အချစ်တို့ မြစ်ဖျားခံရာ ( comp...

By EmmaRine9820

498K 14.4K 556

အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More

မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️

အပိုင်း(၁၂) uni & zg

9.6K 361 9
By EmmaRine9820

Unicode

Zeus Entertainment club သို့ ည ၁၀နာရီမှ လာခဲ့လိုက်သည်။ အောင်သန့်တို့ကိုတော့ အရင်သွားနှင့်ခိုင်းလိုက်ရသည်။ ထိုက်ကတော့ ညနေကတည်းက ကလေးကြီးကို ချော့မော့အပြီး hot pot မှ hot pot ဆို၍ လိုက်ကျွေးရသေးသည်။ အစားအသောက်လဲ စားလိုက်ရော ညနေက ငိုထားတာက ကြက်ပျောက်ငှက်ပျောက်ဖြစ်ရော ... ခုလဲအိပ်မပြန်ချင် club လိုက်ခဲ့ချင်တယ်ဟု ဂျီကျသဖြင့် ခေါ်လာခဲ့လိုက်တော့သည်။ သူ့အိမ်ကိုတော့ ခန့်မှူးလွင် အိမ်မှာအိပ်မှာဟု ဖုန်းဆက်ထားသည်။

"လာစိုင်းခက် ဟိုကောင်တွေက VIP ဝိုင်းမှာ "

စိုင်းခက်ကတော့ စိုင်းခက်ပါပဲ club ရောက်တာနဲ့မျက်လုံးတွေက ရွှင်လန်းနေတာပဲ။
ထိုက်တို့ ဝိုင်းရောက်တော့ မိုးထက်က စိုင်းခက်ကို
နှုတ်ဆက်လိုက်သည်။

"လာစိုင်းခက် မတွေ့တာတောင်ကြာပီ မင်းဘော်ဒါတွေရောခေါ်မလာဘူးလား"

"ဟုတ်ကဲ့ အကိုမိုးထက် မစီစဉ်ပဲ လာလိုက်ရလို့မခေါ်ဖြစ်လိုက်တာ"

ထိုက်လဲ စိုင်းခက်ကိုသူ့ဘေးတွင် ထိုင်ခိုင်းလိုက် ပီး Whisky 1ခွက်ထည့်ပေးလိုက်သည်။စိုင်းခက် လဲ ထိုက်ထည့်ပေးတဲ့ Whisky ကိုသောက်ရင်း dj သံစဉ်တွေနဲ့အတူမျောနေလိုက်သည်။

"အကို သွားကရအောင် ထိုင်မနေချင်တော့ဘူး"

"အင်းသွားမယ်လေ"

ထိုက်လဲစိုင်းခက်နဲ့အတူ dj state စင်အောက်တွင်
တီးလုံးသံအလိုက်ကနေလိုက်သည်။ လူကလဲနဲနဲသောက်ထားသဖြင့် တရိတ်ရိတ်မူးနေလေပြီ။
ခေါင်းကိုဘယ်ညာ ရမ်းပီးကနေသော ကောင်လေး ကစလိုက်မီးရောင်တွေကြားပေါ်လွင်နေသည်။အနီရောင်သန်းနေသောမျက်နှာလေးရှေ့ကိုစူထွက်နေတဲ့နှုတ်ခမ်းလေးတွေကအစထိုက်ကိုအကြိမ်ကြိမ်ပြုစားနေသလားမှတ်ရသည်။

သူ စိုင်းခက်ကို ရီဝေဝေမျက်လုံးတွေနှင့်စိုက်ကြည့်နေကာ စိုင်းခက်ကလဲ ထိုက်အားပြန်ကြည့်လေသည်။စိုင်းခက်ရဲ့ရီဝေဝေအကြည့်တွေကလဲ ထိုက်အားရူးသွပ်စေသည် ၊ နမ်းချင်သည် ဒီနှုတ်ခမ်းဖူးဖူးလေးတွေကို သူနမ်းချင်မိသည် ။နှစ်ယောက်လုံးစက္ကန့်ပိုင်းမျှအကြည့်တွေမလွဲသေး ထိုက်က စိုင်းခက်ခါးကိုဆွဲဖက်လိုက်သည်။ စိုင်းခက်မရုန်းပါ ပြန်မဖက်ပေမဲ့ရုန်းမထွက်
သေးပါ။ ခါးသေးသေးလေးကိုဖက်ထားရင်းသံစဉ်တွေအတိုင်းလွှင့်မျောနေလိုက်သည်။ခနကြာမှ ထိုက် လွတ်ပေးလိုက်သည်။ ထိုက်လွတ်ပေးလိုက်တော့ ကောင်လေးက မော့ကြည့်လာကာ ...

"အကို ကျွန်တော်သောက်ချင်သေးတယ် သွားထိုင်ရအောင်"

ထိုက် သူ့ကိုတစ်ခုခုတော့ပြောမယ်ထင်ထားတာ ဘာမှမပြောဘဲပုံမှန်တိုင်းသာမျှ ထိုက်လဲအလိုက်သင့်သာပြန်နေလိုက်သည်။

ဝိုင်းရောက်တာနဲ့ whisky 1ခွက်ငဲ့ပီး ဆေးလိပ်ဖွာနေပြန်သည်။စိုင်းခက် ဆေးလိပ်သောက်နေတာ ၅လိပ်မကတော့ပေ ...

"စိုင်းခက် တော်တော့ မင်းများနေပီ ၁နာရီလဲထိုးပီ
ပြန်ကြမယ် ထ ကိုယ်ဘယ်လိုက်ပို့ရမလဲ
ခန်းမှူးလွင်ဆီလား ? "

"ဟင့်အင်း ကျွန်တော်အကို့ဆီလိုက်အိပ်မယ်ရလား "

ထိုက်နဲ့စိုင်းခက်သိလာတဲ့အတောအတွင်းရုံးခန်းကိုသာခနခနလာပေမဲ့ condo ကိုတော့တစ်ခါမှမလာဖူးပေ။

"ဟုတ်ပီ ရတယ်  ခုတော့အဲဆေးလိပ်ကိုအရင်ချသောက်နေတာ အတော်များနေပီ ကိုယ်မကြိုက်ဘူး"

စိုင်းခက်ကိုပိုင်စိုးပိုင်နင်းပြောကာ လက်ထဲကဆေးလိပ်ကို သူကိုယ်တိုင်ဆွဲယူ၍ငြိမ်းပစ်လိုက်
မိသည်။ ပြီးမှ စိုင်းခက်ကို ဆွဲထူကာ အောင်သန့်တို့ကိုနှုတ် ဆက်၍ ကားပါကင်သို့လာခဲ့လိုက်သည်။စိုင်းခက်ကို ကားပေါ်တင်ကာ ခါးပတ် ပတ်ပေးလိုက်ပီး condo သို့ဦးတည်လိုက်
တော့သည်။ စိုင်းခက်ကလဲသူလုပ်သမျှကိုနာခံစွာဖြင့်ဘာမှပြန်မပြောခဲ့ပါ ။
                   
           ****🌸🌸🌸*****

အခန်းသို့ရောက်တော့ ဧည့်သည်လာရင်အိပ်ဖို့ထားတဲ့အခန်းအားနေစေသည်။ရေချိုးအဝတ်စားလဲဖို့ ထိုက်အကျီအဖြူလေးနှင့် ချည်ဘောင်းဘီတိုလေးတစ်ထည်ပေးလိုက်သည်။ ထိုက်လဲ လန်းသွားအောင်ရေချိုးသန့်စင်လိုက်ပီးအခန်းထဲမှအထွက် ..  အခန်းတံခါးကိုမှီကာရပ်နေသည်။ထိုက်အကျီက စိုင်းခက်နဲ့ကွက်တိပင် ထိုက်ထက် အရပ်နဲနဲပုပေမဲ့ body ကတော့မတိုင်းမယိမ်းပင်...

"အကို ကျွန်တော် နဲနဲသောက်ချင်သေးတယ်ဘီယာရှိလား"

"ဟာ မင်းများနေပီလေ အိပ်တော့ "

"ရေချိုးလိုက်တော့ နဲနဲပြေသွားပီ ခေါင်းမကိုက်
အောင်နဲနဲထပ်တင်ချင်လို့"

ထိုက်လဲပြောလဲမရမှာသိလို့ ဧည့်ခန်းကနေထိုင်စောင့်ခိုင်းလိုက်ကာ ဘီယာဘူးနှင့် အာလူးကြော်ထုတ်လေးယူကာ ထွက်ခဲ့လိုက်၏။ စိုင်းခက်က သီချင်းအေးအေးဖွင့်ထားပီး မျက်လုံးလေးမှိတ်ရင်း ဆိုဖာပေါ် ခေါင်းမှီကာသီချင်းကို လိုက်ငြီးနေသည်။

Have i ever told you 🎶
I want you to the bone 🎼
Have I ever called you 🎵
When you are all alone 🎤
And if I ever forget to tell you how I feel🎶
Listen to me now , babe 🎵
I want you to the bone " 🎼 ....

ထိုက်လဲ စိုင်းခက်ဘေးမှာ ဝင်ထိုင်၍ဘီယာဘူးဖွင့်ပေးပီး လက်ထဲထည့်ပေးလိုက်တော့ ခေါင်းထောင်လာပီး တန်းမော့ပစ်လိုက်သည်။ ထိုက်လဲ ခံစားချက်တွေက မကောင်းသဖြင့် တစ်ကျိုက်ထဲသောက်ပစ်လိုက်သည်။ ဆိုဖာပေါ်ခေါင်းမှီလျက် ထိုက်ဘက်သို့စောင်းကာ...

"အကို ..." သံဆွဲဖြင့်ခေါ်လေသည်။

"အင်း ပြောလေ ကိုယ်နားထောင်နေတယ်"

"အကိုသိလား ကျွန်တော်လေ ဟိန်းနဲ့ချစ်သူစဖြစ်တဲ့နေ့က ကျွန်တော့်ဘဝအတွက် အပျော်ဆုံးနေ့ဘဲလို့တောင်ထင်ခဲ့တာ ... ဟိန်း ပထမဆုံးစနမ်းတုန်းကဆို ကျွန်တော်ဖြင့် ရင်တွေခုန်လွန်းလို့ နှလုံးရောဂါတောင်ရတော့မယ်တောင်ထင်ခဲ့တာ "

စိုင်းခက်မျက်ဝန်းတွေက ဝမ်းနဲစွာဖြင့် အသံတွေကလဲ တုန်ရီနေသယောင်ထင်ရသည်။ သို့ပေမဲ့ နှုတ်ခမ်းပါးတွေကတော့ ပြုံးနေသည်။

နာလိုက်တာ ရင်ထဲအသဲထဲကကို နက်နက်ရှိုင်းထိကိုနာနေတာ ဒါပေမဲ့လဲ မင်းအပြုံးတွေကို ကိုယ်မြင်နေရတယ်လေ... ကိုယ်နာကျင်နေရတဲ့ စကားတွေကို ကြားနေရပေမဲ့ အဲစကားတွေက မင်းအပျော်တွေဆိုတာကိုယ်သိနေရတဲ့ အတွက် ကိုယ်ပျော်ပျော်ကြီးနားထောင်နိုင်ပါတယ်။

"အင်း ခုအပြုံးတွေက မင်းဘယ်လောက်ပျော်ခဲ့သလဲ ကိုယ်ခံစားလို့ရပါတယ်"

"ခုတော့လဲ ဒါတွေက အိမ်မက်တွေလိုပါပဲ အကုန် ပျောက်ကွယ်သွားပီလေ သူမှကျွန်တော့်ကိုမချစ် တော့တာ ကျွန်တော့်မှာ ဘယ်သူမှမရှိတော့ဘူး၊ဘယ်သူမှကျွန်တော့်ကိုမချစ်တော့ဘူး "

" စိုင်းခက် "

"ဟင်"

စိုင်းခက်က ဆိုဖာပေါ်ခေါင်းမှီထားလျက်
ထိုက်ဘက်ကို ခေါင်းစောင်းကြည့်လိုက်သည် ...

"မင်းကဘာလို့ မင်းဘေးနားက လူတွေကို မြင်အောင်မကြည့်ရတာလဲ မင်းဘေးမှာ မင်းရဲ့အချစ်ကိုမှ လိုအပ်နေတဲ့သူ ရှိရင်ရှိအုံးမှာပဲလေ မြင်အောင်မကြိုးစားကြည့်ချင်ဘူးလား အတိတ်ထဲကနေထွက် ခဲ့ပီးတော့လေ .... "

စိုင်းခက် ထိုက်မျက်လုံးတွေကို စိုက်ကြည့်နေမိတယ်ဒီအကြည့်တွေကသူ့ကိုတစ်ခုခုပြောချင်နေတဲ့အရိပ် အယောင်တွေ၊ဝမ်းနည်းနေတဲ့ မျက်ဝန်းတွေ ၊ဒီအကြည့်စူးစူးတွေက သူ့နှလုံးသားထဲကို တစ်စုံတစ်ခု ရိုက်သွင်းချင်နေတယ်လို့ သူခံစားလာရသည်။

ထိုက် စိုင်းခက်ပါးလေးကို လက်ဖြင့် အုပ်ကိုင်
လိုက်ပြီး စိုင်းခက်နှုတ်ခမ်းရဲရဲလေးတွေကိုငုံ့
ကြည့်ကာ နီးကပ်လိုက်တော့ ထိလုဆဲဆဲနှုတ်ခမ်းသားတွေက တိမ်းစောင်းသွားသည်။ စိုင်းခက်ခေါင်းပြန်မက်လိုက်ကာ မတ်တပ်ထရပီး...

"ကျွန်တော် အိပ်တော့မယ် အကို "

လှည့်မကြည့်ဘဲ ပြောကာ အခန်းဘက်သို့ထွက်သွားတော့သည်။ ထိုက်လဲ ကျောပြင်လေးကို ငေးလျက် ခပ်ဟဟ ပြုံးလိုက်မိသည် ။..

"အဟမ်း ထိုက်ဘုန်းရှိန်ရေ မင်းဘာတွေ မျှော်လင့်နေပြန်တာလဲကွ ဟူးးးး "

                  ****🌺🌺🌺****

ထိုက်မနက်အိပ်ယာနိုးတော့ ၈နာရီထိုးနေပီ၊ အိပ်ယာမှထကာ ရေချိုးခန်းသို့တန်းဝင်လိုက်
သည်။ ပြင်ဆင်ပီး အပြင်ထွက်လာတော့ မီးဖိုချောင်မှ အသံကြား၍ဝင်ကြည့်လိုက်သည်။

" mornee အကို လာ ကျွန်တော် မနက်စာလုပ်ထားတယ် ပေါင်မုန့် နဲ့ ယိုပဲ တွေ့လို့လေ
တွဲစားဖို့ကော်ဖီပါဖျော်ထားတယ်"

စိုင်းခက်ကြည့်ရတာ ပုံမှန်အတိုင်းပင် ဘာမှပြောင်းလဲမှုမရှိ ပုံမှန်အတိုင်း ပြုံးပြုံးလေးဖြင့်သာ ကြည့်ရတာ ဒီကိစ္စကို ဘာမှမဖြစ်ခဲ့သလိုသဘောထားချင်ဟန် ...
ထိုက်လဲ ဝင်ထိုင်ပီး မနက်စာစားလိုက်သည်။

"အကို ရုံးသွားတော့မှာလား "

"အင်းဒီနေ့ အစည်းအဝေးလေးရှိလို့ စိုင်းခက်အိမ် ပြန်မယ်ဆိုကိုယ်ဝင်ပို့ခဲ့မယ်လေ "

"ဟုတ် ကျွန်တော့်ကို ခန့်မှူးလွင်အိမ်ကိုပဲ ပို့ပေးနော် သွားစရာလေးရှိလို့ "

ပုံမှန်ဆို တစ်ခုမဟုတ်တစ်ခုစကားအစရှာပြောနေတဲ့ကောင်လေးတစ်ယောက် တိတ်ဆိတ်နေတာ သိသိသာသာ ၊ မနက်စာ ထမင်းဝိုင်းလေးက ငြိမ်သက်လျက် ၊ ငြိမ်သက်နေသော ရပ်ဝန်းကို တိုးဝင်လာတာကတော့ ဖုန်းမြည်သံ .... ထိုက်ဖေဖေ ခေါ်သောဖုန်းသံ ....

"ဟုတ်ဖေဖေ ပြောပါ"

"ကိုထိုက် မင်းဒီနေ့ညနေ ငါ့မိတ်ဆွေသမီး
နဒီဝင့်ထည် ကိုသွားတွေ့ဖြစ်အောင်တွေ့ပါ ငါရွေး
ချယ်ခိုင်းတာမဟုတ်ဘူးနော် နာခံခိုင်းနေတာ"

"ဟုတ်ကဲ့ပါ ဖေဖေ သား သွားတွေ့လိုက်ပါမယ် သွားရမဲ့နေရာ နဲ့ အချိန်ပို့ထားပေးပါ"

ထိုက်မငြင်းချင် တော့ပါ ငြင်းနေရင်လဲ ဖေဖေနဲ့ အခြေအတင်ဖြစ်ရတာဘဲအဖက်တင်မယ်မို့လား။ ဖုန်းထဲက အသံက ကျယ်နေသဖြင့် ဒီကောင်လေးကြားသွားတာဖြစ်မယ် ၊ သူ့ကိုမော့ကြည့်ပြီးမှပြန်ငုံ့သွားသည်။

" ကဲ စားပီးပီဆို ကိုယ်တို့သွားကြရအောင်"

ထိုက် နဲ့ စိုင်းခက် အိမ်မှထွက်လာခဲ့လိုက်ကာ တစ်
လမ်းလုံးလဲ ဘာမှမပြောဖြစ်ခဲ့ကြပေ....

               *****🌸🌸🌸*****

Zawgyi

Zeus Entertainment club သို႔ ည ၁၀နာရီမွ လာခဲ့လိုက္သည္။ ေအာင္သန္႔တို႔ကိုေတာ့ အရင္သြားႏွင့္ခိုင္းလိုက္ရသည္။ ထိုက္ကေတာ့ ညေနကတည္းက ကေလးႀကီးကို ေခ်ာ့ေမာ့အၿပီး hot pot မွ hot pot ဆို၍ လိုက္ေကြၽးရေသးသည္။ အစားအေသာက္လဲ စားလိုက္ေရာ ညေနက ငိုထားတာက ၾကက္ေပ်ာက္ငွက္ေပ်ာက္ျဖစ္ေရာ ... ခုလဲအိပ္မျပန္ခ်င္ club လိုက္ခဲ့ခ်င္တယ္ဟု ဂ်ီက်သျဖင့္ ေခၚလာခဲ့လိုက္ေတာ့သည္။ သူ႔အိမ္ကိုေတာ့ ခန္႔မႉးလြင္ အိမ္မွာအိပ္မွာဟု ဖုန္းဆက္ထားသည္။

"လာစိုင္းခက္ ဟိုေကာင္ေတြက VIP ဝိုင္းမွာ "

စိုင္းခက္ကေတာ့ စိုင္းခက္ပါပဲ club ေရာက္တာနဲ႔မ်က္လုံးေတြက ႐ႊင္လန္းေနတာပဲ။
ထိုက္တို႔ ဝိုင္းေရာက္ေတာ့ မိုးထက္က စိုင္းခက္ကို
ႏႈတ္ဆက္လိုက္သည္။

"လာစိုင္းခက္ မေတြ႕တာေတာင္ၾကာပီ မင္းေဘာ္ဒါေတြေရာေခၚမလာဘူးလား"

"ဟုတ္ကဲ့ အကိုမိုးထက္ မစီစဥ္ပဲ လာလိုက္ရလို႔မေခၚျဖစ္လိုက္တာ"

ထိုက္လဲ စိုင္းခက္ကိုသူ႔ေဘးတြင္ ထိုင္ခိုင္းလိုက္ ပီး Whisky 1ခြက္ထည့္ေပးလိုက္သည္။စိုင္းခက္ လဲ ထိုက္ထည့္ေပးတဲ့ Whisky ကိုေသာက္ရင္း dj သံစဥ္ေတြနဲ႔အတူေမ်ာေနလိုက္သည္။

"အကို သြားကရေအာင္ ထိုင္မေနခ်င္ေတာ့ဘူး"

"အင္းသြားမယ္ေလ"

ထိုက္လဲစိုင္းခက္နဲ႔အတူ dj state စင္ေအာက္တြင္
တီးလုံးသံအလိုက္ကေနလိုက္သည္။ လူကလဲနဲနဲေသာက္ထားသျဖင့္ တရိတ္ရိတ္မူးေနေလၿပီ။
ေခါင္းကိုဘယ္ညာ ရမ္းပီးကေနေသာ ေကာင္ေလး ကစလိုက္မီးေရာင္ေတြၾကားေပၚလြင္ေနသည္။အနီေရာင္သန္းေနေသာမ်က္ႏွာေလးေရွ႕ကိုစူထြက္ေနတဲ့ႏႈတ္ခမ္းေလးေတြကအစထိုက္ကိုအႀကိမ္ႀကိမ္ျပဳစားေနသလားမွတ္ရသည္။

သူ စိုင္းခက္ကို ရီေဝေဝမ်က္လုံးေတြႏွင့္စိုက္ၾကည့္ေနကာ စိုင္းခက္ကလဲ ထိုက္အားျပန္ၾကည့္ေလသည္။စိုင္းခက္ရဲ႕ရီေဝေဝအၾကည့္ေတြကလဲ ထိုက္အား႐ူးသြပ္ေစသည္ ၊ နမ္းခ်င္သည္ ဒီႏႈတ္ခမ္းဖူးဖူးေလးေတြကို သူနမ္းခ်င္မိသည္ ။ႏွစ္ေယာက္လုံးစကၠန္႔ပိုင္းမွ်အၾကည့္ေတြမလြဲေသး ထိုက္က စိုင္းခက္ခါးကိုဆြဲဖက္လိုက္သည္။ စိုင္းခက္မ႐ုန္းပါ ျပန္မဖက္ေပမဲ့႐ုန္းမထြက္
ေသးပါ။ ခါးေသးေသးေလးကိုဖက္ထားရင္းသံစဥ္ေတြအတိုင္းလႊင့္ေမ်ာေနလိုက္သည္။ခနၾကာမွ ထိုက္ လြတ္ေပးလိုက္သည္။ ထိုက္လြတ္ေပးလိုက္ေတာ့ ေကာင္ေလးက ေမာ့ၾကည့္လာကာ ...

"အကို ကြၽန္ေတာ္ေသာက္ခ်င္ေသးတယ္ သြားထိုင္ရေအာင္"

ထိုက္ သူ႔ကိုတစ္ခုခုေတာ့ေျပာမယ္ထင္ထားတာ ဘာမွမေျပာဘဲပုံမွန္တိုင္းသာမွ် ထိုက္လဲအလိုက္သင့္သာျပန္ေနလိုက္သည္။

ဝိုင္းေရာက္တာနဲ႔ whisky 1ခြက္ငဲ့ပီး ေဆးလိပ္ဖြာေနျပန္သည္။စိုင္းခက္ ေဆးလိပ္ေသာက္ေနတာ ၅လိပ္မကေတာ့ေပ ...

"စိုင္းခက္ ေတာ္ေတာ့ မင္းမ်ားေနပီ ၁နာရီလဲထိုးပီ
ျပန္ၾကမယ္ ထ ကိုယ္ဘယ္လိုက္ပို႔ရမလဲ
ခန္းမႉးလြင္ဆီလား ? "

"ဟင့္အင္း ကြၽန္ေတာ္အကို႔ဆီလိုက္အိပ္မယ္ရလား "

ထိုက္နဲ႔စိုင္းခက္သိလာတဲ့အေတာအတြင္း႐ုံးခန္းကိုသာခနခနလာေပမဲ့ condo ကိုေတာ့တစ္ခါမွမလာဖူးေပ။

"ဟုတ္ပီ ရတယ္  ခုေတာ့အဲေဆးလိပ္ကိုအရင္ခ်ေသာက္ေနတာ အေတာ္မ်ားေနပီ ကိုယ္မႀကိဳက္ဘူး"

စိုင္းခက္ကိုပိုင္စိုးပိုင္နင္းေျပာကာ လက္ထဲကေဆးလိပ္ကို သူကိုယ္တိုင္ဆြဲယူ၍ၿငိမ္းပစ္လိုက္
မိသည္။ ၿပီးမွ စိုင္းခက္ကို ဆြဲထူကာ ေအာင္သန္႔တို႔ကိုႏႈတ္ ဆက္၍ ကားပါကင္သို႔လာခဲ့လိုက္သည္။စိုင္းခက္ကို ကားေပၚတင္ကာ ခါးပတ္ ပတ္ေပးလိုက္ပီး condo သို႔ဦးတည္လိုက္
ေတာ့သည္။ စိုင္းခက္ကလဲသူလုပ္သမွ်ကိုနာခံစြာျဖင့္ဘာမွျပန္မေျပာခဲ့ပါ ။
                   
           ****🌸🌸🌸*****

အခန္းသို႔ေရာက္ေတာ့ ဧည့္သည္လာရင္အိပ္ဖို႔ထားတဲ့အခန္းအားေနေစသည္။ေရခ်ိဳးအဝတ္စားလဲဖို႔ ထိုက္အက်ီအျဖဴေလးႏွင့္ ခ်ည္ေဘာင္းဘီတိုေလးတစ္ထည္ေပးလိုက္သည္။ ထိုက္လဲ လန္းသြားေအာင္ေရခ်ိဳးသန္႔စင္လိုက္ပီးအခန္းထဲမွအထြက္ ..  အခန္းတံခါးကိုမွီကာရပ္ေနသည္။ထိုက္အက်ီက စိုင္းခက္နဲ႔ကြက္တိပင္ ထိုက္ထက္ အရပ္နဲနဲပုေပမဲ့ body ကေတာ့မတိုင္းမယိမ္းပင္...

"အကို ကြၽန္ေတာ္ နဲနဲေသာက္ခ်င္ေသးတယ္ဘီယာရွိလား"

"ဟာ မင္းမ်ားေနပီေလ အိပ္ေတာ့ "

"ေရခ်ိဳးလိုက္ေတာ့ နဲနဲေျပသြားပီ ေခါင္းမကိုက္
ေအာင္နဲနဲထပ္တင္ခ်င္လို႔"

ထိုက္လဲေျပာလဲမရမွာသိလို႔ ဧည့္ခန္းကေနထိုင္ေစာင့္ခိုင္းလိုက္ကာ ဘီယာဘူးႏွင့္ အာလူးေၾကာ္ထုတ္ေလးယူကာ ထြက္ခဲ့လိုက္၏။ စိုင္းခက္က သီခ်င္းေအးေအးဖြင့္ထားပီး မ်က္လုံးေလးမွိတ္ရင္း ဆိုဖာေပၚ ေခါင္းမွီကာသီခ်င္းကို လိုက္ၿငီးေနသည္။

Have i ever told you 🎶
I want you to the bone 🎼
Have I ever called you 🎵
When you are all alone 🎤
And if I ever forget to tell you how I feel🎶
Listen to me now , babe 🎵
I want you to the bone " 🎼 ....

ထိုက္လဲ စိုင္းခက္ေဘးမွာ ဝင္ထိုင္၍ဘီယာဘူးဖြင့္ေပးပီး လက္ထဲထည့္ေပးလိုက္ေတာ့ ေခါင္းေထာင္လာပီး တန္းေမာ့ပစ္လိုက္သည္။ ထိုက္လဲ ခံစားခ်က္ေတြက မေကာင္းသျဖင့္ တစ္က်ိဳက္ထဲေသာက္ပစ္လိုက္သည္။ ဆိုဖာေပၚေခါင္းမွီလ်က္ ထိုက္ဘက္သို႔ေစာင္းကာ...

"အကို ..." သံဆြဲျဖင့္ေခၚေလသည္။

"အင္း ေျပာေလ ကိုယ္နားေထာင္ေနတယ္"

"အကိုသိလား ကြၽန္ေတာ္ေလ ဟိန္းနဲ႔ခ်စ္သူစျဖစ္တဲ့ေန႔က ကြၽန္ေတာ့္ဘဝအတြက္ အေပ်ာ္ဆုံးေန႔ဘဲလို႔ေတာင္ထင္ခဲ့တာ ... ဟိန္း ပထမဆုံးစနမ္းတုန္းကဆို ကြၽန္ေတာ္ျဖင့္ ရင္ေတြခုန္လြန္းလို႔ ႏွလုံးေရာဂါေတာင္ရေတာ့မယ္ေတာင္ထင္ခဲ့တာ "

စိုင္းခက္မ်က္ဝန္းေတြက ဝမ္းနဲစြာျဖင့္ အသံေတြကလဲ တုန္ရီေနသေယာင္ထင္ရသည္။ သို႔ေပမဲ့ ႏႈတ္ခမ္းပါးေတြကေတာ့ ၿပဳံးေနသည္။

နာလိုက္တာ ရင္ထဲအသဲထဲကကို နက္နက္ရႈိင္းထိကိုနာေနတာ ဒါေပမဲ့လဲ မင္းအၿပဳံးေတြကို ကိုယ္ျမင္ေနရတယ္ေလ... ကိုယ္နာက်င္ေနရတဲ့ စကားေတြကို ၾကားေနရေပမဲ့ အဲစကားေတြက မင္းအေပ်ာ္ေတြဆိုတာကိုယ္သိေနရတဲ့ အတြက္ ကိုယ္ေပ်ာ္ေပ်ာ္ႀကီးနားေထာင္ႏိုင္ပါတယ္။

"အင္း ခုအၿပဳံးေတြက မင္းဘယ္ေလာက္ေပ်ာ္ခဲ့သလဲ ကိုယ္ခံစားလို႔ရပါတယ္"

"ခုေတာ့လဲ ဒါေတြက အိမ္မက္ေတြလိုပါပဲ အကုန္ ေပ်ာက္ကြယ္သြားပီေလ သူမွကြၽန္ေတာ့္ကိုမခ်စ္ ေတာ့တာ ကြၽန္ေတာ့္မွာ ဘယ္သူမွမရွိေတာ့ဘူး၊ဘယ္သူမွကြၽန္ေတာ့္ကိုမခ်စ္ေတာ့ဘူး "

" စိုင္းခက္ "

"ဟင္"

စိုင္းခက္က ဆိုဖာေပၚေခါင္းမွီထားလ်က္
ထိုက္ဘက္ကို ေခါင္းေစာင္းၾကည့္လိုက္သည္ ...

"မင္းကဘာလို႔ မင္းေဘးနားက လူေတြကို ျမင္ေအာင္မၾကည့္ရတာလဲ မင္းေဘးမွာ မင္းရဲ႕အခ်စ္ကိုမွ လိုအပ္ေနတဲ့သူ ရွိရင္ရွိအုံးမွာပဲေလ ျမင္ေအာင္မႀကိဳးစားၾကည့္ခ်င္ဘူးလား အတိတ္ထဲကေနထြက္ ခဲ့ပီးေတာ့ေလ .... "

စိုင္းခက္ ထိုက္မ်က္လုံးေတြကို စိုက္ၾကည့္ေနမိတယ္ဒီအၾကည့္ေတြကသူ႔ကိုတစ္ခုခုေျပာခ်င္ေနတဲ့အရိပ္ အေယာင္ေတြ၊ဝမ္းနည္းေနတဲ့ မ်က္ဝန္းေတြ ၊ဒီအၾကည့္စူးစူးေတြက သူ႔ႏွလုံးသားထဲကို တစ္စုံတစ္ခု ႐ိုက္သြင္းခ်င္ေနတယ္လို႔ သူခံစားလာရသည္။

ထိုက္ စိုင္းခက္ပါးေလးကို လက္ျဖင့္ အုပ္ကိုင္
လိုက္ၿပီး စိုင္းခက္ႏႈတ္ခမ္းရဲရဲေလးေတြကိုငုံ႔
ၾကည့္ကာ နီးကပ္လိုက္ေတာ့ ထိလုဆဲဆဲႏႈတ္ခမ္းသားေတြက တိမ္းေစာင္းသြားသည္။ စိုင္းခက္ေခါင္းျပန္မက္လိုက္ကာ မတ္တပ္ထရပီး...

"ကြၽန္ေတာ္ အိပ္ေတာ့မယ္ အကို "

လွည့္မၾကည့္ဘဲ ေျပာကာ အခန္းဘက္သို႔ထြက္သြားေတာ့သည္။ ထိုက္လဲ ေက်ာျပင္ေလးကို ေငးလ်က္ ခပ္ဟဟ ၿပဳံးလိုက္မိသည္ ။..

"အဟမ္း ထိုက္ဘုန္းရွိန္ေရ မင္းဘာေတြ ေမွ်ာ္လင့္ေနျပန္တာလဲကြ ဟူးးးး "

                  ****🌺🌺🌺****

ထိုက္မနက္အိပ္ယာႏိုးေတာ့ ၈နာရီထိုးေနပီ၊ အိပ္ယာမွထကာ ေရခ်ိဳးခန္းသို႔တန္းဝင္လိုက္
သည္။ ျပင္ဆင္ပီး အျပင္ထြက္လာေတာ့ မီးဖိုေခ်ာင္မွ အသံၾကား၍ဝင္ၾကည့္လိုက္သည္

" mornee အကို လာ ကြၽန္ေတာ္ မနက္စာလုပ္ထားတယ္ ေပါင္မုန္႔ နဲ႔ ယိုပဲ ေတြ႕လို႔ေလ
တြဲစားဖို႔ေကာ္ဖီပါေဖ်ာ္ထားတယ္"

စိုင္းခက္ၾကည့္ရတာ ပုံမွန္အတိုင္းပင္ ဘာမွေျပာင္းလဲမႈမရွိ ပုံမွန္အတိုင္း ၿပဳံးၿပဳံးေလးျဖင့္သာ ၾကည့္ရတာ ဒီကိစၥကို ဘာမွမျဖစ္ခဲ့သလိုသေဘာထားခ်င္ဟန္ ...
ထိုက္လဲ ဝင္ထိုင္ပီး မနက္စာစားလိုက္သည္။

"အကို ႐ုံးသြားေတာ့မွာလား "

"အင္းဒီေန႔ အစည္းအေဝးေလးရွိလို႔ စိုင္းခက္အိမ္ ျပန္မယ္ဆိုကိုယ္ဝင္ပို႔ခဲ့မယ္ေလ "

"ဟုတ္ ကြၽန္ေတာ့္ကို ခန္႔မႉးလြင္အိမ္ကိုပဲ ပို႔ေပးေနာ္ သြားစရာေလးရွိလို႔ "

ပုံမွန္ဆို တစ္ခုမဟုတ္တစ္ခုစကားအစရွာေျပာေနတဲ့ေကာင္ေလးတစ္ေယာက္ တိတ္ဆိတ္ေနတာ သိသိသာသာ ၊ မနက္စာ ထမင္းဝိုင္းေလးက ၿငိမ္သက္လ်က္ ၊ ၿငိမ္သက္ေနေသာ ရပ္ဝန္းကို တိုးဝင္လာတာကေတာ့ ဖုန္းျမည္သံ .... ထိုက္ေဖေဖ ေခၚေသာဖုန္းသံ ....

"ဟုတ္ေဖေဖ ေျပာပါ"

"ကိုထိုက္ မင္းဒီေန႔ညေန ငါ့မိတ္ေဆြသမီး
နဒီဝင့္ထည္ ကိုသြားေတြ႕ျဖစ္ေအာင္ေတြ႕ပါ ငါေ႐ြး
ခ်ယ္ခိုင္းတာမဟုတ္ဘူးေနာ္ နာခံခိုင္းေနတာ"

"ဟုတ္ကဲ့ပါ ေဖေဖ သား သြားေတြ႕လိုက္ပါမယ္ သြားရမဲ့ေနရာ နဲ႔ အခ်ိန္ပို႔ထားေပးပါ"

ထိုက္မျငင္းခ်င္ ေတာ့ပါ ျငင္းေနရင္လဲ ေဖေဖနဲ႔ အေျခအတင္ျဖစ္ရတာဘဲအဖက္တင္မယ္မို႔လား။ ဖုန္းထဲက အသံက က်ယ္ေနသျဖင့္ ဒီေကာင္ေလးၾကားသြားတာျဖစ္မယ္ ၊ သူ႔ကိုေမာ့ၾကည့္ၿပီးမွျပန္ငုံ႔သြားသည္။

" ကဲ စားပီးပီဆို ကိုယ္တို႔သြားၾကရေအာင္"

ထိုက္ နဲ႔ စိုင္းခက္ အိမ္မွထြက္လာခဲ့လိုက္ကာ တစ္
လမ္းလုံးလဲ ဘာမွမေျပာျဖစ္ခဲ့ၾကေပ....

               *****🌸🌸🌸*****

Continue Reading

You'll Also Like

4.2K 436 15
Christmas story🎄[OFFGUN] ကိုယ္တို႔ရဲ႕ခနၶာကိုယ္က အနီးကပ္ဆံုးေနရာတစ္ခုထိ ေရာက္ရိွသြားတဲ့အခါ ေျခကိုစံုရပ္ၾကမယ္ ဒါမွမဟုတ္ ........ မင္းရဲ႕ဖိနပ္ေတြနဲ႔ ကိ...
226K 13.9K 37
ကိုျကီးရဲ႕ေကာင္ေလး 11/04/2020 "ငါ့ဘဝမွာငါ့ညီမကအေရးျကီးဆံုးဘဲ" "ကိုယ္မင္းကိုခ်စ္တယ္ေကာင္ေလး" "ဘာအခက္အခဲဘဲရီွရီွမင္းကိုကိုယ္မစြန့္လြွက္နိုင္ဘူးကေလး" ...
61K 3.3K 20
ဦးကိုက်န္ေတာ္ခ်စ္တယ္ က်န္ေတာ္ကိုျပန္ခ်စ္ပါ Wu yifan ငါမင္းကိုမခ်စ္ဘူးလို့ငါ့မွာလက္ထပ္ရမယ့့္လူရွိတယ္ Park Chanyeol
3.6M 151K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...