♤♤♤
အချိန်တွေတဖြည်းဖြည်းကြာလာတဲ့အခါ ရှီအော့ခြေထောက်က ပြန်ထောက်၍ရသည်အထိဖြစ်နေချေပြီ။ ပြန်ကောင်းတာမြန်လွန်လို့ ဆိုးဟွန်းကတောင် အံသြတကြီး ပြောလာသည်။
" အရိုးဆက်တာမြန်လိုက်တာ တခါမှဒီလောက်အရိုးမြန်မြန်ဆက်တာကို မမြင်ဖူးဘူး "
ရှီအော့ ခေါင်းသာငြိမ်လိုက်သည်။သူစိတ်ထဲမှာတော့ ပျောက်တာမြန်တော့ ပိုရိုက်လို့မကောင်းဘူးလား ဟုတွေးမိသည်။ဒါက ဂျွန်ယောင်းအတွက် ဆုလဒ်တစ်ခုလိုမဟုတ်လား။
ဆိုးဟွန်း ရှီအော့ခြေထောက်ကိုစစ်ဆေးပြီးပြန်ထွက်သွားတဲ့အခါ ဂျွန်ယောင်းက ခဏကြာတော့ ရှီအော့အခန်းထဲဝင်လာခဲ့သည်။
" မင်းသက်သာသွားပြီလို့ ဆရာဝန်ကပြောတယ် ညကျရင် အလုပ်ကိစ္စရှိတယ် မင်းလိုက်ခဲ့ရမယ် "
" ဟုတ်ကဲ့ "
ဒီတစ်လအတွင်း ကျေးဇူးတင်ချင်စရာကောင်းစွာ ဂျွန်ယောင်းက ရှီအော့ကို လွှတ်ထားပေးသည်။တစ်လတွင် ၂ခေါက်သာ ရှီအော့ဆီကို သူလာခဲ့သည်။ဒါကြောင့် တစ်လလုံးလုံး ဂျွန်ယောင်းရဲ့ အရိုက်ခံဘဝမှ သူလွှတ်ခဲ့သည်။
အခုတော့ သူအဲ့ငရဲတွင်းကို ပြန်ဆင်းသက်ဖို့အချိန်ရောက်လာပြီဖြစ်သည်။ရှီအော့ အတွေးလွန်နေတဲ့ အခိုက်မှာ ဖုန်းတစ်ကောဝင်လာခဲ့သည်။
" ဝူယွန်း ဘာကိစ္စရှိလို့လဲ "
" ဘာမှတော့မဟုတ်ပါဘူး အကိုရှီအော့သိလား ကျွန်တော်တို့ ဆိုင်နေရာပြောင်းလိုက်တော့ ရောင်းအားသိသိသားသားတက်လာတယ် ကျွန်တော် အကို့ကို သိပ်ကျေးဇူးတင်တာပဲ "
" ကျေးဇူးတင်စရာမလိုပါဘူး အကိုကလည်း ကော်ဖီဆိုင်လေးဖွင့်ချင်လို့ပါ မင်းနဲ့တွေ့တော့ တိုင်ဆိုင်သွားတာ အခြေအနေကရော "
" အရမ်းအဆင်ပြေတယ် အကို အကိုရဲ့အမြတ်ငွေကို ကျွန်တော် အကို acc ထဲ တစ်လစာစီလွဲပေးမယ်နော် "
" ရတယ် မင်းသဘောပဲ "
" Ok အကို ဒါဆို bye bye နော် နောက်အားရင် ကျွန်တော်တို့ ဆိုင်ကို လာကြည့်အုန်း "
" ဟုတ်ပြီ အကိုအားရင်လာခဲ့မယ် "
ဝူယွန်းက ဖုန်းချသွားတဲ့အထိ ရှီအော့ရင်ထဲကြည်နူးစိတ်တွေပြည့်နေသည်။မထင်မှတ်ထားပဲ သူ့ကိုကူညီခဲ့တဲ့ကောင်လေးက အရမ်းပျော်နေတော့ သူကလည်း လိုက်ဝမ်းသာပေးသည်။
လွန်ခဲ့တဲ့ တစ်လလုံးအပြင်မထွက်နိုင်ခဲ့တာကြောင့် အတိအကျပြောရရင် အပြင်ထွက်ခွင့်မရတာကြောင့် ဝူယွန်း ရော ဟန်ဆိုး နဲ့ပါ သူမတွေ့နိုင်ခဲ့ပေ။
နှစ်ယောက်စလုံးနဲ့ ဖုန်းဖြင့်သာ ဆက်သွယ်ရသည်။အခုတော့ သူတို့က ရှီအော့နဲ့တော်တော်ရင်းနှီးနေပြီဖြစ်သည်။တဖက်ကဝမ်းသာပင့်မယ့် တစ်ဖက်က စိုးရိမ်မိပြန်သည်။
ထိုအကြောင်းကို တွေးမိပြီ စိတ်ဓါတ်ကျသွားတဲ့အခါ တခါပြန်၍ သူဘာသာသူ အားပြန်တင်လိုက်ပြန်သည်။ဒီလူတွေကို သူကာကွယ်နိုင်မှာပါ။မရရအောင် ကာကွယ်မယ် လို့ သူစိတ်ထဲ တေးမှတ်ထားလိုက်သည်။
........
ညဘက်အလုပ်ကိစ္စအတွက် အကျီအဝတ်အစားကို စီစဥ်ပေးထားသည်။ရှီအော့က အဲ့တာကို ဝတ်ထားလိုက်ရုံပင်။ရှီအော့ သူနာရီကို ကြည့်လိုက်တော့ ၇နာရီထိုးတော့မှာမို့လို့ အောက်ထပ်ကို ဆင်းလာခဲ့သည်။
ရှီအော့အတွက် လှေကားဆင်းရတာက နည်းနည်းမသက်မသာဖြစ်ရသည်။အောက်ထပ်ကို ရောက်တဲ့အခါ ဂျွန်ယောင်းက အောက်ထပ်တွင် ကြိုရောက်နေခဲ့သည်။
လှေကေား ပေါ်က ရှီအော့ကို မျက်နှာသေဖြင့် ကြည့်နေတဲ့ ဂျွန်ယောင်းက အေးစက်နေတဲ့ မျက်နှာနဲ့တောင် အရမ်းချောမောနေသည်။သာမာန် ယောင်္ကျားတွေထက်ပိုရှည်တဲ့ အရပ်ကြောင့်ရော သူရဲ့ ကျယ်လွန်တဲ့ ပခုံတွေနဲ့ လူတိုင်းကိုဆွဲဆောင်နေသည်။
အပြာရင့်ရောင်ကို အမြဲလိုလို ဝတ်ဆင်နေတက်ပင့်မယ့် ဂျွန်ယောင်း ဝတ်လျှင် ဘယ်တော့မှ မျက်စိရိုးသွားတယ် ဆိုတာမရှိစေရ။ ဒါကြောင့်လည်း နှုတ်ခမ်းနီမလေးတွေက ဂျွန်ယောင်းဆိုအသဲဆွဲပင်။
ဂျွန်ယောင်းရဲ့ ရုပ်ရည်နဲ့ ပတ်သတ်ပြီ ရှီအော့မှာငြင်းစရာမရှိပါ။ ဂျွန်ယောင်းကတကယ်ချောသည်။မျက်စိအသေထားပြီး အပြုံးအရယ်မရှိ ရိုင်းဆိုင် ယုတ်မာတာကလွဲလျှင်ပေါ့။
ရှီအော့တစ်ယောက်အတွေးတွေထဲနှစ်နေရင်း အောက်ထပ်သို့ ရောက်မှန်းမသိရောက်လာခဲ့သည်။ထိုအချိန််မှာ ဂျွန်ယောင်းက အိမ်ရှေ့တောင်ရောက်နေချေပြီ။
အဲ့တာကိုတွေ့တဲ့အခါ ရှီအော့ ခပ်သွက်သွက်ကလေး လျောက်လာလိုက်ပြီး နဂိုအတိုင်း ကားမောင်းသမားနေရာကို ဝင်ထိုင်ဖို့လုပ်လိုက်တဲ့အခါ ဂျွန်ယောင်းရဲ့ တားမြစ်ခြင်းကို ခံလိုက်ရသည်။
" မင်း ဘာလုပ်တာလဲ "
" ကားမောင်းမလို့ .... "
ဂျွန်ယောင်းရဲ့ အေးစက်တဲ့မျက်နှာက မျက်ခုံတွေကျုံးလာတာမြင်တဲ့အခါ ရှီအော့တစ်ယောက်သူဘာအပြစ်လုပ်လိုက်သလဲဆိုတာကို မသိခဲ့ပါ။
" မင်းက ငါ့ကိုဧည်သည်တွေရှေ့ မျက်နှာပျက်စေချင်နေတာလား ငါမင်းကို လုပ်သတ်မိတော့မယ် "
" အမ် ? "
" ဦးနှောက်မရှိဘူးလား အနောက်ခန်းကို မြန်မြန်ဝင် အချိန်မရှိဘူး "
ရှီအော့ တိတ်ဆိတ်စွာနေလိုက်ပြီ ဂျွန်ယောင်းအမိန့်ကိုနာခံလိုက်သည်။ကားပေါ်တွင် ဂျွန်ယောင်းက ဘာစကားမှမပြောသလို ရှီအော့ကလည်း အစမဖော်ပါ။
တိတ်ဆိတ်အေးစက်နေတဲ့ အခြေအနေကို ဖုန်းကော တစ်ခုက ဖြိုဖျက်လိုက်သည်။ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်တဲ့အခါ လူဆိုးလေး ဟူသော နာမည်ကိုတွေ့ရသည်။
ရှီအော့ နှုတ်ခမ်းများက ပြုံးချင်နေပင့်မယ့် သူ့မျက်လုံးထောင့်မှ ဂျွန်ယောင်း သူ့ကိုကြည့်နေတာ သိလိုက်ရတဲ့အခါ သူ့နှုတ်ခမ်းများရရေပြင်ညီပြန်ဖြစ်သွားပြီ ဖုန်းကိုမကိုင်ဘဲ ချလိုက်သည်။
ဒီလိုလုပ်လိုက်တာက ဂျွန်ယောင်းကို ပိုပြီ စိတ်ဝင်စားသွားစေတာ ရှီအော့ အစောကြီးကတည်းကသိခဲ့ရင် ထိုသို့ လုပ်မှာမဟုတ်ဘူး။
"ဘယ်သူမို့လို့ ဖုန်းချလိုက်တာလဲ "
" အသိတစ်ယောက်ပါပဲ "
"အသိဆိုရင် ငါ့ရှေ့မှာဖုန်းကိုင်လေ ဘာလို့ချလိုက်တာလဲ "
ဂျွန်ယောင်း အသံကတဖြည်းဖြည်းမာလာတဲ့အခါ သူဒေါသထွက်နေပြီ။ရှီအော့ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေလိုက်သည်။အဲ့တာက ဂျွန်ယောင်းကို ပိုဒေါသထွက်သွားစေသည်။
ရှီအော့ ပေါင်ပေါ်မှာတင်ထားတဲ့ လက်ကို ဂျွန်ယောင်းကဆွဲဆုတ်ထားပြီ အမှောင်ထဲက သူ့မျက်လုံးတွေကကြောက်စရာကောင်းလောက်အောင် မဲနက်နေသည်။
ရှီအော့ အရမ်းအံသြသွားပြီ ထိတ်လန့်မိသွားသည်။ဂျွန်ယောင်းက ရှီအော့လက်ကို အားနဲ့ ညှစ်ထားတာကြောင့် စက္ကန့်အနည်းငယ်သာကြာပင့်မယ့် ရှီအော့ လက်တွေထုံလာသည်။
ထုံတာကနေ နာလာတဲ့အခါ ဂျွန်ယောင်းလက်ထဲမှ သူ့လက်ကို ပြန်ဆွဲထုတ်ပင့်မယ့် ဂျွန်ယောင်းက အဆွဲမခံပဲ လက်ပြတ်ထွက်မတက် ညှစ်ထားသည်။ဒါကိုမှ အားမရဘဲ သူ့ဘက်ကို အားပြင်းပြင်းနဲ့ဆွဲလိုက်တာကြောင့် ရှီအော့တစ်ယောက် ဂျွန်ယောင်းထိုင်နေတဲ့နေရာနဲ့ အလွန်နီးသွားသည်။
ဂျွန်ယောင်းရဲ့ အားကို ရှီအော့မနိုင်တဲ့အခါ အသံထွက်ပြောလာရသည်။
" အ့ နာနေပြီ "
" ငါမင်းကို အစောကြီးကတည်းကပြောတယ်နော် ငါ့နဲ့ မကစားနဲ့ ငါနဲ့ကစားဖို့ မင်းရဲ့ ဖြုတ်ဦးနှောက်က အသုံးမဝင်ဘူး "
သူပြောချင်တာ ပြောပြီတဲ့အခါ ရှီအော့လက်ကို သူကပြန်လွှတ်ပေးလာသည်။ကားအတွင်းမှာမှောင်မဲနေပင့်မယ့် ရှီအော့လက်က အနီရောင်အဆင်းကြောင်းကြီးကို ကားလမ်းဓါတ်မီးတိုင်တွေကတဆင့် ဝိုးတဝါးမြင်ရသည်။
သူရဲ့ ထုံကျင်သွားတဲ့ လက်ကို ရှီအော့က နှိပ်နှယ်လိုက်သည်။ထိုအခါမှ လက်က သွေးပြန်လျောက်သလိုခံစားရတော့သည်။နီရဲနေတဲ့ လက်ကောက်ဝတ်ကို အကျီလက်အစနဲ့ပြန်ဖုံးပြီတဲ့အခါ ခုနက ဘာမှမဖြစ်ခဲ့သလို ကားအတွင်းလေထုကပြန်လည်းအေးစက်သွားသည်။
ထိုကားရပ်လိုက်တဲ့အခါ အစောင့်က တံခါးဖွင့်ပေးလာသည်။ကားအပြင်ကိုထွက်ပြီ သူ့ရှေ့မှာ ရှိတဲ့မီးရောင်စုံအဆောက်အဦးကို မြင်လိုက်ရသည်။ဒါက KTV ပဲ။
ဆိုင်ခန်းအပေါက်ဝတွင် မန်နေဂျာဖြစ်သူက ဂျွန်ယောင်းကို ခခယယလာကြိုပြီး ဘိုကင်လုပ်ထားတဲ့အခန်းကို ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေးပြန်သည်။
အခန်းထဲရောက်တဲ့ အခါ ဂျွန်ယောင်းထပ်အနည်းငယ်ကြီးပုံရတဲ့ လူ၂ယောက်ကစောင့်နေတာကို တွေ့လိုက်ရသည်။ထိုလူ၂ယောက်က ဂျွန်ယောင်းနဲ့ ခင်မင်ရင်းနှီပုံရသည်။
သူတို့ အခန်းထဲရောက်ပြီး သိပ်မကြာခင်မှာ အဆိုတော််မလေးတွေနဲ့ အရက်သောက်ဖော်မိန်းကလေး နဲ့ ယောင်္ကျားလေးပါ မန်နေဂျာနဲ့ အတူရောက်လာသည်။
မန်နေဂျာရဲ့ အဆီရွဲနေတဲ့မျက်နှာက ပြုံးဖြီးဖြီးဖြစ်နေသည်။
" ဒါလေးတွေက ကျွန်တော်တို့ဆိုင်က စေသနာပါ လက်ခံပေးပါအုန်း "
ဂျွန်ယောင်းက ဘာမှမပြောပဲ ငြိမ်နေတဲ့အခါ မန်နေဂျာက ကျန်လူ၂ယောက်ထဲကတစ်ယောက်ကို မျက်စပြစ်လိုက်သည် ထိုလူက ဂျွန်ယောင်းဘေးနားတွင် ကပ်ထိုင်ကာ ဝမ်းသာအားရဖြင့် အရက်ခွက်ကိုငှဲ့ပေးလာ၏။ ထိုအပျော်ကောင်လေးရဲ့ အပြုအမှုကြောင့် မန်နေဂျာဖြစ်သူက ရယ်ပြုံးပြီးထွက်သွားတော့သည်။
အဆိုတော်မလေးတွေက အခန်းထဲကလူတွေကို ဖျော်ဖြေနေပြီ အရက်သောက်ဖော်လေးတွေက သူတို့ဝတ်တရားအတိုင်း ဂျွန်ယောင်းနဲ့ ကျန်လူ၂ယောက်နားတွင် ကပ်နေကာ အရက်ငှဲ့ပေးနေသည်။
ရှီအော့ကတော့ အခန်းထဲတွင်ဖြစ်တည်မှုမရှိတဲ့သူတစ်ယောက်လိုပင်။ရှီအော့ အတွေးနက်နေစဥ် သီချင်းသံကိုကြားမိလိုက်သည်။တော်တော်လေး နားထောင်လို့ကောင်းသည့် အသံပိုင်ရှင်ကို သူတွေ့ချင်လာသည်။
အခန်းကျယ်ကြီးထဲ သူ့အကြည့်တွေကို တောင်မြောက်ရွေ့ကြည့်တဲ့အခါ ထောင့်စွန်နာက ရုပ်ရေအသင့်အတင့်ရှိတဲ့ကောင််မလေးကို ရှီအော့တွေ့လိုက်ရသည်။
အတော်လေး လှတဲ့မြင်ကွင်းမှာ ရှီအော့နှစ်မျောသွားသည်။ထိုကောင််မလေးက အသက်ငယ်ပုံရပြီ ပါရမီရှိသည်။ ဒီလိုအရည်အချင်းကောင်းကို ဒီနေရာမှာအသုံးချနေတာကို တွေ့ရတဲ့အခါ ရှီအော့ သူမအစားစိတ််မကောင်းဖြစ်သည်။သူမကို ဂရုဏသက်မိသည်။
ရုတ်တရပ်ကောင်မလေးဆီမှအကြည့်တွေရုတ်လိုက်ပြီး ဂျွန်ယောင်းကို ကြည့်တဲ့အခါ ဂျွန်ယောင်းက သူ့ကိုပြန်ကြည့်နေတာတွေ့လိုက်ရသည်။ သူ့မျက်နှာကိုကြည့် စိတ်အခြေအနေကောင်းပုံမရပေ။
ဒါကကြောက်စရာကောင်းလွန်သည်။ခဏကြာတဲ့အခါ ဂျွန်ယောင်းက သူ့ဆီမှအကြည့်လွဲသွားပြီ အစောင့်တစ်ယောက်ကိုခေါ်ကာ တစ်ခုခုပြောလိုက်သည်။အစောင့်က တရိုတသေခေါင်းငုတ်ရင်း ပြန်ထွက်သွားသည်။
ထိုအစောင့်ပြန်လာတဲ့အခါ သူရဲ့အနောက််မှ ခုနကအသံကောင်းတဲ့ကောင််မလေး ပါလာသည်။ရှီအော့စိတ်ထဲ အနည်းငယ်ထူးဆန်းသွားသည်။ဂျွန်ယောင်းက ဘာလုပ်ဖို့ အဲ့ကောင််မလေးကိုခေါ်တာလဲ။
ထိုအတွေးကို ရှီအော့ ခဏနေတော့တွေ့လိုက်ရသည်။ကောင်မလေးကို ဂျွန်ယောင်းက အတင်းအကြပ်ဖက်ထားပြီး သူမအဝတ်အစားတွေကို အတင်းဖယ်ချွတ်နေသည်။
ကောင််မလေးက ရုန်းကန်းနေပြီ သူမဘေးနားကလူတွေက ပွဲတစ်ခုလိုကြည့်နေကြသည်။ကျန်လူ၂ယောက်ကလည်း ဒါကိုကြည့်ပြီ စနောက်လာသည်။
" ငယ်ရွယ််မှုကကောင်းလိုက်တာကွာ အချိန််မရွေးနေရာမရွေးပဲ ဟား ဟား "
ရှီအော့ တော်တော်အံသြသွားသည်။သူတို့မှာ တားဖို့အစီအစဥ်မရှိဘူးလား ကောင််မလေးက ရုန်းကန်နေတာလေ ။ ရှီအော့ မနေနိုင်တော့ပဲ ဝင်ပါတော့မဲ့အချိန််မှာ အရက်ငှဲ့ပေးတဲ့ကောင်လေးတစ်ယောက်က ရှေ့ထွက်ပြောလာသည်။
" သူမက အဲ့တာလုပ်ဖို့မဟုတ်ဘူး သူမကို လွှတ်ပေးလိုက်ပါ "
ကောင်လေးရဲ့အသံကို ဂျွန်ယောင်းကြားလိုက်တဲ့အခါ သူရဲ့လုပ်လက်စကို ရပ်ထားလိုက်သည်။ဂျွန်ယောင်းကစကားတစ်ခွန်းမှမပြောလာတဲ့အခါ ကောင်လေးက ထပ်ပြောဖို့ ကြိုးစားလိုက်ပင့်မယ့် သူ့ခေါင်းပေါ်ကို ဖန်းပုလင်သာရောက်လာခဲ့သည်၊
ကောင်လေးရဲ့ ခေါင်းပေါ််မှာ သွေးတွေကျလာတာကို ဂျွန်ယောင်းမြင်ပင့်မယ့် ကောင်လေးကို ထက်ရိုက်ဖို့လက်ပြင်လိုက်သည်။ထိုအချိန််မှာ ရှီအော့ ကြားထဲကဝင်လိုက်သည်။
" CEO ဂျွန် စိတ်ထိန်းပါ မျက်လုံးတွေရှိပါတယ် "
ဂျွန်ယောင်းရဲ့ ဒေါသထွက်နေတဲ့ အကြည့်တွေက ရှီအော့ဆီရောက်လာသည်။ဂျွန်ယောင်းမျက်နှာမှာ မဲ့ပြုံးတစ်ခုကပါ တည်ရှိနေသည်။ဂျွန်ယောင်းက ကောင်လေးရဲ့ လည်ပင်ကိုညှစ်ထားရာမှ ပြေလျော့လိုက်ပြီ ရှီအော့ ကိုတိုးတိုးလေးကပ်ပြောလာသည်။
" ကောင်းပြီ ငါ သူကိုမလုပ်ဘူး မင်းကိုလုပ်မယ်ဆိုရင်ရော "
ရှီအော့ ပြန်မဖြေနိုင်ခင် ဂျွန်ယောင်းက ရှီအော့ဇာတ်ပိုကို တင်းတင်းဆုတ်ကိုင်ထားရင် ကြမ်းကြမ်းတမ်းတမ်း ကလက်ထဲမှ ဆွဲထုတ်လာခဲ့သည်။ဂျွန်ယောင်း သူ့ကို ဘယ်ခေါ်သွားမလဲ စဥ်းစားနေချိန်အတွင်း မြေအောက်ခန်း ကားပါကင်ကိုသူတို့ရောက်လာသည်။
လူသူတစ်ယောက်မှမရှိဘဲ အမှောင်ထုအတွင်းမှာရပ်ထားတဲ့ ကားထဲကို ဂျွန်ယောင်းက ရှီအော့ကို အတင်းထိုးထည့်နေသည်။ရှီအော့ တစ်ယောက် ကားခုံပေါ် လဲကျသွားတဲ့အချိန်မှာ ဂျွန်ယောင်းရဲ့ ထောင့်ဖြောင့်တဲ့ ခန္တာကိုယ်က ရှီအော့ ကို အုတ်မိုးထားသည်။
ရုတ်တရပ်ဖြစ်ပေါ်လာတဲ့ အခြေအနေအတွက် အကျိုးဆက်ကို ရှီအော့ တွေးမိလိုက်တဲ့အခါ အချိန်လွန်သွားချေပြီ။
" မလုပ်နဲ့ "
" ဘာကိုမလုပ်ရမှာလဲ ရိုးသားချင်ယောင်ဆောင်မနေနဲ့ ဒါကမင်းနဲ့မဆိုင်တဲ့လူတွေရဲ့ ပြသနာကို heroဝင်လုပ်ပေးချင်နေတာကြောင့်ပဲ "
" ကျွန်တော်က မဖြစ်သင့်တာမဖြစ်အောင်..... "
" မင်းရဲ့ မျက်လုံးအကြည့်တွေကိုသတိထားရင်ကောင်းမယ် "
ဂျွန်ယောင်းက စကားပြောနေရင်း သူရဲ့ ကုတ်အကျီနဲ့ နက်တိုင်ကို ဖြည့်ချလိုက်ပြီ နက်တိုင်ဖြင့် ရှီအော့ရဲ့ ရုန်းကန်နေတဲ့လက်ကို ချည်ထားလိုက်သည်။
" မလုပ်နဲ့လို့ ဒါ.. ဒါ .. အများပိုင်နေရာ "
" ဟုတ်တယ် အများပိုင်နေရာ မင်းကိုအာရုံစိုက်တာမခံချင်ရင် တိုးတိုးနေ "
သူလိုချင်တဲ့အရာကို ဂျွန်ယောင်းကရအောင်ယူသည်။ ရှီအော့ ဘယ်လောက်ပဲ လက်မခံဘူး ပြောပြော သူကတော့ သူပျော်နေသရွေ့ သူများစိတ်ဆင်းရဲတာကိုလည်း ရယ်မောကာ ကြည့်နေနိုင်သည်။
ဂျွန်ယောင်း ဆီကနေ ပထမတစ်ခေါက် လွှတ်မြောက်ခဲ့ပင့် ဒုတိယတစ်ခေါက်ဆိုတာကတော့ ရှိမလားနိုင်တဲ့အတွက် နာကျင်မှုကိုသာ အောင့်အီးသည်းခံရင်း ဂျွန်ယောင်းရဲ့ ရယူမှုကို အလွတ်ပေးလိုက်ရသည်။
~~ သျှပ်ပန်း ~~
#####
ဝုတ်ကဲ့ အရောင်လာပြတာပါ အသက်ရှိသေးကြောင်းတကယ်ပါ labirinto ကိုရေးနေရင်း seme ကို အလံနီကနေ အလံစိမ်းဖြစ်မသွားအောင်မနည်းရေးနေရတယ် ဒါကကိုယ်ရဲ့ ပထမဦးဆုံး seme အလံနီလေ
♤♤♤
" ဟုတ်ကဲ့ "
" ရတယ် မင်းသဘောပဲ "
........
" မင်း ဘာလုပ်တာလဲ "
" ကားမောင်းမလို့ .... "
" အမ် ? "
" အသိတစ်ယောက်ပါပဲ "
" အ့ နာနေပြီ "
သူတို့ အခန်းထဲရောက်ပြီး သိပ်မကြာခင်မှာ အဆိုတော်မလေးတွေနဲ့ အရက်သောက်ဖော်မိန်းကလေး နဲ့ ယောင်္ကျားလေးပါ မန်နေဂျာနဲ့ အတူရောက်လာသည်။
ဂျွန်ယောင်းက ဘာမှမပြောဘဲ ကျန်လူ၂ယောက်ထဲကတစ်ယောက်က ဝမ်းသာအားရလက်ခံလိုက်တဲ့အခါ မန်နေဂျာဖြစ်သူက ရယ်ပြုံးပြီးထွက်သွားသည်။
အခန်းကျယ်ကြီးထဲ သူ့အကြည့်တွေကို တောင်မြောက်ရွေ့ကြည့်တဲ့အခါ ထောင့်စွန်နာက ရုပ်ရေအသင့်အတင့်ရှိတဲ့ကောင်မလေးကို ရှီအော့တွေ့လိုက်ရသည်။
" ငယ်ရွယ်မှုကကောင်းလိုက်တာကွာ အချိန်မရွေးနေရာမရွေးပဲ ဟား ဟား "
ကောင်လေးရဲ့ ခေါင်းပေါ်မှာ သွေးတွေကျလာတာကို ဂျွန်ယောင်းမြင်ပင့်မယ့် ကောင်လေးကို ထက်ရိုက်ဖို့လက်ပြင်လိုက်သည်။ထိုအချိန်မှာ ရှီအော့ ကြားထဲကဝင်လိုက်သည်။
" မလုပ်နဲ့ "
" ဟုတ်တယ် အများပိုင်နေရာ မင်းကိုအာရုံစိုက်မခံချင်ရင် တိုးတိုးနေ "
~~ သျှပ်ပန်း ~~
#####