မြေအောက်လောကစီရင်သူ 『ဖန့်ကွမ်...

By Ssinlet_aeri

17.2K 2.7K 221

Title : PanGuan ( 判官 ) Author : MuSuLi ( 木苏里 ) Status : 117 chapters + 6 extras Genre : Action, Adventure, Ho... More

Description
အပိုင်း ၁ : ပြန်လည်ရောက်ရှိလာခြင်း
အပိုင်း ၂ : ဂျန်နရေးရှင်းကွာဟချက်
အပိုင်း ၃ : စိတ်ဝိညာဉ်
အပိုင်း ၄ : ရှဲ့ဝမ်း
အပိုင်း ၅ : ပုံတူပန်းချီကား
အပိုင်း ၆ : အရုပ်
အပိုင်း ၇ : ကြည့်မှန်
အပိုင်း ၈ : အံဆွဲ
အပိုင်း ၉ : မှတ်စုစာအုပ်
အပိုင်း ၁၀ : ခန္ဓာကိုယ်‌ပြောင်းလဲခြင်း
အပိုင်း ၁၁ : ညှိုးရော်နွမ်းလျခြင်း
အပိုင်း ၁၂ : လှောင်အိမ်ဖြေရှင်းခြင်း
အပိုင်း ၁၃ : အဆက်အသွယ် ပြတ်တောက်ခြင်း
အပိုင်း ၁၄ : ဧည့်သည်ဖိတ်ခေါ်ခြင်း
အပိုင်း ၁၆ : ညဉ့်နက်လမ်း
အပိုင်း ၁၇ : အခက်ကြုံခြင်း
အပိုင်း ၁၈ : ကြမ္မာရေစက်
အပိုင်း ၁၉ : ကွယ်လွန်သူ၏ကားချပ်များ
အပိုင်း ၂၀ : ဆန့်ကျင်ဘက်
အပိုင်း ၂၁ : ဒဏ္ဍာရီလာ
အပိုင်း ၂၂ : သုံးအုပ်စု ဝင်ရောက်လာခြင်း
အပိုင်း ၂၃ : အိမ်ပြန်ခြင်း
အပိုင်း ၂၄ : ကျန်းလန်
အပိုင်း ၂၅ : မမျှော်မှန်းထားသော
အပိုင်း ၂၆ : ရွှေ့ပြောင်းခြင်း
အပိုင်း ၂၇ : အတိတ်နေ့စွဲများ
အပိုင်း ၂၈ : ခြေရာလက်ရာ
အပိုင်း ၂၉ : ရေစက်ဆုံခြင်း

အပိုင်း ၁၅ : သုံးဆောင်ခြင်း

386 87 4
By Ssinlet_aeri

[Unicode]

ဗိုက်ဝသွားပြီ ကျေးဇူး

တကယ်တမ်း ရှီဖျင်းပြခန်းတွင် အထပ်နှစ်ထပ်ရှိသော်လည်း တည်ဆောက်ပုံမှာ အင်မတန်ထူးဆန်းလေ၏ ။

ပုံမှန်အားဖြင့် သို့နှယ် နှစ်ထပ်ဆိုင်ခန်းများတွင် ပထမထပ်မှာ အမှန်တကယ် ဈေးရောင်းသည့်ဆိုင်ဖြစ်ပြီး ဒုတိယထပ်သည်တော့ လူနေအိမ် သို့မဟုတ် သိုလှောင်ခန်းဖြစ်သည် ။ အကယ်၍ အလွန် စေ့စေ့စပ်စပ်ရှိသောသူဖြစ်ပါက ဧည့်သည်များအတွက် ကျော့ရှင်းသောဧည့်ခန်းတစ်ခန်းအဖြစ် ပြောင်းလဲလိုက်မည်ပေ ။

သို့သော် ရှီဖျင်းပြခန်းကမူ ထိုသို့မဟုတ်ပါချေ ။

ဒုတိယထပ်ကို.....စားသောက်ရန်အတွက် အဓိကထား အသုံးပြုလေသည် ။

အဘယ်ကြောင့် 'အဓိက'ဟု သုံးရသည်လဲ ? အကြောင်းမှာ ၎င်းသည် ရုက္ခဗေဒပန်းဥယျာဉ်အသေးစားနှင့်လည်း တူနေသေးသောကြောင့်ပင်--

အခန်း၏အနောက်မြောက်ဘက်ထောင့်ရှိ နံရံကိုမှီလျက် ပေါက်ရောက်နေသော သစ်ပင်တစ်ပင်ရှိနေ၏ ။ အပင်အမျိုးအစားကို ခွဲခြား၍မရဘဲ သေ‌ပြီလား ၊ ရှင်နေသေးသည်လားကိုလည်း ပြောနိုင်ရန် ခက်ခဲလှသည် ။ အပင်မှာ လုံးဝဥဿုံ အရွက်များကင်းမဲ့နေလျက် အခန်းမျက်နှာကြက်ကို ထိသည်ဆိုရုံလောက်သာမြင့်မားသည် ။ ၎င်း၏အကိုင်းအခက်များမှာ နံရံတစ်လျှောက် ခွဲဖြာဖြန့်ကျက်နေလျက် ။

သစ်ကိုင်းတစ်ခုမှ တွဲလောင်းကျနေသော ငှက်လှောင်ချိုင့်အလွတ်တစ်ခုလည်း ရှိနေသေး၏ ။

အပင်၏အောက်ခြေတွင်တော့ လူလုပ်မြေသားတစ်ခုရှိနေပြီး ‌ရေအိုင်တိမ်တိမ်ထဲတွင် ကူးခတ်နေသည့် လိပ်ကလေးနှစ်ကောင် ရှိနေသည် ။ ထိုမှတစ်ပါး ကျောက်တုံးကျောက်ခဲများ ၊ လတ်ဆတ်သော ပန်းပွင့်များနှင့် အပင်များက နေရာအနှံ့ ပြည့်နှက်နေသည့်အပြင် အသိုက်များလည်း ရှိနေလေရာ မည်သည့်သတ္တဝါများက ထိုထဲတွင်နေထိုင်ကြောင်း မသိရချေ ။

သစ်ပင်ပန်းမာန်များကြား၌ စားသောက်ရန်အတွက် လေးထောင့်ပုံစားပွဲတစ်ခုချထားပြီး ၎င်းမှာအတော်လေး.....လိုက်လျောညီထွေမရှိ ဖြစ်နေ၏ ။

လောင်မောင်သည် စားပွဲပေါ်တွင် ကြီးမားသော ကြေးနီအိုးကြီးကို တင်လျက် မီးသွေးခဲများ ဖြည့်လိုက်သည် ။ ခပ်ပြစ်ပြစ် နို့နှစ်ရောင် စွပ်ပြုတ်ရည်အိုးမှာ စတင်၍ ဆူပွက်ပူနွေးလာပြီး မွှေးကြိုင်သည့်အငွေ့များမှာ အခန်းတစ်လျှောက် ပျံ့နှံ့လာခဲ့သည် ။

ပါးလွှာနူးညံ့သည့် သိုးသားများကို အိုးထဲတွင် စိမ်နှစ်လိုက်ပြီး စွပ်ပြုတ်ရည်ထဲသို့ အသားရည်များ စိမ့်ဝင်သွားစေ၏ ။

အနီးအနားရှိ မီးဖိုအသေးစားတွင် အပူပေးထားသော ဝိုင်အရက်ရှိနေလျက် ။ ပါဝင်သောအရက်ပမာဏကို မသိရသော်ငြား အတော်လေး ပြင်းပုံရသည် ။

မည်သို့ပင်ဖြစ်စေ ဝမ်းရှီသည် တစ်စက်ပင် မသောက်ရသေးဘဲ မူးဝေလာသယောင်ပင်--

မကြာခင် နွေရာသီရောက်လာတော့မည်ဖြစ်ပြီး သူသည် အင်္ကျီလက်တိုဖြင့် အပူပေးစက်ဖွင့်ထားသော အခန်းထဲတွင် ထိုင်နေရကာ အာဟာရပြည့်ဝသည့် ပူပူ‌နွေးနွေးအစားအသောက်များ အပြည့်ရှိနေသော စားပွဲကို မျက်နှာမူထားရသဖြင့် သူ့ဝမ်းဗိုက်မှ အသံများထွက်လာတော့သည် ။

ဒါ ဘာအကျိုးရှိမှာလဲ ?

သူ့မျက်နှာအမူအရာက အင်မတန် တည်တင်းနေသောကြောင့် ဖြစ်နိုင်၏ ၊ အကြောင်းစုံသိနေသော ရှချောင်တစ်ယောက် အတော်လေး စိတ်မကောင်းဖြစ်သွားရသည် ။

တကယ်တမ်း ရှချောင်နားလည်ထားသလောက် သူအရင်က တွေ့ဖူးကြားဖူးထားခဲ့သမျှသူများ သို့မဟုတ် ရှန်ချောင်တို့ကဲ့သို့ ဖန့်ကွမ်းများကလည်း ပုံမှန်အတိုင်း စားသောက်ကြလေ၏ ။

ဝမ်းရှီကဲ့သို့ လူစားသည့် အစားအစာများကို မစားသော ပုံမှန်မဟုတ်သည့် ဂြိုဟ်သားမှာ ထူးခြားနေသေးဆဲ ။ ဤသည်က ဝမ်းရှီ၏ အမှန်စင်စစ် သေလည်းမသေနိုင် ၊ အသက်လည်းရှင်မနေသော အခြေအနေနှင့် ဆက်စပ်နေခြင်းဖြစ်နိုင်သည် ။

ရှချောင်သည် အချိန်အတော်ကြာ ကြည့်နေမိပြီးနောက် မတတ်သာတော့ဘဲ လေသံတိုးတိုးဖြင့် "ဝမ်းကော...အဆင်ပြေရဲ့လား? "

"မင်းဘယ်လိုထင်လို့လဲ ? " ဝမ်းရှီသည် သူ့ကိုလှည့်မကြည့်လာဘဲ တူကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်သည် ။ နှစ်စက္ကန့်မျှအကြာ၌ သူသည် ပြန်လည်ဆင်ခြင်သုံးသပ်သည့်အလား မျက်လုံးများကို မှိတ်လိုက်ရင်း သူ့ကိုယ်သူ ‌အရွဲ့တိုက်သည့်နှယ် ခပ်တိုးတိုး ပြောလိုက်သည် ။ "ငါတကယ်ရူးနေပြီပဲ "

ရှဲ့ဝမ်းက သူ့ကို ထမင်းစားဖို့ခေါ်တုန်းက ဘာလို့ ဘာမှမစဉ်းစားဘဲ ခေါင်းညိတ်လိုက်ရတာလဲ ?

အခုတော့ ကောင်းရော ။ ကိုယ့်စိတ်ကိုယ် ဘယ်လောက်ထိန်းနိုင်လဲဆိုတဲ့အပေါ်ပဲ မူတည်နေတော့မယ် ။

သူသည် အသားများဖြင့် ပြည့်နေသော ရှချောင်၏ ပန်းကန်လုံးအား ကြည့်လိုက်ပြီး တိုးလျစွာ မေးလိုက်သည် ။ "အရသာရှိလား ? "

"....."

ရှချောင် စကားမဆိုဝံ့ပါပေ ။

သူ့အတွက်တော့ ဤထမင်းတစ်နပ်က အင်မတန် ကောင်းမွန်လှသည် ။ ရှဲ့ဝမ်း၏ဝန်ထမ်းများ ဘယ်နေရာမှ ရရှိလာမှန်းမသိရသော အသားနှင့် ဟင်းသီးဟင်းရွက်များက နူးညံ့လတ်ဆတ်လှပြီး အရသာအနှစ်သည်လည်း အင်မတန် မွှေးပျံ့ကြိုင်သင်းနေလျက် ။ ဟင်းချက်စွမ်းရည်နှင့် ပက်သတ်လာလျှင် အထွန့်တက်စရာအကြောင်း တစ်ခုတစ်လေမျှ မရှိပါချေ ။

ထို့ပြင် ယနေ့ အပြင်ဘက်၌ မိုးသည်းထန်စွာ ရွာသွန်းနေသည်ဖြစ်ရာ အပူချိန်သည်လည်း ကျဆင်းနေ၏ ။ ရှချောင်သည် ချမ်းအေးသည်ဟု ခံစားနေရသဖြင့် ပူပူနွေးနွေးတစ်ခုခုကိုသာ စားလိုက်ရပါက ပြီးပြည့်စုံသွားမည်ပင် ။ သူသည် ဝမ်းမျိုးရိုးနှင့် သည်ဘိုးဘေးကို စာနာထောက်ထားပေးရန် တကယ်ကို မဖြစ်နိုင်သောကြောင့် နှစ်သိမ့်ပေးရုံသာတတ်နိုင်၏ ။

"ဝမ်းကော...တစ်လုပ် နှစ်လုပ်လောက်ပဲ စားကြည့်ရင်ရော ? " ရှချောင်သည် လောင်မောင်နှင့် အခြားသူများ တဝတပြဲ စားသုံးနေကြသည်ကို အခွင့်ကောင်းယူကာ တိုးတိုးတိတ်တိတ် မေးလိုက်သည် ။ "ဘာအစာမှ မရှိတာထက် ဗိုက်ထဲ တစ်ခုခုခံထားလိုက်တာ ‌ပိုကောင်းတာပေါ့ ။ ဒီလို ကြေးနီအိုးဟော့ပေါ့ထဲ အသားစိမ်ထားတာကို စားဖူးလား ? ဒါက--"

"စားဖူးတယ် " ဝမ်းရှီ ကြားဖြတ်ပြောလိုက်သည် ။ "ခဏခဏ စားဖူးတယ် "

ပုံမှန်လူသားတစ်ယောက်အတွက်‌ သူပြောလိုက်သော ဤစာကြောင်းသည် ဘာမျှမှားယွင်းမနေပေ ။ ဝမ်းရှီသည် အသက်၂၅နှစ်အရွယ် အမျိုးသားငယ်တစ်ယောက်ဟုသာ ထင်ရသဖြင့် သူယခင်က မစားဖူးလျှင် ပို၍ပင် ထူးဆန်းနေလိမ့်မည် ။

သို့သည့်တိုင် ရှဲ့ဝမ်းက ဝမ်းရှီ ဤကမ္ဘာလောကတွင် အသက်ပြန်ရှင်လာသည်မှာ မကြာသေးခင်ကမှသာ ဖြစ်ကြောင်း သိနေသည့်နှယ် သူ့ကို အံ့ဩတကြီးလှမ်းကြည့်လာ၏ ။

"ငါ့ကိုဘာလို့လာကြည့်နေတာလဲ ? " ဝမ်းရှီသတိထားမိချိန်၌ ရှဲ့ဝမ်း၏မျက်လုံးထဲရှိ အံ့အားသင့်မှုမှာ ပျောက်ကွယ်သွားနှင့်ပြီး ဖြစ်သည် ။

"မေးခွန်းကောင်းပဲ ။ ငါမင်းကို ကြည့်နေမှန်းသိဖို့ဆို မင်းကငါ့ကို အရင်ဆုံးကြည့်ဖို့လိုတာပေါ့ " ရှဲ့ဝမ်းသည် ခပ်နွေးနွေးဝိုင်ကို တည်တည်ငြိမ်ငြိမ်ပင် ခွက်ထဲသို့ ငှဲ့လိုက်သော်လည်း မသောက်ခဲ့ ။ သူသည် ဖန်ခွက်ထဲရှိ အနွေးဓာတ်ကို ခံစားနေသည့်အလား ခွက်ကိုသာ ကိုင်ထားလျက် " မင်းဘာလို့ ငါ့ကိုကြည့်နေတာလဲဆိုတာကို အရင်ပြောပြရင်ရော ? "

ဝမ်းရှီ : "....."

လစ်စမ်း ။

ရှဲ့ဝမ်းသည် ပြုံးလိုက်ကာ ထိုအကြောင်းအရာကို ကျော်ခွလိုက်ပြီးနောက် ပြောလာ၏ ။ "ဒါကို ဘယ်မှာစားဖူးတာလဲ ? "

ဝမ်းရှီသည် မူလက သူ့ကို စကားမပြောချင်ခဲ့သော်လည်း အချိန်အတော်အတန်ကြာပြီးနောက် သူအဖြေပေးမိဆဲပင် ။ "ပေကျင်းမှာတုန်းက "

ထိုအချိန်တုန်းကတော့ ပီကင်းဟု ခေါ်ကြသည် ။

"ဪ" ရှဲ့ဝမ်းသည် အသေအချာ တွေးတောနေပြီး တစ်ခဏမျှအကြာတွင် ခေါင်းညိတ်ကာ ဝမ်းရှီ၏ ဗလာကျင်းနေသော ကြွေပန်းကန်ပြားကို ညွှန်ပြလျက် "ဒါဆို အခုမကြိုက်တော့ဘူးလား ? ဒါမှမဟုတ် သူတို့အရသာစပ်ထားတဲ့ ဟင်းရည်က ဆိုးရွားလွန်းလို့ မင်းမစားနိုင်တော့တာလား ? "

လောင်မောင်နှင့် အမြွှာမိန်းကလေးနှစ်ယောက်မှာ ချက်ချင်းခေါင်းမော့လာကာ အပြစ်ကင်းစွာ လှမ်းကြည့်လာကြသည် ။

လက်အောက်ငယ်သားများအားလုံးက သူဌေးဖြစ်သူကို ကြောက်ရွံ့ကြသည်များလား ။ မည်သို့ပင်ဖြစ်စေ ထိုသုံးယောက်မှာ အလွန်ထိတ်လန့်နေကြပုံပေါ်သည် ။

ဝမ်းရှီ အထူးအဆန်းဖြစ်သွား၏ ။ သူသည် ပြိုင်တူဝိုင်းကြည့်လာသည့် အကြည့်များအကြား နှစ်စက္ကန့်မျှ တိတ်ဆိတ်နေပြီးနောက်တွင် တူရှိရာ လက်လှမ်းကာ သိုးသားတစ်ဖတ်ကို လှမ်းယူလိုက်တော့သည် ။

လောင်မောင်က သက်ပြင်းချလိုက်ပြန်ကာ ဆက်လက်၍ စားသောက်နေတော့သည် ။ သူသည် အစာကို မဝါးဘဲ သည်အတိုင်းအလုတ်ပြည့်မြိုချနေသဖြင့် မြင်ရသူအဖို့ အတော်လေး အရသာရှိပုံပေါ်ကာ စားချင်စဖွယ် ဖြစ်နေ၏ ။

ရှချောင်သည်လည်း ချက်ချင်းပင် သူ့ကိုအတုယူကာ အသားဖတ်နှစ်ဖတ်ကို လိုက်စားလိုက်တော့သည် ။

ဝမ်းရှီ.....

ဝမ်းရှီ ရူးသွပ်သွားတော့မည်ပင် ။

သို့ပေသိ သူသည် မျက်နှာထက် လုံးလုံးမပြခဲ့ ။ ထိုအစား သူသည် အတော်လေးအေးစက်နေပုံပေါ်သည် ။ ဝမ်းရှီသည် အသားဖတ်တစ်ဖတ်အား အရသာကင်းမဲ့စွာ မြိုချလိုက်ပြီးနောက် အာရုံလွှဲရန် ရှဲ့ဝမ်းကို မေးလိုက်၏ ။ "မင်းရော ဘာမှမစားပါလား "

"ရတယ် " ရှဲ့ဝမ်းက ဆိုသည် ။ "ငါက နည်းနည်း ပူတဲ့အစာတွေကို ပိုကြိုက်တာဆိုပေမဲ့ ဒီလိုမျိုးကျ စိတ်မဝင်စားဘူး "

"မင်း‌ကဖြင့် မကြိုက်တာကို သူတို့က ဒါပြင်ပေးတယ်လား ? " ဝမ်းရှီ၏မျက်နှာအမူအရာမှာ ထူးဆန်းနေလျက် ။

"အကျင့်ပါနေတာနေမယ် " ရှဲ့ဝမ်းက ပြောလာသည် ။

သူသည် ဝမ်းရှီ၏မေးခွန်းထုတ်နေသော အမူအရာကိုမြင်သော် တစ်ခဏမျှ တွေးလိုက်ပြီးနောက် ဖြည့်စွက်ပြောပြလာတော့သည် ။ "ငါအရင်က --"

သူသည် စကားအသုံးအနှုန်းကို ပြင်ဆင်လိုသည့်အလား ရပ်တန့်သွားလေ၏ ။

ဝမ်းရှီ သူ့ကို လှမ်းကြည့်လိုက်ချိန်မှသာ ဆက်ပြောလာခဲ့သည် ။ "ငါ ကလေးတစ်ယောက်ကို ခေါ်လာခဲ့တာ ။ သူက ဒါကို အရမ်းကြိုက်တာလေ "

"သူက အခုဘယ်မှာလဲ ? " ဝမ်းရှီ မေးလိုက်သည် ။

"မရှိတော့ဘူး " ရှဲ့ဝမ်း၏အကြည့်များက မော့လာခဲ့ဘဲ သူသည် ခွက်ကိုကိုင်လျက်သား ။ "အတော်ကြာခဲ့ပါပြီ "

တစ်စုံတစ်ခုက ထူးဆန်းနေသည်ဟု ဝမ်းရှီခံစားနေရဆဲပင် ။ အချိန်အတော်ကြာတုန်းက ဖြစ်ပျက်ခဲ့သည်ဆိုလျှင် ယခုအချိန်ထိ အကျင့်ဟု ဘာကြောင့်ခေါ်‌နေသေးသည်လဲ ? ဒီကြားထဲက အချိန်တွေမှာ သူတို့က အသက်ရှင်နေတာမဟုတ်လို့လား ?

သူသည် စကားပြောမည်အပြု လောင်မောင်က ဟင်းရည်ယောက်ချိုဇွန်းကို ယူကာ နောက်ထပ်အလျှံအပယ်ခတ်လိုက်လေ၏ ။ သူသည် မြိန်ရေယှက်ရေစားသုံးနေလေရာ သူ၏ရှလွတ်ရှလွတ်အသံများကို လျစ်လျူရှုရန် မဖြစ်နိုင်တော့ချေ ။

ဝမ်းရှီ : "....."

သူ့အစာအိမ်က အသံတိတ် တုံ့ပြန်လာပြီး နောက်ဆုံး‌တွင်တော့ ထိုနေရာတွင် သူ ငြိမ်ငြိမ်လေး ဆက်မထိုင်နိုင်တော့ ။

"ဘေစင်က ဘယ်မှာလဲ ? " ဝမ်းရှီသည် မျက်နှာသေဖြင့် သူ့စိတ်သူငြိမ်အောင် ထိန်းလိုက်ကာ တူကိုချလျက် မေးလိုက်၏ ။

"ဟိုဘက်မှာ " ရှဲ့ဝမ်းက အခန်း၏အရှေ့အရပ်ရှိ စင်္ကြံလမ်းတိုလေးကို ညွှန်ပြပြီး ပြောလာသည် ။ "ဘာဖြစ်လို့လဲ ? "

"အချဉ်ရည်တွေပေသွားလို့ " ဝမ်းရှီသည် ဖြစ်သလို ဆင်ခြေတစ်ခုပေးလိုက်ကာ မတ်တပ်ရပ်လိုက်ပြီး ‌စင်္ကြံထံသို့ လျှောက်သွားလိုက်တော့သည် ။

လျှောက်လမ်းတို၏အဆုံးသတ်တွင် သီးသန့်ဘေစင်တစ်ခုရှိနေပြီး သူသည် ဘေစင်ကို ကိုင်လျက် ကိုယ်ကိုညွှတ်ကိုင်းလိုက်တော့သည် ။ သူ့မျက်နှာကို‌ ရေအေးအနည်းငယ်ဖြင့် သစ်လိုက်ပြီးနောက်တွင်တော့ အလွန်အမင်း ဆာလောင်မွတ်သိပ်နေသော ခံစားချက်က အနည်းငယ် ပြေလျော့သွားလေ၏ ။

သူကိုယ်ကို မတ်လိုက်သည့်အချိန်မှာပင် ဘေးဘက်မှ လေအေးများတိုက်ခတ်လာသည်ကို ခံစားလိုက်ရသည် ။ ဝမ်းရှီ လှည့်ကြည့်လိုက်သော် ဒုတိယထပ်၏လျှောက်လမ်းမှာ နောက်ဖေးတံခါးပေါက်နှင့် ဆက်သွယ်ထားကြောင်း မြင်လိုက်ရ၏ ။ နောက်ဖေးတံခါးပေါက်မှာ အနည်းငယ် ဟလျက်ရှိနေပြီး ထိုမှတစ်ဆင့် လေများတိုးဝင်လာကာ မိုးစက်များ၏ စိုထိုင်းမှုနှင့်အတူ အခြားမတူညီသော....ဖော်ပြရန်ခက်ခဲသည့် ထူးဆန်းသော ရနံ့တစ်ခုက ရောယှက်နေလျက် ။

ထိုရနံ့မှာ အလွန်မှိန်ဖျော့ပြီး မနှစ်မြို့ဖွယ်ရနံ့မျိုးမဟုတ်ဘဲ အနည်းငယ် ရင်းနှီးကျွမ်းဝင်နေခဲ့ပြီး ။

ဝမ်းရှီသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားရကာ အနားသို့ လျှောက်သွားလျက် တံခါးကို ဖွင့်လိုက်လေ၏ ။

တံခါးအပြင်ဘက်တွင် သံလှေကားတစ်ခုရှိနေပြီး ဈေးဆိုင်များဖြင့်ပြည့်နေသော လမ်း၏ နောက်ဖေးလမ်းကြားနှင့် ဆက်စပ်နေခဲ့သည် ။

ရှီဖျင်းပြခန်း၏ အနောက်ဘက်မှာ အလွန်သန့်ရှင်းခြောက်ကပ်နေလျက် မြင့်မားသော ခြံစည်းရိုးနံရံတစ်ခုကို မျက်နှာမူထား‌၏ ။ နံရံအတွင်းဘက်၌ ဝမ့်ချွမ်အိမ်ရာ၏ လူလုပ်ရေကန်တစ်ခုနှင့် သေးငယ်သောဝါးရုံတစ်ခုရှိနေသည် ။

အပြင်တွင် မိုးများ သည်းကြီးမည်းကြီး ရွာသွန်းနေဆဲဖြစ်ကာ ထိုရနံ့က မိုးရေများအကြား ပုန်းအောင်းနေရင်း ပေါ်တလှည့် ပျောက်တလှည့် ဖြစ်နေခဲ့သည် ။ ဝမ်းရှီသည် လှေကားလက်ရန်းကို လက်ဖြင့်ကိုင်လိုက်ကာ အချိန်ခဏမျှ ရှူရှိုက်ကြည့်လိုက်ပြီးနောက် သူ နားလည်သဘောပေါက်သွားလေ၏ --

ဤသည်က ဟွေ့ကူ၏ရနံ့ပင် ။

ရှန်ချောင်အား မြေမမြုပ်ခင်ညက နာရေးဂီတပညာရှင်များကနေ ပြောင်းလဲသွားသော ဟွေ့ကူသုံးကောင်အနက် တစ်ကောင်ကို သတ်ခဲ့ပြီး နှစ်ကောင်က ထွက်ပြေးလွတ်မြောက်သွားခဲ့သည် ။ သူသည် ထွက်ပြေးသွားသော ဟွေ့ကူများကို နောက်ယောင်ခံလိုက်ခဲ့ပြီး ရလဒ်အနေဖြင့် ရှီဖျင်းပြခန်းသို့ ညွှန်ပြနေခဲ့သည်ပေ ။

တကယ်တော့ သူ ယနေ့ရှီဖျင်းပြခန်းသို့ ‌လက်ဦးမှုရယူ၍ ရောက်လာခဲ့ခြင်းမှာ သည်အကြောင်းပြချက်ကြောင့်ပင် ။

ဆိုင်ထဲသို့ ဝင်ရောက်သည့်အချိန်မှစ၍ သူသည် အကုန်လုံးကို အသေးစိတ် စစ်ဆေးကြည့်ခဲ့သော်လည်း ဟွေ့ကူ၏ခြေရာလက်ရာများကို မတွေ့ခဲ့ရ ။ ဆိုင်၏နောက်ဖေးလမ်းကြားရောက်မှသာ ထိုအရိပ်အယောင်ကို ရှာတွေ့ရလိမ့်မည်ဟုတော့ သူ မမျှော်မှန်းထားခဲ့ချေ ။

ဝမ်းရှီသည် သူ၏စွမ်းအင်များကို စုစည်းလိုက်ကာ ချီစွမ်းအင်များကို သိပ်သည်းစေလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်‌သည် ။ သူ့မျက်စိရှေ့ရှိ မြင်ကွင်းမှာ ငြိမ်သက်မှိန်ဖျော့သွားကာ ရေစီးကြောင်းအလား သေးငယ်ပါးလျသည့် လမ်းကြောင်းတစ်ခုက နံရံတစ်လျှောက် တွန့်လိမ်တက်သွားကာ ဝမ့်ချွင်အိမ်ရာထဲသို့ လျှောဝင်သွားပြီးနောက် ရှာဖွေရန် မဖြစ်နိုင်တော့သည်အထိ မှေးမှိန်ပျောက်ကွယ်သွားတော့သည် ။

အဲ့တော့ တကယ်တမ်း ရှဲ့ဝမ်းနဲ့ ဘာမှမဆိုင်ဘဲ ဝမ့်ချွမ်အိမ်ရာနဲ့ သက်ဆိုင်နေတာလား ?

ဝမ်းရှီသည် စက္ကန့်ပိုင်းအတွင်း မျက်လုံးများကို ပြန်ဖွင့်လိုက်ကာ မျက်မှောင်ကြုတ်လျက် စတင်တွေးတောနေမိတော့သည် ။

သူ့အနောက်ဘက်ရှိ တံခါးက ကျွိခနဲ ပွင့်မလာခင် အချိန်အထိ ။

"ဘာလို့ အပြင်မှာအရူးလို ရပ်နေတာလဲ ? " ရှဲ့ဝမ်း၏ အမေးစကားသံ ထွက်ပေါ်လာခဲ့သည် ။

ဝမ်းရှီ : "....."

ဘာလို့ သူ့အစာက အနောက်ကလိုက်လာရတာလဲ ?

"မိုးတိတ်သွားပြီလားလို့ ကြည့်နေတာ " ဝမ်းရှီသည် လှည့်လာကာ အထဲသို့ ပြန်ဝင်လာခဲ့လိုက်သည် ။

လှေကားလက်ရန်းမှ သံချေးများက သူ့လက်ပေါ် ကပ်ပါလာသဖြင့် ဆေးကြောရန် ဘေစင်ရှိရာသို့ နောက်တစ်ခေါက်ပြန်သွားလိုက်ရသည် ။

ရှဲ့ဝမ်းသည်လည်း လက်ဆေးပြီးကာစ ဖြစ်ဟန်တူသည် ။ သူသည် ထမင်းစားပွဲရှိရာသို့ ပြန်သွားရန် အလျင်လိုမနေခဲ့ဘဲ နောက်ဖေးတံခါးကိုသာ ပိတ်လိုက်ကာ ဝမ်းရှီကို ကျော်၍ တစ်ရှူးတစ်ရွက်ကို လှမ်းယူလိုက်လေ၏ ။

ထိုလှုပ်ရှားမှုက လေပြည်ခပ်ဖွဖွ တိုက်ခတ်သွားစေခဲ့သည် ။ သေချာပေါက်ကို ထိုလေထဲတွင် မည်သည့်အရာမျှ မပါဝင်သော်လည်း ဝမ်းရှီသည် အားကြီးသော မကောင်းဆိုးဝါး မိစ္ဆာစွမ်းအင်များဖြင့် ဝိုင်းရံခံလိုက်ရသယောင် ခံစားလိုက်ရသည် ။

သူသည် လက်ဆေးနေရင်း ခေတ္တမျှ တောင့်ခဲသွားကာ ငုံ့ထားသော သူ့မျက်လုံးအကြည့်များကို ခပ်ဖွဖွ ပိတ်လိုက်တော့သည် ။

ထမင်းဝိုင်းနှင့်ယှဉ်လျှင် ယခုနေရာက ကျဉ်းမြောင်းကာ တိတ်ဆိတ်နေ၏ ။ တိတ်ဆိတ်နေလွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည် ။ အနှီပုံသဏ္ဍာန်ကင်းမဲ့ကာ မမြင်နိုင်သောအရာများ၏ တည်ရှိမှုက သိသိသာသာ ထင်ရှားလာခဲ့သည် ။

ဝမ်းရှီသည် ခေါင်းမော့လိုက်ကာ မှန်ထဲမှတစ်ဆင့် ရှဲ့ဝမ်းကို လှမ်းကြည့်လိုက်၏ ။ တစ်ဖက်လူက အနောက်ရှိနံရံကိုမှီလျက် ဝမ်းရှီကိုစောင့်ပေးနေသယောင် လက်အိတ်များအား ဂရုတစိုက် ပြန်လည်ဝတ်ဆင်နေသည်ကို မြင်လိုက်ရသည် ။

"မင်း ကိုယ့်စိတ်ဝိညာဉ်ကိုယ် မြင်ဖူးလား ? " ဝမ်းရှီ ရုတ်တရက် ပြောလိုက်၏ ။

"ဟင်? " ရှဲ့ဝမ်းသည် သူ့လက်အိတ်အစွန်းကို ဆွဲတင်လိုက်ပြီးနောက် မျက်လုံးပင့်ကာ မေးလာသည် ။ "ဘာအဓိပ္ပာယ်လဲ ? "

ဖန့်ကွမ်းများ အားလုံးက လူတစ်ယောက်၏စိတ်ဝိညာဉ်ကို လွယ်လင့်တကူ မြင်ရသည် မဟုတ်ပေ ။ ခံစားချက်အရ ခံစားသိနိုင်ခြင်းသာ ဖြစ်ဖို့များသည် ။ ဥပမာအားဖြင့် ရှချောင်ကိုမြင်မြင်ချင်း သူသည် အင်မတန် သန့်ရှင်းစင်ကြယ်ကြောင်း ခံစားမိခြင်း ၊ သို့တည်းမဟုတ် ရှဲ့ဝမ်းကိုမြင်လျှင် သူ၏ဝဋ်ကြေးအပြစ်များက များပြားလေးလံလွန်းသည်ဟု ခံစားရခြင်းမျိုးပင် ။ စိတ်ဝိညာဉ်၏အခြေအနေက ပို၍ပြင်းထန်လေလေ ခံစားသိနိုင်ရန် ပိုမိုလွယ်ကူလာလေဖြစ်သည် ။

အကယ်၍ စိတ်ဝိညာဉ် မည်သို့မည်ပုံရှိသည်ကို အမှန်တကယ် မြင်တွေ့လိုပါက အားပိုစိုက်ထုတ်ရမည်ဖြစ်ပြီး အခြားတစ်ဆင့်ခံနည်းလမ်းများ၏ အကူအညီကို အသုံးပြုရလိမ့်မည် ။

ဝမ်းရှီကဲ့သို့ လူများက အင်မတန်ရှားပါးလေ၏ ။

"ဘာမှမဟုတ်တော့ဘူး " ခဏတာ စိတ်လှုံ့ဆော်မှုအရ မေးလိုက်ပြီးနောက်တွင်တော့ ဝမ်းရှီသည် အကြည့်များကို ပြန်ရုပ်သိမ်းလိုက်ကာ တစ်ရှူးတစ်ရွက်ကို ဆွဲထုတ်လိုက်သည် ။ "ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်"ဟု သူပြောမည်အပြု ရှဲ့ဝမ်းက "ဪ"ဟု ခပ်တိုးတိုး အသံပြုလာခဲ့သည် ။

"ငါ့ရဲ့စိတ်ဝိညာဉ်က အပြစ်‌ကြွေးတွေ ၊ မိစ္ဆာစွမ်းအင်တွေကို မြင်ဖူးလားလို့ မေးချင်တာလား ? မြင်ဖူးတယ်လေ "

"ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်း မေးနေရတာလဲ ? "

သူသည် ဝမ်းရှီကို မှန်ထဲမှတစ်ဆင့် ကြည့်နေရင်း သူ့စကားသံမှာ ဩရှနေလျက် ချောင်းဆိုးရာမှ ဖြစ်ပေါ်လာသော အက်ကွဲကွဲ အငွေ့အသက်လည်း ပါဝင်နေခဲ့သည် ။

သူတို့၏ ဘေးပတ်ဝန်းကျင်က အင်မတန် တိုးတိတ်နေလွန်းသောကြောင့် ဖြစ်နိုင်၏ ။ ဝမ်းရှီ၏နားထဲတွင် အနှီမေးခွန်းက ဖော်မပြနိုင်သော ဆွဲငင်ညို့ယူနိုင်စွမ်း ရှိနေသည်ပင် ။

သူသည် ရှဲ့ဝမ်းကို ကျောပေးလျက် ဘေစင်ရှေ့တွင် ရပ်နေဆဲဖြစ်ပြီး တစ်ရှူးစကို လွှင့်ပစ်လိုက်ကာ ခဏမျှ အကြည့်များကို ငုံ့ထားပြီးနောက် ရုတ်တရက် မေးလိုက်တော့သည် ။ "တကယ်လို့-ငါက မင်းကို နည်းနည်းလျော့သွားအောင် ကူညီပေးနိုင်တယ်လို့ ပြောရင်ရော ? "

ယခုတစ်ခေါက်တွင်တော့ ရှဲ့ဝမ်းတစ်ယောက် အမှန်တကယ် အံ့အားသင့်သွားခဲ့သည် ။

သူသည် ဝမ်းရှီကို အချိန်အတော်ကြာ ကြည့်နေပြီးနောက် "ပုံမှန်လူသားတစ်ယောက်ရဲ့ ကိုယ်ပေါ်က အရာတွေကို ထိရင် ဘာဖြစ်မလဲ မင်းသိလို့လား ? "

ပြန့်ကျဲနေသော အနက်ရောင်အခိုးအငွေ့ဟူသည် လှောင်အိမ်ဖြစ်တည်သွားသော လူများအတွက် စိတ်ပေါက်ကွဲထွက်ခြင်းနှင့် စိတ်အေးသက်သာရာရခြင်းမျိုးဖြစ်ကြောင်း ဖန့်ကွမ်းဖြစ်ဖူးသည့် လူတိုင်း သိကြလေ၏ ။ လှောင်အိမ်ကို ဖြေရှင်းသည့်သူက အင်အားကြီးနေသရွေ့ ထိုအခိုးအငွေ့များအားလုံးကို ပျောက်ကွယ်သွားစေနိုင်လိမ့်မည် ။

သို့တိုင် အကောင်းအတိုင်းရှိနေသော သာမန်လူသားတစ်ယောက်၏ ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိနေသောအရာများကို ဖယ်ရှားရန် ထိုမျှ မလွယ်ကူပေ ။ မည်သူကမှ အရင်က သည်အကြောင်းကို သုတေသနပြုလုပ်ခဲ့ဖူးခြင်းမရှိချေ ။

ပထမဦးစွာ အခြားလူများက အစားအသောက်စားရုံဖြင့် ဗိုက်ပြည့်မည်ဖြစ်ပြီး သို့နှယ်အရာမျိုးကို စားသုံးနိုင်သည့်အစာအဖြစ် မသတ်မှတ်ကြပေ ။

ထိုအချက်တစ်ချက်တည်းနှင့်ပင် ဝမ်းရှီမှတစ်ပါး အခြားလူ ၉၉%လောက်ကို စစ်ထုတ်နိုင်ပြီး ဖြစ်လေ၏ ။

ဒုတိယအချက်အနေဖြင့် ဝမ်းရှီသည် ယခင်က ထိုအရာအများအပြားကို သိုလှောင်သိမ်းဆည်းထားခဲ့သည်ဖြစ်ရာ မတိုင်ခင်က စားသောက်ရန်အတွက် တစ်ခါမျှ မပူပန်ခဲ့ရချေ ။

ရလဒ်အနေဖြင့် သူကိုယ်တိုင်ပင် မသိပေ ။

ဝမ်းရှီသည် ရှဲ့ဝမ်း၏မေးခွန်းကြောင့် ကြောင်အမ်းနေခဲ့သော်လည်း ပိုမိုပြင်းထန်လာသော ဆာလောင်ငတ်မွတ်မှုကြောင့် သူ အဖြေကို မစဉ်းစားနိုင်တော့ ။ ကျန်ရှိနေသေးသည့် တစ်ခုတည်းသောအရာမှာ မသိမသာလှိုက်တက်လာသည့် ဒေါသပင် ။

သူသည် ဘေးချထားသော လက်မှ လက်ဆစ်များကို နှိပ်နယ်နေလျက် အသံတိတ်နေခဲ့ပြီး " ဒါဆိုလဲ မေ့လိုက်တော့ "ဟု ပြောရန်ကြံရွယ်လိုက်၏ ။

သို့်သော် ရှဲ့ဝမ်းက ဆိုလာသည် ။ "ထားပါတော့ ။ မင်းလုပ်ကြည့်လေ "

ဝမ်းရှီသည် မော့ကြည့်လာပြီး "မင်းတကယ်ပြောတာလား ? "

ရှဲ့ဝမ်းသည် ကိုယ်ကိုမတ်လျက် လက်နှစ်ဖက်ကို ဘေးသို့ ဖြန့်ကားပေးလိုက်ကာ အနည်းငယ် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရင်း "ဘယ်လိုလုပ်ရတာလဲ ? ငါ့ကို လုပ်နည်း ရှင်းပြပါအုံး ။ မျက်လုံးရော ပိတ်ထားပေးရမလား ? "

နောက်ဆုံးတွင်တော့ ဝမ်းရှီသည် သူ့ကို တည့်တည့်မျက်နှာချင်းဆိုင်လိုက်တော့သည် ။ "မလိုဘူး "

"မင်းဘာမှလုပ်စရာမလိုဘူး " ဝမ်းရှီသည် သူ့မျက်လုံးများကို မှိတ်လိုက်၏ ။ "ငါလုပ်လိုက်မယ် "

ထိုတဒင်္ဂတွင် သူ၏"အမြင်အာရုံ"ထဲသို့ ရှဲ့ဝမ်း၏ မကောင်းဆိုးဝါးဆန်သည့် စိတ်ဝိညာဉ် ပေါ်ပေါက်လာခဲ့ပြီး အနက်ရောင်မြူခိုးငွေ့များက အလိပ်လိုက် လှိုက်တက်နေသည်မှာ ခွေပတ်ရစ်ထွေးနေသည့် စပါးအုံးမြွေများအလား ။

သူသည် အသေအချာကို ကြမ်းကြုတ်ရက်စက်သည့် စိတ်ဝိညာဉ်အား ကြည့်နေခဲ့ခြင်းဖြစ်သည့်တိုင် ၎င်းက သူ့အရှေ့ မပြောပလောက်သည့်အကွာအဝေးတွင် ငြိမ်သက်စွာ ရပ်နေလျက် ။ နီးကပ်လွန်းသဖြင့် ဝမ်းရှီကိုယ်တိုင်ပင် အခိုးအငွေ့များအကြား ရစ်ပတ်ခံထားရသည် ။

ဝမ်းရှီသည် မရေမရာဖြင့် လက်လှမ်းလိုက်ပြီး သူ၏အနည်းငယ်ထုတ်ချင်းဖောက်မြင်နေရသော လက်ချောင်းများက တစ်ခုသော အနက်ရောင်အငွေ့မျှင်အား ထိတွေ့မိသွား၏ ။

အချိန်က ရုတ်ချည်းရပ်တန့်သွားပုံပင် ။ နောက်စက္ကန့်ပိုင်းအတွင်း အနက်ရောင်မြူခိုးများက အထိန်းအကွပ်မဲ့သွားကာ ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး ဝမ်းရှီ၏ခန္ဓာကိုယ်ထဲသို့ လက်ချောင်းထိပ်များမှတစ်ဆင့် စီးဝင်လာတော့သည် ။

၎င်းက ဖော်ပြရန် အလွန်ခဲယဉ်းသည့်ခံစားချက်ပင်.......

လောင်မြိုက်နေသော ဆာလောင်မှုက တဖြည်းဖြည်း ပြေလျော့ကျသွားကာ အခြားထူးဆန်းသည့်ခံစားချက်တစ်ခု ထိုးထွက်လာလေ၏ ။

ဘာကြောင့်ရယ်မသိသော်ငြား ရုတ်တရက် သူအနည်းငယ် ဝမ်းနည်းလာခဲ့သည် ။

ဝမ်းရှီ၏လက်ချောင်းများက အထဲသို့ ကွေးညွှတ်လာခဲ့သော်လည်း သူပြန်ခါထုတ်လိုက်၏ ။

သူမျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး မျက်ခုံးများ တွန့်ချိုးနေလျက် ခေါင်းမော့ကြည့်လိုက်စဉ် ရှဲ့ဝမ်းက သူ့ကို အချိန်တစ်လျှောက်လုံး ငုံ့ကြည့်နေခဲ့ခြင်းဖြစ်ကြောင်း မြင်လိုက်ရသည် ။

"သူဌေး--" လောင်မောင်၏အသံက လျှောက်လမ်းတစ်ဖက်အဆုံးမှ ထွက်ပေါ်လာခဲ့သည် ။ "သူဌေးကို လူတစ်ယောက် လာရှာနေတယ် ! "

ဝမ်းရှီသည် သူအကြည့်များမှ ရုန်းထွက်လိုက်ကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် လမ်းဖယ်ပေးရန် ဘေးသို့ ရွှေ့ပေးလိုက်လေ၏ ။ "မင်းရဲ့ဝန်ထမ်း လှမ်းခေါ်နေပြီ "

"မင်း အဆင်ပြေလား ? " ရှဲ့ဝမ်းသည် လျှောက်လမ်းအဆုံးသို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဝမ်းရှီကို မေးလာသည် ။

"ပြေတယ် " ဝမ်းရှီ ပြန်ဖြေလိုက်သည် ။

ခုနက ဝမ်းနည်းမှုမှာ ခေတ္တခဏသာ ကြာမြင့်ပုံပေါ်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည် ။

သူကိုယ်တိုင်ပင် ဘာ‌တွေဖြစ်ပျက်သွားမှန်း မမှတ်မိသည်အထိ ။ သူ့ခန္ဓာကိုယ်တွင် ခံစားချက်တစ်ခုတည်းသာ ကျန်ရှိကာ သူသည် မတော်တဆ ထုတ်ပြောလိုက်မိသွားလေ၏ ။

သူပြောလိုက်သည်က "ဗိုက်ဝသွားပြီ ။ကျေးဇူး "

ရှဲ့ဝမ်း : "......"

ရှဲ့ဝမ်း : "?"

***

[Zawgyi]

ဗိုက္သြားၿပီက်းဇူး

တကယ္တမ္း ရွီဖ်င္းျပခန္းတြင္ အထပ္ႏွစ္ထပ္ရွိေသာ္လည္း တည္ေဆာက္ပုံမွာ အင္မတန္ထူးဆန္းေလ၏ ။

ပုံမွန္အားျဖင့္ သို႔ႏွယ္ ႏွစ္ထပ္ဆိုင္ခန္းမ်ားတြင္ ပထမထပ္မွာ အမွန္တကယ္ ေဈးေရာင္းသည့္ဆိုင္ျဖစ္ၿပီး ဒုတိယထပ္သည္ေတာ့ လူေနအိမ္ သို႔မဟုတ္ သိုေလွာင္ခန္းျဖစ္သည္ ။ အကယ္၍ အလြန္ ေစ့ေစ့စပ္စပ္ရွိေသာသူျဖစ္ပါက ဧည့္သည္မ်ားအတြက္ ေက်ာ့ရွင္းေသာဧည့္ခန္းတစ္ခန္းအျဖစ္ ေျပာင္းလဲလိုက္မည္ေပ ။

သို႔ေသာ္ ရွီဖ်င္းျပခန္းကမူ ထိုသို႔မဟုတ္ပါေခ် ။

ဒုတိယထပ္ကို.....စားေသာက္ရန္အတြက္ အဓိကထား အသုံးျပဳေလသည္ ။

အဘယ္ေၾကာင့္ 'အဓိက'ဟု သုံးရသည္လဲ ? အေၾကာင္းမွာ ၎သည္ ႐ုကၡေဗဒပန္းဥယ်ာဥ္အေသးစားႏွင့္လည္း တူေနေသးေသာေၾကာင့္ပင္--

အခန္း၏အေနာက္ေျမာက္ဘက္ေထာင့္ရွိ နံရံကိုမွီလ်က္ ေပါက္ေရာက္ေနေသာ သစ္ပင္တစ္ပင္ရွိေန၏ ။ အပင္အမ်ိဳးအစားကို ခြဲျခား၍မရဘဲ ေသ‌ၿပီလား ၊ ရွင္ေနေသးသည္လားကိုလည္း ေျပာနိုင္ရန္ ခက္ခဲလွသည္ ။ အပင္မွာ လုံးဝဥႆုံ အရြက္မ်ားကင္းမဲ့ေနလ်က္ အခန္းမ်က္ႏွာၾကက္ကို ထိသည္ဆို႐ုံေလာက္သာျမင့္မားသည္ ။ ၎၏အကိုင္းအခက္မ်ားမွာ နံရံတစ္ေလၽွာက္ ခြဲျဖာျဖန႔္က်က္ေနလ်က္ ။

သစ္ကိုင္းတစ္ခုမွ တြဲေလာင္းက်ေနေသာ ငွက္ေလွာင္ခ်ိဳင့္အလြတ္တစ္ခုလည္း ရွိေနေသး၏ ။

အပင္၏ေအာက္ေျခတြင္ေတာ့ လူလုပ္ေျမသားတစ္ခုရွိေနၿပီး ‌ေရအိုင္တိမ္တိမ္ထဲတြင္ ကူးခတ္ေနသည့္ လိပ္ကေလးႏွစ္ေကာင္ ရွိေနသည္ ။ ထိုမွတစ္ပါး ေက်ာက္တုံးေက်ာက္ခဲမ်ား ၊ လတ္ဆတ္ေသာ ပန္းပြင့္မ်ားႏွင့္ အပင္မ်ားက ေနရာအႏွံ့ ျပည့္ႏွက္ေနသည့္အျပင္ အသိုက္မ်ားလည္း ရွိေနေလရာ မည္သည့္သတၱဝါမ်ားက ထိုထဲတြင္ေနထိုင္ေၾကာင္း မသိရေခ် ။

သစ္ပင္ပန္းမာန္မ်ားၾကား၌ စားေသာက္ရန္အတြက္ ေလးေထာင့္ပုံစားပြဲတစ္ခုခ်ထားၿပီး ၎မွာအေတာ္ေလး.....လိုက္ေလ်ာညီေထြမရွိ ျဖစ္ေန၏ ။

ေလာင္ေမာင္သည္ စားပြဲေပၚတြင္ ႀကီးမားေသာ ေၾကးနီအိုးႀကီးကို တင္လ်က္ မီးေသြးခဲမ်ား ျဖည့္လိုက္သည္ ။ ခပ္ျပစ္ျပစ္ နို႔ႏွစ္ေရာင္ စြပ္ျပဳတ္ရည္အိုးမွာ စတင္၍ ဆူပြက္ပူေႏြးလာၿပီး ေမႊးႀကိဳင္သည့္အေငြ႕မ်ားမွာ အခန္းတစ္ေလၽွာက္ ပ်ံ႕ႏွံ့လာခဲ့သည္ ။

ပါးလႊာႏူးညံ့သည့္ သိုးသားမ်ားကို အိုးထဲတြင္ စိမ္ႏွစ္လိုက္ၿပီး စြပ္ျပဳတ္ရည္ထဲသို႔ အသားရည္မ်ား စိမ့္ဝင္သြားေစ၏ ။

အနီးအနားရွိ မီးဖိုအေသးစားတြင္ အပူေပးထားေသာ ဝိုင္အရက္ရွိေနလ်က္ ။ ပါဝင္ေသာအရက္ပမာဏကို မသိရေသာ္ျငား အေတာ္ေလး ျပင္းပုံရသည္ ။

မည္သို႔ပင္ျဖစ္ေစ ဝမ္းရွီသည္ တစ္စက္ပင္ မေသာက္ရေသးဘဲ မူးေဝလာသေယာင္ပင္--

မၾကာခင္ ေႏြရာသီေရာက္လာေတာ့မည္ျဖစ္ၿပီး သူသည္ အကၤ်ီလက္တိုျဖင့္ အပူေပးစက္ဖြင့္ထားေသာ အခန္းထဲတြင္ ထိုင္ေနရကာ အာဟာရျပည့္ဝသည့္ ပူပူ‌ေႏြးေႏြးအစားအေသာက္မ်ား အျပည့္ရွိေနေသာ စားပြဲကို မ်က္ႏွာမူထားရသျဖင့္ သူ႔ဝမ္းဗိုက္မွ အသံမ်ားထြက္လာေတာ့သည္ ။

ဒါ ဘာက်ိဳးရွိမွာလဲ ?

သူ႔မ်က္ႏွာအမူအရာက အင္မတန္ တည္တင္းေနေသာေၾကာင့္ ျဖစ္နိုင္၏ ၊ အေၾကာင္းစုံသိေနေသာ ရွေခ်ာင္တစ္ေယာက္ အေတာ္ေလး စိတ္မေကာင္းျဖစ္သြားရသည္ ။

တကယ္တမ္း ရွေခ်ာင္နားလည္ထားသေလာက္ သူအရင္က ေတြ႕ဖူးၾကားဖူးထားခဲ့သမၽွသူမ်ား သို႔မဟုတ္ ရွန္ေခ်ာင္တို႔ကဲ့သို႔ ဖန႔္ကြမ္းမ်ားကလည္း ပုံမွန္အတိုင္း စားေသာက္ၾကေလ၏ ။

ဝမ္းရွီကဲ့သို႔ လူစားသည့္ အစားအစာမ်ားကို မစားေသာ ပုံမွန္မဟုတ္သည့္ ၿဂိဳဟ္သားမွာ ထူးျခားေနေသးဆဲ ။ ဤသည္က ဝမ္းရွီ၏ အမွန္စင္စစ္ ေသလည္းမေသနိုင္ ၊ အသက္လည္းရွင္မေနေသာ အေျခအေနႏွင့္ ဆက္စပ္ေနျခင္းျဖစ္နိုင္သည္ ။

ရွေခ်ာင္သည္ အခ်ိန္အေတာ္ၾကာ ၾကည့္ေနမိၿပီးေနာက္ မတတ္သာေတာ့ဘဲ ေလသံတိုးတိုးျဖင့္ "ဝမ္းေကာ...အဆင္ေျပရဲ့လား? "

"မင္းဘယ္လိုထင္လို႔လဲ ? " ဝမ္းရွီသည္ သူ႔ကိုလွည့္မၾကည့္လာဘဲ တူကို ခပ္တင္းတင္းဆုပ္ကိုင္လိုက္သည္ ။ ႏွစ္စကၠန႔္မၽွအၾကာ၌ သူသည္ ျပန္လည္ဆင္ျခင္သုံးသပ္သည့္အလား မ်က္လုံးမ်ားကို မွိတ္လိုက္ရင္း သူ႔ကိုယ္သူ ‌အရြဲ႕တိုက္သည့္ႏွယ္ ခပ္တိုးတိုး ေျပာလိုက္သည္ ။ "ငါတကယ္႐ူးေနၿပီပဲ "

ရွဲ႕ဝမ္းက သူ႔ကို ထမင္းစားဖို႔ေခၚတုန္းက ဘာလို႔ ဘာမွမစဥ္းစားဘဲ ေခါင္းညိတ္လိုက္တာလဲ ?

ခုေတာ့ကာင္းေရာကိုယ့္စိတ္ကိုယ္ယ္ေလာက္ထိန္းနိုင္လဲဆိုတဲ့အေပၚပဲ မူည္ေနေတာ့ယ္

သူသည္ အသားမ်ားျဖင့္ ျပည့္ေနေသာ ရွေခ်ာင္၏ ပန္းကန္လုံးအား ၾကည့္လိုက္ၿပီး တိုးလ်စြာ ေမးလိုက္သည္ ။ "အရသာရွိလား ? "

"....."

ရွေခ်ာင္ စကားမဆိုဝံ့ပါေပ ။

သူ႔အတြက္ေတာ့ ဤထမင္းတစ္နပ္က အင္မတန္ ေကာင္းမြန္လွသည္ ။ ရွဲ႕ဝမ္း၏ဝန္ထမ္းမ်ား ဘယ္ေနရာမွ ရရွိလာမွန္းမသိရေသာ အသားႏွင့္ ဟင္းသီးဟင္းရြက္မ်ားက ႏူးညံ့လတ္ဆတ္လွၿပီး အရသာအႏွစ္သည္လည္း အင္မတန္ ေမႊးပ်ံ႕ႀကိဳင္သင္းေနလ်က္ ။ ဟင္းခ်က္စြမ္းရည္ႏွင့္ ပက္သတ္လာလၽွင္ အထြန႔္တက္စရာအေၾကာင္း တစ္ခုတစ္ေလမၽွ မရွိပါေခ် ။

ထို႔ျပင္ ယေန႔ အျပင္ဘက္၌ မိုးသည္းထန္စြာ ရြာသြန္းေနသည္ျဖစ္ရာ အပူခ်ိန္သည္လည္း က်ဆင္းေန၏ ။ ရွေခ်ာင္သည္ ခ်မ္းေအးသည္ဟု ခံစားေနရသျဖင့္ ပူပူေႏြးေႏြးတစ္ခုခုကိုသာ စားလိုက္ရပါက ၿပီးျပည့္စုံသြားမည္ပင္ ။ သူသည္ ဝမ္းမ်ိဳးရိုးႏွင့္ သည္ဘိုးေဘးကို စာနာေထာက္ထားေပးရန္ တကယ္ကို မျဖစ္နိုင္ေသာေၾကာင့္ ႏွစ္သိမ့္ေပး႐ုံသာတတ္နိုင္၏ ။

"ဝမ္းေကာ...တစ္လုပ္ ႏွစ္လုပ္ေလာက္ပဲ စားၾကည့္ရင္ေရာ ? " ရွေခ်ာင္သည္ ေလာင္ေမာင္ႏွင့္ အျခားသူမ်ား တဝတျပဲ စားသုံးေနၾကသည္ကို အခြင့္ေကာင္းယူကာ တိုးတိုးတိတ္တိတ္ ေမးလိုက္သည္ ။ "ဘာအစာမွ မရွိတာထက္ ဗိုက္ထဲ တစ္ခုခုခံထားလိုက္တာ ‌ပိုေကာင္းတာေပါ့ ။ ဒီလို ေၾကးနီအိုးေဟာ့ေပါ့ထဲ အသားစိမ္ထားတာကို စားဖူးလား ? ဒါက--"

"စားဖူးတယ္ " ဝမ္းရွီ ၾကားျဖတ္ေျပာလိုက္သည္ ။ "ခဏခဏ စားဖူးတယ္ "

ပုံမွန္လူသားတစ္ေယာက္အတြက္‌ သူေျပာလိုက္ေသာ ဤစာေၾကာင္းသည္ ဘာမၽွမွားယြင္းမေနေပ ။ ဝမ္းရွီသည္ အသက္၂၅ႏွစ္အရြယ္ အမ်ိဳးသားငယ္တစ္ေယာက္ဟုသာ ထင္ရသျဖင့္ သူယခင္က မစားဖူးလၽွင္ ပို၍ပင္ ထူးဆန္းေနလိမ့္မည္ ။

သို႔သည့္တိုင္ ရွဲ႕ဝမ္းက ဝမ္းရွီ ဤကမၻာေလာကတြင္ အသက္ျပန္ရွင္လာသည္မွာ မၾကာေသးခင္ကမွသာ ျဖစ္ေၾကာင္း သိေနသည့္ႏွယ္ သူ႔ကို အံ့ဩတႀကီးလွမ္းၾကည့္လာ၏ ။

"ငါ့ကိုဘာလို႔လာၾကည့္ေနတာလဲ ? " ဝမ္းရွီသတိထားမိခ်ိန္၌ ရွဲ႕ဝမ္း၏မ်က္လုံးထဲရွိ အံ့အားသင့္မႈမွာ ေပ်ာက္ကြယ္သြားႏွင့္ၿပီး ျဖစ္သည္ ။

"ေမးခြန္းေကာင္းပဲ ။ ငါမင္းကို ၾကည့္ေနမွန္းသိဖို႔ဆို မင္းကငါ့ကို အရင္ဆုံးၾကည့္ဖို႔လိုတာေပါ့ " ရွဲ႕ဝမ္းသည္ ခပ္ေႏြးေႏြးဝိုင္ကို တည္တည္ၿငိမ္ၿငိမ္ပင္ ခြက္ထဲသို႔ ငွဲ႕လိုက္ေသာ္လည္း မေသာက္ခဲ့ ။ သူသည္ ဖန္ခြက္ထဲရွိ အေႏြးဓာတ္ကို ခံစားေနသည့္အလား ခြက္ကိုသာ ကိုင္ထားလ်က္ " မင္းဘာလို႔ ငါ့ကိုၾကည့္ေနတာလဲဆိုတာကို အရင္ေျပာျပရင္ေရာ ? "

ဝမ္းရွီ : "....."

စ္မ္း

ရွဲ႕ဝမ္းသည္ ျပဳံးလိုက္ကာ ထိုအေၾကာင္းအရာကို ေက်ာ္ခြလိုက္ၿပီးေနာက္ ေျပာလာ၏ ။ "ဒါကို ဘယ္မွာစားဖူးတာလဲ ? "

ဝမ္းရွီသည္ မူလက သူ႔ကို စကားမေျပာခ်င္ခဲ့ေသာ္လည္း အခ်ိန္အေတာ္အတန္ၾကာၿပီးေနာက္ သူအေျဖေပးမိဆဲပင္ ။ "ေပက်င္းမွာတုန္းက "

ထိုအခ်ိန္တုန္းကေတာ့ ပီကင္းဟု ေခၚၾကသည္ ။

"ဪ" ရွဲ႕ဝမ္းသည္ အေသအခ်ာ ေတြးေတာေနၿပီး တစ္ခဏမၽွအၾကာတြင္ ေခါင္းညိတ္ကာ ဝမ္းရွီ၏ ဗလာက်င္းေနေသာ ေႂကြပန္းကန္ျပားကို ညႊန္ျပလ်က္ "ဒါဆို အခုမႀကိဳက္ေတာ့ဘူးလား ? ဒါမွမဟုတ္ သူတို႔အရသာစပ္ထားတဲ့ ဟင္းရည္က ဆိုးရြားလြန္းလို႔ မင္းမစားနိုင္ေတာ့တာလား ? "

ေလာင္ေမာင္ႏွင့္ အႁမႊာမိန္းကေလးႏွစ္ေယာက္မွာ ခ်က္ခ်င္းေခါင္းေမာ့လာကာ အျပစ္ကင္းစြာ လွမ္းၾကည့္လာၾကသည္ ။

လက္ေအာက္ငယ္သားမ်ားအားလုံးက သူေဌးျဖစ္သူကို ေၾကာက္ရြံ့ၾကသည္မ်ားလား ။ မည္သို႔ပင္ျဖစ္ေစ ထိုသုံးေယာက္မွာ အလြန္ထိတ္လန႔္ေနၾကပုံေပၚသည္ ။

ဝမ္းရွီ အထူးအဆန္းျဖစ္သြား၏ ။ သူသည္ ၿပိဳင္တူဝိုင္းၾကည့္လာသည့္ အၾကည့္မ်ားအၾကား ႏွစ္စကၠန႔္မၽွ တိတ္ဆိတ္ေနၿပီးေနာက္တြင္ တူရွိရာ လက္လွမ္းကာ သိုးသားတစ္ဖတ္ကို လွမ္းယူလိုက္ေတာ့သည္ ။

ေလာင္ေမာင္က သက္ျပင္းခ်လိုက္ျပန္ကာ ဆက္လက္၍ စားေသာက္ေနေတာ့သည္ ။ သူသည္ အစာကို မဝါးဘဲ သည္အတိုင္းအလုတ္ျပည့္ၿမိဳခ်ေနသျဖင့္ ျမင္ရသူအဖို႔ အေတာ္ေလး အရသာရွိပုံေပၚကာ စားခ်င္စဖြယ္ ျဖစ္ေန၏ ။

ရွေခ်ာင္သည္လည္း ခ်က္ခ်င္းပင္ သူ႔ကိုအတုယူကာ အသားဖတ္ႏွစ္ဖတ္ကို လိုက္စားလိုက္ေတာ့သည္ ။

ဝမ္းရွီ.....

ဝမ္းရွီ ႐ူးသြပ္သြားေတာ့မည္ပင္ ။

သို႔ေပသိ သူသည္ မ်က္ႏွာထက္ လုံးလုံးမျပခဲ့ ။ ထိုအစား သူသည္ အေတာ္ေလးေအးစက္ေနပုံေပၚသည္ ။ ဝမ္းရွီသည္ အသားဖတ္တစ္ဖတ္အား အရသာကင္းမဲ့စြာ ၿမိဳခ်လိုက္ၿပီးေနာက္ အာ႐ုံလႊဲရန္ ရွဲ႕ဝမ္းကို ေမးလိုက္၏ ။ "မင္းေရာ ဘာမွမစားပါလား "

"ရတယ္ " ရွဲ႕ဝမ္းက ဆိုသည္ ။ "ငါက နည္းနည္း ပူတဲ့အစာေတြကို ပိုႀကိဳက္တာဆိုေပမဲ့ ဒီလိုမ်ိဳးက် စိတ္မဝင္စားဘူး "

"မင္း‌ကျဖင့္ မႀကိဳက္တာကို သူတို႔က ဒါျပင္ေပးတယ္လား ? " ဝမ္းရွီ၏မ်က္ႏွာအမူအရာမွာ ထူးဆန္းေနလ်က္ ။

"အက်င့္ပါေနတာေနမယ္ " ရွဲ႕ဝမ္းက ေျပာလာသည္ ။

သူသည္ ဝမ္းရွီ၏ေမးခြန္းထုတ္ေနေသာ အမူအရာကိုျမင္ေသာ္ တစ္ခဏမၽွ ေတြးလိုက္ၿပီးေနာက္ ျဖည့္စြက္ေျပာျပလာေတာ့သည္ ။ "ငါအရင္က --"

သူသည္ စကားအသုံးအႏႈန္းကို ျပင္ဆင္လိုသည့္အလား ရပ္တန႔္သြားေလ၏ ။

ဝမ္းရွီ သူ႔ကို လွမ္းၾကည့္လိုက္ခ်ိန္မွသာ ဆက္ေျပာလာခဲ့သည္ ။ "ငါ ကေလးတစ္ေယာက္ကို ေခၚလာခဲ့တာ ။ သူက ဒါကို အရမ္းႀကိဳက္တာေလ "

"သူက အခုဘယ္မွာလဲ ? " ဝမ္းရွီ ေမးလိုက္သည္ ။

"မရွိေတာ့ဘူး " ရွဲ႕ဝမ္း၏အၾကည့္မ်ားက ေမာ့လာခဲ့ဘဲ သူသည္ ခြက္ကိုကိုင္လ်က္သား ။ "အေတာ္ၾကာခဲ့ပါၿပီ "

တစ္စုံတစ္ခုက ထူးဆန္းေနသည္ဟု ဝမ္းရွီခံစားေနရဆဲပင္ ။ အခ်ိန္အေတာ္ၾကာတုန္းက ျဖစ္ပ်က္ခဲ့သည္ဆိုလၽွင္ ယခုအခ်ိန္ထိ အက်င့္ဟု ဘာေၾကာင့္ေခၚ‌ေနေသးသည္လဲ ? ဒီၾကားထဲက အခ်ိန္ေတြမွာ သူတို႔က အသက္ရွင္ေနတာမဟုတ္လို႔လား ?

သူသည္ စကားေျပာမည္အျပဳ ေလာင္ေမာင္က ဟင္းရည္ေယာက္ခ်ိဳဇြန္းကို ယူကာ ေနာက္ထပ္အလၽွံအပယ္ခတ္လိုက္ေလ၏ ။ သူသည္ ၿမိန္ေရယွက္ေရစားသုံးေနေလရာ သူ၏ရွလြတ္ရွလြတ္အသံမ်ားကို လ်စ္လ်ဴရႈရန္ မျဖစ္နိုင္ေတာ့ေခ် ။

ဝမ္းရွီ : "....."

သူ႔အစာအိမ္က အသံတိတ္ တုံ႔ျပန္လာၿပီး ေနာက္ဆုံး‌တြင္ေတာ့ ထိုေနရာတြင္ သူ ၿငိမ္ၿငိမ္ေလး ဆက္မထိုင္နိုင္ေတာ့ ။

"ေဘစင္က ဘယ္မွာလဲ ? " ဝမ္းရွီသည္ မ်က္ႏွာေသျဖင့္ သူ႔စိတ္သူၿငိမ္ေအာင္ ထိန္းလိုက္ကာ တူကိုခ်လ်က္ ေမးလိုက္၏ ။

"ဟိုဘက္မွာ " ရွဲ႕ဝမ္းက အခန္း၏အေရွ႕အရပ္ရွိ စႀကႍလမ္းတိုေလးကို ညႊန္ျပၿပီး ေျပာလာသည္ ။ "ဘာျဖစ္လို႔လဲ ? "

"အခ်ဥ္ရည္ေတြေပသြားလို႔ " ဝမ္းရွီသည္ ျဖစ္သလို ဆင္ေျခတစ္ခုေပးလိုက္ကာ မတ္တပ္ရပ္လိုက္ၿပီး ‌စႀကႍထံသို႔ ေလၽွာက္သြားလိုက္ေတာ့သည္ ။

ေလၽွာက္လမ္းတို၏အဆုံးသတ္တြင္ သီးသန႔္ေဘစင္တစ္ခုရွိေနၿပီး သူသည္ ေဘစင္ကို ကိုင္လ်က္ ကိုယ္ကိုညႊတ္ကိုင္းလိုက္ေတာ့သည္ ။ သူ႔မ်က္ႏွာကို‌ ေရေအးအနည္းငယ္ျဖင့္ သစ္လိုက္ၿပီးေနာက္တြင္ေတာ့ အလြန္အမင္း ဆာေလာင္မြတ္သိပ္ေနေသာ ခံစားခ်က္က အနည္းငယ္ ေျပေလ်ာ့သြားေလ၏ ။

သူကိုယ္ကို မတ္လိုက္သည့္အခ်ိန္မွာပင္ ေဘးဘက္မွ ေလေအးမ်ားတိုက္ခတ္လာသည္ကို ခံစားလိုက္ရသည္ ။ ဝမ္းရွီ လွည့္ၾကည့္လိုက္ေသာ္ ဒုတိယထပ္၏ေလၽွာက္လမ္းမွာ ေနာက္ေဖးတံခါးေပါက္ႏွင့္ ဆက္သြယ္ထားေၾကာင္း ျမင္လိုက္ရ၏ ။ ေနာက္ေဖးတံခါးေပါက္မွာ အနည္းငယ္ ဟလ်က္ရွိေနၿပီး ထိုမွတစ္ဆင့္ ေလမ်ားတိုးဝင္လာကာ မိုးစက္မ်ား၏ စိုထိုင္းမႈႏွင့္အတူ အျခားမတူညီေသာ....ေဖာ္ျပရန္ခက္ခဲသည့္ ထူးဆန္းေသာ ရနံ့တစ္ခုက ေရာယွက္ေနလ်က္ ။

ထိုရနံ့မွာ အလြန္မွိန္ေဖ်ာ့ၿပီး မႏွစ္ၿမိဳ႕ဖြယ္ရနံ့မ်ိဳးမဟုတ္ဘဲ အနည္းငယ္ ရင္းႏွီးကၽြမ္းဝင္ေနခဲ့ၿပီး ။

ဝမ္းရွီသည္ အနည္းငယ္ စိတ္ရႈပ္ေထြးသြားရကာ အနားသို႔ ေလၽွာက္သြားလ်က္ တံခါးကို ဖြင့္လိုက္ေလ၏ ။

တံခါးအျပင္ဘက္တြင္ သံေလွကားတစ္ခုရွိေနၿပီး ေဈးဆိုင္မ်ားျဖင့္ျပည့္ေနေသာ လမ္း၏ ေနာက္ေဖးလမ္းၾကားႏွင့္ ဆက္စပ္ေနခဲ့သည္ ။

ရွီဖ်င္းျပခန္း၏ အေနာက္ဘက္မွာ အလြန္သန႔္ရွင္းေျခာက္ကပ္ေနလ်က္ ျမင့္မားေသာ ၿခံစည္းရိုးနံရံတစ္ခုကို မ်က္ႏွာမူထား‌၏ ။ နံရံအတြင္းဘက္၌ ဝမ့္ခၽြမ္အိမ္ရာ၏ လူလုပ္ေရကန္တစ္ခုႏွင့္ ေသးငယ္ေသာဝါး႐ုံတစ္ခုရွိေနသည္ ။

အျပင္တြင္ မိုးမ်ား သည္းႀကီးမည္းႀကီး ရြာသြန္းေနဆဲျဖစ္ကာ ထိုရနံ့က မိုးေရမ်ားအၾကား ပုန္းေအာင္းေနရင္း ေပၚတလွည့္ ေပ်ာက္တလွည့္ ျဖစ္ေနခဲ့သည္ ။ ဝမ္းရွီသည္ ေလွကားလက္ရန္းကို လက္ျဖင့္ကိုင္လိုက္ကာ အခ်ိန္ခဏမၽွ ရႉရွိုက္ၾကည့္လိုက္ၿပီးေနာက္ သူ နားလည္သေဘာေပါက္သြားေလ၏ --

ဤသည္က ေဟြ႕ကူ၏ရနံ့ပင္ ။

ရွန္ေခ်ာင္အား ေျမမျမဳပ္ခင္ညက နာေရးဂီတပညာရွင္မ်ားကေန ေျပာင္းလဲသြားေသာ ေဟြ႕ကူသုံးေကာင္အနက္ တစ္ေကာင္ကို သတ္ခဲ့ၿပီး ႏွစ္ေကာင္က ထြက္ေျပးလြတ္ေျမာက္သြားခဲ့သည္ ။ သူသည္ ထြက္ေျပးသြားေသာ ေဟြ႕ကူမ်ားကို ေနာက္ေယာင္ခံလိုက္ခဲ့ၿပီး ရလဒ္အေနျဖင့္ ရွီဖ်င္းျပခန္းသို႔ ညႊန္ျပေနခဲ့သည္ေပ ။

တကယ္ေတာ့ သူ ယေန႔ရွီဖ်င္းျပခန္းသို႔ ‌လက္ဦးမႈရယူ၍ ေရာက္လာခဲ့ျခင္းမွာ သည္အေၾကာင္းျပခ်က္ေၾကာင့္ပင္ ။

ဆိုင္ထဲသို႔ ဝင္ေရာက္သည့္အခ်ိန္မွစ၍ သူသည္ အကုန္လုံးကို အေသးစိတ္ စစ္ေဆးၾကည့္ခဲ့ေသာ္လည္း ေဟြ႕ကူ၏ေျခရာလက္ရာမ်ားကို မေတြ႕ခဲ့ရ ။ ဆိုင္၏ေနာက္ေဖးလမ္းၾကားေရာက္မွသာ ထိုအရိပ္အေယာင္ကို ရွာေတြ႕ရလိမ့္မည္ဟုေတာ့ သူ မေမၽွာ္မွန္းထားခဲ့ေခ် ။

ဝမ္းရွီသည္ သူ၏စြမ္းအင္မ်ားကို စုစည္းလိုက္ကာ ခ်ီစြမ္းအင္မ်ားကို သိပ္သည္းေစလိုက္ၿပီး မ်က္လုံးမ်ားကို မွိတ္လိုက္‌သည္ ။ သူ႔မ်က္စိေရွ႕ရွိ ျမင္ကြင္းမွာ ၿငိမ္သက္မွိန္ေဖ်ာ့သြားကာ ေရစီးေၾကာင္းအလား ေသးငယ္ပါးလ်သည့္ လမ္းေၾကာင္းတစ္ခုက နံရံတစ္ေလၽွာက္ တြန႔္လိမ္တက္သြားကာ ဝမ့္ခၽြင္အိမ္ရာထဲသို႔ ေလၽွာဝင္သြားၿပီးေနာက္ ရွာေဖြရန္ မျဖစ္နိုင္ေတာ့သည္အထိ ေမွးမွိန္ေပ်ာက္ကြယ္သြားေတာ့သည္ ။

အဲ့ေတာ့ တကယ္တမ္း ရွဲ႕ဝမ္းနဲ႔ ဘာမွမဆိုင္ဘဲ ဝမ့္ခၽြမ္အိမ္ရာနဲ႔ သက္ဆိုင္ေနတာလား ?

ဝမ္းရွီသည္ စကၠန႔္ပိုင္းအတြင္း မ်က္လုံးမ်ားကို ျပန္ဖြင့္လိုက္ကာ မ်က္ေမွာင္ၾကဳတ္လ်က္ စတင္ေတြးေတာေနမိေတာ့သည္ ။

သူ႔အေနာက္ဘက္ရွိ တံခါးက ကၽြိခနဲ ပြင့္မလာခင္ အခ်ိန္အထိ ။

"ဘာလို႔ အျပင္မွာအ႐ူးလို ရပ္ေနတာလဲ ? " ရွဲ႕ဝမ္း၏ အေမးစကားသံ ထြက္ေပၚလာခဲ့သည္ ။

ဝမ္းရွီ : "....."

ဘာလို႔ သူ႔အစာက အေနာက္ကလိုက္လာတာလဲ ?

"မိုးတိတ္သြားၿပီလားလို႔ ၾကည့္ေနတာ " ဝမ္းရွီသည္ လွည့္လာကာ အထဲသို႔ ျပန္ဝင္လာခဲ့လိုက္သည္ ။

ေလွကားလက္ရန္းမွ သံေခ်းမ်ားက သူ႔လက္ေပၚ ကပ္ပါလာသျဖင့္ ေဆးေၾကာရန္ ေဘစင္ရွိရာသို႔ ေနာက္တစ္ေခါက္ျပန္သြားလိုက္ရသည္ ။

ရွဲ႕ဝမ္းသည္လည္း လက္ေဆးၿပီးကာစ ျဖစ္ဟန္တူသည္ ။ သူသည္ ထမင္းစားပြဲရွိရာသို႔ ျပန္သြားရန္ အလ်င္လိုမေနခဲ့ဘဲ ေနာက္ေဖးတံခါးကိုသာ ပိတ္လိုက္ကာ ဝမ္းရွီကို ေက်ာ္၍ တစ္ရႉးတစ္ရြက္ကို လွမ္းယူလိုက္ေလ၏ ။

ထိုလႈပ္ရွားမႈက ေလျပည္ခပ္ဖြဖြ တိုက္ခတ္သြားေစခဲ့သည္ ။ ေသခ်ာေပါက္ကို ထိုေလထဲတြင္ မည္သည့္အရာမၽွ မပါဝင္ေသာ္လည္း ဝမ္းရွီသည္ အားႀကီးေသာ မေကာင္းဆိုးဝါး မိစၧာစြမ္းအင္မ်ားျဖင့္ ဝိုင္းရံခံလိုက္ရသေယာင္ ခံစားလိုက္ရသည္ ။

သူသည္ လက္ေဆးေနရင္း ေခတၱမၽွ ေတာင့္ခဲသြားကာ ငုံ႔ထားေသာ သူ႔မ်က္လုံးအၾကည့္မ်ားကို ခပ္ဖြဖြ ပိတ္လိုက္ေတာ့သည္ ။

ထမင္းဝိုင္းႏွင့္ယွဥ္လၽွင္ ယခုေနရာက က်ဥ္းေျမာင္းကာ တိတ္ဆိတ္ေန၏ ။ တိတ္ဆိတ္ေနလြန္းေသာေၾကာင့္ ျဖစ္ေကာင္းျဖစ္နိုင္သည္ ။ အႏွီပုံသ႑ာန္ကင္းမဲ့ကာ မျမင္နိုင္ေသာအရာမ်ား၏ တည္ရွိမႈက သိသိသာသာ ထင္ရွားလာခဲ့သည္ ။

ဝမ္းရွီသည္ ေခါင္းေမာ့လိုက္ကာ မွန္ထဲမွတစ္ဆင့္ ရွဲ႕ဝမ္းကို လွမ္းၾကည့္လိုက္၏ ။ တစ္ဖက္လူက အေနာက္ရွိနံရံကိုမွီလ်က္ ဝမ္းရွီကိုေစာင့္ေပးေနသေယာင္ လက္အိတ္မ်ားအား ဂ႐ုတစိုက္ ျပန္လည္ဝတ္ဆင္ေနသည္ကို ျမင္လိုက္ရသည္ ။

"မင္း ကိုယ့္စိတ္ဝိညာဥ္ကိုယ္ ျမင္ဖူးလား ? " ဝမ္းရွီ ႐ုတ္တရက္ ေျပာလိုက္၏ ။

"ဟင္? " ရွဲ႕ဝမ္းသည္ သူ႔လက္အိတ္အစြန္းကို ဆြဲတင္လိုက္ၿပီးေနာက္ မ်က္လုံးပင့္ကာ ေမးလာသည္ ။ "ဘာအဓိပၸာယ္လဲ ? "

ဖန႔္ကြမ္းမ်ား အားလုံးက လူတစ္ေယာက္၏စိတ္ဝိညာဥ္ကို လြယ္လင့္တကူ ျမင္ရသည္ မဟုတ္ေပ ။ ခံစားခ်က္အရ ခံစားသိနိုင္ျခင္းသာ ျဖစ္ဖို႔မ်ားသည္ ။ ဥပမာအားျဖင့္ ရွေခ်ာင္ကိုျမင္ျမင္ခ်င္း သူသည္ အင္မတန္ သန႔္ရွင္းစင္ၾကယ္ေၾကာင္း ခံစားမိျခင္း ၊ သို႔တည္းမဟုတ္ ရွဲ႕ဝမ္းကိုျမင္လၽွင္ သူ၏ဝဋ္ေၾကးအျပစ္မ်ားက မ်ားျပားေလးလံလြန္းသည္ဟု ခံစားရျခင္းမ်ိဳးပင္ ။ စိတ္ဝိညာဥ္၏အေျခအေနက ပို၍ျပင္းထန္ေလေလ ခံစားသိနိုင္ရန္ ပိုမိုလြယ္ကူလာေလျဖစ္သည္ ။

အကယ္၍ စိတ္ဝိညာဥ္ မည္သို႔မည္ပုံရွိသည္ကို အမွန္တကယ္ ျမင္ေတြ႕လိုပါက အားပိုစိုက္ထုတ္ရမည္ျဖစ္ၿပီး အျခားတစ္ဆင့္ခံနည္းလမ္းမ်ား၏ အကူအညီကို အသုံးျပဳရလိမ့္မည္ ။

ဝမ္းရွီကဲ့သို႔ လူမ်ားက အင္မတန္ရွားပါးေလ၏ ။

"ဘာမွမဟုတ္ေတာ့ဘူး " ခဏတာ စိတ္လႈံ႔ေဆာ္မႈအရ ေမးလိုက္ၿပီးေနာက္တြင္ေတာ့ ဝမ္းရွီသည္ အၾကည့္မ်ားကို ျပန္႐ုပ္သိမ္းလိုက္ကာ တစ္ရႉးတစ္ရြက္ကို ဆြဲထုတ္လိုက္သည္ ။ "ဘာမွမေျပာခဲ့ဘူးလို႔ပဲ သေဘာထားလိုက္"ဟု သူေျပာမည္အျပဳ ရွဲ႕ဝမ္းက "ဪ"ဟု ခပ္တိုးတိုး အသံျပဳလာခဲ့သည္ ။

"ငါ့ရဲ့စိတ္ဝိညာဥ္က အျပစ္‌ေႂကြးေတြ ၊ မိစၧာစြမ္းအင္ေတြကို ျမင္ဖူးလားလို႔ ေမးခ်င္တာလား ? ျမင္ဖူးတယ္ေလ "

"ဘာလို႔ ႐ုတ္တရက္ႀကီး ဒီအေၾကာင္း ေမးေနရတာလဲ ? "

သူသည္ ဝမ္းရွီကို မွန္ထဲမွတစ္ဆင့္ ၾကည့္ေနရင္း သူ႔စကားသံမွာ ဩရွေနလ်က္ ေခ်ာင္းဆိုးရာမွ ျဖစ္ေပၚလာေသာ အက္ကြဲကြဲ အေငြ႕အသက္လည္း ပါဝင္ေနခဲ့သည္ ။

သူတို႔၏ ေဘးပတ္ဝန္းက်င္က အင္မတန္ တိုးတိတ္ေနလြန္းေသာေၾကာင့္ ျဖစ္နိုင္၏ ။ ဝမ္းရွီ၏နားထဲတြင္ အႏွီေမးခြန္းက ေဖာ္မျပနိုင္ေသာ ဆြဲငင္ညိဳ႕ယူနိုင္စြမ္း ရွိေနသည္ပင္ ။

သူသည္ ရွဲ႕ဝမ္းကို ေက်ာေပးလ်က္ ေဘစင္ေရွ႕တြင္ ရပ္ေနဆဲျဖစ္ၿပီး တစ္ရႉးစကို လႊင့္ပစ္လိုက္ကာ ခဏမၽွ အၾကည့္မ်ားကို ငုံ႔ထားၿပီးေနာက္ ႐ုတ္တရက္ ေမးလိုက္ေတာ့သည္ ။ "တကယ္လို႔-ငါက မင္းကို နည္းနည္းေလ်ာ့သြားေအာင္ ကူညီေပးနိုင္တယ္လို႔ ေျပာရင္ေရာ ? "

ယခုတစ္ေခါက္တြင္ေတာ့ ရွဲ႕ဝမ္းတစ္ေယာက္ အမွန္တကယ္ အံ့အားသင့္သြားခဲ့သည္ ။

သူသည္ ဝမ္းရွီကို အခ်ိန္အေတာ္ၾကာ ၾကည့္ေနၿပီးေနာက္ "ပုံမွန္လူသားတစ္ေယာက္ရဲ့ ကိုယ္ေပၚက အရာေတြကို ထိရင္ ဘာျဖစ္မလဲ မင္းသိလို႔လား ? "

ျပန႔္က်ဲေနေသာ အနက္ေရာင္အခိုးအေငြ႕ဟူသည္ ေလွာင္အိမ္ျဖစ္တည္သြားေသာ လူမ်ားအတြက္ စိတ္ေပါက္ကြဲထြက္ျခင္းႏွင့္ စိတ္ေအးသက္သာရာရျခင္းမ်ိဳးျဖစ္ေၾကာင္း ဖန႔္ကြမ္းျဖစ္ဖူးသည့္ လူတိုင္း သိၾကေလ၏ ။ ေလွာင္အိမ္ကို ေျဖရွင္းသည့္သူက အင္အားႀကီးေနသေရြ႕ ထိုအခိုးအေငြ႕မ်ားအားလုံးကို ေပ်ာက္ကြယ္သြားေစနိုင္လိမ့္မည္ ။

သို႔တိုင္ အေကာင္းအတိုင္းရွိေနေသာ သာမန္လူသားတစ္ေယာက္၏ ခႏၶာကိုယ္ေပၚတြင္ ကပ္ၿငိေနေသာအရာမ်ားကို ဖယ္ရွားရန္ ထိုမၽွ မလြယ္ကူေပ ။ မည္သူကမွ အရင္က သည္အေၾကာင္းကို သုေတသနျပဳလုပ္ခဲ့ဖူးျခင္းမရွိေခ် ။

ပထမဦးစြာ အျခားလူမ်ားက အစားအေသာက္စား႐ုံျဖင့္ ဗိုက္ျပည့္မည္ျဖစ္ၿပီး သို႔ႏွယ္အရာမ်ိဳးကို စားသုံးနိုင္သည့္အစာအျဖစ္ မသတ္မွတ္ၾကေပ ။

ထိုအခ်က္တစ္ခ်က္တည္းႏွင့္ပင္ ဝမ္းရွီမွတစ္ပါး အျခားလူ ၉၉%ေလာက္ကို စစ္ထုတ္နိုင္ၿပီး ျဖစ္ေလ၏ ။

ဒုတိယအခ်က္အေနျဖင့္ ဝမ္းရွီသည္ ယခင္က ထိုအရာအမ်ားအျပားကို သိုေလွာင္သိမ္းဆည္းထားခဲ့သည္ျဖစ္ရာ မတိုင္ခင္က စားေသာက္ရန္အတြက္ တစ္ခါမၽွ မပူပန္ခဲ့ရေခ် ။

ရလဒ္အေနျဖင့္ သူကိုယ္တိုင္ပင္ မသိေပ ။

ဝမ္းရွီသည္ ရွဲ႕ဝမ္း၏ေမးခြန္းေၾကာင့္ ေၾကာင္အမ္းေနခဲ့ေသာ္လည္း ပိုမိုျပင္းထန္လာေသာ ဆာေလာင္ငတ္မြတ္မႈေၾကာင့္ သူ အေျဖကို မစဥ္းစားနိုင္ေတာ့ ။ က်န္ရွိေနေသးသည့္ တစ္ခုတည္းေသာအရာမွာ မသိမသာလွိုက္တက္လာသည့္ ေဒါသပင္ ။

သူသည္ ေဘးခ်ထားေသာ လက္မွ လက္ဆစ္မ်ားကို ႏွိပ္နယ္ေနလ်က္ အသံတိတ္ေနခဲ့ၿပီး " ဒါဆိုလဲ ေမ့လိုက္ေတာ့ "ဟု ေျပာရန္ႀကံရြယ္လိုက္၏ ။

သို႔္ေသာ္ ရွဲ႕ဝမ္းက ဆိုလာသည္ ။ "ထားပါေတာ့ ။ မင္းလုပ္ၾကည့္ေလ "

ဝမ္းရွီသည္ ေမာ့ၾကည့္လာၿပီး "မင္းတကယ္ေျပာတာလား ? "

ရွဲ႕ဝမ္းသည္ ကိုယ္ကိုမတ္လ်က္ လက္ႏွစ္ဖက္ကို ေဘးသို႔ ျဖန႔္ကားေပးလိုက္ကာ အနည္းငယ္ ကူကယ္ရာမဲ့စြာ ျပဳံးလိုက္ရင္း "ဘယ္လိုလုပ္ရတာလဲ ? ငါ့ကို လုပ္နည္း ရွင္းျပပါအုံး ။ မ်က္လုံးေရာ ပိတ္ထားေပးရမလား ? "

ေနာက္ဆုံးတြင္ေတာ့ ဝမ္းရွီသည္ သူ႔ကို တည့္တည့္မ်က္ႏွာခ်င္းဆိုင္လိုက္ေတာ့သည္ ။ "မလိုဘူး "

"မင္းဘာမွလုပ္စရာမလိုဘူး " ဝမ္းရွီသည္ သူ႔မ်က္လုံးမ်ားကို မွိတ္လိုက္၏ ။ "ငါလုပ္လိုက္မယ္ "

ထိုတဒဂၤတြင္ သူ၏"အျမင္အာ႐ုံ"ထဲသို႔ ရွဲ႕ဝမ္း၏ မေကာင္းဆိုးဝါးဆန္သည့္ စိတ္ဝိညာဥ္ ေပၚေပါက္လာခဲ့ၿပီး အနက္ေရာင္ျမဴခိုးေငြ႕မ်ားက အလိပ္လိုက္ လွိုက္တက္ေနသည္မွာ ေခြပတ္ရစ္ေထြးေနသည့္ စပါးအုံးေႁမြမ်ားအလား ။

သူသည္ အေသအခ်ာကို ၾကမ္းၾကဳတ္ရက္စက္သည့္ စိတ္ဝိညာဥ္အား ၾကည့္ေနခဲ့ျခင္းျဖစ္သည့္တိုင္ ၎က သူ႔အေရွ႕ မေျပာပေလာက္သည့္အကြာအေဝးတြင္ ၿငိမ္သက္စြာ ရပ္ေနလ်က္ ။ နီးကပ္လြန္းသျဖင့္ ဝမ္းရွီကိုယ္တိုင္ပင္ အခိုးအေငြ႕မ်ားအၾကား ရစ္ပတ္ခံထားရသည္ ။

ဝမ္းရွီသည္ မေရမရာျဖင့္ လက္လွမ္းလိုက္ၿပီး သူ၏အနည္းငယ္ထုတ္ခ်င္းေဖာက္ျမင္ေနရေသာ လက္ေခ်ာင္းမ်ားက တစ္ခုေသာ အနက္ေရာင္အေငြ႕မၽွင္အား ထိေတြ႕မိသြား၏ ။

အခ်ိန္က ႐ုတ္ခ်ည္းရပ္တန႔္သြားပုံပင္ ။ ေနာက္စကၠန႔္ပိုင္းအတြင္း အနက္ေရာင္ျမဴခိုးမ်ားက အထိန္းအကြပ္မဲ့သြားကာ ႐ုန္းရင္းဆန္ခတ္ျဖစ္လာၿပီး ဝမ္းရွီ၏ခႏၶာကိုယ္ထဲသို႔ လက္ေခ်ာင္းထိပ္မ်ားမွတစ္ဆင့္ စီးဝင္လာေတာ့သည္ ။

၎က ေဖာ္ျပရန္ အလြန္ခဲယဥ္းသည့္ခံစားခ်က္ပင္.......

ေလာင္ၿမိဳက္ေနေသာ ဆာေလာင္မႈက တျဖည္းျဖည္း ေျပေလ်ာ့က်သြားကာ အျခားထူးဆန္းသည့္ခံစားခ်က္တစ္ခု ထိုးထြက္လာေလ၏ ။

ဘာေၾကာင့္ရယ္မသိေသာ္ျငား ႐ုတ္တရက္ သူအနည္းငယ္ ဝမ္းနည္းလာခဲ့သည္ ။

ဝမ္းရွီ၏လက္ေခ်ာင္းမ်ားက အထဲသို႔ ေကြးညႊတ္လာခဲ့ေသာ္လည္း သူျပန္ခါထုတ္လိုက္၏ ။

သူမ်က္လုံးမ်ားကို ျပန္ဖြင့္လိုက္ၿပီး မ်က္ခုံးမ်ား တြန႔္ခ်ိဳးေနလ်က္ ေခါင္းေမာ့ၾကည့္လိုက္စဥ္ ရွဲ႕ဝမ္းက သူ႔ကို အခ်ိန္တစ္ေလၽွာက္လုံး ငုံ႔ၾကည့္ေနခဲ့ျခင္းျဖစ္ေၾကာင္း ျမင္လိုက္ရသည္ ။

"သူေဌး--" ေလာင္ေမာင္၏အသံက ေလၽွာက္လမ္းတစ္ဖက္အဆုံးမွ ထြက္ေပၚလာခဲ့သည္ ။ "သူေဌးကို လူတစ္ေယာက္ လာရွာေနတယ္ ! "

ဝမ္းရွီသည္ သူအၾကည့္မ်ားမွ ႐ုန္းထြက္လိုက္ကာ ေျခတစ္လွမ္းေနာက္ဆုတ္လိုက္ၿပီးေနာက္ လမ္းဖယ္ေပးရန္ ေဘးသို႔ ေရႊ႕ေပးလိုက္ေလ၏ ။ "မင္းရဲ့ဝန္ထမ္း လွမ္းေခၚေနၿပီ "

"မင္း အဆင္ေျပလား ? " ရွဲ႕ဝမ္းသည္ ေလၽွာက္လမ္းအဆုံးသို႔ တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီးေနာက္ ဝမ္းရွီကို ေမးလာသည္ ။

"ေျပတယ္ " ဝမ္းရွီ ျပန္ေျဖလိုက္သည္ ။

ခုနက ဝမ္းနည္းမႈမွာ ေခတၱခဏသာ ၾကာျမင့္ပုံေပၚၿပီး မ်က္စိတစ္မွိတ္အတြင္း ေပ်ာက္ကြယ္သြားခဲ့သည္ ။

သူကိုယ္တိုင္ပင္ ဘာ‌ေတြျဖစ္ပ်က္သြားမွန္း မမွတ္မိသည္အထိ ။ သူ႔ခႏၶာကိုယ္တြင္ ခံစားခ်က္တစ္ခုတည္းသာ က်န္ရွိကာ သူသည္ မေတာ္တဆ ထုတ္ေျပာလိုက္မိသြားေလ၏ ။

သူေျပာလိုက္သည္က "ဗိုက္ဝသြားၿပီ ။ေက်းဇူး "

ရွဲ႕ဝမ္း : "......"

ရွဲ႕ဝမ္း : "?"

***

Continue Reading

You'll Also Like

290K 39.9K 200
Book-7 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
50.2K 7.6K 28
Name: 落到玫瑰上的星星 (The Star That Fell on the Rose) Author: 藤花琅 Chapters: 24 chapters + 3 Extras...
40.1K 5.6K 21
Type : Web Novel (CN) Language : Chinese Associated Names : 魔尊每天都在逃婚 Author(s) : Nine Treasures 玖宝 Year : 2020 Status in COO : 60 Chapters + 1 Extra...
6K 745 22
ခပ်ကြောင်ကြောင် gong (ယန်ကျင်းဇီ) နဲ့ shou (ဆုမော့ရှိုး) တို့ဟာ အမြဲမြင်မြင်ချင်းချစ်မိကြသတဲ့။ သူတို့ကအတူတကွဝိညာဥ်ကူးပြောင်းကြပြီး တစ်ယောက်ကိုတစ်ယောက...