အချစ်တို့ မြစ်ဖျားခံရာ ( comp...
By EmmaRine9820
499K 14.4K 556
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၆) uni & zg
11.9K 412 8
By EmmaRine9820
Unicode
နန်းအွန်တောင်(သို့)ဗျိုက်တောင် ဟာ ကလောမြို့ရဲ့အသွားသင့်ဆုံးနေရာပင် အရမ်းကိုလှပသောရူခင်း၊အေးမြသောလေ၊ တောင်ကုန်းထိပ်က ရေကန်လေးနှင့် တောင်နှစ်လုံးကြားက ရထားသံလမ်းလေးဟာ တကယ်ကို စိတ်ကြည်နူးဖွယ်ရာ မြင်ကွင်းလေးပါ
စိုင်းခက်တစ်ယောက် ရူခင်းတွေကို ကြည့်ပီးပြုံးနေရင်းကနေ မျက်နှာလေးညှိးသွားတာ သတိထားမိတဲ့ ထိုက်ဘုန်းရှိန်က ...
" စိုင်းခက် ဘာဖြစ်လို့လဲ အဆင်ပြေရဲ့လား "
"ကျွန်တော်တွေးမိသွားလို့ပါ ဟိန်းသာပါရင်ပိုပျော်ဖို့ကောင်းမှာဘဲလို့လေ..."
"ဒီလောက်အေးချမ်းတဲ့နေရာလေးမှာစိတ်ညစ်စရာတွေမတွေးပါနဲ့ လာဒီနားမှာရပ်လိုက် ကိုယ်ဓာတ်ပုံ ရိုက်ပေးမယ်"
" အင်းပါ ချောအောင်ရိုက်ပေးနော် အကို ... ဟီးး" အကို့ကိုလဲချောအောင်ပြန်ရိုက်ပေးမှာပါ ... "
ဒီကောင်လေးဟာလေခုနကကျ ငိုတော့မလိုနဲ့ခုကျတော့လဲရီပြန်ပီ။
" အေးပါကွာ လာလာ ရိုက်ပေးမယ်"
အပြန်အလှန်ပုံတွေရော နှစ်ယောက်တွဲselfieပုံတွေပါရိုက်လိုက်ကြသည်။
ဗျိုက်တောင်ကနေ ကလောဘူတာရုံသို့ ချီတက်
လိုက်ကြသည်။
ကလောဘူတာရုံရောက်ရောက်ခြင်း စိုင်းခက်
အရင်ဆုံးသွားသည်မှာ ဘူတာရုံမှာ ဖွင့်ထားတဲ့
"ပိုင်တံခွန်"ရဲ့ "Singapore's Ice-Cream Sandwich Kalaw " ဆိုတဲ့ ဆိုင်ကိုပင် .....
စိုင်းခက်က စတော်ဘယ်ရီစားပီး ထိုက်ကချောကလက်ကိုစားသည်။
ကလောဘူတာမှာ သံလမ်းကြီးနဲ့ရော ရထားစက်ခေါင်းတွဲတွေနဲ့ပါ ပုံတွေ အများကြီးရိုက်ဖြစ်ခဲ့သည်။ အချိန်အားဖြင့် ညနေစောင်းလာပီမို့ လည်ရန်ကျန်သည့်နေရာများကို မနက်ဖြန်မှသာဆက်သွားတော့မည်ဖြစ်သဖြင့် hotel သို့သာပြန်ခဲ့တော့သည်။
Hotel ကိုရောက်တော့ ကို့အခန်းကိုပြန်၍ နားလိုက်ကြသည်။ည၈နာရီလောက်မှ ညစာအတူစားရင်း ထိုက်ဘုန်းရှိန်က စကားစပြောသည်။...
" မနက်ဖြန် စိုင်းခက်ဘယ်နေရာတွေသွားချင်လဲ"
" view point နဲ့ နှစ်တစ်ရာ ချက်ကျောင်းတော့သွားချင်သေးတယ် ကျန်တဲ့နေရာတော်တော်များများကတော့ ရောက်ဖူးတယ် "
"အင်း အဲတာဆို စောစောလေးသွားကြတာပေါ့"
"ဒါနဲ့အကိုက ဒီကိုဘာကိစ္စရှိလို့လဲ"
"ကိုယ်တို့ ဆောက်နေတဲ့ hotelမှာcaesလေးတစ်ခုဖြစ်သွားလို့ဖြေရှင်းဖို့လာတာလေ...မန္တလေးက *** hotel ကိုသိတယ်မို့လား ခုကလောမှာအခွဲ
ထပ်ဖွင့်တာ"
"အကိုက ဘောစိဘဲဗျ hotel ပိုင်ရှင်ကြီးနဲ့ဘော်ဒါဖြစ်ရတာ နဲနဲတော့ရှိန်သွားပီ"
"ဟဟ မင်းကတော့ပြောတော့မယ်... မင်းရောဘာအလုပ်လုပ်နေလဲ"
"ဟီးဟီး ဘာအလုပ်မှမလုပ်ဖူးဖေဖေကတော့ ကျောက်စိမ်းအရောင်းအဝယ်လုပ်တယ်လေ
ကျွန်တော်တို့က ဘော်ဘော်တွေဖြစ်သွားပီဆိုတော့ အကို့ Facebook account ပေးထား မန္တလေးပြန်ရောက်ရင် စုံကြမယ်လေ ကျွန်တော့်သူငယ်ချင်းတွေနဲ့လဲ မိတ်ဆက်ပေးမယ်"
တစ်ယောက်တစ်ပေါက်စကားတွေလက်စုံကြရင်း ကလောခရီးစဉ်ပထမရက်လေးကုန်ဆုံးသွားသည်။
                 **** 🌸🌸🌸*****
မနက်ခင်းတွင် သူတို့အရင်ဆုံး view point သို့
တိမ်တွေမြင်ရအောင်စောစောလေးသွားလိုက်ကြ
သည်။ view point ရဲ့ အလှတရားက တိမ်တွေပေါ်မှာ လွှင့်မျောသွားချင်သည်အထိ ခံစားစေသည်။
View point မှ အဆင်း ကလောမြို့ရဲ့ နာမည်ကြီး
ဆိုင်လေးဖြစ်သည့် "Monaco Cafe & Restaurant"တွင် ဝင်စားကြသည်။ ဆိုင်အပြင်အဆင်လေးက တကယ်ကို ချစ်စရာကောင်းသည်။
"အကိုက beef burger နဲ့ french fries set ကိုမှာ
ကာ ကျွန်တော်ကတော့ beef steak ကိုမှာလိုက်
သည်။ " ... စားပြီးသည်နှင့် ကလော နှစ်တစ်ရာ ချက်ကျောင်းကို လာခဲ့လိုက်သည်။
ဘာသာ မတူသော်ညားလဲ ချက်ကျောင်းကြီးက လွန်စွာခမ်းနားပီး စိတ်ဝင်စားဖို့ကောင်းလှသည်။
ချက်ကျောင်းထဲ လှည့်ပတ်ကာ စူးစမ်းရင်းမှတ်တမ်းဓာတ်ပုံများရိုက်ယူခဲ့လိုက်သည်။
အကိုနဲ့မထင်မှတ်ပဲ တွေ့ဆုံကြပီး ခုလိုလျှောက်
လည်ဖြစ်တော့အတော်လေးရင်းနှီးသွားတော့သည်။ အကိုက ကျွန်တော့ထက်အရပ်နဲနဲရှည်တော့လမ်းယှဉ်လျှောက်ရင်ကျွန်တော့်မှာ မော့ကြည့်နေရတယ် သေချာကြည့်လျှင်အကိုက တော်တော်လေးချော၏ မျက်ခုံးထူထူကလဲ ဆွဲဆောင်မှုရှိလှသည်။ စိုင်းခက်လဲ ဒီလို လူချောဘောစိ အကိုတစ်ယောက်ကောက်ရလိုက်သဖြင့် ပျော်မဆုံးဖြစ်နေတော့သည်။
"ဟိတ်ကောင်လေး ဘာတွေတွေးနေတာလဲ ကိုယ့်ကိုကြည့်နေတာကြာလှပီ မျက်လုံးလဲပြုတ်ထွက်သွားအုံးမယ်"
"ဒီလိုလေ အကိုရဲ့ ကျွန်တော်က တစ်ဦးတည်းသောသားဖြစ်တော့အထီးကျန်ရတယ်လေ ခုအကိုနဲ့တွေ့ရတော့ အကိုတစ်ယောက်ကောက်ရလိုက်သလိုခံစားမိပီးပျော်လို့ပါ"
"ဟုတ်ပါပီကွာ ကိုယ်လဲ ညီလေးရလိုက်သလိုပါဘဲ ညီကိုမှ ညီဆိုးလေးပေါ့ ..ဟဟ"
"အကို နော် ကျွန်တော်အဲလောက်မဆိုးပါဘူးဗျဒါနဲ့ မနက်ဖြန်ဆို ပြန်ရတော့မယ် အကိုဘာနဲ့ပြန်မှာလဲ "
"အင်း ကိုယ်က hotel က ကိုယ့်တပည့်ကို လိုက်ပို့
ခိုင်းမှာလေ အလုပ်လေးတွေလဲလက်စသတ်ရင်းနေ့လည်မှ ပြန်ဖြစ်မှာ ကိုယ့်ကားနဲ့ဘဲလိုက်ခဲ့
မလား"
"နေပါစေအကိုရယ် ရပါတယ် အကိုကအလုပ်တစ်ဖက်နဲ့ဆိုတော့ကျွန်တော်လိုက်မရှုပ်တော့ပါဘူး ခရီးစဉ်ကားကလဲ အသွားအပြန်ဖျက်ပီးသားဆိုတော့အလကားဖြစ်လိမ့်မယ်...မန္တလေးရောက်မှ ကျွန်တော်တို့ တွေ့ကြတာပေါ့ ...."
သူတို့နှစ်ယောက်လဲ လက်ဆောင်ပစ္စည်းများအနဲငယ် ဝယ်ယူပြီး hotel သို့သာပြန်ခဲ့တော့သည်။
               ******🌸🌸🌸******
Zawgyi
လိုက်ကြသည်။
ထပ်ဖွင့်တာ"
                 **** 🌸🌸🌸*****
မလား"
               ******🌸🌸🌸******
Continue Reading
You'll Also Like
3.2M 262K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
3.2M 203K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
4.2K 436 15
Christmas story🎄[OFFGUN] ကိုယ်တို့ရဲ့ခန္ဓာကိုယ်က အနီးကပ်ဆုံးနေရာတစ်ခုထိ ရောက်ရှိသွားတဲ့အခါ ခြေကိုစုံရပ်ကြမယ် ဒါမှမဟုတ် ........ မင်းရဲ့ဖိနပ်တွေနဲ့ ကိ...
22.1K 1K 15
အသက်​ကွာခြားပေမဲ့ အချစ်​တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်​ကန်​ကန်​ကောင်​လေးတျောက်​က လူတျောက်​ကြောင့်​ ပြောင်းလဲလာခဲ့ပီ...