《 机械师 》The Mechanic Drive Fol...

By remedy_1782

2.2K 116 5

Action Romance Sci-fic Yaio More

Description
ပျောက်ဆုံးနိဗ္ဗာန်ဘုံ အပိုင်း(1.1)
ပျောက်ဆုံးနိဗ္ဗာန်ဘုံ အပိုင်း(1.2)
ပျောက်ဆုံးနိဗ္ဗာန်ဘုံ အပိုင်း(1.3) End
ပျောက်ဆုံးနိဗ္ဗာန်ဘုံ အပိုင်း (2.1)
Not update ♡

ပျောက်ဆုံးနိဗ္ဗာန်ဘုံ အပိုင်း(2.2)

87 9 0
By remedy_1782

အဲ့ဒီနောက် AIဟာ အစိုးရပိုင်းအထိပါ စိမ့်ဝင်လာခဲ့တယ်။ ကြီးမားတဲ့ကော်ပိုရေးရှင်းလုပ်ငန်းတွေနဲ့ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းက မှောင်ခိုစျေးကွက်တွေအထိပါ ပါဝင်လာတယ်။ ပြီးတဲ့နောက် ကမ္ဘာ့စျေးကွက်စီးပွားရေးကို ယခင်ကထက်နှစ်ဆတိုးပြီး စတင်ထိန်းချုပ်လာခဲ့တယ်။ သူ့ကိုယ်သူလည်းဖုံးကွယ်မထားခဲ့သလို လူသားမျိုးနွယ်အတွက်ကောင်းကျိုးဖြစ်ထွန်းစေနိုင်တဲ့ စူပါကွန်ပြူတာအဖြစ် မီဒီယာတွေဆီမှာ မကြာခဏဆိုသလို ပေါ်ထွက်လာခဲ့တယ်။ သူ့ရဲ့စွမ်းရည်အများစုကို ဘယ်လောက်ပဲ ဖုံးကွယ်နေပါစေ မျိုးရိုးဗီဇဆိုင်ရာနည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တာမျိုး ၊ သံသယရှိတဲ့ရာဇဝတ်သားတွေကို လျင်လျင်မြန်မြန်နဲ့ ရဲတွေ ခြေရာခံနိုင်အောင် ကူညီတာမျိုးတွေ ၊ AI အိမ်တော်ထိန်းအဖြစ် လူတိုင်းရဲ့အိမ်တွေကို ပျံ့နှံ့စိမ့်ဝင်တာမျိုးတွေလို ဘေးရန်ကင်းတဲ့ 'စူပါပါဝါ'အချို့ကိုပဲ မကြာခဏ ထုတ်ဖော်ပြတယ်။ အဲ့တာက မျှော်လင့်ခဲ့တယ် လူသားတွေရဲ့ဘဝက ပိုပြီး အောင်မြင်ချမ်းသာ တည်ငြိမ်လာပြီးတဲ့နောက် အများပြည်သူပိုင်ဆိုင်မှုကိုပဲ ပိုမှီခိုလာပြီး မိသားစုဘဝကို တစ်ဖြည်းဖြည်းနဲ့ တိုက်စားလာလိမ့်မယ်။ ဒါတွေက ဘာလို့လဲဆိုတော့ ယောက်ျားတွေရဲ့ မိန်းမတွေအပေါ် အထူးအခွင့်အရေးက သီးသန့်ကိုယ်ပိုင် ပိုင်ဆိုင်မှုနဲ့ ပုဂ္ဂိုလ်ရေးအရည်အသွေးတွေကြောင့်ဆိုတဲ့ သမိုင်းမှတ်တမ်းတွေနဲ့ မရေမတွက်နိုင်တဲ့ စာအုပ်တွေကနေ သုသေသနပြုလုပ်ပြီး အနှစ်ချုပ်ထားတဲ့အတွက်ကြောင့်ပဲ။

လူအနည်းစုကပဲ သူ့ရဲ့တည်ရှိမှုကို သတိပြုခဲ့ပေမယ့် လူအများစုကတော့ Edenက ယူဆောင်လာပေးတဲ့ သက်တောင့်သက်သာရှိမှုထဲမှာ နှစ်မြုပ်နေကြတယ်။ ကလေးတွေကလည်း ဒီအပေါ်မှာ သန်မာလွန်းတဲ့ မှီခိုမှုရှိခဲ့တယ်။ အဆုံးမှာတော့, မိဘတွေ အလုပ်ရှုပ်နေတဲ့အချိန်မှာ ကလေးတွေရဲ့ တစ်ခုတည်းသော အဖော်မွန်က အိမ်တော်ထိန်း Edenပဲ။

ဒီအခွင့်အရေးကို အသုံးချပြီး Edenက ပိုပိုပြီး များပြားတဲ့ကလေးတွေဆီမှာ တစ်ဖြည်းဖြည်းချင်း စိမ့်ဝင်လာခဲ့တယ်။ ကမ္ဘာပေါ်က ကံဆိုးမှုအများစုရဲ့ မူလအနေအထားကို ပျက်ပြားစေတဲ့"အချက်" က လူသားယောက်ျားတွေရဲ့ရှင်သန်လိုတဲ့ ဗီဇလက္ခဏာကြောင့်ပဲ။ ရှေးတုန်းကအချိန်တွေမှာ ဒီဗီဇစရိုက်က လူသားတွေအတွက် မျိုးပွားဖို့နဲ့ သေဆုံးခြင်းကနေကာကွယ်ဖို့ အကျိုးဖြစ်ထွန်းစေခဲ့တယ်။ ဒါပေမယ့် ခေတ်မှီပြီးတိုးတက်ပြောင်းလဲလာတဲ့လူ့အဖွဲ့အစည်းမှာတော့ ဒီစရိုက်လက္ခဏာတွေက သင့်တော်မှု မရှိတော့ဘဲ မကြာခင်မှာပဲ လူလုပ်ဆင့်ကဲဖြစ်စဥ်ရဲ့ ထုတ်ပယ်မှုကို ခံရနိုင်တယ်။ အမျိုးသားတွေက သူတို့ရဲ့ မျိုးရိုးဗီဇသာလွန်မှုကို မှီခိုပြီး အမျိုးသမီးတွေအပေါ် နှစ်ထောင်ပေါင်းများစွာ ကျွန်ပြုခဲ့ကြတယ်။ သိပ်မကြာသေးမီ ဆယ်စုနှစ်တွေကမှ
ကမ္ဘာကြီးရဲ့ တစ်ချို့နေရာတွေမှာ စတင်တိုးတက်လာခဲ့ကြတယ်။ ဒါပေမယ့်လည်း ပရမ်းပတာအဖြစ်ဆုံးနဲ့ ရှေးရိုးစွဲမှုအများဆုံးနေရာတွေမှာ အမျိုးသမီးတွေရဲ့ ဂုဏ်ပုဒ်က အမျိုးသားတွေထက် အပုံကြီး နိမ့်ကျနေတုန်းပဲ။ အချိန်အများစုမှာလည်း သူတို့မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်မရှိဘဲ အရာဝတ္ထုတွေနဲ့ ပိုင်ဆိုင်တွေအဖြစ်ဘဲ တည်ရှိခဲ့ရတယ်။ ဒါပေမယ့်လည်း ပိုပိုပြီး များပြားလာတဲ့ သိပ္ပံပညာရပ်တွေက သက်သေပြခဲ့ကြတယ်။ အကယ်၍ အမျိုးသမီးတွေသာ တူညီတဲ့အရင်းအမြစ်နဲ့ ကလေးမွေးဖွားဖို့မလိုအပ်၊ မွေးဖွားလာတဲ့ကလေးတွေကို စောင့်ရှောက်ဖို့မလိုတဲ့ အထူးအခွင့်အရေးသာ ပေးအပ်ထားလိုက်မယ်ဆိုရင် အမျိုးသမီးတွေရဲ့စွမ်းဆောင်နိုင်မှုကလည်း အမျိုးသားတွေထက် နိမ့်ကျနေမှာမဟုတ်ဘူး။
သူတို့တွေမှာ အမျိုးသားအများစုမှာမရှိကြတဲ့ ပြသနာတွေနဲ့ရင်ဆိုင်ရတဲ့အခါ နူးညံ့တဲ့စိတ်နေသဘောထားရှိတာတွေ ၊  ပြသနာတွေကို ဖြေရှင်းတဲ့အခါမှာလည်း ဆွေးနွေးဖို့ပိုစိတ်အားထက်သန်ပြီး ပဋိပက္ခတွေကိုလည်းပိုပြီးရှောင်ရှားတတ်တာမျိုးနဲ့  တစ်ဦးနဲ့တစ်ဦးလည်း စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုနဲ့ သက်တောင့်သက်သာရှိမှုကို ပိုပြီးပေးစွမ်းနိုင်တယ်။

လူသားတွေရဲ့ယေဘုယျဘဝ အရည်အသွေးတွေပိုမိုတိုးတက်လာတာနဲ့အမျှ အမျိုးသားတွေက သူတို့ရဲ့နတ်ဘုရားတွေမဟုတ်တော့ဘဲ သူတို့ရဲ့ယှဥ်ပြိုင်သူတွေဖြစ်တယ်ဆိုတာကို အမျိုးသမီးတွေက သိရှိလာကြတယ်။ ရှေးကလူမှုစည်းမျဥ်းတွေရဲ့ နှိပ်ကွပ်ခြင်းခံရမှာကို ကြောက်စရာမလိုတော့ဘဲ လိင်တူချင်း ကလေးယူဖို့ ရွေးချယ်နိုင်လာသလို ဒါမှမဟုတ် ကလေးမရှိဖို့ကိုတောင် ရွေးချယ်နိုင်လာတယ်။ အမျိုးသမီးတွေရဲ့ ဂုဏ်ပုဒ်အမြင့်ဆုံးဖြစ်တဲ့နိုင်ငံတွေမှာဆို အမျိုးသားနဲ့အမျိုးသမီးကြားမှာ သိသာတဲ့မှုန်းတီးမှုတွေ မြင့်တက်လာကြတယ်။ အစွန်းရောက်တဲ့ အမျိုးသမီးဝါဒီအများစုက စုစည်းပြီး အမျိုးသားတွေက အမျိုးသမီးတွေရဲ့ အဖော်မွန်ကောင်းမဟုတ်ဘဲ ပွင့်လင်းတဲ့ရန်သူတွေဖြစ်ကြတယ်လို့ ထုတ်ပြန်ကြတယ်။ သိသိသာသာ ရှေးရိုးစွဲနေတဲ့ ဝေးလံချောင်ကျတဲ့နိုင်ငံတွေမှာဆိုရင် Eden ရဲ့ စိမ့်ဝင်ခြင်းကို ဟန့်တားဖို့ မဖြစ်နိုင်လုနီးပါး ဖြစ်လာခဲ့တယ်။ အမျိုးသမီးတွေက နောက်ဆုံးပေါ်နည်းပညာတွေနဲ့ သူတို့တွေရဲ့တန်ဖိုးကို သိသိသာသာကို ဖော်ပြလာကြတယ်။ သူတို့ရဲ့ လက်အောက်ငယ်သားဆိုတဲ့ဂုဏ်ပုဒ် ကိုသတိပြုမိလာပြီးတဲ့နောက်မှာတော့ သိသာထင်ရှားတဲ့ အမျိုးသမီးအရေအတွက်တော်တော်များများက ခုခံဖို့ စတင်ရွေးချယ်လိုက်ကြတယ်။

Continue Reading

You'll Also Like

566K 39K 47
THE YEAR IS 2050. Human-like androids have become integrated into society and every household, becoming part of our daily lives. They look exactly li...
182K 19K 75
Book Four in the Expiring Series
41.8K 5.6K 55
Author(s) - Tang Wei Shuai 糖尾帅 Mm translator - Dora_lucy Total chapter - 176 Chapters + 1 Extra Start date - 18.10.2023 I do...