးချိန်တွင် ဘယ်သူကမှရှေ့သို့မထွက်ရဲကြပေ။ မွန်းကျပ်လာသောလေထုကြောင့် ဝေလန် စိတ်မသက်မသာဖြစ်သွားရသည်။ သူ့ရဲ့ လက်ဆောင်က ဒီလိုမျိုး သူများတွေရဲ့ အလှောင်ခံရမယ်လို့ သူမ မတွေးမိခဲ့ပေ။ ဖုန်းရဲ့ အေးစက်တဲ့မျက်လုံးတွေအောက်မှာ စိတ်လှုပ်ရှားနေတဲ့ လူအုပ်ကြီး၊ အဖိုးနဲ့ ဦးလေးတို့ရဲ့ ဒေါသထွက်နေသော မျက်နှာတွေ၊ ဝမ်မိသားစုရဲ့ အနည်းငယ်စိုးရိမ်နေတဲ့ အကြည့်တွေနဲ့ ရှက်ရွံ့နေတာကို မြင်လိုက်ရတဲ့အခါမှာတော့_ဝေလန် ဆိုးရွားစွာခံစားလိုက်ရသည်။

နဂိုက ပျော်ရွှင်ဖွယ်ကောင်းသော အဘွားဝမ်ရဲ့ မွေးနေ့ပွဲမှာ သူ့ရဲ့ လက်ဆောင်ကြောင့်သာ ဒီလိုတင်းမာမှုတွေ ဖြစ်လာရတာမဟုတ်လား။ အခြေအနေတွေပိုပီးဆိုးမလာခင်မှာပင် ဝေလန်က အသနားခံသော အပြုံးဖြင့် အဘွားဝမ်ရှေ့သို့ လှမ်းလိုက်သည်။

"ဒီ လက်ဖက်ခြောက်နဲ့ပျားရည်က နှစ်မျိုးအသုံးပြုလို့ရတယ်ဆိုတာ ဝေလန်ရှင်းပြပါရစေ"

အားလုံးကငြိမ်သက်စွာစောင့်နေကြသည်။

"အိုး ဟုတ်လား" အဘွားဝမ်က အံ့သြစွာဆိုလိုက်သည်။

" လက်ဖက်ခြောက်နဲ့ ပျားရည်ဆိုတာ လက်ဖက်ရည်
ကျိုလို့ရတယ်ဆိုတာ မှန်တာပေါ့" သူက အပြုံးကလေးဖြင့် ဆက်ရှင်းပြသည်။" ပီးတော့ သူတို့ကို လိပ်ပြာလေးတွေကိုဆွဲဆောင်ဖို့အတွက်လည်းသုံးလို့ရသေးတယ်"

သူမရဲ့ ပြောဆိုချက်က အားလုံးကိုအံ့အားသင့်သွားစေလေသည်။

"လိပ်ပြာတွေ?" လီရှက ချက်ချင်းရှေ့ကိုတက်လာကာ ဝေလန်ရဲ့ လက်ကိုဖမ်းဆုပ်လိုက်ပီး စိတ်လှုပ်ရှားစွာပင်
"တကယ်ကြီး နင်တကယ်ပဲလိပ်ပြာတွေခေါ်နိုင်တာလား။ မြန်မြန် လီရှ မြင်ချင်တယ်"

"အဘွားလည်း ကြည့်ချင်တယ်ကွယ်"
အဘွားဝမ်က သူ့ချွေးမအကူအညီဖြင့် ခုံပေါ်ကထလိုက်ကာ ဝေလန့်ကိုတောင်းဆိုလိုက်သည်။

"ဒါဆို ဝေလန်က ဘွားဘွားဝမ်အတွက် လိပ်ပြာတွေ ခေါ်လာပေးပါ့မယ်" သူအဘွားဝမ်ကိုဦးညွတ်လိုက်သည်။

ခဏအကြာတွင် သူတို့အားလုံးမှာ ကြီးမား၍ လှပလှသော ဥယျာဥ်ကြီးထဲတွင်ရောက်နေကြပီဖြစ်သည်။
ဝမ်မိသားစု အစေခံများမှာ ကြီးမားသောလေးထောင့်စားပွဲကြီးတစ်ခုအား ပိုးထည်စက္ကူစရှည် တစ်စဖြင့် အပြည့်ဖုံးအုပ်ထားကာ ပြင်ဆင်ထားကြသည်။ တစ်ဖက်မှာတော့ အပြာရောင်ကြာပန်းမှ ကျိုချက်ထားသော ပူနွေးနွေးရေနွေးတစ်ခွက်ကရှိနေသည်။ ထိုဘေးတွင် ပျားရည်တစ်အိုး၊ အရောင်စုံထည့်ထားသော မှင်ဗန်းတစ်ခုနှင့်အရွယ်စုံ စုတ်တံများကိုစီချထားသည်။

အပေါ်သို့မော့ကြည့်လိုက်ရာ ကောင်းကင်တစ်ခုလုံးမှာ ကြည်လင်၍ ပြာလဲ့လျက်ရှိကာ လေညင်းလေးကတိုက်ခတ်လျက် လေထုမှာလည်း လတ်ဆတ်တာကို ဝေလန်တွေ့လိုက်ရသည်။ လိပ်ပြာတွေကိုဆွဲဆောင်ဖို့ သင့်တော်တဲ့နေ့ပဲ။ ပထမဆုံးအနေဖြင့် အရောင်မှင်တွေထဲအား ပျားရည်အချို့ သူလောင်းထည့်လိုက်ကာ ပူနေသေးသော လက်ဖက်ရည်အား
ထိုထဲထပ်လောင်းထည့်ကာ မွှေလိုက်သည်။ လူတွေအားလုံးက ဝေလန် ပျားရည်နှင့် လက်ဖက်ရည်အား မှင်တွေနဲ့ရောနေတာကိုကြည့်ပီးအံ့အားသင့်ကုန်ကြသည်။

"ပန်းတွေ_ရာတွေ ထောင်တွေချီတဲ့ပန်းတွေ။ ထိုအရာတွေက သူမစတင်မရေးဆွဲမီ စိတ်ထဲပေါ်လာသော အရာများဖြစ်သည်။ လက်ဖက်ရည်နှင့် ပျားရည်ရဲ့ချိုမြိန်သောရနံ့က လိပ်ပြာတစ်ကောင်ကိုဆွဲဆောင်ဖို့သိပ်မကြာလိုက်ပေ။ လိပ်ပြာကလေးက မှင်နားမှာ ပျံဝဲနေပီးလျှင် ဝေလန်ရဲ့လက်ဖမိုးပေါ်မှာနားလိုက်သည်။

"ဘယ်လို ..ဘယ်လိုလို့ဖြစ်န်ိုင်မှာလဲ"

"ဒီမိန်းကလေးက လိပ်ပြာတွေကိုခေါ်နိုင်တယ်?"

ပန်းချီဆွဲနေစဥ်မှာပင် ဒါဇင်နှင့်ချီသော လိပ်ပြာများ ပေါ်လာတော့သည် _ အချို့က ပန်းချီကားပေါ်တွင်_ အချို့ကမှင်နားတွင်ပျံသန်းနေကြကာ_အချို့ကတော့ ဝေလန်ပေါ်တွင်နားနေကြတော့သည်။ သူမပန်းချီကားအား လက်စသတ်အပီးမှာတော့ များစွာသော လိပ်ပြာများမှာ ဝေလန်ဘေးတွင် ပျံဝဲနေကြသည်။

"ဘွားဘွားဝမ်... ဘွားဘွားဝမ်အတွက် လိပ်ပြာတွေက မွေးနေ့ ဆုမွန်ကောင်းတောင်းပေးဖို့အတွက် ဒီကိုရောက်လာကြပီ"

ဧည့်သည်များ၏အမြင်

ဝေလန်က လိပ်ပြာတွေခြံရံရင်း တောက်ပ နူးညံ့စွာပြုံးနေတာကို အားလုံးက တိတ်ဆိတ်စွာကြည့်နေကြသည်။ လူတိုင်းမှာ သူတို့ရှေ့တွင်မြင်နေရသော လှပလွန်းသော မြင်ကွင်းကြောင့် ဆွံ့အ ကုန်ကြသည်။
အပြာရောင်ဆင်မြန်းထားသော ၁၆နှစ်ကျော်စ မိန်းမငယ်လေးတစ်ယောက်မှာ_ သူမရဲ့ ရှည်လျားတဲ့ဆံပင်တွေက ရင်သပ်ရှုမောဖွယ် အနီရောင် ကျောက်စိမ်း ဇာမဏိဆံထိုးဖြင့် လျော့ရဲစွာ စီးနှောင်ထားသည်။
သူမရှေ့က လှပသော ပန်း ပန်းချီကားနှင့် ဘေးတွင်ခြံရံနေသော အရောင်အသွေးစုံသည့် လိပ်ပြာ၊ နက်ရှိုင်းလှသော ပါးချိုင့်နှစ်ဖက်ရှိသည့် သူမပါးနှစ်ဖက်တို့ ပေါင်းစည်းလိုက်သောအခါ_ ဤမြင်ကွင်းသည် လှပသည်ဟူ၍ပင် ဖော်ပြ၍မရနိုင်ပေ။ ထိုအရာသည် ညို့ယူဖမ်းစားခြင်းသာဖြစ်တော့သည်။

🩵🩵🩵🩵🩵

Zawgyi code
ဝမ္ဖန္က ပြဲခန္းမကိုအျပန္လမ္းတစ္ေလ်ွာက္လံုးသူမလက္ကိုကိုင္ထားခဲ့တယ္။ ဖန္႔ေဘးမွာေလ်ွာက္ရင္းနဲ႔ မိန္းမငယ္ေလးေတြက ဖန္႔ကိုလိုခ်င္တပ္မက္တဲ့မ်က္လံုးေတြနဲ႔ ၾကည့္ေနၾကတာကို သတိထားမိလိုက္တယ္။ အဲ့ဒီအၾကည့္ေတြက သူမကိုၾကည့္တဲ့အခါမွာေတာ့ စူးစူးဝါးဝါးပံုစံေျပာင္းသြားတာေၾကာင့္ အေနခက္သြားရသည္။

"မင္း 'ေဝလန္'ကိုဘယ္မ်ားျပန္ေပးဆြဲသြားသလဲလို႔စဥ္းစားေနတာ"

အဖိုး၊ တစ္ဝမ္းကြဲအစ္ကိုနဲ႔ ၪီးေလးတို႔က အဘြားဝမ္၊ သားျဖစ္သူနဲ႔ေခြၽးမ ပီးေတာ့ တစ္ခစ္ခစ္ရယ္ေနတဲ့ လီရွတို႔နဲ႔အတူတူထိုင္ေနတာကိုေတြ့လိုက္ရတယ္။ ေဝလန္ ၪီးၫြတ္ႏႈတ္ဆက္လိုက္ပီး အဖိုးတို႔ကိုစိတ္ပူေအာင္လုပ္မိတဲ့အတြက္ေတာင္းပန္လိုက္သည္။

စားေသာက္ဖြယ္ရာေတြ ေရာက္လာတဲ့အခါမွာေတာ့
အႀကီးအကဲဝမ္က မတ္တပ္ထရပ္လိုက္ကာ ပြဲတက္ေရာက္သူမ်ားအား ေက်းဇူးတင္စကားေျပာကာ ေပါ့ပါးစြာျပင္ဆင္ထားေသာ စားေသာက္စရာမ်ားအား ၿမိန္ရွက္စြာသံုးေဆာင္ရန္ ေျပာလိုက္သည္။

အဲ့ဒီေပါ့ပါးတယ္ဆိုတဲ့စကားလံုးက ေဝလန္ထင္ထားသလိုလံုးဝမဟုတ္ဘူး။ စားပြဲအႀကီးႀကီးေတြက ဟင္းလ်ာေတြအျပည့္နဲ႔ခင္းက်င္းထားပီးေတာ့ တစ္မယ္ခ်င္းစီကလည္း လွပစြာျပဳလုပ္ထားတယ္။ ဒီေလာက္မ်ားျပားလွတဲ့ ဟင္းအမယ္ေတြကို တစ္ခါတည္းနဲ႔ ဘယ္တုန္းကမွမျမင္ဖူးခဲ့ဘူး။

'ေဝလန္' လီရွက လွပတဲ့ လမုန္႔ကို ယူပီး သူမပန္းကန္ထဲထည့္ေပးသည္။ " ဒီၾကာ လမုန္႔ေလးစားၾကည့္ၾကည့္"

သေဘာက်စြာနဲ႔ လမုန္႔ကိုယူပီး ေဝလန္တစ္ကိုက္ကိုက္ၾကည့္သည္။ အဲ့တာကခ်ိဳပီးေတာ့ ႏူးညံ့လွကာ ပါးစပ္ထဲတြင္ေပ်ာ္ဝင္သြားသည္။

"ေကာင္းလားဟင္"
လီရွက ေတာက္ပတဲ့မ်က္လံုးေလးေတြနဲ႔ၾကည့္ကာေမးသည္။

"အင္း"သူေျဖပီး ေနာက္တစ္ကိုက္ ထပ္ကိုက္လိုက္သည္။

"လီရွ မင္းကေတာ့ေဝလန္႔ကို ႂကြားေနျပန္ပီ"
အဘြားဝမ္က ေျပာရင္း ႏွစ္ၿခိဳက္စြာရယ္သည္။
"ေဝလန္ အဲ့လမုန္႔ကလီရွရဲ့ အထူးစြမ္းရည္ေလ"

သူ အရမ္းအံ့ၾသသြားပီး ေဘးမွာထိုင္ေနတဲ့ ရုတ္တရက္ရွက္သြားေသာ မိန္းကေလးအား ၾကည့္လိုက္မိသည္။

"ဘြားဘြားကလည္း"
လီရွက ႏႈတ္ခမ္းစူသည္။

ေဝလန္ၿပံဳးလိုက္ပီး ေနာက္လမုန္႔တစ္ခုကိုယူလိုက္တာေၾကာင့္ လီရွေပ်ာ္သြားသည္။ လမုန္႔ကိုစားေနတုန္းမွာပင္ ဖန္က သူ႔ပန္းကန္ထဲကို ဖက္ထုပ္ေတြအမ်ားႀကီး လာထည့္သည္။

"ကိုႀကီး ဖန္" လီရွက မ်က္ႏွာတည္သြားကာ
"အဲ့ဖက္ထုပ္ေတြက ညီမေလးလမုန္႔ေတြနဲ႔ မလိုက္ဘူး"

လီရွက လက္လွမ္းလိုက္ကာ ႏူးညံ့တဲ့ အျဖဴေရာင္ဆန္မုန္႔ေတြကို ယူလိုက္သည္။

"ေဝလန္ အဲ့အစား ဒီဆန္မုန္႔ေလးေတြစားသင့္တာ"

တစ္ခ်ိန္တည္းမွာပဲ ဖန္က ဝက္သားဘန္းကိတ္ ေသးေသးေလးေတြ အမ်ားႀကီးကို သူ႔ပန္းကန္ထဲထပ္ထည့္လိုက္ျပန္ေရာ။ လီရွက မ်က္ေမွာင္ၾကဳတ္ကာ
မက္မြန္သီးကိတ္နဲ႔ ဖန္႔ကိုျပန္တိုက္စစ္ဆင္ေတာ့သည္။ ေမာင္ႏွမႏွစ္ေယာက္လံုးက ေဝလန္႔ ပန္းကန္ေပၚမွာ ေတာင္ကေလးတစ္ခုျဖစ္မလာမခ်င္းထည့္လိုက္ျပဳလိုက္လုပ္ေနၾကေတာ့သည္။

"ညီမေလးက အရမ္းခ်စ္ခံေနရတာပဲ"
မင္က သူတို႔လုပ္ေနပံုကိုၾကည့္ပီး သေဘာက်ကာ ကသူ႔ကိုစေတာ့သည္။
" ဟား ကိုႀကီးမင္ပန္းကန္ထဲကိုက် ဘယ္သူမွ ထည့္ေပးမယ့္သူမရိွဘူးကြာ"

ေဝလန္ ပန္းကန္ကို လက္တစ္ဖက္နဲ႔ကိုင္ပီး ထရပ္လိုက္သည္။ သူ႔ေဘးကိုေရာက္တာနဲ႔တစ္ၿပိဳင္နက္ လက္ထဲမွာ ကိုင္ထားတဲ့ အစားအစာေတာင္ငယ္ကေလးကို သူ႔ေရ႔ွတည့္တည့္မွာခ် ေပးလိုက္သည္။
ပီးေတာ့ ေခါင္းကေလးကိုသူ႔ပုခံုးတစ္ဖက္ဘက္သို႔ေစာင္း၍ ႀကီးမားေသာအၿပံဳးျဖင့္ သူ႔ကိုၾကည့္ရင္းက

" ဒါက ကိုႀကီးမင္ကို ေပ်ာ္ေအာင္လုပ္ေပးႏိုင္မယ္လို႔ ညီမေလးေမ်ွာ္လင့္တယ္ေနာ္"

ပန္းကန္ႀကီးကို ၾကည့္ရင္းက မင္ မခ်ိတင္ကဲၿပံဳးသည္။

"ကိုႀကီးမင္ ကုန္ေအာင္စားမွရမယ္ေနာ္ မဟုတ္ရင္ ဘြားဘြားဝမ္ကို မရိုေသရာက်လိမ့္မယ္"

ထိုအခ်ိန္မွာေတာ့ လူႀကီးေတြက သူတို႔ပါးစပ္ေတြကိုလက္နဲ႔အုပ္ထားၾကကာ မရယ္မိေအာင္ထိန္းေနၾကသည္။

"ညီ...ညီမေလးက ၾကင္နာတတ္လိုက္တာ"
မင္က သက္ျပင္းခ်လိုက္ပီး ပါးကိုဆြဲညစ္လိုက္သည္။

"ဖားမင္" ဝမ္ရဲ့က်ယ္ေလာင္ပီး ေအးစက္တဲ့အသံေၾကာင့္ မင္ႏွင့္ေဝလန္တို႔လန္႔သြားရသည္။

ဝမ္ရဲ့ ေအးစက္စက္မ်က္လံုးေတြကိုျမင္လိုက္တာနဲ႔ သူ ထရပ္လိုက္သည္။

"ဘာလို႔ရုတ္တရက္ႀကီးေဒါသထြက္ေနျပန္တာလဲ"

"လန္....ဒီကိုလာခဲ့"

ဖန္႔အနားကိုေရာက္ကာနီးမွာပဲ ဖန္က လက္ေကာက္ဝတ္ကိုရုတ္တရက္လွမ္းကိုက္လိုက္ကာ သူ႔ဆီဆြဲေခၚလိုက္သည္။ လက္တစ္ဖက္နဲ႔ လက္ေကာက္ဝတ္ကိုဆုပ္ကိုင္ထားကာ က်န္တစ္ဖက္ကိုေတာ့ ပါးေပၚမွာ အုပ္မိုးထားေလသည္။ မင္ လက္ေဆာ့ပီးျဖစ္လိုက္တဲ့ ပါးေပၚကိုေပါ့။ ဖန္က မ်က္ေမွာင္ႀကီးက်ဳတ္ကာ သူ႔လက္မနဲ႔ပါးကိုပြတ္သပ္ေပးသည္။ ေဝလန္ စိတ္ရႈပ္သြားရသည္။ ပိုဆိုးတာက ရယ္သံေတြၾကားလိုက္ရတဲ့ အခ်ိန္မွာပဲ။

"ငါ ဘာလြတ္သြားတာလဲ?"
အားလံုးစားေသာက္ပီးခ်ိန္မွာေတာ့ အေစခံေတြက
လက္ေဆာင္အခမ္းအနားက်င္းပရန္ ေနရာအား လ်ွင္ျမန္စြာ ရွင္းလင္းလိုက္ၾကသည္။

ပိုးထည္၊ လက္ဝတ္ရတနာ၊ ေက်ာက္မ်က္၊ေရႊနဲ႔ ေက်ာက္သံပတၲျမား ေတြကစလို႔ အျခားေသာအဖိုးတန္ရတနာေတြထည့္ထားတဲ့ အရြယ္စံုသစ္သားေသတၲာေတြဟာ ခန္းမထဲမွာေနရာယူထားၾကတယ္။
ေဝလန္အလွည့္ကိုေရာက္တဲ့အခ်ိန္မွာေတာ့ မင္ကသူနဲ႔အတူတူေရ႔ွကိုထြက္လိုက္သည္။

"ဘြားဘြားဝမ္" မင္က သူ႔ရဲ့ ပံုမွန္အတိုင္း ေယာက္်ားပီသေသာ ဆြဲေဆာင္ရိွတဲ့အၿပံဳးအား ၿပံဳးလိုက္ကာ
လက္တစ္ဖက္ကို လက္သီးဆုပ္ေပၚအုပ္တင္လိုက္ရင္း ဂါရဝျပဳလိုက္သည္။

"ဖား မိသားစုရဲ့ကိုယ္စား ဖားမင္နဲ႔ဖားေဝလန္မွ ဘြားဘြားဝမ္ကို ေပ်ာ္ရႊင္စရာေမြးေန့ပါလို႔ ဆုေတာင္းေပးပါတယ္ခင္ဗ်ာ"

လူတိုင္းက သူတို႔အဖိုးဘယ္သူဆိုတာသိၾကကာေတာ္ဝင္မိသားစုနဲ႔ လြန္စြာရင္းႏွီးၾကေၾကာင္း ေကာလဟာလ မ်ားကိုလည္းၾကားဖူးၾကေလသည္။
ဘယ္သူကမွ အေသအခ်ာမသိၾကေပမယ့္ ေသခ်ာတာကေတာ့ ဂ်င္ စီရင္စုတစ္ခုလံုးမွာ ဖားမိသားစု အခ်မ္းသာဆံုးနဲ႔ အႀကီးမားဆံုး မိသားစုဆိုတာကိုေတာ့ သိနားလည္ၾကသည္။ ဝမ္မိသားစုနဲ႔အတူထိုင္ခြင့္ရေသာေၾကာင့္ လူတိုင္းက သူတို႔ ဝမ္မိသားစုနဲ႔ဘယ္လိုပတ္သတ္ၾကသလဲဆိုတာကို သိခ်င္ေနၾကသည္။ ဂုဏ္ယူဖြယ္ဧည့္သည္ေတာ္မ်ားသာ ထိပ္ဆံုးဝိုင္းမွာ ထိုင္ႏိုင္ၾကသည္ေလ။

"ဘြားဘြားဝမ္ ေက်းဇူးျပဳပီး ေဝလန္ရဲ့ လက္ေဆာင္ေလးကို လက္ခံေပးပါရွင္"

ေဝလန္က အျပာေရာင္ေသတၲာကေလးနဲ႔အတူေရ႔ွကိုတက္လာလိုက္သည္။ အျခား လက္ေဆာင္ေပးပီးေသာ အရာမ်ားနဲ႔ယွဥ္ရင္ သူမရဲ့ လက္ေဆာင္မွာ အေတာ္ေလးေသးငယ္ေသာအရြယ္အစားရိွသည္။
ေသတၲာရဲ့ ရိုးရွင္းတဲ့ပံုစံနဲ႔အေရာင္ကေတာင္ အျခားဟာေတြလိုမ်ိဳး ထည္ထည္ဝါဝါမရိွလွေပ။
လီရွက သူ႔အဘြားကိုယ္စားလက္ေဆာင္ကို အၿပံဳးကေလးနဲ႔ယူပီး အဘြားဝမ္ဆီသြားကာ လက္ေဆာင္ကိုဖြင့္ျပလိုက္သည္။

"အိုး လက္ဖက္ေျခာက္နဲ႔ ပ်ားရည္ပဲ"

အဘြားဝမ္ရဲ့ အၿပံဳးက စစ္မွန္လွသည္။ သူ စိတ္ေအးသြားရစဥ္မွာပင္ မသဲမကြဲရယ္သံမ်ားကိုၾကားလိုက္ရသည္။ သိခ်င္စိတ္ျဖင့္ သူလွည့္ၾကည့္လိုက္ရာ လူအခ်ိဳ႕မွာ မရယ္မိေအာင္ ထိန္းထားၾကသည့္ပံုေပၚေနေလသည္။ အဘိုးကိုတစ္ခ်က္ၾကည့္လိုက္ရာ အဘိုးရဲ့တည္ၿငိမ္ေသာ မ်က္ႏွာေပၚတြင္ အလိုမက်မႈကိုျမင္လိုက္ရသည္။ ေဝလန္ စိတ္ပူစြာျဖင့္ ေဘးကမင္ကိုၾကည့္လိုက္သည္။

"သူတစ္ခုခုမ်ား မ်ားလုပ္မိလိုက္တာလား?"

"အဘြားဝမ္, အဘြားရဲ့ ဂုဏ္ယူစရာဧည့္သည္ေလးကဒီလို မေလာက္ေလးမေလာက္စားလက္ေဆာင္ေလးနဲ႔လာေနာက္ေနပံုပဲ။ ဒီ ဂ်င္စီရင္စုတစ္ခုလံုးမွာ ဖား မိသားစုက အခ်မ္းသာဆံုး မဟုတ္ဘူးလား? ေသခ်ာတာကေတာ့, ဒီမမေလးလက္ေဆာင္က တကယ့္ဟာသ...."

ရုတ္တရက္ဆန္ေသာ ေျပာဆိုမႈေၾကာင့္ ေဝလန္ လန္႔သြားရသည္။ မိန္းမငယ္ေလးတစ္ေယာက္ရဲ့အသံမွာ ေျပာလ်ွင္ေျပာပီးခ်င္း ရပ္တန္႔သြားရသည္။ ၾကည့္ရတာ တစ္ေယာက္ေယာက္က ထိူမိန္းကေလးပါးစပ္ကိုပိတ္လိုက္ကာ ဘာမွဆက္မေျပာမိေအာင္ထိန္းလိုက္ပံုရသည္။

"ဒီလက္ဖက္ေျခာက္အရြက္ကေလးေတြက ညီမေလးကိုယ္တိုင္ စိုက္ပ်ိဳးပီး ျပဳစုထားတဲ့ အျပာေရာင္ၾကာပန္းေန လုပ္ထားတာပါ" မင္က တည္ၿငိမ္စြာ အစခ်ီလိုက္သည္။ သူ႔အၿပံဳးေတြက ဘာမွမျဖစ္ခဲ့သလိုပင္ ေတာက္ပလွသည္။ "ပ်ားရည္ကလည္း ညီမေလးကိုယ္တိုင္ပဲလုပ္ထားတာပါ"

ေဝလန္ မွာ မင္က သူ႔ကိုၿပံဳးျပေသာေၾကာင့္ ႏွစ္သိမ့္သြားရသည္။ တစ္ဖန္ မင္က လူအုပ္ႀကီးဘက္သို႔လွည့္လိုက္ပီး ခုဏက ထေျပာလိုက္ေသာ အရပ္ဘက္သို႔ စိုက္ၾကည့္လိုက္သည္။ သူမ၏လက္ေဆာင္​က လူအမ်ားအတြက္ ေလွာင္ရယ္ဖြယ္ျဖစ္ေနသည္ ေဝလန္နားလည္လိုက္ကာ မင္ကေတာ့ သူ႔ကို ကာကြယ္ေပးရန္ႀကိဳးစားေနသည္။

"ေရႊ ေက်ာက္သံပတၲျမားေတြဆိုတာ ကြၽႏ္ုပ္တို႔ ဖားမိသားစုအတြက္ေတာ့ အလြယ္အကူ ပစၥည္းေတြပါ။ ဒါေပမယ့္လို႔ ဖားေဝလန္ရဲ့လက္ဖက္ေျခာက္နဲ႔ ပ်ားရည္ဆိုတာကေတာ့ ႀကံဳရဖို႔ေတာင္ရွားတဲ့ပစၥည္းေတြပဲ" မင္က သူ႔ရဲ့ထံုးစံ ၾကည္လင္ေသာအသံ၊ ၿပံဳးေနေသာ မ်က္ဝန္းတို႔ျဖင့္ ဆက္ေျပာသည္။

"ပ်ားရည္နဲ႔ လက္ဖက္ေျခာက္ကဘယ္လိုလို႔ရွားမွာတဲ့လဲ သခင္ေလးဖားကေတာ့ ဘယ္လို လွၫ့္ပတ္ေျပာရမလဲ သိတာပဲေနာ္" ေနာက္ထပ္ အထက္ဆီးဆန္ေသာ စကားသံမွာ ပ်က္ရယ္ျပဳဟန္တ္ို႔ျဖင့္ ေျပာလာျပန္သည္။

"ဘန္း"

ရုတ္တရက္ပင္, စူးရွေသာ အသံက်ယ္တစ္ခုကပြဲခန္းမထဲတြင္ ျမည္ဟီးသြားရသည္။ ဖန္က သူ႔ရဲ့ လက္ဖက္ရည္ခြက္အား စားပြဲေပၚသို႔အားျပင္းစြာေစာင့္ခ်လိုက္ရာ မာေက်ာေသာ စားပြဲခံုပင္လ်ွင္ လႈပ္ခါသြားေတာ့သည္။

"ငါ့ရဲ့လန္ကို ေစာ္ကားေျပာဆိုတဲ့သူအကုန္ ေရ႔ွထြက္ခဲ့စမ္း"

ပြဲခန္းမႀကီးတစ္ခုလံုးမွာ ဝမ္ဖန္ရဲ့ေအးစက္ေသာမ်က္လံုးမ်ားေအာက္တြင္ၿငိမ္သက္သြားသည္။ ဝမ္ဖန္က ဖားေဝလန္ဟာ သူ႔ရဲ့လန္ပါလို႔ ေၾကျငာပီးခ်ိန္တြင္ ဘယ္သူကမွေရ႔ွသို႔မထြက္ရဲၾကေပ။ မြန္းက်ပ္လာေသာေလထုေၾကာင့္ ေဝလန္ စိတ္မသက္မသာျဖစ္သြားရသည္။ သူ႔ရဲ့ လက္ေဆာင္က ဒီလိုမ်ိဳး သူမ်ားေတြရဲ့ အေလွာင္ခံရမယ့္လို႔ သူမ မေတြးမိခဲ့ေပ။ ဖန္႔ရဲ့ ေအးစက္တဲ့မ်က္လံုးေတြက စိတ္လႈပ္ရွားေနတဲ့ လူအုပ္ႀကီးကိုၾကည့္ေနတာ၊ အဖိုးရဲ ၪီးေလးတို႔ရဲ့ တိတ္ဆိတ္စြာေဒါသထြက္ေနတာ၊ ဖန္မိသားစုရဲ့ အနည္းငယ္စိုးရိမ္ေနတဲ့ အၾကည့္ေတြနဲ႔ ရွက္ရြံ႔ေနတာကို ျမင္လိုက္ရတဲ့အခါမွာေတာ့_ေဝလန္ ဆိုးရြားစြာခံစားလိုက္ရသည္။

နဂိုက ေပ်ာ္ရႊင္ဖြယ္ေကာင္းေသာ အဘြားဝမ္ရဲ့ ေမြးေန့ပြဲမွာ သူ႔ရဲ့ လက္ေဆာင္ေၾကာင့္သာ ဒီလိုတင္းမာမႈေတြ ျဖစ္လာရတာမဟုတ္လား။ အေျခအေနေတြပိုပီးဆိုးမလာခင္မွာပင္ ေဝလန္က အသနားခံေသာ အၿပံဳးျဖင့္ အဘြားဝမ္ေရ႔ွသို႔ လွမ္းလိုက္သည္။

"ဒီ လက္ဖက္ေျခာက္နဲ႔ပ်ားရည္က ႏွစ္မ်ိဳးအသံုးျပဳလို႔ရတယ္ဆိုတာ ေဝလန္ရွင္းျပပါရေစ"

အားလံုးကၿငိမ္သက္စြာေစာင့္ေနၾကသည္။

"အိုး ဟုတ္လား" အဘြားဝမ္က အံ့ၾသစြာဆိုလိုက္သည္။

" လက္ဖက္ေျခာက္နဲ႔ ပ်ားရည္ဆိုတာ လက္ဖက္ရည္
က်ိဳလို႔ရတယ္ဆိုတာ မွန္တာေပါ့" သူက အၿပံဳးကေလးျဖင့္ ဆက္ရွင္းျပသည္။" ပီးေတာ့ သူတို႔ကို လိပ္ျပာေလးေတြကိုဆြဲေဆာင္ဖို႔အတြက္လည္းသံုးလို႔ရေသးတယ္"

သူမရဲ့ ေျပာဆိုခ်က္က အားလံုးကိုအံ့အားသင့္သြားေစေလသည္။

"လိပ္ျပာေတြ?" လီရွက ခ်က္ခ်င္းေရ႔ွကိုတက္လာကာ ေဝလန္ရဲ့ လက္ကိုဖမ္းဆုပ္လိုက္ပီး စိတ္လႈပ္ရွားစြာပင္
"တကယ္ႀကီး နင္တကယ္ပဲလိပ္ျပာေတြေခၚႏိုင္တာလား။ ျမန္ျမန္ လီရွ ျမင္ခ်င္တယ္"

"အဘြားလည္း ၾကည့္ခ်င္တယ္ကြယ္"
အဘြားဝမ္က သူ႔ေခြၽးမအကူအညီျဖင့္ ခံုေပၚကထလိုက္ကာ ေဝလန္႔ကိုေတာင္းဆိုလိုက္သည္။

"ဒါဆို ေဝလန္က ဘြားဘြားဝမ္အတြက္ လိပ္ျပာေတြ ေခၚလာေပးပါ့မယ္" သူအဘြားဝမ္ကိုၪီးၫြတ္လိုက္သည္။

ခဏအၾကာတြင္ သူတို႔အားလံုးမွာ ႀကီးမား၍ လွပလွေသာ ဥယ်ာဥ္ႀကီးထဲတြင္ေရာက္ေနၾကပီျဖစ္သည္။
ဝမ္မိသားစု အေစခံမ်ားမွာ ႀကီးမားေသာေလးေထာင့္စားပြဲႀကီးတစ္ခုအား ပိုးထည္စကၠူစရွည္ တစ္စျဖင့္ အျပည့္ဖံုးအုပ္ထားကာ ျပင္ဆင္ထားၾကသည္။ တစ္ဖက္မွာေတာ့ အျပာေရာင္ၾကာပန္းမွ က်ိဳခ်က္ထားေသာ ပူေနြးေနြးေရႏြေးတစ္ခြက္ကရိွေနသည္။ ထိုေဘးတြင္ ပ်ားရည္တစ္အိုး၊ အေရာင္စံုထည့္ထားေသာ မွင္ဗန္းတစ္ခုႏွင့္အရြယ္စံု စုတ္တံမ်ားကိုစီခ်ထားသည္။

အေပၚသို႔ေမာ့ၾကည့္လိုက္ရာ ေကာင္းကင္တစ္ခုလံုးမွာ ၾကည္လင္၍ ျပာလဲ့လ်က္ရိွကာ ေလညင္းေလးကတိုက္ခတ္လ်က္ ေလထုမွာလည္း လတ္ဆတ္တာကို ေဝလန္ေတြ့လိုက္ရသည္။ လိပ္ျပာေတြကိုဆြဲေဆာင္ဖို႔ သင့္ေတာ္တဲ့ေန့ပဲ။ ပထမဆံုးအေနျဖင့္ အေရာင္မွင္ေတြထဲအား ပ်ားရည္အခ်ိဳ႕ သူေလာင္းထည့္လိုက္ကာ ပူေနေသးေသာ လက္ဖက္ရည္အား
ထိုထဲထပ္ေလာင္းထည့္ကာ ေမႊလိုက္သည္။ လူေတြအားလံုးက ေဝလန္ ပ်ားရည္ႏွင့္ လက္ဖက္ရည္အား မွင္ေတြနဲ႔ေရာေနတာကိုၾကည့္ပီးအံ့အားသင့္ကုန္ၾကသည္။

"ပန္းေတြ_ရာေတြ ေထာင္ေတြခ်ီတဲ့ပန္းေတြ။ ထိုအရာေတြက သူမစတင္မေရးဆြဲမီ စိတ္ထဲေပၚလာေသာ အရာမ်ားျဖစ္သည္။ လက္ဖက္ရည္ႏွင့္ ပ်ားရည္ရဲ့ခ်ိဳၿမိန္ေသာရနံ႔က လိပ္ျပာတစ္ေကာင္ကိုဆြဲေဆာင္ဖို႔သိပ္မၾကာလိုက္ေပ။ လိပ္ျပာကေလးက မွင္နားမွာ ပ်ံဝဲေနပီးလ်ွင္ ေဝလန္ရဲ့လက္ဖမိုးေပၚမွာနားလိုက္သည္။

"ဘယ္လို ..ဘယ္လိုလို႔ျဖစ္န္ိုင္မွာလဲ"

"ဒီမိန္းကေလးက လိပ္ျပာေတြကိုေခၚႏိုင္တယ္?"

ပန္းခ်ီဆြဲေနစဥ္မွာပင္ ဒါဇင္ႏွင့္ခ်ီေသာ လိပ္ျပာမ်ား ေပၚလာေတာ့သည္ _ အခ်ိဳ႕က ပန္းခ်ီကားေပၚတြင္_ အခ်ိဳ႕ကမွင္နားတြင္ပ်ံသန္းေနၾကကာ_အခ်ိဳ႕ကေတာ့ ေဝလန္ေပၚတြင္နားေနၾကေတာ့သည္။ သူမပန္းခ်ီကားအား လက္စသတ္အပီးမွာေတာ့ မ်ားစြာေသာ လိပ္ျပာမ်ားမွာ ေဝလန္ေဘးတြင္ ပ်ံဝဲေနၾကသည္။

"ဘြားဘြားဝမ္... ဘြားဘြားဝမ္အတြက္ လိပ္ျပာေတြက ေမြးေန့ ဆုမြန္ေကာင္းေတာင္းေပးဖို႔အတြက္ ဒီကိုေရာက္လာၾကပီ"

ဧည့္သည္မ်ား၏အျမင္

ေဝလန္က လိပ္ျပာေတြၿခံရံရင္း ေတာက္ပ ႏူးညံ့စြာၿပံဳးေနတာကို အားလံုးက တိတ္ဆိတ္စြာၾကည့္ေနၾကသည္။ လူတိုင္းမွာ သူတို႔ေရ႔ွတြင္ျမင္ေနရေသာ လွပလြန္းေသာ ျမင္ကြင္းေၾကာင့္ ဆြံ႔အ ကုန္ၾကသည္။
အျပာေရာင္ဆင္ျမန္းထားေသာ ၁၆ႏွစ္ေက်ာ္စ မိန္းကေလးတစ္ေယာက္_ သူမရဲ့ ရွည္လ်ားတဲ့ဆံပင္ေတြက ရင္သပ္ရႈေမာဖြယ္ အနီေရာင္ ေက်ာက္စိမ္း ဇာမဏိဆံထိုးျဖင့္ ေလ်ာ့ရဲ့စြာ စီးေနွာင္ထားသည္။
သူမေရ႔ွက လွပေသာ ပန္း ပန္းခ်ီကားႏွင့္ ေဘးတြင္ၿခံရံေနေသာ အေရာင္အေသြးစံုသည့္ လိပ္ျပာ၊ နက္ရိႈင္းလွေသာ ပါးခ်ိဳင့္ႏွစ္ဖက္ရိွသည့္ သူမပါးႏွစ္ဖက္တို႔ ေပါင္းစည္းလိုက္ေသာအခါ_ ဤျမင္ကြင္းသည္ လွပသည္ဟူ၍ပင္ ေဖာ္ျပ၍မရႏိုင္ေပ။ ထိုအရာသည္ ညို႔ယူဖမ္းစားျခင္းသာျဖစ္ေတာ့သည္။




























































Continue Reading

You'll Also Like

23.8K 530 49
Dying at the age of 16 might seem harsh to others but that wasn't the case for her. Rather she was happy that it was the end of a miserable life. So...
124K 9.9K 100
Ongoing novel လင်းရှင်းလန်ဟာကမ္ဘာပျက်ကပ်ကာလမှာစွမ်းအင် 2မျိုး နိုးထခဲ့ပေမယ့် သူ့ရည်းစားနဲ့ သူ့သူငယ်ချင်းက လအနည်းငယ်စာ အစားအသောက်အတွက်နဲ့ သူမကို သုတေ...
25.3K 1.9K 45
Nihira, unexpectedly finds a mysterious box which teleports her into the era of mahabharata. Where is she sent to the ashram of Guru Dronacharya, her...
6.1M 400K 74
Losing this war means captured by the enemy empire and considered as their prostitutes and servants. Dreaming that situation made my heart race even...