ဘူဆန်မြောက်ပိုင်းလို့သာဆိုတယ်....
မြို့ပြင်လည်းဖြစ်ကာ
လူနေအိမ် ဟိုတစ်စု
ဒီတစ်စု လောက်သာရှိပြီး
ရှေးဟောင်းဘုန်းကြီးကျောင်းတွေသာ
၀န်းရံထားတာမို့
လျှပ်စစ်မီး,ရသော်လည်း
မြို့ပြလိုလင်းထိန်မနေ
ကျောင်း၀န်းတစ်ခုနှင့်တစ်ခု
တော်တော်လေးလှမ်းကာ၊
ကြားတွင် ဝါးတောဝါးရုံများနှင့်
အခြားသစ်ပင်တော်တော်
များများခြားထား၍
တိတ်ဆိတ်အေးချမ်းလှ၏။
ထို့ပြင် မိုးဦးအစမို့ထင်...၊
ညနေစောင်းလောက်ဆိုရင်ကို
ပုဇဉ်းရင်ကွဲတို့ ဖားအော်သံတို့ကြားရလေပြီ
ဂျောင်ဂုတစ်ယောက်လည်း
အမော,မဆို့ရုံတမယ်
ပြေးလာလိုက်တာ....
တည်းတဲ့အဆောင်နားရောက်ခါမှသာအသက်၀အောင်ရှူနိုင်တော့သည်။
"ဟော....ဂျောင်ဂု
မှောင်တောင်နေပြီ
ခြေလက်သွားဆေးတာကြာလှချည်လား
ရေချိုးဆောင်မှာလဲမတွေ့ ....၊
samတို့က မင်းတစ်ယောက်တည်း
ကွက်ပျောက်နေလို့ ခုပဲလိုက်ရှာနေတာ"
"ဟုတ် samဂျွန်း...
ကျွန်တော်လဲရှုခင်းလှလို့ လိုက်ကြည့်နေတာနဲ့
နည်းနည်းနောက်ကျသွားတယ်
samတို့ကို စိတ်ပူအောင်လုပ်မိပြီ"
"ဂရုစိုက် နေရာစိမ်းဒေသစိမ်းမို့
တစ်ယောက်တည်းလျှောက်မသွားနဲ့အုံး...
sam ပြောချင်တာသိတယ်မလား"
"ဟုတ်ကဲ့...၊ဂရုစိုက်ပါ့မယ် sam"
"ခုလောလောဆယ်
ရေလေးဘာလေးသောက်လိုက်အုံး...
မင်းကြည့်ရတာ အမောတခေါနဲ့ ၊
samတော့ လေကောင်းလေသန့် ရှူလိုက်အုံးမယ်"
"ဟုတ် ဟုတ် samလည်း ဂရုစိုက်သွားပါ"
~~~~~~~~~~~~
"ဒါဆို မင်း သရဲခြောက်ခံခဲ့ရတာပေါ့ ဟုတ်လား?"
ညစာအတွက် တစ်မေဂျာလုံး
တက်ညီလက်ညီ ချက်ပြုတ်ပြင်ဆင်ပြီးမှ
ဝိုင်းဖွဲ့ စားသောက်ကြရာ
ထယ်က ပလုတ်ပလောင်းစားလျက်
သူပြောသမျှကိုနားထောင်နေရင်းမှ
ပြန်မေးလာသည်..၊
"မသိပါဘူး သရဲလားဘာလားတောင်
လှည့်မကြည့်မိခဲ့ဘူး"
"ဟားး ဖြစ်ရလေ...."
"ထယ် လှောင်တာလား မင်းက"
"မလှောင်ရဲပါဘူး Jeon....ရယ်"
ဂျောင်ဂုရေသောက်နေရင်းမှ
ရုတ်တရက်
တုန်တက်သွားကာ....
"အဲ့နာမည်ကြီးမခေါ်စမ်းနဲ့ ကြက်သီးထလွန်းလို့"
"ဘာလို့လဲ... နာမည်လေးလှတာကို
ငါတောင်ပြောင်းခေါ်ရမလိုပဲ"
"ချီး...."
"ဟားဟားးး ဂျွန်ဂျောင်ဂုတို့ကတော့"
အားလုံး စားသောက်ပြီးတာနဲ့
နှစ်ယောက်သား
ပန်းကန်ကူဆေးပေးနေတုန်း
ထယ့်ဘက်က စကားဆက်လာသည်...၊
"အဲ့တော့ မင်းက ယုံတယ်လား?
အဲ့သရဲမ,ကိုလေ?"
"ငါ့အထင် သရဲမ,မဟုတ်လောက်ဘူး"
"ဒါဆို သရဲထီးပေါ့"
"ထယ်.....!"
"အေးပါ...မ,စတော့ဘူး..အိုခေ?
မင်းပြောတော့မိန်းကလေးအသံနဲ့
တူတယ်ဆိုလို့ပါ..."
"အင်း~ ကြားကြားချင်းတော့
တူတယ်ထင်မိပေမယ့်
တစ်ချိန်တည်းမှာပဲ မိန်းကလေးမဟုတ်မှန်း
ငါ့စိတ်ထဲကသိနေသလိုပဲ ပြီးတော့
အဲ့အသံ....တစ်နေရာရာမှာ ရင်းနှီးနေတယ်..."
"ဂျောင်ဂု....ဘာကြီးတုန်း?
မင်းစကားကကြီးကလဲ..."
ဂျောင်ဂုအနည်းငယ်စဥ်းစားဟန်ပြုပြီးမှ
ခေါင်းတရမ်းရမ်းနှင့်
"မဟုတ်လောက်ဘူး....
ငါ စိတ်ထင်တာနေမှာပါ"
ဆေးပြီးသားပန်းကန်တွေ
ကူသယ်ပေးနေရင်းမှ
"ဒီလိုလုပ်, မနက်ဖြန်ထပ်သွားကြမလား?
ငါမင်းနဲ့အတူလိုက်ခဲ့မယ်လေ အဖော်ရတာပေါ့"
"ဖြစ်ပါ့မလား samတို့က
ခွင့်မပြုလောက်ဘူးနော်"
"အဲ့အတွက်တော့ စိတ်မပူနဲ့
ငါ ရအောင်ပြောကြည့်မယ် အိုခေ?"
"အင်း ပြီးတာပဲ"
ထိုနောက် ထယ်က ပြုံးစိစိဖြင့်
"ဘာလဲ မင်းကကြောက်လို့လား?
ဟိုရောက်မှ အရင်ထွက်မပြေးကြေးနော်"
"မ...မ..ပြေးပါ...ဘူး"
ပြောသာပြောရတာ
ဒီနေ့လဲ သူထွက်ပြေးလာရတာပဲမလား
ဇာတ်ကားတွေထဲမှာသာ
မိတ်ကပ်လိမ်းထားမှန်းသိလို့
မကြောက်ဘူးပြောရဲတာ
တကယ့်လက်တွေ့မှာကျ
မမြင်အပ်,မြင်အပ်မို့
နည်းနည်းတော့လန့်ပါသည်....။
~~~~~~~~~~~~~~
"Jeon..... လာထိုင်လေ
ဘာလုပ်နေတာလဲ?"
ချောက်ကမ်းပါးနားက
မြက်ခင်းပြင်စိမ်းကြီးပေါ်
အကြင်သူက
သူ့အဆင့်အတန်း
ဂုဏ်ပကာသနတွေကိုမှ မထောက်
အောက်အခင်းလည်းမပါဘဲနှင့်
ထိုင်ချလေတော့....
"မင်လေး.....
တိုင်းပြည်ရဲ့မင်းသားက
အဲ့လိုထိုင်ချင်တဲ့နေရာ
ထိုင်လို့ဘယ်ဖြစ်မလဲ...၊
မှန်း~~ခဏထပါအုံး"
တစ်လမ်းလုံး
မလှမ်းမကမ်းကနေသာ
သူလိုက်လာခဲ့တယ်ဆိုပေမယ့်
မင်းသားလေးအတွက်ဆိုတော့လည်း
သူ့မှာအပြေးအလွှား.....
ခဏထခိုင်းလိုက်ကာ
ချက်ချင်း အပေါ်၀တ်ရုံကိုချွတ်
ခင်းပေးလိုက်တော့
မင်းသားလေးမျက်၀န်းတွေအဝိုင်းသား....
အင်းလေ
ဘယ်လိုပဲမြက်ခင်းပြင်ဆိုပါစေအုံး
မိုးဦးမို့ ဖုန်တွေသဲတွေက
ရွှံ့ဖြစ်ရင် ဖြစ်နေမှာကို
ဘယ်လိုအတွေးနဲ့များ
အပေါ်၀တ်ရုံတစ်ခုလုံးကို.....
"ရပြီ....ထိုင်တော့ မင်လေး"
အင်း~~ ထိုင်စေချင်လို့ခင်းပေးတာပဲလေ
"အွန်း ဒါဆိုJeonလဲ လာထိုင်"
သို့ပေမယ့်
မင်းသားလေးက သူ့ကို
လက်ယက်ခေါ်ကာ
ဘေးက ၀တ်ရုံနေရာလွတ်ပေါ်
ပုတ်ပြလေရာ
ချစ်ရသူစကားဆိုတော့လည်း
ကြာကြာမလွန်ဆန်နိုင်....၊
ဘာမှမဖြစ်လောက်ပါဘူး....။
"Jeon....
ကြည့်ပါအုံး ရှုခင်းကို
မလှလွန်းဘူးလား....
ငါငယ်ငယ်တည်းက
ဒီနေရာကို သိပ်သဘောကျတာ"
"အင်း~ သိပ်လှတာပေါ့
လုံး၀ ကိုယ့်အကြိုက်ပဲ"
ဘေးချင်းယှဉ်ထိုင်နေတဲ့
ကောင်လေးနှစ်ယောက်အနက်
တစ်ယောက်က
ရှုခင်းကိုညွှန်းဆိုတာမှန်ပေမယ့်
နောက်တစ်ယောက်ကမူ
ဘယ် သက်ရှိလေးကို
ညွှန်းဆိုနေပါလိမ့်....
မင်းသားလေးမှာတော့
မျက်စိရှေ့က ရှုခင်းကိုသာ
သဘောကျလွန်းစွာ
ကြည့်နေမိရင်း
သူ့အထင် မမှားဘူးဆို
နန်းဆောင်ထဲမှာနေရတာထက်
အပြင်မှာက ပိုပြီး
သက်တောင့်သက်တာရှိလိုက်တာ....
ရှုခင်းလည်းခံစား...
အနီးနားက အပင်ကနေ
သူတို့မှီထိုင်ထားတဲ့
အပင်ကြီးဆီ
ကူးလိုက်သန်းလိုက်
လုပ်နေတဲ့ ငှက်ကလေးတွေကို
လိုက်ကြည့်ရတာလည်းအမော....
Jeonကတော့
ဒီချောက်ကမ်းပါးနားက
လူအသွားအလာရှင်းတာမို့
မပိုင်သူလေးကို
မသိ,မ,သာရော သိသိသာသာပါ
ငေးကြည့်နေမိသည်....။
"Jeon....
ကဗျာစပ်တတ်တယ်မလား?"
ရှုခင်းတွေကြည့်ရင်းက
ရုတ်တရက် သူ့ဘက်လှည့်လာကာ
မေးလေတော့
ကိုယ်လဲ ခေါင်းငြိမ့်ပြလိုက်မိလားမသိ
"ဒါဆို ငါ့အတွက်လဲ
သုံး လေးကြောင်းလောက်
စပ်ပေးမလား....?"
ဘာရယ်မဟုတ်
Jeonမေ့ကျန်ခဲ့တဲ့
ပေရွက်ထုပ်တွေထဲက....
စပ်ထားတဲ့ကဗျာတချို့
ဖတ်ကြည့်မိတော့
စိတ်ထဲ လိုချင်မိတာနဲ့ပဲ
ဘယ်သူ့အတွက်စပ်ထားတယ်
မသိပေမယ့် အရေးအသားလေးတွေ
ပြောင်မြောက်လွန်းလို့
အသိအမှတ်မပြုဘဲမနေနိုင်....၊
ကိုယ်က မေးနေသော်လည်း
စပ်ပေးမယ်လည်းမပြော
မစပ်ပေးဘူးလည်းမဟုတ်
ဘယ်သွားသွားပါနေကျ
ကြိုးရှုံ့အိတ်ထဲက
ပစ္စည်းကိရိယာတို့ကိုထုတ်ကာ
ရေးဖို့ဟန်ပြင်တော့
မင်းသားလေးလည်း
အလိုက်တသိ အကြည့်လွှဲပေးလိုက်သည်....။
တစ်စုံတစ်ယောက်ကတော့ဖြင့်
ခံစားချက်သက်၀င်စေရန်
လက်တစ်ဖက်က
စုတ်တံကိုင်ရင်း.....
အလှပဂေးလေးအား ငေးနေစမြဲ
ကုန်းအမြင့်ဘက်မို့
လေကလည်းတဖြူးဖြူး
တိုက်ခတ်လျက်....၊
သစ်ပင်အကိုင်းအခတ်များကြားမှ
တိုးလျှိုလာသည့်
ဖျော့တော့တော့
နေရောင်ခြည် တစ်စွန်းတစ်စက
မျက်နှာဖူးဖူးလေးပေါ်
ကျတစ်ချက် မကျတစ်ချက်
ရုတ်တရက် လေအဝှေ့တွင်
မိုးဦးသင်္ကေတ မိုးဖွဲလေးများ
လွင့်စင်လာတာကြောင့်
မျက်တောင်လေးများ
ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း
မိုးစက်အနည်းငယ်၀င်သွား၍
မျက်၀န်းလေးများ အရည်လဲ့လာရာ
Jeonတစ်ယောက်
စုတ်တံကိုင် ငေးနေရာမှ
ကာရန်ညီစာသားအချို့အား
ရေးစပ်မိတော့သည်...၊
Jeon ရေးချလိုက်သည်ကား......
လေညင်းရယ်ခို
နေရောင်တောင် ရှောင်,မတိမ်းတယ်...၊
မိုးဥတို့ကြွေခါမှ
ရွှန်းလဲ့မျက်၀န်း.....။
>>>>>>>•<<<<<<<
#Guu