What's wrong? ( Completed )

נכתב על ידי NangKhaingNiTun

16.6K 1K 65

မှားတာက မင်းရဲ့ ဖြစ်တည်မှု က စ မှားတာ ... မွားတာက မင္းရဲ႕ ျဖစ္တည္မႈ က စ မွားတာ ... Story no.18 Crd cv photo עוד

Ep - 1
Ep - 2
Ep - 3
Ep - 5
Ep - 6
Ep - 7
Ep - 8
Ep - 9
Ep - 10
Ep - 11
Ep - 12
Ep - 13
Ep - 14
Ep - 15
Ep - 16
Ep - 17
Ep - 18
Ep - 19
Ep - 20
Ep - 21
Ep - 22
Ep - 23
Ep - 24
Ep - 25
Ep - 26
Ep - 27
Ep - 28
Ep - 29
Ep - 30
Ep - 31 ( Final )

Ep - 4

498 42 1
נכתב על ידי NangKhaingNiTun

လမ်းမ ပေါ် သွားနေတဲ့ ကား တစ်စီးထဲတွင် ကား ထဲက air con အေး နေသလောက် င်္အကျီ ကြားထဲမှာတောင် ချွေးတွေ စိမ့်နေကြတဲ့ လူ နှစ်ယောက် ရှိတယ်။

အနောက်ခန်းမှာ ထိုင်နေတဲ့ ယွီ့ကျင်းက ချွေးထွက်တာကို ရှာကြံ သုတ်လို့ ရပေမယ့် အရှေ့ ခေါင်းခန်းမှာ ထိုင်နေရတဲ့ ရှောင်းကျန့် ကတော့ ချွေးတွေ သုတ်ဖို့ နေ နေ သာသာ မျက်နှာတောင် မလှည့်ရဲပါ။ အရမ်း မျက်နှာတည်နေတဲ့ ဝမ်ရိပေါ် ဆိုတဲ့ လူ နဲ့ မျက်လုံးချင်း ဆုံမိမှာ စိုးလို့ပင်။

ရိပေါ် ကား ရဲ့ air con ကို ထပ်တိုးလိုက်ပြီး ဒက်ရှ်ဘုတ်ပေါ်က သူ့ဘက်ကို ရောက်နေတဲ့ သစ်ရှူးဘောက်စ် ကို အနည်းငယ် တွန်းပို့ပေးလိုက်သည်။

' သက်တောင့် သက်သာ နေပါ။ မင်း နဲ့ ကိုယ် လက်ထပ်ကြရမယ် ဆိုပေမယ့် ကိုယ်တို့က တစ်ယောက် အကြောင်း တစ်ယောက် မသိသေးဘူးလေ။ ပြီးတော့ ကိုယ့်ကိုယ်လည်း ကြောက်စရာ မလိုဘူး။'

ရှောင်းကျန့် သူ့ကို ကြည့်ပြီး ပြောလာတယ်ဆိုတာ လှည့်မကြည့်လည်း မျက်လုံးတောင့် ကနေ မြင်နေရတာကြောင့် ခေါင်း ညိတ်ပြပြီး သစ်ရှူး စ ကို ဆွဲထုတ်ပြီး မျက်နှာကိုရော လည်ပင်းတွေပါ ပွတ်သုတ်ပစ်လိုက်သည်။

ထိုစဉ် အနောက်က တစ်ယောက်ရဲ့ အသံ ထွက်လာသည်။

' ဟို ... မမလေး က တစ်ခါမှ ရည်းစား မထားဖူးသေးပဲ ခုလို မြန်မြန် လက်ထပ် ရမယ် ဆိုတော့ ရှက် နေတာ။ ကြောက်တာတော့ မကြောက်လောက်ပါဘူး။'

ရှောင်းကျန့် သူ့ကို ယွီ့ကျင်း က မမလေး တစ်ခါ ခေါ်တိုင်း ကြက်သီးတွေ ထ ထ လာတယ်။ အခုလည်း သူ ကိုယ်တိုင် မခံစားရတော့ သူများကို ချောက်ထဲ တွန်းပို့နေပြန်ပြီ။

' ဒါဆို အိမ်တော် မသွားခင် မင်း နဲ့ ကိုယ် အရင် ရင်းနှီးမှု ယူကြမလား ...။'

' ဟင် !!!!.'

ရိပေါ် သူ ပြောတာကို ဘာကို သဘောပေါက်သွားသည် မသိ မျက်လုံးတောင် အပြင်ထိ ပြူးထွက်လာတော့မယ့်အတိုင်းနဲ့ လန့် လာတဲ့ တစ်ယောက် ကို ကြည့်လိုက်ပြီး ...

' ဒီလိုလေ ... မင်း နဲ့ ကိုယ် က ခုမှ တွေ့ဖူးကြတာလေ။ အဲ့ဒါကြောင့် တစ်ယောက် အကြောင်း တစ်ယောက် ပိုသိအောင် အရင် မိတ်ဆက်သင့်တယ် မဟုတ်ဘူးလား ...။'

' ကောင်းတယ် ...။'

' မကောင်းဘူး ...။'

ရှောင်းကျန့် သူ ကာယကံရှင် က လက်မခံရသေးဘူး ..။ ကောင်းတယ် ဆိုပြီး ဝင်လှော်လာပြန်တဲ့ ယွီ့ကျင်း ကြောင့် မကောင်းဘူး လို့ ပြောပစ်လိုက်သည်။

' မင်း က ကိုယ့်ကို လက်မခံ နိုင်လို့လား ...။'

' ဟုတ်တယ် လို့ ပြောရင် ...။'

' ကိုယ်ကတော့ မင်း ကို လက်ခံနိုင်တယ်။'

ရှောင်းကျန့် သူက ဆုံးအောင်တောင် မပြောရသေးဘူး သူ့စကားကို ဖြတ်ပြောလာတဲ့ ဝမ်ရိပေါ် ကြောင့် နောက်က ယွီ့ကျင်း ကို လှည့်ကြည့်မိသွားသည်။ လှည့်ကြည့်တယ် ဆိုတာထက် "ဘယ်လို လုပ်မလဲ" ဆိုပြီး အချက်ပြတာပါ။

ယွီ့ကျင်း လည်း ဝမ်ရိပေါ် ဆီက ခုလို မြန်မြန်ကြီး ပြောလာမယ် မထင်တာကြောင့် တခဏတော့ ဘာဝင်ပြောရမှန်း မသိ ဖြစ်သွားသည်။

' ပြီးတော့ မင်း လည်း လူကြီးတွေရဲ့ စကားကို မပယ်ရှားဘူးလို့ ကိုယ် ခံစားလို့ ရနေတယ်။'

' ဒါဆို ကျနော် တို့က မချစ်ပဲ လက်ထပ် လိုက်ကြမလို့လား ...။'

ရိပေါ် သူ့ကို ခပ်ဆတ်ဆတ် လေး ပြန်ပြောလာတဲ့ ကောင်မလေးကြောင့် မတည် မပြုံး မျက်နှာ ဖြစ်သွားပြီး အနောက်ကို ကြည့်တယ်ဆိုရုံ တစ်ချက် စောင်းလိုက်ပြီး ...

' အဲ့ဒါကြောင့် မင်း နဲ့ ကိုယ် ရင်းနှီးမှု အရင် ယူသင့်တယ်လို့ ပြောနေတာပေါ့။ မင်း ကိုယ့်အကြောင်း မသိချင်ဘူးလား ...။'

ရှောင်းကျန့် သူ ယွီ့ကျင်း ဆီကို ထပ်စောင်းကြည့်တော့ လက်ခံ လိုက်ဆိုပြီး ခေါင်းဆတ်ပြလာတာ တွေ့တာကြောင့် ဘာမှ ပြန်မပြောပဲ နေ နေ လိုက်သည်။

' ဒါဆို ကိုယ် ပြောတာ မင်း လက်ခံ ပြီလို့ ယူဆ လိုက်တော့မယ်။ အဲ့ဒါကြောင့် အရှေ့မှာ ရောက်တော့မယ့် စားသောက်ဆိုင်မှာ နေ့လည်စာ စားရင်း စကားပြောကြတာပေါ့။'

~~~~~~~~~

သူတို့ ကား ရပ်သွားတော့ ရှောင်းကျန့် နဲ့ ယွီ့ကျင်း အရင် ဆင်းလိုက်သည်။

ကားပေါ်က ဆင်းတာနဲ့ ရှောင်းကျန့် သူ့ အနား ရပ်လာတဲ့ ယွီ့ကျင်းရဲ့ လက်ကို ရိုက်ပစ်လိုက်သည်။

' အ !!!! ဘာလို့ ရိုက်တာလဲ ...။'

ရှောင်းကျန့် သူ ရိုက်တာ ဖြေးဖြေးလေးကို အသံ အကျယ်ကြီး ထွက်ပြနေတဲ့ ယွီ့ကျင်း ကြောင့် ဟိုဘက်က ဝမ်ရိပေါ် များ ကြားသွားမလား ဆိုပြီး အမြန်ကြည့်ရင်း ယွီ့ကျင်း ကို သူ့ အနားကို ပိုကပ်အောင် ဆွဲလိုက်သည်။

' ဘာလို့ အသံ အကျယ်ကြီး ထွက်နေတာလဲ ...။ အခု ဘယ်လို လုပ်ကြမလဲ ...။ သူက မင်း ကို သဘောကျနေတာလား မသိဘူး။ အခုမှ မြင်ဖူးတာကို မင်း ကို လက်ခံ လို့ ရနေပြီ ဖြစ်ကုန်ပြီ။'

' ကဲ ... ဆွဲထားတာကို ဖယ်စမ်းပါ ...။'

ယွီ့ကျင်း ရှောင်းကျန့် လက်ထဲက ရုန်းထွက်လိုက်ပြီးမှ ဟိုဘက်ကို တစ်ချက် လှည့်ကြည့်ပြီး ဆက်ပြောလိုက်သည်။

' သဘောကျတယ် ဆိုရင်တောင် နင့် ကို သဘောကျတာလေ။ သူက ငါ့ကို မြင်တောင် မြင်ဖူးတာ မဟုတ်ဘူး။'

' ဘာပြောတယ် ...။'

ထိုစဉ် ...

' စကား ပြောလို့ ပြီးပြီဆိုရင် ဆိုင်ထဲ ဝင်ကြမယ်။'

' ဟုတ်ကဲ့ ...။ ပြီးပြီ ...။'

' မပြီးသေးဘူး ...။ ဝမ် သခင်လေးပဲ အရင် ဝင်နှင့် လိုက်ပါ။ ကျနော် တို့ ပြီးမှ လိုက်ဝင်ခဲ့မယ်။ ရတယ် မလား ...။'

' ကောင်းပြီ။'

ယွီ့ကျင်း ရှောင်းကျန့် သူ့ကို ထောင်းတော့မယ် ဆိုတာ သိတာကြောင့် ဝမ်ရိပေါ် နောက် လိုက်သွားဖို့ ပြင်သည်။

' နေအုံး !!!!.'

' အ ... ရှောင်း !!!။'

' အေး ... ဟုတ်တယ်။ ငါ က ရှောင်း ...။ မုယွီ့ကျင်း မဟုတ်ဘူး။ အခု ဘယ်လို လုပ်မလဲ ...။ သူသာ ငါ့ကို တကယ် သဘောကျပြီး လက်ထပ်ဖို့ မငြင်းရင် ဘယ်လို လုပ်မလဲ ...။ အဲ့ကျရင် မင်းပဲ သူ့ကို လက်ထပ် ရမှာနော် ...။ ဒါမှ မဟုတ် မင်း လည်း သူ့ကို လက်ခံနိုင်လို့လား ...။'

ယွီ့ကျင်း ဝမ်ရိပေါ် ရဲ့ ပုံစံ ကို ပြန်မြင်ယောင်လိုက်ပြီး ပုခုံး နှစ်ဖက်တွန့် လက် နှစ်ဖက်ပါ ခါပြလိုက်ရင်း ...

' မကျဘူး ...။ သူက ငါ သဘောကျတဲ့ ပုံစံ မဟုတ်ဘူး။ တကယ်တော့ ငါ့မှာ သဘောကျတဲ့ ယောကျာ်းလေး ပုံစံ မရှိဘူး။ ဒီတိုင်း လွတ်လွတ် လပ်လပ် ပဲ နေချင်သေးတယ်။'

ရှောင်းကျန့် ယွီ့ကျင်း ရဲ့ စကားကြောင့် စိတ်ပျက်စွာ ကြည့်ရင်း ...

' အဲ့ဒါဆိုလည်း မင်း အဖွား ကို နိုင်အောင် ပြောလိုက်ပါတော့လား ...။ ခုတော့ ကြားထဲက ငါက ဘယ် အပေါက်ကနေ ပြန်ထွက်ရတော့မှာလဲ ...။'

ယွီ့ကျင်း အဲ့တော့မှ ရှောင်းရဲ့ လက်မောင်းကို ပြန်လာဖက်တွယ်ပြီး ပါး အပ်ထားရင်း ...

' ရှောင်း ကလည်း ... နင်ပဲ သူ့ကို နင့်ကို မကြိုက်အောင် လုပ်မယ်ဆို ...။ နင် အားနေ ဇာတ်ကားတွေ ကြည့်နေတာပဲ အဲ့ထဲက နည်းလမ်း တစ်ခုခု ယူပြီး သုံးလိုက်ပေါ့ ...။'

ဆိုင်ထဲက ဝမ်ရိပေါ်ကလည်း ခုထိ မဝင်လာကြသေးတဲ့ နှစ်ယောက်ကြောင့် နာရီ ကြည့်လိုက် ဆိုင် အပြင်ကို ကြည့်လိုက် ဖြစ်နေသည်။

~~~~~~~~

ရှောင်းကျန့် နဲ့ ယွီ့ကျင်း ဆိုင်ထဲ ဝင်လာကြတော့ တံခါး နားမှာ စောင့်နေတဲ့ ဝန်ထမ်းက သူတို့ကို နေရာ ပြဖို့ ခေါ်လာတာကြောင့် လိုက်သွားမလို့ လုပ်တော့ ...

' ဟို ... ဒီက customer က တစ်ခြား ဝိုင်းမှာ ထိုင်ဖို့ ပြောထားပါတယ်။ ဒီက အစ်မလေးကပဲ ကျမ နောက် လိုက်ခဲ့ပါ။'

ရှောင်းကျန့် သူ နဲ့ ယွီ့ကျင်း ကို နေရာ ခွဲလိုက်တဲ့ ဝန်ထမ်း ကြောင့် ခြေလှမ်းကို ရပ်လိုက်ပြီး ...

' သူက ငါ နဲ့ လာတာလေ။ ဘာလို့ တစ်ခြားဝိုင်းမှာ ထိုင်ခိုင်းရမှာလဲ ...။'

ဝန်ထမ်းကောင်မလေး မျက်နှာ မကောင်း ဖြစ်သွားပြီး ...

' တောင်းပန်ပါတယ်ရှင် ...။ ကျမ ကို ခုန ဝင်လာတဲ့ အစ်ကိုလေးက ခုလိုပဲ ပြောခိုင်းထားလို့ပါ။'

ယွီ့ကျင်း ကောင်မလေးကို ကြည့်ပြီး ခေါင်းညိတ်ပြပြီးမှ ရှောင်း ကို ပြန်ကြည့်လိုက်ပြီး ...

' ရတယ် ရတယ်။ ငါ ဒီနားမှာပဲ ထိုင်လိုက်မယ်။ ကြိုက်တာ မှာ စားပြီး ဝမ်ရိပေါ် ကိုပဲ ရှင်းခိုင်းမှာမို့ မပူနဲ့။'

ရှောင်းကျန့် ယွီ့ကျင်း စကား ကြောင့် မျက်မှောင် ကုတ်လိုက်ပြီး ...

' သူ့ကို မရှင်းခိုင်းရမှာစိုးလို့ စိတ်ပူနေတာ မဟုတ်ဘူး။ ငါ တစ်ယောက်တည်း သူနဲ့ ဘယ်လို သွားထိုင်မလဲ ...။'

ယွီ့ကျင်း တစ်ခုခု ပြောမလို့ လုပ်နေတုန်း သူတို့ ရပ်နေတဲ့ နေရာကို တ ကြည့် ကြည့် ဖြစ်နေတဲ့ ဝမ်ရိပေါ် ကြောင့် ရှောင်း ကို အထဲ သွားဖို့ တွန်းလိုက်ပြီး ...

' ကဲ ... သွားတော့ ...။ ဟိုမှာ ... ဝမ်ရိပေါ်က နင် သာ အခု မသွားရင် နင့်ကို လာပြီး ချီ သွားမယ့် သဘော ရှိတယ်။'

' ဒီက အစ်မလေး ကျမ နောက် လိုက်ခဲ့ပါ။'

ရှောင်းကျန့် မသက်မသာနဲ့ပဲ ဝန်ထမ်း ကောင်မလေးနောက်ကိုသာ လိုက်လာခဲ့လိုက်ရသည်။

~~~~~~~~~~

ရိပေါ် ကောင်မလေး ရောက်လာတာနဲ့ မီနူး စာအုပ်ဆို ယူပြီး ရှေ့ကို ချပေးလိုက်သည်။

' မင်း ဘာကြိုက်တတ်တာလည်း မသိလို့ ကိုယ် ဘာမှ မမှာထားသေးဘူး။ မင်း ကြည့်ပြီး ကြိုက်တာ မှာပါ။'

ရှောင်းကျန့် သူ့ရှေ့ ရောက်လာတဲ့ မီနူးကို ဆွဲလည်း မယူ ကြည့်လည်း မကြည့်သေးပဲ မှုန်ကုပ်ပြီး ဝမ်ရိပေါ် ကို ကြည့်လိုက်ပြီး ...

' ကျနော့် သူငယ်ချင်းကို ဘာလို့ နေရာ ခွဲလိုက်တာလဲ ...။ ဝမ်သခင်လေးက အဆင့်အတန်း ခွဲတတ်တဲ့ လူ ဖြစ်နေမယ်လို့ မထင်ထားဘူး။'

' မင်း စားဖို့ အရင်မှာ ပါ ...။ ပြီးတော့ ကိုယ် အဆင့်တန်း ခွဲတာ မဟုတ်ဘူး။ ကိုယ်က မင်း အကြောင်းပဲ သိချင်တာ၊ ပြီးတော့ ကိုယ့်အကြောင်းကိုလည်း မင်းကိုပဲ သိစေချင်တာ ...။'

' ကျနော့် အကြောင်းက ဘာပြောစရာ ရှိမှာလဲ ...။'

စိတ်ထဲတွင်တော့ ...

*ကျနော်က ရေသူထီး လေ ...။* လို့ ပြောနေပါသည်။

' ကိုယ် မှ မသိသေးတာ ...။ ပြီးတော့ မင်းမှာ ချစ်သူ ရည်းစား မရှိဘူးဆို ...။ ဘာလို့ ကိုယ့်ကို လက်မခံချင်တာလဲ ...။'

' ဘာလို့ဆို ... ကျနော် တို့က မချစ်ကြဘူးလေ။ ကျနော်က အိမ်ထောင်ရေးကို အချစ်နဲ့ပဲ တည်ဆောက်ချင်တာ ...။'

' ဒါကတော့ ကိုယ်က အခု မင်းကို လက်ခံနိုင်တယ်လို့ ပြောပြီးပြီလေ။ အချစ်က တဖြေးဖြေး နဲ့ တည်ဆောက်ယူလို့ ရပါတယ်။ ပြီးတော့ ကိုယ်က သစ္စာမဲ့တဲ့ လုပ်ရပ် မလုပ်တတ်ဘူး။'

' ဝမ် သခင်လေးက ဘာလို့ တစ်ခါပဲ မြင်ရသေးတဲ့ လူကို ချက်ချင်း လက်ခံနိုင်သွားတာလဲ ...။ ပြီးတော့ ဝမ်သခင်လေးမှာ လက်ရှိ သဘောကျနေတဲ့ မိန်းကလေး ... ဒါမှ မဟုတ် ချစ်သူတွေ ဘာတွေ မရှိဘူးလား ...။'

' ကိုယ့်မှာ အဲ့လိုသာ ရှိနေရင် ဖိုးဖိုး ပြောကတည်းက ငြင်းလိုက်ပြီ။ ကိုယ် မလုပ်ချင်တဲ့ အရာ ကို ဘယ်သူမှ လာပြီး ဖိအား ပေးလို့ မရဘူး။ ပြီးတော့ ကိုယ် လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ အရာ ကိုလည်း ဖြစ်အောင် လုပ်တတ်တယ်။'

' ဒါဆို ဘယ်လို ဖြစ်ဖြစ် ကျနော် တို့က လက်ထပ် ရမှာပဲပေါ့။'

' ဒါက နှစ်ဖက် အသိုင်းအဝိုင်း အလိုရှိတဲ့ ကိစ္စပဲလေ။'

' အဟွန်း ...။'

ရှောင်းကျန့် ဝမ်ရိပေါ်ရဲ့ စကားကြောင့် နှုတ်ခမ်း မဲ့ပြီး တစ်ချက် အသံ ထွက်သွားရင်း ...

' ဒါဆို ဝမ် သခင်လေးရဲ့ အသိုင်းဝိုင်း က ကျနော့်ကို မလိုချင်အောင် လုပ်ရင် ရပြီမလား ...။'

ရိပေါ် ကောင်မလေးရဲ့ စကားကြောင့် ခြေတစ်ဖက် ချိတ်ထိုင်ရာကနေ ချ လိုက်ပြီး စားပွဲပေါ် လက်နှစ်ဖက် ထောက်တင်ရင်း ...

' မင်း က လက်ထပ် မှာကို အဲ့လောက်တောင် မလုပ်ချင်တာလား ...။'

' ဟုတ်တယ်။ ကျနော် လက်မထပ်ချင်ဘူး။ ပြီးတော့ ကျနော့် အသက်က ငယ်ငယ်လေးပဲ ရှိသေးတာ။ လွတ်လွတ် လပ်လပ် တောင် မနေရသေးဘူး။ အဲ့ဒါကြောင့် ကျနော့်ဘက်က လက်မထပ်ရဖို့ အရေး လုပ်ရမှာပဲ။'

' ကောင်းပြီလေ။ ဒါဆို မင်း ကို ၃ လ အချိန်ပေးမယ်။ မင်း ဝမ် အိမ်တော်က လူတွေ ရယ် ကိုယ့်ကိုယ် ရယ် မင်း ကို လက်မခံအောင် လုပ်နိုင်ရင် လက်ထပ်မယ့် ကိစ္စ မရှိလာစေရတော့ဘူး။'

' တကယ် ပြောတာနော် ...။ အဲ့ ၃ လ ပြီးရင် ဝမ် သခင်လေးဘက်က ငြင်းပေးမှာနော် ...။'

' အဲ့ဒါက မင်း ကိုယ့်ကို မင်း ကို လက်မခံနိုင်အောင် လုပ်နိုင်တဲ့ အကြောင်း ခိုင်လုံမှ လေ။'

ရှောင်းကျန့် ခေါင်း တစ်ချက်ကို သူ့ဘက်က နိုင်မှာ ဆိုတဲ့ ၁၀၁% ရာခိုင်နှုန်း သေချာတဲ့ စိတ်နဲ့ ညိတ်ပြလိုက်ပြီး မျက်ဝန်းထဲမှာလည်း သူ ကြည့်ထားတဲ့ ဇာတ်ကားထဲက ဇာတ်ကွက်တွေရဲ့ ပုံရိပ်တွေ မြင်လာပါသည်။

ဝမ်ရိပေါ် နဲ့ ရှောင်းကျန့် တို့ဝိုင်းမှာကတော့ တကယ်ပဲ တစ်ယောက် အကြောင်း တစ်ယောက် သိဖို့လို့ ပြောထားသလိုပဲ အစားအသောက်ကို ဦးစားမပေးတာကြောင့် ဘာမှ မမှာ ရသေးပေမယ့် ...

မုယွီ့ကျင်း ရဲ့ တစ်ယောက်တည်း ထိုင်နေတဲ့ ဝိုင်းမှာတော့ ဘာတွေမှန်း မသိ၊ ပန်းကန် ကြီး ၊ သေး တွေနဲ့ ဟင်းတွေ စုံနေပါတော့သည်။ မသိတဲ့ လူသာ မြင်သွားရင် ဒီတစ်ယောက် ဘယ်ကတည်းက ငတ် လာတာလဲ ဆိုပြီး တွေးမိမှာ ဧကန် မလွှဲပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.09 ( Mon ) ဒီနေ့ တိုသွားတယ်။ မနက်ဖြန် အားမှာ မဟုတ်လို့ပါ။

Zawgyi

လမ္းမ ေပၚ သြားေနတဲ့ ကား တစ္စီးထဲတြင္ ကား ထဲက air con ေအး ေနသေလာက္ အၤက်ီ ၾကားထဲမွာေတာင္ ေခြၽးေတြ စိမ့္ေနၾကတဲ့ လူ ႏွစ္ေယာက္ ရွိတယ္။

အေနာက္ခန္းမွာ ထိုင္ေနတဲ့ ယြီ႕က်င္းက ေခြၽးထြက္တာကို ရွာႀကံ သုတ္လို႔ ရေပမယ့္ အေရွ႕ ေခါင္းခန္းမွာ ထိုင္ေနရတဲ့ ေရွာင္းက်န္႔ ကေတာ့ ေခြၽးေတြ သုတ္ဖို႔ ေန ေန သာသာ မ်က္ႏွာေတာင္ မလွည့္ရဲပါ။ အရမ္း မ်က္ႏွာတည္ေနတဲ့ ဝမ္ရိေပၚ ဆိုတဲ့ လူ နဲ႔ မ်က္လုံးခ်င္း ဆုံမိမွာ စိုးလို႔ပင္။

ရိေပၚ ကား ရဲ႕ air con ကို ထပ္တိုးလိုက္ၿပီး ဒက္ရွ္ဘုတ္ေပၚက သူ႔ဘက္ကို ေရာက္ေနတဲ့ သစ္ရွဴးေဘာက္စ္ ကို အနည္းငယ္ တြန္းပို႔ေပးလိုက္သည္။

' သက္ေတာင့္ သက္သာ ေနပါ။ မင္း နဲ႔ ကိုယ္ လက္ထပ္ၾကရမယ္ ဆိုေပမယ့္ ကိုယ္တို႔က တစ္ေယာက္ အေၾကာင္း တစ္ေယာက္ မသိေသးဘူးေလ။ ၿပီးေတာ့ ကိုယ့္ကိုယ္လည္း ေၾကာက္စရာ မလိုဘူး။'

ေရွာင္းက်န္႔ သူ႔ကို ၾကည့္ၿပီး ေျပာလာတယ္ဆိုတာ လွည့္မၾကည့္လည္း မ်က္လုံးေတာင့္ ကေန ျမင္ေနရတာေၾကာင့္ ေခါင္း ညိတ္ျပၿပီး သစ္ရွဴး စ ကို ဆြဲထုတ္ၿပီး မ်က္ႏွာကိုေရာ လည္ပင္းေတြပါ ပြတ္သုတ္ပစ္လိုက္သည္။

ထိုစဥ္ အေနာက္က တစ္ေယာက္ရဲ႕ အသံ ထြက္လာသည္။

' ဟို ... မမေလး က တစ္ခါမွ ရည္းစား မထားဖူးေသးပဲ ခုလို ျမန္ျမန္ လက္ထပ္ ရမယ္ ဆိုေတာ့ ရွက္ ေနတာ။ ေၾကာက္တာေတာ့ မေၾကာက္ေလာက္ပါဘူး။'

ေရွာင္းက်န္႔ သူ႔ကို ယြီ႕က်င္း က မမေလး တစ္ခါ ေခၚတိုင္း ၾကက္သီးေတြ ထ ထ လာတယ္။ အခုလည္း သူ ကိုယ္တိုင္ မခံစားရေတာ့ သူမ်ားကို ေခ်ာက္ထဲ တြန္းပို႔ေနျပန္ၿပီ။

' ဒါဆို အိမ္ေတာ္ မသြားခင္ မင္း နဲ႔ ကိုယ္ အရင္ ရင္းႏွီးမႈ ယူၾကမလား ...။'

' ဟင္ !!!!.'

ရိေပၚ သူ ေျပာတာကို ဘာကို သေဘာေပါက္သြားသည္ မသိ မ်က္လုံးေတာင္ အျပင္ထိ ျပဴးထြက္လာေတာ့မယ့္အတိုင္းနဲ႔ လန္႔ လာတဲ့ တစ္ေယာက္ ကို ၾကည့္လိုက္ၿပီး ...

' ဒီလိုေလ ... မင္း နဲ႔ ကိုယ္ က ခုမွ ေတြ႕ဖူးၾကတာေလ။ အဲ့ဒါေၾကာင့္ တစ္ေယာက္ အေၾကာင္း တစ္ေယာက္ ပိုသိေအာင္ အရင္ မိတ္ဆက္သင့္တယ္ မဟုတ္ဘူးလား ...။'

' ေကာင္းတယ္ ...။'

' မေကာင္းဘူး ...။'

ေရွာင္းက်န္႔ သူ ကာယကံရွင္ က လက္မခံရေသးဘူး ..။ ေကာင္းတယ္ ဆိုၿပီး ဝင္ေလွာ္လာျပန္တဲ့ ယြီ႕က်င္း ေၾကာင့္ မေကာင္းဘူး လို႔ ေျပာပစ္လိုက္သည္။

' မင္း က ကိုယ့္ကို လက္မခံ ႏိုင္လို႔လား ...။'

' ဟုတ္တယ္ လို႔ ေျပာရင္ ...။'

' ကိုယ္ကေတာ့ မင္း ကို လက္ခံႏိုင္တယ္။'

ေရွာင္းက်န္႔ သူက ဆုံးေအာင္ေတာင္ မေျပာရေသးဘူး သူ႔စကားကို ျဖတ္ေျပာလာတဲ့ ဝမ္ရိေပၚ ေၾကာင့္ ေနာက္က ယြီ႕က်င္း ကို လွည့္ၾကည့္မိသြားသည္။ လွည့္ၾကည့္တယ္ ဆိုတာထက္ "ဘယ္လို လုပ္မလဲ" ဆိုၿပီး အခ်က္ျပတာပါ။

ယြီ႕က်င္း လည္း ဝမ္ရိေပၚ ဆီက ခုလို ျမန္ျမန္ႀကီး ေျပာလာမယ္ မထင္တာေၾကာင့္ တခဏေတာ့ ဘာဝင္ေျပာရမွန္း မသိ ျဖစ္သြားသည္။

' ၿပီးေတာ့ မင္း လည္း လူႀကီးေတြရဲ႕ စကားကို မပယ္ရွားဘူးလို႔ ကိုယ္ ခံစားလို႔ ရေနတယ္။'

' ဒါဆို က်ေနာ္ တို႔က မခ်စ္ပဲ လက္ထပ္ လိုက္ၾကမလို႔လား ...။'

ရိေပၚ သူ႔ကို ခပ္ဆတ္ဆတ္ ေလး ျပန္ေျပာလာတဲ့ ေကာင္မေလးေၾကာင့္ မတည္ မၿပဳံး မ်က္ႏွာ ျဖစ္သြားၿပီး အေနာက္ကို ၾကည့္တယ္ဆို႐ုံ တစ္ခ်က္ ေစာင္းလိုက္ၿပီး ...

' အဲ့ဒါေၾကာင့္ မင္း နဲ႔ ကိုယ္ ရင္းႏွီးမႈ အရင္ ယူသင့္တယ္လို႔ ေျပာေနတာေပါ့။ မင္း ကိုယ့္အေၾကာင္း မသိခ်င္ဘူးလား ...။'

ေရွာင္းက်န္႔ သူ ယြီ႕က်င္း ဆီကို ထပ္ေစာင္းၾကည့္ေတာ့ လက္ခံ လိုက္ဆိုၿပီး ေခါင္းဆတ္ျပလာတာ ေတြ႕တာေၾကာင့္ ဘာမွ ျပန္မေျပာပဲ ေန ေန လိုက္သည္။

' ဒါဆို ကိုယ္ ေျပာတာ မင္း လက္ခံ ၿပီလို႔ ယူဆ လိုက္ေတာ့မယ္။ အဲ့ဒါေၾကာင့္ အေရွ႕မွာ ေရာက္ေတာ့မယ့္ စားေသာက္ဆိုင္မွာ ေန႔လည္စာ စားရင္း စကားေျပာၾကတာေပါ့။'

~~~~~~~~~

သူတို႔ ကား ရပ္သြားေတာ့ ေရွာင္းက်န္႔ နဲ႔ ယြီ႕က်င္း အရင္ ဆင္းလိုက္သည္။

ကားေပၚက ဆင္းတာနဲ႔ ေရွာင္းက်န္႔ သူ႔ အနား ရပ္လာတဲ့ ယြီ႕က်င္းရဲ႕ လက္ကို ႐ိုက္ပစ္လိုက္သည္။

' အ !!!! ဘာလို႔ ႐ိုက္တာလဲ ...။'

ေရွာင္းက်န္႔ သူ ႐ိုက္တာ ေျဖးေျဖးေလးကို အသံ အက်ယ္ႀကီး ထြက္ျပေနတဲ့ ယြီ႕က်င္း ေၾကာင့္ ဟိုဘက္က ဝမ္ရိေပၚ မ်ား ၾကားသြားမလား ဆိုၿပီး အျမန္ၾကည့္ရင္း ယြီ႕က်င္း ကို သူ႔ အနားကို ပိုကပ္ေအာင္ ဆြဲလိုက္သည္။

' ဘာလို႔ အသံ အက်ယ္ႀကီး ထြက္ေနတာလဲ ...။ အခု ဘယ္လို လုပ္ၾကမလဲ ...။ သူက မင္း ကို သေဘာက်ေနတာလား မသိဘူး။ အခုမွ ျမင္ဖူးတာကို မင္း ကို လက္ခံ လို႔ ရေနၿပီ ျဖစ္ကုန္ၿပီ။'

' ကဲ ... ဆြဲထားတာကို ဖယ္စမ္းပါ ...။'

ယြီ႕က်င္း ေရွာင္းက်န္႔ လက္ထဲက ႐ုန္းထြက္လိုက္ၿပီးမွ ဟိုဘက္ကို တစ္ခ်က္ လွည့္ၾကည့္ၿပီး ဆက္ေျပာလိုက္သည္။

' သေဘာက်တယ္ ဆိုရင္ေတာင္ နင့္ ကို သေဘာက်တာေလ။ သူက ငါ့ကို ျမင္ေတာင္ ျမင္ဖူးတာ မဟုတ္ဘူး။'

' ဘာေျပာတယ္ ...။'

ထိုစဥ္ ...

' စကား ေျပာလို႔ ၿပီးၿပီဆိုရင္ ဆိုင္ထဲ ဝင္ၾကမယ္။'

' ဟုတ္ကဲ့ ...။ ၿပီးၿပီ ...။'

' မၿပီးေသးဘူး ...။ ဝမ္ သခင္ေလးပဲ အရင္ ဝင္ႏွင့္ လိုက္ပါ။ က်ေနာ္ တို႔ ၿပီးမွ လိုက္ဝင္ခဲ့မယ္။ ရတယ္ မလား ...။'

' ေကာင္းၿပီ။'

ယြီ႕က်င္း ေရွာင္းက်န္႔ သူ႔ကို ေထာင္းေတာ့မယ္ ဆိုတာ သိတာေၾကာင့္ ဝမ္ရိေပၚ ေနာက္ လိုက္သြားဖို႔ ျပင္သည္။

' ေနအုံး !!!!.'

' အ ... ေရွာင္း !!!။'

' ေအး ... ဟုတ္တယ္။ ငါ က ေရွာင္း ...။ မုယြီ႕က်င္း မဟုတ္ဘူး။ အခု ဘယ္လို လုပ္မလဲ ...။ သူသာ ငါ့ကို တကယ္ သေဘာက်ၿပီး လက္ထပ္ဖို႔ မျငင္းရင္ ဘယ္လို လုပ္မလဲ ...။ အဲ့က်ရင္ မင္းပဲ သူ႔ကို လက္ထပ္ ရမွာေနာ္ ...။ ဒါမွ မဟုတ္ မင္း လည္း သူ႔ကို လက္ခံႏိုင္လို႔လား ...။'

ယြီ႕က်င္း ဝမ္ရိေပၚ ရဲ႕ ပုံစံ ကို ျပန္ျမင္ေယာင္လိုက္ၿပီး ပုခုံး ႏွစ္ဖက္တြန္႔ လက္ ႏွစ္ဖက္ပါ ခါျပလိုက္ရင္း ...

' မက်ဘူး ...။ သူက ငါ သေဘာက်တဲ့ ပုံစံ မဟုတ္ဘူး။ တကယ္ေတာ့ ငါ့မွာ သေဘာက်တဲ့ ေယာက်ာ္းေလး ပုံစံ မရွိဘူး။ ဒီတိုင္း လြတ္လြတ္ လပ္လပ္ ပဲ ေနခ်င္ေသးတယ္။'

ေရွာင္းက်န္႔ ယြီ႕က်င္း ရဲ႕ စကားေၾကာင့္ စိတ္ပ်က္စြာ ၾကည့္ရင္း ...

' အဲ့ဒါဆိုလည္း မင္း အဖြား ကို ႏိုင္ေအာင္ ေျပာလိုက္ပါေတာ့လား ...။ ခုေတာ့ ၾကားထဲက ငါက ဘယ္ အေပါက္ကေန ျပန္ထြက္ရေတာ့မွာလဲ ...။'

ယြီ႕က်င္း အဲ့ေတာ့မွ ေရွာင္းရဲ႕ လက္ေမာင္းကို ျပန္လာဖက္တြယ္ၿပီး ပါး အပ္ထားရင္း ...

' ေရွာင္း ကလည္း ... နင္ပဲ သူ႔ကို နင့္ကို မႀကိဳက္ေအာင္ လုပ္မယ္ဆို ...။ နင္ အားေန ဇာတ္ကားေတြ ၾကည့္ေနတာပဲ အဲ့ထဲက နည္းလမ္း တစ္ခုခု ယူၿပီး သုံးလိုက္ေပါ့ ...။'

ဆိုင္ထဲက ဝမ္ရိေပၚကလည္း ခုထိ မဝင္လာၾကေသးတဲ့ ႏွစ္ေယာက္ေၾကာင့္ နာရီ ၾကည့္လိုက္ ဆိုင္ အျပင္ကို ၾကည့္လိုက္ ျဖစ္ေနသည္။

~~~~~~~~

ေရွာင္းက်န္႔ နဲ႔ ယြီ႕က်င္း ဆိုင္ထဲ ဝင္လာၾကေတာ့ တံခါး နားမွာ ေစာင့္ေနတဲ့ ဝန္ထမ္းက သူတို႔ကို ေနရာ ျပဖို႔ ေခၚလာတာေၾကာင့္ လိုက္သြားမလို႔ လုပ္ေတာ့ ...

' ဟို ... ဒီက customer က တစ္ျခား ဝိုင္းမွာ ထိုင္ဖို႔ ေျပာထားပါတယ္။ ဒီက အစ္မေလးကပဲ က်မ ေနာက္ လိုက္ခဲ့ပါ။'

ေရွာင္းက်န္႔ သူ နဲ႔ ယြီ႕က်င္း ကို ေနရာ ခြဲလိုက္တဲ့ ဝန္ထမ္း ေၾကာင့္ ေျခလွမ္းကို ရပ္လိုက္ၿပီး ...

' သူက ငါ နဲ႔ လာတာေလ။ ဘာလို႔ တစ္ျခားဝိုင္းမွာ ထိုင္ခိုင္းရမွာလဲ ...။'

ဝန္ထမ္းေကာင္မေလး မ်က္ႏွာ မေကာင္း ျဖစ္သြားၿပီး ...

' ေတာင္းပန္ပါတယ္ရွင္ ...။ က်မ ကို ခုန ဝင္လာတဲ့ အစ္ကိုေလးက ခုလိုပဲ ေျပာခိုင္းထားလို႔ပါ။'

ယြီ႕က်င္း ေကာင္မေလးကို ၾကည့္ၿပီး ေခါင္းညိတ္ျပၿပီးမွ ေရွာင္း ကို ျပန္ၾကည့္လိုက္ၿပီး ...

' ရတယ္ ရတယ္။ ငါ ဒီနားမွာပဲ ထိုင္လိုက္မယ္။ ႀကိဳက္တာ မွာ စားၿပီး ဝမ္ရိေပၚ ကိုပဲ ရွင္းခိုင္းမွာမို႔ မပူနဲ႔။'

ေရွာင္းက်န္႔ ယြီ႕က်င္း စကား ေၾကာင့္ မ်က္ေမွာင္ ကုတ္လိုက္ၿပီး ...

' သူ႔ကို မရွင္းခိုင္းရမွာစိုးလို႔ စိတ္ပူေနတာ မဟုတ္ဘူး။ ငါ တစ္ေယာက္တည္း သူနဲ႔ ဘယ္လို သြားထိုင္မလဲ ...။'

ယြီ႕က်င္း တစ္ခုခု ေျပာမလို႔ လုပ္ေနတုန္း သူတို႔ ရပ္ေနတဲ့ ေနရာကို တ ၾကည့္ ၾကည့္ ျဖစ္ေနတဲ့ ဝမ္ရိေပၚ ေၾကာင့္ ေရွာင္း ကို အထဲ သြားဖို႔ တြန္းလိုက္ၿပီး ...

' ကဲ ... သြားေတာ့ ...။ ဟိုမွာ ... ဝမ္ရိေပၚက နင္ သာ အခု မသြားရင္ နင့္ကို လာၿပီး ခ်ီ သြားမယ့္ သေဘာ ရွိတယ္။'

' ဒီက အစ္မေလး က်မ ေနာက္ လိုက္ခဲ့ပါ။'

ေရွာင္းက်န္႔ မသက္မသာနဲ႔ပဲ ဝန္ထမ္း ေကာင္မေလးေနာက္ကိုသာ လိုက္လာခဲ့လိုက္ရသည္။

~~~~~~~~~~

ရိေပၚ ေကာင္မေလး ေရာက္လာတာနဲ႔ မီႏူး စာအုပ္ဆို ယူၿပီး ေရွ႕ကို ခ်ေပးလိုက္သည္။

' မင္း ဘာႀကိဳက္တတ္တာလည္း မသိလို႔ ကိုယ္ ဘာမွ မမွာထားေသးဘူး။ မင္း ၾကည့္ၿပီး ႀကိဳက္တာ မွာပါ။'

ေရွာင္းက်န္႔ သူ႔ေရွ႕ ေရာက္လာတဲ့ မီႏူးကို ဆြဲလည္း မယူ ၾကည့္လည္း မၾကည့္ေသးပဲ မႈန္ကုပ္ၿပီး ဝမ္ရိေပၚ ကို ၾကည့္လိုက္ၿပီး ...

' က်ေနာ့္ သူငယ္ခ်င္းကို ဘာလို႔ ေနရာ ခြဲလိုက္တာလဲ ...။ ဝမ္သခင္ေလးက အဆင့္အတန္း ခြဲတတ္တဲ့ လူ ျဖစ္ေနမယ္လို႔ မထင္ထားဘူး။'

' မင္း စားဖို႔ အရင္မွာ ပါ ...။ ၿပီးေတာ့ ကိုယ္ အဆင့္တန္း ခြဲတာ မဟုတ္ဘူး။ ကိုယ္က မင္း အေၾကာင္းပဲ သိခ်င္တာ၊ ၿပီးေတာ့ ကိုယ့္အေၾကာင္းကိုလည္း မင္းကိုပဲ သိေစခ်င္တာ ...။'

' က်ေနာ့္ အေၾကာင္းက ဘာေျပာစရာ ရွိမွာလဲ ...။'

စိတ္ထဲတြင္ေတာ့ ...

*က်ေနာ္က ေရသူထီး ေလ ...။* လို႔ ေျပာေနပါသည္။

' ကိုယ္ မွ မသိေသးတာ ...။ ၿပီးေတာ့ မင္းမွာ ခ်စ္သူ ရည္းစား မရွိဘူးဆို ...။ ဘာလို႔ ကိုယ့္ကို လက္မခံခ်င္တာလဲ ...။'

' ဘာလို႔ဆို ... က်ေနာ္ တို႔က မခ်စ္ၾကဘူးေလ။ က်ေနာ္က အိမ္ေထာင္ေရးကို အခ်စ္နဲ႔ပဲ တည္ေဆာက္ခ်င္တာ ...။'

' ဒါကေတာ့ ကိုယ္က အခု မင္းကို လက္ခံႏိုင္တယ္လို႔ ေျပာၿပီးၿပီေလ။ အခ်စ္က တေျဖးေျဖး နဲ႔ တည္ေဆာက္ယူလို႔ ရပါတယ္။ ၿပီးေတာ့ ကိုယ္က သစၥာမဲ့တဲ့ လုပ္ရပ္ မလုပ္တတ္ဘူး။'

' ဝမ္ သခင္ေလးက ဘာလို႔ တစ္ခါပဲ ျမင္ရေသးတဲ့ လူကို ခ်က္ခ်င္း လက္ခံႏိုင္သြားတာလဲ ...။ ၿပီးေတာ့ ဝမ္သခင္ေလးမွာ လက္ရွိ သေဘာက်ေနတဲ့ မိန္းကေလး ... ဒါမွ မဟုတ္ ခ်စ္သူေတြ ဘာေတြ မရွိဘူးလား ...။'

' ကိုယ့္မွာ အဲ့လိုသာ ရွိေနရင္ ဖိုးဖိုး ေျပာကတည္းက ျငင္းလိုက္ၿပီ။ ကိုယ္ မလုပ္ခ်င္တဲ့ အရာ ကို ဘယ္သူမွ လာၿပီး ဖိအား ေပးလို႔ မရဘူး။ ၿပီးေတာ့ ကိုယ္ လုပ္မယ္လို႔ ဆုံးျဖတ္ထားတဲ့ အရာ ကိုလည္း ျဖစ္ေအာင္ လုပ္တတ္တယ္။'

' ဒါဆို ဘယ္လို ျဖစ္ျဖစ္ က်ေနာ္ တို႔က လက္ထပ္ ရမွာပဲေပါ့။'

' ဒါက ႏွစ္ဖက္ အသိုင္းအဝိုင္း အလိုရွိတဲ့ ကိစၥပဲေလ။'

' အဟြန္း ...။'

ေရွာင္းက်န္႔ ဝမ္ရိေပၚရဲ႕ စကားေၾကာင့္ ႏႈတ္ခမ္း မဲ့ၿပီး တစ္ခ်က္ အသံ ထြက္သြားရင္း ...

' ဒါဆို ဝမ္ သခင္ေလးရဲ႕ အသိုင္းဝိုင္း က က်ေနာ့္ကို မလိုခ်င္ေအာင္ လုပ္ရင္ ရၿပီမလား ...။'

ရိေပၚ ေကာင္မေလးရဲ႕ စကားေၾကာင့္ ေျခတစ္ဖက္ ခ်ိတ္ထိုင္ရာကေန ခ် လိုက္ၿပီး စားပြဲေပၚ လက္ႏွစ္ဖက္ ေထာက္တင္ရင္း ...

' မင္း က လက္ထပ္ မွာကို အဲ့ေလာက္ေတာင္ မလုပ္ခ်င္တာလား ...။'

' ဟုတ္တယ္။ က်ေနာ္ လက္မထပ္ခ်င္ဘူး။ ၿပီးေတာ့ က်ေနာ့္ အသက္က ငယ္ငယ္ေလးပဲ ရွိေသးတာ။ လြတ္လြတ္ လပ္လပ္ ေတာင္ မေနရေသးဘူး။ အဲ့ဒါေၾကာင့္ က်ေနာ့္ဘက္က လက္မထပ္ရဖို႔ အေရး လုပ္ရမွာပဲ။'

' ေကာင္းၿပီေလ။ ဒါဆို မင္း ကို ၃ လ အခ်ိန္ေပးမယ္။ မင္း ဝမ္ အိမ္ေတာ္က လူေတြ ရယ္ ကိုယ့္ကိုယ္ ရယ္ မင္း ကို လက္မခံေအာင္ လုပ္ႏိုင္ရင္ လက္ထပ္မယ့္ ကိစၥ မရွိလာေစရေတာ့ဘူး။'

' တကယ္ ေျပာတာေနာ္ ...။ အဲ့ ၃ လ ၿပီးရင္ ဝမ္ သခင္ေလးဘက္က ျငင္းေပးမွာေနာ္ ...။'

' အဲ့ဒါက မင္း ကိုယ့္ကို မင္း ကို လက္မခံႏိုင္ေအာင္ လုပ္ႏိုင္တဲ့ အေၾကာင္း ခိုင္လုံမွ ေလ။'

ေရွာင္းက်န္႔ ေခါင္း တစ္ခ်က္ကို သူ႔ဘက္က ႏိုင္မွာ ဆိုတဲ့ ၁၀၁% ရာခိုင္ႏႈန္း ေသခ်ာတဲ့ စိတ္နဲ႔ ညိတ္ျပလိုက္ၿပီး မ်က္ဝန္းထဲမွာလည္း သူ ၾကည့္ထားတဲ့ ဇာတ္ကားထဲက ဇာတ္ကြက္ေတြရဲ႕ ပုံရိပ္ေတြ ျမင္လာပါသည္။

ဝမ္ရိေပၚ နဲ႔ ေရွာင္းက်န္႔ တို႔ဝိုင္းမွာကေတာ့ တကယ္ပဲ တစ္ေယာက္ အေၾကာင္း တစ္ေယာက္ သိဖို႔လို႔ ေျပာထားသလိုပဲ အစားအေသာက္ကို ဦးစားမေပးတာေၾကာင့္ ဘာမွ မမွာ ရေသးေပမယ့္ ...

မုယြီ႕က်င္း ရဲ႕ တစ္ေယာက္တည္း ထိုင္ေနတဲ့ ဝိုင္းမွာေတာ့ ဘာေတြမွန္း မသိ၊ ပန္းကန္ ႀကီး ၊ ေသး ေတြနဲ႔ ဟင္းေတြ စုံေနပါေတာ့သည္။ မသိတဲ့ လူသာ ျမင္သြားရင္ ဒီတစ္ေယာက္ ဘယ္ကတည္းက ငတ္ လာတာလဲ ဆိုၿပီး ေတြးမိမွာ ဧကန္ မလႊဲပဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
2023.10.09 ( Mon ) ဒီေန႔ တိုသြားတယ္။ မနက္ျဖန္ အားမွာ မဟုတ္လို႔ပါ။

המשך קריאה

You'll Also Like

889 58 10
နှစ်ပေါင်းများစွာ ကြာလာသော်လည်း ချစ်ရသူအား ယနေ့ထိမနေ့နိုင်သော ဝမ်ဧကရာဇ်ဝမ်ရိပေါ်ခေါ် ဖီးနတ်တို့၏အရှင် လန်ကျန့် ချစ်ရသူအားကယ်တင်ဖို့ သေမင်းနှင့်စစ်ခင်...
7.4K 236 35
When you get transported into your favorite anime the last thing you expected was to end up being a weapon of the port mafia aswell as gaining the at...
54.1K 466 33
Dear Fellow Readers , this is love.