ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်...

By Pen_99

93.9K 3.2K 150

စံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌 More

Part.1
Part 2
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
အသိပေးချက်
Part 24(Final)
Extra (1)

Part 3

4.4K 160 6
By Pen_99

"သက်ပိုင်ရေ....လာတော့လေ"

  ယောသံဝဲဝဲကလေးဖြင့် သူ့ကိုခေါ်ရင်းပြုံးပြနေသည့် မပန်းရုံသည်မြင်သူတိုင်းကိုစိတ်အေးချမ်းစေနိုင်ပါသည်။မနက်ကလိမ်းထားပုံရသောသနပ်ခါး ပါးကွက်ကလေးသည်လည်း ချွေးတွေကြောင့်ထင်ပျက်လုလုသာကျန်ရှိတော့သည်။သူလမ်းထက်ကိုဆင်းသွားရင်း မပန်းရုံလက်ထဲမှဆွဲခြင်းလေးအားဆွဲယူလိုက်သည်။

"အာ...ရပါတယ်မလိုပါဘူး"

"...….."

"ကျေး...ကျေးဇူး"

ပြေပြစ်သောကိုယ်ဟန်နေထားဖြင့် ဘာပကာသနမှမပါပဲ ယဉ်ယဉ်ကလေးဖြင့် သိပ်လှနေသောဆရာမလေးတစ်ယောက်နှင့်ဘေးမှခြင်းလေးဆွဲ၍ ပြုံးရယ်နေသောအမျိုးသားလေးတို့နှစ်ယောက်သား ကျွန်းပင်တန်းတို့ဘေးလမ်းကလေးပေါ်တွင်အတူလျှောက်လာရင်းစကားပြောနေကြသည့်မြင်ကွင်းသည် မြင်ရသူတိုင်းကိုစိတ်အေးချမ်းစေပါလိမ့်မည်။သူတို့မမြင်နိုင်သည့်မှင်သေသေမျက်လုံးတစ်စုံကလွဲရင်ပေါ့။

"ကျစ်....မြင်ပြင်းကပ်စရာပဲ! "

မပန်းရုံတို့အိမ်က ခြံဝင်းကျယ်ကျယ်နှင့်နှစ်ထပ်တိုက်အိမ်ဖြစ်သည်။ခြံဝင်းထဲဝင်သွားကြတော့ ခြံထဲတွင်ပေါင်းမြက်တို့ကိုပေါက်ပြားတစ်လက်ဖြင့်ရှင်းနေသောကောင်လေးတစ်ယောက်ကိုတွေ့ရသည်။သူ့အနားတွင်တော့လူကြီးတစ်ယောက်က ထိုင်ခုံတစ်လုံးချ၍ထိုင်နေပြီးလက်ထဲတွင်လဲ စာအုပ်ထူကြီးတစ်ခုကိုတွေ့ရသည်။

"အဖေ"

မပန်းရုံရဲ့ခေါ်သံကြားတော့ထိုသူကအေးအေးဆေးဆေးပင်ထလာပြီးသူ့ကိုပြုံးပြလာသည်။

"အဖေ.....ဒါပန်းရုံဟိုနေ့ကပြောပြထားတဲ့ ဆရာလေးနာမည်ကနွေးသက်ပိုင်"

"တွေ့ရတာဝမ်းသာပါတယ်....လာလာမောင်ရင်..ပန်းရုံပြောပြထားလို့ အိမ်မှာရှယ်ချက်ခိုင်းထားတယ်"

"ဟုတ်..ကျေးဇူးပါဗျ"

ထိုအချိန်တွင်သူတွေးမိသွားသည် မပန်းရုံကအဖေတူလို့နေမယ်၊ဒါကြောင့်သဘောကောင်းပြီး ခင်မင်စရာသိပ်ကောင်းနေတာ။

"ဟိုကောင်....ထမင်းစားမယ်သွားရေမိုးချိုးတော့...နောက်တစ်ခါဆို ဒီထက်ဆိုးမယ်မှတ်"

ထိုစကားကိုကြားမှလက်ထဲကပေါက်တူးကိုချကာ ထွက်သွားသောထိုသူ။

"ဟော...ဘာတွေများဖြစ်ကြပြန်ပြီတုန်း....ဘာလို့လေးရုံကိုမြက်ထိုးခိုင်းထားရပြန်တာလဲ အဖေရဲ့"

"ပြောလို့တောင်မကောင်းဘူး....မစန်းခင်သားအောင်ကျော်နဲ့ရန်ဖြစ်လာတယ်လေ...ဟိုဘက်မိဘတွေကသူတို့သားရှေ့သွားနှစ်ချောင်းကျွတ်သွားလို့ဆိုပြီးလာတိုင်တယ်....ဒါကြောင့်မြက်ထိုးခိုင်းထားတာနည်းတောင်နည်း‌သေးတယ်....ကျောင်းကလဲပြန်ချိန်မရောက်ပဲပြန်လာတယ်...ဒီနှစ်ဆယ်တန်းကျလို့ကတော့ ဒင်းကိုကျောင်းထုတ်ပစ်မယ်"

"တော်ပါတော့အဖေရယ်..လာလာ သက်ပိုင်"

မီးဖိုထဲမှစားပွဲခုံကြီးပေါ်တွင် အစီအရီတင်ထားသောဟင်းများက သွားရည်ယိုချင်စဖွယ် မပန်းရုံကတော့အဝတ်လဲပြီးတော့ သူ့အတွက်ထမင်းကိုခူးခပ်ပေးတော့ သူကပင်အားနာစွာကိုယ့်ဘာသာကိုယ်ခူးမည်ဟုပြောကာ ခူးရပြန်သည်။

"အဖေ...လာစားတော့လေ"

"နေ....နေ....သမီအဖေစားပြီးပြီ"

"မောင်လေး.....လေးရုံထမင်းလာစားတော့လေ"

"လာပြီ.....မမ"

ခဏနေတော့ ထမင်းစားခန်းထဲသို့ဝင်လာသောသူ။သူ့နံဘေးမှဖြတ်သွားသောအခါ သင်းခနဲထွက်လာသည့်ရနံ့ကလေး။ဒါ...ဒါ။သူ့ဘေးသို့ပစ်တင်လိုက်‌သောအခါ တွေ့လိုက်ရသည့် လက်စွပ်ကလေးတစ်ကွင်း။

"ကျောင်းကိုလာပြီးပြန်ပေးမလို့ပဲ...ဒါပေမယ့်တိမ်တွေပေါ်ပျံသန်းနေတဲ့သူတွေကို မနှောင့်ယှက်ချင်လို့"

" ဗျာ! "

"ဟဲ့...လေးရုံ"

"အာ…လာကြိုတဲ့သူက မပန်းရုံရဲ့မောင်လေးလား"

"အင်း"

"ဒါကြောင့်နေမယ်…မပန်းရုံနဲ့ရုပ်ဆင်နေတာ"

"စားမှာကိုစား…အရမ်းစကားများတယ်"

စားနေစဉ်တစ်ယောက်လုံး မပန်းရုံသည်သူ့အားဂရုတစိုက်ရှိလှသည်။မပန်းရုံကိုတွေ့ရတာမကြာသေးသော်လည်း သူ့နှလုံးသားထဲတွင်မပန်းရုံအားနေရာပေးမိပြီဖြစ်သည်။မပန်းရုံဟာ သူ့မေမေဒေါ်ချစ်သက်လယ်နှင့်တူသည်။

"လေးရုံရော့ ဒီမှာနင့်အကြိုက်ငါးဥဆီပြန်ကြော်ထားတာ များများစား…ဒါမှဉာဏ်ပိုကောင်းလာမှာ"

တကယ်တော့ သက်ပိုင်လည်းငါးဥဆီပြန်ဟင်းကိုအလွန်ကြိုက်ပါသည်။သို့ပေသိ မယူရဲသောကြောင့်ဒီတိုင်းကြည့်နေခဲ့ခြင်း။နောက်ဆုံးအရဲစွန့်၍ ယူမည်ဟုလက်လှမ်းလိုက်ခါမှ ဟင်းခွက်ကိုသူ့ဘက်သို့ဆွဲယူလိုက်သောလက်တစ်ဖက်။သွားပြီ မျက်စိရှေ့မှတဖြည်းဖြည်းဝေးသွားသော ငါးဥဆီပြန်ဟင်းပန်းကန်က သူ့ကိုလက်ပြနှုတ်ဆက်ကာလှောင်ပြောင်နေသယောင်။သူခေါင်းကိုငုံ့၍ ထမင်းဖြူဖြူတို့ကိုသာ သွတ်စားနေလိုက်တော့သည်။

"ရော့"

"ဟင်…"

"လိုချင်ရင်ယူစား…ကြည့်နေရုံနဲ့ဗိုက်ပြည့်သွားမှာမဟုတ်ဘူး"

သူ့ထမင်းပန်းကန်ကိုငုံ့ကြည့်လိုက်တော့ ဟင်းနှစ်တုံး။ဘယ်လိုသိသွားတာတုန်း။သူအဲ့လောက်တောင်သိသာနေတာများလား။

"လာကြိုတဲ့သူကို ကျေးဇူးတင်ပါတယ်ခင်ဗျ"

"မလိုဘူး…ပြီးတော့ကျွန်တော့်ကို လာကြိုတဲ့သူဆိုပြီးခေါ်ခေါ်မနေနဲ့…ကျွန်တော့်မှာနာမည်ရှိတယ်"

"ဪ…ဒါဆိုလာကြိုတဲ့သူရဲ့နာမည်ကို‌ ပြောပြပါခင်ဗျ"

"မြတ်လေး"

"ဟမ်"

"ကျွန်တော့်နာမည်က မြတ်လေးရုံ"

"အာ…မြတ်လေးပန်းပေါ့ နာမည်လေးကလှသားပဲ"

"အင်း"

ပန်းရုံဒီနေ့တော့ အံ့ဩရသည်ချည်းပင်။အငယ်ကောင်ဘာတွေဖြစ်နေသည်လဲ။ထူးထူးခြားခြား ခုမှတွေ့သည့်သူစိမ်းတစ်ယောက်ကို ဟင်းတွေခပ်ထည့်ပေးသည်။သူ့နာမည်ကို မြတ်လေးပန်းဟုပြောသည်ကိုပင် ကြည်ကြည်ဖြူဖြူလက်ခံလိုက်သည်။ငယ်ငယ်ကလို ထမထိုးပဲနဲ့လေ……။

ဒီနေ့က ပန်းအလုပ်တွေရှုပ်နေလို၁၀၀၀ပဲရေးလိုက်တယ်နော်…စောင့်နေကြမယ်ထင်လို့တင်ပေးလိုက်ပါပြီ…နောက်တစ်ပိုင်းမှများများရေးပေးမယ်နော်။

17.10.2023
နေ့လယ် ၂နာရီ၅၂မိနစ်

*************©®©*************

"သက္ပိုင္ေရ....လာေတာ့ေလ"

  ေယာသံဝဲဝဲကေလးျဖင့္ သူ႔ကိုေခၚရင္းၿပဳံးျပေနသည့္ မပန္း႐ုံသည္ျမင္သူတိုင္းကိုစိတ္ေအးခ်မ္းေစႏိုင္ပါသည္။မနက္ကလိမ္းထားပုံရေသာသနပ္ခါး ပါးကြက္ကေလးသည္လည္း ေခြၽးေတြေၾကာင့္ထင္ပ်က္လုလုသာက်န္ရွိေတာ့သည္။သူလမ္းထက္ကိုဆင္းသြားရင္း မပန္း႐ုံလက္ထဲမွဆြဲျခင္းေလးအားဆြဲယူလိုက္သည္။

"အာ...ရပါတယ္မလိုပါဘူး"

"...….."

"ေက်း...ေက်းဇူး"

ေျပျပစ္ေသာကိုယ္ဟန္ေနထားျဖင့္ ဘာပကာသနမွမပါပဲ ယဥ္ယဥ္ကေလးျဖင့္ သိပ္လွေနေသာဆရာမေလးတစ္ေယာက္ႏွင့္ေဘးမွျခင္းေလးဆြဲ၍ ၿပဳံးရယ္ေနေသာအမ်ိဳးသားေလးတို႔ႏွစ္ေယာက္သား ကြၽန္းပင္တန္းတို႔ေဘးလမ္းကေလးေပၚတြင္အတူေလွ်ာက္လာရင္းစကားေျပာေနၾကသည့္ျမင္ကြင္းသည္ ျမင္ရသူတိုင္းကိုစိတ္ေအးခ်မ္းေစပါလိမ့္မည္။သူတို႔မျမင္ႏိုင္သည့္မွင္ေသေသမ်က္လုံးတစ္စုံကလြဲရင္ေပါ့။

"က်စ္....ျမင္ျပင္းကပ္စရာပဲ! "

မပန္း႐ုံတို႔အိမ္က ၿခံဝင္းက်ယ္က်ယ္ႏွင့္ႏွစ္ထပ္တိုက္အိမ္ျဖစ္သည္။ၿခံဝင္းထဲဝင္သြားၾကေတာ့ ၿခံထဲတြင္ေပါင္းျမက္တို႔ကိုေပါက္ျပားတစ္လက္ျဖင့္ရွင္းေနေသာေကာင္ေလးတစ္ေယာက္ကိုေတြ႕ရသည္။သူ႔အနားတြင္ေတာ့လူႀကီးတစ္ေယာက္က ထိုင္ခုံတစ္လုံးခ်၍ထိုင္ေနၿပီးလက္ထဲတြင္လဲ စာအုပ္ထူႀကီးတစ္ခုကိုေတြ႕ရသည္။

"အေဖ"

မပန္း႐ုံရဲ႕ေခၚသံၾကားေတာ့ထိုသူကေအးေအးေဆးေဆးပင္ထလာၿပီးသူ႔ကိုၿပဳံးျပလာသည္။

"အေဖ.....ဒါပန္း႐ုံဟိုေန႔ကေျပာျပထားတဲ့ ဆရာေလးနာမည္ကေႏြးသက္ပိုင္"

"ေတြ႕ရတာဝမ္းသာပါတယ္....လာလာေမာင္ရင္..ပန္း႐ုံေျပာျပထားလို႔ အိမ္မွာရွယ္ခ်က္ခိုင္းထားတယ္"

"ဟုတ္..ေက်းဇူးပါဗ်"

ထိုအခ်ိန္တြင္သူေတြးမိသြားသည္ မပန္း႐ုံကအေဖတူလို႔ေနမယ္၊ဒါေၾကာင့္သေဘာေကာင္းၿပီး ခင္မင္စရာသိပ္ေကာင္းေနတာ။

"ဟိုေကာင္....ထမင္းစားမယ္သြားေရမိုးခ်ိဳးေတာ့...ေနာက္တစ္ခါဆို ဒီထက္ဆိုးမယ္မွတ္"

ထိုစကားကိုၾကားမွလက္ထဲကေပါက္တူးကိုခ်ကာ ထြက္သြားေသာထိုသူ။

"ေဟာ...ဘာေတြမ်ားျဖစ္ၾကျပန္ၿပီတုန္း....ဘာလို႔ေလး႐ုံကိုျမက္ထိုးခိုင္းထားရျပန္တာလဲ အေဖရဲ႕"

"ေျပာလို႔ေတာင္မေကာင္းဘူး....မစန္းခင္သားေအာင္ေက်ာ္နဲ႔ရန္ျဖစ္လာတယ္ေလ...ဟိုဘက္မိဘေတြကသူတို႔သားေရွ႕သြားႏွစ္ေခ်ာင္းကြၽတ္သြားလို႔ဆိုၿပီးလာတိုင္တယ္....ဒါေၾကာင့္ျမက္ထိုးခိုင္းထားတာနည္းေတာင္နည္း‌ေသးတယ္....ေက်ာင္းကလဲျပန္ခ်ိန္မေရာက္ပဲျပန္လာတယ္...ဒီႏွစ္ဆယ္တန္းက်လို႔ကေတာ့ ဒင္းကိုေက်ာင္းထုတ္ပစ္မယ္"

"ေတာ္ပါေတာ့အေဖရယ္..လာလာ သက္ပိုင္"

မီးဖိုထဲမွစားပြဲခုံႀကီးေပၚတြင္ အစီအရီတင္ထားေသာဟင္းမ်ားက သြားရည္ယိုခ်င္စဖြယ္ မပန္း႐ုံကေတာ့အဝတ္လဲၿပီးေတာ့ သူ႔အတြက္ထမင္းကိုခူးခပ္ေပးေတာ့ သူကပင္အားနာစြာကိုယ့္ဘာသာကိုယ္ခူးမည္ဟုေျပာကာ ခူးရျပန္သည္။

"အေဖ...လာစားေတာ့ေလ"

"ေန....ေန....သမီအေဖစားၿပီးၿပီ"

"ေမာင္ေလး.....ေလး႐ုံထမင္းလာစားေတာ့ေလ"

"လာၿပီ.....မမ"

ခဏေနေတာ့ ထမင္းစားခန္းထဲသို႔ဝင္လာေသာသူ။သူ႔နံေဘးမွျဖတ္သြားေသာအခါ သင္းခနဲထြက္လာသည့္ရနံ႔ကေလး။ဒါ...ဒါ။သူ႔ေဘးသို႔ပစ္တင္လိုက္‌ေသာအခါ ေတြ႕လိုက္ရသည့္ လက္စြပ္ကေလးတစ္ကြင္း။

"ေက်ာင္းကိုလာၿပီးျပန္ေပးမလို႔ပဲ...ဒါေပမယ့္တိမ္ေတြေပၚပ်ံသန္းေနတဲ့သူေတြကို မေႏွာင့္ယွက္ခ်င္လို႔"

" ဗ်ာ! "

"ဟဲ့...ေလး႐ုံ"

"အာ…လာႀကိဳတဲ့သူက မပန္း႐ုံရဲ႕ေမာင္ေလးလား"

"အင္း"

"ဒါေၾကာင့္ေနမယ္…မပန္း႐ုံနဲ႔႐ုပ္ဆင္ေနတာ"

"စားမွာကိုစား…အရမ္းစကားမ်ားတယ္"

စားေနစဥ္တစ္ေယာက္လုံး မပန္း႐ုံသည္သူ႔အားဂ႐ုတစိုက္ရွိလွသည္။မပန္း႐ုံကိုေတြ႕ရတာမၾကာေသးေသာ္လည္း သူ႔ႏွလုံးသားထဲတြင္မပန္း႐ုံအားေနရာေပးမိၿပီျဖစ္သည္။မပန္း႐ုံဟာ သူ႔ေမေမေဒၚခ်စ္သက္လယ္ႏွင့္တူသည္။

"ေလး႐ုံေရာ့ ဒီမွာနင့္အႀကိဳက္ငါးဥဆီျပန္ေၾကာ္ထားတာ မ်ားမ်ားစား…ဒါမွဉာဏ္ပိုေကာင္းလာမွာ"

တကယ္ေတာ့ သက္ပိုင္လည္းငါးဥဆီျပန္ဟင္းကိုအလြန္ႀကိဳက္ပါသည္။သို႔ေပသိ မယူရဲေသာေၾကာင့္ဒီတိုင္းၾကည့္ေနခဲ့ျခင္း။ေနာက္ဆုံးအရဲစြန႔္၍ ယူမည္ဟုလက္လွမ္းလိုက္ခါမွ ဟင္းခြက္ကိုသူ႔ဘက္သို႔ဆြဲယူလိုက္ေသာလက္တစ္ဖက္။သြားၿပီ မ်က္စိေရွ႕မွတျဖည္းျဖည္းေဝးသြားေသာ ငါးဥဆီျပန္ဟင္းပန္းကန္က သူ႔ကိုလက္ျပႏႈတ္ဆက္ကာေလွာင္ေျပာင္ေနသေယာင္။သူေခါင္းကိုငုံ႔၍ ထမင္းျဖဴျဖဴတို႔ကိုသာ သြတ္စားေနလိုက္ေတာ့သည္။

"ေရာ့"

"ဟင္…"

"လိုခ်င္ရင္ယူစား…ၾကည့္ေန႐ုံနဲ႔ဗိုက္ျပည့္သြားမွာမဟုတ္ဘူး"

သူ႔ထမင္းပန္းကန္ကိုငုံ႔ၾကည့္လိုက္ေတာ့ ဟင္းႏွစ္တုံး။ဘယ္လိုသိသြားတာတုန္း။သူအဲ့ေလာက္ေတာင္သိသာေနတာမ်ားလား။

"လာႀကိဳတဲ့သူကို ေက်းဇူးတင္ပါတယ္ခင္ဗ်"

"မလိုဘူး…ၿပီးေတာ့ကြၽန္ေတာ့္ကို လာႀကိဳတဲ့သူဆိုၿပီးေခၚေခၚမေနနဲ႔…ကြၽန္ေတာ့္မွာနာမည္ရွိတယ္"

"ဪ…ဒါဆိုလာႀကိဳတဲ့သူရဲ႕နာမည္ကို‌ ေျပာျပပါခင္ဗ်"

"ျမတ္ေလး"

"ဟမ္"

"ကြၽန္ေတာ့္နာမည္က ျမတ္ေလး႐ုံ"

"အာ…ျမတ္ေလးပန္းေပါ့ နာမည္ေလးကလွသားပဲ"

"အင္း"

ပန္း႐ုံဒီေန႔ေတာ့ အံ့ဩရသည္ခ်ည္းပင္။အငယ္ေကာင္ဘာေတြျဖစ္ေနသည္လဲ။ထူးထူးျခားျခား ခုမွေတြ႕သည့္သူစိမ္းတစ္ေယာက္ကို ဟင္းေတြခပ္ထည့္ေပးသည္။သူ႔နာမည္ကို ျမတ္ေလးပန္းဟုေျပာသည္ကိုပင္ ၾကည္ၾကည္ျဖဴျဖဴလက္ခံလိုက္သည္။ငယ္ငယ္ကလို ထမထိုးပဲနဲ႔ေလ……။

ဒီေန႔က ပန္းအလုပ္ေတြရႈပ္ေနလို၁၀၀၀ပဲေရးလိုက္တယ္ေနာ္…ေစာင့္ေနၾကမယ္ထင္လို႔တင္ေပးလိုက္ပါၿပီ…ေနာက္တစ္ပိုင္းမွမ်ားမ်ားေရးေပးမယ္ေနာ္။

17.10.2023
နေ့လယ် ၂နာရီ၅၂မိနစ်

*************©®©*************







Continue Reading

You'll Also Like

37.9K 7.3K 30
A Lawyer, Bold with a bit of anger issues, Smart, Not in good terms with his Father. A Girl, Sweet but Insecure about her weight, With Career tension...
16.3K 970 6
"လက်လွှတ်ခဲ့ပြီးမှ ဘာလို့ရယူဖို့ကြိုးစားနေရတာလဲမောင် " ဒီရာနို "အမှားတွေ အကုန်လုံးအတွ...
27.7K 532 57
"Kiss me," while looking straight into her grey eyes. Chuckling she said, " Sorry, Ms.Walker but I'm not interested". I walked close to her now she w...
26.4K 358 57
A WOSO Oneshot book Oneshots of favourite Women's footballers Mainly the Lionesses, Arsenal Women's team,Chelsea Women's team, Man City Women's team...