အချစ်တို့ မြစ်ဖျားခံရာ ( comp...
EmmaRine9820
496K 14.3K 553
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... Еще
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၉) uni & zg
10.6K 364 9
EmmaRine9820
Unicode
မန္တလေး မြို့ 62 လမ်းပေါ်တွင် Range Rover ကားအဖြူလေးက တရွေ့ရွေ့ဖြင့် 54လမ်း30x31
သို့ဦးတည်လျက် ... မနေ့ညက အိမ်သို့မနက်ခင်းလာရန် ဖေဖေမှ ဖုန်းဆက်သဖြင့် သွားနေခြင်းသာဖြစ်သည်။  မနက် ၈နာရီဖြစ်၍ ၆၂ လမ်းမကြီးကတော့ ထုံးစံအတိုင်းရှုက်ယှက်ခက်နေသည်။
ဖေဖေတို့ဆီက အပြန် စိုင်းခက်နှင့်တွေ့ဖို့ချိန်းထားတာမို့ အကုန်လုံးပီးမှ သူhotelသို့သွားရတော့မည်။
တီတီတီ.... ကားဟွန်း တီးလိုက်၍ ခြံစောင့်မှတံခါးလာဖွင့်တော့ ထိုက်လဲ ခြံထဲသို့မောင်းဝင်လိုက်သည်။ ခြံကကျယ်လွန်းသဖြင့် အိမ်ထဲရောက်ရင် အနဲငယ်မျှမောင်းရသေးသည်။ ၃ ထပ်တိုက်ကိုမှ နန်းတော်ကြီးသဖွယ် ခန်းနားလွန်းကာ အိပ်ခန်းတင် ၁၀ ခန်းဖွဲ့ထားခြင်းဖြစ်သည်။
ထိုက်အိမ်ထဲရောက်တော့ ဧည့်ခန်းထဲသို့တန်းလာလိုက်သည်။ တစ်အိမ်လုံးကို ကျွန်းသားတွေနဲ့ဖွဲ့စည်းထားပီး ဧည့်ခန်းထဲတွင်လက်ရာမြှောက်လှသောကျွန်းစားပွဲကြီးနှင့်ကျွန်းသားဆင်ရုပ်ကြီး
နှစ်ရုပ်ကထည်ဝါလွန်းလှ၏ ။ ဦးထွန်းရှိန်သည် အရပ်ထောင်ထောင်မောင်းမောင်း အသက် ၅၀ ဆိုပေမဲ့လဲ ဝမနေဘဲ တောင့်တောင့်တင်းတင်းဖြင့် အသက်ကြီးတာတောင်ကြည့်ကောင်းနေစဲပင်၊  ဆိုဖာပေါ်တွင်ထိုင်လျက် စာဖတ်နေကာ ထိုက် အားမော့ကြည့်လာသည်။
"ဖေဖေ သားရောက်ပါပီ"
" အေးသား လာ မင်းမေမေကတော့မီးဖိုချောင်မှာ မနက်စာပြင်နေတာထင်တယ် လာကွာတစ်ခါတည်းမနက်စာစားလိုက်ရအောင် ငါတို့သားအဖေတွေ လက်စုံမစားရတာကြာပီ"
ဖေဖေက ရှေ့မှဦးအောင်သွားကာ မေမေ့ကို လှမ်းပြောနေသည်။
"သက်ထားရေ မင်း သားတော်မောင်လာပီဟေ့"
ဒေါ်သက်သားဝတီဟာ 45 နှစ်အရွယ်အမျိုးသမီးဖြစ်လျှောက် နုပျိုနုတွေက အတော်မသတ်နိုင် မျက်ခုံးထူထူ နှုတ်ခမ်းဖူးဖူးဖြင့် တကယ်
ကျက်သရေ ရှိတဲ့ အမျိုးသမီးပင်.... ထိုက်လဲ
မေ့မေ့ကိုတူ၍ ခုလိုချောမောနေတာမဟုတ်လား။
"လာမေ့သားလေး သားငယ်လေးအကြိုက်
ငါးထမင်းလေးမေမေကိုယ်တိုင်လုပ်ထားတယ် "
ထိုက်နဲ့ဖေဖေက စားပွဲနေရာဝင်ယူကာ မေမေပြင် ပေးတဲ့ ငါးထမင်းနယ်ကို စားတော့သည်။
"လုပ်ငန်းတွေ အဆင်ပြေရဲ့လားသား မေမေကလွမ်းနေတာ သားက အိမ်ဘက်တောင်လှည့်မလာဘူး"
"အဆင်ပြေပါတယ် မေမေ အရင်ရက်တွေကနဲနဲအလုပ်ရှုပ်နေလို့ပါ ခုအကုန်အပြီးသတ်လိုက်ပီ သား ၁ရက်ခြားတစ်ခါဖြစ်ဖြစ်ပြန်လာမယ်နော်
ဒါနဲ့ဖေဖေ ခုသားကိုခေါ်တာ ကိစ္စရှိလို့လား"
"ဖေဖေ့ မိတ်ဆွေ သမီးနဲ့သားကိုမိတ်ဆက်ပေး
ချင်လို့ အဲတာသားသူ့ဆီသွားရမယ်"
"ရိုးရိုးတန်းတန်း မိတ်ဆက်ချင်တာဆိုရင်တော့ သားသွားလို့ရပါတယ်ဖေဖေ ကျန်တာတွေရောဆိုရင်တော့ သားငြင်းပါရစေ "
"ထိုက်ဘုန်းရှိန် မင်းဘယ်လိုဖြစ်နေတာလဲ အသက် 26 ထဲရောက်တော့မယ် အိမ်ထောင်
တစ်ခုထူထောင်ဖို့ မစဉ်းစားတော့ဘူးလား "
"ကျွန်တော် ဘာလဲဆိုတာ ဖေဖေရောမေမေရောကို ပွင့်ပွင့်လင်းလင်းပြောထားခဲ့တာကြာပီထင်ပါတယ် ဖေဖေတို့ မမေ့လောက်ဖူးထင်ပါရဲ့"
မိခင်ဖြစ်သူ ဒေါ်သက်ထားဝတီကတော့ ဘာမှ
ဝင်မပြောပေမဲ့ မျက်နှာတော့မကောင်း ။ ဦးထွန်းရှိန်ကတော့ ရူးရူးရှဲရှဲဖြင့်ဒေါသရိပ်တော့ဖြစ်လာရသည်။
ဟုတ်ပါတယ် သူ့အခြေအနေကို second year ထဲက ထုတ်ပြောခဲ့ပီးသားပါ ၊ ထိုက်ဘုန်းရှိန်  third year မှာကောင်လေး တစ်ယောက်နဲ့ တွဲခဲ့ဖူးသည်။ သူမိန်းကလေးတွေကို လုံးလုံးမကြိုက်တာမဟုတ် ဆယ်တန်းနှစ်မှာ အခြားခန်းကကောင်မလေးနဲ့သူတွဲခဲ့ဖူးပါသည်။ သို့ပေမဲ့ first year မှာ ယောကျာ်းလေးတစ်ယောက်ကို သူစိတ်ဝင်စားနိုင်တယ်ဆိုတာ စပီးသတိထားလာမိသည့်နောက် အိမ်ကို ဖွင့်ပြောခဲ့ပါသည် သူ့ရဲ့ လိင်စိတ်ခံယူမှုဟာ Bisexual ဖြစ်နေသည့်အကြောင်း..
ဖေဖေက ကြားကြားခြင်း ကျွန်တော့ ထိုးခဲ့ပီး ၁လလောက် စကားမပြောခဲ့ မေမေကတော့ငိုသာငိုသည်။ ကြာလာတာနှင့်အမျှ သူတို့လဲ ဘာမပြောတော့တာ third years မှာ သူကောင်လေး စထားဖြစ်ခဲ့ပေမဲ့ ဖေဖေက ပြင်းပြင်းထန်ထန်တွေ ပြောခဲ့သဖြင့် သူ့ထားခဲ့ခံလိုက်ရသည်။ အဲကထဲက သူရည်းစားမထားဖြစ်ခဲ့တာ ခုချိန်ထိပင် ...
" အေး မင်းက နှစ်မျိုးလုံးကို စိတ်ဝင်စားတယ်ဆိုလဲ ခုငါတွေ့ခိုင်းတာ သွားတွေ့လိုက်လေ "
"သာမာန်ပဲဆို သားသွားတွေ့လိုက်ပါမယ် သားဆန္ဒမပါပဲ ဖေဖေတို့ဘာမှမလုပ်ပါနဲ့လို့ပြောပါရစေ .. တစ်ချိန်ချိန်မှာ ကျွန်တော်ချစ်တဲ့သူကို လက်ထပ်ယူမှာပါ အဲချိန်မှာ ယောကျာ်းလေး ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဖေဖေတို့ လက်ခံပေးဖို့လိုပါတယ်စားလို့လဲပီးပီဆိုတော့ ကျွန်တော်ပြန်လိုက်ပါအုံး မယ် "
မေမေ့ဘက်လှည့်ပီး ပြုံးပြကာ ထွက်လာခဲ့လိုက်တော့သည်။ ဆက်ပြောနေရင်းဒီဇာတ်က အတောသတ်မှာမဟုတ်ပေ။ ....
            *****🌸🌸🌸****
စိုင်းခက် ocean ရှိSeasons Breakyဆိုင်တွင်
ထိုက်အလာကိုမုန့်စားရင်းဖြင့် စောင့်နေလေသည်။ထိုစဉ်ဆိုင်တန်းတွေဘက်ကနေ သူ့ဆီလာနေသော ထိုက်ကို စိုင်းခက်ငေးမိသွားသည်။
ထိုက် ဝတ်ထားတဲ့သူစံက လုံးဝGentleman ဆန်နေကာ ဆွဲဆောင်မှုရှိလှသည် မိန်းကလေးတွေကြွေချင်စရာပင် ဘာလို့ဆိုကောင်မလေးများအကြည့်က ထိုက်ဆီမှာလေ... ကော်လံပါ
လက်ရှည်ကိုမှ style pant ထဲစနစ်တကျထည့်
ဝတ်ထားကာ လက်ကောက်ဝတ်တွင် Omega Watch နာရီကိုပတိထားပြီးလက်ချောင်းသွေးကျောစိမ်းစိမ်းများကတကယ်ကို မိုက်နေတာပင်.... ထိုက်စိုင်းခက်ရှေ့ဝင်ထိုင်သည်ထိငေးကောင်းနေတုန်း...
ထိုက်က ခုံကိုလက်ဖြင့်ပုပ်ကာ ..
" ဟိတ်ကောင် လေး ဘာတွေအဲလောက်ငေးနေတာလဲကိုယ့်ကိုမမြင်ဖူးဘူးလား"
"ဟဲဟဲ ... အကိုပုံစံက မင်းသားကျနေတာဘဲတကယ်မိုက်တယ်"
"အေးပါကွာ မင်းပဲပြောတော့ မြှောက်မပြောလဲ ကိုယ်ဝယ်ကျွေးမှာပါ "
"မုန့်စားချင်လို့ မဟုတ်ပါဘူးနော် တကယ်ပြောတာပါ အမှန်ဆို ကျွန်တော်ကဝယ်ကျွေးရမှာလေ အကိုကကူညီပေးမှာဆိုတော့ အာ... အရေးကြီးဆုံးကိစ္စမေးဖို့ မေ့တော့မလို့"
"ဘာများလဲ စိုင်းခက်ရဲ့ မေးလေ"
"ဟိုလေ မနေ့က ရုတ်တရက်ကြီးဘာမှမစဉ်းပဲ အကူအညီသာတောင်းလိုက်ရတာ ခုမှပြန်တွေးမိလို့ အဲတာ ကျွန်တော်က gay နော် ကျွန့်တော် ကောင်လေးကို သဝန်တိုဖို့ အတွက် အကိုက 
ဟို.. ရည်းစားသဘောမျိုးကူညီပေးရမှာနော်..."
" အဲတာ ကိုယ်သိတယ်လေ မင်းကိုစတွေ့ဖူးတဲ့
နေ့ထဲက ကိုယ်သိထားတယ်..."
"အကိုဘက်ကို မတွေးမိဘဲ ကူညီခိုင်းလိုက်မိလို့ကျွန်တော်အားနာနေတာ အကိုလို လုပ်ငန်းရှင်
တစ်ယောက်အနေနဲ့ အဆင်ပြေပမလား "
ထိုက် စိုင်းခက်ပြောချင်တာကို သိပါတယ် လိင်တူချင်း ချစ်တာ ရှက်စရာမှမဟုတ်တာ။
"ကိုယ့်အကြောင်းလဲ စိုင်းခက်ကို မပြောပြမိလို့ sorry နော် ကိုယ်က bisexual တစ်ယောက်ပါ
အဲတာကြောင့် စိုင်းခက် စိတ်ပူစရာမလိုဘူးနော်"
စိုင်းခက်တကယ်မသိခဲ့တာပါ ၊ ထိုက်ကို အံ့ဩသွားတဲ့ မျက်လုံးဝိုင်းလေးနှင့်သာကြည့်နေမိ
လိုက်သည်။
"အရမ်းအံ့ဩသွားလား"
စိုင်းခက် ပုံမှန်အတိုင်းပြန်နေလိုက်ပီးမှ ထိုက်ကို
ပြန်ပြောလေသည်...။ 
"အင်း နဲနဲပါ အဲလိုဆိုတော့ ကျွန်တော်တို့ကိစ္စ
အတွက် စိတ်အေးပါပီ ကျွန်တော် အကို့ကို
အခွင့်ရေးမယူပါဘူး ဟဲဟဲ အကို့ လက်နဲ့
လက်မောင်းလေးပေးငှါးရုံပါဘဲ ဟီးး... "
"အဟားဟုတ်ပါပီကွာ အဲတော့ မင်းရဲ့ plan ကိုပြော ကိုယ်ကဘယ်နေရာမှာ ပါဝင်သရုပ်ဆောင်ပေးရမှာလဲ"
စိုင်းခက် လုပ်ချင်တဲ့ပုံစံနဲ့အစီအစဉ်တွေကို ရှင်းပြနေသည်။ ထိုက်ကလဲ စိုင်းခက်ပြောသမျှ
ခေါင်းတငြိမ့်ငြိမ့်ဖြင့်သာနားထောင်ပီး အကြံပေးသင့်တာပေးပြီးသူတို့စကားဝိုင်းလေးပီးဆုံးသွားလေသည်။ ထိုက်လဲ hotel သွားရမှာမို့ ပြန်ဖို့လုပ်တော့သည်။ နှစ်ယောက်အတူတူ ကား ပါကင် သို့ အလာ ....
"ဟာအကိုရေ ချိန်းထားတာမှလွဲအုံးမယ် plan ကခုချက်ချင်းကို အကောင်အထည်ဖော်လို့ရနေပီအကိုကျွန်တော့လက်ကို ကိုင်လိုက်တော့"
"ဟင်ဘာလို့လဲ စိုင်းခက် "
"ဟာအကိုကလဲ ကိုင်ပါဆိုမကိုင်ဘူး "
ငေါက်ဆတ်ဆတ် ပြောပီး သူကပဲ ထိုက်လက်ကို ဆွဲယူပီး လက်ချောင်းများကိုခပ်တင်းတင်းဆုပ် ကိုင်လိုက်သည်။
ရုတ်တရက်ဆန်သော စိုင်းခက်အပြုအမူကြောင့် ထိုက်ရင်ထဲ ဘာမှန်းမသိသောခံစားချက်များ
ဝင်ရောက်လာကာ ... လက်များအေးခဲသွားသလိုခံစားလိုက်ရ၏ ...
*ငါရည်းစားမထားတာ ကြာသွားလို့နေမှာ*
ထိုက်အတွေးများနေရင်း စိုင်းခက် ဘက်လွတ်လိုက်မှ ဟာတာတာကြီးဖြစ်သွားကာ သတိပြန်ကပ်တော့သည်။
" ခုနက ကျွန်တော့တို့ နဲ့ မျက်နှာချင်းဆိုင်လာနေတဲ့တစ်ယောက်လေ အကိုမြင်တယ်မို့လား ၊ သူက ဟိန်းရဲ့ အချစ်ဆုံးသူငယ်ချင်း မင်းသုတ၊
ကျွန်တော်တို့ လက်တွဲထားတာကို သေချာစိုက် ကြည့်နေတာ သေချာပေါက် ဟိန်းကိုပြန်ပြောလိမ့်မယ် ၊ ဟဲဟဲ ဘာမှမလုပ်ရသေးပဲတိုက်ဆိုင်တာနဲ့တင် ပထမအဆင့်အောင်မြင်သွားပီ"
"အော်... အင်းအင်းကောင်းတာပေါ့"
ထိုက်ပုံစံက မူမမှန် ။ ပြန်ပြောတာကဘဲ ယောင်နနဖြင့်
"အကို ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"
ပြောရင်း ထိုက်နဖူးပေါ် လက်လှမ်းတင်၍ စမ်းလိုက်တော့ ... ထိုက်လန့်သွားကာ နောက်ဆုတ်
လိုက်ပီး
"အဟမ်း ကိုယ် နေ...နေကောင်းပါတယ် ကိစ္စလဲပီးပီဆိုတော့ ကိုယ်သွားတော့မယ်"
ခပ်သွက်သွက်သာ လှည့်ထွက်လာခဲ့လိုက်တော့၏
စိုင်းခက်လဲ ကြောင်တောင်တောင်နဲ့ကျန်ခဲ့ပီး လက်ဖြင့်ခေါင်းကိုပွတ်လိုက်ကာ
"ခုနကထိအကောင်းကြီးပါ ဘာထဖြစ်တာပါလိမ့် ကဲထားပါလေ ပထမအဆင့်တော့ အိုကေသွားပီ"
ပြုံးရွှင်ရွှင်ဖြင့် ကားပေါ်တက်ကာ အိမ်ပြန်ခဲ့
လိုက်တော့သည် ။
                  ****🌸🌸🌸****
Zawgyi
မန္တလေး မြို့ 62 လမ်းပေါ်တွင် Range Rover ကားအဖြူလေးက တရွေ့ရွေ့ဖြင့် 54လမ်3း0x31
"ဖေဖေ သားရောက်ပါပီ"
            *****🌸🌸🌸****
နေ့ထဲက ကိုယ်သိထားတယ်..."
လိုက်သည်။
"အရမ်းအံ့ဩသွားလား"
ပြန်ပြောလေသည်...။ 
လိုက်ပီး
လိုက်တော့သည် ။
                  ****🌸🌸🌸****
Продолжить чтение
Вам также понравится
3.2M 261K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
U { ဦး } Lwan May
Любовные романы
22.1K 1K 15
အသက်​ကွာခြားပေမဲ့ အချစ်​တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်​ကန်​ကန်​ကောင်​လေးတျောက်​က လူတျောက်​ကြောင့်​ ပြောင်းလဲလာခဲ့ပီ...
1.8M 116K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
4.2K 436 15
Christmas story🎄[OFFGUN] ကိုယ်တို့ရဲ့ခန္ဓာကိုယ်က အနီးကပ်ဆုံးနေရာတစ်ခုထိ ရောက်ရှိသွားတဲ့အခါ ခြေကိုစုံရပ်ကြမယ် ဒါမှမဟုတ် ........ မင်းရဲ့ဖိနပ်တွေနဲ့ ကိ...