ညရဲ့အလင်း(Completed)

By rachelphoo

76K 8.1K 949

ညဆိုတာ ကြယ်ရှိ​နေမှ More

A/N
Part1(U,Z)
Part2(U,Z)
Part3(U,Z)
Part4(U,Z)
Part5
Part6(U,Z)
Part7(U&Z)
Part8
Part9
Part10
Part11
Part12
Part13
Part14
Part15
Part16
Part17
Part18
Part19
Part20
Part21
Part22
Part23
Part24
Part26
Part27
Part28
Part29(Final)
Part30(Extra)

Part25

2.6K 305 30
By rachelphoo

"အမေ့သားက အရင်လိုပဲ ခရမ်းချဉ်သီးထောင်းကို စွဲစွဲလန်းလန်းကြိုက်တုန်းတော်
ငါ့သားက အရင်လောက်တော့ အစပ်မစားနိုင်တော့ဘူးလို့ 'ည'ကပြောလို့ အမေငရုတ်သီးလျှော့ထည့်ထားတာ"

မြိုချလက်စထမင်းတို့က လည်ချောင်းဝမှာ ခဏတာတစ်ဆို့သွားတဲ့အခါ ဘေးကရေနွေးကြမ်းခွက်ကို ဆွဲယူပြီး မြိုချလိုက်ရသည်။
အိမ်ပြန်ရောက်နေတာ ၂ရက်၊တစ်နည်းပြောရရင် တစ်ယောက်သောသူဆီက ရှောင်ပြေးလာခဲ့တာ နှစ်ရက်...အခုထိ နာမည်ကိုကြားရင်တောင် ဘာလုပ်ရမှန်းမသိအောင် လမ်းပျောက်နေရဆဲ။
မှုံမှုံဆေးရုံကဆင်းပြီး နောက်ရက်မှာပဲ ရုံးကိုခွင့်ယူပြီး အိမ်ပြန်လာခဲ့တာက မျက်စိရှေမှာမြင်နေရရင် စိတ်ဆိုးပြေမိမှာစိုးလို့၊အဲဒီလူနဲ့ပတ်သက်လျှင် ဘယ်တုန်းကမှ မမာနိုင်ခဲ့တဲ့အသည်းမို့ ရှောင်ပြေးခဲ့ခြင်းသာ။
သူ့ကိုတွေ့တွေ့ချင်း အမေကငိုသည်၊မရှိတော့တဲ့ ညီမလေးကိုတရင်း အမေငိုတဲ့အခါ သူလည်းမျက်ရည်ကျရသလို အဖေသည်လည်း သူတို့သားအမိနှစ်ယောက်ကိုကြည့်ပြီး မျက်ရည်အဝဲသား။
နောက်ပြီး ထက်လင်း၊သူ့ဗိုက်ကို တစ်ချက်ပြီးတစ်ချက်ထိုးရင်း အဆက်အသွယ်ဖြတ်သွားတဲ့အပေါ် မကျေနပ်ကြောင်းပြသည်။ထင်ရာတွေစွတ်ပြောပေမဲ့အခုထိမမှန်သေးတဲ့ ထက်လင်းအကျင့်ကတော့ အရင်လိုမပြောင်းမလဲပါပဲ။ကျော်ထက်ကတော့ အွန်လိုင်းမှာ သူဆက်သွယ်ကတည်းက 'ည'နဲ့ပြန်တွေ့ပြီလားလို့ အရင်ဆုံးမေးလာခဲ့သူ၊ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ သိနိုင်စွမ်းကလည်း တကယ်ကိုဆန့်ကျင်ဘက်ပါပဲ။

"ဒီတစ်ခေါက်က ကြာကြာနေလို့မရဘူးပေါ့"

"ဟုတ်တယ် အမေရဲ့၊လကုန်ရက်နီးတော့ အလုပ်တွေကရှုပ်တယ်၊မနက်ဖြန်ပြန်မှရမယ်"

"အင်းပါ၊အမေ နှမ်းဆုပ်တွေလည်းလုပ်ထားတယ်၊မှုံမှုံကြိုက်တဲ့ နှမ်းပျစ်ရော
နောက်ပြီး နွားနို့လည်းခဲထားသေးတယ်၊ကြော်လည်းကြော်ပေးလိုက်ဦးမယ်၊အခဲလည်းထည့်ပေးလိုက်မယ်၊ဟိုရောက်မှ သား'ည'ချက်ကျွေးလိမ့်မပေါ့"

"အလုပ်ပိုအောင် အမေရယ်၊အလုပ်တွေသိပ်မလုပ်ပါနဲ့တော့ဗျ၊အဖေရောပဲ"

"အမလေး တော်တို့နှစ်ယောက်လုံး တစ်လေသံတည်းပဲ၊ 'ည'ဆိုလည်း အလုပ်တွေမလုပ်ပါနဲ့တော့ပဲ ပြောနေတော့တာ
ကျုပ်တို့က အလတ်ကြီးတွေရှိပါသေးတော်"

၅၀ကျော်အရွယ်တွေမို့ အဖေနဲ့အမေက သွက်လက်ကျန်းမာနေတုန်းပါပဲ
ဒါပေမဲ့လည်း အလုပ်တွေအကုန်သိမ်းကြုံးလုပ်ပြီး ပင်ပင်ပန်းပန်းတော့ မနေစေချင်တော့။ဘာမှဆက်မလုပ်တော့ရင်တောင် မှုံမှုံ့မျိုးဆက်အထိ အေးအေးဆေးဆေးနေလို့ရနေပြီပဲလေ။

"သားက 'ည'လေးကိုခုထိစိတ်ဆိုးတုန်းလားကွယ်၊သူ့ခင်မျာ သနားစရာပါ၊သားကိုလည်း သူသံယောဇဉ်ကြီးရှာတာ သားသိလျက်သားနဲ့၊ကိုယ့်သူငယ်ချင်းကိုယ် တော်ရုံဆိုးပါ သားရဲ့"

အမေ့ရဲ့ဖြောင်းဖျစကားတွေကို မချိပြုံးနဲ့သာနားထောင်နေရသည်။ရင်တွေကွဲမတတ်ဖြစ်ခဲ့ရတာကျ အမေမှမသိခဲ့ရတာလေ။

"ငါ့သား ထမင်းစားပြီးရင် အဖေနဲ့တောထဲလိုက်ခဲ့လေ၊စိတ်ပြေလက်ပျောက်ပေါ့"

အဖေက တောထဲကိုလိုက်ဖို့ တကူးတကခေါ်လေ့မရှိသူမို့ ထူးဆန်းနေပေမဲ့ သူခေါင်းညိတ်လိုက်မိသည်။
အဖေ့ကြည့်ရတာ ထူးဆန်နေတယ်လို့ ခံစားမိနေတာမို့ ထမင်းကိုလက်စသတ်ပြီး သားအဖနှစ်ယောက် တောထဲကို လမ်းလျှောက်ရင်းထွက်လာခဲ့ကြသည်။
ထွက်လာခဲ့ကြတယ်ဆိုပေမဲ့ စကားတွေပြောဖြစ်နေတာလည်းမဟုတ်၊ရွာလယ်လမ်းမတစ်လျှောက် အသိတွေရဲ့ နှုတ်ဆက်မှုတွေကို ပြန်တုံ့ပြန်ရင်းသာ ရှိနေခဲ့တာဖြစ်သည်။

"ဒီချောင်းကိုဖြတ်တိုင်း အဖေက ငါ့သားတို့တတွေကို သတိရတယ်၊လေးယောက်သား ချောင်းထဲမှာအမြဲ ရေလာကူးကြတာလေ
တစ်ခါတလေ မင်းတို့၃ယောက်ကို ပြောမနိုင်လို့ 'ည'စိတ်ဆိုးပြီး ဘောင်ပေါ်ငုတ်တုတ်လေးထိုင်နေတာ၊အဖေပြန်လာတာကိုမြင်ရင် ပြေးလာပြီး တိုင်တတ်သေးတာ"

မေ့နိုင်စရာမရှိတဲ့ နေ့ရက်တွေအကြောင်းကို သူပြုံးလို့သာ နားထောင်နေမိသည်။တောထဲရောက်တိုင်း သူတို့တစ်ခုခုဖြစ်မှာစိုးရိမ်တတ်တဲ့သူက ပြောမနိုင်တော့ရင် နှုတ်ခမ်းစူလို့စိတ်ကောက်ကာ တစ်နေရာသွားထိုင်နေတတ်တာမျိုး။ဘယ်လိုပဲစိတ်ကောက်ကောက် နောက်ဆုံးမှာတော့ သူရှာပေးတဲ့ ခရုခွံ၊ကမာခွံတွေကို ယူရင်း စိတ်ကောက်ပြေသွားတတ်တာ။

"'ညက သူငယ်ချင်းတွေအပေါ်၊အဖေတို့မိသားစုအပေါ် သိပ်သံယောဇဉ်ကြီးရှာတယ်၊သူ့လူတွေတစ်ခုခုဖြစ်မှာကို စိုးရိမ်တတ်ပြီး သူသိသလောက်၊တတ်သလောက်ဉာဏ်လေးနဲ့ ကာကွယ်ပေးချင်ခဲ့တာ အဲဒီအချိန်တွေကတည်းကပဲ ငါ့သား"

"အဖေ!!"

ထိန်လန့်စွာခေါ်မိတော့ အဖေကပြုံးလို့လှည့်ကြည့်လာသည်။တက်ကြွစွာလျှောက်နေတဲ့ ခြေလှမ်းတွေမှာ မောဟိုက်ခြင်းတွေကင်းမဲ့နေခဲ့ကြပေမဲ့ အခုတော့ သူအလိုလိုမောပမ်းလာလေပြီ။

"ဟိုထနောင်းပင်အောက်မှာ ခဏထိုင်ကြစို့"

စိမ်းစိုနေတဲ့ လယ်ကွင်းပြင်တွေနဲ့ ခပ်ကြမ်းကြမ်းလေအေးတွေက တောသဘာဝရဲ့ အေးချမ်းမှုကို သဘာဝအလျောက် ကြိုးစားပေးနေကြပေမဲ့ သူ့ရင်မှာတော့ မအေးနိုင်။

"ရော့သား ဖတ်ကြည့်"

'သံသာလွင်'လို့အမည်တပ်ထားတဲ့ အဖြူရောင်စာအုပ်လေး အဖေ့လွယ်အိတ်ထဲကနေ လက်ထဲရောက်လာတော့ သူငိုင်ခနဲကြည့်နေမိသည်။
ရက်စွဲတွေ၊နာရီတွေနဲ့ စာတိုတွေက စာမျက်နှာတိုင်းလိုလိုမှာ မွစာကြဲလျက်
စာအရှည်ကြီးတွေရေးထားတာမဟုတ်ဘဲ စိတ်ထွက်ပေါက်ရချင်တိုင်း ကောက်ကာငင်ကာရေးထားဟန်ရှိသည်။

စာမျက်နှာတွေကို တစ်ရွက်ပြီးတစ်ရွက်လှန်နေရင်း တစ်နေရာအရောက်မှာ သူရပ်တန့်သွားလျက်..

'ကိုကြီးညရဲ့ ကျေးဇူးတွေက ငါ့အပေါ်သိပ်များနေပြီ၊တစ်ခါတလေ ကိုကြီးမျက်နှာကို မော့တောင်မကြည့်ရဲတော့ဘူး။ငါတို့မိသားစုရဲ့သိက္ခာအတွက် သူ့ကိုယ်သူချနင်းပေးခဲ့ရှာတယ်"

'ကိုကြီးတာရာက ပြန်မလာတော့ဘူးတဲ့၊ဘယ်နိုင်ငံသွားမယ်လို့လည်း သေချာပြောမသွားဘူး၊
တစ်ခုခုကို စိတ်ဆိုးသွားတယ်လို့ ငါခံစားနေရတယ်၊ငါ့ကိုယ်ငါလည်း အပြစ်မကင်းသလိုပဲ'

'ဂါဝန်ဖြူအရှည်ကြီးဝတ်ပြီး မောင်နဲ့အတူမင်္ဂလာဆောင်မယ်လို့ စိတ်ကူးခဲ့တာ၊
အခုတော့ မောင်လည်းမရှိတော့ဘူး၊
မနက်ဖြန်ဆို ကိုကြီးညနဲ့အတူ မင်္ဂလာဆွမ်းကျွေးလုပ်ရတော့မယ်။အမှန်အတိုင်းပြောရရင် ငါတို့နှစ်ယောက်လုံး အနေရခက်နေရတာ
ငါတို့က မောင်နှမတွေလိုနေလာကြတာလေ၊ကိုကြီးညကို ငါ့အစ်ကိုတစ်ယောက်အပြင် ငါပိုသဘောမထားနိုင်ဘူး။ကိုကြီးလည်း အဲ့လိုပဲဆိုတာ ငါသိနေတယ်"

'အန်တီနှင်းက ပျော်နေရှာတယ်၊အချစ်ဆုံးသူငယ်ချင်းရဲ့သမီးကို ချွေးမတော်ရလို့တဲ့၊
ငါကတော့ ကိုကြီးညတို့မိသားစုကို မျက်နှာချင်းဆိုင်ရတာတောင် လိပ်ပြာမလုံလှပါဘူး။တစ်ခါတလေ ကိုကြီးညမတွေ့ခင် ရေထဲနစ်မသွားတဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ချင်မိတော့တယ်'

စိတ်ထဲရှိလာတိုင်း ကောက်ရေးထားဟန်ရှိတဲ့ စာတိုလေးတွေက ညီမလေးတစ်ယောက်တည်း ကြိတ်ခံစား၊ဝမ်းနည်းပူဆွေးနေခဲ့ရတာကို သက်သေပြနေသလို သူ့ရင်တွေလည်းနာရသည်မှာ ကွဲလုမတတ်

'ဘုရားရေ ကိုကြီးတာရာနဲ့ကိုကြီးညက ချစ်သူတွေတဲ့၊ကိုကြီးညရဲ့ဒိုင်ယာရီကို အမှတ်မထင်တွေ့လိုက်မိတဲ့ ငါ့ကိုယ်ငါ အပြစ်တင်ရမလား၊ကျေးဇူးတင်ရမလားမသိတော့ဘူး
ငါ့ကြောင့်နဲ့ ငါ့အစ်ကိုနှစ်ယောက်က ဝေးသွားခဲ့ကြရတာပေါ့၊ငါက ငါချစ်တဲ့သူတွေကိုဒုက္ခပေးဖို့များ လူဖြစ်လာရတာလား
မောင်လည်း ငါ့ကြောင့်ပဲသေရတယ်၊အစ်ကိုနှစ်ယောက်လည်း ရှင်ကွဲကွဲရတယ်၊ငါက တကယ်ကိုအသက်မရှင်သင့်တဲ့ လူတစ်ယောက်ပဲ
သမီးလေးအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်ပေးဖို့လည်း ယုံကြည်ချက်မရှိတော့ဘူး၊ပြီးတော့ အားလုံးကို စိတ်ဒုက္ခရောက်စေပြီးမှ ပျော်နေရတဲ့ဘဝလည်း ငါမလိုချင်ဘူး'

'ကိုကြီးညက ခုတလောပိုဂရုစိုက်လာတယ်၊ငါ့ကိုကြည့်ရတာ အားမရဘူးတဲ့၊သမီးလေးအတွက်ပဲဖြစ်ဖြစ် ကျန်းမာအောင်နေတဲ့
ငါ့ကို အားရှိအောင်အားပေးနေတဲ့ သူကတော့ တစ်ချိန်လုံး အသက်မဲ့နေတဲ့မျက်လုံးတွေနဲ့၊ကြိုးစားပြီးရှင်သန်နေရတဲ့ပုံဖြစ်နေတာကို ကိုကြီးဟန်ဆောင်ကောင်းလည်း ငါသိနေတယ်လေ'

'ညတိုင်း ကန်တော့ပြီးအိပ်တာတောင် ကိုကြီးညအပေါ်မှာတင်နေတဲ့ ကျေးဇူးကြွေးတွေကို ငါကုန်အောင်ဆပ်နိုင်မှာမဟုတ်ဘူး
အရင်ကဆို ကိုကြီးညအခန်းထဲမှာ သူငယ်ချင်းချစ်သူသီချင်းဖွင့်ထားတာကို ပုံမှန်လိုပဲတွေးနေမိတာ၊အခုမှ ကိုကြီးကိုလွမ်းနေလို့ဆိုတာ ငါသိတော့တယ်
ဒီညလည်း မအိပ်ခင်ကန်တော့ချင်လို့ အခန်းတံခါးခေါက်မိတယ်၊နီရဲနေတဲ့မျက်လုံးတွေနဲ့ ပြုံးပြနေသူကိုတွေ့တော့ နောင်တရမိတယ်။တကယ်ဆို ကိုကြီးညကို သူ့ဘာသာအေးဆေးနေခိုင်းသင့်တာလေ
တစ်ချိန်လုံးဟန်ဆောင်နေရတာ၊သူလည်းပင်ပန်းမှာပေါ့။ငါက ကြာလေအသုံးမကျလေပါပဲ'

'ဗိုက်ထဲက ကလေးလေးက တလှုပ်လှုပ်နဲ့ကန်နေတယ်၊မောင့်ကိုသတိရလိုက်တာလေ
တကယ်ဆို ဒီအချိန်မှာ ငါနဲ့မောင်က ကလေးလေးအကြောင်းကို အတူတူပြောရင်း ပျော်နေရမှာနော်
ကိုကြီးညကတော့ နေမကောင်းဘူးလား မေးရှာပါတယ်၊ကိုကြီးတို့အကြောင်းကို မသိခဲ့မိရင်တောင် အရင်လို ကိုကြီးညရေဆိုပြီး ပြောပြမိဦးမယ်
အခုကျ အားနာစိတ်တွေနဲ့ ကိုကြီးညကို တခြားဘာစိတ်ဒုက္ခမှ မပေးချင်တော့တာပဲသိတယ်
ကိုကြီးညက ငါ့ကိုဘာအပြစ်မှမတင်ဘူးဆိုတာသိနေပေမဲ့လည်း ငါကိုယ်ကလိပ်ပြာမလုံဖြစ်နေရတာ'

'ဒီည အလုပ်မှာပါတီရှိလို့တဲ့၊ကိုကြီးညက အိမ်ပြန်နောက်ကျတယ်
တံခါးစောင့်ဖွင့်ပေးတဲ့ငါ့ကိုမြင်တော့ အားနာနေရှာတယ်။ငါတို့မောင်နှမနှစ်ယောက် ဧည့်ခန်းမှာထိုင်ရင်း စကားတွေပြောဖြစ်ကြတယ်
ပုံမှန်အချိန်ဆို ဘယ်လိုမှကြားဖို့မဖြစ်နိုင်တဲ့စကားတွေပေါ့၊ ကိုကြီးညကလေ ကိုကြီးတာရာ့အကြောင်းတွေပြောရင်း မျက်ရည်တွေနဲ့ရယ်တယ်။နည်းနည်းမူးနေတော့ သူ့ကိုယ်သူငိုနေတာတောင် သိပုံမပေါ်ဘူး။
အတာကလေ၊အတာကလေနဲ့ ကိုကြီးတာရာအကြောင်းတွေပြောနေတာများ ကလေးလိုပါပဲ။
ပြီးတော့ ငါ့ကိုလည်း ကျန်းမာရေးဂရုစိုက်ဖို့နဲ့၊စိတ်ဆင်းရဲစရာတွေမတွေးဖို့ တဖွဖွမှာတယ်။
ဒီလိုအစ်ကိုမျိုးရတာ ငါ့အတွက်ကံကောင်းတာပဲ၊အစ်ကိုနှစ်ယောက်ကတော့ ငါ့ကြောင့်ရှင်ကွဲ၊ကွဲရရှာတယ်'

'နေရထိုင်ရတာ မကောင်းလိုက်တာလေ၊မိသားစုတွေရော၊အမျိုးတွေရောက ဝိုင်းဂရုစိုက်နေပေမဲ့ ငါ့ကျန်းမာရေးက အားရစရာမရှိပါဘူး
တကယ်တော့လေ မနေရလည်း ငါပျော်နေမှာပဲ။သမီးလေး အမေမရှိတော့မှာကို တွေးမိရင်တော့ ရင်တွေကွဲရတယ်။ဒါပေမဲ့ ကိုယ့်အခြေအနေကိုယ်သိနေတော့  စိတ်လျှော့ထားတော့တယ်။
ငါမရှိတော့ရင်လည်း ကိုကြီးညက သမီးလေးကိုအဖေအရင်းတစ်ယောက်လိုပဲ စောင့်ရှောက်မှာကို သိနေတော့ စိတ်ချရတယ်။အဖေနဲ့အမေလည်းရှိနေတာပဲလေ။တစ်ချိန်ကျရင်တော့ ငါ့အစ်ကိုနှစ်ယောက် ပြန်ဆုံမယ်လို့ ယုံကြည်ပါတယ်။သမီးလေးကို နှစ်ယောက်အတူစောင့်ရှောက်ပေးသွားကြမှာလို့လည်း ယုံကြည်တယ်၊ဘုရားမှာလည်းဆုတောင်းပါတယ်"

"သံသာရယ်...ညီမလေးရယ်.."

စိတ်ထဲပေါ်လာတိုင်း ကောက်ရေးထားဟန်ရှိတဲ့ စာတိုလေးတွေက သူ့ကိုမျက်ရည်တွေကျစေသည်မှာ အရူးတစ်ယောက်လို။ကံကြမ္မာကလွဲပြီး ဘယ်အရာကိုများ အပြစ်တင်နိုင်ပါဦးမလဲ။

"အဖေက ဘယ်လို၊ဘယ်လိုလုပ်ပြီး ဒါကိုတွေ့တာလဲ"

"သမီးရက်လည်ပြီးတော့ အခန်းကိုရှင်းကြဖို့လုပ်ကြတယ်လေ၊မရှင်းခင် မင့်ညီမလေးအခန်းကို အဖေဝင်ကြည့်မိတယ်။သမီးငယ်ရဲ့အမှတ်တရတွေကို အလွမ်းပြေကြည့်တဲ့သဘောပါပဲ။အဲ့မှာ ဓါတ်ပုံအယ်ဘမ်တွေကြားထဲမှာ ဒီစာအုပ်လေးကိုတွေ့တာပဲ"

"အမေ! အမေရောသိသွားလား"

"ဘယ်သိမလဲကွာ၊အဖေ ဘယ်ပြနိုင်ပါ့မလဲ။ဒါပေမဲ့ ညနဲ့သံသာရုတ်တရက်ခိုးပြေးပြီး ဒီလိုကလေးရှိလာတာကိုတော့ သူသိပ်ယုံပုံမရဘူး
မှုံမှုံကြီးလာတော့ ပိုဆိုးတာပေါ့၊မှုံမှုံ့မျက်နှာက ဗမာရုပ်ထွက်မနေတာ ငါ့သားမြင်တဲ့အတိုင်းပဲလေ
ဒါပေမဲ့ ဘယ်ထုတ်မေးရက်ပါ့မလဲကွာ၊ကိုယ့်သမီးလေး အဖြစ်ဆိုးတွေကို သေပြီးမှတော့ ဘယ်ကြားရက်နိုင်ပါ့မလဲ"

"ဖြစ်မှဖြစ်ရလေ အဖေရယ်၊ကျွန်တော့်ညီမလေးကျမှ ဒါမျိုးတွေဖြစ်ရတယ်လို့ဗျာ
ညီမလေးဘယ်လောက်တောင် စိတ်ဆင်းရဲခဲ့ရမလဲဗျာ"

"အင်း သမီးငယ်က သိပ်ကိုစိတ်ဆင်းရဲခဲ့ရမှာပေါ့၊အားလုံးကသူ့ကြောင့်ဆိုတဲ့စိတ်နဲ့ အားနာစိတ်တွေလည်း ရှိခဲ့ရှာမှာပေါ့
အဲ့လိုပဲ ငါ့သားလည်း စိတ်သောကတွေသိပ်များခဲ့ရမှာကို အဖေတွေးမိတယ်၊နောက်ပြီး သမီးငယ်အတွက်ခေါင်းခံတာဝန်ယူပေးခဲ့တဲ့ 'ည'..သူလည်း သူ့သောကနဲ့သူရှိနေခဲ့မှာပဲလို့ အဖေတွေးမိခဲ့တယ်
သားတို့၃ယောက်လုံးက ကိုယ်စီစိတ်ဆင်းရဲခြင်းတွေနဲ့ မိဘတွေမသိအောင် ကြိုးစားနေခဲ့ကြရှာတာပဲလို့ တွေးမိတိုင်း ငါ့သားသမီးတွေအပေါ် အဖေအားနာစိတ်ဖြစ်မိတယ်
အဖေတို့ဘာမှမလုပ်ပေးနိုင်ခဲ့တဲ့အပေါ်လည်း တကယ်ကိုခံစားရတယ်၊ရုတ်တရက်ဖြစ်သွားတဲ့ မင်္ဂလာပွဲ၊သမီးငယ်ရဲ့ကိုယ်ဝန်၊ပြန်မလာတော့တဲ့ ငါ့သားရဲ့နိုင်ငံခြားခရီးစဉ်...ဒါတွေအားလုံးက အဖေ့သားသမီးတွေရခဲ့တဲ့ စိတ်သောကတွေ၊စိတ်ဒဏ်ရာတွေရဲ သက်သေတွေပဲပေါ့"

"........."

"နောက်ပြီး မမျှော်လင့်ဘဲ သားနဲ့ညအကြောင်းကို သိလိုက်ရတော့ အဖေတုန်လှုပ်သွားမိတယ်၊ဟိုအရင်အခြေအနေတွေအတိုင်းဆို နားလည်လက်ခံပေးဖို့ အတော်မလွယ်တဲ့ကိစ္စမျိုးပေါ့၊
သမီးတစ်ယောက်လုံးကို ဆုံးရှုံးလိုက်ရပြီးနောက်တော့ နောက်ထပ်သားတစ်ယောက်ကို မဆုံးရှုံးရဖို့ကလွဲရင် အဖေဘာမှမလိုချင်၊မတွေးချင်တော့ဘူး
အဖေ့သားသာ အဖေတို့နဲ့အတူသက်ရှိထင်ရှားရှိနေမယ်ဆိုရင် ငါ့သားရဲ့ဘယ်လိုပုံစံကိုမဆို အဖေလက်ခံနိုင်တယ် သား"

မျက်ရည်တွေဝေ့သီစွာနဲ့ ပြုံးရင်းပြောလာတဲ့အဖေ့ရင်ခွင်ကို ခိုလှုံမိရင်း မျက်ရည်တွေကျကာ ငိုနေမိတာဟာအသံတိတ်
ပခုံးကိုပုတ်ပေးလာတဲ့ အဖေ့လက်တွေက စိတ်နှလုံးသားထဲထိ နွေးထွေးလုံခြုံမှုတို့ ဖြစ်တည်လာစေ၏။

"အခု သားနဲ့ညအခြေအနေကဘယ်လိုလဲ"

ထနောင်းပင်အောက်မှာပဲ ဆက်ထိုင်မိနေကြပြီး မျက်စိရှေ့က လယ်ကွင်းပြင်ကြီးကို ငေးနေမိကြတာ အတော်ကြာမှ အဖေကမေးခွန်းထုတ်လို့လာသည်။
ဟိုနေ့ညပြီးကတည်းက သူ 'ည'ကို မျက်နှာချင်းမဆိုင်ဖြစ်အောင်နေနေခဲ့တာ၊'ည'ကသူ့ကိုတစ်ချိန်လုံးလိုက်ကြည့်နေတာကို သိပေမဲ့ သူရှောင်နေခဲ့တာ၊အိမ်ကိုခဏပြန်မယ်ဆိုတာတောင် ထွက်လာခါနီးမှ သူပြောခဲ့တာ။

"ဒီအတိုင်းပါပဲ အဖေ"

"အင်း...ဘာပဲဖြစ်ဖြစ် သားရော၊'ည'ရောက အဖေတို့ရဲ့သားတွေပဲ၊ဒါက ဘယ်တော့မှမပြောင်းလဲမဲ့ အမှန်တရားပဲ
ကျန်တဲ့ကိစ္စတွေကိုတော့ အဖေကဘာမှစွက်ဖက်နေမှာမဟုတ်ဘူး"

"ဟုတ် အဖေ"

"နောင်တမရစေနဲ့ သား၊အဖေတို့တွေက တစ်ယောက်နဲ့တစ်ယောက် အသက်ရှင်လျက်မြင်တွေ့ခွင့်ရတုန်း ချစ်ပေးနိုင်သမျှ၊ဂရုစိုက်ပေးနိုင်သမျှကို ချစ်ပေး၊ဂရုစိုက်ပေးသင့်တယ်
သေသွားတဲအခါ ချစ်ပါတယ်ပြောလည်း တစ်ဖက်လူကမကြားနိုင်တော့ဘူး၊နားလည်ပါတယ်၊ခွင့်လွှတ်ပါတယ်ပြောလည်း တစ်ဖက်လူက မသိနိုင်တော့ဘူး
ရှိနေတုန်းလေးမှာ ကိုယ့်စိတ်ကိုယ်မလိမ်ညာဘဲ အကောင်းဆုံးနေထိုင်သွား ကိုတာ!
အဖေ့သားတွေကို နောက်တစ်ကြိမ်နောင်တတွေထပ်မရစေချင်တော့ဘူး"

အဖေ့ရဲ့ဆုံးမစကားတွေက ပိတ်လှောင်နေတဲ့သူ့စိတ်နှလုံးထဲကို အလင်းရောင်တွေနဲ့အတူ လမ်းပြပေးလိုက်သကဲ့သို့ဖြစ်သွားသည်။
တစ်ယောက်သောသူကိုသာ ချစ်တယ်လို့ပြောခွင့် ထပ်ပြီးမရှိတော့ရင်ဆိုတဲ့ ဖြစ်ရပ်က အတွေးနဲ့တင်နာကျင်စရာကောင်းလှပါဘိ။တကယ်တော့ အချစ်ဟာ ချစ်နေဖို့ပဲဖြစ်ပြီး သာတယ်နာတယ်တွက်ပြီး မာနထားစရာမှမဟုတ်ဘဲလေ။
_______

'ဇီးရိုးမိုင်ရောက်နေပြီ၊ငါ့ကိုလာကြို'ဆိုတဲ့ လေလှိုင်းထဲကအသံက အိမ်မှာသန့်ရှင်းရေးလုပ်နေတဲ့'ည'ကို အတော်ပျာယာခတ်စေသည်။သွားတုန်းကတောင် ရုံးက သူ့ကားဆရာကိုလိုက်ပို့ခိုင်းတာမို့ ပြန်ရင်လည်း ကားဆရာကိုပဲ လာကြိုခိုင်းမယ်ထင်ထားတာ၊နောက်ပြီး ပြန်လာမဲ့အကြောင်းလည်း ကြိုမပြောထားတာမို့ ရုတ်တရက်ဝင်လာတဲ့ဖုန်းက တကယ်ကိုအံ့အားသင့်စရာတွေပေးတာပင်။
မော်မော်တို့နဲ့လိုက်သွားတဲ့ သမီးကို အပြန်မှဝင်ကြိုမဲ့အကြောင်း ဖုန်းဆက်ပြီး ကားကြီးကွင်းကိုအလျင်စလိုပြေးရသည်။မြို့ထဲနဲ့အောင်မင်္ဂလာက နီးနီးနားနားမို့လို့ zero mileရောက်မှ ကပ်ပြောတာလားမသိ။ဟိုမှာအကြာကြီးစောင့်နေရလိမ့်မယ်ဆိုတဲ့စိတ်က ကားကိုမြန်နိုင်သမျှမြန်အောင်မောင်းဖို့ တွန်းအားဖြစ်စေသလို လမ်းတွေကို ဟိုကျော်ဒီခွလုပ်လို့ နောက်ကားတွေရဲ့ ဟွန်းတီးပြီးမေတ္တာပို့ခံရတာကလည်း ခဏခဏပါပဲ။ကိစ္စတွေအားလုံးရှင်းပြီးတဲ့နောက် အတာ့သဘောထား ဘယ်လိုဖြစ်နေလဲဆိုတာ သူမသိ၊သိဖို့လည်း မကြိုးစားချင်။အတာ့ကို စိတ်အနာတရပေးခဲ့သူဟာ သူပဲမို့ အတာဘယ်လိုပဲတုံ့ပြန်တုံ့ပြန် သူလက်ခံနိုင်သည်။အတာဟာ သူ့ဆီပြန်မလာတော့ဘူးဆိုရင်လည်း သူဘာမှမတတ်နိုင်၊သူ့ကံသာ။ဒါပေမဲ့ ဆွဲနိုင်သမျှတော့ ဆွဲထားချင်ပါသေးသည်။

ခရီးဆောင်အိတ်အပြင် ကြိမ်လက်ဆွဲခြင်းတစ်ခြင်းပါ အပိုပါလာသူကို taxiဆရာတွေဝိုင်းနေတဲ့ကြားက 'ည'လှမ်းမြင်လိုက်ရသည်။
ဆူပုပ်နေတဲ့သူက ကားနောက်ခန်းထဲပစ္စည်းတွေထည့်ပြီး ဘေးခုံမှာဝင်ထိုင်လာသည်။

"လာကြိုမှာပါဆိုတာကို ကားငှားမလားပဲမေးနေကြတယ်၊အမေကလည်း ကြိမ်ခြင်းကြီးမဆွဲချင်ပါဘူးဆို ခြင်းအပြည့် ထည့်ပေးလိုက်သေးတယ်"

လက်ဆွဲခြင်းကြီးသယ်လာရလို့ အိမ်ကအမေကို မကျေမနပ်ဖြစ်နေပုံရတဲ့သူကြောင့် 'ည'ပြုံးချင်သွားရသည်။အတာဆိုတာ ငယ်ငယ်ကတည်းက လက်ဆွဲခြင်းဆွဲရမှာ လုံးဝမကြိုက်တဲ့သူမျိုးပဲလေ။ပြုံးချင်ရယ်ချင်စိတ်တွေကို မြိုချထားရင်း

"စောစောဆက်ရင် ငါကြိုထွက်လာပြီး စောင့်နေပါတယ်၊ကားရောက်နေတာကြာပြီလား"

"သိပ်မကြာသေးပါဘူး၊စောင့်နေရမစိုးလို့ zero mileရောက်မှဆက်လိုက်တာ"

"ဪ အင်း"

ထို့နောက် ဘာမှပြောစရာမရှိတော့တဲ့အတိုင်း ကားလေးကတိတ်ဆိတ်သွားပြန်သည်။
ပူရှိန်းပီကေကို တဖောက်ဖောက်ဝါးနေသူကို 'ည'အသာခိုးကြည့်မိတော့ အကြည့်သူခိုးနှစ်ယောက် မျက်လုံးချင်းတည့်တည့်တိုးတာမို့ မျက်နှာကိုယ်စီလွှဲရင်း ရယ်ချင်စိတ်ကို နှုတ်ခမ်းကိုက်လို့သိမ်းဆည်းထားရပြန်သည်။

"အဟမ်း မှုံမှုံရော လိုက်မလာဘူးလား"

"သမီးက မော်မော့်ဆီသွားနေတယ်၊ဒီကအပြန်မှ ဝင်ကြိုလိုက်တော့မလို့
အမေတို့၊အဖေတို့ နေကောင်းကြတယ်မလား"

"အင်း ကောင်းတယ်"

"ထက်လင်းနဲ့လည်း တွေ့ဖြစ်တယ်မလား၊အဲဒီကောင် ငါ့ကိုစာပို့သေးတယ်"

"အင်း တွေ့တယ်၊ကျော်ထက်ဆီလည်း အဲ့ကောင်vcခေါ်လို့ စကားပြောဖြစ်တယ်"

သူငယ်ချင်းတွေနာမည်ကြားတော့ ကျောင်းသားဘဝကို အတွေးကပြန်ရောက်ရသည်။သိပ်ကိုပျော်ခဲ့ရတဲ့အချိန်တွေ...အဲဒီ့အချိန်လေးမှာပဲ ရပ်တန့်နေခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလေ...
______

ဒီနေ့ထူးထူးခြားခြား ကောင်းကင်ကြီးမှာ ကြယ်တွေစုံနေသည်။မကြာခင် နွေဦးပေါက်တော့မည့် ရာသီဥတုကလည်း ကြည်ကြည်လင်လင်ရှိလှသည်။
ကော်ဖီတစ်ခွက်ကို တစိမ့်စိမ့်သောက်ရင်း ကောင်းကင်ကြီးကြယ်တွေကို မော့ကြည့်နေရခြင်းက
မျက်စိရှေ့မှာရှိနေပြီး ရဲရဲဝံ့ဝံ့ကြည့်ဖို့အခွင့်မသာတဲ့ လူတစ်ယောက်ကို အလွမ်းပြေကြည့်နေရသလိုခံစားရသည်။ပြန်ရောက်ပြီးကတည်းက တူဝရီးနှစ်ယောက်သား အလွမ်းသယ်မဝနိုင်နဲ့ အလုပ်ရှုပ်နေကြပြီး 'ည'ကတော့ အမေထည့်ပေးလိုက်တဲ့ ဟင်းတွေ၊မုန့်တွေကို သေချာသိမ်းဆည်း၊ရေချိုးပြီး ဝရံတာထွက်ရပ်နေတာဖြစ်၏။

ရှေ့ပြေး ပူရှိန်းနံ့က နှာဖျားမှာကျီစယ်လာပြီးနောက် ခြေသံရပ်သွားသံကိုကြားတာမို့ လှည့်ကြည့်မိတော့ ဝရံတာကိုထွက်တဲ့ တံခါးကိုမှီရင်း လက်ပိုက်လျက်ရပ်နေတဲ့အတာ
အတူတူပြန်ရှိကြကတည်းက ကိုယ်ရှိတဲ့နောက်ကို ဒီလိုလိုက်လာခဲ့တာ ပထမဆုံးမို့ အကြောင်သားနဲ့ ဘယ်လိုတုံ့ပြန်ရမလဲ ရုတ်တရက်မစဉ်းစားတတ်...

"တာရာ..."

"ပြောစရာရှိတယ်...ငါပြောချင်တာတွေ အကုန်ပြောမှာမို့ ဘာမှမပြောဘဲ နားထောင်ပေးမလား ည"

"ဟင် အင်း...ရတယ်လေ ပြောပါ၊ငါနားထောင်ပါ့မယ်"

'ည'သည်လည်း ဝရံတာမှာမှာနောက်ပြန်ရပ်နေရာက မရွေ့သလို၊တာရာသည်လည်း ရပ်လက်စနေရာမှာပဲ ရပ်နေလျက်..

"ည မင်းသိလား....မိသားစုအတွက်မျိုးဆက်ရဖို့ ငါ့ကိုမရွေးနိုင်ဘူးလို့ ကြားရတဲ့ညက ငါ့ကိုယ်ငါဘယ်လောက်သိမ်ငယ်ခဲ့ရသလဲဆိုတာ၊ငါ တစ်သက်လုံးသိလာခဲ့တဲ့ 'ည'မှဟုတ်ရဲ့လားဆိုပြီး ငါရူးမတတ်ပဲ။အဲဒီ့စကားထက် ငါ့ကို ပိုသိမ်ငယ်စေတဲ့စကားမျိုး ရှိမှာတောင်မဟုတ်တော့ဘူးလို့ ငါထင်တယ်။
လုပ်ရက်လိုက်တာ၊ေပြာရက်လိုက်တာဆိုတဲ့စိတ်နဲ့ မင်းကိုနာကျည်းပြီးမုန်းဖို့ ကြိုးစားတိုင်း အဲ့အကြံက လမ်းတစ်ဝက်ကနေ လှည့်ပြန်ရတာပဲ
မင်း သိလား ည...ငါမင်းကို မကြည့်ချင်မမြင်ချင်၊မတွေ့ချင်လောက်အောင်ကို မုန်းပစ်ချင်ခဲ့တာ၊ဒါပေမဲ့လေ စိတ်ကူးနဲ့တောင် ကြိုးစားတွေးကြည့်လို့မရခဲ့ဘူး။"

"..................."

"တစ်သက်လုံး ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ငါဒီကိုပြန်လာဖို့ရွေးခဲ့တာ မင်းကိုပြန်တွေ့ချင်တဲ့စိတ်တစ်ခုတည်းနဲ့ပဲ
ကြိုမတွေးထားတဲ့ တွေ့ဆုံမှုနဲ့ မင်းကိုပြန်တွေ့လိုက်ရတော့ ငါ့ခံစားချက်တွေငါ ကြိုးစားပြီးထိန်းချုပ်ခဲ့ရတယ်၊မင်းကိုတွေ့လိုက်တိုင်း ပျော့ညံ့သွားလွန်းတဲ့ ငါ့စိတ်တွေငါ အနိုင်မယူနိုင်လို့ မင်းနဲ့ထိပ်တိုက်မတွေ့ဖို့ကိုပဲ ကြိုးစားခဲ့ရတာ
သံသာ့အကြောင်းကိုသိရပြီးတော့ မင်းကိုပိုစိတ်ဆိုးမိတယ်၊စိတ်လည်းတိုတယ်၊အားလည်းနာတယ်၊မချင့်မရဲလည်းဖြစ်ရတယ်"

ချစ်ရသူရဲ့ စိတ်အနာတရတွေကို နားထောင်ရတာဟာ 'ည'အတွက်တော့ ရင်ကွဲမတတ်၊ထိုအနာတရတွေဖြစ်အောင် လုပ်ခဲ့သူဟာ ကိုယ်ဖြစ်နေတယ်ဆိုတဲ့အသိကလည်း ကိုယ့်ကိုယ်ကိုယ်မုန်းပစ်ချင်စရာကောင်းလွန်းလှသည်။

"ရယ်စရာအကောင်းဆုံးက ဘာလဲသိလား...အဲ့လောက်တောင် ငါ့ရင်ကိုအကြိမ်ကြိမ်နာစေတဲ့မင်းကို နည်းနည်းလေးတောင် မမုန်းနိုင်တာပဲ"

ခပ်အက်အက်နဲ့ တိုးတိတ်သွားတဲ့အသံအဆုံးမှာ 'ည'မျက်ရည်တွေဟာ အတားအဆီးကင်းစွာ ကျဆင်းလျက်
သူဟာ ဘယ်လိုကောင်းမှုတွေလုပ်ခဲ့မိလို့ ဒီလိုလူတစ်ယောက်ဆီက အနှိုင်းအဆမဲ့တဲ့အချစ်တွေကိုများ ခံစားရစေပါသလဲလေ

"ငါ နောင်တမရချင်ဘူး၊ချစ်တဲ့သူကို အနားမှာထားရင်း စိတ်ဒုက္ခပေးရင်း ငါကိုယ်တိုင်လောင်ကျွမ်းနေရတာမျိုးလည်း မဖြစ်ချင်ဘူး
ငါတို့အသိုင်းအဝိုင်းမှာရော၊လူလယ်ခေါင်မှာရော ငါ့လက်ကိုရဲရဲဝံ့ဝံ့တွဲပြီး ငါ့သက်ဆိုင်သူအဖြစ်နဲ့နေဖို့သတ္တိရှိရင်၊အရင်လိုပဲ ချစ်နေသေးတယ်ဆိုရင်...အင့်"

စကားမဆုံးခင် ပြေးဝင်လာတဲ့ခန္ဓာကိုယ်က မတိမ်းမယိမ်းမို့ ထိန်းလိုက်ရတဲ့အရှိန်က အသံပါထွက်စေသည်အထိ
လည်တိုင်ကိုသိုင်းဖက်လို့ ပခုံးစွန်းမှာမျက်နှာအပ်ထားသူကြောင့် ညာဘက်ပခုံးဟာစိုစွတ်လျက်
၅နှစ်ကျော်ဝေးကွာခဲ့ရတဲ့ ကိုယ်ငွေ့နွေးနွေးက မာကြောချင်ဟန်ဆောင်ထားရတဲ့ စိတ်နှလုံးကို တငွေ့ငွေ့ပျော်ကျစေတဲ့အခါ တင်းကြပ်စွာပွေ့ဖက်ခြင်းတွေသာ ဆင့်ကဲဖြစ်ပေါ်လာလျက်
တစ်ယောက်ပခုံးစွန်းမှာ တစ်ယောက်ရဲ့မျက်ရည်တွေသည် လွမ်းဆွတ်နေခဲ့ရခြင်းတွေရဲ့ သက်သေတွေအဖြစ် ရွှဲစိုနေလျက်...

"မငိုနဲ့တော့ အချစ်ရယ်...မငိုနဲ့တော့"

ရှိုက်သံတွေထွက်လျက် ငိုနေသူက ဖြူနုနုမျက်နှာပင် နီရဲနေပြီမို့ မျက်ရည်တွေကိုသုတ်ပေးရင်း တာရာ ချော့နေရသည်။ဒီမျက်ရည်တွေဟာ သူ့ရဲ့အားနည်းချက်ဖြစ်ခဲ့ရတာ ရွာကျောင်းက၂တန်းခန်းလေးက သက်သေ
လူကိုမော့ကြည်လိုက်၊တအင့်အင့်ရှိုက်ငိုလိုက်ဖြစ်နေသူက အချိန်များစွာအေးစက်တည်ငြိမ်ခဲ့သူရယ်လို့ ယုံနိုင်စရာပင်မရှိ။

အနီရင့်ရင့်နှုတ်ခမ်းလေးကို မနေနိုင်စွာဘဲ ဆွဲယူနမ်းရှိုက်မိတော့ အစမှာလန့်သွားပေမဲ့ ကိုယ်နဲ့အတူစီးမျောပေးတာဟာ အလိုက်သင့်

'ပြွတ် ပြွတ်စ်'

"အွန့်...နာတယ်လေ"

အူယားစွာနဲ့ နှုတ်ခမ်းဖူးလေးကို ဆွဲငုံလိုက်တော့ ဆူသံပိစိလေးထွက်လာတာဟာ ဟိုအရင်ကလို မပြောင်းမလဲ

"အချစ်ရယ် ကော်ဖီမှုန့်ကို ဘာမှမထည့်ဘဲဖျော်သောက်နေတာလားကွာ"

"ဟင် သကြားနည်းနည်းတော့ထည့်ပါတယ်၊ဘာလို့လဲ"

"ငါ့ပါးစပ်ထဲမှာတော့ ခါးသက်သွားတာပဲ အချစ်ရဲ့၊နောက်တစ်ခါကျ နို့ဆီထည့်သောက်နော်အချစ်၊အနမ်းချိုချိုအရသာလေးပဲ ခံစားကြမယ်လေကွာ နော်"

ရုတ်တရက်မို့ အဖြေရှာမရတဲ့'ည'ဟာ အူလည်လည်၊ထိုပုံစံကိုကြည့်ပြီး တဟားဟားရယ်မောနေသူကတော့ ကမ္ဘာမှာအလှဆုံးအပြုံးတွေကို ထုတ်လွှတ်နေလျက်
အဓိပ္ပါယ်ကိုသဘောပေါက်သွားတာတောင် 'ည'ဟာ ရှက်ဖို့မေ့နေပြီး ရယ်မောနေသူကို ငေးကြည့်နေမိတာဟာ စူးစူးနစ်နစ်

ဒီကြယ်လေး ပျော်ရွှင်နေမှ 'ည'ဆိုတာ အသက်ဝင်နေမှာ....

A/N
အပိုင်းသစ်အတွက်ကိုတော့ ရေချယ် ရက်အတိအကျမပြောတော့ပါဘူးနော်၊ဒီရက်ပိုင်းထဲ ရေချယ်အလုပ်ရှုပ်နေတာမို့ ပြောထားတဲ့အချိန်အတိုင်း မပြီးရင် မျှော်နေမဲ့သူတွေကို အားနာလို့ပါ။
သိပ်မကြာခင် ဇာတ်သိမ်းတော့မှာဆိုတော့ မလောဘဲ ဖြည်းဖြည်းအေးအေးသွားကြတာပေါ့နော်
Love U All
Rachel
11Oct,2023
_____________________

"အေမ့သားက အရင္လိုပဲ ခရမ္းခ်ဥ္သီးေထာင္းကို စြဲစြဲလန္းလန္းႀကိဳက္တုန္းေတာ္
ငါ့သားက အရင္ေလာက္ေတာ့ အစပ္မစားႏိုင္ေတာ့ဘူးလို႔ 'ည'ကေျပာလို႔ အေမင႐ုတ္သီးေလွ်ာ့ထည့္ထားတာ"

ၿမိဳခ်လက္စထမင္းတို႔က လည္ေခ်ာင္းဝမွာ ခဏတာတစ္ဆို႔သြားတဲ့အခါ ေဘးကေရေႏြးၾကမ္းခြက္ကို ဆြဲယူၿပီး ၿမိဳခ်လိုက္ရသည္။
အိမ္ျပန္ေရာက္ေနတာ ၂ရက္၊တစ္နည္းေျပာရရင္ တစ္ေယာက္ေသာသူဆီက ေရွာင္ေျပးလာခဲ့တာ ႏွစ္ရက္...အခုထိ နာမည္ကိုၾကားရင္ေတာင္ ဘာလုပ္ရမွန္းမသိေအာင္ လမ္းေပ်ာက္ေနရဆဲ။
မႈံမႈံေဆး႐ုံကဆင္းၿပီး ေနာက္ရက္မွာပဲ ႐ုံးကိုခြင့္ယူၿပီး အိမ္ျပန္လာခဲ့တာက မ်က္စိေရွမွာျမင္ေနရရင္ စိတ္ဆိုးေျပမိမွာစိုးလို႔၊အဲဒီလူနဲ႔ပတ္သက္လွ်င္ ဘယ္တုန္းကမွ မမာႏိုင္ခဲ့တဲ့အသည္းမို႔ ေရွာင္ေျပးခဲ့ျခင္းသာ။
သူ႔ကိုေတြ႕ေတြ႕ခ်င္း အေမကငိုသည္၊မရွိေတာ့တဲ့ ညီမေလးကိုတရင္း အေမငိုတဲ့အခါ သူလည္းမ်က္ရည္က်ရသလို အေဖသည္လည္း သူတို႔သားအမိႏွစ္ေယာက္ကိုၾကည့္ၿပီး မ်က္ရည္အဝဲသား။
ေနာက္ၿပီး ထက္လင္း၊သူ႔ဗိုက္ကို တစ္ခ်က္ၿပီးတစ္ခ်က္ထိုးရင္း အဆက္အသြယ္ျဖတ္သြားတဲ့အေပၚ မေက်နပ္ေၾကာင္းျပသည္။ထင္ရာေတြစြတ္ေျပာေပမဲ့အခုထိမမွန္ေသးတဲ့ ထက္လင္းအက်င့္ကေတာ့ အရင္လိုမေျပာင္းမလဲပါပဲ။ေက်ာ္ထက္ကေတာ့ အြန္လိုင္းမွာ သူဆက္သြယ္ကတည္းက 'ည'နဲ႔ျပန္ေတြ႕ၿပီလားလို႔ အရင္ဆုံးေမးလာခဲ့သူ၊ ဒီသူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ သိႏိုင္စြမ္းကလည္း တကယ္ကိုဆန္႔က်င္ဘက္ပါပဲ။

"ဒီတစ္ေခါက္က ၾကာၾကာေနလို႔မရဘူးေပါ့"

"ဟုတ္တယ္ အေမရဲ႕၊လကုန္ရက္နီးေတာ့ အလုပ္ေတြကရႈပ္တယ္၊မနက္ျဖန္ျပန္မွရမယ္"

"အင္းပါ၊အေမ ႏွမ္းဆုပ္ေတြလည္းလုပ္ထားတယ္၊မႈံမႈံႀကိဳက္တဲ့ ႏွမ္းပ်စ္ေရာ
ေနာက္ၿပီး ႏြားႏို႔လည္းခဲထားေသးတယ္၊ေၾကာ္လည္းေၾကာ္ေပးလိုက္ဦးမယ္၊အခဲလည္းထည့္ေပးလိုက္မယ္၊ဟိုေရာက္မွ သား'ည'ခ်က္ေကြၽးလိမ့္မေပါ့"

"အလုပ္ပိုေအာင္ အေမရယ္၊အလုပ္ေတြသိပ္မလုပ္ပါနဲ႔ေတာ့ဗ်၊အေဖေရာပဲ"

"အမေလး ေတာ္တို႔ႏွစ္ေယာက္လုံး တစ္ေလသံတည္းပဲ၊ 'ည'ဆိုလည္း အလုပ္ေတြမလုပ္ပါနဲ႔ေတာ့ပဲ ေျပာေနေတာ့တာ
က်ဳပ္တို႔က အလတ္ႀကီးေတြရွိပါေသးေတာ္"

၅၀ေက်ာ္အ႐ြယ္ေတြမို႔ အေဖနဲ႔အေမက သြက္လက္က်န္းမာေနတုန္းပါပဲ
ဒါေပမဲ့လည္း အလုပ္ေတြအကုန္သိမ္းႀကဳံးလုပ္ၿပီး ပင္ပင္ပန္းပန္းေတာ့ မေနေစခ်င္ေတာ့။ဘာမွဆက္မလုပ္ေတာ့ရင္ေတာင္ မႈံမႈံ႕မ်ိဳးဆက္အထိ ေအးေအးေဆးေဆးေနလို႔ရေနၿပီပဲေလ။

"သားက 'ည'ေလးကိုခုထိစိတ္ဆိုးတုန္းလားကြယ္၊သူ႔ခင္မ်ာ သနားစရာပါ၊သားကိုလည္း သူသံေယာဇဥ္ႀကီးရွာတာ သားသိလ်က္သားနဲ႔၊ကိုယ့္သူငယ္ခ်င္းကိုယ္ ေတာ္႐ုံဆိုးပါ သားရဲ႕"

အေမ့ရဲ႕ေျဖာင္းဖ်စကားေတြကို မခ်ိၿပဳံးနဲ႔သာနားေထာင္ေနရသည္။ရင္ေတြကြဲမတတ္ျဖစ္ခဲ့ရတာက် အေမမွမသိခဲ့ရတာေလ။

"ငါ့သား ထမင္းစားၿပီးရင္ အေဖနဲ႔ေတာထဲလိုက္ခဲ့ေလ၊စိတ္ေျပလက္ေပ်ာက္ေပါ့"

အေဖက ေတာထဲကိုလိုက္ဖို႔ တကူးတကေခၚေလ့မရွိသူမို႔ ထူးဆန္းေနေပမဲ့ သူေခါင္းညိတ္လိုက္မိသည္။
အေဖ့ၾကည့္ရတာ ထူးဆန္ေနတယ္လို႔ ခံစားမိေနတာမို႔ ထမင္းကိုလက္စသတ္ၿပီး သားအဖႏွစ္ေယာက္ ေတာထဲကို လမ္းေလွ်ာက္ရင္းထြက္လာခဲ့ၾကသည္။
ထြက္လာခဲ့ၾကတယ္ဆိုေပမဲ့ စကားေတြေျပာျဖစ္ေနတာလည္းမဟုတ္၊႐ြာလယ္လမ္းမတစ္ေလွ်ာက္ အသိေတြရဲ႕ ႏႈတ္ဆက္မႈေတြကို ျပန္တုံ႔ျပန္ရင္းသာ ရွိေနခဲ့တာျဖစ္သည္။

"ဒီေခ်ာင္းကိုျဖတ္တိုင္း အေဖက ငါ့သားတို႔တေတြကို သတိရတယ္၊ေလးေယာက္သား ေခ်ာင္းထဲမွာအၿမဲ ေရလာကူးၾကတာေလ
တစ္ခါတေလ မင္းတို႔၃ေယာက္ကို ေျပာမႏိုင္လို႔ 'ည'စိတ္ဆိုးၿပီး ေဘာင္ေပၚငုတ္တုတ္ေလးထိုင္ေနတာ၊အေဖျပန္လာတာကိုျမင္ရင္ ေျပးလာၿပီး တိုင္တတ္ေသးတာ"

ေမ့ႏိုင္စရာမရွိတဲ့ ေန႔ရက္ေတြအေၾကာင္းကို သူၿပဳံးလို႔သာ နားေထာင္ေနမိသည္။ေတာထဲေရာက္တိုင္း သူတို႔တစ္ခုခုျဖစ္မွာစိုးရိမ္တတ္တဲ့သူက ေျပာမႏိုင္ေတာ့ရင္ ႏႈတ္ခမ္းစူလို႔စိတ္ေကာက္ကာ တစ္ေနရာသြားထိုင္ေနတတ္တာမ်ိဳး။ဘယ္လိုပဲစိတ္ေကာက္ေကာက္ ေနာက္ဆုံးမွာေတာ့ သူရွာေပးတဲ့ ခ႐ုခြံ၊ကမာခြံေတြကို ယူရင္း စိတ္ေကာက္ေျပသြားတတ္တာ။

"'ညက သူငယ္ခ်င္းေတြအေပၚ၊အေဖတို႔မိသားစုအေပၚ သိပ္သံေယာဇဥ္ႀကီးရွာတယ္၊သူ႔လူေတြတစ္ခုခုျဖစ္မွာကို စိုးရိမ္တတ္ၿပီး သူသိသေလာက္၊တတ္သေလာက္ဉာဏ္ေလးနဲ႔ ကာကြယ္ေပးခ်င္ခဲ့တာ အဲဒီအခ်ိန္ေတြကတည္းကပဲ ငါ့သား"

"အေဖ!!"

ထိန္လန္႔စြာေခၚမိေတာ့ အေဖကၿပဳံးလို႔လွည့္ၾကည့္လာသည္။တက္ႂကြစြာေလွ်ာက္ေနတဲ့ ေျခလွမ္းေတြမွာ ေမာဟိုက္ျခင္းေတြကင္းမဲ့ေနခဲ့ၾကေပမဲ့ အခုေတာ့ သူအလိုလိုေမာပမ္းလာေလၿပီ။

"ဟိုထေနာင္းပင္ေအာက္မွာ ခဏထိုင္ၾကစို႔"

စိမ္းစိုေနတဲ့ လယ္ကြင္းျပင္ေတြနဲ႔ ခပ္ၾကမ္းၾကမ္းေလေအးေတြက ေတာသဘာဝရဲ႕ ေအးခ်မ္းမႈကို သဘာဝအေလ်ာက္ ႀကိဳးစားေပးေနၾကေပမဲ့ သူ႔ရင္မွာေတာ့ မေအးႏိုင္။

"ေရာ့သား ဖတ္ၾကည့္"

'သံသာလြင္'လို႔အမည္တပ္ထားတဲ့ အျဖဴေရာင္စာအုပ္ေလး အေဖ့လြယ္အိတ္ထဲကေန လက္ထဲေရာက္လာေတာ့ သူငိုင္ခနဲၾကည့္ေနမိသည္။
ရက္စြဲေတြ၊နာရီေတြနဲ႔ စာတိုေတြက စာမ်က္ႏွာတိုင္းလိုလိုမွာ မြစာႀကဲလ်က္
စာအရွည္ႀကီးေတြေရးထားတာမဟုတ္ဘဲ စိတ္ထြက္ေပါက္ရခ်င္တိုင္း ေကာက္ကာငင္ကာေရးထားဟန္ရွိသည္။

စာမ်က္ႏွာေတြကို တစ္႐ြက္ၿပီးတစ္႐ြက္လွန္ေနရင္း တစ္ေနရာအေရာက္မွာ သူရပ္တန္႔သြားလ်က္..

'ကိုႀကီးညရဲ႕ ေက်းဇူးေတြက ငါ့အေပၚသိပ္မ်ားေနၿပီ၊တစ္ခါတေလ ကိုႀကီးမ်က္ႏွာကို ေမာ့ေတာင္မၾကည့္ရဲေတာ့ဘူး။ငါတို႔မိသားစုရဲ႕သိကၡာအတြက္ သူ႔ကိုယ္သူခ်နင္းေပးခဲ့ရွာတယ္"

'ကိုႀကီးတာရာက ျပန္မလာေတာ့ဘူးတဲ့၊ဘယ္ႏိုင္ငံသြားမယ္လို႔လည္း ေသခ်ာေျပာမသြားဘူး၊
တစ္ခုခုကို စိတ္ဆိုးသြားတယ္လို႔ ငါခံစားေနရတယ္၊ငါ့ကိုယ္ငါလည္း အျပစ္မကင္းသလိုပဲ'

'ဂါဝန္ျဖဴအရွည္ႀကီးဝတ္ၿပီး ေမာင္နဲ႔အတူမဂၤလာေဆာင္မယ္လို႔ စိတ္ကူးခဲ့တာ၊
အခုေတာ့ ေမာင္လည္းမရွိေတာ့ဘူး၊
မနက္ျဖန္ဆို ကိုႀကီးညနဲ႔အတူ မဂၤလာဆြမ္းေကြၽးလုပ္ရေတာ့မယ္။အမွန္အတိုင္းေျပာရရင္ ငါတို႔ႏွစ္ေယာက္လုံး အေနရခက္ေနရတာ
ငါတို႔က ေမာင္ႏွမေတြလိုေနလာၾကတာေလ၊ကိုႀကီးညကို ငါ့အစ္ကိုတစ္ေယာက္အျပင္ ငါပိုသေဘာမထားႏိုင္ဘူး။ကိုႀကီးလည္း အဲ့လိုပဲဆိုတာ ငါသိေနတယ္"

'အန္တီႏွင္းက ေပ်ာ္ေနရွာတယ္၊အခ်စ္ဆုံးသူငယ္ခ်င္းရဲ႕သမီးကို ေခြၽးမေတာ္ရလို႔တဲ့၊
ငါကေတာ့ ကိုႀကီးညတို႔မိသားစုကို မ်က္ႏွာခ်င္းဆိုင္ရတာေတာင္ လိပ္ျပာမလုံလွပါဘူး။တစ္ခါတေလ ကိုႀကီးညမေတြ႕ခင္ ေရထဲနစ္မသြားတဲ့ ငါ့ကိုယ္ငါပဲ အျပစ္တင္ခ်င္မိေတာ့တယ္'

စိတ္ထဲရွိလာတိုင္း ေကာက္ေရးထားဟန္ရွိတဲ့ စာတိုေလးေတြက ညီမေလးတစ္ေယာက္တည္း ႀကိတ္ခံစား၊ဝမ္းနည္းပူေဆြးေနခဲ့ရတာကို သက္ေသျပေနသလို သူ႔ရင္ေတြလည္းနာရသည္မွာ ကြဲလုမတတ္

'ဘုရားေရ ကိုႀကီးတာရာနဲ႔ကိုႀကီးညက ခ်စ္သူေတြတဲ့၊ကိုႀကီးညရဲ႕ဒိုင္ယာရီကို အမွတ္မထင္ေတြ႕လိုက္မိတဲ့ ငါ့ကိုယ္ငါ အျပစ္တင္ရမလား၊ေက်းဇူးတင္ရမလားမသိေတာ့ဘူး
ငါ့ေၾကာင့္နဲ႔ ငါ့အစ္ကိုႏွစ္ေယာက္က ေဝးသြားခဲ့ၾကရတာေပါ့၊ငါက ငါခ်စ္တဲ့သူေတြကိုဒုကၡေပးဖို႔မ်ား လူျဖစ္လာရတာလား
ေမာင္လည္း ငါ့ေၾကာင့္ပဲေသရတယ္၊အစ္ကိုႏွစ္ေယာက္လည္း ရွင္ကြဲကြဲရတယ္၊ငါက တကယ္ကိုအသက္မရွင္သင့္တဲ့ လူတစ္ေယာက္ပဲ
သမီးေလးအတြက္ မိခင္ေကာင္းတစ္ေယာက္ျဖစ္ေပးဖို႔လည္း ယုံၾကည္ခ်က္မရွိေတာ့ဘူး၊ၿပီးေတာ့ အားလုံးကို စိတ္ဒုကၡေရာက္ေစၿပီးမွ ေပ်ာ္ေနရတဲ့ဘဝလည္း ငါမလိုခ်င္ဘူး'

'ကိုႀကီးညက ခုတေလာပိုဂ႐ုစိုက္လာတယ္၊ငါ့ကိုၾကည့္ရတာ အားမရဘူးတဲ့၊သမီးေလးအတြက္ပဲျဖစ္ျဖစ္ က်န္းမာေအာင္ေနတဲ့
ငါ့ကို အားရွိေအာင္အားေပးေနတဲ့ သူကေတာ့ တစ္ခ်ိန္လုံး အသက္မဲ့ေနတဲ့မ်က္လုံးေတြနဲ႔၊ႀကိဳးစားၿပီးရွင္သန္ေနရတဲ့ပုံျဖစ္ေနတာကို ကိုႀကီးဟန္ေဆာင္ေကာင္းလည္း ငါသိေနတယ္ေလ'

'ညတိုင္း ကန္ေတာ့ၿပီးအိပ္တာေတာင္ ကိုႀကီးညအေပၚမွာတင္ေနတဲ့ ေက်းဇူးေႂကြးေတြကို ငါကုန္ေအာင္ဆပ္ႏိုင္မွာမဟုတ္ဘူး
အရင္ကဆို ကိုႀကီးညအခန္းထဲမွာ သူငယ္ခ်င္းခ်စ္သူသီခ်င္းဖြင့္ထားတာကို ပုံမွန္လိုပဲေတြးေနမိတာ၊အခုမွ ကိုႀကီးကိုလြမ္းေနလို႔ဆိုတာ ငါသိေတာ့တယ္
ဒီညလည္း မအိပ္ခင္ကန္ေတာ့ခ်င္လို႔ အခန္းတံခါးေခါက္မိတယ္၊နီရဲေနတဲ့မ်က္လုံးေတြနဲ႔ ၿပဳံးျပေနသူကိုေတြ႕ေတာ့ ေနာင္တရမိတယ္။တကယ္ဆို ကိုႀကီးညကို သူ႔ဘာသာေအးေဆးေနခိုင္းသင့္တာေလ
တစ္ခ်ိန္လုံးဟန္ေဆာင္ေနရတာ၊သူလည္းပင္ပန္းမွာေပါ့။ငါက ၾကာေလအသုံးမက်ေလပါပဲ'

'ဗိုက္ထဲက ကေလးေလးက တလႈပ္လႈပ္နဲ႔ကန္ေနတယ္၊ေမာင့္ကိုသတိရလိုက္တာေလ
တကယ္ဆို ဒီအခ်ိန္မွာ ငါနဲ႔ေမာင္က ကေလးေလးအေၾကာင္းကို အတူတူေျပာရင္း ေပ်ာ္ေနရမွာေနာ္
ကိုႀကီးညကေတာ့ ေနမေကာင္းဘူးလား ေမးရွာပါတယ္၊ကိုႀကီးတို႔အေၾကာင္းကို မသိခဲ့မိရင္ေတာင္ အရင္လို ကိုႀကီးညေရဆိုၿပီး ေျပာျပမိဦးမယ္
အခုက် အားနာစိတ္ေတြနဲ႔ ကိုႀကီးညကို တျခားဘာစိတ္ဒုကၡမွ မေပးခ်င္ေတာ့တာပဲသိတယ္
ကိုႀကီးညက ငါ့ကိုဘာအျပစ္မွမတင္ဘူးဆိုတာသိေနေပမဲ့လည္း ငါကိုယ္ကလိပ္ျပာမလုံျဖစ္ေနရတာ'

'ဒီည အလုပ္မွာပါတီရွိလို႔တဲ့၊ကိုႀကီးညက အိမ္ျပန္ေနာက္က်တယ္
တံခါးေစာင့္ဖြင့္ေပးတဲ့ငါ့ကိုျမင္ေတာ့ အားနာေနရွာတယ္။ငါတို႔ေမာင္ႏွမႏွစ္ေယာက္ ဧည့္ခန္းမွာထိုင္ရင္း စကားေတြေျပာျဖစ္ၾကတယ္
ပုံမွန္အခ်ိန္ဆို ဘယ္လိုမွၾကားဖို႔မျဖစ္ႏိုင္တဲ့စကားေတြေပါ့၊ ကိုႀကီးညကေလ ကိုႀကီးတာရာ့အေၾကာင္းေတြေျပာရင္း မ်က္ရည္ေတြနဲ႔ရယ္တယ္။နည္းနည္းမူးေနေတာ့ သူ႔ကိုယ္သူငိုေနတာေတာင္ သိပုံမေပၚဘူး။
အတာကေလ၊အတာကေလနဲ႔ ကိုႀကီးတာရာအေၾကာင္းေတြေျပာေနတာမ်ား ကေလးလိုပါပဲ။
ၿပီးေတာ့ ငါ့ကိုလည္း က်န္းမာေရးဂ႐ုစိုက္ဖို႔နဲ႔၊စိတ္ဆင္းရဲစရာေတြမေတြးဖို႔ တဖြဖြမွာတယ္။
ဒီလိုအစ္ကိုမ်ိဳးရတာ ငါ့အတြက္ကံေကာင္းတာပဲ၊အစ္ကိုႏွစ္ေယာက္ကေတာ့ ငါ့ေၾကာင့္ရွင္ကြဲ၊ကြဲရရွာတယ္'

'ေနရထိုင္ရတာ မေကာင္းလိုက္တာေလ၊မိသားစုေတြေရာ၊အမ်ိဳးေတြေရာက ဝိုင္းဂ႐ုစိုက္ေနေပမဲ့ ငါ့က်န္းမာေရးက အားရစရာမရွိပါဘူး
တကယ္ေတာ့ေလ မေနရလည္း ငါေပ်ာ္ေနမွာပဲ။သမီးေလး အေမမရွိေတာ့မွာကို ေတြးမိရင္ေတာ့ ရင္ေတြကြဲရတယ္။ဒါေပမဲ့ ကိုယ့္အေျခအေနကိုယ္သိေနေတာ့  စိတ္ေလွ်ာ့ထားေတာ့တယ္။
ငါမရွိေတာ့ရင္လည္း ကိုႀကီးညက သမီးေလးကိုအေဖအရင္းတစ္ေယာက္လိုပဲ ေစာင့္ေရွာက္မွာကို သိေနေတာ့ စိတ္ခ်ရတယ္။အေဖနဲ႔အေမလည္းရွိေနတာပဲေလ။တစ္ခ်ိန္က်ရင္ေတာ့ ငါ့အစ္ကိုႏွစ္ေယာက္ ျပန္ဆုံမယ္လို႔ ယုံၾကည္ပါတယ္။သမီးေလးကို ႏွစ္ေယာက္အတူေစာင့္ေရွာက္ေပးသြားၾကမွာလို႔လည္း ယုံၾကည္တယ္၊ဘုရားမွာလည္းဆုေတာင္းပါတယ္"

"သံသာရယ္...ညီမေလးရယ္.."

စိတ္ထဲေပၚလာတိုင္း ေကာက္ေရးထားဟန္ရွိတဲ့ စာတိုေလးေတြက သူ႔ကိုမ်က္ရည္ေတြက်ေစသည္မွာ အ႐ူးတစ္ေယာက္လို။ကံၾကမၼာကလြဲၿပီး ဘယ္အရာကိုမ်ား အျပစ္တင္ႏိုင္ပါဦးမလဲ။

"အေဖက ဘယ္လို၊ဘယ္လိုလုပ္ၿပီး ဒါကိုေတြ႕တာလဲ"

"သမီးရက္လည္ၿပီးေတာ့ အခန္းကိုရွင္းၾကဖို႔လုပ္ၾကတယ္ေလ၊မရွင္းခင္ မင့္ညီမေလးအခန္းကို အေဖဝင္ၾကည့္မိတယ္။သမီးငယ္ရဲ႕အမွတ္တရေတြကို အလြမ္းေျပၾကည့္တဲ့သေဘာပါပဲ။အဲ့မွာ ဓါတ္ပုံအယ္ဘမ္ေတြၾကားထဲမွာ ဒီစာအုပ္ေလးကိုေတြ႕တာပဲ"

"အေမ! အေမေရာသိသြားလား"

"ဘယ္သိမလဲကြာ၊အေဖ ဘယ္ျပႏိုင္ပါ့မလဲ။ဒါေပမဲ့ ညနဲ႔သံသာ႐ုတ္တရက္ခိုးေျပးၿပီး ဒီလိုကေလးရွိလာတာကိုေတာ့ သူသိပ္ယုံပုံမရဘူး
မႈံမႈံႀကီးလာေတာ့ ပိုဆိုးတာေပါ့၊မႈံမႈံ႕မ်က္ႏွာက ဗမာ႐ုပ္ထြက္မေနတာ ငါ့သားျမင္တဲ့အတိုင္းပဲေလ
ဒါေပမဲ့ ဘယ္ထုတ္ေမးရက္ပါ့မလဲကြာ၊ကိုယ့္သမီးေလး အျဖစ္ဆိုးေတြကို ေသၿပီးမွေတာ့ ဘယ္ၾကားရက္ႏိုင္ပါ့မလဲ"

"ျဖစ္မွျဖစ္ရေလ အေဖရယ္၊ကြၽန္ေတာ့္ညီမေလးက်မွ ဒါမ်ိဳးေတြျဖစ္ရတယ္လို႔ဗ်ာ
ညီမေလးဘယ္ေလာက္ေတာင္ စိတ္ဆင္းရဲခဲ့ရမလဲဗ်ာ"

"အင္း သမီးငယ္က သိပ္ကိုစိတ္ဆင္းရဲခဲ့ရမွာေပါ့၊အားလုံးကသူ႔ေၾကာင့္ဆိုတဲ့စိတ္နဲ႔ အားနာစိတ္ေတြလည္း ရွိခဲ့ရွာမွာေပါ့
အဲ့လိုပဲ ငါ့သားလည္း စိတ္ေသာကေတြသိပ္မ်ားခဲ့ရမွာကို အေဖေတြးမိတယ္၊ေနာက္ၿပီး သမီးငယ္အတြက္ေခါင္းခံတာဝန္ယူေပးခဲ့တဲ့ 'ည'..သူလည္း သူ႔ေသာကနဲ႔သူရွိေနခဲ့မွာပဲလို႔ အေဖေတြးမိခဲ့တယ္
သားတို႔၃ေယာက္လုံးက ကိုယ္စီစိတ္ဆင္းရဲျခင္းေတြနဲ႔ မိဘေတြမသိေအာင္ ႀကိဳးစားေနခဲ့ၾကရွာတာပဲလို႔ ေတြးမိတိုင္း ငါ့သားသမီးေတြအေပၚ အေဖအားနာစိတ္ျဖစ္မိတယ္
အေဖတို႔ဘာမွမလုပ္ေပးႏိုင္ခဲ့တဲ့အေပၚလည္း တကယ္ကိုခံစားရတယ္၊႐ုတ္တရက္ျဖစ္သြားတဲ့ မဂၤလာပြဲ၊သမီးငယ္ရဲ႕ကိုယ္ဝန္၊ျပန္မလာေတာ့တဲ့ ငါ့သားရဲ႕ႏိုင္ငံျခားခရီးစဥ္...ဒါေတြအားလုံးက အေဖ့သားသမီးေတြရခဲ့တဲ့ စိတ္ေသာကေတြ၊စိတ္ဒဏ္ရာေတြရဲ သက္ေသေတြပဲေပါ့"

"........."

"ေနာက္ၿပီး မေမွ်ာ္လင့္ဘဲ သားနဲ႔ညအေၾကာင္းကို သိလိုက္ရေတာ့ အေဖတုန္လႈပ္သြားမိတယ္၊ဟိုအရင္အေျခအေနေတြအတိုင္းဆို နားလည္လက္ခံေပးဖို႔ အေတာ္မလြယ္တဲ့ကိစၥမ်ိဳးေပါ့၊
သမီးတစ္ေယာက္လုံးကို ဆုံးရႈံးလိုက္ရၿပီးေနာက္ေတာ့ ေနာက္ထပ္သားတစ္ေယာက္ကို မဆုံးရႈံးရဖို႔ကလြဲရင္ အေဖဘာမွမလိုခ်င္၊မေတြးခ်င္ေတာ့ဘူး
အေဖ့သားသာ အေဖတို႔နဲ႔အတူသက္ရွိထင္ရွားရွိေနမယ္ဆိုရင္ ငါ့သားရဲ႕ဘယ္လိုပုံစံကိုမဆို အေဖလက္ခံႏိုင္တယ္ သား"

မ်က္ရည္ေတြေဝ့သီစြာနဲ႔ ၿပဳံးရင္းေျပာလာတဲ့အေဖ့ရင္ခြင္ကို ခိုလႈံမိရင္း မ်က္ရည္ေတြက်ကာ ငိုေနမိတာဟာအသံတိတ္
ပခုံးကိုပုတ္ေပးလာတဲ့ အေဖ့လက္ေတြက စိတ္ႏွလုံးသားထဲထိ ေႏြးေထြးလုံၿခဳံမႈတို႔ ျဖစ္တည္လာေစ၏။

"အခု သားနဲ႔ညအေျခအေနကဘယ္လိုလဲ"

ထေနာင္းပင္ေအာက္မွာပဲ ဆက္ထိုင္မိေနၾကၿပီး မ်က္စိေရွ႕က လယ္ကြင္းျပင္ႀကီးကို ေငးေနမိၾကတာ အေတာ္ၾကာမွ အေဖကေမးခြန္းထုတ္လို႔လာသည္။
ဟိုေန႔ညၿပီးကတည္းက သူ 'ည'ကို မ်က္ႏွာခ်င္းမဆိုင္ျဖစ္ေအာင္ေနေနခဲ့တာ၊'ည'ကသူ႔ကိုတစ္ခ်ိန္လုံးလိုက္ၾကည့္ေနတာကို သိေပမဲ့ သူေရွာင္ေနခဲ့တာ၊အိမ္ကိုခဏျပန္မယ္ဆိုတာေတာင္ ထြက္လာခါနီးမွ သူေျပာခဲ့တာ။

"ဒီအတိုင္းပါပဲ အေဖ"

"အင္း...ဘာပဲျဖစ္ျဖစ္ သားေရာ၊'ည'ေရာက အေဖတို႔ရဲ႕သားေတြပဲ၊ဒါက ဘယ္ေတာ့မွမေျပာင္းလဲမဲ့ အမွန္တရားပဲ
က်န္တဲ့ကိစၥေတြကိုေတာ့ အေဖကဘာမွစြက္ဖက္ေနမွာမဟုတ္ဘူး"

"ဟုတ္ အေဖ"

"ေနာင္တမရေစနဲ႔ သား၊အေဖတို႔ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ အသက္ရွင္လ်က္ျမင္ေတြ႕ခြင့္ရတုန္း ခ်စ္ေပးႏိုင္သမွ်၊ဂ႐ုစိုက္ေပးႏိုင္သမွ်ကို ခ်စ္ေပး၊ဂ႐ုစိုက္ေပးသင့္တယ္
ေသသြားတဲအခါ ခ်စ္ပါတယ္ေျပာလည္း တစ္ဖက္လူကမၾကားႏိုင္ေတာ့ဘူး၊နားလည္ပါတယ္၊ခြင့္လႊတ္ပါတယ္ေျပာလည္း တစ္ဖက္လူက မသိႏိုင္ေတာ့ဘူး
ရွိေနတုန္းေလးမွာ ကိုယ့္စိတ္ကိုယ္မလိမ္ညာဘဲ အေကာင္းဆုံးေနထိုင္သြား ကိုတာ!
အေဖ့သားေတြကို ေနာက္တစ္ႀကိမ္ေနာင္တေတြထပ္မရေစခ်င္ေတာ့ဘူး"

အေဖ့ရဲ႕ဆုံးမစကားေတြက ပိတ္ေလွာင္ေနတဲ့သူ႔စိတ္ႏွလုံးထဲကို အလင္းေရာင္ေတြနဲ႔အတူ လမ္းျပေပးလိုက္သကဲ့သို႔ျဖစ္သြားသည္။
တစ္ေယာက္ေသာသူကိုသာ ခ်စ္တယ္လို႔ေျပာခြင့္ ထပ္ၿပီးမရွိေတာ့ရင္ဆိုတဲ့ ျဖစ္ရပ္က အေတြးနဲ႔တင္နာက်င္စရာေကာင္းလွပါဘိ။တကယ္ေတာ့ အခ်စ္ဟာ ခ်စ္ေနဖို႔ပဲျဖစ္ၿပီး သာတယ္နာတယ္တြက္ၿပီး မာနထားစရာမွမဟုတ္ဘဲေလ။
_______

'ဇီး႐ိုးမိုင္ေရာက္ေနၿပီ၊ငါ့ကိုလာႀကိဳ'ဆိုတဲ့ ေလလႈိင္းထဲကအသံက အိမ္မွာသန္႔ရွင္းေရးလုပ္ေနတဲ့'ည'ကို အေတာ္ပ်ာယာခတ္ေစသည္။သြားတုန္းကေတာင္ ႐ုံးက သူ႔ကားဆရာကိုလိုက္ပို႔ခိုင္းတာမို႔ ျပန္ရင္လည္း ကားဆရာကိုပဲ လာႀကိဳခိုင္းမယ္ထင္ထားတာ၊ေနာက္ၿပီး ျပန္လာမဲ့အေၾကာင္းလည္း ႀကိဳမေျပာထားတာမို႔ ႐ုတ္တရက္ဝင္လာတဲ့ဖုန္းက တကယ္ကိုအံ့အားသင့္စရာေတြေပးတာပင္။
ေမာ္ေမာ္တို႔နဲ႔လိုက္သြားတဲ့ သမီးကို အျပန္မွဝင္ႀကိဳမဲ့အေၾကာင္း ဖုန္းဆက္ၿပီး ကားႀကီးကြင္းကိုအလ်င္စလိုေျပးရသည္။ၿမိဳ႕ထဲနဲ႔ေအာင္မဂၤလာက နီးနီးနားနားမို႔လို႔ zero mileေရာက္မွ ကပ္ေျပာတာလားမသိ။ဟိုမွာအၾကာႀကီးေစာင့္ေနရလိမ့္မယ္ဆိုတဲ့စိတ္က ကားကိုျမန္ႏိုင္သမွ်ျမန္ေအာင္ေမာင္းဖို႔ တြန္းအားျဖစ္ေစသလို လမ္းေတြကို ဟိုေက်ာ္ဒီခြလုပ္လို႔ ေနာက္ကားေတြရဲ႕ ဟြန္းတီးၿပီးေမတၱာပို႔ခံရတာကလည္း ခဏခဏပါပဲ။ကိစၥေတြအားလုံးရွင္းၿပီးတဲ့ေနာက္ အတာ့သေဘာထား ဘယ္လိုျဖစ္ေနလဲဆိုတာ သူမသိ၊သိဖို႔လည္း မႀကိဳးစားခ်င္။အတာ့ကို စိတ္အနာတရေပးခဲ့သူဟာ သူပဲမို႔ အတာဘယ္လိုပဲတုံ႔ျပန္တုံ႔ျပန္ သူလက္ခံႏိုင္သည္။အတာဟာ သူ႔ဆီျပန္မလာေတာ့ဘူးဆိုရင္လည္း သူဘာမွမတတ္ႏိုင္၊သူ႔ကံသာ။ဒါေပမဲ့ ဆြဲႏိုင္သမွ်ေတာ့ ဆြဲထားခ်င္ပါေသးသည္။

ခရီးေဆာင္အိတ္အျပင္ ႀကိမ္လက္ဆြဲျခင္းတစ္ျခင္းပါ အပိုပါလာသူကို taxiဆရာေတြဝိုင္းေနတဲ့ၾကားက 'ည'လွမ္းျမင္လိုက္ရသည္။
ဆူပုပ္ေနတဲ့သူက ကားေနာက္ခန္းထဲပစၥည္းေတြထည့္ၿပီး ေဘးခုံမွာဝင္ထိုင္လာသည္။

"လာႀကိဳမွာပါဆိုတာကို ကားငွားမလားပဲေမးေနၾကတယ္၊အေမကလည္း ႀကိမ္ျခင္းႀကီးမဆြဲခ်င္ပါဘူးဆို ျခင္းအျပည့္ ထည့္ေပးလိုက္ေသးတယ္"

လက္ဆြဲျခင္းႀကီးသယ္လာရလို႔ အိမ္ကအေမကို မေက်မနပ္ျဖစ္ေနပုံရတဲ့သူေၾကာင့္ 'ည'ၿပဳံးခ်င္သြားရသည္။အတာဆိုတာ ငယ္ငယ္ကတည္းက လက္ဆြဲျခင္းဆြဲရမွာ လုံးဝမႀကိဳက္တဲ့သူမ်ိဳးပဲေလ။ၿပဳံးခ်င္ရယ္ခ်င္စိတ္ေတြကို ၿမိဳခ်ထားရင္း

"ေစာေစာဆက္ရင္ ငါႀကိဳထြက္လာၿပီး ေစာင့္ေနပါတယ္၊ကားေရာက္ေနတာၾကာၿပီလား"

"သိပ္မၾကာေသးပါဘူး၊ေစာင့္ေနရမစိုးလို႔ zero mileေရာက္မွဆက္လိုက္တာ"

"ဪ အင္း"

ထို႔ေနာက္ ဘာမွေျပာစရာမရွိေတာ့တဲ့အတိုင္း ကားေလးကတိတ္ဆိတ္သြားျပန္သည္။
ပူရွိန္းပီေကကို တေဖာက္ေဖာက္ဝါးေနသူကို 'ည'အသာခိုးၾကည့္မိေတာ့ အၾကည့္သူခိုးႏွစ္ေယာက္ မ်က္လုံးခ်င္းတည့္တည့္တိုးတာမို႔ မ်က္ႏွာကိုယ္စီလႊဲရင္း ရယ္ခ်င္စိတ္ကို ႏႈတ္ခမ္းကိုက္လို႔သိမ္းဆည္းထားရျပန္သည္။

"အဟမ္း မႈံမႈံေရာ လိုက္မလာဘူးလား"

"သမီးက ေမာ္ေမာ့္ဆီသြားေနတယ္၊ဒီကအျပန္မွ ဝင္ႀကိဳလိုက္ေတာ့မလို႔
အေမတို႔၊အေဖတို႔ ေနေကာင္းၾကတယ္မလား"

"အင္း ေကာင္းတယ္"

"ထက္လင္းနဲ႔လည္း ေတြ႕ျဖစ္တယ္မလား၊အဲဒီေကာင္ ငါ့ကိုစာပို႔ေသးတယ္"

"အင္း ေတြ႕တယ္၊ေက်ာ္ထက္ဆီလည္း အဲ့ေကာင္vcေခၚလို႔ စကားေျပာျဖစ္တယ္"

သူငယ္ခ်င္းေတြနာမည္ၾကားေတာ့ ေက်ာင္းသားဘဝကို အေတြးကျပန္ေရာက္ရသည္။သိပ္ကိုေပ်ာ္ခဲ့ရတဲ့အခ်ိန္ေတြ...အဲဒီ့အခ်ိန္ေလးမွာပဲ ရပ္တန္႔ေနခဲ့ရင္ ဘယ္ေလာက္ေကာင္းလိုက္မလဲေလ...
______

ဒီေန႔ထူးထူးျခားျခား ေကာင္းကင္ႀကီးမွာ ၾကယ္ေတြစုံေနသည္။မၾကာခင္ ေႏြဦးေပါက္ေတာ့မည့္ ရာသီဥတုကလည္း ၾကည္ၾကည္လင္လင္ရွိလွသည္။
ေကာ္ဖီတစ္ခြက္ကို တစိမ့္စိမ့္ေသာက္ရင္း ေကာင္းကင္ႀကီးၾကယ္ေတြကို ေမာ့ၾကည့္ေနရျခင္းက
မ်က္စိေရွ႕မွာရွိေနၿပီး ရဲရဲဝံ့ဝံ့ၾကည့္ဖို႔အခြင့္မသာတဲ့ လူတစ္ေယာက္ကို အလြမ္းေျပၾကည့္ေနရသလိုခံစားရသည္။ျပန္ေရာက္ၿပီးကတည္းက တူဝရီးႏွစ္ေယာက္သား အလြမ္းသယ္မဝႏိုင္နဲ႔ အလုပ္ရႈပ္ေနၾကၿပီး 'ည'ကေတာ့ အေမထည့္ေပးလိုက္တဲ့ ဟင္းေတြ၊မုန္႔ေတြကို ေသခ်ာသိမ္းဆည္း၊ေရခ်ိဳးၿပီး ဝရံတာထြက္ရပ္ေနတာျဖစ္၏။

ေရွ႕ေျပး ပူရွိန္းနံ႔က ႏွာဖ်ားမွာက်ီစယ္လာၿပီးေနာက္ ေျခသံရပ္သြားသံကိုၾကားတာမို႔ လွည့္ၾကည့္မိေတာ့ ဝရံတာကိုထြက္တဲ့ တံခါးကိုမွီရင္း လက္ပိုက္လ်က္ရပ္ေနတဲ့အတာ
အတူတူျပန္ရွိၾကကတည္းက ကိုယ္ရွိတဲ့ေနာက္ကို ဒီလိုလိုက္လာခဲ့တာ ပထမဆုံးမို႔ အေၾကာင္သားနဲ႔ ဘယ္လိုတုံ႔ျပန္ရမလဲ ႐ုတ္တရက္မစဥ္းစားတတ္...

"တာရာ..."

"ေျပာစရာရွိတယ္...ငါေျပာခ်င္တာေတြ အကုန္ေျပာမွာမို႔ ဘာမွမေျပာဘဲ နားေထာင္ေပးမလား ည"

"ဟင္ အင္း...ရတယ္ေလ ေျပာပါ၊ငါနားေထာင္ပါ့မယ္"

'ည'သည္လည္း ဝရံတာမွာမွာေနာက္ျပန္ရပ္ေနရာက မေ႐ြ႕သလို၊တာရာသည္လည္း ရပ္လက္စေနရာမွာပဲ ရပ္ေနလ်က္..

"ည မင္းသိလား....မိသားစုအတြက္မ်ိဳးဆက္ရဖို႔ ငါ့ကိုမေ႐ြးႏိုင္ဘူးလို႔ ၾကားရတဲ့ညက ငါ့ကိုယ္ငါဘယ္ေလာက္သိမ္ငယ္ခဲ့ရသလဲဆိုတာ၊ငါ တစ္သက္လုံးသိလာခဲ့တဲ့ 'ည'မွဟုတ္ရဲ႕လားဆိုၿပီး ငါ႐ူးမတတ္ပဲ။အဲဒီ့စကားထက္ ငါ့ကို ပိုသိမ္ငယ္ေစတဲ့စကားမ်ိဳး ရွိမွာေတာင္မဟုတ္ေတာ့ဘူးလို႔ ငါထင္တယ္။
လုပ္ရက္လိုက္တာ၊ေျပာရက္လိုက္တာဆိုတဲ့စိတ္နဲ႔ မင္းကိုနာက်ည္းၿပီးမုန္းဖို႔ ႀကိဳးစားတိုင္း အဲ့အႀကံက လမ္းတစ္ဝက္ကေန လွည့္ျပန္ရတာပဲ
မင္း သိလား ည...ငါမင္းကို မၾကည့္ခ်င္မျမင္ခ်င္၊မေတြ႕ခ်င္ေလာက္ေအာင္ကို မုန္းပစ္ခ်င္ခဲ့တာ၊ဒါေပမဲ့ေလ စိတ္ကူးနဲ႔ေတာင္ ႀကိဳးစားေတြးၾကည့္လို႔မရခဲ့ဘူး။"

"..................."

"တစ္သက္လုံး ျပန္မလာေတာ့ဘူးလို႔ ဆုံးျဖတ္ခဲ့ေပမဲ့ ငါဒီကိုျပန္လာဖို႔ေ႐ြးခဲ့တာ မင္းကိုျပန္ေတြ႕ခ်င္တဲ့စိတ္တစ္ခုတည္းနဲ႔ပဲ
ႀကိဳမေတြးထားတဲ့ ေတြ႕ဆုံမႈနဲ႔ မင္းကိုျပန္ေတြ႕လိုက္ရေတာ့ ငါ့ခံစားခ်က္ေတြငါ ႀကိဳးစားၿပီးထိန္းခ်ဳပ္ခဲ့ရတယ္၊မင္းကိုေတြ႕လိုက္တိုင္း ေပ်ာ့ညံ့သြားလြန္းတဲ့ ငါ့စိတ္ေတြငါ အႏိုင္မယူႏိုင္လို႔ မင္းနဲ႔ထိပ္တိုက္မေတြ႕ဖို႔ကိုပဲ ႀကိဳးစားခဲ့ရတာ
သံသာ့အေၾကာင္းကိုသိရၿပီးေတာ့ မင္းကိုပိုစိတ္ဆိုးမိတယ္၊စိတ္လည္းတိုတယ္၊အားလည္းနာတယ္၊မခ်င့္မရဲလည္းျဖစ္ရတယ္"

ခ်စ္ရသူရဲ႕ စိတ္အနာတရေတြကို နားေထာင္ရတာဟာ 'ည'အတြက္ေတာ့ ရင္ကြဲမတတ္၊ထိုအနာတရေတြျဖစ္ေအာင္ လုပ္ခဲ့သူဟာ ကိုယ္ျဖစ္ေနတယ္ဆိုတဲ့အသိကလည္း ကိုယ့္ကိုယ္ကိုယ္မုန္းပစ္ခ်င္စရာေကာင္းလြန္းလွသည္။

"ရယ္စရာအေကာင္းဆုံးက ဘာလဲသိလား...အဲ့ေလာက္ေတာင္ ငါ့ရင္ကိုအႀကိမ္ႀကိမ္နာေစတဲ့မင္းကို နည္းနည္းေလးေတာင္ မမုန္းႏိုင္တာပဲ"

ခပ္အက္အက္နဲ႔ တိုးတိတ္သြားတဲ့အသံအဆုံးမွာ 'ည'မ်က္ရည္ေတြဟာ အတားအဆီးကင္းစြာ က်ဆင္းလ်က္
သူဟာ ဘယ္လိုေကာင္းမႈေတြလုပ္ခဲ့မိလို႔ ဒီလိုလူတစ္ေယာက္ဆီက အႏႈိင္းအဆမဲ့တဲ့အခ်စ္ေတြကိုမ်ား ခံစားရေစပါသလဲေလ

"ငါ ေနာင္တမရခ်င္ဘူး၊ခ်စ္တဲ့သူကို အနားမွာထားရင္း စိတ္ဒုကၡေပးရင္း ငါကိုယ္တိုင္ေလာင္ကြၽမ္းေနရတာမ်ိဳးလည္း မျဖစ္ခ်င္ဘူး
ငါတို႔အသိုင္းအဝိုင္းမွာေရာ၊လူလယ္ေခါင္မွာေရာ ငါ့လက္ကိုရဲရဲဝံ့ဝံ့တြဲၿပီး ငါ့သက္ဆိုင္သူအျဖစ္နဲ႔ေနဖို႔သတၱိရွိရင္၊အရင္လိုပဲ ခ်စ္ေနေသးတယ္ဆိုရင္...အင့္"

စကားမဆုံးခင္ ေျပးဝင္လာတဲ့ခႏၶာကိုယ္က မတိမ္းမယိမ္းမို႔ ထိန္းလိုက္ရတဲ့အရွိန္က အသံပါထြက္ေစသည္အထိ
လည္တိုင္ကိုသိုင္းဖက္လို႔ ပခုံးစြန္းမွာမ်က္ႏွာအပ္ထားသူေၾကာင့္ ညာဘက္ပခုံးဟာစိုစြတ္လ်က္
၅ႏွစ္ေက်ာ္ေဝးကြာခဲ့ရတဲ့ ကိုယ္ေငြ႕ေႏြးေႏြးက မာေၾကာခ်င္ဟန္ေဆာင္ထားရတဲ့ စိတ္ႏွလုံးကို တေငြ႕ေငြ႕ေပ်ာ္က်ေစတဲ့အခါ တင္းၾကပ္စြာေပြ႕ဖက္ျခင္းေတြသာ ဆင့္ကဲျဖစ္ေပၚလာလ်က္
တစ္ေယာက္ပခုံးစြန္းမွာ တစ္ေယာက္ရဲ႕မ်က္ရည္ေတြသည္ လြမ္းဆြတ္ေနခဲ့ရျခင္းေတြရဲ႕ သက္ေသေတြအျဖစ္ ႐ႊဲစိုေနလ်က္...

"မငိုနဲ႔ေတာ့ အခ်စ္ရယ္...မငိုနဲ႔ေတာ့"

ရႈိက္သံေတြထြက္လ်က္ ငိုေနသူက ျဖဴႏုႏုမ်က္ႏွာပင္ နီရဲေနၿပီမို႔ မ်က္ရည္ေတြကိုသုတ္ေပးရင္း တာရာ ေခ်ာ့ေနရသည္။ဒီမ်က္ရည္ေတြဟာ သူ႔ရဲ႕အားနည္းခ်က္ျဖစ္ခဲ့ရတာ ႐ြာေက်ာင္းက၂တန္းခန္းေလးက သက္ေသ
လူကိုေမာ့ၾကည္လိုက္၊တအင့္အင့္ရႈိက္ငိုလိုက္ျဖစ္ေနသူက အခ်ိန္မ်ားစြာေအးစက္တည္ၿငိမ္ခဲ့သူရယ္လို႔ ယုံႏိုင္စရာပင္မရွိ။

အနီရင့္ရင့္ႏႈတ္ခမ္းေလးကို မေနႏိုင္စြာဘဲ ဆြဲယူနမ္းရႈိက္မိေတာ့ အစမွာလန္႔သြားေပမဲ့ ကိုယ္နဲ႔အတူစီးေမ်ာေပးတာဟာ အလိုက္သင့္

'ႁပြတ္ ႁပြတ္စ္'

"အြန္႔...နာတယ္ေလ"

အူယားစြာနဲ႔ ႏႈတ္ခမ္းဖူးေလးကို ဆြဲငုံလိုက္ေတာ့ ဆူသံပိစိေလးထြက္လာတာဟာ ဟိုအရင္ကလို မေျပာင္းမလဲ

"အခ်စ္ရယ္ ေကာ္ဖီမႈန္႔ကို ဘာမွမထည့္ဘဲေဖ်ာ္ေသာက္ေနတာလားကြာ"

"ဟင္ သၾကားနည္းနည္းေတာ့ထည့္ပါတယ္၊ဘာလို႔လဲ"

"ငါ့ပါးစပ္ထဲမွာေတာ့ ခါးသက္သြားတာပဲ အခ်စ္ရဲ႕၊ေနာက္တစ္ခါက် ႏို႔ဆီထည့္ေသာက္ေနာ္အခ်စ္၊အနမ္းခ်ိဳခ်ိဳအရသာေလးပဲ ခံစားၾကမယ္ေလကြာ ေနာ္"

႐ုတ္တရက္မို႔ အေျဖရွာမရတဲ့'ည'ဟာ အူလည္လည္၊ထိုပုံစံကိုၾကည့္ၿပီး တဟားဟားရယ္ေမာေနသူကေတာ့ ကမာၻမွာအလွဆုံးအၿပဳံးေတြကို ထုတ္လႊတ္ေနလ်က္
အဓိပၸါယ္ကိုသေဘာေပါက္သြားတာေတာင္ 'ည'ဟာ ရွက္ဖို႔ေမ့ေနၿပီး ရယ္ေမာေနသူကို ေငးၾကည့္ေနမိတာဟာ စူးစူးနစ္နစ္

ဒီၾကယ္ေလး ေပ်ာ္႐ႊင္ေနမွ 'ည'ဆိုတာ အသက္ဝင္ေနမွာ....

A/N
အပိုင္းသစ္အတြက္ကိုေတာ့ ေရခ်ယ္ ရက္အတိအက်မေျပာေတာ့ပါဘူးေနာ္၊ဒီရက္ပိုင္းထဲ ေရခ်ယ္အလုပ္ရႈပ္ေနတာမို႔ ေျပာထားတဲ့အခ်ိန္အတိုင္း မၿပီးရင္ ေမွ်ာ္ေနမဲ့သူေတြကို အားနာလို႔ပါ။
သိပ္မၾကာခင္ ဇာတ္သိမ္းေတာ့မွာဆိုေတာ့ မေလာဘဲ ျဖည္းျဖည္းေအးေအးသြားၾကတာေပါ့ေနာ္
Love U All
Rachel
11Oct,2023

Continue Reading

You'll Also Like

843K 122K 141
Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Translator ; PurpleLove666 Status in OOC ; 190...
384K 9.4K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...