အချစ်တို့ မြစ်ဖျားခံရာ ( comp...

By EmmaRine9820

499K 14.4K 556

အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More

မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️

အပိုင်း(၁၀) uni & zg

11K 365 8
By EmmaRine9820

Unicode

ထိုက်ဘုန်းရှိန် ရုံးခန်းထဲတွင် စရင်းစစ်နေပေမဲ့လဲ စိတ်မပါ သူ့ရဲ့ဘယ်ကဘယ်လိုစပီးဖြစ်ပေါ်လာမှန်းမသိတဲ့ ခံစားချက်ကြီးကြောင့် စိတ်ရှုပ်ထွေးနေရသည်။ စိုင်းခက်နဲ့တွေ့တာမကြာသေးပေမဲ့ ဒီကောင်လေးရဲ့အပြုအမူအပြောအဆိုတွေကြောင့် သူစိတ်လှုပ်ရှားနေမိတာကိုတော့လိမ်လို့မရပေ။

စိုင်းခက် ရဲ့ plan ပထမအဆင့်က ထိုက်နဲ့လက်ကိုင်တဲ့ပုံ၊ ပုံခုံးမှီတဲ့ပုံ တွေရိုက်ပီး သူ့fb myday မှာတင်မည်။ ဟိန်းနဲ့friဖြစ်တော့ဒီနည်းလမ်းက ဟိန်းသိဖို့ထိရောက်သည်။ ထိုက်မျက်နှာပုံတော့ မတင်ပါ ထိုက်ရဲ့ personal ရှိသေးတာကြောင့်ပင်။ ဒုတိယ အဆင့်ကတော့ ဟိန်းရောက်နေတဲ့နေရာတွေကို ထိုက်နဲ့အတူသွားပီး မတော်တဆ တွေ့သလို ဟန်ဆောင်မည် ဖြစ်သည်။ ပထမအဆင့်အတွက် မနက်ဖြန် ထိုက်နဲ့တွေ့ဖို့ချိန်းထား၏။

ထိုက် သူ့ရဲ့အဖြေမရှိတဲ့ ခံစားချက်ကြောင့် ဘယ်လိုမှအလုပ်ဆက်လုပ်လို့မရတော့ပေ..။
အချိန်ကြည့်တော့ ညနေ၄ နာရီ ထိုက်လဲဆက်မနေတော့ပဲ ရုံးဆင်းခဲ့လိုက်ကာ condo သို့
ပြန်ခဲ့လိုက်တော့သည်။ အခန်းပြန်ရောက်တော့ ရေချိုးခေါင်းလျော်ပီးတာနဲ့ အိမ်နေရင်း ပေါ့ပေါ့ပါးပါးလေးသာဝတ်ပီး ဧည့်ခန်းသို့သွားကာ tv ဖွင့်ကြည့်နေလိုက်သည်။

Messager မှ တစ်ချွမ်ချွမ်နှင့် စာတိုက်ဝင်နေ
သဖြင့် ဝင်ကြည့်လိုက်တော့ .. Khat Hlan
ဆိုတဲ့ အကောင့် နာမည်နဲ့ Profile မှာ ပင်လယ်ကို မျက်နှာမူပီး ရိုက်ထားတဲ့ပုံလေး သူတို့ကလောမှာ fb acc ပေးပီးထဲက စကားမပြောဖြစ်ခဲ့ ဒီနေ့ပထမဆုံး စိုင်းခက်ဘက်က စပြောလာသည်က ...

" အကို မနက်ဖြန်မမေ့နဲ့နော် နေ့လည် ၁၂ နာရီ
နော်"

"အကို ကျွန်တော့်ကို ဝင်ခေါ်ရမှာနော်"

"အကို မလာခင်ဖုန်းကြိုဆက်နော်"

ဟက် ထိုက်ခပ်ဟဟရီရင်း .. စာပြန်လိုက်သည်။

"အေးပါကွာ ကိုယ်မမေ့ပါဘူး ၁၂ နာရီဆိုတာနဲ့ မင်းဆီ ရောက်စေရမယ် ဟုတ်ပလား"

"ဟီးဟီး ဟုတ်ကဲ့ပါ အကိုရဲ့ ဒါဆို bye bye ကျွန်တော် ဟိုကောင်တွေနဲ့ဂိမ်းတိုက်လိုက်အုံးမယ်"

စိုင်းခက်နဲ့ ပြောပီးတာနဲ့ ထိုက်လဲ tv ခနဆက်ကြည့်နေပီး .. ညစာစားဖို့ မီးဖိုချောင်ဝင်ရတော့သည်။ တစ်ယောက်ထဲ နေတာဆိုတော့ အသင့်စားတွေဘဲနေ့တိုင်းစားလို့မဖြစ် မေမေ့ဆီက ဟင်းချက်နည်းသင်ထားပီးကိုယ့်ဘာသာ အိမ်မှာချက်စားဖြစ်တာများသည်။ ဒီနေ့ကတော့ မနက်က ချက်ထားတဲ့ ပုဇွန်ဆီပြန်လေးနဲ့ပဲစား
လိုက်တော့သည်။ထမင်းစားပီးတော့ tv လဲဆက် မကြည့်ချင်တော့၍ မျက်နှာသစ်သွားတိုက်ပီး
အိပ်ယာထဲလှဲကာ fbတွင် ဟိုကြည့်ဒီကြည့်ဖြင့် သုံးနေတုန်း ... Khat Hlan ဆိုတဲ့အကောင့်က တင်တဲ့ post တက်လာသည် ။ ရေးထားတဲ့စာက

" လူတစ်ယောက်ကိုချစ်မိဖို့က
အချိန်ယူစရာမလိုဘူး။
ဒါပေမယ့်
အဲ့ဒီလူမရှိပဲ
နေတတ်အောင်တော့
အချိန်ယူရလိမ့်မယ် ..... ။ "
Crd ... 💔

အောက်က cmt တွေထဲမှာတော့ သူ့သူငယ်ချင်းဆိုတဲ့ကောင်လေးတွေက ဝင်မန့်ထားကြတာစုံလို့

"ဘဲမရှိရင်စောစောအိပ်ရတယ် "
"သူပြန်လာမယ်လို့ နင်ထင်နေတာလား ...."
"Feel မနေနဲ့ ဘဲအသစ်ရှာလိုက်ရှာမရရင်ငါနဲ့တွဲ

စိုင်းခက်ကတော့ ဘယ်သူ့ကိုမှ rp ပြန်မထားပေ။
ထိုက်လဲ like ပေးလိုက်သည်။ post မှာ like ပေးထားတာ ၂ယောက်ထဲ ကျန်တာက haha နဲ့ sad တွေသာ။ ထိုက် ကြည့်မိလိုက်တော့ like ပေးထားတဲ့ နောက် တစ်ယောက်က Hein Htet ဆိုတဲ့အကောင့်က။

ထိုက်လဲ Hein Htet အကောင့်ထဲ ဝင်ကြည့်
လိုက်တော့ ထွေထွေထူးထူး ဘာမှမတင်ထား share post အနဲငယ်မျှသာ ...။ ဒါပေမဲ့ profile ကတော့ ပင်လယ်ပြင်ကို မျက်နှာမူထားသောပုံ၊
စိုင်းခက် ရဲ့ profile နှင့် ဆင်တူသည် ။ ထိုက်လဲ ဝင်ကြည့်ပီး စိတ်ထဲ မွန်းကျပ်သလို ခံစားလာရ၍ ဖုန်းပိတ်က အိပ်စက်ခြင်းကိုသာ ဦးတည်လိုက် တော့သည်။

                  *****🌸🌸🌸*****

ထိုက် မနက်ခင်း၉နာရီလောက် Hotel သို့သွားပီး
စရင်းတွေ စစ်စရာရှိတာစစ် လိုအပ်တာတွေ မှာကာ စိုင်းခက်ဆီသွားဖို့ ထွက်လာလိုက်သည်။ တော်သေးသည်က ခုရက်ပိုင်း အလုပ်အားသည် တစ်နေ့စရင်းတစ်နေ့စစ်ပီး bar နဲ့ hotel အတွက်လိုအပ်တဲ့ စရင်းအတွက် ပိုက်ဆံထုတ်ပေးပီးတာနှင့် ထိုက်အားလပ်ချိန်ဖြစ်သည်။ ပုံမှန်ဆို ဟိုကောင်တွေနဲ့ဆိုင်ထိုင်ဖြစ်ပေမဲ့ ခုတော့ စိုင်းခက်ကိုသာ အချိန်ပေးရသည်။ အောင်သန့်တို့ကတော့ ဘာစိတ်ကူးပေါက် ပီး ဟန်ဆောင်ရည်းစားလုပ်ပေးနေလဲ မေးသည့်မေးခွန်းအတွက် ထိုက်မှာပြန်ဖြေစရာအဖြေမရှိပါ ။

သူသိသည်က အဲကောင်လေး အကူအညီတောင်းတုန်းက မျှော်လင့်နေတဲ့ မျက်ဝန်းတွေ သူကူညီမယ်ပြောလိုက်တော့ ပျော်ပီး ပြုံးသွားတဲ့ အပြုံးတွေကြောင့် ဒီကောင်လေး ဖြစ်စေတဲ့ဆန္ဒကို လိုက်လျောပေးမိလိုက်ခြင်းပင် ...။ စိုင်းခက်ရဲ့အိမ်က 102x73x74 ( Ocean Center ရဲ့ အရှေ့ဘက်က လူချမ်းသာရပ်ကွက်ပင်... ထိုက် ရောက်တော့ စိုင်းခက်ပြောထားတဲ့ အိမ်နံပါတ်ရှေ့တွင် ကားရပ် ကာ ဖုန်းဆက်လိုက်သည်။

"ဟယ်လို စိုင်းခက် ကိုယ်အိမ်ရှေ့မှာရောက်နေပီ"

"ဟုတ်ခနလေးနော် အကို ကျွန်တော်လာပီ"

စိုင်းခက်အောက်သို့ မြန်မြန်ပြေးဆင်းလာပီး

" မေမေရေ သားအပြင်သွားနဲနဲနောက်ကျမယ်
နော်"

ဟု ဧည့်ခန်းထဲတွင် tv ကြည့်နေသော ဒေါ်နန်းပန်ခမ်းအားအော်ပြောပီး အိမ်ရှေ့ပြေးထွက်ခဲ့တော့သည်။

"အော် ဒီကောင်လေးကတော့ သူ့အဖေက မုန့်ဖိုးဖြတ် ပီး ကားသော့သိမ်းထားလို့ ခြေငြိမ်မယ်များထင်နေလားမသိဘူး ခုကြည့်လေသူများကိုလာခေါ်ခိုင်းပီးထွက်တော့တာပဲ ဒီသားအဖကြား ငါတော့ခက် တော့တာပါပဲ"

ကောင်လေးခြံထဲက ထွက်လာကိုကြည့်ရင်း

*ဒီနေ့ပုံစံလေးက လူငယ်ဆန်ပီးတကယ်ချောနေတာဘဲ*

အောက်က အကျီအမဲပြောင်နဲ့ဘောင်းဘီအမဲအရှည်အပေါ်ကနေ ဂျင်းလက်ရှည် အစိမ်းရောင်လေးနဲ့ပခုံးကပေါ်မှာလဲ အိတ်အမဲလေးကလွယ် ထားသေးတယ် တကယ်ချစ်စရာလေးပါလား ... ဟာငါဘာတွေတွေးနေပြန်ပီလဲ* ထိုက်
ဘုန်းရှိန်ရေ မင်းတော့မဟုတ်တော့ဘူး*

စိုင်းခက်ကားပေါ်ဝင်ထိုင်သည်ထိ ထိုက်က ခေါင်းတစ်ခါခါ..

" အကိုဘာဖြစ်နေတာလဲခေါင်းမူးနေတာလား"

စိုင်းခက်မေးလာတော့မှ သတိပြန်ကပ်ကာ

" ဟင်းးး ဘာမှမဖြစ်ပါဘူး သွားကြမယ်လေ ဘယ်အရင်သွားချင်လဲ"

"ဟိုလေ ကျွန်တော်မာလာရှမ်းကော စားချင်တာ
ဖေဖေက မုန့်ဖိုးဖြတ်ထားလို့ အဲတာ အကိုက ဝယ်မကျွေးချင်ဖူးလားဟင်..??"

ထိုက်ဘက်ကို လှည့်ပီးမျက်နှာငယ်မျက်လုံးဝိုင်းလေးဖြင့်ပြောသော ဒီကောင်လေးကို ထိုက်မှာ အူယားလွန်းလို့ ပါးကိုဆွဲညစ်ချင်စိတ်ကိုမနဲထိန်းထားလိုက်ရသည်။

"ဒီလို ချစ်စရာကောင်းအောင်ပြောနေတာကို ဘယ်သူကဝယ်မကျွေးဘဲနေနိုင်တော့မှာလဲကွာ ကဲဘယ်ဆိုင်မှာ စားချင်လဲပြော ဒီနေ့ မင်းစားချင် တာ အကုန်ဝယ်ကျွေးမယ်ဟုတ်ပလား"

"ရေးးး ဒီလိုမှပေါ့ အကိုက အကောင်းဆုံးဘဲဟီး"

ဒီအပြုံးလေးတွေကို မြင်ရတာ အေးချမ်းလိုက်တာ မင်းပျော်နေတာလေးကြည့်ပီး ကိုယ်ပါအပျော်တွေကူးစက်ရတယ် ချာတိတ်ရေ မင်းကြောင့် ကိုယ့်ရင်ခုန်သံတွေ မူမမှန်ချင်တော့ဘူး

               *****🌺🌺🌺*****

စိုင်းခက်ရွေးလိုက်သည်က " သင်းပျံ့မွှေး" မာလာရှမ်းကော ဆိုသည့်ဆိုင် ....

ဆိုင်ရောက်တော့ စားချင်သမျှ ရွေးပီးမှာစရာရှိများမှာနေတာ မပီးနိုင်၊ ထိုက်လဲ သူ့ရွေးသမျှကို ခုံတွင်သာ ထိုင်စောင့်နေလိုက်သည်။ ရွေးလို့အားရမှ ထိုက် ရှိတဲ့ခုံတွင် မျက်နှာချင်းဆိုင်ဝင်ထိုင်ကာ

"အကို အစပ်စားနိုင်တယ်မို့လား ဒီဆိုင်ကအရသာကတကယ်ကောင်းတာ အခြားဆိုင်တွေနဲ့မတူဘူး ကျွန်တော်အကြိုက်ဆုံးဘဲ"

"အင်း ကိုယ်လဲ ဒီဆိုင်မှာစားဖူးတယ် ကိုယ်လဲ
ကြိုက်ပါတယ် ဒါပီးရင်ဘယ်သွားအုံးမလဲ"

"ဒါပီးရင် Bubble tea သွားသောက်မယ်လေ၊
ပီးရင် တစ်နေရာရာမှာ ဓာတ်ပုံသွားရိုက်ကြမယ်၊ ဒီနေ့တော့ ဒီလောက်ပဲ လုပ်မယ်လေနောက်ရက်မှထပ်လျှောက်သွားကြမယ်"

" အင်း "

စကားပြောနေတုန်း မှာထားတာလာချလေသည်။
မာလာရှမ်းကော ၊ ဖက်ထုပ်အိုးကပ်ကြော်၊ ကြက်ခြေထောက်ကြော်၊ အအေးက ၂ခွက် စုံနေတာပဲ။

"ဒါတွေ မင်းကုန်လို့လား "

"၂ယောက်စားမှာပဲလေ ကုန်ပါတယ် "

အကိုလဲစား ဆိုပီး ထိုက် ပန်းကန်ထဲကို ပုဇွန် ၂ကောင်ထည့်ပေးပီး ခေါင်းမဖော်ပဲ စားနေရင်းးမှ

"ဟာ မေ့တော့မလို့တော်သေးတယ် အကို့
လက်ပေး .. "

ထိုက်လက်ကို ဆွဲယူပီး သူ့လက်တစ်ဖက်ဖြင့်ဘေးချင်းကပ်ကာ စားစရာများ ပေါ်အောင် အပေါ်စီးကနေ ဖုန်းကိုကိုင်ပီး ပုံရိုက်ကာ My Day တန်းတင်လိုက်သည် ...Thank For the lunch ❤️ ....

မာလာရှမ်းကောစားပီးတော့ main ထဲက
Tea box Bubble tea ဆိုင်တွင် bubble ဝင်သောက်ကာ ပုံဓာတ်ရိုက်ပီး တင်ပြန်သည် ဒီ
တစ်ခါတော့ ဘာစာမှမပါ အသဲပုံလေး ၂ခုဖြင့်။

ပီးသည်နှင့်ကန်တော်ကြီးဘက်သို့ မသွားတာကြာသဖြင့် လိုက်ပို့ပါဟု ပူဆာသဖြင့် ကန်တော်ကြီးသို့ရောက်သွားပြန်သည်။ ကန်ဘောင်ဘေးမှာ
ထိုင်ခုံတွေ စီထားသဖြင့် ဝင်ထိုင်ပြီး ကန်ကြီးကိုငေးနေသော ကောင်လေးဘေးမှာပဲ ထိုက်လဲ
ဝင်ထိုင်လိုက်သည်။ ခုံက အရမ်းမသေးပေမဲ့ ယောကျာ်းနှစ်ယောက်ထိုင်တော့ ဘေးတိုးစရာမရှိ နီးကပ်လွန်းသည်။ ညနေနေဝင်ချိန်ဖြစ် သဖြင့် အလင်းရောင်ခပ်မျှမျှသာ ကျန်တော့သည် ။

စိုင်းခက်က ကန်ကို ငေးနေပီး ထိုက်ကတော့ ကောင်လေးကိုသာ ငေးကြည့်နေမိသည်။ အတန်ကြာငေးနေသော ထိုက်ဘက်ကို စိုင်းခက်လှည့်ကြည့်မိတော့ နီးကပ်စွာ မျက်လုံးခြင်းစုံမိသွားလေသည်။စက္ကန့်ပိုင်းမျှ ဘယ်သူမှ အကြည့်မလွဲမိ ပီးမှ စိုင်းခက်က အရင်စလွှဲသွားပီး ချောင်းဟန့်ကာ ...

" လေလေးကဖြူးပီး သာယာတယ်နော်
အကို့လက်ပေး ဒီကန်ကို နောက်ခံထားပီးပုံရိုက်ကြမယ် "

ထိုက်လက်ချောင်းများကို စုပ်ကိုင်ပီး ကန်ဘက် သို့ လက်ထောင်ကာ ပုံလေး၁ပုံရိုက်လိုက်
သည်။

"ဒီနေ့အတွက် ကျေးဇူးပဲနော်အကိုပင်ပန်းနေပီလား"

"ရပါတယ် မင်းပျော်ဖို့ဘဲ "

ထိုက်ဘာကြောင့် ဒီလိုထုတ်ပြောမိသွားမှန်းမသိ ထိုက်ရင်ထဲမှာ ဒီကောင်လေးကို သူဖြစ်ချင်နေတဲ့ ဆန္ဒ အတွက် တကယ်ဖြစ်ပီးပျော်စေချင်တာမှန်ပါသည်။ သို့ပေမဲ့ သူ့ရင်ထဲအဆင်မပြေတာကတော့ တဖြည်းဖြည်းသေချာလို့လာသည်။ ဒီမသေချာခြင်းတွေက ဘာဖြစ်နေလဲဆိုတဲ့ အဖြေမှန်ကိုတော့ ထိုက်သေချာခွဲခြားတတ်ဖို့လိုလာပီလေ.... ။

       ........❤️❤️❤️❤️..........

Zawgyi

ထိုက္ဘုန္းရွိန္ ႐ုံးခန္းထဲတြင္ စရင္းစစ္ေနေပမဲ့လဲ စိတ္မပါ သူ႔ရဲ႕ဘယ္ကဘယ္လိုစပီးျဖစ္ေပၚလာမွန္းမသိတဲ့ ခံစားခ်က္ႀကီးေၾကာင့္ စိတ္ရႈပ္ေထြးေနရသည္။ စိုင္းခက္နဲ႔ေတြ႕တာမၾကာေသးေပမဲ့ ဒီေကာင္ေလးရဲ႕အျပဳအမူအေျပာအဆိုေတြေၾကာင့္ သူစိတ္လႈပ္ရွားေနမိတာကိုေတာ့လိမ္လို႔မရေပ။

စိုင္းခက္ ရဲ႕ plan ပထမအဆင့္က ထိုက္နဲ႔လက္ကိုင္တဲ့ပုံ၊ ပုံခုံးမွီတဲ့ပုံ ေတြ႐ိုက္ပီး သူ႔fb myday မွာတင္မည္။ ဟိန္းနဲ႔friျဖစ္ေတာ့ဒီနည္းလမ္းက ဟိန္းသိဖို႔ထိေရာက္သည္။ ထိုက္မ်က္ႏွာပုံေတာ့ မတင္ပါ ထိုက္ရဲ႕ personal ရွိေသးတာေၾကာင့္ပင္။ ဒုတိယ အဆင့္ကေတာ့ ဟိန္းေရာက္ေနတဲ့ေနရာေတြကို ထိုက္နဲ႔အတူသြားပီး မေတာ္တဆ ေတြ႕သလို ဟန္ေဆာင္မည္ ျဖစ္သည္။ ပထမအဆင့္အတြက္ မနက္ျဖန္ ထိုက္နဲ႔ေတြ႕ဖို႔ခ်ိန္းထား၏။

ထိုက္ သူ႔ရဲ႕အေျဖမရွိတဲ့ ခံစားခ်က္ေၾကာင့္ ဘယ္လိုမွအလုပ္ဆက္လုပ္လို႔မရေတာ့ေပ..။
အခ်ိန္ၾကည့္ေတာ့ ညေန၄ နာရီ ထိုက္လဲဆက္မေနေတာ့ပဲ ႐ုံးဆင္းခဲ့လိုက္ကာ condo သို႔
ျပန္ခဲ့လိုက္ေတာ့သည္။ အခန္းျပန္ေရာက္ေတာ့ ေရခ်ိဳးေခါင္းေလ်ာ္ပီးတာနဲ႔ အိမ္ေနရင္း ေပါ့ေပါ့ပါးပါးေလးသာဝတ္ပီး ဧည့္ခန္းသို႔သြားကာ tv ဖြင့္ၾကည့္ေနလိုက္သည္။

Messager မွ တစ္ခြၽမ္ခြၽမ္ႏွင့္ စာတိုက္ဝင္ေန
သျဖင့္ ဝင္ၾကည့္လိုက္ေတာ့ .. Khat Hlan
ဆိုတဲ့ အေကာင့္ နာမည္နဲ႔ Profile မွာ ပင္လယ္ကို မ်က္ႏွာမူပီး ႐ိုက္ထားတဲ့ပုံေလး သူတို႔ကေလာမွာ fb acc ေပးပီးထဲက စကားမေျပာျဖစ္ခဲ့ ဒီေန႔ပထမဆုံး စိုင္းခက္ဘက္က စေျပာလာသည္က ...

" အကို မနက္ျဖန္မေမ့နဲ႔ေနာ္ ေန႔လည္ ၁၂ နာရီ
ေနာ္"

"အကို ကြၽန္ေတာ့္ကို ဝင္ေခၚရမွာေနာ္"

"အကို မလာခင္ဖုန္းႀကိဳဆက္ေနာ္"

ဟက္ ထိုက္ခပ္ဟဟရီရင္း .. စာျပန္လိုက္သည္။

"ေအးပါကြာ ကိုယ္မေမ့ပါဘူး ၁၂ နာရီဆိုတာနဲ႔ မင္းဆီ ေရာက္ေစရမယ္ ဟုတ္ပလား"

"ဟီးဟီး ဟုတ္ကဲ့ပါ အကိုရဲ႕ ဒါဆို bye bye ကြၽန္ေတာ္ ဟိုေကာင္ေတြနဲ႔ဂိမ္းတိုက္လိုက္အုံးမယ္"

စိုင္းခက္နဲ႔ ေျပာပီးတာနဲ႔ ထိုက္လဲ tv ခနဆက္ၾကည့္ေနပီး .. ညစာစားဖို႔ မီးဖိုေခ်ာင္ဝင္ရေတာ့သည္။ တစ္ေယာက္ထဲ ေနတာဆိုေတာ့ အသင့္စားေတြဘဲေန႔တိုင္းစားလို႔မျဖစ္ ေမေမ့ဆီက ဟင္းခ်က္နည္းသင္ထားပီးကိုယ့္ဘာသာ အိမ္မွာခ်က္စားျဖစ္တာမ်ားသည္။ ဒီေန႔ကေတာ့ မနက္က ခ်က္ထားတဲ့ ပုဇြန္ဆီျပန္ေလးနဲ႔ပဲစား
လိုက္ေတာ့သည္။ထမင္းစားပီးေတာ့ tv လဲဆက္ မၾကည့္ခ်င္ေတာ့၍ မ်က္ႏွာသစ္သြားတိုက္ပီး
အိပ္ယာထဲလွဲကာ fbတြင္ ဟိုၾကည့္ဒီၾကည့္ျဖင့္ သုံးေနတုန္း ... Khat Hlan ဆိုတဲ့အေကာင့္က တင္တဲ့ post တက္လာသည္ ။ ေရးထားတဲ့စာက

" လူတစ္ေယာက္ကိုခ်စ္မိဖို႔က
အခ်ိန္ယူစရာမလိုဘူး။
ဒါေပမယ့္
အဲ့ဒီလူမရွိပဲ
ေနတတ္ေအာင္ေတာ့
အခ်ိန္ယူရလိမ့္မယ္ ..... ။ "
Crd ... 💔

ေအာက္က cmt ေတြထဲမွာေတာ့ သူ႔သူငယ္ခ်င္းဆိုတဲ့ေကာင္ေလးေတြက ဝင္မန္႔ထားၾကတာစုံလို႔

"ဘဲမရွိရင္ေစာေစာအိပ္ရတယ္ "
"သူျပန္လာမယ္လို႔ နင္ထင္ေနတာလား ...."
"Feel မေနနဲ႔ ဘဲအသစ္ရွာလိုက္ရွာမရရင္ငါနဲ႔တြဲ

စိုင္းခက္ကေတာ့ ဘယ္သူ႔ကိုမွ rp ျပန္မထားေပ။
ထိုက္လဲ like ေပးလိုက္သည္။ post မွာ like ေပးထားတာ ၂ေယာက္ထဲ က်န္တာက haha နဲ႔ sad ေတြသာ။ ထိုက္ ၾကည့္မိလိုက္ေတာ့ like ေပးထားတဲ့ ေနာက္ တစ္ေယာက္က Hein Htet ဆိုတဲ့အေကာင့္က။

ထိုက္လဲ Hein Htet အေကာင့္ထဲ ဝင္ၾကည့္
လိုက္ေတာ့ ေထြေထြထူးထူး ဘာမွမတင္ထား share post အနဲငယ္မွ်သာ ...။ ဒါေပမဲ့ profile ကေတာ့ ပင္လယ္ျပင္ကို မ်က္ႏွာမူထားေသာပုံ၊
စိုင္းခက္ ရဲ႕ profile ႏွင့္ ဆင္တူသည္ ။ ထိုက္လဲ ဝင္ၾကည့္ပီး စိတ္ထဲ မြန္းက်ပ္သလို ခံစားလာရ၍ ဖုန္းပိတ္က အိပ္စက္ျခင္းကိုသာ ဦးတည္လိုက္ ေတာ့သည္။

                  *****🌸🌸🌸*****

ထိုက္ မနက္ခင္း၉နာရီေလာက္ Hotel သို႔သြားပီး
စရင္းေတြ စစ္စရာရွိတာစစ္ လိုအပ္တာေတြ မွာကာ စိုင္းခက္ဆီသြားဖို႔ ထြက္လာလိုက္သည္။ ေတာ္ေသးသည္က ခုရက္ပိုင္း အလုပ္အားသည္ တစ္ေန႔စရင္းတစ္ေန႔စစ္ပီး bar နဲ႔ hotel အတြက္လိုအပ္တဲ့ စရင္းအတြက္ ပိုက္ဆံထုတ္ေပးပီးတာႏွင့္ ထိုက္အားလပ္ခ်ိန္ျဖစ္သည္။ ပုံမွန္ဆို ဟိုေကာင္ေတြနဲ႔ဆိုင္ထိုင္ျဖစ္ေပမဲ့ ခုေတာ့ စိုင္းခက္ကိုသာ အခ်ိန္ေပးရသည္။ ေအာင္သန္႔တို႔ကေတာ့ ဘာစိတ္ကူးေပါက္ ပီး ဟန္ေဆာင္ရည္းစားလုပ္ေပးေနလဲ ေမးသည့္ေမးခြန္းအတြက္ ထိုက္မွာျပန္ေျဖစရာအေျဖမရွိပါ ။

သူသိသည္က အဲေကာင္ေလး အကူအညီေတာင္းတုန္းက ေမွ်ာ္လင့္ေနတဲ့ မ်က္ဝန္းေတြ သူကူညီမယ္ေျပာလိုက္ေတာ့ ေပ်ာ္ပီး ၿပဳံးသြားတဲ့ အၿပဳံးေတြေၾကာင့္ ဒီေကာင္ေလး ျဖစ္ေစတဲ့ဆႏၵကို လိုက္ေလ်ာေပးမိလိုက္ျခင္းပင္ ...။ စိုင္းခက္ရဲ႕အိမ္က 102x73x74 ( Ocean Center ရဲ႕ အေရွ႕ဘက္က လူခ်မ္းသာရပ္ကြက္ပင္... ထိုက္ ေရာက္ေတာ့ စိုင္းခက္ေျပာထားတဲ့ အိမ္နံပါတ္ေရွ႕တြင္ ကားရပ္ ကာ ဖုန္းဆက္လိုက္သည္။

"ဟယ္လို စိုင္းခက္ ကိုယ္အိမ္ေရွ႕မွာေရာက္ေနပီ"

"ဟုတ္ခနေလးေနာ္ အကို ကြၽန္ေတာ္လာပီ"

စိုင္းခက္ေအာက္သို႔ ျမန္ျမန္ေျပးဆင္းလာပီး

" ေမေမေရ သားအျပင္သြားနဲနဲေနာက္က်မယ္
ေနာ္"

ဟု ဧည့္ခန္းထဲတြင္ tv ၾကည့္ေနေသာ ေဒၚနန္းပန္ခမ္းအားေအာ္ေျပာပီး အိမ္ေရွ႕ေျပးထြက္ခဲ့ေတာ့သည္။

"ေအာ္ ဒီေကာင္ေလးကေတာ့ သူ႔အေဖက မုန္႔ဖိုးျဖတ္ ပီး ကားေသာ့သိမ္းထားလို႔ ေျခၿငိမ္မယ္မ်ားထင္ေနလားမသိဘူး ခုၾကည့္ေလသူမ်ားကိုလာေခၚခိုင္းပီးထြက္ေတာ့တာပဲ ဒီသားအဖၾကား ငါေတာ့ခက္ ေတာ့တာပါပဲ"

ေကာင္ေလးၿခံထဲက ထြက္လာကိုၾကည့္ရင္း

*ဒီေန႔ပုံစံေလးက လူငယ္ဆန္ပီးတကယ္ေခ်ာေနတာဘဲ*

ေအာက္က အက်ီအမဲေျပာင္နဲ႔ေဘာင္းဘီအမဲအရွည္အေပၚကေန ဂ်င္းလက္ရွည္ အစိမ္းေရာင္ေလးနဲ႔ပခုံးကေပၚမွာလဲ အိတ္အမဲေလးကလြယ္ ထားေသးတယ္ တကယ္ခ်စ္စရာေလးပါလား ... ဟာငါဘာေတြေတြးေနျပန္ပီလဲ* ထိုက္
ဘုန္းရွိန္ေရ မင္းေတာ့မဟုတ္ေတာ့ဘူး*

စိုင္းခက္ကားေပၚဝင္ထိုင္သည္ထိ ထိုက္က ေခါင္းတစ္ခါခါ..

" အကိုဘာျဖစ္ေနတာလဲေခါင္းမူးေနတာလား"

စိုင္းခက္ေမးလာေတာ့မွ သတိျပန္ကပ္ကာ

" ဟင္းးး ဘာမွမျဖစ္ပါဘူး သြားၾကမယ္ေလ ဘယ္အရင္သြားခ်င္လဲ"

"ဟိုေလ ကြၽန္ေတာ္မာလာရွမ္းေကာ စားခ်င္တာ
ေဖေဖက မုန္႔ဖိုးျဖတ္ထားလို႔ အဲတာ အကိုက ဝယ္မေကြၽးခ်င္ဖူးလားဟင္..??"

ထိုက္ဘက္ကို လွည့္ပီးမ်က္ႏွာငယ္မ်က္လုံးဝိုင္းေလးျဖင့္ေျပာေသာ ဒီေကာင္ေလးကို ထိုက္မွာ အူယားလြန္းလို႔ ပါးကိုဆြဲညစ္ခ်င္စိတ္ကိုမနဲထိန္းထားလိုက္ရသည္။

"ဒီလို ခ်စ္စရာေကာင္းေအာင္ေျပာေနတာကို ဘယ္သူကဝယ္မေကြၽးဘဲေနႏိုင္ေတာ့မွာလဲကြာ ကဲဘယ္ဆိုင္မွာ စားခ်င္လဲေျပာ ဒီေန႔ မင္းစားခ်င္ တာ အကုန္ဝယ္ေကြၽးမယ္ဟုတ္ပလား"

"ေရးးး ဒီလိုမွေပါ့ အကိုက အေကာင္းဆုံးဘဲဟီး"

ဒီအၿပဳံးေလးေတြကို ျမင္ရတာ ေအးခ်မ္းလိုက္တာ မင္းေပ်ာ္ေနတာေလးၾကည့္ပီး ကိုယ္ပါအေပ်ာ္ေတြကူးစက္ရတယ္ ခ်ာတိတ္ေရ မင္းေၾကာင့္ ကိုယ့္ရင္ခုန္သံေတြ မူမမွန္ခ်င္ေတာ့ဘူး

               *****🌺🌺🌺*****

စိုင္းခက္ေ႐ြးလိုက္သည္က " သင္းပ်ံ႕ေမႊး" မာလာရွမ္းေကာ ဆိုသည့္ဆိုင္ ....

ဆိုင္ေရာက္ေတာ့ စားခ်င္သမွ် ေ႐ြးပီးမွာစရာရွိမ်ားမွာေနတာ မပီးႏိုင္၊ ထိုက္လဲ သူ႔ေ႐ြးသမွ်ကို ခုံတြင္သာ ထိုင္ေစာင့္ေနလိုက္သည္။ ေ႐ြးလို႔အားရမွ ထိုက္ ရွိတဲ့ခုံတြင္ မ်က္ႏွာခ်င္းဆိုင္ဝင္ထိုင္ကာ

"အကို အစပ္စားႏိုင္တယ္မို႔လား ဒီဆိုင္ကအရသာကတကယ္ေကာင္းတာ အျခားဆိုင္ေတြနဲ႔မတူဘူး ကြၽန္ေတာ္အႀကိဳက္ဆုံးဘဲ"

"အင္း ကိုယ္လဲ ဒီဆိုင္မွာစားဖူးတယ္ ကိုယ္လဲ
ႀကိဳက္ပါတယ္ ဒါပီးရင္ဘယ္သြားအုံးမလဲ"

"ဒါပီးရင္ Bubble tea သြားေသာက္မယ္ေလ၊
ပီးရင္ တစ္ေနရာရာမွာ ဓာတ္ပုံသြား႐ိုက္ၾကမယ္၊ ဒီေန႔ေတာ့ ဒီေလာက္ပဲ လုပ္မယ္ေလေနာက္ရက္မွထပ္ေလွ်ာက္သြားၾကမယ္"

" အင္း "

စကားေျပာေနတုန္း မွာထားတာလာခ်ေလသည္။
မာလာရွမ္းေကာ ၊ ဖက္ထုပ္အိုးကပ္ေၾကာ္၊ ၾကက္ေျခေထာက္ေၾကာ္၊ အေအးက ၂ခြက္ စုံေနတာပဲ။

"ဒါေတြ မင္းကုန္လို႔လား "

"၂ေယာက္စားမွာပဲေလ ကုန္ပါတယ္ "

အကိုလဲစား ဆိုပီး ထိုက္ ပန္းကန္ထဲကို ပုဇြန္ ၂ေကာင္ထည့္ေပးပီး ေခါင္းမေဖာ္ပဲ စားေနရင္းးမွ

"ဟာ ေမ့ေတာ့မလို႔ေတာ္ေသးတယ္ အကို႔
လက္ေပး .. "

ထိုက္လက္ကို ဆြဲယူပီး သူ႔လက္တစ္ဖက္ျဖင့္ေဘးခ်င္းကပ္ကာ စားစရာမ်ား ေပၚေအာင္ အေပၚစီးကေန ဖုန္းကိုကိုင္ပီး ပုံ႐ိုက္ကာ My Day တန္းတင္လိုက္သည္ ...Thank For the lunch ❤️ ....

မာလာရွမ္းေကာစားပီးေတာ့ main ထဲက
Tea box Bubble tea ဆိုင္တြင္ bubble ဝင္ေသာက္ကာ ပုံဓာတ္႐ိုက္ပီး တင္ျပန္သည္ ဒီ
တစ္ခါေတာ့ ဘာစာမွမပါ အသဲပုံေလး ၂ခုျဖင့္။

ပီးသည္ႏွင့္ကန္ေတာ္ႀကီးဘက္သို႔ မသြားတာၾကာသျဖင့္ လိုက္ပို႔ပါဟု ပူဆာသျဖင့္ ကန္ေတာ္ႀကီးသို႔ေရာက္သြားျပန္သည္။ ကန္ေဘာင္ေဘးမွာ
ထိုင္ခုံေတြ စီထားသျဖင့္ ဝင္ထိုင္ၿပီး ကန္ႀကီးကိုေငးေနေသာ ေကာင္ေလးေဘးမွာပဲ ထိုက္လဲ
ဝင္ထိုင္လိုက္သည္။ ခုံက အရမ္းမေသးေပမဲ့ ေယာက်ာ္းႏွစ္ေယာက္ထိုင္ေတာ့ ေဘးတိုးစရာမရွိ နီးကပ္လြန္းသည္။ ညေနေနဝင္ခ်ိန္ျဖစ္ သျဖင့္ အလင္းေရာင္ခပ္မွ်မွ်သာ က်န္ေတာ့သည္ ။

စိုင္းခက္က ကန္ကို ေငးေနပီး ထိုက္ကေတာ့ ေကာင္ေလးကိုသာ ေငးၾကည့္ေနမိသည္။ အတန္ၾကာေငးေနေသာ ထိုက္ဘက္ကို စိုင္းခက္လွည့္ၾကည့္မိေတာ့ နီးကပ္စြာ မ်က္လုံးျခင္းစုံမိသြားေလသည္။စကၠန္႔ပိုင္းမွ် ဘယ္သူမွ အၾကည့္မလြဲမိ ပီးမွ စိုင္းခက္က အရင္စလႊဲသြားပီး ေခ်ာင္းဟန္႔ကာ ...

" ေလေလးကျဖဴးပီး သာယာတယ္ေနာ္
အကို႔လက္ေပး ဒီကန္ကို ေနာက္ခံထားပီးပုံ႐ိုက္ၾကမယ္ "

ထိုက္လက္ေခ်ာင္းမ်ားကို စုပ္ကိုင္ပီး ကန္ဘက္ သို႔ လက္ေထာင္ကာ ပုံေလး၁ပုံ႐ိုက္လိုက္
သည္။

"ဒီေန႔အတြက္ ေက်းဇူးပဲေနာ္အကိုပင္ပန္းေနပီလား"

"ရပါတယ္ မင္းေပ်ာ္ဖို႔ဘဲ "

ထိုက္ဘာေၾကာင့္ ဒီလိုထုတ္ေျပာမိသြားမွန္းမသိ ထိုက္ရင္ထဲမွာ ဒီေကာင္ေလးကို သူျဖစ္ခ်င္ေနတဲ့ ဆႏၵ အတြက္ တကယ္ျဖစ္ပီးေပ်ာ္ေစခ်င္တာမွန္ပါသည္။ သို႔ေပမဲ့ သူ႔ရင္ထဲအဆင္မေျပတာကေတာ့ တျဖည္းျဖည္းေသခ်ာလို႔လာသည္။ ဒီမေသခ်ာျခင္းေတြက ဘာျဖစ္ေနလဲဆိုတဲ့ အေျဖမွန္ကိုေတာ့ ထိုက္ေသခ်ာခြဲျခားတတ္ဖို႔လိုလာပီေလ.... ။

       ........❤️❤️❤️❤️..........

Continue Reading

You'll Also Like

61K 3.3K 20
ဦးကိုက်န္ေတာ္ခ်စ္တယ္ က်န္ေတာ္ကိုျပန္ခ်စ္ပါ Wu yifan ငါမင္းကိုမခ်စ္ဘူးလို့ငါ့မွာလက္ထပ္ရမယ့့္လူရွိတယ္ Park Chanyeol
4.2K 436 15
Christmas story🎄[OFFGUN] ကိုယ္တို႔ရဲ႕ခနၶာကိုယ္က အနီးကပ္ဆံုးေနရာတစ္ခုထိ ေရာက္ရိွသြားတဲ့အခါ ေျခကိုစံုရပ္ၾကမယ္ ဒါမွမဟုတ္ ........ မင္းရဲ႕ဖိနပ္ေတြနဲ႔ ကိ...
9.6K 506 16
MewGulf fanfiction.. ဒီficသည္စိတ္ကူးသက္သက္ျဖင့္သာဖန္တီးျခင္းျဖစ္ပါသည္ By winterdaisy88
3.2M 203K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...