အချစ်တို့ မြစ်ဖျားခံရာ ( comp...
Galing kay EmmaRine9820
497K 14.4K 556
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... Higit pa
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၅) uni & zg
12.8K 430 3
Galing kay EmmaRine9820
Unicode
မနက်ခင်းရဲ့ အအေးဓာတ်လေးနဲ့အတူ စာကလေးသံတကျီကျီ နှင့် နိုးထားရတာဟာ စိတ်အစဉ်ကို လန်းဆန်းစေပါတယ် ...
စိုင်းခက်ကိုယ်လေးဟာ စောင်ပုံထဲတွင် ပုဇွန်
ထုပ်လေးသဖွယ်ကွေးလျက် တန်းမထသေးပဲဇိမ်ခံနေလိုက်သေးသည်။ အချိန်ကား ၇ နာရီထိုးပီမို့နေပူမလာခင် အပြင်သွားချင်တာမို့ ရေချိုးပီးပြင်ဆင်လိုက်လေသည်။ Hoddie ခဲပြာရောင်လေးနှင့်ဂျင်းအပွအမဲလေး တွဲဝတ်လျက် headphone လေးလည်ပင်းစွတ်လိုက်ကာ ကျောပိုးအိတ်လေးကိုင်လျက်tent အပြင်သို့ထွက်ခဲ့လိုက်သည်။
ဘေးtent သို့လှမ်းကြည့်တော့ အရိပ်အယောင်ပင်မတွေ့ရတော့ပေ ။ ဝန်ထမ်းလေးများ လာပို့ထားသော မနက်စာ ကောက်ညှင်းပေါင်း၊အကြော်နှင့်ကော်ဖီပူပူလေး အား စားပီး အပြင်ထွက်ခဲ့လိုက်တော့သည်။
ပထမဦးစွာ reception မှ ငှါးခိုင်းထားသော scoppyi လေးအားယူ၍ ကလောက သွားသင့်တဲ့နေရာတွေကို list လုပ်ထားတဲ့စာရွက်လေးအား ဖတ်ကြည့်ပီးကလောနှီးဘုရားကြီးကို အရင်သွားရန် ထွက်ခဲ့လိုက်၏ ...
တောင်ပေါ်ဒေသမှာ ဆိုင်ကယ်စီးရတဲ့အရသာဟာဘာနဲ့မှလဲလို့မရနိုင်တဲ့သာယာမှု လေလေးပင်
တစ်ဖြူးဖြူးနှင့်တကယ်ကို အေးချမ်းဘာဘိ .... တစ်ခုတော့ရှိသည် ဟိန်းသာ ပါလျှင် ဒီထက်ပိုအေးချမ်းနေမှာ..
စိုင်းခက်အတွေးများကို ခေါင်းရမ်းကာ ခါထုတ်ပစ်လိုက်ပီး *ခုချိန်မှာဟိန်းအကြောင်းခနမေ့ထားကြရအောင်*ဟု ကိုယ့်စိတ်ကို အသိပြန်ပေးလိုက်ကာ လိုရာသို့ ဆက်မောင်းလာသည်။
                    *****🌼🌼🌼******
မဟာဆုတောင်းပြည့်နှီးဘုရား ကြီးဟာ လွန်စွာ
သပ္ပါယ်စရာ ကောင်းလှသည် ကျယ်ပြန့်လှသော ရင်ပြင်တော်ကြီးနှင့် ဘုရားရိပ်က စိတ်အစုံကို အေးချမ်းစေသည်။ စိုင်းခက်လဲ ဘုရားကန်တော့ ၊ အလှူငွေထည့် ၊ ရူခင်းပတ်ကြည့်ပီး ဓာတ်ပုံရိုက်တော့သည်။ ဘုရားမှ အပြန် အချိန်ကား ၈ နာရီခွဲပီဖြစ်၍ ကလောမြို့မစျေးနှင့်နာရီစင် ကို ဆက်ခဲ့လိုက်သည်။
ကလောမြို့မစျေးတန်းကြီးတွင် လက်ဆတ်သော အသီးအနှံများ၊ရှမ်းအစားအစာများကလဲစားချင်စဖွယ်၊ ခရီးသည်များ လဲ လာရောက်လည်ပတ်ကျသဖြင့် စျေးတန်းအပြည့်လူစည်နေတော့သည်။ ကလောမြို့မစျေးမှတစ်ဆင့် နာရီစင်ဆီသို့ ဆက်သွားခဲ့လေသည်။
ကလောနာရီစင်ကြီးဟာ 55 ပေမြင့်ပီး 2017 မှာ စပီးဖွင့်လှစ်ခဲ့တာဖြစ်သည်။ စိုင်းခက်လဲ နာရီစင်အား အမှတ်တရ ပုံလေးသာရိုက်ခဲ့တော့၏ ။
ကလောမြို့တွင်း ၃ နေရာလောက်သွားပီး ဟိုလျှောက်ပတ် ဒီလျှောက်ပတ်နှင့် အချိန်ကား နေ့လည် ၁၁ ပင်ခွဲရှိလေပြီ ။
" ခုထိလဲ ဖုန်းဆက်မလာပါလား ငါကလဲတုံးနေပြန်ရော ငါ့ဖုန်းနံပါတ်ပဲပေးလိုက်ပီးသူ့နံပါတ်မတောင်းလိုက်ရဘူး"
စိုင်းခက်လဲ ဖုန်းမျှော်နေရင်း လမ်းမှာတွေ့တဲ့
cafe kalaw ဆိုင်တွင် ခနဝင်၍ ကော်ဖီနဲ့မုန့်မှာ ရင်း စောင့်နေလိုက်သည် .... ဝန်ထမ်းလာချပေးသော ကော်ဖီလေးသောက်ရင်း ခုနက သူရိုက်ထားတဲ့ပုံလေးတွေကို ပြန်ကြည့်နေစဉ် .. တီတီတီ.... contact မှတ်မထားသောနံပါတ် ...
"ဟယ်လို"
"စိုင်းခက် လား ကိုယ် ထိုက်ဘုန်းရှိန်ပါ"
"ဟာ အကို ခုမှပဲ ဖုန်းဆက်တော့တယ် ကျွန်တော်လဲဖုန်းနံပါတ်ပြန်တောင်းဖို့မေ့သွားလို့ ဘယ်လိုဆက်သွယ်ရမှန်းမသိဖြစ်နေတာတဲ့ အကိုဆက်အလာကို စောင့်နေတာ "
" ကိုယ်လဲ ခုမှ အလုပ်ကိစ္စပြတ်လို့ ၊ ပီးပီးခြင်း
စိုင်းခက်ဆီ ဆက်လိုက်တာပဲ၊မင်းအခုဘယ်မှာလဲ ကိုယ်လာခဲ့မယ် "
ထိုက်လဲစိုင်းခက်ပြောသော cafe ဆိုင်သို့ထွက်လာလိုက်သည်။
ဆိုင်ထဲရောက်တော့ ထောင့်ကျကျ ခုံလေးမှာထိုင်လျက် headphone လေးတပ်ပီး ခေါင်းလေးတစ်ငြိမ့်ငြိမ့်ဖြင့် သီချင်းသံကိုစီးမျောနေ၍ ဆံပင်ခပ်အုပ်အုပ်လေးက ပွနေကာ ချစ်စရာတော့ကောင်းလှသည်။ သူ့ဘေးဝင်ထိုင်လိုက်မှ သတိပြန်ကပ်ကာမျက်လုံးလေးများ မှိတ်သွားသည်ထိပြုံးပြလာသည်။
"ဘယ်နေရာတွေရောက်ပီးပီလဲ စိုင်းခက်"
"နှီးဘုရားရယ်၊မြို့မစျေးရယ်၊နာရီစင်ရယ်နဲ့ဟိုဟိုဒီဒီလောက်ပဲ ရောက်သေးတာ နီးတာလေးတွေအရင်သွားလိုက်တယ်ကျန်တဲ့နေရာတွေကို အကိုလာမှသွားမလို့"
"အင်း အဲတာဆို ဗျိုက်တောင် နဲ့ ကလောဘူတာရုံကိုသွားကြမယ်လေ "
"အကိုက ဘာနဲ့လာတာလဲ ကျွန်တော့်မှာဆိုင်ကယ်ပါတယ် ဆိုင်ကယ်နဲ့ဘဲသွားကြမယ်လေ လေအေးလေးခံစားချင်လို့"
"ကားနဲ့လာတာ ရတယ် ကိုယ့်တပည့်ကိုလာယူခိုင်းလိုက်မယ် ဆိုင်ကယ်က ကိုယ်မောင်းမယ်
နော်"
ဒီလိုနဲ့ပဲ ထိုက်နောက်ကနေထိုင်လိုက်လျက်လက်တို့ကိုဆန့်တန်းထားကာ လေကိုအဝရူနေလိုက်တော့သည်။ ရိုက်ခတ်လာသောလေအေးတွေက ရင်ထဲအေးချမ်းစေသည်။
                 *****🌼🌼🌼*****
Zawgyi
                    *****🌼🌼🌼******
ကလောမြို့မဈေးတန်းကြီးတွင် လက်ဆတ်သော အသီးအနှံများ၊ရှမ်းအစားအစာများကလဲစားချင်စဖွယ်၊ ခရီးသည်များ လဲ လာရောက်လည်ပတ်ကျသဖြင့် ဈေးတန်းအပြည့်လူစည်နေတော့သည်။ ကလောမြို့မဈေးမှတစ်ဆင့် နာရီစင်ဆီသို့ ဆက်သွားခဲ့လေသည်။
"ဟယ်လို"
"နှီးဘုရားရယ်၊မြို့မဈေးရယ်၊နာရီစင်ရယ်နဲ့ဟိုဟိုဒီဒီလောက်ပဲ ရောက်သေးတာ နီးတာလေးတွေအရင်သွားလိုက်တယ်ကျန်တဲ့နေရာတွေကို အကိုလာမှသွားမလို့"
နော်"
                 *****🌼🌼🌼*****
Ipagpatuloy ang Pagbabasa
Magugustuhan mo rin
226K 13.9K 37
ကိုကြီးရဲ့ကောင်လေး 11/04/2020 "ငါ့ဘဝမှာငါ့ညီမကအရေးကြီးဆုံးဘဲ" "ကိုယ်မင်းကိုချစ်တယ်ကောင်လေး" "ဘာအခက်အခဲဘဲရှီရှီမင်းကိုကိုယ်မစွန့်လွှက်နိုင်ဘူးကလေး" ...
3.2M 262K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
61K 3.3K 20
ဦးကိုကျန်တော်ချစ်တယ် ကျန်တော်ကိုပြန်ချစ်ပါ Wu yifan ငါမင်းကိုမချစ်ဘူးလို့ငါ့မှာလက်ထပ်ရမယ့်လူရှိတယ် Park Chanyeol
100K 5.8K 30
This fic is written both in Unicode and Zawgyi... Jaeyong Fanfic (Myanmar) Cover by sis Zin Thu Lin Htet