Part26

2.6K 300 24
                                    

အကျင့်ပါနေတဲ့မျက်လုံးတို့က မနက်၆နာရီမထိုးခင်မှာပဲ အလိုလိုပွင့်လာ၏။ဒါပေမဲ့ ဒီနေ့ရဲ့နိုးထခြင်းက ကုန်လွန်ခဲ့ပြီဖြစ်တဲ မနက်ခင်းတွေနဲ့လည်းမတူသလို၊မနေ့ကနဲ့လည်းမတူ
နူးညံ့စွာပွေ့ဖက်ထားခြင်းတွေထဲမှာ သူဟာနေသားတကျ၊နှစ်ခြိုက်စွာအိပ်နေသူက အိပ်မောကျလို့ကောင်းနေဆဲ၊မနက်ဆိုအိပ်ရာမထချင်၊မထနိုင်သူက ဟိုအရင်ကလိုပဲ မပြောင်းလဲ၊ဒီကိုပြောင်းလာပြီးနောက်ရက်တွေမှာလည်း သူ့အခန်းထဲက နှိုးစက်မြည်သံတွေကိုသာ ခဏခဏကြားနေခဲ့ရတာ၊နှိုးစက် ၁၀ကြိမ်ထက်မနည်း အခါခါပြန်မြည်ပြီးတာတောင် သူထွက်မလာနိုင်လို့ သမီးလေးကို သွားနှိုးခိုင်းရတာလည်း အကြိမ်ကြိမ်။စေ့စေ့ကြည့်ဖို့တောင် သိမ်ငယ်ခဲ့ရတဲ့ ကာလတွေပြီးဆုံးသွားပြီဆိုတဲ့အသိက ကြည်နူးစိတ်နဲ့အတူ မျက်ရည်ဝဲစေသည်။

လွမ်းနေခဲ့ရတာ၊ဝေးကွာခဲ့ရတဲ့ကာလတွေမှာလည်း အပြစ်ရှိစိတ်နဲ့အတူ ဆွေးမြေ့စွာလွမ်းနေခဲ့ရသလို၊ပြန်တွေ့ပြီးနောက်မှာလည်း မနီးမဝေးကကြည့်ရင်း လွမ်းနေခဲ့ရတာ။မတွေ့ရခင်ကာလတွေတုန်းက ချစ်တဲ့သူကို ပြန်မြင်ခွင့်ရရင်ပဲ ကျေနပ်ပါပြီ၊ငေးခွင့်လေးပြန်ရရင်ပဲ နေပျော်ပါပြီဟု သူတွေးခဲ့ဖူးသည်။
တကယ်ပြန်တွေ့ရတဲ့အချိန်မှာတော့ ဒီငယ်ချစ်ဦးနဲ့ပတ်သက်ရင် သူ့ရဲ့လောဘစိတ်တွေဟာ ချိုးနှိမ်ရခက်ခဲလိုက်တာဆိုတာ သိခွင့်ရတာအကြိမ်ကြိမ်။သူပျော်နေရင် ဘာဖြစ်ဖြစ်ပါလေလို့ ကိုယ့်စိတ်ကိုယ်အကြိမ်ကြိမ်ဆုံးမနေတာတောင် လန်ဒန်ကအမျိုးသမီးတစ်ယောက်နဲ့ ဖုန်းပြောနေတာမြင်ရတိုင်း သူ့စိတ်တွေပူလောင်ခဲ့ရသည်။မဖြစ်သင့်မှန်း သိပါလျက်နဲ့တောင် သူ့စိတ်သူကောင်းကောင်းမဆုံးမနိုင်ခဲ့။ဒါကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စိတ်တွေ၊ဝမ်းနည်းစိတ်တွေနဲ့ သူ့ဆီမှာရှိနေတဲ့စိတ်တွေကို ဖြတ်တောက်နိုင်ဖို့ ကြိုးစားခဲ့တာ။ဝေးဝေးပြေးချင်ခဲ့တာ။

မတရားတာတွေ၊အတ္တတွေမှန်း သိနေတာတောင် ဒီလူကိုတော့ ကိုယ်ကလွဲပြီး ဘယ်သူစိမ်းကမှ မပိုင်စေချင်၊မဆိုင်စေချင်တာ။တာရာလွင်ရဲ့ သက်ဆိုင်သူဆို 'ည'ဆိုတာပဲ လူတွေသိစေချင်၊ရှိစေချင်တာ။
ကိုယ့်ကြောင့် ခံစားခဲ့ရတဲ့ အသည်းကွဲရခြင်းတွေ၊ရင်ကွဲဝမ်းနည်းရခြင်းတွေ၊သိမ်ငယ်ရခြင်းတွေကို ကိုယ်တိုင်ပဲ ပြန်ကုသပေးချင်တာ။တာရာလွင်ဆိုတာနဲ့ သူ့ချစ်သူက သိပ်ချစ်တာလေဆိုတဲ့အသိမျိုး အားလုံးဆီမှာရှိစေတဲ့အထိ သူချစ်ပေးမှာ။

ညရဲ့အလင်း(Completed)Where stories live. Discover now