အချစ်တို့ မြစ်ဖျားခံရာ ( comp...
By EmmaRine9820
479K 13.8K 545
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၈) uni & zg
10.6K 355 2
By EmmaRine9820
Unicode
ကျွန်းစားပွဲကြီးပေါ်တွင် ဖိုင်များစွာဖြင့်ခေါင်းပင်
မဖော်နိုင်အလုပ်ရှုပ်နေလေသည်။ ကလောကပြန်ရောက်တော့ project အသစ်စောင့်ကြိုနေကာ ထိုက်ဘုန်းရှိန် တို့အလုပ်ပင်လယ်ထဲလက်ပစ်ကူးနေရပြန်သည်။ ....
ဒေါက်ဒေါက်ဒေါက် ......
" ဝင်ခဲ့လေ..."
"ငါတို့ဘာကွာ "
ဝင်လာကြသည်က အောင်သန့်၊ကျော်ဇော နှင့်
မိုးထက် ...
"မင်းတို့ ဘာလာလုပ်ကြတာလဲ ငါ့ကိုဖုန်းလဲကြို
မဆက်ဘူး"
အောင်သန့်က စားပွဲရှေ့မှ ဆိုဖာ တွင်ဝင်ထိုင်
လျက်...
" ငါတို့ဖုန်းဆက်တော့ မင်းကိုင်လို့လား အလုပ်တွေဘဲ ဖိလုပ်နေတာ ဒီသူငယ်ချင်းတွေရှိသေးတယ်လို့တောင်မထင်တော့ဘူးလား...."
မိုးထက်ကလဲအောင်သန့်စကားကိုထောက်ခံကာဝင်ပြောလေသည်။
"ဒီနေ့မင်းတို့ bar မှာပွဲရှိတယ်ဆိုငါတို့လာတာ hotel ပိုင်ရှင်ကြီးက အကြောင်းမကြားတော့
ကိုယ့်ဘာသာကိုဘဲလာရတော့တာပေါ့"
"အေးပါကွာ ငါမေ့သွားလို့ပါ sorry လာကြသွားမယ် ၇ နာရီထိုးပီ ပွဲကစ နေလောက်ပီ ..."
ထိုက်လဲလုပ်လက်စအလုပ်တွေခနရပ်ကာ အချိန်မပေးတာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေနဲ့ပျော်ရန်သာဆုံးဖြတ်လိုက်သည်။ပြီးတာနဲ့
လေးယောက်သားအပေါ်သို့တက်လာခဲ့ကြသည်။
ထိုက်ဘုန်းလျှံတို့ hotel ရှိ bar သည် ၁ပတ်၁ခါ မဟုတ်ရင် ၂ပတ်တစ်ခါလောက်က ခုလိုမျိုးပွဲ
စီစဉ်ဖြစ်သည်။ dJ ငှါးပီးလုပ်တဲ့ပွဲဖြစ်တော့ ဧည့်သည်ကတော့ အတော်များသည်။ ထိုက်တို့အပေါ်ရောက်တော့ ဝိုင်းကအကုန်ပြည့်နေပီ...
ကျော်ဇောက ကျစ်တချက်စုတ်လျက်
" ဘာလဲဟ hotel ပိုင်ရှင်ကို ဘော်ဒါ တော်ထားရပီးထိုင်ရမဲ့ဝိုင်းတောင်မရှိပါလားကွ မမိုက်ဘူးကွာ.."
"ခနနေကြပါအုံးကွာ ငါမေးလိုက်ပါအုံးမယ် "
ထိုက်လဲ အနားရှိ ဝန်ထမ်းကောင်မလေးကို bar မန်နေဂျာအားခေါ်ခိုင်းလိုက်သည်။ ...
မန်နေဂျာလဲ ချက်ချင်းရောက်လာကာ
" ကိုထိုက် လာစစ်တာလားဗျ အကုန်အဆင်ပြေပါတယ် ကျွန်တော်သေချာစီစဉ်ထားတယ်"
"မဟုတ်ဘူး ကိုယ့်သူငယ်ချင်းတွေနဲ့ထိုင်ရအောင်လာတာ ဝိုင်းကမရှိတော့ဘူးလား "
"ကိုထိုက် မလာလောက်ဘူးထင်လို့ကျွန်တော်လဲကြိုမချန်ထားဖြစ်လိုက်တာ"..
ထိုက်တို့လဲစိတ်ပျက်လက်ပျက်ဖြင့် ဟိုဟိုဒီဒီ
လိုက် ကြည့်နေစဉ် .. bar ၏ထောင့်အကျဆုံးဝိုင်းတွင်ကောင်လေး၃ယောက်နှင့်အရက်ခွက်ကိုယ်စီကိုင်ကာကနေသောစိုင်းခက်ကို မြင်လိုက်ရသည်။ ထိုက်လဲ ပြုံး၍ စိုင်းခက်တို့ရှိရာ ဝိုင်းသို့လျှောက်လာလိုက်သည်။ ဟို၃ကောင်ကလဲထိုက်နောက် မှသာလိုက်လာခဲ့လိုက်၏
စိုင်းခက်ဒီနေ့ဟိုကောင်တွေကောင်းမှုနဲ့bar ပွဲတွင်ကဲနေလေသည်။ထိုစဉ်သူတို့ဆီသို့လျှောက်လာနေသောထိုက်ဘုန်းရှိန်ကို လှမ်းမြင်လိုက်ရသဖြင့် အနားပြေးသွားလိုက်ကာ .....
"ဟာ အကို မတွေ့တာတောင်ကြာပီပွဲလာတာလား အကိုက ဒီလိုပွဲတွေကိုကြိုက်တယ်လား"
"အင်း ဒါကိုယ့်hotelက စီစဉ်ပေးတာလေ ခုက
ကိုယ့်သူငယ်ချင်းတွေနဲ့လာတာ ကိုယ်လဲအလုပ်
ရှုပ်နေတော့ ဝိုင်းမချန်ထားခိုင်းလိုက်ရလို့"
"Wow ... အကိုက မိုက်တယ်ဗျာ ဝိုင်းက
ကျွန်တော့တို့နဲ့ ပေါင်းလိုက်ပါလား အကုန်လုံးက မတ်တပ်ရပ်နေကြတာဆိုတော့ ထိုင်ခုံလောက်ပါတယ် လာအကို ..."
ထိုက်တို့လဲ စိုင်းခက်တို့အဖွဲ့နှင့်ပေါင်းထိုင်လိုက် ကြသည် ။ အောင်သန့်တို့ကတော့ ဘယ်တုန်းကကလေးတွေနဲ့အပေါင်းအသင်းဖြစ်သွားတုန်းမေးနေကြသဖြင့် ဖြစ်ခဲ့သမျှရှင်းပြလိုက်ရသေး၏
ခုဆိုသူတို့အုပ်စု ပိုပီးအဖွဲ့တောင့်သွားလေသည်။
စိုင်းခက်သူငယ်ချင်းတွေကလဲပျော်တတ်သောက် တတ်တော့ ထိုက်တို့အုပ်စုနဲ့ထူးပီးညှိစရာမလို
ချက်ချင်းရင်းနှီးသွားကြတော့သည်။ခုလဲ ဝိုင်းကိုထားပစ်ခဲ့ပီး dj စင်နားထိရောက်အောင်သွားကာ သူတို့၂ဖွဲ့ သောက်လိုက်ကလိုက်ဖြင့် ပွဲစည်နေ၏
ထိုက်ကရတာ မောလာသဖြင့် ဝိုင်းဆီသို့ပြန်လာကာ မကြာဘူးစိုင်းခက်ရောက်လာလေသည်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပီး ရီ၍ အမောဖြေနေလိုက်ပီး cheer လုပ်ကာ တစ်ခွက်စီမော့လိုက်ကြသည်။ ထိုက်က စိုင်းခက်ကို ကြည့်ပီး ...
"စိုင်းခက်လျော့သောက်အုံး မျက်နှာတွေလဲရဲနေတာပဲ"
ထိုက်သေချာကြည့်မိမှ ဒီကောင်လေး ဝတ်ထားသည်က all black ကိုက အကျီက လည်ပင်းပေါက်ကျယ်နေသဖြင့် ပခုံးပေါ်လျောကျနေတာ ပခုံးသားဖွေးဖွေးကအထင်းသား
ဆံပင်တွေကလဲ က ထားလို့ရှုပ်နေပီး လက်တစ်
ဖက်က သပ်တင်နေသေးသည်။ လက်ချောင်းများတွင်လဲ လက်စွပ်ကဟိုတစ်ကွင်းဒီကွင်းနှင့်သူ့
လက်ချောင်းသွယ်ဖြူဖြူလေးတွေနဲ့ကတကယ် လိုက်ဖက်နေသည်။ အကုန်ချုံကြည့်လိုက်လျှင် မူးလို့ရဲနေတဲ့ပါးလေးတွေက အစ အတော်ချစ်ဖို့ကောင်းနေတာ အသေအချာ .... ။
"အကို့ကိုအစက ဒီလိုပျော်ရတာမကြိုက်ဘူးထင် နေတာ၊ ခုလိုဆိုတော့ ကျွန်တော့တို့ သိခွင့်ရတာပျော်စရာကြီး"
ထိုက်လဲကနေတဲ့ လူတွေဘက်ကိုကြည့်နေရင်း
" ကိုယ်လဲ ခေတ်လူငယ်ဘဲလေ ကြိုက်တာပေါ့ ဖေဖေ့လုပ်ငန်းတွေကြောင့်သာ နဲနဲလျော့လိုက် တာ"
စိုင်းခက်ကိုပြန်လှည့်ကြည့်လိုက်တော့ စီးကလက်ဖွာပီးသူ့ကိုဆီကမ်းပေးလာလို့ ထိုက်လဲခေါင်းခါလိုက် တော့ သူ့ဘာသာသူဘဲပြန်ဖွာနေလိုက်သည်။
"စိုင်းခက် မင်းကျန်တာလုပ်တာက ဘာမှမဖြစ်ပေမဲ့ ဆေးလိပ်တော့လျော့သောက်ပါ ကျန်းမာရေးအထိခိုက်ဆုံးအရာလေ"
သူကသာ ပြောနေတာ စိုင်းခက်က သူ့ကိုကြည့်မနေ တစ်နေရာသို့ငေးကြည့်နေသဖြင့်သူလဲထိုနေရာကိုလှည့်ကြည့်မယ်အလုပ် ထိုက်မျက်နှာကိုအုပ်ကိုင်လျက် သူ့ကိုကြည့်စေပြီး ထိုက်မျက်နှာရှေ့ ရုတ်တရက်ဆိုသလို ကပ်လာကာ အသံလေးတိုးတိုးဖြင့် ....
" အကိုဒီတိုင်းလေးဘဲ ငြိမ်ငြိမ်လေးနေပေးနော်"
ဟုပြောပီး ထိုက် လည်ပင်းကို သူ့လက်များဖြင့်
သိုင်းဖက်လိုက်သည်။
ထိုက်လဲ ရုတ်တရက်ကြောင်အကာ ငြိမ်နေ
လိုက်မိသည်။ ဒီအခြေအနေက ဘေးလူကသာ
မြင်လျှင် သူတို့ အနမ်းခြင်းဖလှယ်နေသည့်ပုံ...
အရမ်းကို နီးကပ်လွန်းနေ၍ စိုင်းခက်အသက်ရူသံခပ်ဖွဖွ ထိုက်ပါးပြင်ကိုကျရောက်နေပီးခုနကမှသောက်ထားတဲ့စီးကလက်နံ့ပြင်းပြင်း ကလဲ
နှုတ်ခေါင်းအတွင်းတိုးဝင်လာသည်။ စက္ကန့်ပိုင်းမျှကြာသော် စိုင်းခက်နောက်သို့ပြန်ဆုတ်သွားကာ
"Sorry နော်အကို ပီးတော့ကျေးဇူးပါနော်
ကျွန်တော့ကို စိတ်ဆိုးသွားလားဟင်"
"ရ ... ရပါတယ် ကိုယ်လဲရုတ်တရက်ဆိုတော့ နဲနဲလန့်သွားရုံပါ"
ထိုက်တစ်ယောက် ဘာမှန်းဖြစ် ပေါ်လာတဲ့ နှလုံးခုန်သံ ကြောင့် စကားသံကထစ်ထစ်ငေါ့ငေါ့....
"ကျွန်တော် ဟိန်းကို တွေ့လိုက်လို့ လုပ်မိလုပ်ရာလုပ်လိုက်တာပါ မရည်ရွယ်ပါဘူး ... "
"အင်း ရပါတယ် "
စိုင်းခက် ဟိန်းကိုမြင်လိုက်တော့တကယ်အံ့ဩသွားတာ ဘယ်တုန်းကမှ ဒီလိုနေရာတွေကို လာရတာမကြိုက်တဲ့သူက ဘာလို့ရောက်နေရတာလဲ ။ပီးတော့သူ့ဘေးမှာရပ်နေတာခန့်မှူးလွင်ပြောထားတဲ့ ရတီချိုဆိုတဲ့မိန်းကလေး၊သူလိုက် ပို့ခိုင်းရင် တောင် စိတ်ရှုပ်ဖို့ကောင်းတယ်အမြဲပြောတဲ့ဟိန်းကလေ ခုလိုဘာကြောင့်ပြောင်းလဲသွားရတာလဲ..... စိုင်းခက်တွေးရင်း ခပ်မဲ့မဲ့ပြုံးလျက် အကြံတစ်ခု ရသွားဟန် နှင့် ....
" အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ?????
" အင်းဘာများလဲ "
" အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလား"
" ဟင် " .....
      ******🌺🌺******
ထိုက်ဘုန်းရှိန် အခန်းရောက်သည်နဲ့ အိပ်ယာပေါ်ခြေပစ်လက်ပစ်လှဲချမိလိုက်သည်။ ထိုက်က မိဘတွေနဲ့အတူမနေ hotel နှင့်နီးသည့်နေရာတွင် condo တစ်ခုဝယ်ထား၍ တစ်ယောက်ထဲနေတာဖြစ်သည် ။ ....
သူဘာကြောင့် စိုင်းခက်ပြောသည်ကို မစိုင်းမတွလက်ခံခဲ့မိလိုက်တာပါလိမ့် ဘာကိုမှ မစဉ်းစားပဲနဲ့ကိုလေ.... သူညီတစ်ယောက်လိုခင်ရတဲ့
ကောင်လေးကို ဒီတိုင်းကူညီချင်လို့ပဲနေမှာပါဟုသာတွေးနေလိုက်ရင်း ... စိုင်းခက်စကားသံများကို ပြန်ကြားယောင်မိသည်....
"ကျွန်တော့် ex သဝန်တိုအောင် အကိုကူညီပေး
နိုင်မလား...??? အကိုနားလည်အောင်ကျွန်​တော်
ရှင်းပြပေးနိုင်ပါတယ် .."
"........"
"ဟိန်းနဲ့ကျွန်တော် တတိယနှစ်စမှာ စတွဲဖြစ်ခဲ့ကြတယ်လေ။ ကျွန်တော်ကစချစ်ပီးဖွင့်ပြောခဲ့တာပေါ့၊ စစချင်းတော့အရမ်းပျော်စရာကောင်းခဲ့တယ် ဟိန်းကလဲကျွန်တော့်ကိုချစ်တယ်ဆိုတာခံစားမိတယ်၊ အဲလိုနဲ့နှစ်ဝက်လောက်ရောက်တော့ပြသာနာတွေစတော့တာဘဲ ဟိန်းဘေးနားမှာရှိတဲ့ယောကျာ်းမိန်းမမရွေးကျွန်တော်သဝန်တို
တယ်နောက်ဆုံး ဂိုက်ဆရာနဲ့တောင် မရဘူး..
ကျွန်တော်မူးရူးပီးသူ့ကိုပြသာနာရှာတာတွေရှိ
တယ် သူက သောက်စားပီး bar၊club တက်တာတွေကို စိတ်ရှုပ်တဲ့သူလေ အဲတာကြောင့်လဲ ခန
ခနရန်ဖြစ်ရတယ် ၊ ဒီလိုနဲ့ ကျောင်းနောက်ဆုံးရက် မှာသူကျွန်တော့်ကို လမ်းခွဲသွားတယ် ....
ကျွန်တော်သူစိတ်ကြိုက်နေပီး သူ့ကိုပြန်လိုက်
ချင်တယ် ခုနက အကိုနဲ့ကျွန်တော့်ကို မြင်တော့ ဟိန်းကဒေါသထွက်နေတယ် ဒါကိုကြည့်ခြင်းအားဖြင့် သူလဲကျွန်တော့်ကို မမေ့နိုင်သေးဘူးဆိုတာ သေချာတယ် နည်းလမ်းကတစ်ခုပဲရှိတယ် အဲတာက ... သဝန်တိုအောင်လုပ်တာပဲ...."
စိုင်းခက်ပြောတာတွေကို ပြန်ကြားယောင်ရင်း
သူ့စိတ်ထဲ အဆင်မပြေသလိုခံစားလာရတယ်၊ဝမ်းနဲတာလိုလို ၊ မရသေးခင်တစ်ခုခုဆုံးရှုံး
လိုက်ရသလိုမျိုးများလား ... ထိုက်လဲ ဆက်တွေးမနေတော့ဘဲ ရေချိုးခန်းဝင်ခဲ့လိုက်တော့သည်။
                   *****🌸🌸🌸*****
Zawgyi
ဒေါက်ဒေါက်ဒေါက် ......
" ဝင်ခဲ့လေ..."
"ငါတို့ဘာကွာ "
မိုးထက် ...
မဆက်ဘူး"
လျက်...