အချစ်တို့ မြစ်ဖျားခံရာ ( comp...

By EmmaRine9820

499K 14.4K 556

အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... More

မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၈) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️

အပိုင်း(၁) uni & zg

33.3K 787 27
By EmmaRine9820

ကျယ်ပြန့်လှသောအခန်းတွင်းရှိ နှစ်ယောက်အိပ်
ကုတင်ကြီး၏ မွေ့ယာထက်တွင် စောင်ခေါင်းမူးခြုံလျက် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေစဉ် အလိုက်မသိစွာ ဖုန်းခေါ် ringtone သံက ဆက်တိုက်မြည်လာသည်။ စိတ်ရှုပ်စွာ
ဖြင့် စောင်ထဲကမထွက်ဘဲ အိပ်ချင်မူးတူး ဖုန်းကိုင်လိုက်သည်။

မနေ့ညက ဝေယံတို့နဲ့ သောက်တာများသွားလို့
ခေါင်းကတော့ သိပ်မကြည်လင်လှပါ....

" မဂ်လာပါရှင်, *** ကလော hotel ကပါ။
အကိုစိုင်းခက်လျှံလားရှင့် "

တစ်ဖက်မှ ချိုသာစွာဖြင့် စကားပြောလာသော အမျိုးသမီးတစ်ဦး၏ အသံထွက်ပေါ်လာမှ
အိပ်မှုံစုံဖွားထထိုင်လိုက်ပြီးအပ်ရှရှလေသံဖြင့်

" ဟုတ်ပါတယ် ကျနော် စိုင်းခက်လျှံ ပါဗျ "

" စနေနေ့အတွက် အကို booking တင်ထားတဲ့ အခန်းလေး confirm ဖြစ်ရဲ့လားလှမ်းမေးတာပါရှင့် "

" အာ ဟုတ်ကဲ့ အမ confirm ဖြစ်ပါတယ်ဗျ အခန်းချန်ထားပေးပါနော် "

" ဟုတ်ကဲ့ပါရှင့် သာယာသောနေ့လေးဖြစ်ပါစေ "

                ***** ...... ***
ယနေ့က ကြာသပတေးနေ့ဖြစ်သည် ။ စိုင်းခက် လျှံရဲ့ အင်ဂျင်နီယာကျောင်း နောက်ဆုံးနေ့
လည်းဖြစ်သည့်အတွက် စိုင်းခက်ကျောင်းတွင်
သူငယ်ချင်းများနှင့်လျှောက်သွားရန် ချိန်း
ထားလေသည် ။ သူငယ်ချင်းတွေနှင့်သာမက သူ့၏ချစ်ရသူ ဖြစ်သည့် ဟိန်းထက်နှင့်ပါ ချိန်းထားသည်။ ဟိန်းက စိုင်းခက်နဲ့ တစ်ခန်းထဲ ဖြစ်၍ အနေလဲအေး၊ စာလဲတော်ပီး ရုပ်ရည်ကလဲ ချောမောပြေပြစ်သူ ဖြစ်သည် ။ စိုင်းခက်က ဟိန်းကို ဒုတိယနှစ်စကတည်းက စိတ်ဝင်စားခဲ့တာမို့ ကျောင်းတွေမပိတ်ခင် သူ့ခံစားချက်ကို ဖွင့်ဟခဲ့၏ ။

ထို့နောက် သူတို့နှစ်ဦး တွဲခဲ့သည်မှာ တတိယနှစ် ကျောင်းပြန်ဖွင့်သည့်နေ့ စမှ ယခုဆိုလျှင် ၁နှစ်ပင်ရှိပီ။ ဟိန်းက စိုင်းခက်ထက် ၆လသာကြီးပေမဲ့ အနေအေးတော့ အသက်ထက်ပင်လူက
တည်ငြိမ် ရင့်ကျက်သည် ။ ဒါကြောင့်လဲ တွဲလာတဲ့ ၁နှစ်အတွင်း အနေအေးတဲ့ဟိန်းနဲ့ အပျော်မက်တဲ့စိုင်းခက်တို့ ပြသာနာ ခနခန ဖြစ်ပေမဲ့
စိုင်းခက်က ဟိန်းကို စချစ်ခဲ့ရတဲ့သူမို့ အဆင်ပြေအောင် အတတ်နိုင်ဆုံးနေခဲ့သည် ။

                             *..... *
ဒီနေ့က စိုင်းခက် အပျော်ဆုံးနေ့ဆိုလျှင်လဲမမှားပါ။ ဟိန်းက ကျောင်းပီးလျှင် ခရီးအတူတူ ထွက်ပေးမည်ဟု ကတိပေးထားသည်မဟုတ်လား ။

*ဟီးးဟီးး ဘာလိုလိုနဲ့ ဟိန်းနဲ့ နှစ်ယောက်ထဲ အတူ ခရီးထွက်ရဖို့ ၂ရက်ပဲလိုတော့ပါလား *

စိုင်းခက်လျှံတစ်ယောက် ကြိတ်ပျော်နေတော့သည်။

ထို့နောက် ဟိန်းထံသို့ စာပို့လိုက်သည် ။

" mornee ဟိန်းလေးရေ... အာဘွား morning kiss"

မနက်တိုင်း ပို့နေကျ စာလေးပို့ထားလိုက်သည် ။

နာရီကြည့်လိုက်တော့ ၈နာရီခွဲနေပီ ဖြစ်သဖြင့်
စိုင်းခက် အိပ်ယာမှထ၍ ရေချိုးခန်းဝင်လိုက်
သည် ။ ရေချိုးသန့်စင်ပီးသည်နှင့် ကြီးမားပြီး ဒီဇိုင်းစုံလင်လှသော အဝတ်ဗီဒိုကြီးရှေ့တွင် ခါးထောက်ကာ အဝတ်ရွေးခြင်းလုပ်ငန်းစဉ်ကို စတင်တော့သည် ။ မန္တလေး၏ရာသီဥတုနှင့်
လိုက်ဖက်ညီသော T shirt အပြာနုရောင်ပွပွလေးနှင့် ဂျင်းဘောင်းဘီပွပွအရှည်လေးကို တွဲဖက်ဝတ်ဆင်လိုက်သည် ။ ပြင်ဆင်ပီးသည်နှင့် ကိုယ်လုံးပေါ်မှန်ရှေ့တွင် မတ်တပ်ရပ်ကာ ဆံပင်ခပ်အုပ်အုပ်လေးကို ဖွဖွလေးဖီးလိုက်သည် ။

စိုင်းခက်လျှံမှာ ရှမ်း-တရုတ် ကပြားဖြစ်သည့်
အလျှောက် အသားဖြူဖြူ မျက်ခုံးရေးရေးနှင့် ရဲပီး အိနေသော ပါးလေးတွေကြောင့် အပြစ်ပြောစရာ မရှိအောင် ချစ်ဖို့ကောင်းနေလေသည်။

စိုင်းခက်တစ်ယောက် အပေါ်ဆုံးထပ်မှ ဆင်းလာ
လိုက်ကာ မေမေ ဟု အကျယ်ကြီး အော်ခေါ်နေလိုက်သည် ။ ခက်တို့အိမ်သည် ၃ထပ်တိုက်ဖြစ်၍ စိုင်းခက်က အပေါ်ဆုံးထပ်တွင်နေတာဖြစ်သည် ။

မိခင်ဖြစ်သူ ဒေါ်နန်းပန်ခမ်းလဲ မီးဖိုချောင်မှ
ထွက်လာကာ

" မေမေက ဒီမှာ သားရဲ့ "

" ဟုတ်မေမေ, ဖေဖေရော "

" သားဖေကြီးက ဒီနေ့ ကုမ္ပဏီကိုစောစောသွားတယ်လေ.. သားမနက်စာ စားတော့မလား
မေမေ ပြင်လိုက်တော့မယ်နော် "

" ဟုတ်မေမေ, ဗိုက်က ဆာလှပီ ဟီးး "

" လူဆိုးလေး ညကသန်းခေါင်ကျော်မှ ပြန်လာပီး အိပ်ယာထနောက်ကျတော့ ဆာပီပေါ့လေ "

ဒေါ်နန်းပန်ခမ်းလဲ မနက်စာ နန်းကြီးသုပ်နဲ့ဟင်းချိုရည်လေး ပြင်ပေးလိုက်တော့သည် ။

စိုင်းခက်လည်း စားရင်း ဖုန်းလေးထုတ်ကိုင်ကာ ဟိန်းများစာပြန်ထားမလား အတွေးနှင့် messenger ကို အရင်ဝင်ကြည့်လိုက်မိသည်။seen ပြထားပေမဲ့ စာတော့မပြန်ထား ။ စိုင်းခက်လဲ မျက်မှောင်တစ်ချက်ကျုံ့လိုက်ရင်း စာထပ်ပို့လိုက်သည်။

" ဟိန်း.. ကျောင်းကို လာနေပီလား..
ငါနည်းနည်းနောက်ကျမယ်ရောက်နှင့်ရင် ကန်တင်းကတွေ့နေကျဆိုင်မှာဘဲ စောင့်နေလိုက်နော်.. ငါလာခဲ့မယ် "

ကျောင်းမသွားခင် မေ့မေ့အား ပါးကို ရွက်ခနဲ
နမ်းလိုက်တော့ " ဒီလူဆိုးလေး မုန့်ဖိုးကုန်ပလား "

" ဟီး မေမေက အလိုက်သိ "

" အရင်အပတ်ကမှ  မင်းဖေဖေ၅သိန်းပေးထားတာလေ, သားရယ် ၁ပတ်ထဲ ဘယ်လိုသုံးလိုက်တာလဲ "

" မနေ့ညက ဟိုကောင်တွေနဲ့ Zeus သွားလိုက်လို့ကုန်သွားတာဟီး " 

ရယ်ကျဲကျဲဖြင့် ပြန်ပြောလိုက်တော့ မေမေက မနိုင်ဘူးဟူသော အကြည့်ဖြင့်သာမျက်စောင်းလေးထိုးလာ၏ ။ ဒေါ်နန်းပန်ခမ်းမှာလဲ ချစ်စရာဆိုလို့ ဒီသားလေးပဲရှိတော့ အစွမ်းကုန် အလိုလိုက်ထားတာ ဖြစ်၏ ။

" ကဲ ၅သိန်းဆိုလောက်လား "

" ၂၀ လောက်ပေးပါနော်မေမေ "

" ဒီလောက်ငွေ မင်းဘာလုပ်မလို့လဲ "

ဟု မေးရတော့၏ ။ အလိုလိုက်ထားလို့ မဟုတ်တာလုပ်နေမှဖြင့် ဒီဖေဒီမေ ရင်ကျိုးရချီရဲ့ 

" သားစနေနေ့ကျရင် ဟိန်းနဲ့အတူ ကလောသွားမလို့ပါ.. ဟိန်းကပထမဆုံးခရီးထွက်ဖို့ ကတိပေးထားလို့‌လေမေမေရဲ့.. အဲဒါဒီနေ့ လိုတာလေးတွေလဲဝယ်မလို့ပါ "

" သားရယ် ကားမောင်းသွားရမှာ  မေမေဖြင့်
စိတ်မချပါဘူးတော် "

" အိမ်ကကားနဲ့သွားမှာ မဟုတ်ဘူးမေမေရဲ့..
ဟိန်းလဲကားမမောင်းရအောင် express ကားနဲ့
သွားမှာမို့ စိတ်ပူစရာမလိုပါဘူး "

ဟု ပြောတော့ တားရမှာလဲမဟုတ်တာသိတော့
အမေဖြစ်သူလဲ သဘောဆိုပီးတော့သာ ပြောလိုက်ရတော့သည် ။

မေမေပေးတဲ့ ပိုက်ဆံလေးယူခဲ့ပီး ခပ်မြန်မြန်လေး ကားမောင်းလာကာ ကျောင်းသို့ ဦးတည်လိုက်တော့သည် ။

ကျောင်းသို့ရောက်သည်နှင့် သူ၏သူငယ်ချင်းများ ထံ အရင်မသွားသေးပဲ ကန်တင်းသို့ ဦးတည်လိုက်သည် ။ ယနေ့က ကျောင်းနောက်ဆုံးနေ့ဖြစ်သဖြင့် ကန်တင်းတွင် စားပွဲအလွတ်မရှိတော့ ၊ စိုင်းခက်လည်း ဟိန်းကို ဝေ့ပတ်ရှာသော်လည်း မတွေ့သဖြင့် ဖုန်းခေါ်ရတော့သည် ။ ဝင်နေပေမဲ့ ဖုန်းမကိုင် ၊ ၃ခါလောက် ခေါ်သည်ထိမကိုင်တော့ စိုင်းခက်လည်းအခန်းရှိသူငယ်ချင်းများထံသာထွက်ခဲ့တော့၏
ရောက်တာနှင့် ဆဲသံများကသာ အရင်ကြိုဆိုနေလေပြီ ...

" စိုင်းခက်လျှံတို့များ ညကငါတို့လောက်‌တောင်
မသောက်ဘဲ မနက်မထနိုင်ဖြစ်နေတာ
အချိန်လဲကြည့်အုံးကွ ၁၀နာရီခွဲနေပီ "

ဟူ၍ ဝေယံမှပြောတော့သည် ။

ဝေယံက စိုင်းခက်လျှံနှင့် အလယ်တန်းထဲက
ကျောင်းအတူအတူတက်ခဲ့တာ ယခုထိပဲ ဖြစ်၍
ပြောမနာဆိုမနာ ငယ်ပေါင်းကြီးဆိုလည်းမမှားပါ။ဝေယံက အရပ်ကလဲ ၅'၉ ဖြစ်ပီး အသားခပ်လပ်လပ် ရုပ်ဖြောင့်တော့ ကျောင်းမှာဆိုလဲ စော်ကြည်သူဖြစ်သည် ။ ဒါပေမယ့် ဒီကောင်ကတော့ ဒါတွေစိတ်မဝင်စား စိတ်ဝင်စားသည်က သောက်မယ်ပျော်မယ်ပါးမယ်သာဖြစ်သည်။

" ဒါနဲ့မင်း အချစ်ကြီးရော " ဝေယံဘေးထိုင်
နေသာပိုင်သစ်ကမေးလေသည်။

စိုင်းခက်လျှံလဲ ကျစ်တစ်ချက်စုတ်ပီး

" ငါကျောင်းရောက်ကတည်းက ဖုန်းဆက်နေတာ
မကိုင်ဘူး.. မနက်ကစာပို့တော့လဲ စာကို seen
ပြပီး စာမပြန်ဘူးကွာ "

စိုင်းခက်လဲ စိတ်ညစ်စွာသက်ပြင်းမိ၏ ။

ထိုအခါ ခန့်မှူးလွင်က " မင်းကလဲ အဲလောက်ဖြစ်မနေစမ်းပါနဲ့.. ဟိန်းထက်လဲ မအားလို့နေမှာပေါ့ အဲလောက် အကဲပိုပြ မနေပါနဲ့ကွာ "

ခန့်မှူးလွင်ကတော့ ရည်းစားထားရတာ အပူအရှုပ်
ဟု ခံယူထားသဖြင့် အမြဲထိုသို့သာ ဗောက်ဆတ်ဆတ်ပြောတတ်၏ ။ ခန့်မှူးလွင်က ရုပ်သာ
ဖြောင့်တာ အဲ့လိုပြောပေါက်နဲ့မို့ FA ရာထူး သရဖူဆောင်းရတာပေါ့ ။

" ဟ မင်းဘာသိလို့လဲ ငါကပိုချစ်ရတဲ့သူကွ.. ဟိန်းခုရက်ပိုင်း ငါ့အပေါ်ဆက်ဆံတာ
တစ်မျိုးပြောင်းနေလို့ပါကွာ "

ပြောရင်း စိုင်းခက်လဲ မျက်နှာလေးသိသိသာသာ ညှိးကျလာရသည်။

ပိုင်သစ်ကလဲ " စိုင်းခက် မင်းကလဲကွာ စိတ်ထင်လို့နေမှာပါ ဟိန်းထက်က မင်းကို ခရီးတောင်လိုက်ပို့မယ်လို့ ကတိပေးထားတာမို့လား..အဲ့ကိစ္စကြောင့် အလုပ်ရှုပ်နေတာနေမှာပါ"

ဟုပြောရင်း စိုင်းခက်ပခုံးပေါ် လက်ဖြင့်ဖွဖွပုပ်သည်။

ပိုင်သစ်က အမြဲ ဒီလိုသာပင် စိုင်းခက်တို့အပေါ်
အကိုလိုရော သူငယ်ချင်းလိုပါ အားပေးဂရုစိုက်တတ်၏ ။ ခန့်မှူးလွင်နှင့် ပိုင်သစ်တို့က first year မှ စခင်သော်လဲ ငယ်ပေါင်းတွေလိုပင်

ခန့်မှူးလွင်က " ကဲ လာကွာထကြ ငါတို့ အမောင်တော်လေးစိုင်းခက် မျက်နှာတော်လေး ညှိုးနေတော့ ဒီက ငယ်ကျွန်ကြီး၃ယောက်က မနေနိုင်တော့ပါဘူး.. သခင်လေးရဲ့ အသဲကြော်ပဲလှော်လေးကို ရှာပုံတော်ဖွင့်ကြမယ်ဟေ့ "

ရုပ်တည်နဲ့ထပြောသဖြင့်စိုင်းခက်လဲ ရယ်ကျဲကျဲဖြင့်ထရပ်၍ ၄ယောက်သား အခန်းမှ ထွက်လာခဲ့လိုက်တော့သည် ။

              ........❤️❤️❤️.........

စာလေးတွေပြင်နေလို့ ခန un လိုက်တာပါ
၁ပိုင်းဆီပြန်အပ်ပေးမယ်နော်အသဲတို့

Zawgyi

က်ယ္ျပန္႔လွေသာအခန္းတြင္းရွိ ႏွစ္ေယာက္အိပ္
ကုတင္ႀကီး၏ ေမြ႕ယာထက္တြင္ ေစာင္ေခါင္းမူးၿခဳံလ်က္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္စက္ေနစဥ္ အလိုက္မသိစြာ ဖုန္းေခၚ ringtone သံက ဆက္တိုက္ျမည္လာသည္။ စိတ္ရႈပ္စြာ
ျဖင့္ ေစာင္ထဲကမထြက္ဘဲ အိပ္ခ်င္မူးတူး ဖုန္းကိုင္လိုက္သည္။

မေန႔ညက ေဝယံတို႔နဲ႔ ေသာက္တာမ်ားသြားလို႔
ေခါင္းကေတာ့ သိပ္မၾကည္လင္လွပါ....

" မဂ္လာပါရွင္, *** ကေလာ hotel ကပါ။
အကိုစိုင္းခက္လွ်ံလားရွင့္ "

တစ္ဖက္မွ ခ်ိဳသာစြာျဖင့္ စကားေျပာလာေသာ အမ်ိဳးသမီးတစ္ဦး၏ အသံထြက္ေပၚလာမွ
အိပ္မႈံစုံဖြားထထိုင္လိုက္ၿပီးအပ္ရွရွေလသံျဖင့္

" ဟုတ္ပါတယ္ က်ေနာ္ စိုင္းခက္လွ်ံ ပါဗ် "

" စေနေန႔အတြက္ အကို booking တင္ထားတဲ့ အခန္းေလး confirm ျဖစ္ရဲ႕လားလွမ္းေမးတာပါရွင့္ "

" အာ ဟုတ္ကဲ့ အမ confirm ျဖစ္ပါတယ္ဗ် အခန္းခ်န္ထားေပးပါေနာ္ "

" ဟုတ္ကဲ့ပါရွင့္ သာယာေသာေန႔ေလးျဖစ္ပါေစ "

                ***** ...... ***
ယေန႔က ၾကာသပေတးေန႔ျဖစ္သည္ ။ စိုင္းခက္ လွ်ံရဲ႕ အင္ဂ်င္နီယာေက်ာင္း ေနာက္ဆုံးေန႔
လည္းျဖစ္သည့္အတြက္ စိုင္းခက္ေက်ာင္းတြင္
သူငယ္ခ်င္းမ်ားႏွင့္ေလွ်ာက္သြားရန္ ခ်ိန္း
ထားေလသည္ ။ သူငယ္ခ်င္းေတြႏွင့္သာမက သူ႔၏ခ်စ္ရသူ ျဖစ္သည့္ ဟိန္းထက္ႏွင့္ပါ ခ်ိန္းထားသည္။ ဟိန္းက စိုင္းခက္နဲ႔ တစ္ခန္းထဲ ျဖစ္၍ အေနလဲေအး၊ စာလဲေတာ္ပီး ႐ုပ္ရည္ကလဲ ေခ်ာေမာေျပျပစ္သူ ျဖစ္သည္ ။ စိုင္းခက္က ဟိန္းကို ဒုတိယႏွစ္စကတည္းက စိတ္ဝင္စားခဲ့တာမို႔ ေက်ာင္းေတြမပိတ္ခင္ သူ႔ခံစားခ်က္ကို ဖြင့္ဟခဲ့၏ ။

ထို႔ေနာက္ သူတို႔ႏွစ္ဦး တြဲခဲ့သည္မွာ တတိယႏွစ္ ေက်ာင္းျပန္ဖြင့္သည့္ေန႔ စမွ ယခုဆိုလွ်င္ ၁ႏွစ္ပင္ရွိပီ။ ဟိန္းက စိုင္းခက္ထက္ ၆လသာႀကီးေပမဲ့ အေနေအးေတာ့ အသက္ထက္ပင္လူက
တည္ၿငိမ္ ရင့္က်က္သည္ ။ ဒါေၾကာင့္လဲ တြဲလာတဲ့ ၁ႏွစ္အတြင္း အေနေအးတဲ့ဟိန္းနဲ႔ အေပ်ာ္မက္တဲ့စိုင္းခက္တို႔ ျပသာနာ ခနခန ျဖစ္ေပမဲ့
စိုင္းခက္က ဟိန္းကို စခ်စ္ခဲ့ရတဲ့သူမို႔ အဆင္ေျပေအာင္ အတတ္ႏိုင္ဆုံးေနခဲ့သည္ ။

                             *..... *
ဒီေန႔က စိုင္းခက္ အေပ်ာ္ဆုံးေန႔ဆိုလွ်င္လဲမမွားပါ။ ဟိန္းက ေက်ာင္းပီးလွ်င္ ခရီးအတူတူ ထြက္ေပးမည္ဟု ကတိေပးထားသည္မဟုတ္လား ။

*ဟီးးဟီးး ဘာလိုလိုနဲ႔ ဟိန္းနဲ႔ ႏွစ္ေယာက္ထဲ အတူ ခရီးထြက္ရဖို႔ ၂ရက္ပဲလိုေတာ့ပါလား *

စိုင္းခက္လွ်ံတစ္ေယာက္ ႀကိတ္ေပ်ာ္ေနေတာ့သည္။

ထို႔ေနာက္ ဟိန္းထံသို႔ စာပို႔လိုက္သည္ ။

" mornee ဟိန္းေလးေရ... အာဘြား morning kiss"

မနက္တိုင္း ပို႔ေနက် စာေလးပို႔ထားလိုက္သည္ ။

နာရီၾကည့္လိုက္ေတာ့ ၈နာရီခြဲေနပီ ျဖစ္သျဖင့္
စိုင္းခက္ အိပ္ယာမွထ၍ ေရခ်ိဳးခန္းဝင္လိုက္
သည္ ။ ေရခ်ိဳးသန္႔စင္ပီးသည္ႏွင့္ ႀကီးမားၿပီး ဒီဇိုင္းစုံလင္လွေသာ အဝတ္ဗီဒိုႀကီးေရွ႕တြင္ ခါးေထာက္ကာ အဝတ္ေ႐ြးျခင္းလုပ္ငန္းစဥ္ကို စတင္ေတာ့သည္ ။ မႏၲေလး၏ရာသီဥတုႏွင့္
လိုက္ဖက္ညီေသာ T shirt အျပာႏုေရာင္ပြပြေလးႏွင့္ ဂ်င္းေဘာင္းဘီပြပြအရွည္ေလးကို တြဲဖက္ဝတ္ဆင္လိုက္သည္ ။ ျပင္ဆင္ပီးသည္ႏွင့္ ကိုယ္လုံးေပၚမွန္ေရွ႕တြင္ မတ္တပ္ရပ္ကာ ဆံပင္ခပ္အုပ္အုပ္ေလးကို ဖြဖြေလးဖီးလိုက္သည္ ။

စိုင္းခက္လွ်ံမွာ ရွမ္း-တ႐ုတ္ ကျပားျဖစ္သည့္
အေလွ်ာက္ အသားျဖဴျဖဴ မ်က္ခုံးေရးေရးႏွင့္ ရဲပီး အိေနေသာ ပါးေလးေတြေၾကာင့္ အျပစ္ေျပာစရာ မရွိေအာင္ ခ်စ္ဖို႔ေကာင္းေနေလသည္။

စိုင္းခက္တစ္ေယာက္ အေပၚဆုံးထပ္မွ ဆင္းလာ
လိုက္ကာ ေမေမ ဟု အက်ယ္ႀကီး ေအာ္ေခၚေနလိုက္သည္ ။ ခက္တို႔အိမ္သည္ ၃ထပ္တိုက္ျဖစ္၍ စိုင္းခက္က အေပၚဆုံးထပ္တြင္ေနတာျဖစ္သည္ ။

မိခင္ျဖစ္သူ ေဒၚနန္းပန္ခမ္းလဲ မီးဖိုေခ်ာင္မွ
ထြက္လာကာ

" ေမေမက ဒီမွာ သားရဲ႕ "

" ဟုတ္ေမေမ, ေဖေဖေရာ "

" သားေဖႀကီးက ဒီေန႔ ကုမၸဏီကိုေစာေစာသြားတယ္ေလ.. သားမနက္စာ စားေတာ့မလား
ေမေမ ျပင္လိုက္ေတာ့မယ္ေနာ္ "

" ဟုတ္ေမေမ, ဗိုက္က ဆာလွပီ ဟီးး "

" လူဆိုးေလး ညကသန္းေခါင္ေက်ာ္မွ ျပန္လာပီး အိပ္ယာထေနာက္က်ေတာ့ ဆာပီေပါ့ေလ "

ေဒၚနန္းပန္ခမ္းလဲ မနက္စာ နန္းႀကီးသုပ္နဲ႔ဟင္းခ်ိဳရည္ေလး ျပင္ေပးလိုက္ေတာ့သည္ ။

စိုင္းခက္လည္း စားရင္း ဖုန္းေလးထုတ္ကိုင္ကာ ဟိန္းမ်ားစာျပန္ထားမလား အေတြးႏွင့္ messenger ကို အရင္ဝင္ၾကည့္လိုက္မိသည္။seen ျပထားေပမဲ့ စာေတာ့မျပန္ထား ။ စိုင္းခက္လဲ မ်က္ေမွာင္တစ္ခ်က္က်ဳံ႔လိုက္ရင္း စာထပ္ပို႔လိုက္သည္။

" ဟိန္း.. ေက်ာင္းကို လာေနပီလား..
ငါနည္းနည္းေနာက္က်မယ္ေရာက္ႏွင့္ရင္ ကန္တင္းကေတြ႕ေနက်ဆိုင္မွာဘဲ ေစာင့္ေနလိုက္ေနာ္.. ငါလာခဲ့မယ္ "

ေက်ာင္းမသြားခင္ ေမ့ေမ့အား ပါးကို ႐ြက္ခနဲ
နမ္းလိုက္ေတာ့ " ဒီလူဆိုးေလး မုန္႔ဖိုးကုန္ပလား "

" ဟီး ေမေမက အလိုက္သိ "

" အရင္အပတ္ကမွ  မင္းေဖေဖ၅သိန္းေပးထားတာေလ, သားရယ္ ၁ပတ္ထဲ ဘယ္လိုသုံးလိုက္တာလဲ "

" မေန႔ညက ဟိုေကာင္ေတြနဲ႔ Zeus သြားလိုက္လို႔ကုန္သြားတာဟီး " 

ရယ္က်ဲက်ဲျဖင့္ ျပန္ေျပာလိုက္ေတာ့ ေမေမက မႏိုင္ဘူးဟူေသာ အၾကည့္ျဖင့္သာမ်က္ေစာင္းေလးထိုးလာ၏ ။ ေဒၚနန္းပန္ခမ္းမွာလဲ ခ်စ္စရာဆိုလို႔ ဒီသားေလးပဲရွိေတာ့ အစြမ္းကုန္ အလိုလိုက္ထားတာ ျဖစ္၏ ။

" ကဲ ၅သိန္းဆိုေလာက္လား "

" ၂၀ ေလာက္ေပးပါေနာ္ေမေမ "

" ဒီေလာက္ေငြ မင္းဘာလုပ္မလို႔လဲ "

ဟု ေမးရေတာ့၏ ။ အလိုလိုက္ထားလို႔ မဟုတ္တာလုပ္ေနမွျဖင့္ ဒီေဖဒီေမ ရင္က်ိဳးရခ်ီရဲ႕ 

" သားစေနေန႔က်ရင္ ဟိန္းနဲ႔အတူ ကေလာသြားမလို႔ပါ.. ဟိန္းကပထမဆုံးခရီးထြက္ဖို႔ ကတိေပးထားလို႔‌ေလေမေမရဲ႕.. အဲဒါဒီေန႔ လိုတာေလးေတြလဲဝယ္မလို႔ပါ "

" သားရယ္ ကားေမာင္းသြားရမွာ ေမေမျဖင့္
စိတ္မခ်ပါဘူးေတာ္ "

" အိမ္ကကားနဲ႔သြားမွာ မဟုတ္ဘူးေမေမရဲ႕..
ဟိန္းလဲကားမေမာင္းရေအာင္ express ကားနဲ႔
သြားမွာမို႔ စိတ္ပူစရာမလိုပါဘူး "

ဟု ေျပာေတာ့ တားရမွာလဲမဟုတ္တာသိေတာ့
အေမျဖစ္သူလဲ သေဘာဆိုပီးေတာ့သာ ေျပာလိုက္ရေတာ့သည္ ။

ေမေမေပးတဲ့ ပိုက္ဆံေလးယူခဲ့ပီး ခပ္ျမန္ျမန္ေလး ကားေမာင္းလာကာ ေက်ာင္းသို႔ ဦးတည္လိုက္ေတာ့သည္ ။

ေက်ာင္းသို႔ေရာက္သည္ႏွင့္ သူ၏သူငယ္ခ်င္းမ်ား ထံ အရင္မသြားေသးပဲ ကန္တင္းသို႔ ဦးတည္လိုက္သည္ ။ ယေန႔က ေက်ာင္းေနာက္ဆုံးေန႔ျဖစ္သျဖင့္ ကန္တင္းတြင္ စားပြဲအလြတ္မရွိေတာ့ ၊ စိုင္းခက္လည္း ဟိန္းကို ေဝ့ပတ္ရွာေသာ္လည္း မေတြ႕သျဖင့္ ဖုန္းေခၚရေတာ့သည္ ။ ဝင္ေနေပမဲ့ ဖုန္းမကိုင္ ၊ ၃ခါေလာက္ ေခၚသည္ထိမကိုင္ေတာ့ စိုင္းခက္လည္းအခန္းရွိသူငယ္ခ်င္းမ်ားထံသာထြက္ခဲ့ေတာ့၏
ေရာက္တာႏွင့္ ဆဲသံမ်ားကသာ အရင္ႀကိဳဆိုေနေလၿပီ ...

" စိုင္းခက္လွ်ံတို႔မ်ား ညကငါတို႔ေလာက္‌ေတာင္
မေသာက္ဘဲ မနက္မထႏိုင္ျဖစ္ေနတာ
အခ်ိန္လဲၾကည့္အုံးကြ ၁၀နာရီခြဲေနပီ "

ဟူ၍ ေဝယံမွေျပာေတာ့သည္ ။

ေဝယံက စိုင္းခက္လွ်ံႏွင့္ အလယ္တန္းထဲက
ေက်ာင္းအတူအတူတက္ခဲ့တာ ယခုထိပဲ ျဖစ္၍
ေျပာမနာဆိုမနာ ငယ္ေပါင္းႀကီးဆိုလည္းမမွားပါ။ေဝယံက အရပ္ကလဲ ၅'၉ ျဖစ္ပီး အသားခပ္လပ္လပ္ ႐ုပ္ေျဖာင့္ေတာ့ ေက်ာင္းမွာဆိုလဲ ေစာ္ၾကည္သူျဖစ္သည္ ။ ဒါေပမယ့္ ဒီေကာင္ကေတာ့ ဒါေတြစိတ္မဝင္စား စိတ္ဝင္စားသည္က ေသာက္မယ္ေပ်ာ္မယ္ပါးမယ္သာျဖစ္သည္။

" ဒါနဲ႔မင္း အခ်စ္ႀကီးေရာ " ေဝယံေဘးထိုင္
ေနသာပိုင္သစ္ကေမးေလသည္။

စိုင္းခက္လွ်ံလဲ က်စ္တစ္ခ်က္စုတ္ပီး

" ငါေက်ာင္းေရာက္ကတည္းက ဖုန္းဆက္ေနတာ
မကိုင္ဘူး.. မနက္ကစာပို႔ေတာ့လဲ စာကို seen
ျပပီး စာမျပန္ဘူးကြာ "

စိုင္းခက္လဲ စိတ္ညစ္စြာသက္ျပင္းမိ၏ ။

ထိုအခါ ခန္႔မႉးလြင္က " မင္းကလဲ အဲေလာက္ျဖစ္မေနစမ္းပါနဲ႔.. ဟိန္းထက္လဲ မအားလို႔ေနမွာေပါ့ အဲေလာက္ အကဲပိုျပ မေနပါနဲ႔ကြာ "

ခန္႔မႉးလြင္ကေတာ့ ရည္းစားထားရတာ အပူအရႈပ္
ဟု ခံယူထားသျဖင့္ အၿမဲထိုသို႔သာ ေဗာက္ဆတ္ဆတ္ေျပာတတ္၏ ။ ခန္႔မႉးလြင္က ႐ုပ္သာ
ေျဖာင့္တာ အဲ့လိုေျပာေပါက္နဲ႔မို႔ FA ရာထူး သရဖူေဆာင္းရတာေပါ့ ။

" ဟ မင္းဘာသိလို႔လဲ ငါကပိုခ်စ္ရတဲ့သူကြ.. ဟိန္းခုရက္ပိုင္း ငါ့အေပၚဆက္ဆံတာ
တစ္မ်ိဳးေျပာင္းေနလို႔ပါကြာ "

ေျပာရင္း စိုင္းခက္လဲ မ်က္ႏွာေလးသိသိသာသာ ညႇိးက်လာရသည္။

ပိုင္သစ္ကလဲ " စိုင္းခက္ မင္းကလဲကြာ စိတ္ထင္လို႔ေနမွာပါ ဟိန္းထက္က မင္းကို ခရီးေတာင္လိုက္ပို႔မယ္လို႔ ကတိေပးထားတာမို႔လား..အဲ့ကိစၥေၾကာင့္ အလုပ္ရႈပ္ေနတာေနမွာပါ"

ဟုေျပာရင္း စိုင္းခက္ပခုံးေပၚ လက္ျဖင့္ဖြဖြပုပ္သည္။

ပိုင္သစ္က အၿမဲ ဒီလိုသာပင္ စိုင္းခက္တို႔အေပၚ
အကိုလိုေရာ သူငယ္ခ်င္းလိုပါ အားေပးဂ႐ုစိုက္တတ္၏ ။ ခန္႔မႉးလြင္ႏွင့္ ပိုင္သစ္တို႔က first year မွ စခင္ေသာ္လဲ ငယ္ေပါင္းေတြလိုပင္

ခန္႔မႉးလြင္က " ကဲ လာကြာထၾက ငါတို႔ အေမာင္ေတာ္ေလးစိုင္းခက္ မ်က္ႏွာေတာ္ေလး ညႇိဳးေနေတာ့ ဒီက ငယ္ကြၽန္ႀကီး၃ေယာက္က မေနႏိုင္ေတာ့ပါဘူး.. သခင္ေလးရဲ႕ အသဲေၾကာ္ပဲေလွာ္ေလးကို ရွာပုံေတာ္ဖြင့္ၾကမယ္ေဟ့ "

႐ုပ္တည္နဲ႔ထေျပာသျဖင့္စိုင္းခက္လဲ ရယ္က်ဲက်ဲျဖင့္ထရပ္၍ ၄ေယာက္သား အခန္းမွ ထြက္လာခဲ့လိုက္ေတာ့သည္ ။

              ........❤️❤️❤️.........

Continue Reading

You'll Also Like

3.2M 203K 90
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
52.3K 2.1K 15
ဦးငယ္ခ်စ္ေသာ...ငယ္.....? ငယ္ခ်စ္ေသာ..ဦးငယ္...? ခ်စ္ရတဲ့မမေသာ္အတြက္ birthday presentပါေနာ္??
1.8M 117K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
100K 5.8K 30
This fic is written both in Unicode and Zawgyi... Jaeyong Fanfic (Myanmar) Cover by sis Zin Thu Lin Htet