အချစ်တို့ မြစ်ဖျားခံရာ ( comp...
By EmmaRine9820
499K 14.4K 557
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၁၃) uni & zg
9.3K 359 1
By EmmaRine9820
Unicode
ကိုကို ယားတယ် ဘာဖြစ်နေတာလဲ မစပါနဲ့ကွာ....ခစ်ခစ်ခစ် ကိုကိုနော် စိတ်ကောက်
လိုက်တော့မှာ "
လေပြေသွေးမှာ ခန့်မှူးလွင်၏ ကျီစယ်စွာ ကလိထိုးနေမှုကြောင့် တွန့်လိမ်နေတော့သည်။
"ကိုကိုက ချစ်လို့လေ ကလေးကလဲ ကို့ကိုကိုမချစ်ဖူးလားပြော"
"ချစ်တာပေ့ါ ချစ်လွန်းလို့ရူးတော့မယ်"
"ပြွတ်"
"ဟင်းတော်ပီကွာ ကိုကိုရာ ထတော့ရေချိုးရအောင်"
စိုင်းခက် ခန်းမှုးလွင်ရဲ့အခန်းသို့တက်လာစင် လော့ကျအောင်ပိတ်မထား၍ ဧည့်ခန်းထဲကလာသော အသံများအားအတိုင်းသားကြားနေရသည်။ဝင်သွားရမလားလှည့်ပြန်ရမလား တွေးရင်းခနရပ်နေရသည်။
ဒေါက်ဒေါက်ဒေါက်
" ဟျောင့် ခန့်မှူးလွင်"
စိုင်းခက်လဲ ဝင်ခဲ့လိုက်တော့ ခန့်မှူးလွင်က ဆိုဖာပေါ်မှာ ထိုင်နေကာ လေပြေသွေးကခန့်မှူးလွင်အပေါ်တွင်ခွလျက်သား ... စိုင်းခက်ကိုလဲ မြင်ရော လေပြေသွေးက ရှက့်ကို့ရှက်ကန်းနဲ့ ခန့်မှူးလွင်ကို တွန်းဖယ်ကာ ဘေးသို့ပြောင်းထိုင်လိုက်သည်။
"လာမယ်ဆိုလဲဖုန်းလေးတော့ကြိုဆက်ပေါ့ မမြင်
သင့်တာတွေမြင်ကုန်တော့မှာပဲ"
"မင်းတို့ဘာသာ တံခါးတောင်လော့မချဘဲ ဧည့်ခင်းတောင်မရှောင် နေ့ခင်းကြောင်တောင်ကြီးမဟုတ်တာလုပ်နေပီးတော့"
"ဟ ကို့အိမ်နဲ့ကိုပဲ နေ့ခင်းမလုပ်ရဘူးလို့မင်းဘယ်သူပြောလဲ "
"ဟာ ကိုကို ဘာဖြစ်နေတာလဲတော်တော့"
လေပြေသွေးကတော့ ရှက်လွန်းလို့အငွေ့ပြန်ပီးပျောက်သွားချင်လေပီ...
"ဟို ..  အကိုစိုင်းခက်လျှံအတွက် လေပြေ တစ်ခုခုစီစဉ်ပေးမယ်နော်"
ဟုဆိုကာ နောက်ထဲပြေးဝင်သွားတော့သည်။
"ကဲ ဆိုစမ်းပါအုံး ပေါ်တော်မူကြီး ဘာရှိလို့ငါ့အခန်းထိတောင်ရောက်လာတာလဲ" 
စိုင်းခက်လဲဆိုဖာတွင်ဝင်ထိုင်လျက်
"ငါ... ငါမင်းတို့ကိုမတွေ့တာကြာလို့ပါ
ဟိုနှစ်ကောင် နဲ့လဲ ဖုန်း​ပြောရပါတယ် ဝေယံ အဖေဆီမှာပဲ ပိုင်သစ် ရော အလုပ်ဝင်နေကြတယ်တဲ့ နယ်ဘက် တွေလဲသွားရတော့မအားလို့တဲ့"
"ဟျောင့် စိုင်းခက် မင်းငါ့ကိုလာဝေ့မနေနဲ့ မင်းမှာအခြားအကြောင်းရှိသေးတယ် ပြောငါ့ကို"
စိုင်းခက်မှာ ခုလောလောဆယ်တိုင်ပင်စရာဆိုလို့
ခန့်မှုးလွင်သာ ရှိသည်။ ဝေယံတို့က အလုပ်ကိုယ်စီနဲ့ဆိုတော့အရင်လိုခနခနမဆုံဖြစ်တော့ပေ။ဒါပုံမှန်ပါပဲ ကျောင်းတွေပီးကြတဲ့အခါ သက်ဆိုင်ရာလုပ်ငန်းခွင် တွေကိုယ်စီရောက်ပီး အရင်လိုတူတူရှိဖို့မဖြစ်နိုင်တော့ပါ။
လေပြေသွေးက စိုင်းခက်အတွက်အအေးနဲ့မုန့်လာချပေးပီး ရေချိုးအုံးမယ်ဟုပြောကာ ထွက်သွားလေသည်။
"ဒီလိုကွာ ငါ့ကိုငါလဲဘာဖြစ်နေမှန်းမသိတော့ဘူး
ခုရက်ပိုင်း ငါ့စိတ်တွေ အကို့ ပေါ်တစ်မျိုးပဲ၊ အကိုနဲ့မျက်လုံးခြင်းဆုံမိရင် ရင်ခုန်သံတွေမြန်လာတယ် အကိုနဲ့နီးကပ်သွားတဲ့အချိန်တိုင်း ငါစိတ်တွေမူမမှန်ဘူး စိတ်ရှုပ်လာတယ်ကွာ
မစဉ်းစားတတ်တော့ဘူး"
"ငါထင်သားပဲ မင်း ကိုထိုက်ကို ကြိုက်နေပီ"
"ဟာ မဖြစ်နိုင်တာ ငါဟိန်းကိုချစ်နေသေးတယ်လေ၊ ငါနဲ့အကိုက အတိုင်ဖောက်ညီလည်းညီတယ်၊နှစ်ယောက်အတူအချိန်ဖြုန်းရတာလဲကြိုက်တယ်၊အကိုကငါ့ကိုအလိုလဲလိုက်တယ် အဲတာကြောင့် ငါအထင်မှားသွားတာပဲဖြစ်မယ်၊ ငါဟိန်းကိုဘယ်လောက် ချစ်လဲမင်းအသိပဲလေ "
"မင်းကိုယ်မင်းသေချာသေးရဲ့လား စမ်းစစ်ကြည့်ပါအုံး ဟိန်းကိုမင်းမချစ်တော့ဘူးလို့ ငါမပြောဘူးနော် အရင်လို 100 % အပြည့်ရှိသေးရဲ့လား မင်းက ကာယကံရှင်ပဲ အသိဆုံးဖြစ်မှာပေါ့"
ခန့်မှူးလွင်စကားတွေကြောင့် စိုင်းခက်ခနတော့ တွေဝေသွားရသည်။
" ကဲ မင်းမပြန်သေးဘူးမို့လား ငါနဲ့သွေး ညနေမုန့်သွားစားမှာ လိုက်ချင်လိုက်ခဲ့ ခုငါရေချိုးလိုက်အုံးမယ်"
ခန့်မှုးလွင်ထွက်သွားသည်အထိ စိုင်းခက်အတွေးများ နယ်ချဲ့လို့မဆုံးနိုင်။...
               **** 🌸🌸🌸*****
"ဟိန်းထက် ဒီကိုခနလာအုံး"
ဟိန်းရဲ့ဖေဖေ ဦးကောင်းမင်းထက်မှ ဧည့်ခန်းထဲတွင် စရင်းစစ်ရင်း အပြင်ထွက်ဖို့ အပေါ်ကနေ အောက်ဆင်းလာနဲ့ဟိန်းကို လှမ်းခေါ်လိုက်သည်။
"ဟုတ်ကဲ့ဖေဖေ သားကိုခိုင်းစရာရှိလို့လား"
ဟိန်းဧည့်ခန်းအတွင်းသို့လျှောက်လာကာ ဖေဖေနဲ့ မျက်နှာချင်းဆိုင်ဝင်ထိုင်လိုက်သည်။
"ဆောက်လုပ်ရေး project အသစ်ရှိတယ်ဆိုအဆင် ပြေလား "
"ဟုတ်ကဲ့ ပြေပါတယ်ဖေဖေ ရတီချိုကလဲ ကူညီပေးပါတယ်"
"အေးကောင်းတယ် မင်းရတီချိုနဲ့ မြန်မြန်ရင်းနှီးအောင်လုပ် နောက်နှစ်ထဲ မင်းတို့နှစ်ယောက်စေ့စပ် ပေးဖို့ ကိစ္စ ဦးမင်းထင် နဲ့ငါတိုင်ပင်ထားတယ်။ "
"ဖေဖေရယ် သားဆန္ဒကိုလဲ ထည့်တွက်ပါအုံး
ငယ်ငယ်ထဲက ဖေ့ဖေ့သဘောတိုင်းနေလာခဲ့တာပါ ခုလဲကျောင်းပီးထဲက ဖေဖေ့စိတ်တိုင်းကျ လုပ်ငန်းခွင်ဝင်ပီး အိမ်နဲ့အလုပ် အလုပ်နဲ့အိမ်ပဲ သားဖြတ်သန်းခဲ့ရတာ။ခုက တစ်ဘဝလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်လို့ သားနှလုံးသားကို သားရွေးချယ်ပါရစေ"
"ဟျောင့် ဟိန်းထက် မင်းငါ့ကို ဘာမှအပိုတွေပြောမနေနဲ့ မင်းရဲ့ကျောင်းတုန်းက အခြောက်ဇာတ်လမ်းကြောင့် ဒီကိစ္စကို ငြင်းနေတာငါမသိဘူးထင်နေလားမင်းအဲကောင်နဲ့အဆက်အသွယ် ပြန်လုပ်ရဲလုပ်ကြည့်ငါ့အကြောင်းမင်းသိပါတယ် ပီးမှငါ့အဆိုးမဆိုနဲ့"
"ဖေဖေရယ် ဒါဖေ့ဖေ့သား ရဲ့ဖြစ်တည်မှုပါ
မဆိုင်တဲ့သူတွေကို ဆွဲမထည့်ပါနဲ့ဗျာ သားတောင်းပန်တယ်"
" အေး ဆွဲမထည့်စေချင်ရင် အနေအထိုင်ဆင်ခြင် မဟုတ်တာလုပ်ဖို့မစဉ်းစားနဲ့ သွားစရာရှိတာသွားတော့"
ဟိန်းစိတ်ညစ်ညစ်နဲ့ပဲ ဖေ့ဖေ့ရှေ့မှထွက်လာလိုက်ကာ ကားသွားယူပီး ဦးတည်ရာမရှိပတ်မောင်းနေလိုက်သည်။
ဟိန်းသည်ငယ်ငယ်ထဲက ဖေဖေစကားတွေကိုမလွန် ဆန်ခဲ့ဖူးပါ ၊ မလွန်ဆန်နိုင်ခဲ့တာဆိုပိုမှန်ပါလိမ့်မယ်။ ဟိန်းမေမေက ၆တန်းနှစ်မှာဆုံးသွားခဲ့ပီး ဖေဖေကသာအမေလိုရော အဖေလိုပါ နောက်အိမ် ထောင်မပြုဘဲ စောင့်ရှောက်ပေးခဲ့သည်။ ဖေဖေက စည်းကမ်းကြီးသည်၊တိကျသေချာသည်၊ မိတဆိုးလေးဆိုပီး အလိုမလိုက်ခဲ့ စည်းတွေဘောင်တွေနဲ့သာထားပီး ကြီးပြင်းစေခဲ့ခြင်းဖြစ်သည်။ဒါကြေင့်လဲ ဟိန်းက အရွယ်နဲ့မလိုက်အောင် တည်ငြိမ်ရင့်ကျက် လွန်းနေခြင်းပင်။
ဟိန်း စိုင်းခက်နဲ့ တွဲပီး လဝက်လောက်မှာ ဖေဖေသိသွားခဲ့သည်။ ဖေဖေက ဘယ်တော့မှလက်မပါ စကားလုံးတွေနဲ့သာ ထိုးနက်သည်။ အိမ်ပြန်ရောက် တော့ဖေဖေ့ရဲ့ကြောက်စရာကောင်းတဲ့အကြည့်တွေနဲ့စကားလုံးဒဏ်တွေကို ဟိန်းခံရသည်။ ကျောင်းရောက်တော့လဲ စိုင်းခက်နဲ့မတူညီမှုတွေကြောင့် စိတ်ရှုပ်ရပြန်သည်။ ဟိန်းအရမ်းစိတ်ညစ်ခဲ့ရသည်။ ရင်ဖွင့်ရမဲ့သည်မရှိ အထီးကျန်လွန်းသည်၊မွန်းကျပ်သည်၊မေ့မေ့ကိုလဲ လွမ်းသည်၊မေမေသာရှိရင် ဟိန်းဘက်မှာ ရပ်တည်ပေးမှာအသေချာပင်.... ဒါကြောင့် စိတ်ပင်ပန်းမှုတွေကနေ ရုံးထွက်ဖို့ စိုင်းခက်အပေါ်နာကျင်မှုတွေပေးကာ လမ်းခွဲခဲ့သည်။
ဒီနေ့ထိ စိုင်းခက်ကို တစ်ရက်မှ မေ့မရခဲ့ပါ တကယ် ချစ်လို့တွဲခဲ့တာမဟုတ်လား။ စိုင်းခက် လူတစ်ယောက်နဲ့ ocean မှာလက်ချိတ်ပီးလျှောက်သွားနေတာကို မင်းသုတ မြင်လိုက်တဲ့အကြောင်း ဟိန်းကိုလာပြောတုန်းကဆို ရင်ထဲမှာပလောင်ဆူခဲ့ရသေးသည်။
နောက်ရက်တွင်လဲ စိုင်းခက် my day တွေမှာ လူ
တစ်ယောက်နဲ့ပုံတွေ တင်ထားတာ ဟိန်းတွေ့ရပြန် သည်။ ရုပ်ရှင်ရုံမှာ မျက်နှာချင်းဆိုင်တွေ့လိုက်ရတော့ အဆိုးဆုံးပေါ့ သို့ပေမဲ့ သူရတီချိုနဲ့ တူတူလာတာကို စိုင်းခက် ဒေါသထွက်နေသဖြင့် သူ ဟိန်းအပေါ် စိတ်ရှိနေသေးတာ သိခဲ့ရသဖြင့် ဟိန်းအနဲသယ်တော့ စိတ်အေးရသည်။ ဖြစ်နိုင်ရင် စိုင်းခက် ဆီသွားချင်ပေမဲ့ ဖေဖေကြောင့် ဟိန်းမစွန့်စားရဲသေးပေ.... ။
ခြေဦးတည့်ရာ မောင်းလားရင်း ၆၂ လမ်းပေါ်မှာ မီးပွိုင့်မိနေသဖြင့် ရပ်ထားရင်း လမ်းတစ်ဖက်ခြမ်းက coco store ဆိုင်ထဲသို့ ဝင်သွားသော သူရင်းနှီးနေသည့်နောက်ကျောပြင်လေးကိုမြင်လိုက်ရသည်။ဟိန်းလဲ မီးစိမ်းတာနဲ့ ပြန်ကွေ့လိုက်ကာ ဆိုင်နဲ့မလှမ်းမကမ်းတွင်ကားရပ်ထားလိုက်သည်။ ဆေးလိပ်၁ဘူးလက်ထဲကိုင်ထားပြီး၁ဖက်ကလဲ ဆေးလိပ်ဖွာလျက် ထွက်လာသော သူလွမ်းစွတ်နေခဲ့ရတဲ့ လူသားလေး၊ ဝတ်ထားတာကလဲ ဘောင်းဘီက ဒူးအပေါ် T shirt ကခပ်ပွပွဖြင့် ဖိနပ်က ကြိုးသိုင်းဖိနပ်စီးထားသေးသည်။ ကလေးတစ်ယောက်ဆေးလိပ်လာဝယ်တယ်
တောင်ထင်ရမဲ့ပုံစံ ... ဟိန်းပြုံးပီး တစ်ဖြည်းဖြည်းဝေးသွားသောနောက်ကျောပြင်လေးအားငေးကြည့်ပီး ဆက်မောင်းခဲ့လိုက်တော့ တိုက်ခန်းပေါ်တက် သွားသည်။ ဟိန်း မော့ကြည့်လ်ုက်တော့ ခန့်မှူးလွင် တိုက်ခန်းမှန်းသူသိသည်။
"စိုင်းခက်ရယ် မင်းဒီလောက်ဆေးလိပ်တွေသောက်နေတာ မင်းနှုတ်ခမ်းရဲရဲလေးတွေ မဲကုန် တော့မှာပဲကွာ လွမ်းတယ် နှုတ်ခမ်း ရဲရဲလေးတွေကိုရော မင်းကိုရောပေါ့ .... "
                    ****🌺🌺🌺****
Zawgyi
လိုက်တော့မှာ "
"ချစ်တာပေါ့ ချစ်လွန်းလို့ရူးတော့မယ်"
"ပြွတ်"
ဒေါက်ဒေါက်ဒေါက်
" ဟျောင့် ခန့်မှူးလွင်"
မစဉ်းစားတတ်တော့ဘူး"
               **** 🌸🌸🌸*****
                    ****🌺🌺🌺****
Continue Reading
You'll Also Like
611K 57.5K 35
She is shy He is outspoken She is clumsy He is graceful She is innocent He is cunning She is broken He is perfect or is he? . . . . . . . . JI...
100K 5.8K 30
This fic is written both in Unicode and Zawgyi... Jaeyong Fanfic (Myanmar) Cover by sis Zin Thu Lin Htet
3.2M 203K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.6K 89 12