အပိုင်း(၅၅.၂)
စိတ်ထဲတွင် အလွန်ကြောက်လန့်သွားသော နင်မု့န်က အော်ဟစ်လိုက်မိပြီး အကြည့်ကိုလွဲလိုက်ကာ အနာဂတ်တွင် ရှီချီကို ဘာမှမမေးရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေ သိပ်မကြာခင်ကမှ ရထားသောကတိက ကျိုးပဲ့သွားပြီဖြစ်သည်။
သူမ၏အနားတွင် ရှိနေသော ချုံခယ့်ခယ့်ကမူ ထူးဆန်းသော အမူအရာ ဖြစ်နေသည်။
သူမက နင်မုန့်ကို ဆွဲပြီး ခပ်တိုးတိုးပြောသည်။
"သူ့စကားကို နားမထောင်နဲ့ ဒါက ဒီအတိုင်း ခွေးသွေးတွေပဲ သူ အခြားလူတွေကို ယူလာဖို့ ညွှန်ကြားနေတာကို ငါ ကြားလိုက်တယ်"
ထိုစကားကို ကြားမှ နင်မုန့်က ရှီးချီကို ခပ်စူးစူး စိုက်ကြည့်လိုက်သည်။
ရှီချီက သူမ၏အကြည့်ကို သတိထားမိဟန်ဖြင့် အမှားကိုလည်း ဝန်မခံသလို ပြုံးပြလာပြီး ငြင်းလည်းမငြင်းဘဲ..
"ဒါက အမှန်လို့လည်း ငါ မပြောခဲ့ပါဘူး"
နင်မုန့်က ခေါင်းကို လှည့်လိုက်ပြီး သူ့ကို မကြည့်တော့ချေ။
ပြောရလျှင် ခွေးသွေးက ဖုတ်ကောင်များကို ရင်ဆိုင်ရာတွင် အသုံးဝင်သည်။ ပြောရလျှင် ထိုဖုတ်ကောင်က သာမန်ဖုတ်ကောင် ဖြစ်နေရန်သာလျှင် လိုအပ်သည်။ ထိုဖုတ်ကောင်ကသာ ထူးခြားသော စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလျှင် အနည်းငယ်လောက်သာ သက်ရောက်မှု ရှိတော့ပေမည်။ ထို့အတွက်ကြောင့် ကားထဲတွင် ယူလာသော အခြားပစ္စည်းများစွာ ရှိနေခြင်း ဖြစ်သည်။
ထိုကဲ့သို့သော ဆိုးယုတ်သော ဝိညာဉ်များနှင့် အရာများကို ကိုင်တွယ်သောအခါ လက်နက်များလိုအပ်မည်ဟု လူအများက အမြဲတစေ တွေးကြသည်။ ရှီချီက အင်အားကြီးမားသော်လည်း သူကလည်း အလားတူ တွေးတောသည်။
နင်မုန့်က ရှီချီဟာ ရှီမိသားစုကို အပြည့်အဝ အုပ်ချုပ်ခဲ့ချိန်တွင် အသက်၂၂နှစ်သာလျှင် ရှိသေးကြောင်းကို သတိရလိုက်သည်။ သူက တစ္ဆေစစ်တပ်ကို အမိန့်ပေးနိုင်သည့် အချိန်မှသာ သူ၏ပုံရိပ်အစစ်အမှန်က စတင်သည်ဟု ဆို၍ရသည်။
အခု ကြည့်ပါအုံး အဲဒီအချိန်နဲ့ အဝေးကြီး လိုသေးတယ်။
ရှီချီက သူမကို ထိုနေရာက မည်သည့်နေရာဖြစ်ကြောင်း ပြောပြပြီး ကားထဲသို့ ဝင်ခိုင်းသည်။
မိန်းကလေးနှစ်ယောက်က ကားအတွင်းသို့ ဝင်ပြီး သိပ်မကြာခင်မှာပင် တစ်ယောက်ကိုတစ်ယောက် မှီပြီး အိပ်မောကျသွားသည်။ ကံကောင်းစွာဖြင့် ဒရိုင်ဘာက လမ်းတွင် ကားကို ငြိမ်အောင် မောင်းနိုင်ခဲ့သည့်အတွက် နှစ်ယောက်သား ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နားကြသည်။ နေရာသို့ ရောက်သွားပြီးနောက် နောက်တစ်နေ့ နေ့လည်ခင်းပင် ဖြစ်နေပေပြီ။
ဒီခရီး၏အလယ်တွင် ရှီချီက အနားယူသည်။ ထို့နောက် စားသောက်ပြီးသည်နှင့် ပန်းချီကားချပ်က စတင်ကာ မပြောင်းလဲသွားကြောင်းကို မြင်လိုက်ရပြန်သည်။ သို့ရာတွင် ပန်းချီကားထဲရှိ လုရှီ၏ပုံရိပ်ကမူ ပျောက်ကွယ်သွားသည်။
အဲဒီကားက အစွန်းများကပ်ထားသည့် မည်သည့်ခြစ်ရာမျှကိုပင် ရှာမတွေ့နိုင်သလို သွေးစွန်းရာများလည်း မရှိဘဲ သာမန်အတိုင်း ပြန်ဖြစ်သွားသည်။ ထိုအခြေအနေကပင် တစ်မူထူးခြားနေခြင်း ဖြစ်သည်။
အဆုံးတွင် ညအချိန်က ကျရောက်လာသောအခါ အားလုံးက မြို့ငယ်လေးသို့ ရောက်သွားကြသည်။
ဒရိုင်ဘာက ဝင်ပေါက်တွင် ကားကို ရပ်ပြီး ပြတင်းပေါက်ကို ချကာ ဦးတည်ရာနေရာ မေးသည်။ မူလက သူတို့ထိုနေရာသို့ ရောက်သောအချိန် ကောင်းကင်က မှောင်မဲစပြုနေပြီဖြစ်သည်။ သို့သော် အိမ်အသီးသီး၏ အပြင်ဘက်တွင် ရှိနေကြပြီး လမ်းလျှောက်နေကြသော လူများနေသောကြောင့် ထိုသို့မေးမြန်းရန် အခွင့်အရေးကောင်း ဖြစ်သွားသည်။
သူတို့က တောအုပ်သို့ သွားလိုကြောင်းကို ထိုလူများက ကြားသောအခါ သူတို့၏အမူအရာများက မကောင်းကြချေ။ ပြောရလျှင် သူတို့က ဒရိုင်ဘာ၏မေးခွန်းကို မဖြေချင်ကြချေ။ သိပ်မကြာခင် အချိန်တွင် လူအုပ်က ချဲသွားပြီး ကိုယ့်အိမ်ကိုယ် ပြန်သွားကြသည်။ နင်မုန့်က မေးသည်။
"ဘာလို့ ငါတို့ ကိုယ်ဖာသာကိုယ် မရှာရမှာလဲ"
ချုံခယ့်ခယ့်ကလည်း ဖြေသည်။
"ဒီနေရာက သေချာပေါက် တစ်ခုခု မှားနေတာ ဖြစ်ရမယ် သူတို့အားလုံးက အဲဒီနေရာကို သွားရင် သူတို့ သေတော့မယ်လို့တောင် ခံစားရတဲ့ အကြည့်မျိုးနဲ့ ကြည့်နေကြတယ်။ အထဲမှာ ဘာတွေရှိလဲ ဘယ်သူ သိနိုင်မှာလဲ"
နင်မုန့်က တစ်စုံတစ်ရာကို ပြောတော့မည့်အချိန်တွင် သူတို့ထံ ချဉ်းကပ်လာသော သက်လတ်ပိုင်း လူတစ်ယောက်က ကြောက်လန့်တကြားဖြင့် လေးလံသော ဒေသိယအသံမျိုးဖြင့် မေးလာသည်။ သူက အသံကို တိုးချပြီး မေးခြင်းဖြစ်သည်။
"မင်းတို့က အဲဒီကို သွားပြီး ဘာလုပ်ကြမလို့လဲ။ အဲဒီနေရာက မလုံခြုံဘူး သစ်ပင်တွေအားလုံးက သေတော့မှာ။ မင်းတို့ အဲဒီအချိန် ညနက်ပိုင်းသွားရင် ကလေးငယ်တစ်ယောက်ရဲ့ ငိုသံကိုတောင် ကြားရလိမ့်မယ်"
ဒီမြို့တွင် စခန်းချရခြင်းကို နှစ်သက်သော လူများရှိနေသဖြင့် ညအချိန်တွင် မိုဘိုင်းဖုန်းလိုင်းနှင့် ပတ်သက်သော အခြေအနေများကိုလည်း အတွေ့အကြုံ ရှိကြသည်။ လူတစ်ယောက်က အကူအညီတောင်းရန် တစ်စုံတစ်ယောက်ကို သွားရှာသောအခါ အထဲမှာ ကလေးအော်ငိုသံကို ကြားလိုက်ရသည်။ ထို့ကြောင့် သူတို့အားလုံး ထိတ်လန့်ခဲ့ကြရသည်။ ဒရိုင်ဘာက သူ၏မေးခွန်းကို ပြန်ဖြေသော်လည်း တောအုပ်၏နေရာကို သေချာမှတ်သားထားလိုက်သည်။ ကားက ထွက်တော့မည့် အချိန်တွင် သက်လတ်ပိုင်းလူက သူတို့ကို ဆွဲဆောင်ချင်နေသေးသည်။ ရှီချီက ပြောသည်။
"သွားကြစို့.."
ဒရိုင်ဘာက တခြားတစ်ဖက်သို့ ကွေ့ပြီးပြောသည်။
"သခင်ကလည်း လမ်းမှာပါ"
ရှီရှန်းကျင်းက ဒီကိစ္စအကြောင်းကို ကြားပြီးနောက် လာရောက်ရန် ဆုံးဖြတ်ခဲ့သည်။ ဖုတ်ကောင်များ မွေးမြူခြင်းကဲ့သို့သော လေးနက်သည့်ကိစ္စမျိုးက ရှီချီကဲ့သို့ ယခုမှ သူ၏လက်အောက်မှ လူတစ်ယောက် ကိုင်တွယ်နိုင်သော အခြေအနေမျိး မဟုတ်ချေ။ အထူးတလည် အခြေအနေမျိုးတွင် သူက ကူညီပေးရန် လိုအပ်သည်။ သို့ရာတွင် သူတို့နှင့် အလွန်ဝေးကွာနေသောကြောင့် အချိန်တစ်ခုတော့ လိုအပ်ပေလိမ့်မည်။
ရှီချီက တစ်နေရာသို့ ကြည့်လိုက်သည်။
"ကျွန်တော် နားလည်ပြီ။ အဲဒီနေရာကိုပဲ အရင်သွားကြရအောင်"
ဒရိုင်ဘာက ဆက်မပြောတော့ဘဲ သက်လတ်ပိုင်းလူက ညွှန်ပေးလိုက်သော နေရာသို့ ခပ်မြန်မြန် ဦးတည်သည်။ ထိုနည်းအားဖြင့် လူနေထူထပ်သော နေရာမှ ကွဲထွက်လာသည်။ သို့ရာတွင် နာရီဝက်ခန့်နှင့်တင် တောအုပ်က သူတို့ရှေ့တွင် ပေါ်လာသည်။
ချုံခယ့်ခယ့်က ဖုန်းထဲမှ ဓာတ်ပုံကို ဖွင့်လိုက်ပြီးနောက် ပြတင်းပေါက်ကို ချကာ အပြင်ဘက် ရှုခင်းကို ကြည့်သည်။ ထို့နောက် ကျေနပ်အားရသော လေသံဖြင့် အတည်ပြုပေးလိုက်သည်။
"တကယ့်ကို ဒီနေရာပဲ တစ်ထေရာတည်း တူတယ်"
နင်မုန့်က အနားကပ်ပြီး တစ်ချက် ကြည့်လိုက်ပြီးနောက် ကွာခြားမှုမရှိကြောင်း သိလိုက်ရသည်။
ထိုနေရာကို ဆီဆေးရေးပန်းချီအဖြစ် ဆွဲထားသည့်အတိုင်း ထင်ရသည်။ အသေးငယ်ဆုံး အသေးစိတ်အချက်များကပင် အနုပညာလက်ရာမြောက်သော ပုံမျိုးအဖြစ် ပါလာသည်။ ဒီပန်းချီကားချပ်ကိုသာ ကြွားမည်ဆိုလျှင် သံသယမဝင်စရာ မလိုလောက်အောင် ဒီပန်းချီ၏ရေးဆွဲသူက ဈေးကွက်ထဲမှ ပန်းချီဆရာများစွာထက် ကျွမ်းကျင်ကြောင်းကို သိသွားကြမည် ဖြစ်သည်။
ရှီချီကလည်း ခေါင်းကို နောက်ဆုံးတွင် မော့လိုက်ပြီး အသိအမှတ်ပြုကြောင်း 'အင်း'အသံပြုသည်။ ကားက တောအုပ်၏အပြင်ဘက်နားတွင် ရပ်လိုက်သည်။ ထိုအချိန်တွင် အနက်ရောင်ဝတ်စုံဖြင့် လူအများက စုရုံးရောက်ရှိလာပြီး လူတစ်ယောက်ကို ရှာရန် အမိန့်ပေးခံရသည်။ နင်မုန့်နှင့် ချုံခယ့်ခယ့်တို့က မူလက ကားမှ ဆင်းချင်သော်လည်း သူတို့ကို အနောက်သို့ ပြန်ဆုတ်ခိုင်းကြသည်။
ရှီမိသားစုတွင် လူအင်အား များစွာ ရှိသည့်အတွက် အချိန်တစ်ခု ကြာပြီးသည်နှင့် သူတို့က လျင်မြန်စွာဖြင့် လုရှီကို ရှာတွေ့သွားကြသည်။ လုရှီက သတိမေ့နေသည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုန်မှုန့်အညစ်အကြေးများက ဖုံးလွှမ်းနေပြီး ကြောက်စရာကောင်းသော သွေးအစင်းရာများကိုလည်း မြင်ရသည်။ သူမ၏လည်ပင်းတွင်လည်း အညိုအမဲ ဆွဲနေသော ခရမ်းရောင်အစင်းရာများကို မြင်ရသည်။
ချုံခယ့်ခယ့်နှင့် နင်မုန့်တို့က အပြေးလာကြပြီး သူမကို စစ်ဆေးကြည့်လိုက်ပြီးနောက် အသက်ရှုနေသေးကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားကြသည်။
ကားပေါ်တွင် မိနစ်အနည်းငယ် စောင့်ဆိုင်းပြီးနောက် လုရှီက စတင်ကာ သတိရလာသည်။ မျက်ခွံများကို မတင်ပြီးနောက် လုရှီက စတင်အော်တော့သည်။ ချုံခယ့်ခယ့်က ပါးစပ်ကို ပိတ်လိုက်ပြီးနောက် တားသည်။
"ငါပါ ခယ့်ခယ့်.. လုရှီ နင်အဆင်ပြေရဲ့လား"
လုရှီက မျက်လုံးဖွင့်ပြီးနောက် ပုံရိပ်တွေကို ထိတ်လန့်တကြား ကြည့်သည်။ သို့ရာတွင် သူမက ကြောက်လန့်မှုကို မလျော့ချရဲသေးချေ။ သို့သော် သူမနှင့် သိသောသူတစ်ယောက်ကို မြင်လိုက်ရသည့်အတွက် အတန်ငယ် စိတ်အေးသွားသည်။ သူမ၏အသံကလည်း အားနည်းစွာဖြင့် ထွက်လာသည်။
"ခယ့်ခယ်.."
သူမ၏အသံက နောက်ဆုံးတွင် ကောင်းကောင်း ထွက်လာပြီးနောက် လုရှီက အဖြစ်အပျက်အားလုံးကို ဇာတ်ကြောင်းပြန် ပြောပြရင်း သူမ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုက အထင်းသားဖြစ်နေသည်။
"လုလုနဲ့ငါ ကားထဲက ထွက်ပြီးတော့ သူမနဲ့ငါ တစ်ခါတလေ စကားပြောတာကလွဲလို့ ငါ ဖုန်းကိုပဲ အာရုံစိုက်နေခဲ့တာ ဒီလိုနဲ့ ငါ နောက်ကောက်ကျကျန်ခဲ့တာပဲ။ အဲဒီနောက်မှာ ရုတ်တရက် မူးဝေစေအောင် တစ်စုံတစ်ယောက်က လုပ်လိုက်သလိုမျိုး ဖြစ်လာလို့ တစ်ယောက်ယောက်က ငါ့ကို ဆေးခတ်မှာကို ငါ ကြောက်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီလိုတော့ ငါမထင်ဘူး"
ပြင်းထန်သည့်အားအင်တစ်ရပ်က သူမကို အိပ်ပျော်သွားအောင် လုပ်လိုက်သလိုမျိုး ဖြစ်သွားပြီး နိုးထလာသည့်အချိန်တွင် သူမဟာ လမ်းပေါ်တွင် မရှိတော့ဘဲ မရင်းနှီးသော တောထဲ ရောက်နေကြောင်း သိလိုက်ရသည်။ သူမ၏အနောက်မှ တောက သားရဲတစ်ကောင်လိုမျိုး သူမအပေါ် ခုန်အုပ်တော့မလို သူမကို ကြည့်နေပြီး ပါးစပ်အဟသား ဖွင့်ထားသလိုမျိုး ထင်ရသည်။
ကြောက်လန့်မှုက ထိုမျှနှင့်မရပ်ချေ။ ရုတ်တရက် သူမအနားတွင် လူတစ်ယောက်က ပေါ်လာပြီး လည်ပင်းကို ညစ်ကာ တောအုပ်ထဲသို့ တရွတ်တိုက် ဆွဲခေါ်သွားခြင်း ဖြစ်သည်။ ထိုအချိန်က သူမ အလွန်ထိတ်လန့်ပြီး ကြောက်လန့်ခဲ့ရသည်။ အဆုံးတွင် အခြေအနေက မည်သို့ဖြစ်ပျက်သွားကြောင်း သူမသည်လည်း မရှင်းလင်းတော့ချေ။ သူမသည်လည်း ပျောက်ကွယ်သွားပြီး သူမက တောအုပ်ထဲသို့ ဆက်လက်ဝင်သွားနေရသည်။ သို့ရာတွင် သူ့ဘက်က လမ်းလျှောက်နေသည်ဟု မထင်ချေ။ သို့သော် လမ်းမှားသွားပြီး သူမက မြေပြန့်တစ်နေရာပေါ်သို့ လဲကျသွားကာ သတိမေ့သွားခြင်းဖြစ်သည်။ ထိုသို့ဖြစ်ပြီး သိပ်မကြာခင်အချိန်မှာပင် ရှီမိသားစုမှ လူများက သူမကို ရှာတွေ့သွားခြင်း ဖြစ်လောက်သည်။
အကြောင်းအရာများအားလုံးကို နားထောင်ပြီးနောက် ချုံခယ့်ခယ့်၏ဒေါသက ပြင်းထန်စွာ ထွက်လာသည်။
"သေချာပေါက် ဒီကိစ္စအားလုံးရဲ့ နောက်ကွယ်မှာ လူတစ်ယောက်က ကြိုးကိုင်နေတာ ဖြစ်ရမယ်။ သူက လုရှီကို ဖမ်းခေါ်သွားပြီး အလောင်းကောင်အဖြစ် သန့်စင်ချင်တာ ဖြစ်လောက်တယ်"
မဟုတ်လျှင် ယခုလို ပြန်ပေးဆွဲခြင်းအတွက် အခြားအကြောင်းပြချက်လည်း မရှိတော့ချေ။ လုရှီက ရေသောက်ပြီးနောက် ဘီစကွတ် အနည်းငယ်စားပြီးမှသာ ကားနောက်ခုံတွင် ပြန်၍ အိပ်မောကျသွားသည်။ အရပ်ရှည်ရှည် လူတစ်ယောက်ကလည်း ကားတံခါးကို လာခေါက်သည်။ ထို့နောက် အလွန်တိုးသောအသံဖြင့် ပြောလာသည်။
"သခင်လေးချီ.. တောအုပ်ရဲ့အနက်ပိုင်းက ဆက်လက်ပြီး ရှာဖွေဖို့ သိပ်အန္တရာယ်များပါတယ်"
ရှီချီက ခေါင်းညိတ်လိုက်သည်။ သူက အပိုစကားဆက်မပြောတော့ချေ။ သို့သော် အချိန်တစ်ခု ကြာပြီးနောက် သူက အထဲမှ ထွက်လာသည်။ နင်မုန့်ကလည်း တောအုပ်သို့ သွားချင်နေကြောင်း သိလိုက်သဖြင့် ထိုနေရာတွင် အလောင်းသန့်စင်သော နေရာရှိမရှိ ဆုံးဖြတ်ရန် လိုအပ်နေကြောင်း သိလိုက်သည်။ သူက သူ့ကိုယ်သူ အန္တရာယ်ထဲသို့ တိုးဝင်ချင်နေသည်။ သူမက လိုက်သွားနိုင်သည့်တိုင် အကူအညီဖြစ်မည် မဟုတ်ပေ။ စနစ်က သူမကို သတိပေးစကားပြောသည်။
"မင်းရဲ့အခြေအနေနဲ့ မင်းဝင်သွားလို့ မရနိုင်ဘူး။ အဲဒီနေရာက အရမ်းကို ယင်စွမ်းအင်သိပ်သည်းတယ်။ အဲဒီယင်စွမ်းအင်တွေကသာ မင်းရဲ့ခန္ဓာကိုယ်ထဲ ထပ်ဝင်သွားမယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်က ကွဲအက်သွားလိမ့်မယ်"
နင်မုန့်ကလည်း ထိုကိစ္စတွင် မပါဝင်ခြင်းက အကောင်းဆုံးဖြစ်မှန်း သိသည်။ စနစ်၏ သတိပေးစကားကို နားထောင်ပြီးနောက် သူမက ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။
"ငါ မသွားဘူး။ ငါ သွားမယ် ဆိုရင်တောင်မှ ငါလည်း မကူညီနိုင်ဘူး"
ထို့နောက် သူမက အိတ်ထဲမှ ဓားကျိုးကို ထုတ်ပြီး ရှီချီကို ပေးသည်။
"ဒါကို သုံးပါ"
ရှီချီက လက်မခံဘဲ သူမကို ပြန်ပေးသည်။
"မင်းရဲ့လုံခြုံရေးအတွက်ပဲ သတိထားပါ"
ထို့နောက် သူက တောအုပ်ထဲသို့ လူနှစ်ယောက်ခြံရံလျက် ဝင်ရောက်သွားသည်။
ချုံခယ့်ခယ့်က ဘေးဘက်မှ နားထောင်နေခြင်း ဖြစ်လေရာ ရှီချီက လူနှစ်ယောက်နှင့်အတူ ပျောက်သွားသည်အထိ စောင့်ပြီးမှ မေးလာသည်။
"နင်တို့ နှစ်ယောက်.."
နင်မုန့်က လှည့်ကြည့်ကာ မေးသည်။
"ဘာလဲ"
ချုံခယ့်ခယ့်၏ခေါင်းက ယမ်းခါသွားသလိုမျိုး ခံစားလိုက်ရသည်။ သူမက ပြောသည်။
"ဘာလို့ ငါ့ကို လူရမ်းကားလို ပြောနေတာလဲ နင် နည်းနည်းလေးမှ ချစ်စရာမကောင်းတော့ဘူး"
သူမက ရှီချီနှင့်ဆိုလျှင် ချစ်စရာကောင်းသော စကားများကို ပြုံးပြီး သူမ၏ ဖြူဖျော့နူးညံ့ကာ ချစ်ဖို့ကောင်းသော မျက်နှာလေးတွင်လည်း ချီးကျူးသယောင် အမူအရာများက အမြဲတစေ ရှိတတ်သည်။ ထို့ကြောင့် ချုံခယ့်ခယ့်ကပင် အမြဲတစေ လက်များရိုက်ရိုက်နေပြီး နင်မုန့်၏မျက်နှာလေးကို ဆွဲညှစ်ကာ အိမ်တွင် ခေါ်ထားချင်စိတ် ပေါက်လာရသည်။
ရှီချီက နင်နင်ကို အမြဲတမ်းစနေတာ အံ့ဩစရာ မရှိတော့ဘူး။ ဒီလိုချစ်စရာကောင်းတဲ့ အနေအထားမျိုးကို သူ အရင်ရှာတွေ့သွားလို့ ဖြစ်မယ်။
နင်မုန့်က ဓားမြောင်ကို ပြန်သိမ်းပြီးနောက် ပြောလိုက်သည်။
"ချစ်စရာကောင်းအောင် နေတာက နင့်ကို ဘာကျွေးနိုင်လို့လဲ"
ချုံခယ့်ခယ့်က ထိုစကားကြောင့် ဆွံ့အသွားသည်။ သူမက ခေါင်းလှည့်ပြီး ကြည့်လိုက်သောအခါ လုရှီက အိပ်ပျော်နေပြီး အနည်းငယ်မျှပင် မတုံ့ပြန်ကြောင်း တွေ့လိုက်ရသည်။ သူမက ထိခိုက်ဒဏ်ရာရထားသည်နှင့်လည်း မတူညီဘဲ ဒီအတိုင်း တစ်ညလုံးနီးပါး ချောက်ခြားခဲ့ပြီး ထိတ်လန့်ခဲ့ရသည်နှင့်သာ တူသည်။
ကံကောင်းစွာဖြင့် သူမတွင် ထူးထူးခြားခြား ပြဿနာ မဖြစ်သွားခဲ့ပေ။ မဟုတ်လျှင် အဖေလုနှင့် အမေလုကို မည်သို့ ရှင်းပြရမည်ကိုပင် သူမက မသိလောက်တော့ပေ။ ပန်းချီကားနှင့် ပတ်သက်သော ကိစ္စအတွက်ပင် နောက်ဆုံးတွင် ထိုပန်းချီကားက သူမ၏စံအိမ်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် လုလုက သွေးများစွန်းပေသွားခြင်း မရှိဘဲ ပန်းချီကားချပ်ကို လွှင့်ပစ်နိုင်သွားသည်။ ချုံခယ့်ခယ့်က စကားဆက်မပြောတော့ချေ။ ဒီနေရာတွင် လိုင်းက အလွန်ကောင်းသဖြင့် သူမက အလောင်းသန့်စင်ခြင်းနှင့် ပတ်သက်သော ကိစ္စများကို ရှာဖတ်နေလိုက်ပြီး ခေါင်းစီးဖြင့်ပင် ကြောက်သွားသည်။
အထူးသဖြင့် အလောင်းကို မြေကြီးထဲသို့ ထည့်ကာ မမြှုပ်ခင် သွေးများကို အလောင်းပေါ်သို့ လောင်းချရမည် ဆိုသော အကြောင်းတွင် ဖြစ်သည်။ အချိန်က မှန်ကန်လျှင် နေ့တိုင်းလိုလို ဂါထာရွတ်လျက် ကြက်ဖများကို သတ်ပြီး ထိုမြေဆီလွှာပေါ်သို့ သွေးများကို ချပေးရမည် ဖြစ်သည်။ ဖြစ်စဉ်တစ်ခုလုံးက ကြောက်စရာကောင်းပြီး ရွံ့စရာလည်း ကောင်းသည်။ အဆုံးတွင် ထိုလူက ကိုယ့်သွေးကိုယ် သုံးရန်ပင် လိုအပ်လေသည်။ သူမက အရူးဆိုလျှင်ပင် အလောင်းပေါ်သို့ သွေးလောင်းချခြင်းက ကောင်းသောကိစ္စမဟုတ်ကြောင်း သိနိုင်သည်။ ထိုသို့လုပ်သော နည်းလမ်းများပါသော ဒရာမာများတွင်ပင် အလောင်းကောင်တစ္ဆေကို ဖန်တီးခြင်းဖြစ်ကြောင်း ဖော်ပြကြသည်။
ပို၍ဆိုးသည်မှာ ယခုလို မည်းမှောင်နေသော တောအုပ်ထဲတွင် ဖြစ်နေလေရာ ရွာသားများက ဤနေရာသို့ မလာရဲသည်မှာ အံ့ဩစရာ မရှိတော့ချေ။ ဤနေရာအကြောင်းကို ထည့်ပြောသည်နှင့် သူတို့အားလုံးက တုန်တုန်ယင်ယင် ဖြစ်သွားကြလောက်သည်။ မည်သို့ပင် ဆိုစေ ဤနေရာ၏အခြေအနေက မကောင်းကြောင်း သေချာနေလေသည်။ သူမ၏အမြင်တွင် ဖုတ်ကောင်နှင့် တစ္ဆေသရဲများက အတူတူသာလျှင် ဖြစ်သည်။ နှစ်မျိုးလုံးက လူကို ဒုက္ခပေးနိုင်သည်။
Zawgyi
အပိုင္း(၅၅.၂)
စိတ္ထဲတြင္ အလြန္ေၾကာက္လန႔္သြားေသာ နင္မု႔န္က ေအာ္ဟစ္လိုက္မိၿပီး အၾကည့္ကိုလြဲလိုက္ကာ အနာဂတ္တြင္ ရွီခ်ီကို ဘာမွမေမးရန္ ဆုံးျဖတ္လိုက္သည္။ မည္သို႔ပင္ဆိုေစ သိပ္မၾကာခင္ကမွ ရထားေသာကတိက က်ိဳးပဲ့သြားၿပီျဖစ္သည္။
သူမ၏အနားတြင္ ရွိေနေသာ ခ်ဳံခယ့္ခယ့္ကမူ ထူးဆန္းေသာ အမူအရာ ျဖစ္ေနသည္။
သူမက နင္မုန႔္ကို ဆြဲၿပီး ခပ္တိုးတိုးေျပာသည္။
"သူ႔စကားကို နားမေထာင္နဲ႔ ဒါက ဒီအတိုင္း ေခြးေသြးေတြပဲ သူ အျခားလူေတြကို ယူလာဖို႔ ၫႊန္ၾကားေနတာကို ငါ ၾကားလိုက္တယ္"
ထိုစကားကို ၾကားမွ နင္မုန႔္က ရွီးခ်ီကို ခပ္စူးစူး စိုက္ၾကည့္လိုက္သည္။
ရွီခ်ီက သူမ၏အၾကည့္ကို သတိထားမိဟန္ျဖင့္ အမွားကိုလည္း ဝန္မခံသလို ၿပဳံးျပလာၿပီး ျငင္းလည္းမျငင္းဘဲ..
"ဒါက အမွန္လို႔လည္း ငါ မေျပာခဲ့ပါဘူး"
နင္မုန႔္က ေခါင္းကို လွည့္လိုက္ၿပီး သူ႔ကို မၾကည့္ေတာ့ေခ်။
ေျပာရလွ်င္ ေခြးေသြးက ဖုတ္ေကာင္မ်ားကို ရင္ဆိုင္ရာတြင္ အသုံးဝင္သည္။ ေျပာရလွ်င္ ထိုဖုတ္ေကာင္က သာမန္ဖုတ္ေကာင္ ျဖစ္ေနရန္သာလွ်င္ လိုအပ္သည္။ ထိုဖုတ္ေကာင္ကသာ ထူးျခားေသာ စြမ္းအားမ်ိဳးကို ပိုင္ဆိုင္ထားလွ်င္ အနည္းငယ္ေလာက္သာ သက္ေရာက္မႈ ရွိေတာ့ေပမည္။ ထို႔အတြက္ေၾကာင့္ ကားထဲတြင္ ယူလာေသာ အျခားပစၥည္းမ်ားစြာ ရွိေနျခင္း ျဖစ္သည္။
ထိုကဲ့သို႔ေသာ ဆိုးယုတ္ေသာ ဝိညာဥ္မ်ားႏွင့္ အရာမ်ားကို ကိုင္တြယ္ေသာအခါ လက္နက္မ်ားလိုအပ္မည္ဟု လူအမ်ားက အၿမဲတေစ ေတြးၾကသည္။ ရွီခ်ီက အင္အားႀကီးမားေသာ္လည္း သူကလည္း အလားတူ ေတြးေတာသည္။
နင္မုန္႔က ရွီခ်ီဟာ ရွီမိသားစုကို အျပည့္အဝ အုပ္ခ်ဳပ္ခဲ့ခ်ိန္တြင္ အသက္၂၂ႏွစ္သာလွ်င္ ရွိေသးေၾကာင္းကို သတိရလိုက္သည္။ သူက တေစၦစစ္တပ္ကို အမိန႔္ေပးႏိုင္သည့္ အခ်ိန္မွသာ သူ၏ပုံရိပ္အစစ္အမွန္က စတင္သည္ဟု ဆို၍ရသည္။
အခု ၾကည့္ပါအုံး အဲဒီအခ်ိန္နဲ႔ အေဝးႀကီး လိုေသးတယ္။
ရွီခ်ီက သူမကို ထိုေနရာက မည္သည့္ေနရာျဖစ္ေၾကာင္း ေျပာျပၿပီး ကားထဲသို႔ ဝင္ခိုင္းသည္။
မိန္းကေလးႏွစ္ေယာက္က ကားအတြင္းသို႔ ဝင္ၿပီး သိပ္မၾကာခင္မွာပင္ တစ္ေယာက္ကိုတစ္ေယာက္ မွီၿပီး အိပ္ေမာက်သြားသည္။ ကံေကာင္းစြာျဖင့္ ဒ႐ိုင္ဘာက လမ္းတြင္ ကားကို ၿငိမ္ေအာင္ ေမာင္းႏိုင္ခဲ့သည့္အတြက္ ႏွစ္ေယာက္သား ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အိပ္စက္နားၾကသည္။ ေနရာသို႔ ေရာက္သြားၿပီးေနာက္ ေနာက္တစ္ေန႔ ေန႔လည္ခင္းပင္ ျဖစ္ေနေပၿပီ။
ဒီခရီး၏အလယ္တြင္ ရွီခ်ီက အနားယူသည္။ ထို႔ေနာက္ စားေသာက္ၿပီးသည္ႏွင့္ ပန္းခ်ီကားခ်ပ္က စတင္ကာ မေျပာင္းလဲသြားေၾကာင္းကို ျမင္လိုက္ရျပန္သည္။ သို႔ရာတြင္ ပန္းခ်ီကားထဲရွိ လုရွီ၏ပုံရိပ္ကမူ ေပ်ာက္ကြယ္သြားသည္။
အဲဒီကားက အစြန္းမ်ားကပ္ထားသည့္ မည္သည့္ျခစ္ရာမွ်ကိုပင္ ရွာမေတြ႕ႏိုင္သလို ေသြးစြန္းရာမ်ားလည္း မရွိဘဲ သာမန္အတိုင္း ျပန္ျဖစ္သြားသည္။ ထိုအေျခအေနကပင္ တစ္မူထူးျခားေနျခင္း ျဖစ္သည္။
အဆုံးတြင္ ညအခ်ိန္က က်ေရာက္လာေသာအခါ အားလုံးက ၿမိဳ႕ငယ္ေလးသို႔ ေရာက္သြားၾကသည္။
ဒ႐ိုင္ဘာက ဝင္ေပါက္တြင္ ကားကို ရပ္ၿပီး ျပတင္းေပါက္ကို ခ်ကာ ဦးတည္ရာေနရာ ေမးသည္။ မူလက သူတို႔ထိုေနရာသို႔ ေရာက္ေသာအခ်ိန္ ေကာင္းကင္က ေမွာင္မဲစျပဳေနၿပီျဖစ္သည္။ သို႔ေသာ္ အိမ္အသီးသီး၏ အျပင္ဘက္တြင္ ရွိေနၾကၿပီး လမ္းေလွ်ာက္ေနၾကေသာ လူမ်ားေနေသာေၾကာင့္ ထိုသို႔ေမးျမန္းရန္ အခြင့္အေရးေကာင္း ျဖစ္သြားသည္။
သူတို႔က ေတာအုပ္သို႔ သြားလိုေၾကာင္းကို ထိုလူမ်ားက ၾကားေသာအခါ သူတို႔၏အမူအရာမ်ားက မေကာင္းၾကေခ်။ ေျပာရလွ်င္ သူတို႔က ဒ႐ိုင္ဘာ၏ေမးခြန္းကို မေျဖခ်င္ၾကေခ်။ သိပ္မၾကာခင္ အခ်ိန္တြင္ လူအုပ္က ခ်ဲသြားၿပီး ကိုယ့္အိမ္ကိုယ္ ျပန္သြားၾကသည္။ နင္မုန႔္က ေမးသည္။
"ဘာလို႔ ငါတို႔ ကိုယ္ဖာသာကိုယ္ မရွာရမွာလဲ"
ခ်ဳံခယ့္ခယ့္ကလည္း ေျဖသည္။
"ဒီေနရာက ေသခ်ာေပါက္ တစ္ခုခု မွားေနတာ ျဖစ္ရမယ္ သူတို႔အားလုံးက အဲဒီေနရာကို သြားရင္ သူတို႔ ေသေတာ့မယ္လို႔ေတာင္ ခံစားရတဲ့ အၾကည့္မ်ိဳးနဲ႔ ၾကည့္ေနၾကတယ္။ အထဲမွာ ဘာေတြရွိလဲ ဘယ္သူ သိႏိုင္မွာလဲ"
နင္မုန႔္က တစ္စုံတစ္ရာကို ေျပာေတာ့မည့္အခ်ိန္တြင္ သူတို႔ထံ ခ်ဥ္းကပ္လာေသာ သက္လတ္ပိုင္း လူတစ္ေယာက္က ေၾကာက္လန႔္တၾကားျဖင့္ ေလးလံေသာ ေဒသိယအသံမ်ိဳးျဖင့္ ေမးလာသည္။ သူက အသံကို တိုးခ်ၿပီး ေမးျခင္းျဖစ္သည္။
"မင္းတို႔က အဲဒီကို သြားၿပီး ဘာလုပ္ၾကမလို႔လဲ။ အဲဒီေနရာက မလုံၿခဳံဘူး သစ္ပင္ေတြအားလုံးက ေသေတာ့မွာ။ မင္းတို႔ အဲဒီအခ်ိန္ ညနက္ပိုင္းသြားရင္ ကေလးငယ္တစ္ေယာက္ရဲ႕ ငိုသံကိုေတာင္ ၾကားရလိမ့္မယ္"
ဒီၿမိဳ႕တြင္ စခန္းခ်ရျခင္းကို ႏွစ္သက္ေသာ လူမ်ားရွိေနသျဖင့္ ညအခ်ိန္တြင္ မိုဘိုင္းဖုန္းလိုင္းႏွင့္ ပတ္သက္ေသာ အေျခအေနမ်ားကိုလည္း အေတြ႕အႀကဳံ ရွိၾကသည္။ လူတစ္ေယာက္က အကူအညီေတာင္းရန္ တစ္စုံတစ္ေယာက္ကို သြားရွာေသာအခါ အထဲမွာ ကေလးေအာ္ငိုသံကို ၾကားလိုက္ရသည္။ ထို႔ေၾကာင့္ သူတို႔အားလုံး ထိတ္လန႔္ခဲ့ၾကရသည္။ ဒ႐ိုင္ဘာက သူ၏ေမးခြန္းကို ျပန္ေျဖေသာ္လည္း ေတာအုပ္၏ေနရာကို ေသခ်ာမွတ္သားထားလိုက္သည္။ ကားက ထြက္ေတာ့မည့္ အခ်ိန္တြင္ သက္လတ္ပိုင္းလူက သူတို႔ကို ဆြဲေဆာင္ခ်င္ေနေသးသည္။ ရွီခ်ီက ေျပာသည္။
"သြားၾကစို႔.."
ဒ႐ိုင္ဘာက တျခားတစ္ဖက္သို႔ ေကြ႕ၿပီးေျပာသည္။
"သခင္ကလည္း လမ္းမွာပါ"
ရွီရွန္းက်င္းက ဒီကိစၥအေၾကာင္းကို ၾကားၿပီးေနာက္ လာေရာက္ရန္ ဆုံးျဖတ္ခဲ့သည္။ ဖုတ္ေကာင္မ်ား ေမြးျမဴျခင္းကဲ့သို႔ေသာ ေလးနက္သည့္ကိစၥမ်ိဳးက ရွီခ်ီကဲ့သို႔ ယခုမွ သူ၏လက္ေအာက္မွ လူတစ္ေယာက္ ကိုင္တြယ္ႏိုင္ေသာ အေျခအေနမ်ိး မဟုတ္ေခ်။ အထူးတလည္ အေျခအေနမ်ိဳးတြင္ သူက ကူညီေပးရန္ လိုအပ္သည္။ သို႔ရာတြင္ သူတို႔ႏွင့္ အလြန္ေဝးကြာေနေသာေၾကာင့္ အခ်ိန္တစ္ခုေတာ့ လိုအပ္ေပလိမ့္မည္။
ရွီခ်ီက တစ္ေနရာသို႔ ၾကည့္လိုက္သည္။
"ကြၽန္ေတာ္ နားလည္ၿပီ။ အဲဒီေနရာကိုပဲ အရင္သြားၾကရေအာင္"
ဒ႐ိုင္ဘာက ဆက္မေျပာေတာ့ဘဲ သက္လတ္ပိုင္းလူက ၫႊန္ေပးလိုက္ေသာ ေနရာသို႔ ခပ္ျမန္ျမန္ ဦးတည္သည္။ ထိုနည္းအားျဖင့္ လူေနထူထပ္ေသာ ေနရာမွ ကြဲထြက္လာသည္။ သို႔ရာတြင္ နာရီဝက္ခန႔္ႏွင့္တင္ ေတာအုပ္က သူတို႔ေရွ႕တြင္ ေပၚလာသည္။
ခ်ဳံခယ့္ခယ့္က ဖုန္းထဲမွ ဓာတ္ပုံကို ဖြင့္လိုက္ၿပီးေနာက္ ျပတင္းေပါက္ကို ခ်ကာ အျပင္ဘက္ ရႈခင္းကို ၾကည့္သည္။ ထို႔ေနာက္ ေက်နပ္အားရေသာ ေလသံျဖင့္ အတည္ျပဳေပးလိုက္သည္။
"တကယ့္ကို ဒီေနရာပဲ တစ္ေထရာတည္း တူတယ္"
နင္မုန႔္က အနားကပ္ၿပီး တစ္ခ်က္ ၾကည့္လိုက္ၿပီးေနာက္ ကြာျခားမႈမရွိေၾကာင္း သိလိုက္ရသည္။
ထိုေနရာကို ဆီေဆးေရးပန္းခ်ီအျဖစ္ ဆြဲထားသည့္အတိုင္း ထင္ရသည္။ အေသးငယ္ဆုံး အေသးစိတ္အခ်က္မ်ားကပင္ အႏုပညာလက္ရာေျမာက္ေသာ ပုံမ်ိဳးအျဖစ္ ပါလာသည္။ ဒီပန္းခ်ီကားခ်ပ္ကိုသာ ႂကြားမည္ဆိုလွ်င္ သံသယမဝင္စရာ မလိုေလာက္ေအာင္ ဒီပန္းခ်ီ၏ေရးဆြဲသူက ေဈးကြက္ထဲမွ ပန္းခ်ီဆရာမ်ားစြာထက္ ကြၽမ္းက်င္ေၾကာင္းကို သိသြားၾကမည္ ျဖစ္သည္။
ရွီခ်ီကလည္း ေခါင္းကို ေနာက္ဆုံးတြင္ ေမာ့လိုက္ၿပီး အသိအမွတ္ျပဳေၾကာင္း 'အင္း'အသံျပဳသည္။ ကားက ေတာအုပ္၏အျပင္ဘက္နားတြင္ ရပ္လိုက္သည္။ ထိုအခ်ိန္တြင္ အနက္ေရာင္ဝတ္စုံျဖင့္ လူအမ်ားက စု႐ုံးေရာက္ရွိလာၿပီး လူတစ္ေယာက္ကို ရွာရန္ အမိန႔္ေပးခံရသည္။ နင္မုန႔္ႏွင့္ ခ်ဳံခယ့္ခယ့္တို႔က မူလက ကားမွ ဆင္းခ်င္ေသာ္လည္း သူတို႔ကို အေနာက္သို႔ ျပန္ဆုတ္ခိုင္းၾကသည္။
ရွီမိသားစုတြင္ လူအင္အား မ်ားစြာ ရွိသည့္အတြက္ အခ်ိန္တစ္ခု ၾကာၿပီးသည္ႏွင့္ သူတို႔က လ်င္ျမန္စြာျဖင့္ လုရွီကို ရွာေတြ႕သြားၾကသည္။ လုရွီက သတိေမ့ေနသည္။ သူမ၏ခႏၶာကိုယ္တစ္ခုလုံးကို ဖုန္မႈန႔္အညစ္အေၾကးမ်ားက ဖုံးလႊမ္းေနၿပီး ေၾကာက္စရာေကာင္းေသာ ေသြးအစင္းရာမ်ားကိုလည္း ျမင္ရသည္။ သူမ၏လည္ပင္းတြင္လည္း အညိဳအမဲ ဆြဲေနေသာ ခရမ္းေရာင္အစင္းရာမ်ားကို ျမင္ရသည္။
ခ်ဳံခယ့္ခယ့္ႏွင့္ နင္မုန႔္တို႔က အေျပးလာၾကၿပီး သူမကို စစ္ေဆးၾကည့္လိုက္ၿပီးေနာက္ အသက္ရႈေနေသးေၾကာင္း သိလိုက္ရသျဖင့္ စိတ္ေအးသြားၾကသည္။
ကားေပၚတြင္ မိနစ္အနည္းငယ္ ေစာင့္ဆိုင္းၿပီးေနာက္ လုရွီက စတင္ကာ သတိရလာသည္။ မ်က္ခြံမ်ားကို မတင္ၿပီးေနာက္ လုရွီက စတင္ေအာ္ေတာ့သည္။ ခ်ဳံခယ့္ခယ့္က ပါးစပ္ကို ပိတ္လိုက္ၿပီးေနာက္ တားသည္။
"ငါပါ ခယ့္ခယ့္.. လုရွီ နင္အဆင္ေျပရဲ႕လား"
လုရွီက မ်က္လုံးဖြင့္ၿပီးေနာက္ ပုံရိပ္ေတြကို ထိတ္လန႔္တၾကား ၾကည့္သည္။ သို႔ရာတြင္ သူမက ေၾကာက္လန႔္မႈကို မေလ်ာ့ခ်ရဲေသးေခ်။ သို႔ေသာ္ သူမႏွင့္ သိေသာသူတစ္ေယာက္ကို ျမင္လိုက္ရသည့္အတြက္ အတန္ငယ္ စိတ္ေအးသြားသည္။ သူမ၏အသံကလည္း အားနည္းစြာျဖင့္ ထြက္လာသည္။
"ခယ့္ခယ္.."
သူမ၏အသံက ေနာက္ဆုံးတြင္ ေကာင္းေကာင္း ထြက္လာၿပီးေနာက္ လုရွီက အျဖစ္အပ်က္အားလုံးကို ဇာတ္ေၾကာင္းျပန္ ေျပာျပရင္း သူမ၏မ်က္လုံးထဲတြင္ ေၾကာက္႐ြံ႕မႈက အထင္းသားျဖစ္ေနသည္။
"လုလုနဲ႔ငါ ကားထဲက ထြက္ၿပီးေတာ့ သူမနဲ႔ငါ တစ္ခါတေလ စကားေျပာတာကလြဲလို႔ ငါ ဖုန္းကိုပဲ အာ႐ုံစိုက္ေနခဲ့တာ ဒီလိုနဲ႔ ငါ ေနာက္ေကာက္က်က်န္ခဲ့တာပဲ။ အဲဒီေနာက္မွာ ႐ုတ္တရက္ မူးေဝေစေအာင္ တစ္စုံတစ္ေယာက္က လုပ္လိုက္သလိုမ်ိဳး ျဖစ္လာလို႔ တစ္ေယာက္ေယာက္က ငါ့ကို ေဆးခတ္မွာကို ငါ ေၾကာက္ခဲ့ရတယ္။ ဒါေပမဲ့ အဲဒီလိုေတာ့ ငါမထင္ဘူး"
ျပင္းထန္သည့္အားအင္တစ္ရပ္က သူမကို အိပ္ေပ်ာ္သြားေအာင္ လုပ္လိုက္သလိုမ်ိဳး ျဖစ္သြားၿပီး ႏိုးထလာသည့္အခ်ိန္တြင္ သူမဟာ လမ္းေပၚတြင္ မရွိေတာ့ဘဲ မရင္းႏွီးေသာ ေတာထဲ ေရာက္ေနေၾကာင္း သိလိုက္ရသည္။ သူမ၏အေနာက္မွ ေတာက သားရဲတစ္ေကာင္လိုမ်ိဳး သူမအေပၚ ခုန္အုပ္ေတာ့မလို သူမကို ၾကည့္ေနၿပီး ပါးစပ္အဟသား ဖြင့္ထားသလိုမ်ိဳး ထင္ရသည္။
ေၾကာက္လန႔္မႈက ထိုမွ်ႏွင့္မရပ္ေခ်။ ႐ုတ္တရက္ သူမအနားတြင္ လူတစ္ေယာက္က ေပၚလာၿပီး လည္ပင္းကို ညစ္ကာ ေတာအုပ္ထဲသို႔ တ႐ြတ္တိုက္ ဆြဲေခၚသြားျခင္း ျဖစ္သည္။ ထိုအခ်ိန္က သူမ အလြန္ထိတ္လန႔္ၿပီး ေၾကာက္လန႔္ခဲ့ရသည္။ အဆုံးတြင္ အေျခအေနက မည္သို႔ျဖစ္ပ်က္သြားေၾကာင္း သူမသည္လည္း မရွင္းလင္းေတာ့ေခ်။ သူမသည္လည္း ေပ်ာက္ကြယ္သြားၿပီး သူမက ေတာအုပ္ထဲသို႔ ဆက္လက္ဝင္သြားေနရသည္။ သို႔ရာတြင္ သူ႔ဘက္က လမ္းေလွ်ာက္ေနသည္ဟု မထင္ေခ်။ သို႔ေသာ္ လမ္းမွားသြားၿပီး သူမက ေျမျပန႔္တစ္ေနရာေပၚသို႔ လဲက်သြားကာ သတိေမ့သြားျခင္းျဖစ္သည္။ ထိုသို႔ျဖစ္ၿပီး သိပ္မၾကာခင္အခ်ိန္မွာပင္ ရွီမိသားစုမွ လူမ်ားက သူမကို ရွာေတြ႕သြားျခင္း ျဖစ္ေလာက္သည္။
အေၾကာင္းအရာမ်ားအားလုံးကို နားေထာင္ၿပီးေနာက္ ခ်ဳံခယ့္ခယ့္၏ေဒါသက ျပင္းထန္စြာ ထြက္လာသည္။
"ေသခ်ာေပါက္ ဒီကိစၥအားလုံးရဲ႕ ေနာက္ကြယ္မွာ လူတစ္ေယာက္က ႀကိဳးကိုင္ေနတာ ျဖစ္ရမယ္။ သူက လုရွီကို ဖမ္းေခၚသြားၿပီး အေလာင္းေကာင္အျဖစ္ သန႔္စင္ခ်င္တာ ျဖစ္ေလာက္တယ္"
မဟုတ္လွ်င္ ယခုလို ျပန္ေပးဆြဲျခင္းအတြက္ အျခားအေၾကာင္းျပခ်က္လည္း မရွိေတာ့ေခ်။ လုရွီက ေရေသာက္ၿပီးေနာက္ ဘီစကြတ္ အနည္းငယ္စားၿပီးမွသာ ကားေနာက္ခုံတြင္ ျပန္၍ အိပ္ေမာက်သြားသည္။ အရပ္ရွည္ရွည္ လူတစ္ေယာက္ကလည္း ကားတံခါးကို လာေခါက္သည္။ ထို႔ေနာက္ အလြန္တိုးေသာအသံျဖင့္ ေျပာလာသည္။
"သခင္ေလးခ်ီ.. ေတာအုပ္ရဲ႕အနက္ပိုင္းက ဆက္လက္ၿပီး ရွာေဖြဖို႔ သိပ္အႏၲရာယ္မ်ားပါတယ္"
ရွီခ်ီက ေခါင္းညိတ္လိုက္သည္။ သူက အပိုစကားဆက္မေျပာေတာ့ေခ်။ သို႔ေသာ္ အခ်ိန္တစ္ခု ၾကာၿပီးေနာက္ သူက အထဲမွ ထြက္လာသည္။ နင္မုန႔္ကလည္း ေတာအုပ္သို႔ သြားခ်င္ေနေၾကာင္း သိလိုက္သျဖင့္ ထိုေနရာတြင္ အေလာင္းသန႔္စင္ေသာ ေနရာရွိမရွိ ဆုံးျဖတ္ရန္ လိုအပ္ေနေၾကာင္း သိလိုက္သည္။ သူက သူ႔ကိုယ္သူ အႏၲရာယ္ထဲသို႔ တိုးဝင္ခ်င္ေနသည္။ သူမက လိုက္သြားႏိုင္သည့္တိုင္ အကူအညီျဖစ္မည္ မဟုတ္ေပ။ စနစ္က သူမကို သတိေပးစကားေျပာသည္။
"မင္းရဲ႕အေျခအေနနဲ႔ မင္းဝင္သြားလို႔ မရႏိုင္ဘူး။ အဲဒီေနရာက အရမ္းကို ယင္စြမ္းအင္သိပ္သည္းတယ္။ အဲဒီယင္စြမ္းအင္ေတြကသာ မင္းရဲ႕ခႏၶာကိုယ္ထဲ ထပ္ဝင္သြားမယ္ဆိုရင္ မင္းရဲ႕ခႏၶာကိုယ္က ကြဲအက္သြားလိမ့္မယ္"
နင္မုန႔္ကလည္း ထိုကိစၥတြင္ မပါဝင္ျခင္းက အေကာင္းဆုံးျဖစ္မွန္း သိသည္။ စနစ္၏ သတိေပးစကားကို နားေထာင္ၿပီးေနာက္ သူမက ခပ္ျမန္ျမန္ ျပန္ေျဖလိုက္သည္။
"ငါ မသြားဘူး။ ငါ သြားမယ္ ဆိုရင္ေတာင္မွ ငါလည္း မကူညီႏိုင္ဘူး"
ထို႔ေနာက္ သူမက အိတ္ထဲမွ ဓားက်ိဳးကို ထုတ္ၿပီး ရွီခ်ီကို ေပးသည္။
"ဒါကို သုံးပါ"
ရွီခ်ီက လက္မခံဘဲ သူမကို ျပန္ေပးသည္။
"မင္းရဲ႕လုံၿခဳံေရးအတြက္ပဲ သတိထားပါ"
ထို႔ေနာက္ သူက ေတာအုပ္ထဲသို႔ လူႏွစ္ေယာက္ၿခံရံလ်က္ ဝင္ေရာက္သြားသည္။
ခ်ဳံခယ့္ခယ့္က ေဘးဘက္မွ နားေထာင္ေနျခင္း ျဖစ္ေလရာ ရွီခ်ီက လူႏွစ္ေယာက္ႏွင့္အတူ ေပ်ာက္သြားသည္အထိ ေစာင့္ၿပီးမွ ေမးလာသည္။
"နင္တို႔ ႏွစ္ေယာက္.."
နင္မုန႔္က လွည့္ၾကည့္ကာ ေမးသည္။
"ဘာလဲ"
ခ်ဳံခယ့္ခယ့္၏ေခါင္းက ယမ္းခါသြားသလိုမ်ိဳး ခံစားလိုက္ရသည္။ သူမက ေျပာသည္။
"ဘာလို႔ ငါ့ကို လူရမ္းကားလို ေျပာေနတာလဲ နင္ နည္းနည္းေလးမွ ခ်စ္စရာမေကာင္းေတာ့ဘူး"
သူမက ရွီခ်ီႏွင့္ဆိုလွ်င္ ခ်စ္စရာေကာင္းေသာ စကားမ်ားကို ၿပဳံးၿပီး သူမ၏ ျဖဴေဖ်ာ့ႏူးညံ့ကာ ခ်စ္ဖို႔ေကာင္းေသာ မ်က္ႏွာေလးတြင္လည္း ခ်ီးက်ဴးသေယာင္ အမူအရာမ်ားက အၿမဲတေစ ရွိတတ္သည္။ ထို႔ေၾကာင့္ ခ်ဳံခယ့္ခယ့္ကပင္ အၿမဲတေစ လက္မ်ား႐ိုက္႐ိုက္ေနၿပီး နင္မုန႔္၏မ်က္ႏွာေလးကို ဆြဲညႇစ္ကာ အိမ္တြင္ ေခၚထားခ်င္စိတ္ ေပါက္လာရသည္။
ရွီခ်ီက နင္နင္ကို အၿမဲတမ္းစေနတာ အံ့ဩစရာ မရွိေတာ့ဘူး။ ဒီလိုခ်စ္စရာေကာင္းတဲ့ အေနအထားမ်ိဳးကို သူ အရင္ရွာေတြ႕သြားလို႔ ျဖစ္မယ္။
နင္မုန႔္က ဓားေျမာင္ကို ျပန္သိမ္းၿပီးေနာက္ ေျပာလိုက္သည္။
"ခ်စ္စရာေကာင္းေအာင္ ေနတာက နင့္ကို ဘာေကြၽးႏိုင္လို႔လဲ"
ခ်ဳံခယ့္ခယ့္က ထိုစကားေၾကာင့္ ဆြံ႕အသြားသည္။ သူမက ေခါင္းလွည့္ၿပီး ၾကည့္လိုက္ေသာအခါ လုရွီက အိပ္ေပ်ာ္ေနၿပီး အနည္းငယ္မွ်ပင္ မတုံ႔ျပန္ေၾကာင္း ေတြ႕လိုက္ရသည္။ သူမက ထိခိုက္ဒဏ္ရာရထားသည္ႏွင့္လည္း မတူညီဘဲ ဒီအတိုင္း တစ္ညလုံးနီးပါး ေခ်ာက္ျခားခဲ့ၿပီး ထိတ္လန႔္ခဲ့ရသည္ႏွင့္သာ တူသည္။
ကံေကာင္းစြာျဖင့္ သူမတြင္ ထူးထူးျခားျခား ျပႆနာ မျဖစ္သြားခဲ့ေပ။ မဟုတ္လွ်င္ အေဖလုႏွင့္ အေမလုကို မည္သို႔ ရွင္းျပရမည္ကိုပင္ သူမက မသိေလာက္ေတာ့ေပ။ ပန္းခ်ီကားႏွင့္ ပတ္သက္ေသာ ကိစၥအတြက္ပင္ ေနာက္ဆုံးတြင္ ထိုပန္းခ်ီကားက သူမ၏စံအိမ္တြင္ ရွိေနခဲ့ျခင္း ျဖစ္သည္။ ကံေကာင္းစြာျဖင့္ လုလုက ေသြးမ်ားစြန္းေပသြားျခင္း မရွိဘဲ ပန္းခ်ီကားခ်ပ္ကို လႊင့္ပစ္ႏိုင္သြားသည္။ ခ်ဳံခယ့္ခယ့္က စကားဆက္မေျပာေတာ့ေခ်။ ဒီေနရာတြင္ လိုင္းက အလြန္ေကာင္းသျဖင့္ သူမက အေလာင္းသန႔္စင္ျခင္းႏွင့္ ပတ္သက္ေသာ ကိစၥမ်ားကို ရွာဖတ္ေနလိုက္ၿပီး ေခါင္းစီးျဖင့္ပင္ ေၾကာက္သြားသည္။
အထူးသျဖင့္ အေလာင္းကို ေျမႀကီးထဲသို႔ ထည့္ကာ မျမႇဳပ္ခင္ ေသြးမ်ားကို အေလာင္းေပၚသို႔ ေလာင္းခ်ရမည္ ဆိုေသာ အေၾကာင္းတြင္ ျဖစ္သည္။ အခ်ိန္က မွန္ကန္လွ်င္ ေန႔တိုင္းလိုလို ဂါထာ႐ြတ္လ်က္ ၾကက္ဖမ်ားကို သတ္ၿပီး ထိုေျမဆီလႊာေပၚသို႔ ေသြးမ်ားကို ခ်ေပးရမည္ ျဖစ္သည္။ ျဖစ္စဥ္တစ္ခုလုံးက ေၾကာက္စရာေကာင္းၿပီး ႐ြံ႕စရာလည္း ေကာင္းသည္။ အဆုံးတြင္ ထိုလူက ကိုယ့္ေသြးကိုယ္ သုံးရန္ပင္ လိုအပ္ေလသည္။ သူမက အ႐ူးဆိုလွ်င္ပင္ အေလာင္းေပၚသို႔ ေသြးေလာင္းခ်ျခင္းက ေကာင္းေသာကိစၥမဟုတ္ေၾကာင္း သိႏိုင္သည္။ ထိုသို႔လုပ္ေသာ နည္းလမ္းမ်ားပါေသာ ဒရာမာမ်ားတြင္ပင္ အေလာင္းေကာင္တေစၦကို ဖန္တီးျခင္းျဖစ္ေၾကာင္း ေဖာ္ျပၾကသည္။
ပို၍ဆိုးသည္မွာ ယခုလို မည္းေမွာင္ေနေသာ ေတာအုပ္ထဲတြင္ ျဖစ္ေနေလရာ ႐ြာသားမ်ားက ဤေနရာသို႔ မလာရဲသည္မွာ အံ့ဩစရာ မရွိေတာ့ေခ်။ ဤေနရာအေၾကာင္းကို ထည့္ေျပာသည္ႏွင့္ သူတို႔အားလုံးက တုန္တုန္ယင္ယင္ ျဖစ္သြားၾကေလာက္သည္။ မည္သို႔ပင္ ဆိုေစ ဤေနရာ၏အေျခအေနက မေကာင္းေၾကာင္း ေသခ်ာေနေလသည္။ သူမ၏အျမင္တြင္ ဖုတ္ေကာင္ႏွင့္ တေစၦသရဲမ်ားက အတူတူသာလွ်င္ ျဖစ္သည္။ ႏွစ္မ်ိဳးလုံးက လူကို ဒုကၡေပးႏိုင္သည္။