Obsessive Love
By sean16902
79.5K 3.7K 97
လင်ပါသားနဲ့ မယားပါသားတို့ နှစ်ယောက်ကြားက ... အဟွတ်အဟွတ်တွေပေါ့ 🌚 လင်ပါသားနဲ့ မယားပါသားတို့ နှစ်ယောက်ကြားက... More
စွဲလမ်းသော အချစ် ( အပိုင်း၁)
စွဲလမ်းသော အချစ် ( အပိုင်း၂)
စွဲလမ်းသော အချစ် ( အပိုင်း၃)
စွဲလမ်းသော အချစ် (အပိုင်း ၄)
စွဲလမ်းသော အချစ်(အပိုင်း6)
စွဲလမ်းသောအချစ် (Part7)
စွဲလမ်းသောအချစ် (အပိုင်း၈)
စွဲလမ်းသော အချစ် (အပိုင်း9)
စွဲလမ်းသောအချစ် (အပိုင်း၁၀)
စွဲလမ်းသော အချစ်(အပိုင်း၁၁)
စွဲလမ်းသော အချစ်( အပိုင်း၁၂)
စွဲလမ်းသော အချစ် (အပိုင်း ၁၃)
စွဲလမ်းသောအချစ် (အပိုင်း၁၄)
စွဲလမ်းသောအချစ် (အပိုင်း၁၅)
စွဲလမ်းသော အချစ်(အပိုင်း ၁၆)🔥
(အပိုင်း၁၇) ဇာတ်သိမ်းပိုင်း
စွဲလမ်းသောအချစ် (အပိုင်း၅)
4.1K 232 2
By sean16902
ဝမ်ရိပေါ် တယောက် Xiao Zhan အတန်းရှေ့ကိုရောက်နေတာ။  သူမသိပဲ တယောက်တည်းအိမ်ပြန်သွားမှာစေလို့ စိတ်မချတာနဲ့ အခန်းရှေ့မှာ
ခေါက်တုတ်ခေါက်ပြန်လမ်းလျောက်နေရင်း ရှောင်းကျန့်တို့ အတန်းပြီးချိန်ကို စောင့်နေလိုက်တယ်။
မနက်က ကိစ္စလဲရှင်းစရာရှိသေးတယ်လေ။
" ငါ့ မျက်လုံးတွေလဲ နောက်နေပါပြီးကျန့်ကျန့်ရာ
မင်းလူကြီး မညောင်းဘူးလား မသိဘူး"
ကျိရန်ပြောလဲ..ပြောချင်စရာ၊
ဝမ်ရိပေါ်တယောက် သူ့တို့အခန်းရှေ့မှာ လမ်းလျှောက်နေတာ...နာရီဝက်လောက်ကြာနေပြီး။
ဒီလူ အတန်းမတတ်ပဲ...ဘာလာလုပ်တာလဲ။
ဒီအခန်းထဲမှာ..ကြိုက်နေတဲ့ကောင်မလေးရှိလို့ လာတာလား။
ရှောင်းကျန့်ဆီ လာတာတော့ လုံးဝမဖြစ်နိုင်ဘူး။
ဒီနေ့မှ ကျောင်းစတတ်တာမလို့ သင်ရတဲ့ဘာသာလဲ
သိပ်မရှိ။လူတိုင်းကလဲ ဟေးလားဝါးလား ထနေကြပီး စကားတွေများနေတယ်။ အခန်းထဲက ကောင်မလေးတွေကတော့ ဝမ်ရိပေါ်ကိုလိုက်ကြည့်နေကြတာ မျက်စိကျွတ်ကျမတတ်။
ဘေးနားက ရိပေါ်ရဲ့သူငယ်ချင်းဖြစ်ဟန်သူ တဲ့ တယောက်ကတော့ အနေရခက်နေဟန်။ နောက်တယောက်ကတော့ ဂျူနီယာကောင်မလေးတွေကို ငမ်းနေသေးတယ်။ တကယ့် နှာဘူးအဖွဲ့ပဲ။ ဝမ်သခင်လေး နှာဘူးကြီးဖြစ်နေတာမဆန်းပါဘူး။ သူ့သူငယ်ချင်းတွေနဲ့တူတာကို။
ကျိရန် မေးငေါ့ပြတဲ့နေရာ ကြည့်လိုက်တော့၊
ဝမ်ရိပေါ်က သူကို လက်ယပ်ခေါ်နေတာကို တွေ့လိုက်တယ်။
" ကျန့်ကျန့် မင်းကိုခေါ်နေတာမလား
သွားလိုက်လေ"
" သူ့ကို ကြည့်မနေစမ်းပါနဲ့ ကျိရန်ရာ...
အချိန်တန်ရင် သူ့အတန်းသူပြန်လိမ့်မယ်"
ကျိရန်...မနက်ကမေးလို့ ဝမ်ရိပေါ်နဲ့သူ့အကြောင်းအနည်းအကျဥ်းပြောပြထားတာမလို့ သူတို့တော်စပ်မှုကိုသိပါတယ်။ ကျိရန် က ဒီကျောင်းကမလို့ ဝမ်ရိပေါ်ကို အစတည်းက မြင်ဖူးပြီးသားတဲ့။ အဲ့လူက ကျောင်းမှာ နာမည်ကြီးဆိုပဲ။
" မကြာခင်ကျောင်းဆင်းတော့မှာလေကျန့်ကျန့်
ဘယ်အတန်းကို့ ပြန်မှာလဲ"
လက်က နာရီကိုကြည့်ပြီး ပြောလာသောကျိရန်၊
" ဟင်"
ဒါဆို ဝမ်သခင်လေးက ကျန့်ကျန့်ကိုလာစောင့်နေတာပေါ့။
ကြည့်ရတာမနက်ကလို့ သူမသိပဲပြန်မယ်လို့ ထင်နေပုံရတယ်။ မနက်ကလို့ ထပ်လုပ်ရင်ရှောင်းကျန့်သေချာပေါက် မားမားဆီမှာအဆူခံရတော့မှာ၊ ဒင်းက ပြန်တိုင်ပြောမှာလေ။ သူ့စကားနားမထောင်ဘူးဆိုပြီ...
တဖက်ကWangYiboတို့ဆီမှာတော့...
" မင်းညီလေးက ဆိုးတော့မဆိုးဘူးကွ..ချစ်စရာလေး နော် Yibo"
ဟောက်ရွမ်း.. အလိုက်မသိတဲ့ ကျင်းလင်ကို နရင်းနှစ်ချက်လောက်အုပ်ပစ်လိုက်ချင်တယ်။ဟိုမှာ သူ့ ပထွေးက Jကိုက်နေတဲ့ရုပ်ဖြစ်နေပြီး..ဒင်းက ရှောင်းကျန့်ကို သွားငမ်းနေသေးတယ်။
ပြောသား ပြောရာတာ ရှောင်းကျန့်က တကယ့်အလှလေး။ ဝမ်ရိပေါ်ရှေ့တော့မပြောရဲပါဘူး။
Wang Yiboတို့က မုန်းတယ်၊.ကြည့်မရဘူးသာပြောတယ်။ Xiao Zhan ကိုကျ ဆက်ဆက်ထိမခံ။
သူတို့တောင် ဒီနေ့မနက်မှ ဒေါသထွက်နေတဲ့ရိပေါ်ကြည့်ရာကိုလိုက်ကြည့်မှ ဒီကောင်လေးကိုတွေ့တာ။
နောက်မှဝမ်ရိပေါ်ကိုအတင်းမေးမှာ ပြောပြတာ။
ဒါတောင် ဒင်းက အင်တင်တင်နဲ့မပြောပြချင်တဲ့ပုံစံ။
ဝမ်ရိပေါ်ရဲ့ မျက်လုံးတွေက ...
အတန်းထဲက ခေါင်းချင်ဆိုင်ပြီး..တတွက်တွက်စကားပြောနေတဲ့ နှစ်ယောက်ဆီကနေ၊ ဘေးက ကျင်းလင်ကို အေးစက်စက်မျက်လူံးတွေနဲ့စိုက်
ကြည့်ပေးလိုက်တယ်။
" ငါက စတာပါကွ..မင်းညီလေးက ငါ့ညီလေးပေါ့ ဟဲဟဲ"
ပြောလိုက်မှပိုဆိုးသွားပုံရတဲ့ ရိပေါ်ကြောင့်
ကျင်းလင်လဲ..ကပြာကရာ..
" ငါအရင်ပြန်နှင့်တော့မယ်..ဟောက်ရွမ်း
ညမှ club မှာတွေ့ကြတာပေါ့"
ပြောပြီး လစ်ကနဲ့ပြေးထွက်သွားတယ်။
"တောက်စ်...ဘာလို့အဲ့လောက်ထိ နီးကပ်နေရတာလဲ တခြားအကောင်နဲ့"
ပြောပြီး အခန်းထဲ ဝင်ဖို့လုပ်နေတဲ့ရိပေါ်ကြောင့်
ဟောက်ရွမ်းမှာ..ဆွဲထားရပြန်တယ်။
"လာပါ..Yiboရာ
ကားပေါ်ရောက်မှ ဖြေရှင်းကြပါကွာ..
ဒိမှာတခြားသူတွေနဲ့ ကလေးရှက်သွားလိမ့်မယ်"
"မခေါ်နဲ့!!"
ရုတ်တရက် သူ့ဘက်လှည့်ကာအော်လိုက်တဲ့သူကြောင့် ဟောက်ရွမ်း လန့်သွားတယ်။ဘာဖြစ်ပြန်တာလဲ ဒီကောင်....
" မင်း သူကို ကလေးလို့ခေါ်စရာမလိုဘူး
ငါပဲ ခေါ်မှာ"
"ဟမ်" ဟောက်ရွမ်း တယောက်ကြောင်သွားတယ်။
ဝမ်ရိပေါ်က ရှောင်းကျန့်ကို မုန်းနေတာရော ဟုတ်ရဲ့လား။..ဘာလို့ဆိုတော့ ဒိအပြုအမှုတွေက သဝန်တိုတဲ့လူတွေမှာပဲ ဖြစ်တာလေ။
အပြင်မှာ ကမ္ဘာပျက်နေသလောက်
အခန်းထဲ နှစ်ယောက်မှာတော့ ပူးပူးကပ်ကပ်ထိုင်နေကြကာ..အခုထိစကားပြောလို့မပြီးသေး။
အဲ့အချိန် ထရီလိုက်တဲ့ရှောင်းကျန့်ကြောင့်
ဝမ်ရိပေါ် စိတ်မထိန်းနိုင်ပဲ အခန်းထဲသို့ဝင်မယ်အလုပ်... မတ်တပ်ထရပ်လိုက်တဲ့ Xiao Zhan။
"ငါ.. ပြန်တော့မယ် ကျိရန်"
လွယ်အိတ်ကောက်ကိုင်ပြီးပြောလိုက်တယ်။
ထမရပ်လို့လဲ မရ၊ သူ့မျက်စိထောင့်ကနေ ဝမ်သခင်လေး အခန်းထဲကိုဝင်လာဖို့လုပ်တာတွေ့လိုက်တယ်။ ပြသာနာလာရှာနေမှဖြင့်၊..
ကျောင်းစတတ်တဲ့နေ့၊ ဒီရွယ်တူလေးတွေရှိတဲ့ အခန်းထဲမှာတော့ ရှောင်းကျန့်အရှက်မကွဲချင်ပါ။
ဒါကြောင့် Wang Yiboရှိတဲ့ အတန်းရှေ့ကိုထွက်လာလိုက်တယ်။
_______________
သူ့ဆီကို လှုပ်တုတ်တုတ်လေး လာနေတဲ့
ရှောင်းကျန့် တယောက် သူ့အနားကိုရောက်လာတော့ လက်ကောက်ဝက်သေးသေးလေးကို ဆောင့်ဆွဲကာ၊
" မင်း..လာစမ်း..ရှောင်းကျန့်!!"
အတန်းထဲကကျောင်းသူတွေကလဲ၊
စပ်စုတဲ့မျက်လုံးတွေနဲ့ကြည့်နေတာမလို့ ရှောင်းကျန့် ရှက်မိတယ်။အနောက်က ကျန်ခဲ့တဲ့ ဟောက်ရွမ်းကလဲ ဝမ်ရိပေါ်တို့ကိုကြည့်ပြီး ခေါင်းတခါခါနဲ့အနောက်ကလိုက်သွားတယ်။
"အ့..ဝမ်သခင်လေး.. ကျန့်ကျန့် လက်နာနေပြီး
လွှတ်ပါနော်"
ကားရှိရာသို့ ခေါ်ဆောင်သွားတဲ့လမ်းမှာ
ရှောင်းကျန့်ကို တရွက်တိုင်းဆွဲမခေါ်ရုံတမယ်၊
ကားထဲ ရှောင်းကျန့် ကိုယ်လုံးလေးကို အတင်းထိုးထည့်နေတာမလို့၊ နောက်ဆုံး မနေနိုင်တဲ့ ဝမ်ဟောက်ရွမ်းကပဲ.
"Yibo! အရမ်းမလုပ်ပါနဲ့ကွာ"
"မင်းနဲ့မဆိုင်ဘူး ဝမ်ဟောက်ရွမ်း !!"
သူငယ်ချင်း ဖြစ်သူ ကိုပြန်အော်ပြီး။တဖက်က ကားမောင်းသူနေရာဝင်ထိုင်ကာ
ကားကိုကျောင်းဝန်းထဲကနေ အကြမ်းပတမ်း မောင်းထွက်လာခဲ့တယ်။
"မင်း နောက်မှ နောင်တမရဖို့ မျှော်လင့်ပါတယ် ရိပေါ်.. မင်းစိတ်ကို မင်းမသိပေမယ့်.ဒီနေ့မှ တွေ့လိုက်ရတဲ့အပြုအမှုတွေကြောင့် ငါတောင်ရိပ်မိတယ်
ကိုယ့်စိတ်ကို မြန်မြန်နားလည်းစမ်းပါကွာ"
အသံတိုးတိုးလေးနဲ့ မောင်းထွက်သွားတဲ့ကားကြည့်ပြီး ဟောက်ရွမ်းသက်ပြင်းချမိတယ်။ သူ့သူငယ်ချင်းကို နောက်မှနောင်တမရစေချင်ဘူး။
THE END💙
_____________
Wattpad Accလေးကို Follow လေးလုပ်ပေးပါအုံးနော်။
Zawgyi Code
သွားလိုက်လေ"
" ဟင်"
ကြည့်ပေးလိုက်တယ်။
ကျင်းလင်လဲ..ကပြာကရာ..
"လာပါ..Yiboရာ
"မခေါ်နဲ့!!"
ငါပဲ ခေါ်မှာ"
"ငါ.. ပြန်တော့မယ် ကျိရန်"
_______________
လွှတ်ပါနော်"
THE END
_____________
Continue Reading