အချစ်တို့ မြစ်ဖျားခံရာ ( comp...

By EmmaRine9820

496K 14.3K 553

အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More

မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️

အပိုင်း(၁၁) uni & zg

10.4K 361 5
By EmmaRine9820

Unicode

ထိုက် ဒီနေ့အလုပ်မသွားဖြစ်၊ အောင်သန့်တို့မနက်ထဲက အိမ်ရောက်နေပီး ဒီနေ့အလုပ်မသွားဘဲ သူတို့နဲ့စားကြသောက်ကြရန်အချိန်ပေးရမယ်ဆို၍ ထိုက်လဲမတွေ့တာကြာလို့လက်ခံလိုက်သည်။ မိုးထက်က ညကျ Zeus သွားဖို့ပါစီစဉ်ထားသေးသည်။ အခုလဲ
အောင်သန့် နဲ့ ကျော်ဇောက kitchen ဝင်ကာ နေ့လည်စာအတွက် ပြင်ဆင်နေလေသည်။ သူတို့၄ယောက်လုံးသည်တစ်ယောက်ထဲသမားများဖြစ်သည့်အတွက် ဟင်းကောင်းကောင်းချက်တတ်ကြသည်။ အခုလဲ pasta နဲ့ ပုဇွန်ချက်နေကြသည်။

ကျောဇောမှ ပြင်ဆင်ပီးသည်နှင့်ဧည့်ခန်းထဲတွင်tvကြည့်နေကြသော ထိုက်နဲ့မိုးထက်အားအော်ခေါ်လိုက်သည်။

" လာကြတော့ ရေသာခိုနှစ်ကောင်စားလို့ရပီ "

ထိုက်နဲ့မိုးထက်လဲ နောက်ထဲဝင်သွားကာ စားဖို့နေရာယူလိုက်တော့သည်။ pasta ကတော့တကယ်စားချင် စဖွယ် ပင်လယ်စာနဲ့ဆိုတော့ ထိုက်အကြိုက်ပင်။

စားနေရင်း မိုးထက်ကစကားစလာသည်....

"ထိုက် မင်းဟိုကလေးနဲ့ကဘယ်လိုလဲမရိုးသားဘူးနော်"

မိုးထက်အမေးကြောင့် ကျန် ၂ကောင်ကလဲထောက်ခံတဲ့သဘောနဲ့သူ့ကိုမော့ကြည့်လာလေသည်။ထိုက်လဲ တစ်ချက်သာကြည့်၍ အောက်ပြန်ငုံ့ကာ ဆက်စားလိုက်ရင်း အေးအေးသာပြန်ဖြေလိုက်သည်။

"ဘာကိုမရိုးသားရမှာလဲ သူ့မှာက ဒီလောက်
ချစ်တဲ့သူရှိနေတာကို "

"အေးလေး အဲတာကြောင့် ငါတို့က စိတ်ပူနေတာပေါ့၊မရိုးသားဘူးဆိုတာ ဟိုကလေးမဟုတ်ဘူး မင်းကိုပြောနေတာ ၊ သူ့ex ကိုတောင်မပြတ်နိုင်လို့ မင်းကိုတောင်ကူညီခိုင်းနေတာ မင်းသွားမျှော်လင့်နေရင် မင်းပဲခံစားရမှာနော်"

ထိုက်က အံ့ဩက ဘယ်လိုသိတာလဲဆိုတဲ့ မျက်လုံးနဲ့လိုက်ကြည့်မိတော့...

ဝေယံက " ကြည့်မနေနဲ့ ထိုက် ငါတို့ကမင်းသူငယ်
ချင်း တွေပါကွ မင်းဘယ်ခြေလှမ်းလှမ်းနေသလဲ မင်းဘယ်လိုဖြစ်နေသလဲဆိုတာ မင်းမျက်လုံးထဲကို ငါတို့မမြင်သည်ထိမတုံးသေးဘူးကွ"

"အေးပါ .. ငါကိုယ်တိုင်တောင်ခုထိမသေချာသေးပါဘူး နဂိုထဲက ငါ့အတွက်မဟုတ်မှန်းငါသိထားပီးသားပါ ၊ မင်းတို့အရမ်းစိတ်မပူနဲ့ရတယ်"

ထိုက်ဒီနေ့မျက်နှာမကောင်းတာကို ဒီကောင်တွေရိပ်မိသွားပုံရသည်။... စိုင်းခက် နဲ့မတွေ့ရတာ၁ပတ်ရက်ရှိနေပီလေ၊ သူငယ်ချင်းတွေနဲ့ သွားသောက်မလို့တဲ့၊ နောက်ရက်ကျသောက်တာများပီးမထနိုင်လို့အပြင်မထွက်ချင်လို့တဲ့လေ၊ မတွေ့ရတာ ကြာပီမို့တွေ့ချင်တာမှန်ပေမဲ့ ဒါကအဓိက အကြောင်းမဟုတ် သေး ညက messager မှာ ပို့လာတဲ့စာကြောင့်သာထိုက်လုံးဝစိတ်မကြည်တာဖြစ်သည်။..

"အကို ဟိုနေ့က ကျွန်တော်တင်တဲ့ my day တွေကို ဟိန်းကဝင်ကြည့်ပီး လက်မ တွေတန်းစီးပေးသွားတယ်၊ပီးတော့ အရင်အပတ်က ကျွန်တော့ကို စာလာပို့တယ် "ဘာတွေလုပ်နေလဲဲတဲ့လေ "
အကိုရယ် ကျွန်တော်ပျော်လိုက်တာသိလား... ဟိန်းကျွန်တော့်ဆီပြန်စိတ်လည်လာပီထင်
တယ်နော်၊ အဲတာကျွန်တော်ပြောဖို့မေ့နေလို့ အကိုဝမ်းသာရအောင်လှမ်းပြောတာ "

ထိုစာများကိုဖတ်ပီး ထိုက်စာပင်မပြန်ဖြစ်ခဲ့ ရင်ထဲမှာ တနှုန့်နှုန့်ဖြစ်ကာ ညကနောက်ကျမှတောင် အိပ်ပျော်ဖြစ်ခဲ့သည်။ မနက်ရောက်တော့
အိပ်ရေးကမဝစိတ်ကမကြည်လင် တအားသိသာသွားလို့ထင်ပါရဲ့ ဒီကောင်တွေရိပ်မိသွားတာ ... ။

သူတို့စားသောက်ပီးတာနဲ့ ဧည့်ခန်းသို့ထွက်လာပီး
One Day ဆိုတဲ့ ထိုင်းအချစ်ကားကိုကြည့်နေလိုက် ကြသည်။ နဂိုထဲကမှ စိတ်မကြည်ပါဘူးဆိုဒီကားကြည့်ပီး ဝမ်းနဲလာရသည်။ အောင်သန့်ဆိုမျက်ရည် ပါဝဲနေသေးတာ။ ထိုစဉ် ....

ဝင်လာသော I phone ringtone သံ ....

"ဟာဘယ်သူ့ဖုန်းလဲကွာအရှိန်ပျက်တယ်မြန်
မြန်ကိုင်"

မိုးထက်က အော်လေသည်။
ထိုက် အခန်းထဲပြေးသွားလိုက်ပီးဖုန်းမြန်မြန်ကိုင်
လိုက်ရသည် ...

"အင်း စိုင်းခက် ပြော"

"အကို... "

စိုင်းခက်အသံကို ခပ်ဆွဲဆွဲခေါ်တော့

"အင်း ကိုယ်နားထောင်နေတယ်"

"ကျွန်တော်အရမ်းပျင်းနေလို့ အကိုရောဘာလုပ်နေလဲ"

"ကိုယ့် သူငယ်ချင်းတွေရောက်နေလို့ဇာတ်ကား
ကြည့်နေကြတာ"

"အာ့ဆို အကိုက မအားဘူးပေါ့"

ဘာပါလိမ့်ဒီလေသံလေးက စိုင်းခက်သူ့ကိုချွဲနေတာလား ၊ သူတို့အတော်ရင်းနှီးလာတဲ့အတောအတွင်း စိုင်းခက် ကလေးဆန်ပီး သိသိသာသာရောမသိမသာပါ သူ့အပေါ်နဲနဲဆိုးတတ်လာတာထိုက်သတိထားမိပါသည်။ အိမ်မှာကလဲအလိုလိုက်ခံရ၊ အပေါင်းအသင်းတွေကလဲသည်းခံ ၊ ထိုက်ကလဲ ကလေးဆိုပီး အလျော့ပေးထားအလိုလိုက်ထားတော့ ခပ်ဆိုးဆိုးလေးဖြစ်ချင်လာတာပင်...

အဟက် ထိုက်လဲ ရီမိပီး ပြန်ပြောလိုက်သည်

" ကိုယ်အားပါတယ်"

"သူငယ်ချင်းတွေရောက်နေတာဆို ဘယ်လိုအားတာလဲ"

"ကဲပါစိုင်းခက်ရယ် ရစ်မနေနဲ့ပြော ဘယ်သွား
ချင်တာလဲ ဘယ်ချိန်လာခေါ်ရမှာလဲ "

"ဟဲဟဲ အကိုကလဲ .. နာရီဝက်လောက်နေရင်လာခေါ် ရေချိုးလိုက်အုံးမယ် "

ဖုန်းချသွားတာတောင် ထိုက်မှာပြုံးနေရတုန်း ... ချစ်ဖို့ကောင်းလိုက်တဲ့ကောင်လေး ။ ထိုက်ရေချိုးပီးသားမို့ အဝတ်အစားသာလဲပီး အိမ်ရှေ့သို့ပြန်ထွက်လာလိုက်သည်။ သူ့ကိုမြင်သည်နှင့်
မျက်မှောင်ကျုံပီးအောင်သန့်ကကြည့်ကာ

" ဟျောင့် ဒါဘယ်လဲ  ၊ ငါတို့နဲ့ ညသွားမှာလေ"

"ခုမှ ၂နာရီဘဲရှိသေးတယ် ညငါအမှီပြန်လာမယ် ၊ ခုစိုင်းခက်က အပြင်သွားချင်တယ်ဆိုလို့ လိုက်ပို့
လိုက်အုံးမယ်..သွားပြီ.."

ထိုက်လဲ အောင်သန့်စကားပြန်ကိုတောင်မစောင့်ဘဲ ထွက်ခဲ့လိုက်တော့၏ ၊မဟုတ်ရင် လေကြောကရှည်နေအုံးမှာလေ။

                    *****🌸🌸🌸*****
စိုင်းခက်ဆီသွားတဲ့ လမ်းတစ်လျှောက်လုံးလဲ
ထိုက်အတွေးတွေနဲ့ ပါးစပ်ကြီးနားရွက်ချိတ်မတတ် ပြုံးနေရတော့သည်။ ဘာလို့လဲဆိုတော့ စိုင်းခက်က အရင်ရက်တွေကလဲ ပျင်းနေလို့အကိုမအားရင်အကိုဆီလာမယ်ပြောပီးရောက်ရောက်လာတတ်သေးသည်။ရောက်လာပီဆိုလဲထိုက်ရုံးခန်းထဲတွင်နေကာ ဂိမ်းထိုင်စောင့်လိုက် hotel က ရတာတွေမှာစားလိုက်နှင့်..၊ သူငယ်ချင်းတွေနဲ့ မတွေ့ဘူးလားဆိုတော့ ခန့်မှူးလွင်က ဘဲရပီးကတည်းက သူ့ဘဲနဲ့ဘဲအချိန်ကုန်နေကာ ၊ ဟိုနှစ်ကောင်ကလဲ သူတို့အိမ်တွေကအလုပ်ဝင်ဖို့ပြောနေသဖြင့်မအားဘူးတဲ့လေ ။ စိုင်းခက်ကရော အလုပ်လုပ်ဖို့အစီအစဉ်မရှိဘူးလားမေးတော့ လွတ်လွတ်လပ်လပ်နေချင်သေးတယ်တဲ့။

အတွေးများနယ်ချဲ့ရင်း ကိုယ်တော်ချောလေး အိမ်ရှေ့ရောက်နေပီဖြစ်ကာ ... ဖုန်းဆက်ခေါ်လိုက် သည်။ စိုင်းခက်ကားပေါ် ရောက်သည်နှင့် ...

"ကဲ ပြောပါအုံး ဘယ်သွားချင်ပြန်ပီလဲ"

"ဘယ်မှရယ်လို့တော့မစဉ်းစားမိဘူး ဒီတိုင်းပျင်းနေလို့ အကို့ကိုလှမ်းခေါ်လိုက်တာ၊ ဘယ်သွားကြရင် ကောင်းမလဲ ၊ အကိုစဉ်းစားပေး..။ "

"အင်း ဒါဆိုရင် ရုပ်ရှင်သွားကြည့်မလား
The Num 2 ရုံတင်နေပီလေ မင်းသရဲကားတွေ
ကြိုက်တယ်မို့လား "

"ကြိုက်နေပေမဲ့ ကြောက်လို့ "

"ကိုယ် ရှိတယ်လေ ကြည့်ချင်ရင်သွားကြမယ်"

ဒီလိုနဲ့ပဲ ရုပ်ရှင်ကြည့်ဖို့ဖြစ်လာတော့သည်။ ထိုက်နဲ့စိုင်းခက်က အကြိုက်တူတာများသည် ။ တော်တော် များများထူးပီးညှိနေစရာမလို၊စိုင်းခက်အတွက် ထိုက်နဲ့အတူရှိရတာစိတ်လွတ်လပ် ပီးပျော်ရတာကြောင့် ထိုက်ကို စိုင်းခက် ခင်တွယ်မိခြင်းဖြစ်သည်။

ရုပ်ရှင်ရုံထဲရောက်တော့ သူတို့တစ်ရုံလုံးလူအပြည့်ဖြစ်ကာ သူတို့နေရာသည်screen ရဲ့ညာဘက် ဆုံးက၂ယောက်ခုံလိုင်းမှ ၆တန်းမြှောက်တွင်
ဖြစ်သည်။အတွင်းဘက်တွင် စိုင်းခက်ထိုင်ကာလျှောက်လမ်းဘက်ခြမ်းတွင် ထိုက်ကနေရာယူလိုက်သည်။

ရုပ်ရှင်အစပိုင်းတွင်တော့ စိုင်းခက်က အေးဆေး
ပင်ကြည့်နေပေမဲ့ အလယ်ပိုင်းလဲရောက်ရောစလာပါပီ ၊ လက်နှစ်ဖက်ဖြင့်ကွယ်ထားပီးလက်ချောင်းကြားကနေ ချောင်းကြည့်နေတော့သည်။

"စိုင်းခက် ကြောက်နေပီလား တကယ်မှမဟုတ်တာကို "

"ကြောက်တာထက် လန့်တာ အကိုရ ရုတ်တရက်ထထပေါ်လာတာ ရင်တုန်တယ်"

"ပေး လက်"

"ဟင် ဘာလဲ "

" စိုင်းခက် လက် ကိုယ့်ကိုပေးလို့ ကိုယ်ကိုင်ထားပေးမယ်"

စိုင်းခက်လဲ အူလည်လည်ဖြင့် လက်ဖြန့်ပေးလိုက်တော့ စိုင်းခက်လက်ကြားထဲ ထိုက်လက်များ တင်းကျပ်စွာ စုပ်ကိုင်လိုက်ပီး...

"မကြောက်နဲ့ ကိုယ်ဘေးမှာရှိတယ်"

ရုပ်ရှင်ပီးသည်ထိ ကိုင်ထားတာ ခုထိမလွတ်သေး
စိုင်းခက် လက်ဖဝါးများပင်ချွေးစများ ထွက်လာပီလေ ။

"လာ ထွက်ကြမယ် "

ထိုက်က စိုင်းခက်ကို လက်တွဲထားရက်နဲ့ဘဲ ရုံအပြင်သို့ဆွဲထွက်လာသည်။

တိုက်ဆိုင်သည်လား မပြောတတ် သူတို့နှစ်ယောက် ရုံအပြင်အရောက် ဟိုဘက်ရုံအခန်းကနေ ထွက်လာသော ဟိန်းနဲ့တည့်တည့် တိုးလေတော့သည်။ ဟိန်းတစ်ယောက်ထဲတော့ မဟုတ်ပေ ရတီချို ဆိုတဲ့ မိန်းကလေးနဲ့အတူ။ စိုင်းခက် ညှိးကျသွားတဲ့ မျက်နှာကို ချက်ချင်းပြင်လိုက်တာ စနှုတ်ဆက်လိုက်သည်... ထိုက်ကတော့ ဘေးမှာဒီတိုင်းသာရပ်ကြည့်နေလိုက် သည်။

" ဟိန်း မတွေ့တာတောင်ကြာပီနော် ဒါနဲ့ ထူးထူး
ဆန်းဆန်း ရုပ်ရှင်လာကြည့်တာပေ့ါ..."

တစ်ဆက်ထဲ ခပ်ရွဲ့ရွဲ့မေးလိုက်ရင်း... ရတီချိုဆီအကြည့်ပို့လိုက်တော့

"အင်း စိုင်းခက် ဒါရတီချိုတဲ့ ငါ့မိတ်ဆွေလေ သူ
ကြည့်ချင်တယ်ဆိုလို့ အဖော်လိုက်ပို့ပေးတာ"

စိုင်းခက်ဒေါသတို့ထွက်လာရ၏ သူနဲ့တုန်းက
ရုပ်ရှင်ကြည့်ဖို့ဆို မနဲခေါ်ရတဲ့လူကခုတော့...

"ဪ ... နှစ်ယောက်ထဲ ရုပ်ရှင်လာကြည့်ကြတဲ့ မိတ်ဆွေတွေပေါ့ အင်းအင်းမိတ်ဆွေတွေ ..."

ခပ်ထီထီ ဖြင့် ဟိန်းကိုကြည့်ကာ ပြန်ပြောလိုက်သည်။

" စိုင်းခက် မင်းဘယ်လိုပုံစံမျိုးပြောနေလဲ မင်း
ကိုယ်မင်းသိရဲ့လား ..နေစမ်းပါလား ငါ့ကို လာပြောနေရအောင် မင်းကရောထူးသလဲ"

ခုထိမဖြုတ်ရသေးတဲ့ လက်ကို ကြည့်ပီး ဟိန်းထက်ကလဲ ပြန်ရွဲ့လိုက်သည် ..... စိုင်းခက်ကလဲ
မခံပေ

ထိုက်ထက်ကို ဟိန်းရှေ့မြှောက်ပြလိုက်ပီး

" ဟုတ်တယ် ငါတို့လဲ မိတ်ဆွေတွေ လက်ကိုင်လို့ရတဲ့ မိတ်ဆွေတွေလေ "

ဟုပြောကာ ထိုက်ကိုဆွဲ၍ ဟိန်းရှေ့မှ ထွက်လာခဲ့လိုက်စဉ် တောက်... ဟိန်းရဲ့ဒေါသတကြီး တောက်ခေါက်သံကြောင့် ခပ်မဲ့မဲ့ပြုံးမိလိုက်၏ ....

               *****🌸🌸🌸🌸******

လူရှင်းတဲ့ တစ်နေရာမှာ ဝင်ထိုင်ကာ စိုင်းခက်က
ခေါင်းငိုက်စိုက်ချထားလျက် မျက်ရည်များဝိုင်းလာတော့သည်။

"စိုင်းခက် ကောင်လေး အဆင်ပြေရဲ့လား မငိုပါနဲ့ကွာ ကိုယ့်ကို ကြည့်ကြားလား ဒီကိုကြည့်ပါအုံး"

စိုင်းခက်ပုခုံးလေးကိုကိုင်၍ သူ့ဘက်ဆွဲလှည့်ပီး ငုံထားသော မျက်နှာလေးကို မော့ခိုင်းနေရသည် ။
စိုင်းခက်မော့ကြည့်လာတော့ မှကျနေသောမျက်
ရည်များကို လက်မဖြင့် ခပ်ဖွဖွလေးသုပ်ပေးရင်း...

"မငိုပါနဲ့ ကောင်လေးရာ မင်းငိုတာကြည့်ရတာ
ကိုယ့်ရင်ထဲမကောင်းဘူး နော်တိတ်တော့... "

ထို့သို့ပြောတော့ သူ့ကိုမော့ကြည့်လာသော မျက်ဝန်းဝိုင်းလေးတွေမှာ မျက်ရေဥများဝန်းရံနေသည်။ ထိုက်ရင်ထဲအတော်မကောင်းတော့ပေ။

"အကို ဟိန်းက ကျွန်တော့်ကို တကယ်မေ့နိုင်သွားပီထင်ပါတယ်ဗျာ ကျွန့်တော့်ဆီပြန်မလာလောက်တော့ဘူးနဲ့တူတယ် အကိုရယ်"

"ဟိတ်ကောင်လေး ကိုယ်ပြောပြမယ် ဟိန်းမျက်လုံးတွေထဲမှာ မင်းနဲ့ကိုယ်နဲ့ကို သဝန်တိုပီး ဒေါသထွက်နေတာကိုယ်မြင်နေရတယ် မင်းကိုသူချစ်နေပါသေးတယ်သူပြန်လာမှာပါကွာ ... တိတ်တော့ "

ဟူးးးး ထိုက်ရင်ထဲ ဆူးအောင့်အောင့်ဖြင့် အသက်ရူကြပ်လာသလိုပါခံစားနေရသည်။ ခုတော့သူသေချာသွားခဲ့ပါပြီ ဒီကောင်လေးကို သူချစ်မိနေပြီလေ ..

အခြားလူတစ်ယောက်ကြောင့် ငိုနေတဲ့ ကောင်လေးကို ကြည့်မိ သူ့နှလုံးသားတွေ နာကျင်လာရတာဟာ သေချာပါသည် ဒီကောင်လေးကို သူချစ်မိနေလို့ဆိုတာပေါ့ ... တစ်ပြိုင်နက်ထဲလဲ သူဆုံးရှုံးလိုက်ရတဲ့ခံစားချက်က တွဲလျက်ပါလာသည်။...

*ကိုယ်က မပြိုင်ခင်ထဲက ရှုံးနေပီးသားပါကွာ
အစထဲက ကိုယ်က ဒီပွဲမှာ ဧည့်သည်သရုပ်ဆောင်ပွဲကြည့်ပရိတ်သတ်ပါ ၊ ကိုယ်အရမ်းနောင်တရမိတယ် မင်းကို ချစ်မိလို့တော့မဟုတ်ဘူး မင်းနှလုံးသားထဲ ကိုယ်အရင်မရောက်ခဲ့ရလို့....*

ချစ်တယ်ကောင်လေး ကိုယ်မင်းကို မဖြစ်နိုင်မှန်းသိရဲ့ကို ချစ်မိသွားခဲ့တာ ပိုင်ဆိုင်ရမှ အချစ်မဟုတ်ပါဘူး ..... ပေးစပ်ခြင်းကလဲ ဖြူစင်တဲ့အချစ်ပါပဲ....

               ****🌺🌺🌺****

Zawgyi

ထိုက္ ဒီေန႔အလုပ္မသြားျဖစ္၊ ေအာင္သန္႔တို႔မနက္ထဲက အိမ္ေရာက္ေနပီး ဒီေန႔အလုပ္မသြားဘဲ သူတို႔နဲ႔စားၾကေသာက္ၾကရန္အခ်ိန္ေပးရမယ္ဆို၍ ထိုက္လဲမေတြ႕တာၾကာလို႔လက္ခံလိုက္သည္။ မိုးထက္က ညက် Zeus သြားဖို႔ပါစီစဥ္ထားေသးသည္။ အခုလဲ
ေအာင္သန္႔ နဲ႔ ေက်ာ္ေဇာက kitchen ဝင္ကာ ေန႔လည္စာအတြက္ ျပင္ဆင္ေနေလသည္။ သူတို႔၄ေယာက္လုံးသည္တစ္ေယာက္ထဲသမားမ်ားျဖစ္သည့္အတြက္ ဟင္းေကာင္းေကာင္းခ်က္တတ္ၾကသည္။ အခုလဲ pasta နဲ႔ ပုဇြန္ခ်က္ေနၾကသည္။

ေက်ာေဇာမွ ျပင္ဆင္ပီးသည္ႏွင့္ဧည့္ခန္းထဲတြင္tvၾကည့္ေနၾကေသာ ထိုက္နဲ႔မိုးထက္အားေအာ္ေခၚလိုက္သည္။

" လာၾကေတာ့ ေရသာခိုႏွစ္ေကာင္စားလို႔ရပီ "

ထိုက္နဲ႔မိုးထက္လဲ ေနာက္ထဲဝင္သြားကာ စားဖို႔ေနရာယူလိုက္ေတာ့သည္။ pasta ကေတာ့တကယ္စားခ်င္ စဖြယ္ ပင္လယ္စာနဲ႔ဆိုေတာ့ ထိုက္အႀကိဳက္ပင္။

စားေနရင္း မိုးထက္ကစကားစလာသည္....

"ထိုက္ မင္းဟိုကေလးနဲ႔ကဘယ္လိုလဲမ႐ိုးသားဘူးေနာ္"

မိုးထက္အေမးေၾကာင့္ က်န္ ၂ေကာင္ကလဲေထာက္ခံတဲ့သေဘာနဲ႔သူ႔ကိုေမာ့ၾကည့္လာေလသည္။ထိုက္လဲ တစ္ခ်က္သာၾကည့္၍ ေအာက္ျပန္ငုံ႔ကာ ဆက္စားလိုက္ရင္း ေအးေအးသာျပန္ေျဖလိုက္သည္။

"ဘာကိုမ႐ိုးသားရမွာလဲ သူ႔မွာက ဒီေလာက္
ခ်စ္တဲ့သူရွိေနတာကို "

"ေအးေလး အဲတာေၾကာင့္ ငါတို႔က စိတ္ပူေနတာေပါ့၊မ႐ိုးသားဘူးဆိုတာ ဟိုကေလးမဟုတ္ဘူး မင္းကိုေျပာေနတာ ၊ သူ႔ex ကိုေတာင္မျပတ္ႏိုင္လို႔ မင္းကိုေတာင္ကူညီခိုင္းေနတာ မင္းသြားေမွ်ာ္လင့္ေနရင္ မင္းပဲခံစားရမွာေနာ္"

ထိုက္က အံ့ဩက ဘယ္လိုသိတာလဲဆိုတဲ့ မ်က္လုံးနဲ႔လိုက္ၾကည့္မိေတာ့...

ေဝယံက " ၾကည့္မေနနဲ႔ ထိုက္ ငါတို႔ကမင္းသူငယ္
ခ်င္း ေတြပါကြ မင္းဘယ္ေျခလွမ္းလွမ္းေနသလဲ မင္းဘယ္လိုျဖစ္ေနသလဲဆိုတာ မင္းမ်က္လုံးထဲကို ငါတို႔မျမင္သည္ထိမတုံးေသးဘူးကြ"

"ေအးပါ .. ငါကိုယ္တိုင္ေတာင္ခုထိမေသခ်ာေသးပါဘူး နဂိုထဲက ငါ့အတြက္မဟုတ္မွန္းငါသိထားပီးသားပါ ၊ မင္းတို႔အရမ္းစိတ္မပူနဲ႔ရတယ္"

ထိုက္ဒီေန႔မ်က္ႏွာမေကာင္းတာကို ဒီေကာင္ေတြရိပ္မိသြားပုံရသည္။... စိုင္းခက္ နဲ႔မေတြ႕ရတာ၁ပတ္ရက္ရွိေနပီေလ၊ သူငယ္ခ်င္းေတြနဲ႔ သြားေသာက္မလို႔တဲ့၊ ေနာက္ရက္က်ေသာက္တာမ်ားပီးမထႏိုင္လို႔အျပင္မထြက္ခ်င္လို႔တဲ့ေလ၊ မေတြ႕ရတာ ၾကာပီမို႔ေတြ႕ခ်င္တာမွန္ေပမဲ့ ဒါကအဓိက အေၾကာင္းမဟုတ္ ေသး ညက messager မွာ ပို႔လာတဲ့စာေၾကာင့္သာထိုက္လုံးဝစိတ္မၾကည္တာျဖစ္သည္။..

"အကို ဟိုေန႔က ကြၽန္ေတာ္တင္တဲ့ my day ေတြကို ဟိန္းကဝင္ၾကည့္ပီး လက္မ ေတြတန္းစီးေပးသြားတယ္၊ပီးေတာ့ အရင္အပတ္က ကြၽန္ေတာ့ကို စာလာပို႔တယ္ "ဘာေတြလုပ္ေနလဲဲတဲ့ေလ "
အကိုရယ္ ကြၽန္ေတာ္ေပ်ာ္လိုက္တာသိလား... ဟိန္းကြၽန္ေတာ့္ဆီျပန္စိတ္လည္လာပီထင္
တယ္ေနာ္၊ အဲတာကြၽန္ေတာ္ေျပာဖို႔ေမ့ေနလို႔ အကိုဝမ္းသာရေအာင္လွမ္းေျပာတာ "

ထိုစာမ်ားကိုဖတ္ပီး ထိုက္စာပင္မျပန္ျဖစ္ခဲ့ ရင္ထဲမွာ တႏႈန္႔ႏႈန္႔ျဖစ္ကာ ညကေနာက္က်မွေတာင္ အိပ္ေပ်ာ္ျဖစ္ခဲ့သည္။ မနက္ေရာက္ေတာ့
အိပ္ေရးကမဝစိတ္ကမၾကည္လင္ တအားသိသာသြားလို႔ထင္ပါရဲ႕ ဒီေကာင္ေတြရိပ္မိသြားတာ ... ။

သူတို႔စားေသာက္ပီးတာနဲ႔ ဧည့္ခန္းသို႔ထြက္လာပီး
One Day ဆိုတဲ့ ထိုင္းအခ်စ္ကားကိုၾကည့္ေနလိုက္ ၾကသည္။ နဂိုထဲကမွ စိတ္မၾကည္ပါဘူးဆိုဒီကားၾကည့္ပီး ဝမ္းနဲလာရသည္။ ေအာင္သန္႔ဆိုမ်က္ရည္ ပါဝဲေနေသးတာ။ ထိုစဥ္ ....

ဝင္လာေသာ I phone ringtone သံ ....

"ဟာဘယ္သူ႔ဖုန္းလဲကြာအရွိန္ပ်က္တယ္ျမန္
ျမန္ကိုင္"

မိုးထက္က ေအာ္ေလသည္။
ထိုက္ အခန္းထဲေျပးသြားလိုက္ပီးဖုန္းျမန္ျမန္ကိုင္
လိုက္ရသည္ ...

"အင္း စိုင္းခက္ ေျပာ"

"အကို... "

စိုင္းခက္အသံကို ခပ္ဆြဲဆြဲေခၚေတာ့

"အင္း ကိုယ္နားေထာင္ေနတယ္"

"ကြၽန္ေတာ္အရမ္းပ်င္းေနလို႔ အကိုေရာဘာလုပ္ေနလဲ"

"ကိုယ့္ သူငယ္ခ်င္းေတြေရာက္ေနလို႔ဇာတ္ကား
ၾကည့္ေနၾကတာ"

"အာ့ဆို အကိုက မအားဘူးေပါ့"

ဘာပါလိမ့္ဒီေလသံေလးက စိုင္းခက္သူ႔ကိုခြၽဲေနတာလား ၊ သူတို႔အေတာ္ရင္းႏွီးလာတဲ့အေတာအတြင္း စိုင္းခက္ ကေလးဆန္ပီး သိသိသာသာေရာမသိမသာပါ သူ႔အေပၚနဲနဲဆိုးတတ္လာတာထိုက္သတိထားမိပါသည္။ အိမ္မွာကလဲအလိုလိုက္ခံရ၊ အေပါင္းအသင္းေတြကလဲသည္းခံ ၊ ထိုက္ကလဲ ကေလးဆိုပီး အေလ်ာ့ေပးထားအလိုလိုက္ထားေတာ့ ခပ္ဆိုးဆိုးေလးျဖစ္ခ်င္လာတာပင္...

အဟက္ ထိုက္လဲ ရီမိပီး ျပန္ေျပာလိုက္သည္

" ကိုယ္အားပါတယ္"

"သူငယ္ခ်င္းေတြေရာက္ေနတာဆို ဘယ္လိုအားတာလဲ"

"ကဲပါစိုင္းခက္ရယ္ ရစ္မေနနဲ႔ေျပာ ဘယ္သြား
ခ်င္တာလဲ ဘယ္ခ်ိန္လာေခၚရမွာလဲ "

"ဟဲဟဲ အကိုကလဲ .. နာရီဝက္ေလာက္ေနရင္လာေခၚ ေရခ်ိဳးလိုက္အုံးမယ္ "

ဖုန္းခ်သြားတာေတာင္ ထိုက္မွာၿပဳံးေနရတုန္း ... ခ်စ္ဖို႔ေကာင္းလိုက္တဲ့ေကာင္ေလး ။ ထိုက္ေရခ်ိဳးပီးသားမို႔ အဝတ္အစားသာလဲပီး အိမ္ေရွ႕သို႔ျပန္ထြက္လာလိုက္သည္။ သူ႔ကိုျမင္သည္ႏွင့္
မ်က္ေမွာင္က်ဳံပီးေအာင္သန္႔ကၾကည့္ကာ

" ေဟ်ာင့္ ဒါဘယ္လဲ  ၊ ငါတို႔နဲ႔ ညသြားမွာေလ"

"ခုမွ ၂နာရီဘဲရွိေသးတယ္ ညငါအမွီျပန္လာမယ္ ၊ ခုစိုင္းခက္က အျပင္သြားခ်င္တယ္ဆိုလို႔ လိုက္ပို႔
လိုက္အုံးမယ္..သြားၿပီ.."

ထိုက္လဲ ေအာင္သန္႔စကားျပန္ကိုေတာင္မေစာင့္ဘဲ ထြက္ခဲ့လိုက္ေတာ့၏ ၊မဟုတ္ရင္ ေလေၾကာကရွည္ေနအုံးမွာေလ။

                    *****🌸🌸🌸*****
စိုင္းခက္ဆီသြားတဲ့ လမ္းတစ္ေလွ်ာက္လုံးလဲ
ထိုက္အေတြးေတြနဲ႔ ပါးစပ္ႀကီးနား႐ြက္ခ်ိတ္မတတ္ ၿပဳံးေနရေတာ့သည္။ ဘာလို႔လဲဆိုေတာ့ စိုင္းခက္က အရင္ရက္ေတြကလဲ ပ်င္းေနလို႔အကိုမအားရင္အကိုဆီလာမယ္ေျပာပီးေရာက္ေရာက္လာတတ္ေသးသည္။ေရာက္လာပီဆိုလဲထိုက္႐ုံးခန္းထဲတြင္ေနကာ ဂိမ္းထိုင္ေစာင့္လိုက္ hotel က ရတာေတြမွာစားလိုက္ႏွင့္..၊ သူငယ္ခ်င္းေတြနဲ႔ မေတြ႕ဘူးလားဆိုေတာ့ ခန္႔မႉးလြင္က ဘဲရပီးကတည္းက သူ႔ဘဲနဲ႔ဘဲအခ်ိန္ကုန္ေနကာ ၊ ဟိုႏွစ္ေကာင္ကလဲ သူတို႔အိမ္ေတြကအလုပ္ဝင္ဖို႔ေျပာေနသျဖင့္မအားဘူးတဲ့ေလ ။ စိုင္းခက္ကေရာ အလုပ္လုပ္ဖို႔အစီအစဥ္မရွိဘူးလားေမးေတာ့ လြတ္လြတ္လပ္လပ္ေနခ်င္ေသးတယ္တဲ့။

အေတြးမ်ားနယ္ခ်ဲ႕ရင္း ကိုယ္ေတာ္ေခ်ာေလး အိမ္ေရွ႕ေရာက္ေနပီျဖစ္ကာ ... ဖုန္းဆက္ေခၚလိုက္ သည္။ စိုင္းခက္ကားေပၚ ေရာက္သည္ႏွင့္ ...

"ကဲ ေျပာပါအုံး ဘယ္သြားခ်င္ျပန္ပီလဲ"

"ဘယ္မွရယ္လို႔ေတာ့မစဥ္းစားမိဘူး ဒီတိုင္းပ်င္းေနလို႔ အကို႔ကိုလွမ္းေခၚလိုက္တာ၊ ဘယ္သြားၾကရင္ ေကာင္းမလဲ ၊ အကိုစဥ္းစားေပး..။ "

"အင္း ဒါဆိုရင္ ႐ုပ္ရွင္သြားၾကည့္မလား
The Num 2 ႐ုံတင္ေနပီေလ မင္းသရဲကားေတြ
ႀကိဳက္တယ္မို႔လား "

"ႀကိဳက္ေနေပမဲ့ ေၾကာက္လို႔ "

"ကိုယ္ ရွိတယ္ေလ ၾကည့္ခ်င္ရင္သြားၾကမယ္"

ဒီလိုနဲ႔ပဲ ႐ုပ္ရွင္ၾကည့္ဖို႔ျဖစ္လာေတာ့သည္။ ထိုက္နဲ႔စိုင္းခက္က အႀကိဳက္တူတာမ်ားသည္ ။ ေတာ္ေတာ္ မ်ားမ်ားထူးပီးညႇိေနစရာမလို၊စိုင္းခက္အတြက္ ထိုက္နဲ႔အတူရွိရတာစိတ္လြတ္လပ္ ပီးေပ်ာ္ရတာေၾကာင့္ ထိုက္ကို စိုင္းခက္ ခင္တြယ္မိျခင္းျဖစ္သည္။

႐ုပ္ရွင္႐ုံထဲေရာက္ေတာ့ သူတို႔တစ္႐ုံလုံးလူအျပည့္ျဖစ္ကာ သူတို႔ေနရာသည္screen ရဲ႕ညာဘက္ ဆုံးက၂ေယာက္ခုံလိုင္းမွ ၆တန္းေျမႇာက္တြင္
ျဖစ္သည္။အတြင္းဘက္တြင္ စိုင္းခက္ထိုင္ကာေလွ်ာက္လမ္းဘက္ျခမ္းတြင္ ထိုက္ကေနရာယူလိုက္သည္။

႐ုပ္ရွင္အစပိုင္းတြင္ေတာ့ စိုင္းခက္က ေအးေဆး
ပင္ၾကည့္ေနေပမဲ့ အလယ္ပိုင္းလဲေရာက္ေရာစလာပါပီ ၊ လက္ႏွစ္ဖက္ျဖင့္ကြယ္ထားပီးလက္ေခ်ာင္းၾကားကေန ေခ်ာင္းၾကည့္ေနေတာ့သည္။

"စိုင္းခက္ ေၾကာက္ေနပီလား တကယ္မွမဟုတ္တာကို "

"ေၾကာက္တာထက္ လန္႔တာ အကိုရ ႐ုတ္တရက္ထထေပၚလာတာ ရင္တုန္တယ္"

"ေပး လက္"

"ဟင္ ဘာလဲ "

" စိုင္းခက္ လက္ ကိုယ့္ကိုေပးလို႔ ကိုယ္ကိုင္ထားေပးမယ္"

စိုင္းခက္လဲ အူလည္လည္ျဖင့္ လက္ျဖန္႔ေပးလိုက္ေတာ့ စိုင္းခက္လက္ၾကားထဲ ထိုက္လက္မ်ား တင္းက်ပ္စြာ စုပ္ကိုင္လိုက္ပီး...

"မေၾကာက္နဲ႔ ကိုယ္ေဘးမွာရွိတယ္"

႐ုပ္ရွင္ပီးသည္ထိ ကိုင္ထားတာ ခုထိမလြတ္ေသး
စိုင္းခက္ လက္ဖဝါးမ်ားပင္ေခြၽးစမ်ား ထြက္လာပီေလ ။

"လာ ထြက္ၾကမယ္ "

ထိုက္က စိုင္းခက္ကို လက္တြဲထားရက္နဲ႔ဘဲ ႐ုံအျပင္သို႔ဆြဲထြက္လာသည္။

တိုက္ဆိုင္သည္လား မေျပာတတ္ သူတို႔ႏွစ္ေယာက္ ႐ုံအျပင္အေရာက္ ဟိုဘက္႐ုံအခန္းကေန ထြက္လာေသာ ဟိန္းနဲ႔တည့္တည့္ တိုးေလေတာ့သည္။ ဟိန္းတစ္ေယာက္ထဲေတာ့ မဟုတ္ေပ ရတီခ်ိဳ ဆိုတဲ့ မိန္းကေလးနဲ႔အတူ။ စိုင္းခက္ ညႇိးက်သြားတဲ့ မ်က္ႏွာကို ခ်က္ခ်င္းျပင္လိုက္တာ စႏႈတ္ဆက္လိုက္သည္... ထိုက္ကေတာ့ ေဘးမွာဒီတိုင္းသာရပ္ၾကည့္ေနလိုက္ သည္။

" ဟိန္း မေတြ႕တာေတာင္ၾကာပီေနာ္ ဒါနဲ႔ ထူးထူး
ဆန္းဆန္း ႐ုပ္ရွင္လာၾကည့္တာေပ့ါ..."

တစ္ဆက္ထဲ ခပ္႐ြဲ႕႐ြဲ႕ေမးလိုက္ရင္း... ရတီခ်ိဳဆီအၾကည့္ပို႔လိုက္ေတာ့

"အင္း စိုင္းခက္ ဒါရတီခ်ိဳတဲ့ ငါ့မိတ္ေဆြေလ သူ
ၾကည့္ခ်င္တယ္ဆိုလို႔ အေဖာ္လိုက္ပို႔ေပးတာ"

စိုင္းခက္ေဒါသတို႔ထြက္လာရ၏ သူနဲ႔တုန္းက
႐ုပ္ရွင္ၾကည့္ဖို႔ဆို မနဲေခၚရတဲ့လူကခုေတာ့...

"ဪ ... ႏွစ္ေယာက္ထဲ ႐ုပ္ရွင္လာၾကည့္ၾကတဲ့ မိတ္ေဆြေတြေပါ့ အင္းအင္းမိတ္ေဆြေတြ ..."

ခပ္ထီထီ ျဖင့္ ဟိန္းကိုၾကည့္ကာ ျပန္ေျပာလိုက္သည္။

" စိုင္းခက္ မင္းဘယ္လိုပုံစံမ်ိဳးေျပာေနလဲ မင္း
ကိုယ္မင္းသိရဲ႕လား ..ေနစမ္းပါလား ငါ့ကို လာေျပာေနရေအာင္ မင္းကေရာထူးသလဲ"

ခုထိမျဖဳတ္ရေသးတဲ့ လက္ကို ၾကည့္ပီး ဟိန္းထက္ကလဲ ျပန္႐ြဲ႕လိုက္သည္ ..... စိုင္းခက္ကလဲ
မခံေပ

ထိုက္ထက္ကို ဟိန္းေရွ႕ေျမႇာက္ျပလိုက္ပီး

" ဟုတ္တယ္ ငါတို႔လဲ မိတ္ေဆြေတြ လက္ကိုင္လို႔ရတဲ့ မိတ္ေဆြေတြေလ "

ဟုေျပာကာ ထိုက္ကိုဆြဲ၍ ဟိန္းေရွ႕မွ ထြက္လာခဲ့လိုက္စဥ္ ေတာက္... ဟိန္းရဲ႕ေဒါသတႀကီး ေတာက္ေခါက္သံေၾကာင့္ ခပ္မဲ့မဲ့ၿပဳံးမိလိုက္၏ ....

               *****🌸🌸🌸🌸******

လူရွင္းတဲ့ တစ္ေနရာမွာ ဝင္ထိုင္ကာ စိုင္းခက္က
ေခါင္းငိုက္စိုက္ခ်ထားလ်က္ မ်က္ရည္မ်ားဝိုင္းလာေတာ့သည္။

"စိုင္းခက္ ေကာင္ေလး အဆင္ေျပရဲ႕လား မငိုပါနဲ႔ကြာ ကိုယ့္ကို ၾကည့္ၾကားလား ဒီကိုၾကည့္ပါအုံး"

စိုင္းခက္ပုခုံးေလးကိုကိုင္၍ သူ႔ဘက္ဆြဲလွည့္ပီး ငုံထားေသာ မ်က္ႏွာေလးကို ေမာ့ခိုင္းေနရသည္ ။
စိုင္းခက္ေမာ့ၾကည့္လာေတာ့ မွက်ေနေသာမ်က္
ရည္မ်ားကို လက္မျဖင့္ ခပ္ဖြဖြေလးသုပ္ေပးရင္း...

"မငိုပါနဲ႔ ေကာင္ေလးရာ မင္းငိုတာၾကည့္ရတာ
ကိုယ့္ရင္ထဲမေကာင္းဘူး ေနာ္တိတ္ေတာ့... "

ထို႔သို႔ေျပာေတာ့ သူ႔ကိုေမာ့ၾကည့္လာေသာ မ်က္ဝန္းဝိုင္းေလးေတြမွာ မ်က္ေရဥမ်ားဝန္းရံေနသည္။ ထိုက္ရင္ထဲအေတာ္မေကာင္းေတာ့ေပ။

"အကို ဟိန္းက ကြၽန္ေတာ့္ကို တကယ္ေမ့ႏိုင္သြားပီထင္ပါတယ္ဗ်ာ ကြၽန္႔ေတာ့္ဆီျပန္မလာေလာက္ေတာ့ဘူးနဲ႔တူတယ္ အကိုရယ္"

"ဟိတ္ေကာင္ေလး ကိုယ္ေျပာျပမယ္ ဟိန္းမ်က္လုံးေတြထဲမွာ မင္းနဲ႔ကိုယ္နဲ႔ကို သဝန္တိုပီး ေဒါသထြက္ေနတာကိုယ္ျမင္ေနရတယ္ မင္းကိုသူခ်စ္ေနပါေသးတယ္သူျပန္လာမွာပါကြာ ... တိတ္ေတာ့ "

ဟူးးးး ထိုက္ရင္ထဲ ဆူးေအာင့္ေအာင့္ျဖင့္ အသက္႐ူၾကပ္လာသလိုပါခံစားေနရသည္။ ခုေတာ့သူေသခ်ာသြားခဲ့ပါၿပီ ဒီေကာင္ေလးကို သူခ်စ္မိေနၿပီေလ ..

အျခားလူတစ္ေယာက္ေၾကာင့္ ငိုေနတဲ့ ေကာင္ေလးကို ၾကည့္မိ သူ႔ႏွလုံးသားေတြ နာက်င္လာရတာဟာ ေသခ်ာပါသည္ ဒီေကာင္ေလးကို သူခ်စ္မိေနလို႔ဆိုတာေပါ့ ... တစ္ၿပိဳင္နက္ထဲလဲ သူဆုံးရႈံးလိုက္ရတဲ့ခံစားခ်က္က တြဲလ်က္ပါလာသည္။...

*ကိုယ္က မၿပိဳင္ခင္ထဲက ရႈံးေနပီးသားပါကြာ
အစထဲက ကိုယ္က ဒီပြဲမွာ ဧည့္သည္သ႐ုပ္ေဆာင္ပြဲၾကည့္ပရိတ္သတ္ပါ ၊ ကိုယ္အရမ္းေနာင္တရမိတယ္ မင္းကို ခ်စ္မိလို႔ေတာ့မဟုတ္ဘူး မင္းႏွလုံးသားထဲ ကိုယ္အရင္မေရာက္ခဲ့ရလို႔....*

ခ်စ္တယ္ေကာင္ေလး ကိုယ္မင္းကို မျဖစ္ႏိုင္မွန္းသိရဲ႕ကို ခ်စ္မိသြားခဲ့တာ ပိုင္ဆိုင္ရမွ အခ်စ္မဟုတ္ပါဘူး ..... ေပးစပ္ျခင္းကလဲ ျဖဴစင္တဲ့အခ်စ္ပါပဲ....

               ****🌺🌺🌺****

Continue Reading

You'll Also Like

22.1K 1K 15
အသက္​ကြာျခားေပမဲ့ အခ်စ္​ေတတူညီတဲ့ Singto နဲ႔ Krist တို႔အေၾကာင္​းကို ေရးဖြဲ႕ထားတာပါ ဂ်စ္​ကန္​ကန္​ေကာင္​ေလးေတ်ာက္​က လူေတ်ာက္​ေၾကာင္​့ ေျပာင္​းလဲလာခဲ့ပီ...
61K 3.3K 20
ဦးကိုက်န္ေတာ္ခ်စ္တယ္ က်န္ေတာ္ကိုျပန္ခ်စ္ပါ Wu yifan ငါမင္းကိုမခ်စ္ဘူးလို့ငါ့မွာလက္ထပ္ရမယ့့္လူရွိတယ္ Park Chanyeol
3.6M 150K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
3.2M 202K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...