နွေးထွေးသော မောင့်ရင်ခွင်ဝယ်...

By Kookwaimin

14.9K 790 46

နောင်ဘဝဆိုတာရှိခဲ့ရင် မောင့်အချစ်တွေနဲ့ "ထာဝရ" ပျော်ရွင်တဲ့ လူသား‌တစ်ယောက်ဖြစ်ချင်တယ် မောင်! More

ဇာတ်ကောင်မိတ်ဆက်"""""
အပိုင်း ၁
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၄
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၁
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁
အပိုင်း ၃၂
ဇာတ်သိမ်း
Extar 💜

အပိုင်း ၉

330 20 0
By Kookwaimin


"ကဲ အားပဲ မင်္ဂလာပါ '

"မင်္ဂလာပါ ဗျ / ရှင့် ( ပြိုင်တူထွက်သံ )

ဆေးရုံပြန်ဖွင့်ရက်မို့ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ပီး လုပ်ကိုယ်စီလုပ်ကြရင်းအချိန်ကတစ်ဖြေး" ကုန်မှန်းမသိကုန်ခဲ့ကြသည်။ ဂျီမင်' တစ်ယောက် nurse ယွန်း နဲ့အတူနှစ်ယောက်သား လူနာတွေက်ိုလိုက်လံစစ်ဆေးရင်း ဆေးရုံပတ်လမ်းလေးအတိုင်း လျှောက်လာခဲ့သည်။

"ဒေါက်တာ ပိတ်ရက်မှာပျော်ခဲ့ရဲ့လား?

"ဪ... ဟုတ်ကဲ့ ပျော်ခဲ့ပါတယ်

"ဟီးးးး ယွန်း' ဒေါက်တာမင်'ကို မေးစရာလေးရှိလို့ အဲ့ဒါ...

သူနာပြု ယွန်း တစ်ယောက် သူမေးမဲ့စကားကို အာရုံစိုက်နားထောင်နေသူလေးကို သေချာအကဲခက်ပီးမှ.....

"တစ်ခြားတော့မဟုတ်ပါဘူး။ ဒေါက်တာ မှာရည်းစားရှိလား လို့ပါ

"ဟင်!!

ရုတ်တရက်ဆန်သည့် ယွန်း ရဲ့စကားကြောင့် ဂျီမင် ကြောင်သွားပေမဲ့ ယွန်းကိုပြန်ကြည့်မိတော့ ပြုံးပြုံးကြီးနေသည်မို့ ကစားကွင်းထဲ ယွန်းနဲ့ မထင်မှတ်ဘဲ ဆုံတော့မလို့အဖြစ်ကို သတိရမိသည်။ အ့တုန်းက ရှောင်နိုင်ခဲ့ပေမဲ့ ယွန်း သူ့ကို မမှတ်မိလောက်ဘူး ထင်ခဲ့တာ။ အခုလို မေးလာပုံထောက်ရင် မှတ်မိနေသည်ထင်၏။ ကောက်ကာငင်ကာမေးလာတဲ့ ယွန်း ကြောင့် ဂျီမင် ဘာပြန်‌ေပြာရမလဲမသိတော့ပါ။ အမှန်ဆို သူနဲ့ကိုယ်က သူတို့ထင်နေသလို မှမဟုတ်တာ။

"ယွန်း က ဘာလို့မေးတာလဲဟင်

"ဟီးးးး ဒီလိုပါ ဟိုနေ့က ဒေါက်တာမင်ကို ကောင်ချောချောလေး တစ်ယောက်နဲ့ ကစားကွင်းထဲမှာ တွေ့လိုက်သလားလို့ပါ

"ဪ အင်း အ့ အ့ဒါက သူငယ်ချင်းပါ

"ရားးး!! ဒီလောက်ချောတဲ့ သူငယ်ချင်းရှိတာကို မိတ်တောင်မဆက်ပေးဘူးနော် ဒေါက်တာမင်က တအားရှိုတာဘဲ

"ဟင်

"လုပ်ါ တစ်ခါလောက်မိတ်ဆက်ပေးပါလား နော် နော်လို့

"အင်း အင်းပါ

ကလေးပူဆာသလို အနားကဂျစ်တိုက်နေတဲ့ ယွန်းကိုကြီးပီး ဂျီမင် ပြုံးလိုက်မိပေမဲ့ စိတ်ထဲတွင်တော့ သူနာပြုယွန်းကို မေတ္တာပို့နေမိတယ်။ ဟိုက သူ့ကိုကြိုက်မှာတဲ့လား။ အခုခေတ်မိန်းကလေးတွေ တော်"ကိုမလွယ်ပါလား။

"ကျေးဇူးပါ ဒေါက်တာမင် သူကတအားချောတာပဲ နော် ဟီးး! ယွန်း' ကောင်လေးသာဆိုမိုက်မှာပဲ အဟီး

ယွန်း ကတော့ပြောချင်ရာပြောပီး အရှေ့မှ ထွက်သွားသည်။ အနောက်တွင်ကျန်ခဲ့သည့် ဂျီမင်' မှာတော့ ခေါင်းကို အသွင်" ခါရမ်းလိုက်ပီး အတွေးများနှင့် သက်ပြင်းသာချနေမိတယ်။

"ဟူးးး ဘယ်နေရာက ချောတာလဲ ငါတော့မမြင်ပါဘူး။ သေချာကြည့်လေ အူကြောင်" ရုပ်လေးပဲမြင်တယ်။ ယွန်းပုံစံကြည့်ရတာတော့မလွယ်ဘူး။ ဆေးတောင်မ‌တိုးလောက်တော့ဘူးထင်ပါတယ်။ ဟူးးးးး အစစ်မတွေက တကယ်မလွယ်ဘူးပဲ။ ဂျီမင် စိတ်ထဲတွင်ရေရွတ်လိုက်ခြင်းဖြစ်သည်။

ဒီနေ့က လူနာတွေ တစ်အားများနေသည်မို့ Doctors & nurses အလုပ်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။ အချိန်ဆိုတာ သူတို့အဖို့တော့ အပိုမရှိပေ။ အချိန်ကိုလုပီး လူတွေရဲ့အသက်ကို ကယ်တင်ပေးနေရခြင်းကြောင့်ဖြစ်သည်။
တစ်ဖြေး" အချိန်‌တွေကုန်လာကာ ဂျီမင် နာရီကို ကြည့်မိလိုက်‌ေတာ့ အချိန်က ည ၁၂:၀၀ ရှိပီ။ အပြင်မှာက မှောင်နေလေပီ လူနာတွေလဲ အနည်းငယ်ပါးသွားပီမို့ Doctors & nurses တစ်ချို့ တစ်ဝက်လောက်သာ ဆေးရုံအတွင်းကျန်ခဲ့ကြသည်။ ဂျီမင် အပါအဝင်ပေါ့....

"ဒေါက်တာ မင် seeyou tomorrow

"အွန်း ဂရုစိုက်ပြန်ပါ

"အွန်း

ဂျီမင် ကတော့ နိုက်ဂျူတီမို့ ဆေးရုံတွင် ကျန်ခဲ့သည်။ ဖုန်းလေးကို ထုတ်ကိုင်ရင်းကောင်လေးကို တစ်နေကုန်မဆက်သွယ်ပဲ ပစ်ထားမိလို့ ဆက်သွယ်ချင်ပေမဲ့ အခုချိန်ဆို သူလဲ အိပ်နေလောက်ပီမို့ အနှောက်အရှပ်မပေးချင်တော့ပါ။

တစ်ဖက်မှာတော့ Ph အဝင်call လေးကို စောင့်ဆိုင်းရင် အိပ်‌ေပျာ်သွားသည့် ကောင်လေးတစ်‌ ယောက်ရှိနေသည်ကိုတော့ ဂျီမင် မသိခဲ့ရိုးအမှန်ပင်။

ဂျူတီချိန်မို့ လူနာတွေကို လိုက်လံစစ်ဆေးလို့ပီးမှ ဂျီမင် လုပ်လက်စအလုပ်တွေကို ပြန်လုပ်ရင်း နေ့တစ်နေ့ရဲ့ တစ်ညတာက အဖြေး" ကုန်ဆုံးလာခဲ့သည်။

>>>>>

မနက်လင်း ရောင်ခြည်နုနုလေးဟာ ဖြူနုလွန်းသူလေးရဲ့ မျက်နှာနုနုထက်သို့ ဖုံးလွှမ်းလာနေပီဖြစ်သည်။

' တီ' .............တီ' .............တီ..........

စာပွဲပေါ်၌နေရာတစ်ကျ ရှိနေသည့် ဖုန်းလေး တစ်ဖြေး" တုန်ခါလာပီး တစ်တီ တီဆိုသည့် ringing သံကြားမှ နိုးထလာခဲ့သည်။ ဂျီမင် ဖုန်းလေးကို ကောက်ကိုင်လိုက်တော့ ‌.......

"ဟင်!! သွားပီ

ညက တစ်ညလုံးဂျူတီကျနေတာကြောင့် လူကပင်ပန်းနေသည်။ စားပွဲပေါ် ခဏမှေးနေရင်းမှ ဘယ်လိုအိပ်ပျော်သွားလဲ သူကိုယ်တိုင်တောင်မသိလိုက်ပါ။ Ph calll ပေါင်းများစွာနဲ့ Number ကိုမြင်မှ ဒီကောင်လေး ဘာတွေ ဒီလောက်အရေးတစ်ကြီးလို့ခေါ်ထားလဲ မသိပေမဲ့ ဖုန်းပြန်ခေါ်လိုက်မိသည်။ အချိန်တော်ကြာခေါ်ပေမဲ့ မကိုင်တာကြောင့် ဂျီမင် စိတ်ပူလာမိတာကတော့ အမှန်ပင် ဖြစ်သည်။ မနက်ပိုင်းဂျူတီမရှိတာကြောင့် ဂျီမင် အဝတ်စားလဲကာအမြန်ထွက်လာခဲ့လိုက်သည်။ ကောင်လေး အိမ်ရှေ့သို့ရောက်တော့ တံခါးက ဖွင့်ရက်သား။ အမြဲဒီလိုပဲ ဆိုပေမဲ့ ဒီနေ့မှ ထူးပီး စိတ်ပူနေမိတာ ဘာကြောင့်လဲ သူကိုယ်တိုင်လဲ မသိ။

"ဂျောင်ကု' ဂျွန်ဂျောင်ကု မင်း ရှိနေလား ?

သူခေါ်ပေမဲ့ ကောင်လေးရဲ့အရိပ်အယောင်တောင် အခုထိမတွေ့ရသေးချေ။ ရုတ်တရက် အနောက်ကနေ သူကိုသိုင်းဖက်လိုက်သည့်မို့ ဂျီမင် လန့်သွားသည်။

"အင့် အ့မေ့!

"အခုမှ ရောက်လာတယ် ဟင့်

ဂျောင်ကု တစ်ယောက် သူရှေ့က လူသားလေးကို ပျောက်ထွက်သွားမည်အလား တင်းကြပ်စွာပွေ့ဖက်ထားမိ၏။ ကိုယ်တိုင်လဲ ဘာလုပ်မိမှန်း မသိ။ တစ်နေ့တစ်ခြား ဒီလူသားလေးကို သဘောကျနေသည်ထက် အပိုင်လိုချင်လာမိသည့် စိတ်များကလဲ ထိန်းမရဖြစ်နေသည်။

ဂျောင်ကု ရဲ့ရုတ်တရင်ဆန်လွန်းသည့် လုပ်ရက်ကြောင့် ဂျီမင် ဘာလုပ်ရမလဲ မသိတော့ပါ။ ရုန်းပဲထွက်လိုက်ရမလား။ ဒီတိုင်းလေးပဲ ဆက်ပီးငြိမ်နေလိုက်ရမလား။ သူကိုယ်တိုင်လဲ ဒီကောင်လေးနဲ့မှ ခံစားချက်တွေက ဝေခွဲရခက်နေမိတာ။ ‌ကောင်လေးရဲ့ ေနွးထွေးလှသည့် ရင်ခွင်ထဲမှရုန်းထွက်ဖို့လဲ အင်းအားမရှိသလို ရုန်းလဲမရုန်းထွက်ချင်ခဲ့ပါ။

အချိန်ခဏကြာတော့ ဂျီမင် သူ့ပခုံးထက်စိုစွတ်လာသည်ကို သတိထားမိ၏။ ဒီကောင်လေးငိုသည်ကိုပါ တက်အပ် သိလိုက်ပါပီ။ ဒီအခြေအနေကြီးက ဘယ်လိုလဲဆိုတာ မသိနိုင်တော့ပါ။ သူကရော ကိုယ့်အပေါ် ဘယ်စိတ်မျိုးရှိနေလဲဆိုတာ မတွေးတက်တော့ဘူး။ ဒီအခြေနေကြီးက ထူးဆန်းလွန်တယ်။ ဘယ်လိုကောက်ချက်ချရမလဲ စဉ်းစားမရ။
အခုလိုပုံစံဟာ ဝေးကွာနေတဲ့ အတွဲတွေအလွမ်းသယ်နေပုံနဲ့ဆင်တူသည်။ ချစ်သည်။ လွမ်းသည်။ တွေ့ချင်သည်။ စိတ်ပူသည်။ ဒါတွေက ချစ်ရသူတွေအတွက်သာဖြစ်သည်။ အခု သူတို့နှစ်ယောက်ရဲ့ Relationship ဘယ်လိုမျိုးလဲ။ မိတ်ဆွေသူငယ်ချင်းထက် ပိုနေမိတာလား။

"ငါ့ ငါကို လွှတ်လို့ရပီလား ဂျောင်ကု'

ဂျောင်ကု တစ်ယောက် ရင်ခွင်ထဲမှ လူသားလေးအပြောကြောင့် ရှက်သွားသည်မို့ ထိုလူသားလေးကို ဖက်ထားရာမှ လွှတ်ပေးလိုက်သည်။ ကိုယ်တိုင်လဲ ဘာလုပ်မိမှန်းသတိရလာပုံပင်။ Ph တွေ ဆက်တိုက်ခေါ်နေတာ။ ညကရော၊ အခု‌ ရော မနက်လင်းချိန်ရော အဝင် ph call တွေကိုမကိုင်လို့ စိတ်ပူနေမိတာ။ ရုတ်တရက်တွေ့လိုက်ရတော့ စိတ်တွေထိန်ချုပ်ဖို့ ခက်ခဲသွားတာကြောင့် သတိလွတ်သွားမိတာ။ ပီးမှ မျက်နှာပူရတယ်။

"အင်း ရပီ။ ဘာဖစ်လို့ ဖုန်းဆက်တာမကိုင်လဲ ဒီမှာ စိတ်ပူလို့သေတော့မယ်။ အ့ဒါ သိလား? အဟင့်!!

ပြောလဲပြော ထွက်နေတဲ့မျက်ရည်စများကိုလဲ လက်တစ်ဖက်နဲ့ သုတ်နေမိ‌ေသးတယ်။ ဂျောင်ကု ပုံစံလေးကိုကြည့်ပီး ဂျီမင် ရီချင်စိတ်ကို မနည်းထိန်းထားရသည် ကလေးလဲမဟုတ်ပဲနဲ့ ငိုနေပုံက ချစ်စရာကောင်းနေသည်မို့ သူ့အရှေ့က ကောင်လေးကို အူးယားနေမိသည်။

"ငါက မင်းကို ပြန်ဆက်တော့ဘာလို့မကိုင်တာလဲ ပြော

"အ့ဒါက စ်တ်တို နေလို့

"ဪ တရားကျဖို့တော့ကောင်းသား မင်းက။ တစ်ဖက်ကလူက အားလား မအားလား မသိပဲနဲ့ ကိုယ်ဘက်ကိုယ်ရပ်တဲ့ လိပ်မျိုးပဲ မင်းက

"အ့ဒါ ထားပါ အခုရော ဆေးရုံကပြန်သွားရမှာလား

"ဟင့်အင်း မသွားရဘူး။ ညကတစ်ညလုံး ဂျူတီဆင်းထားတာ ဒီမနက်ဂျူတီမရှိဘူးလေ

"အင်း အ့ဆိုလာ

"ဘယ်လဲ ငါ အိပ်ချင်နေသေးတယ်

ညဂျူတီက တစ်ညလုံးဆိုတော့ လူကသိပ်မလန်းဘူး။ လူက ပင်ပန်းနေ‌တုန်း။ သူ့ကို စိတ်ပူနေတာကြောင့် ကိုယ့်ကိုပင်ပန်းနေတာကိုတောင်သတိမရမိလိုက်ဘူး။ အခုမှ ဂျီမင် သတိရကာ သူ့မျက်လုံးအိမ်တို့က ထိန်းမရအောင် ပြိုဆင်းလို့လာသည်။ ဒါပေမဲ့ သူ ဒီကောင်လေးကိုလဲ စိတ်မချပြန်။

"အွန်းပါ အ့ဆို ကျတော်အခန်းမှာ အိပ်နှင့် ဘာမှစားမလာရသေးဘူးမဟုတ်လား။ နှိုးလာရင် စားဖို့တစ်ခုခုပြင်ပေးထားမယ်

"ရပါတယ် ငါ sofa ပေါ်မှာဘဲ အိပ်လိုက်မယ်

"ကျစ်!!

‌ဂျောင်ကု စိတ်မရှည်တာကြောင့် ကျစ်! တစ်ချက်စုပ်သတ်ရင်း အရှေ့ကနေ သူပြောတာကို ဂရုမစိုက်ပဲ sofa ပေါ်အိပ်ဖို့ပြင်နေတဲ့ ထိုလူသားလေးရဲ့ခန္ဒာကိုယ်လေးကို မပြောမဆို ကောက်ပွေ့လိုက်ပီး အခန်းထဲသို့ ပွေ့ချီလာခဲ့လိုက်သည်။ သူလုပ်တော့လဲ ဘာမှ မပြောဘဲ ငြိမ်" လေးလိုက်ပါလာခဲ့မိပြန်သည်မှာ ဂျီမင် သာဖြစ်သည်။ ငြင်းဆန်မိပြန်ရင်လဲ ပိုရွဲ့မည်ကို ကြိုသိထားသည်။ လူကလဲ ပင်ပန်းတို့မူ့ကြောင့် အိပ်ချင်နေသည်မို့ ဘာမှ တုန့်ပြန်မနေတော့ပါ။

အခန်းထဲရောက်တော့ ဂျောင်ကု ကုတင်ပေါ်သို့ညှင်သာစွာချ ပေးလိုက်တော့ ချစ်ရသူလေးက ဘယ်ချိန်ထဲက အိပ်ပျော်နေခဲ့မှန်းမသိ သူပွေ့ချီလာတဲ့အချိန်ထဲက သူလက်ပေါ်မှာဘဲ အိပ်နေခဲ့ခြင်းလားမပြောတက်။ ဒီလူသားလေးဟာ တကယ်ကလေးလေးပါဆို။

အိပ်ယာထက်‌ဖြေးညှင်းစွာတင်ပေးရင်း အိပ်နေသူလေးကို ကြည့်မိတော့ ဂျောင်ကုရင်ထဲ ခံစားချက်တို့က တစ်မျိုးဖြစ်လို့လာတယ်။ ဖြူနုလွန်းသည့်မျက်နှာလေးထက် အဆင်တကျ တည်ရှိနေသည့် မို့ဖောင်းနေသည့် ပါးမို့မို့လေး၊ နှင်းဆီဖူးပမာ ရဲနေသည့် နှုတ်ခမ်းဖူးဖူး‌ လေး၊ မျက်ခွန်ဖောင်း"လေးတွေက ဂျောင်ကုရဲ့ စိတ်အစုံ ရူးသွပ်သွားစေဖို့ လုံလောက်နေ၏။ ဂျီမင်ဆိုတဲ့ လူသားလေးဟာ ပစ်မျိုးမှဲ့မထင်လေးပါဆို။

ဂျောင်ကု စိတ်ထဲမှာ ဗလောင်ဆူနေလေပီ။ ထိုနှုတ်ခမ်းဖူးဖူးလေးရဲ့ ပိုင်ရှင်လေးအားအချိန်"ပစ်မှာနေမိတယ်။ ထိုနှုတ်ခမ်းဖူး"လေးကို စုပ်ယူစားသုံးလိုက်ချင်ပေမဲ့ နိုးသွားပြန်ရင် စိတ်ဆိုးသွားမှာလဲဆိုးသည်။ ဆန္ဒကိုမြိုသိပ်ထားပေမဲ့မရတာကြောင့် ပါးဖောင်းဖောင်းလေးအပေါ်သို့သာနှာခေါင်းကြီးနှစ်ဝင်မတက်အနမ်းချွေမိလိုက်တယ်။ နမ်းချင်တာက ပါးမဟုတ်ပေမဲ့ ဒီအနမ်းတစ်ပွင့်ဟာလဲ ဂျောင်ကုအတွက် အဖိုးမဖြတ်နိုင်ခဲ့ပါ။ တစ်ခါတစ်လေ သူ့အပေါ်ကိုယ့်ရဲ့ အချစ်တွေကို သိမြင်စေချင်မိတယ်။ ဖွင့်ပြောလိုက်မိရင် သူ့ကိုယ့်အပေါ်ရွံမုန်းသွားမှာကိုလဲ ကြောက်မိတယ်။ နေပါစေ သူပေးမဲ့အမုန်းတွေကို ကျတော်ခံနိုင်ရည်မရှိသေးဘူး။ တစ်နေ့နေ့တစ်ခ်ျခ်ျတော့ သူလေးသိအောင် ဂျောင်ကု ပြောမှာပါ။ အခုတော့ ဒီတိုင်းလေးကပဲ ကျတော်ကို ပျော်ရွှင်မူ့တွေရစေပါတယ်။ တစ်နေ့နေ့ပေါ့။

အိပ်နေသူလေးကတော့ သူပြုလုပ်သမျှကိုမသိချေ။
သူ့စိတ်တွေသတိလက်လွှတ်ဖစ်နေမိတာ ထိုလူသားလေးနဲ့တွေ့တဲ့ အချိန်တိုင်းလို့ဆိုရမည်။ သူဖက်ကဘယ်လိုမှန်းမသိပေမဲ့ ကိုယ်ဖက်ကတော့ သေချာပါသည်။ ကျတော် ဒေါက်တာကို ချစ်နေမိပီ။ ချစ်တယ်ဆိုတာထက် သူလေးကိုမြတ်နိုးမိတာပါ။

ချစ်ရသူလေးကို ခဏတာငေးမောကြည့်ပီးမှ ကုတင်ထက်တင်ပေးပီး နွေး"ထွေး"လေးစောင်ခြုံပေးခဲ့သည်။ ဂျောင်ကု အောက်ထက်သို့ ပြန်ဆင်းလာခဲ့လိုက်တယ်။ ချစ်ရသူလေးနိုးလာရင် စားဖို့အဆင်သင့်ပြင်ပေးရအုံးမည်။

>>>>>>>

"အင်း ဟင်း!!

ဘယ်အချိန်ထိ အိပ်ပျော်သွားလဲ မသိပေမဲ့ သူနိုးလာတော့ အချိန်က နေ့လည် ၂:၀၀ တောင်ထိုးနေလေပီ။ နိုး"ချင်း အညောင်းညာပြေလျော့စေရန် ခြေဆန့်မိတော့ ကျယ်ပြန်လွန်းတဲ့ အိပ်ယာကြီးထက်တွင်။ ဂျီမင် အိပ်မပျော်ခင်ကပုံရိပ်တစ်ချို့ပြန်မြင်ယောင်လာတယ်။ သူ ကိုယ့်ကို သိမ်းဖက်ထားတာရော၊ ‌ကိုယ်ခန္ဒာကိုယ်လေးကိုလဲ ပိုင်စိုးပိုင်နိုင် ပွေ့ချီပေးခဲ့တာတွေကို မြင်ယောင်မိတော့ အတွေးနဲ့တင် ဂျီမင်မျက်နှာလေးက ခရမ်းချဉ်သီးလေးပမာ နီမြန်းလို့လာ၏။ အခု ဒီကောင်လေးကို သူဘယ်လိုရင်ဆိုင်ရပါမလဲ။ သူလုပ်သမျှငြိမ်ခံနေခဲ့တာမို့ ကိုယ့်ကိုဘယ်လိုမြင်သွားမလဲ စိတ်ပူမိသည်။ ပီးမှ သတိရကာ ရှာကြည့်မိတော့ သူ့အရိပ်အယောင်တောင် မတွေ့မိ။

"ငါ တော်" အိပ်ပျော်သွားတာပဲ။ ဂျောင်ကု ရော ဘယ်ရောက်သွားတာလဲ

အိပ်ယာမှထလာလိုက်ပီး အောက်ထက်သို့ တန်းဆင်းလာခဲ့မိသည်။ အောက်ထက်ရောက်တော့ ဂျောင်ကု ကိုမတွေ့တာကြောင့် လိုက်ရှာမိတော့ ခြံကြီးအတွင်း သူ့ကိုကျောပေးအနေအထားနဲ့ ပန်းပင်လေးတွေကို ရေလောင်းနေသည့် ကောင်းလေး။ သူကို မြင်မှ သက်ပြင်းချလိုက်ရသည်။ ပီးမှ.....

"ဂျောင်ကု

သူ့နောက်က အသံချို" လေးနဲ့ သူနာမည်ကို ခေါ်လိုက်တဲ့ သူ‌ေလးကြောင့် လှည့်ကြည့်လိုက်မိသည်။

'"နိုးပီလား

"အွန်း ဂျောင်ကု ငါ့ ရေချိုးချင်တယ်

လူက ပင်ပန်းမူ့ကြောင့် နုံနယ်နေတာမို့ လန်းဆန်သွားအောင် ရေချိုးချင်သည်။ ကိုယ်အိပ်မဟုတ်တာကြောင့် ကိုယ့်စိတ်ကြိုက် မလုပ်ချင်ပါ။ ဒါကြောင့် အိမ်ရှင်ထံ ခွင်းတောင်ခြင်းဖြစ်သည်။ သူ့စကားကို ကြားတော့ ရှေ့ကနေပြုံးပြုံးကြီးလုပ်နေသူကြောင့် စိတ်တိုမိ၏။ ကိုယ်ပြောလိုက်တဲ့ စကားထဲ ဘာများရီစရာပါနေလို့လဲ။

"ပြောတာကြားလား ငါ ရေချိုးချင်တယ်လို့!'

ထိုလူသားလေးအပြောကြောင့် အမှောင်အတွေးတွေနဲ့ ဂျောင်ကု ခဏငိုင်ကျသွားသည်။ စိတ်မရှည်တော့သည့် လေသံဖြင့် ချစ်ရသူလေးထံကနေ အသံကြားတော့မှ သတိပြန်လည်လာခဲ့တဲ့ ဂျောင်ကု။ သူပြောတာကို ပြန်မဖြေလို့ စိတ်တိုသွားတယ်ထင်တယ်။ စိတ်အလိုမကျလို့ ဆူထွက်နေတဲ့နှုတ်ခ်းကလဲ လူကိုလာထိုးမိတော့မယ်။ သူ့ပုံစံလေး‌ကိုကြည့်ပီး ဂျောင်ကု ချစ်ရသူလေးကို ပိုစချင်လာမိတယ်။

"အင်း ‌ချိုးလေ။ ဘာလဲ ရေချိုးဖို့ ကျတော်ဆီက ခွင့်တောင်းနေတာဆို‌တော့ အတူချိုးချင်လို့လား။ ကျတော်တို့ ရေအတူချိုးကြမလား?

ကိုယ်က သဘောရိုးနဲ့ ခွင့်တောင်းမိတာကို သူ့ဘက်ကဘယ်လိုတွေတွေးနေတာလဲမသိ။ ပြောလာပုံက အသည်းယားစရာ။ သူနဲ့ရေအတူချိုးဖို့ ခွင့်တောင်းနေသလိုမျိုး။ ဒီကောင် ဘာလို့ဒီလိုတွေ လျှောက်တွေးနေတာလဲ။

"မလို မလိုဘူး မင်းနော် လာမစနဲ့ မင်းက အိမ်ရှင်လေ အ့ဒါကြောင့် ငါက ခွင့်တောင်းနေတာ

ကိုယ်က သူ့အိမ်ဖြစ်နေလို့ သူ့ဆီက ခွင့်တောင်းနေတာကို လူကိုအထင်သေးသလို လာကြည့်ပီး စနေတာကြောင့် အဲ့ဓိဆက်ဖြဲဖြဲ လုပ်နေတဲ့ မျက်နှာကိုကုတ်ဖြဲပစ်လိုက်ချင်သည်။ စိတ်လဲတိုမိတယ်။ သူကိုယ်တိုင်လဲ ဂျောင်ကု သူ့ကိုစနေရင် ရှက်နေမိတာက ဘာကြောင့်လဲ စဉ်းစားမရ။ အခုလဲ စကားတွေတောင် အထစ်"အငေါ့"ရယ်။

"ဟုတ်ပါပီ ကျတော်မစတော့ဘူး နှုတ်ခမ်းကလဲ ကျတော်ကို လာထိုးမိအုံးမယ် ဟားး ဟားး!!

သူအပြောကြောင့် မျက်နှာလေးသိသိသာသာရဲ့တက်လာပီး စကားတွေထစ်ငေါ့စွာ ပြောလာသူလေးကို စချင်တာကြောင့် ပြောလိုက်ခြင်းဖြစ်သည်။ သူပြောလိုက်တော့ လူကို လာထုရိုက်ပီးမှအိမ်ထဲပြန်ဝင်သွားသူလေး။ တကယ်အဆိုးဆာလေးပါ။ ဂျောင်ကု သူ့ကိုရှက်ရမ်းရမ်းပီး အိမ်ထဲပြန်ဝင်သွားသူလေးကို မျက်စိတစ်ဆုံး လိုက်ကြည့်နေမိတယ်။ ချစ်နေရတော့လဲ သူလေးရဲ့ အပြုမူ့တိုင်းကို အပစ်မမြင်ရက် ပိုပိုပီးအချစ်တွေတိုးနေမိတယ်။ အခုပုံစံလေးက ဘေးကလူကြည့်ရင် နှစ်ယောက်သား ချစ်သူတွေကျလို့။

အိမ်ထဲပြန်ဝင်သွားသူ‌လေး အထဲရောက်မှ ဂျောင်ကု အကြည့်လွှဲကာ လုပ်လက်စအလုပ်ကိုပြန်လုပ်နေလိုက်သည်။ မြင်သာမြင် မကြင်ရတဲ့ သူဘဝကို အလိုမကျပေမဲ့ သူ့ရင်ထဲက စကားတွေကိုတော့ ချစ်ရသူလေးကို သိစေချင်သည်။ သူ ဖွင့်ပြောဖို့ အချိန်ယူနေခြင်းလဲဖြစ်သည်။ အခွင့်သာရင်တော့ သူချစ်နေတာတွေကို ထိုလူသားလေးသိအောင်ဖွင့်ပြောမည် ဟု သံဓိတ္ထန်ချရင်း စိုးရိမ်စိတ်ရော ကြောက်ရွံ့မူ့ပါ ပေါင်းစပ်ကာ သက်ပြင်းတွေသာ အကြိမ်ကြိမ် ချနေမိ တော့သည်။

"ဟူးးးးးးး!!

လူတစ်ယောက်ကို တိတ်တခိုးချစ်ရတာ ပင်ပန်းလိုက်တာ။ တစ်ဖက်ကလူမသိအောင် ရင်ထဲမှာမြိုသိပ်ထားရတာ မလွယ်လှပါ။ အချစ်ဆိုတာ အပြန်အလှန်ရှိသည်မို့လား တစ်ဖက်သက် အချစ်က ပို၍ ပူလောင်ရတယ်။
ဒါပေမဲ့ သူတို့ရဲ့ အချစ်တွေကို တစ်ယောနဲ့တစ်ယောက်မမြင်နိုင်ကြတာဖြစ်မည်။

>>>>>

ဂျီမင်း ရေချိုးရင်း အတွေးနယ်ချဲ့နေမိတယ်။ သူ ဂျောင်ကု ဆိုသည့်ကောင်လေးအပေါ် မရိုးသားတဲ့စိတ်တွေ ဖြစ်ပေါ်နေလေပီ။ ဒါကို သူသိသွားရင် ကိုယ့်ကို ဘယ်လိုထင်သွားမလဲ။ အထင်များသေးသွားမလား။ ယောက်ကျားခြင်းမို့ ရွံ့သွားမလား တွေးပူနေမိတယ်။ သူတို့ရဲ့ ဆက်ဆံရေးက မိတ်ဆွေ အဆင့်ပဲလေ ဓိထက်ရော ပိုလို့မရနိုင်ဘူးလား။ တားဆည်းထားတဲ့ အဆင့်တွေကို ကျော်လွန်ပီး ရဲရင့်လိုက်ချင်ပေမဲ့ ကိုယ်မျော်လင့်ထားသလိုဖြစ်မလာပဲ လက်ရှိဆက်ဆံရေးလေး ပျက်ယွင်းသွားမှာကိုလဲ ကြောက်မိသည်။ ဒီတိုင်လေးပဲ ရှေ့ဆက်သွားတာကောင်းပါတယ်လေ။ ရေပန်းဖွင့်ထားတာကြောင့် ကျလာတဲ့ရေစက်လေးများကို ခေါင်းမော့ရင်း အတွေးများကို ဆေးကြောလိုက်မိတယ်။

သူ့နှလုံးသားလေးကို လှုပ်နှိုးလိုက်တဲ့ သူကလှပ‌ေချာ့ရှင်းသည့် မိန်းကလေးတစ်ယောက်မဟုတ်ပဲ သူ့နဲ့မျိုးတူယောက်ကျားတစ်ယောက် ဖြစ်နေသည်ကိုတွေးရင်း စိတ်တွေရှုပ်ထွေးနေမိသည်။ တစ်ခါမျှ မချစ်ဖူးတဲ့ သူ့အဖို့ အချစ်ဆိုတာ ဘယ်လိုအရာမျိုးလဲ ဂျီမင် မသိပါ။ ဒီကောင်လေးနဲ့ တွေ့မှ သူရင်ထဲ ခံစားချက်တစ်ချို့က‌ဝင်ရောက်ရောက်လာတာ။ သူ့ကိုမြင်ရင် ပျော်သည်။ အမြဲ‌ေတွ့ချင်နေမိသည်။ မတွေ့ရင် လဲလွမ်းမိပြန်သည်။ အ့ဒါက အချစ်ဆိုရင် ဂျောင်ကုအပေါ် သူ့စိတ်တွေကတကယ်အမှန်ပဲအ‌ေရာင်ဆိုး‌ေနမိပီလား?

( အချစ်ဆိုတာကို လူတွေက ဘာလို့လင် ကျား/ မခွဲခြားနေကြတာလဲ မသိပေမဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်တာ အပစ်လို့မဆိုနိုင်ပါ။ အချစ်တွေသာ စစ်မှန်ဖို့လိုသည်။ ဘယ်လို အခက်ခဲမျိုးကိုမဆိုအတူရင်ဆိုင်ဖြတ်သန်းသွားနိုင်ဖို့က အဓိကကျပြန်သည်။ နားလည်မူ့ ခွင့်လွှတ်မူ့ သည်းခံနိုင်ရမည်ဖြစ်သည်။ ဒါမှသာ အေးမြတဲ့ မေတ္တာတရားနဲ့အတူ ချိုမြိန်တဲ့ အချစ်ကို ခံစားရလိမ့်မည်။

♥️ ဒါကို အချစ်လို့ခေါ်သည်♥️

**********
ပစ်ထားမိလို တောင်းပန်ပါတယ်နော်🙏
မကောင်းမကန်းလေးကို ဖက်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်။ နောက်တစ်ပိုင်း ဖွင့်ပြောခိုင်းတော့မယ်☺️

Continue Reading

You'll Also Like

648K 23.6K 98
The story is about the little girl who has 7 older brothers, honestly, 7 overprotective brothers!! It's a series by the way!!! 😂💜 my first fanfic...
973K 60.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
472K 7.2K 82
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
24K 1.8K 14
★ကိုယ်ဒီဇာတ်လမ်းကိုမင်းနဲ့ပဲစပြီးမင်းနဲ့ပဲဆုံးချင်တယ်★