မေတ္တာနွံကျွံ့ခဲ့ပါလျှင်

By kuunge27

3.7K 191 19

ရွာတစ်ရွာ၌ အချစ်ကိုတွေ့ခဲ့သည် More

ep 1
ep2
ep3
ep4
ep5
ep6
ep7
ep8
ep10
ep11

ep9

250 14 2
By kuunge27

၃နှစ်တာရီ ကြာခဲ့ပြီ~~~~~~~

သွယ်နှင့် မောင်မောင်ကိစ္စအား မိဘများပင် အသိပေးခဲ့သော်လည်း တစ်ယောက်မှ မကန့်ကွက်ခဲ့ပေ။ဒေါ်သီတာဟန်သည် သူ့သမီးအား စိတ်ချမ်းသာရင်ရပြီဆိုပြီး ပြောခဲ့သလို ဦးလွန်းမောင်တို့လည်း မောင်မောင်သဘောဆိုပြီး နေခဲ့ကြသည်။

"မောင်"

"ဗျာ"

"မမသွယ် နေရတာ တမျိုးကြီးကွယ်"

"နေများမကောင်းသလားမမသွယ် အခုဘယ်လိုဖြစ်နေလဲ မောင့်ကိုပြော"

"မသိဘူး မမသွယ်ဖျားချင်နေတယ်"

"မေမေရေ မေမေ!"

"ရှင် မောင်မောင်တို့ဘာဖြစ်ကြတာတုန်း"

မောင်မောင်ခေါ်သံကြောင့် နှောင်းလဲ့နွေးတို့ အပေါ်ထပ်အမြန်ပင်ပြေးတက်ခဲ့ကြသည်။

"မမသွယ် နေမကောင်းတို့ ဆေးလေးလုပ်ပေးပါအုံး မဟုတ်ရင် မောင်မောင်မိန်းမဖျားလိမ့်မယ်"

"အို မောင်"

မောင်မောင်ပြောလိုက်သောစကားကြောင့် ဦးလွန်းမောင် မျက်စောင်းကျလာသလို နှောင်းသည်လည်း မျက်စောင်းထိုးမိသည် သွယ်ကတော့ ကုတ်နေရှာသည် ဒီကလေးဘယ်လိုတောင် ပြောရဲဆိုရဲသလဲ။

____

"ဒီနေ့လည်း နောက်ကျတယ်နော် ကြည်သာ"

"အလုပ်ကို အပြီးဖြတ်နေလို့ပါ မေမေ"

"ကြည်သာ မေမေစီ ခနလာပါအုံး မေမေသမီးလေးရယ်"

ကြည်သာ ဒေါ်သီတာဟန်စီ ခပ်ဖွဖွလေး လျှောက်လာခဲ့သည်။ဒေါ်သီတာဟန်သည် ကြည်သာအားဖွဖွလေး ရင်ခွင်ထဲ ဆွဲသွင်းကာ။

"၃နှစ် ၃နှစ်ရှိခဲ့ပြီ မေမေသမီးလေး အပြုံးအရယ် မရှိခဲ့တာ ၃နှစ်ကြာခဲ့ပြီ"

ကြည်သာကိစ္စအား သီတာဟန်သိသည် သွယ်တို့စီကနေ ဖုန်းတောင်မဆက်ပဲ အိမ်ကို ချက်ချင်းပင်ပြန်ရောက်လာခဲ့သည်။ အဖြစ်မှန်ကို သိပြီးနောက် ကြည်သာအား စိတ်လျော့ဖို့ဖြောင်းဖျခဲ့ယုံကလွဲပြီး သီတာဟန် မတက်နိုင်။ဒုတ်နဲ့ရိုက်ပြီးဆုံးမရမည့်အရွယ်လည်း မဟုတ်ပေ။ဟုတ်သော်ငြား သူ့သမီးတွေက သူ့စကားကိုမြေ၀ယ်မကျနားထောင်သည့်ကလေးတွေပင်ဖြစ်သည်။

"ကြာခဲ့ပါပြီ မေမေ အခုရော သူ့အဆင်ပြေပါ့မလား"

"လိုက်သွားမလားကြည်သာ"

"ဟင့်အင်း ကြည်သာကိုမှ သူမတွေ့ချင်ပဲ"

~~~~~~~~~~~
"မမသွယ်ရေ မမသွယ်"

"နွယ်ပါလား လာလေ"

"မောင်မောင် မောင်မောင်လေ"

"မောင် မောင်ဘာဖြစ်လို့လဲနွယ်"

"ကြက်၀ိုင်းမာ ရန်ဖြစ်နေတယ်"

"ဘာ"

နွယ်စကားပင်မဆုံး သွယ်ပြေးထွက်သွားခဲ့သည်။ဟုတ်ပါရဲ့ နပန်းလုံးနေသည့်ပွဲမာ အရပ်အရှည်ဆုံးမို့ပေါ်ထွက်နေသည့် မောင် ။တစ်ရွာထဲသားအချင်းချင်းမာပင် ထင်းထွက်နေမောင့်။သွယ်ရဲ့ မောင်။သွယ်ရဲ့အချစ်။သွယ့်ရဲ့အားကိုးရာ။သွယ်ရဲ့မောင်မောင်။

"မောင့်"

ခေါ်သံကြောင့် မောင်မောင်လှည့်ကြည့်လိုက်ရာ။

"မမသွယ်"

ချက်ချင်းဆိုသလို သူကြီးတို့လည်း ရောက်လာခဲ့သည်။

"ဖေဖေ"

"အေး အကုန်လုံး ငါ့အိမ်လိုက်ခဲ့"

သူကြီးအိမ်ရောက်သော် ~

"မောင်ရယ် ဘယ်လိုလုပ်နပန်းလုံးရတာတုံး ကြည့်ပါအုံး မမသွယ်စီးပေးလိုက်တဲ့ ယောင်ပေစူးလေးတောင် ရှောင်းနေပြီ မမသွယ်ပုဆိုးအသစ်ကို ထုတ်ပေးတာ ကွင်သိုင်းပြီး လုံးရတယ်လို့"

"နောက်မဖြစ်စေရပါဘုးမမသွယ် "

"အပေါ်တပ်မယ်"

"နေအုံး မောင်မောင်"

"ဘာလဲဖေဖေရာ"

"အကုန်ထိပ်တုံးခတ်မာ အတော့ နင်လည်းအခတ်ခံ"

"ကိုကို"

"မပြောနဲ့သွယ် သွယိအလိုလိုက်လို့ ဒင်းဆိုးနေတာ"

"မရပါဘူး သွယ်ကလေးလေးကို သွယ်ဆုံးမမယ် ထိပ်တုံးကြီးနဲ့ ညဘက်တစ်ယောက်ထဲအောက်မာ သွယ်မသိပ်နိုင်ပါဘူးရှင်"

"သွယ်ဒါဘက်လိုက်လို့မရဘူး ကိုကိုက မောင်မောင်အဖေပေမဲ့ ရွာရဲ့သူကြီးလေ"

ဖေဖေနဲ့သွယ်၏စကားရည် လုပွဲမာ ရန်ဖြစ်သူများနှင့် မောင်မောင်ရယ် နွယ်နှင့်နှောင်းပင် ငြိမ်နေရရှာသည်။

"သွယ်ပြောပြီးပြီ ကိုကိုရေ မောင့်ကိုထိပ်တုံးမခတ်ရဘူး သွယ်ခွင့်မပြုဘူး မောင်မလိမ္မာရင် သွယ်ဆုံးမမယ် မောင့်ကိုအောက်မာတစ်ယောက်ထည်းမထားခဲ့နိုင်ဘူး"

"သွယ်ဒါဒီလိုလုပ်လို့မရဘူး ခေါင်းမမာစမ်းနဲ့ကွာ"

"ဒီက ကလေးတို့ရော ထိပ်တုံးအခတ်ခံမလား"

"ဟင့်အင်းမမသွယ် "

"ဒါဆို ကလေးတို့ကိုလည်းမခတ်ဘူး မောင်မောင်လည်းမခတ်ဘူးရတယ်မဟုတ်လား"

"ရတယ်မမသွယ် မမသွယ်က သိပ်ကောင်းတာပဲ ညီမလေးတို့လည်းမမသွယ်လို မိန်းမမျိုးရှာယူတော့မည် သွားတော့မယ်မမသွယ်"

"သွားဖို့အရေးကို ငါ့မိန်းမလာကလိနေရလား မြန်မြန်ပြန်"

"သွယ် နင်ကတော့လေ"

"ကိုကိုကလည်း အခုဆိုပြီးပြီမဟုတ်လား"

"နင်ပဲသူကြီးလုပ်လိုက်တော့"

~~~

"ချောငယ်"

"အော် မောင်မောင်တို့ပါလား လာလေ"

"ညကြီး ဘာလို့အပြင်ထွက်ထိုင်နေတာလဲ"

"နင်တို့ကရော ဘယ်ကပြန်လာတာလဲ"

"ထမင်းစားပြီး ရင်ခေါင်းတောင့်နေတယ်ဆိုလို့ မမသွယ်ကို လမ်းလျှောက်ခိုင်းတာ စိတ်မချလို့ပြီးတော့ လသာနေတာရော ဒီဘက်ရောက်လာတာ"

"အော်...."

"နောင်တမရဘူးလားချောငယ် လွမ်းမနေဘူးလား"

"ဟင့်အင်း"

"နင့်မျက်လုံးတွေက လိမ်မရဘူး ချောငယ်"

"နွယ်မမကို ကြည့်ပါအုံး"

"ပြန်မလာတော့ဘူးထင်ပါတယ်မမသွယ် ၃နှစ်၃နှစ်တောင်ကြာခဲ့ပြီ"

ပြန်လာခဲ့ပါလျှင် ချစ်ကြောင်း၀န်ခံမိတော့မည်။ဟန်ဆိုသည့်အမျိုးသမီး သိပ်ကိုဆိုးသည် မခေါ်ပဲလာပြီး မနှင်ပဲပြန်ခဲ့သည့်ဟန်။ချစ်တယ်ပြောပြီး ပြန်သွားခဲ့သည့်ဟန်။ ဟန်ကို နွယ်စောင့်ခဲ့တာ ၃နှစ်တာကြာခဲ့ပြီ။

___
စောင့်ခဲ့ရလို့ တောင်းပန်ပါတယ် ရက်ဆက်ရက်ခြားလေး တင်ပေးပါ့မယ် kuu nge💜

Continue Reading

You'll Also Like

33.2K 714 11
Izuku Midoriya, formerly known as Yagi experienced hell Ever since he was 4 and was diagnosed as Quirkless his life turn 180 degree School sabotaged...
72.9K 2.7K 104
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
32.5K 729 22
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...
362K 13.8K 26
"မောင် မဆိုးစမ်းနဲ့ကွယ်" "ကျုပ်ကိုမချုပ်ခြယ်နဲ့"