အချစ်တို့ မြစ်ဖျားခံရာ ( comp...
By EmmaRine9820
492K 14.1K 550
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၃) uni & zg
15.4K 491 7
By EmmaRine9820
Unicode
15 လွှာ မြင့်မားသော မန္တလေး မြို့ ရဲ့ နာမည်ကြီး hotel ကြီး၏ ရုံးခန်း အတွင်းတွင် laptop တစ်လုံးဖြင့် အလုပ်ရှုပ်နေသော လူငယ် တစ်ယောက်ရှိလေသည်။
အရပ် 6'1 လက်မရှိ ပီး မျက်ခုံးထူထူ နှာတံစင်းစင်း နှုတ်ခမ်းပါးပါးဖြင့် မျက်နှာမှာ ကျော့ရှင်းပီး မေးရိုးကလဲထင်းနေသည်။အကုန်ချုံကြည့်လိုက်ရင် မျက်နှာလွဲပစ်ချင်စရာတောင်မရှိအောင် ကြည့်ကောင်းတဲ့ အမျိုးသားတစ်ယောက်ပင်။
ကြီးမားလှသော ကျွန်းစားပွဲ ပေါ်တွင်
Hotel Managing Director " Htike Bhone Shein " ဟုရေးထားသော stand လေးကနေရာယူထားသည်။
ဘွဲ့ရပီးထဲက မိဘနှစ်ပါးရဲ့ hotel လုပ်ငန်းနဲ့ ခရီးသွား ကား လုပ်ငန်းအား လက်လွဲယူခဲ့တာ ၄ နှစ်ရှိပီဖြစ်သည် ။ အသက် 26 နှစ် နဲ့ ခုလို့ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ရပ်တည်နေရသဖြင့် အနဲငယ်တော့ စိတ်ပင်းပန်းရပါသည်။ ယခုလဲ ထိုက်ဘုန်းရှိန်တစ်ယောက် နှစ်ချုပ်စရင်းတွေ စစ်ရင်း အလုပ်ရှုပ်နေလေ၏ ....
ဒေါက်ဒေါက်ဒေါက် ...
" ကိုထိုက်ကျွန်မမြကေသီပါ"
Ceo ဖြစ်နေပေမဲ့လဲ အသက်အရွယ်အရ သူ့ထက်ကြီးသော ဝန်ထမ်းများလဲရှိသဖြင့် ပေါ့ပေါ့ပါးပါး ကိုထိုက် ဟုသာ ခေါ်စေသည် ။
" ဟုတ်ကဲ့ မကေသီ ဝင်ခဲ့ပါ "
အတွေးရေးမှူး မြကေသီလဲ ခွင့်ပြုချက်ရသည်နှင့် ဝင်လာခဲ့၏ ..
" ဘာရှိလို့လဲ မကေသီ"
" ကိုထိုက် ပြသာတက်နေလို့ပါ ခု ကလောက ဆောက်လက်စ hotel မှာ အင်ဂျင်နီယာ လက်ထောက်ကို ဆောက်လုပ်ရေးသမား တစ်ယောက်က တွန်းချလိုက်လို့ ၂ ထပ်ကပြုတ်ကျပီး ခေါင်းထိသွားလို့ဆိုပီး အကြောင်းကြားလာပါတယ်"
မကေသီအပြောကြောင့် ထိုက် မျက်မှောင်ကျုံ့သွားရသည်။ နှစ်ချုပ်စရင်းတွေကြောင့်ခေါင်းရှုပ်နေရတဲ့အထဲ နောက်ထပ်ပြသာနာတစ်ခုကထပ်ပေါ်လာပြန်ပြီလေ။
" အင်း ခုအခြေအနေဘယ်လိုရှိတယ် သိရလဲ "
" မန်နေဂျာပြောတာတော့ ခေါင်းထိသွားတာဆိုတော့ သိပ်တော့မဟန်ဘူး ခုထိလဲ သတိမရသေးဘူးလို့ပြောပါတယ် တွန်းချတဲ့ အလုပ်သမားကိုလဲ စခန်းက စစ်ဆေးနေပါတယ် "
" ဟုတ်ပီ ဒါဆိုရင် မန်နေဂျာကို အခြေအနေတစ်ချက်ထိန်းထားဖို့ လှမ်းအကြောင်းထား ကိုယ် မနက်ဖြန် လာမှာမို့လို့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားဖို့ ကြိုပြောထားလိုက်ပါ "
" ဟုတ်ကဲ့ ဒါဆို မနက်ဖြန် သွားဖို့ ဘယ်လိုစီစဉ်ပေးထားရမလဲ ကိုထိုက် "
" မနက်ဖြန်က စနေ နေ့ဆိုတော့ ကိုယ်တို့ကားကကလောခရီးစဉ် ရှိလား "
မြကေသီလဲ တစ်ချက် စစ်လိုက်ပီး
" နေ့လည် ၁ နာရီ ထွက်မဲ့ တစ်စီးရှိပါသေးတယ် "
" ဟုတ်ပီ ဒါဆို ကိုယ့်အတွက် ၁ခုံစာ ချန်ထားခိုင်းလိုက်ပါ "
ကလောက တောင်တက်ခရီးဖြစ်ကာ ကိုယ်တိုင်ကားမမောင်းချင်ပါ ဒါအပြင့် ဖေဖေကလဲ ခရီးသွား ကား ဘက်ကိုမလှည့်ဖြစ်၍ စစ်ဆေးရန်ပြောနေသဖြင့် ခုလိုကြုံတုန်း လိုက်စီးဖို့ စီစဉ်ဖြစ်လိုက်သည်။
"အော်ပီးတော့ ကိုယ့်အတွက် **** Glamping resort  မှာ ကြိုချန်ထားခိုင်းလိုက်ပါ "
မြကေသီ ထွက်မသွားခင် လှမ်းပြောလိုက်သည် ။
တီတီတီ .... ဖုန်းခေါ်သံကြောင့် တစ်ချက်ကြည့်ကာ စိတ်ညစ်ညစ်ဖြင့် ...
" ပြော အောင်သန့် "
"ဟ မင်းအသံကြီးကလဲ ကွာ ထမင်း ၇ ရက်မစားရတဲ့အတိုင်း ဖျော့တော့နေပါလားကွ ငါတို့ ceo လေး အလုပ်တွေမှ ပိနေရဲ့လား "
" အေးကွာ ပြသာနာ နဲနဲရှိလို့ "
" အလုပ်ပြသာနာ အလုပ်မှာပဲထားကွာ ဒီညမင်းလာရမှာနော် ကျော်ဇောရော ၊ ဟိုနိုင်ငံခြားပြန်ကြီး
မိုးထက်ရော လာမှာကွ.. "
" ဟ ဒီကောင် ပြန်ရောက်နေပီလား ... ငါလဲ ခုရက်ပိုင်း နှစ်ချုပ်စရင်းတွေကြောင့် အလုပ်ရှုပ်နေလို့ မင်းတို့နဲ့ မကဲရတာတောင် ကြာပီ ညဘယ်ချိန်လဲ ပြောကွာ မသောက်ရတာကြာပီ ဦးနှောက်ဆေးချင်တယ်"
" အသစ်ဖွင့်တဲ့ UFO bar 7 နာရီ လောက်ဆုံမယ်"
                         ....... 🌸.......
" ဟျောင့် ထိုက် ငါတို့ ဒီမှာ "
Bar ထဲထိုက်ဝင်လာတာကို လှမ်းမြင်တဲ့ ကျောဇောက လက်ပြကာအော်ခေါ်လေသည်။ထိုက်လဲ လက်တစ်ချက်ပြန်ပြကာ သူတို့ရှိရာဝိုင်းသို့လာလိုက်သည်။
"ငါတို့ကောင်ကြီးကတော့ မတွေ့တာကြာလို့ထင်တယ် ချောသန့်နေရောဟေ့ ဒါမဲ့ ဂေါ်မစွံကြီးပါကွာ "
မိုးထက်ကထိုင်ခုံတစ်ဖက်ကိုဘေးတိုးပေးရင်းပြောလိုက်သည် ။
"မင်းကတော့ နိုင်ငံခြားမှာနေလာတာတောင် ပြန်လာတော့လဲ ဒီရုပ်ပါပဲလား "
ပြောအားရှိတုန်းပြောထားပေ့ါဟုသော မျက်နှာဘေးနဲ့သာ ပြန်ကြည့်လိုက်၏
" မင်းတို့ကောင်တွေကိုက်မနေကြနဲ့သောက်ကြမယ်"
ကျောဇော ရှက်ကီ ဘဲကတော့ သောက်ထားတာ black label 1ဝက်ပြုတ်နေပီ ... အောင်သန့်ကလဲစပ်ဖြီးဖြီးဖြင့်သာ အရက်၁ခွက်ပြီး၁ခွက်မော့နေလေသည်။ သူတို့အဖွဲ့လဲ ပြောလိုက်ကြ သောက်လိုက်ကြနှင့် bar က ဖွင့်ထားတဲ့ သံစဉ်လေးနဲ့ ငြိမ့်နေလိုက်ကြသည်။
ထိုစဉ် ဘေးဝိုင်းမှ အသံ ဆူဆူက ထိုက်နားထဲ တိုးဝင်လာ၏။...
"ဟျောင့်တွေ ချကွာ ဒီည အိမ်မပြန်ဘူး "
စိုင်းခက်တစ်ယောက် အပီအပြင် သောက်နေသည် ...
ပိုင်သစ်နှင့်ဝေယံကလဲစိုင်းခက်ကိုအားပေးနေကြသည်။
" အေးကွာချ ငါ့ကောင်ကြီး အသဲနှလုံးကို အရက်နဲ့ဆေးပစ်"
"ဒါကြောင့်ငါပြောပါတယ် အချစ်ကပူတယ်
မကစားနဲ့လို့ "
ခန့်မှူးပိုင်ကတော့ ထုံးစံအတိုင်းစိုင်းခက်ကိုဖဲ့နေပြန်သည်။
စိုင်းခက်မှာနှာတစ်ရှုံ့ရှုံ့ဖြင့်ပြန်ပြောလေသည်။
"ငါဒီလောက်ချစ်တာ သိရဲ့သားနဲ့ကွာ ထားခဲ့ရက်တယ် "
ထိုက်ဘုန်းရှိန် တမင်နားထောင်နေတာမဟုတ်ပေမဲ့ ဝိုင်းချင်ရကပ်ရပ်လဲဖြစ်ကာ သူတို့စကားပြောသံကလဲ နဲနဲကျယ်နေတော့ အတိုင်းသားကြားနေရသည်မို့ ခေါင်းစောင်းကြည့်မိလိုက်တော့ .... 
ငိုမဲ့မဲ့ ဒီကောင်လေးက ကြည့်ရုံနှင့် ရှမ်းတရုတ် မျက်နှာပေါက်မှန်းသိသာသည်။... ဆံပင်ခပ်အုပ်အုပ်နှင့် အရက်သောက်ထား၍ နီရဲနေသော ပါးလေးတွေဖြင့် ချစ်ဖို့တော့ ကောင်းသားဟု ထိုက်တစ်ယောက် တွေးနေလိုက်သည်။ တစ်ဆက်ထဲ လက်ကြားတွင် ညှပ်ထားသော weed တိုင်ကို ကြည့်ချင်းအားဖြင့် ငဆိုးလေး ဖြစ်ရမည်ဟုပါ သုံးသတ်လိုက်သည်။
               ******🌸🌸 *******
Bar မှ ပျံလွှံလာသော သီချင်းသံ .....
နင်စိတ်ကုန်တဲ့အကြောင်းကိုငါသိပါတယ်
                      လမိုက်လို့နေတဲ့
                    အနာဂတ်လမ်းပေါ်
          ရင်ချင်းအပ်ပြီး ရုန်းကန်ဖို့ စိုးရွံ့ဆဲ
              အလင်းမဲ့တဲ့ညထဲ နင်ချန်ခဲ့ပြီ
      ငါ့အကြောင်းနဲ့ငါ့ကံ ခံလိုက်မယ်
  ဒီလူကိုချန်ထားပြီး အဝေးကို ထွက်သွားခဲ့
      ဘဝပေးလဲမကောင်းတာ ငါသိတယ်
           အတိတ်ကိုပြန်လည်ဖတ်တိုင်း
                         ငါငိုချင်မိ
        နင်ငါ့ကို ဒဏ်ရာတွေနဲ့ ထားခဲ့ချိန်
           တစ်ကိုယ်ရေ စိတ်ကူးနွံထဲမှာ
           အလွမ်းများနဲ့ နစ်မြုပ်နေပါပီ
       ဒီဝဋ်ကြွေး လည်စင်းပြီးတော့ငါခံမယ်
                  မြိုသိပ်ရင်းနဲ့ကြေခွဲချိန်
                  ဝေးပြီ .... ငါတို့ဝေးခဲ့ပြီ
သီချင်းလဲ အဆုံး စိုင်းခက်လဲ နဂိုထဲက ကျချင်နေတဲ့ မျက်ရည်တွေ မထိန်းနိုင်မသိမ်းနိုင်ကျလာခဲ့လေပြီ ..
ဟာ ဤ ကောင်လေး တကယ်ငိုချပါပီ ထိုက်လဲကိုယ်တိုင်တော့အသဲမကွဲဖူးပေမဲ့လဲ
ဒီကောင်လေး ပုံက တကယ်ခံစားနေရမှန်းသိသာ၍ သနားစရာတော့ကောင်းသား ...
" စိုင်းခက်ရာ မငိုပါနဲ့ မင်းကို တကယ်ချစ်တဲ့သူ မင်းရဲ့ ပုံစံအတိုင်းကို လက်ခံပီးချစ်ပေးမဲ့သူ ပေါ်လာမှာပါကွာ "
ပိုင်သစ်ကတော့ကြင်နာတတ်သူပီပီစိုင်းခက်ကိုပခုံးမှဖက်ကာ နှစ်သိမ့်ပေးနေသည်။...
"ဟျောင့် စိုင်းခက်ရာ မင်းရည်းစားစထားတတ်ပါပီဆိုကထဲက ထားသမျှရည်းစားတိုင်းအပစ်ခံခဲ့ရတာ မမှတ်သေးဘူးလား အရေထူသင့်နေပါပီ ဘဲအပစ်ခံဘွဲ့ကိုဂုဏ်ထူး ၆ ဘာသာနဲ့တောင် ထွက်နေတာကို "
ပုံမှန်ချိန်ဆိုခန့်မှုးလွင်နဲ့အပြိုင်ရန်ဖြစ်မိမှာဆိုပေမဲ့ခုချိန်တော့ စိုင်းခက်မှာ ပြန်မပြောနိုင်သေးပါ။
" မင်းဘာသိလို့လဲ အရင် ex တွေနဲ့ ငါ ၆ လပြည့်အောင်တောင် တွဲခဲ့ဖူးလို့လား ခုဟာက ငါ ၁နှစ်လောက် စိတ်ဝင်စားခဲ့ရတဲ့ crush နဲ့ ရည်းစား
သက်တမ်း ၁ နှစ် တွဲခဲ့တာကွ ငါဟိန်းကို တကယ် ချစ်တာ ငါကစချစ်ခဲ့ရတဲ့သူဆိုတော့ ပိုခံစားရတယ်ကွ မင်းမခံစားဖူးတိုင်း ငါ့ကို လာဘလိန်းမနေနဲ့"
" မင်းတို့ကောင်တွေ နေကြစမ်းပါအုံးကွာ စိုင်းခက်ကို ငါသိချင်တာလေးမေးပါအုံးမယ် "
ဝေယံမှ ထပြောလာတော့ စိုင်းခက်လဲဘာလဲ ဟူ၍ မေးငေါ့လိုက်၏
" မင်း ဟိန်းထက် နဲ့ ဘယ် level ထိရောက်ခဲ့ပီးတာလဲ"
ဟိုနှစ်ကောင်ကလဲ အပြိုင်ပင်
" အဲတာတော့ငါတို့လဲသိချင်တယ် ပြောစမ်း စိုင်းခက်"
တော်တော်စပ်စုတဲ့ကောင်တွေပင်၊အသဲကွဲနေတယ်ဆိုမှသူများအတွင်းရေးစိတ်ဝင်စားနေသဖြင့် စိုင်းခက်စိတ်ပေါက်ပေါက်နဲ့ပြောပြစ်လိုက်သည်။
" ၁နှစ်တော်တွဲခဲ့တာဘဲ ကွ ဘယ် level ထိရောက်
သင့်တယ်လို့မင်းတို့ထင်သလဲ ဘာလဲငါကအစအဆုံးပြောပြနေရအုံးမှာလား"
"တော်တော်ဟျောင့် မသိချင်တော့ဘူး ကျက်သီးတောင်ထတယ်"
အရက် မော့နေတဲ့ ထိုက် သူတို့ပြောတာကြာပီး သီးပါသီးချင်သွားသည် ။ ဒီချာတိတ်တွေ မပြောရဲတာ မရှိပါလားဟူတွေးရင်း toilet သို့ထထွက်လာလိုက်၏ ဟိုကောင်တွေကတော့ အခြားဝိုင်းက ကောင်မလေးတွေနဲ့အဖွဲ့ကျနေသဖြင့် မခေါ်ဖြစ်တော့ပါ။
ထိုက် ပြန်အထွက် လူတစ်ယောက်ဝင်တိုက်တာ
ခံလိုက်ရလေ၏ ငုံကြည့်လိုက်တော့ ဟိုအသဲကွဲသမားလေး
" ဟာ sorry ပါဗျ ကျွန်တော်မမြင်လိုက်လို့ပါ "
ထိုကောင်လေးက သူ့ကိုမော့ကြည့်၍ တစ်ယိမ်းတစ်ယိုင်ဖြင့် စကားသံတွေလုံးထွေးစွာတောင်းပန်လာသည်။
" ရပါတယ် ညီလေး "
တယိမ်းတယိုင်ဖြင့် လဲမလိုဖြစ်သွားလို့ ထိန်းပေးလိုက်ရသေး၏
" ကျေးဇူးနော်အကို "
"အေးအေး" ထိုက်လဲပြန်ပြောပီး ထွက်လာခဲ့
လိုက်တော့၏ ....
                     ******🌸🌸🌸******
Zawgyi
ဒေါက်ဒေါက်ဒေါက် ...
" ဘာရှိလို့လဲ မကေသီ"
" ပြော အောင်သန့် "
မိုးထက်ရော လာမှာကွ.. "
                         ....... 🌸.......
ပြောအားရှိတုန်းပြောထားပေါ့ဟုသော မျက်နှာဘေးနဲ့သာ ပြန်ကြည့်လိုက်၏
မကစားနဲ့လို့ "
               ******🌸🌸 *******
                      လမိုက်လို့နေတဲ့
                    အနာဂတ်လမ်းပေါ်
                         ငါငိုချင်မိ
" ရပါတယ် ညီလေး "
" ကျေးဇူးနော်အကို "
"အေးအေး" ပြောပီး ထွက်လာခဲ့လိုက်တော့၏ ....
                     ******🌸🌸🌸******
Continue Reading
You'll Also Like
3.5M 150K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
3.1M 199K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
60.9K 3.3K 20
ဦးကိုကျန်တော်ချစ်တယ် ကျန်တော်ကိုပြန်ချစ်ပါ Wu yifan ငါမင်းကိုမချစ်ဘူးလို့ငါ့မှာလက်ထပ်ရမယ့်လူရှိတယ် Park Chanyeol
22K 1K 15
အသက်​ကွာခြားပေမဲ့ အချစ်​တေတူညီတဲ့ Singto နဲ့ Krist တို့အကြောင်းကို ရေးဖွဲ့ထားတာပါ ဂျစ်​ကန်​ကန်​ကောင်​လေးတျောက်​က လူတျောက်​ကြောင့်​ ပြောင်းလဲလာခဲ့ပီ...