▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾
𖠗 - ❛ 아직은 어색해 익숙해질까요 ? ❜
[ ၅ ]
' အီဟန်ရဲ့ တစ်ဖက်သတ် အချစ်ဇာတ်လမ်းလေး တစ်ခန်းရပ်သွားရပြီ ' ဆိုတဲ့ နောက်တော့ ထယ်ဆန်းက ( ဝမ်းနည်း ) နဲ့ ( ဝမ်းသာ ) ကြားထဲ ဒွိဟတွေ ဖြစ်ခဲ့ရတယ်။
ဝမ်းနည်းရတယ်ဆိုတာက အီဟန် အငြင်းခံလိုက်ရတဲ့အတွက် ဝိုင်းကူပြီး စိတ်မကောင်းဖြစ်ပေးတာ မဟုတ်ဘူး။
ထယ်ဆန်းလည်း အီဟန့်ကို ပျော်စေချင်တာပဲ။
သူသာ အစ်ကိုဆန်းယော့ဆိုရင် အီဟန့်သဘောကို လိုက်လျောပြီး ပြန်ကြိုက်ပေးမိမှာပါ။
ဒီလိုဆိုပေမယ့် အစ်ကိုဆန်းယော့က အစ်ကိုဆန်းယော့ဖြစ်နေတာကိုတော့ သူလည်း ဘာမှ ဝင်ပြောင်းလဲပေးလို့ မရဘူးပဲပေါ့။
ဝိဥာဥ်ဝင်ပူးပေးဖို့ဆိုတာကလည်း ရူးနှမ်းတာပဲ။
ဒီလိုမျိုး ကသောက်ကရိုက်တွေ အမျိုးစုံအောင် ဖြစ်နေတုန်းမှာပဲ အီဟန့်အတွက် နောက်ထပ် ရိုက်ချက်အသစ်တစ်ခုက ထပ်ဝင်လာတယ်။
အဲဒါက ..၊
အဲဒီအချင်းအရာ ပြီးဆုံးသွားပြီး
သုံး ၊ လေးရက် အကြာမှာ ..။
အစ်ကိုဆန်းယော့က အေဂျင်စီတစ်ခုနဲ့ ပူးပေါင်းပြီး လေ့ကျင့်ရေးဆင်းနေရတဲ့ သင်တန်းသားတစ်ယောက် ဖြစ်နေမှန်း အီဟန်ရော ထယ်ဆန်းပါ တအံ့တသြနဲ့ သိခဲ့ရတယ်။
နှစ်မကုန်ခင်မှာတင် ( ရီဝူ ) ဆိုတဲ့ နာမည်တစ်လုံးနဲ့ ပွဲဦးတောင် ထွက်ခွင့်ရတော့မယ့် အစ်ကို့အကြောင်းက ကျောင်းက လူတိုင်းရဲ့ ပါးစပ်ဖျားမှာ မပြောမဖြစ်တဲ့ စကားလမ်းကြောင်းပဲ။
[ ထမင်းစားပြီးပြီလား ] နဲ့ အစတည်တဲ့ စကားဝိုင်းတွေဟာ ..၊
[ နောက်ဆုံးနှစ် ၊ အခန်း ( ၃ ) က အီဆန်းယော့ ပွဲဦးထွက်တော့မယ် ] ဆိုတာနဲ့ပဲ အဆုံးသတ်ရတာချည်းလို့တောင် ပြောလို့ရတယ်။
အီဟန်တောင်မှပဲ ဒီအကြောင်းကို ဘေးလူတွေဆီကနေ ဟိုဟိုဒီဒီ သတင်းတွေ ထွက်လာတော့မှ အမှန်ပါဆိုပြီး ခက်ခက်ခဲခဲ လက်ခံခဲ့ရတာ။
ဒါကို လူတွေ ပိုသိလာတဲ့အချိန်မှာတော့ အစ်ကို့ကို ကျောင်းမှာ မြင်ရတာက တဖြည်းဖြည်း ရှားသထက် ရှားလာတယ်။
အရင်က လုံးလုံး သတိမထားမိဘူးဆိုတာကလည်း အစ်ကိုက တမင် ရည်ရွယ်ပြီး ဖုံးကွယ်လိမ်ညာထားလို့ မဟုတ်ပဲ ၊
သူတို့ကသာ အစ်ကို့အကြောင်းကို အဆုံးစွန်အထိ စိတ်ဝင်စားမှု မရှိခဲ့လို့ပါပဲ။
နောက်ပြီး အစ်ကိုဆန်းယော့ ကျောင်းမတက်တဲ့ ရက်တွေများလာတယ်ဆိုတာ သူ့ဘာသာသူ အလုပ်မအားလို့ပဲ ဖြစ်ဖြစ် ၊ အချိန်မရလို့ပဲ ဖြစ်ဖြစ်။
ကိုယ်ရေးကိုယ်တာကိစ္စကြောင့်လည်း ဖြစ်နိုင်ပေမယ့် ၊
တထွေထွေ ၊ တမှိုင်မှိုင်နဲ့ အီဟန်ကတော့ သူ့ကြောင့်ရယ်လို့ တွေးမိရင်လည်း တွေးမိနေလိမ့်မယ် ..။
• • •
၁၇ နှစ်သား ဟန်ဒုံမင်ရဲ့ တွေးခေါ်နိုင်မှု အစွမ်းကုန်နဲ့ ဦးနှောက်ကို အသုံးပြုရရင် ၊
အစ်ကိုက အီဟန့်ကို ငြင်းလိုက်ပြီ ဖြစ်တဲ့အတွက်။
အီဟန်က သူ့ဘေးမှာ လာထိုင်နေပြီ ဖြစ်တဲ့အတွက်။
သူနဲ့ အီဟန်ကြားမှာ အရင်ကထက် နီးစပ်လာနိုင်ပြီလို့ အထင်မှားပြီး တွေးမိခါနီး ဆဲဆဲလေးမှာပဲ ..။
အီဟန်ရဲ့ ပြောင်းလဲမှုဟာ နီးစပ်ဖို့ နေနေသာသာ သူနဲ့ ပိုဝေးရာကို အရှိန်ပြင်းပြင်း လွင့်ထွက်သွားသလို ခံစားရစေတယ်။
ဒီရက်ပိုင်းမှာ အီဟန်က အရင်လိုတောင် ဟန်မဆောင်နိုင်တော့ပဲ ဆရာ့ ရှေ့မှာတင် မထီမဲ့မြင်ပုံစံနဲ့ စာသင်ခန်း အပြင်ဘက်ကို အမြဲလိုလို ထိုင်ငေးတတ်နေပြီ။
တခြားလူတစ်ယောက်လို ငြိမ်သွားတဲ့ အီဟန်ကို ကြည့်ရင်း ဘယ်လိုမှ အလိုမကျနိုင်တာလည်း ထယ်ဆန်းရဲ့ ကုမရတဲ့ စိတ္တဇတစ်မျိုးလို့ ထင်တာပါပဲ။
ပိုဆိုးတဲ့ တစ်ချက်ကတော့ ဆရာ သတိထားမိသွားလို့ အဆူခံရတိုင်းမှာ ..၊
သူ့ရဲ့ တုံ့ပြန်ချက်က ဘယ်သူ ဘာပြောပြော ခေါင်းတညိတ်ညိတ်နဲ့ ဘယ်အပြစ်ကိုမဆို ကြည်ကြည်ဖြူဖြူ ခံယူနိုင်ပါတယ်ဆိုတဲ့ အပြုံးမျိုး ဖြစ်နေတာပဲ။
စာအုပ်နဲ့ ရိုက်ရင်လည်း သူက ပြုံပြုံးလေးနဲ့ ငြိမ်ခံတယ်။ လူကြားထဲ အရှက်ရစေတဲ့ စကားမျိုးသုံးပြီး ဆရာက စိတ်ဒဏ်ရာပေးလည်း သူ့ အမူအရာကတော့ ထိုနည်းလည်းကောင်းပဲ။
အဲဒါက အဆိုးဆုံးပဲ။
အီဟန်ရဲ့ အဲဒီလိုပုံစံကို မြင်နေရတာက ဆိုးပါတယ်။
နွေပူပူမှာ ထယ်ဆန်း ခင်းအိပ်ထားတဲ့ အိပ်ရာခင်းက ကျောအောက် လိပ်တက်ပြီး ခိုးလို့ခုလုဖြစ်နေပေမယ့် ဘယ်လောက်ဆွဲဆွဲ ပြန်မကျလာသလိုပဲ။
စိတ်တိုရတယ်။
ဘာမှလည်း မလုပ်ပေးတတ်လို့ ထပ်ဆင့် ပိုစိတ်တိုရတယ်။
ခုတင်ပေါ် ခင်းထားသမျှ အကုန်လုံးကို ဆွဲခွာပစ်လိုက်ချင်တယ်။ စောင်တွေကိုလည်း ခုတင်အောက် ကျတဲ့အထိ ကန်ချပစ်မယ်။
မြင်သာထင်သာမရှိတဲ့ ကုတ်ခြစ်ရာ အသေးစားလေးတွေကို ရက်ပိုင်းလောက်အထိ အီဟန် ခံစားနေရမယ်ဆိုတာ သိပေမယ့်လည်း ..၊
အော်ဟစ်ပေါက်ကွဲလိုက်ရမယ့်အစား နေ့တိုင်းနီးပါး မျက်နှာသေဖြစ်နေတာကိုတော့ ထယ်ဆန်းက နည်းနည်းမှ ..၊
ဘဝင်မကျနိုင်ဘူး။ မကျချင်ဘူး။
အီဟန်က ရေအသေကြီးလိုပဲ။
အကယ်၍ အီဟန်သာ ရေသေကန်တစ်ခုဆိုရင် ထယ်ဆန်းက အဲဒီ ရေသေထဲကို အဝိုင်းသဏ္ဌာန် ခလောက်ဆန်သွားအောင် ပစ်ဝင်သွားမယ့် ခဲလုံးတစ်လုံး ဖြစ်ချင်တယ်။
ခဏဆိုလည်း ခဏပဲပေါ့။
အနည်းဆုံးတော့ အဲဒီရေကန်ကလေး ပြန်ပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားဖို့ပဲ လိုတယ်။
အဲဒီလိုမျိုး တွေးမိပြီးချင်းမှာ ထယ်ဆန်းက ကိုယ်ကို ယိမ်းယိုင်လို့ အီဟန်ရဲ့ ပုခုံးတစ်ဖက်ကို ပုခုံးချင်း ဝင်တိုက်လိုက်တော့တာပဲ။
မနာပါဘူး။ ဖွဖွလေးပါ။
ထိမိတယ်ဆိုရုံလေး။
သူက အဲဒီလိုကြီး ဘာမပြော ညာမပြောပဲ ရုပ်တည်နဲ့ ဝင်တိုက်လိုက်တော့ ..၊
ကြယ်အစုအဝေးတွေလို လင်းလင်းလက်လက် မူပိုင်မျက်လုံးဝိုင်းတွေနဲ့ လှည့်ကြည့်လာတဲ့ အီဟန်က ဘာပြောမလို့လဲဆိုတဲ့ အထာနဲ့ မေးဆတ်ပြတယ်။
" ငါတို့ အတန်းလစ်မလား "
လေသံလောက်သာ ထွက်လာတဲ့ ထယ်ဆန်းရဲ့ အသံတိုးတိုးကြောင့် အီဟန်က သူတို့ကို ကျောပေးထားတဲ့ ဆရာ့ဘက်ကို အကဲခတ်သလို တစ်ချက် လှမ်းကြည့်တယ်။
သဘာဝသိပ္ပံတွဲရဲ့ အခြေခံသဘောတရားတွေကို ကျောက်သင်ပုန်းပေါ်မှာ စာကြောင်းပေါင်းများစွာနဲ့ ရှင်းပြနေတဲ့ ဆရာက သူတို့ကို မြင်မယ့်ပုံမရပေမယ့် ၊
အီဟန်ကတော့ သူ့ လွယ်အိတ်ထဲက တစ်အုပ်တည်းသော ဗလာစာအုပ်ကလေးထုတ်လို့ ၊ စာရွက်တစ်ရွက်ဖြဲကာ စာနဲ့ပဲ ရေးပေးပြီး ထယ်ဆန်းဘက်ကို တိုးပေးလာတယ်။
[ ရလို့လား ? ]
အီဟန်က ဒီလိုလုပ်လာမှတော့ ထယ်ဆန်းကလည်း အောက်စွန်းနားမှာ စုတ်ပြဲနေပြီး တစ်ရွက်တောင် သေချာမပြည့်ချင်တဲ့ စာရွက်ပေါ်မှာပဲ သူပြောချင်တာကို အီဟန့်နည်းတူ ချရေးပေးလိုက်ရတော့တာပေါ့။
[ မသိဘူး ၊ လုပ်ကြည့်မလို့။ ]
ရေးပြီးတော့ အီဟန့်ဆီ တွန်းပေးဖို့ ပြင်လိုက်ပေမယ့် စာနောက်တစ်ကြောင်းကို ထပ်တိုးဖြည့်ချင်လာတာမို့လို့ အီဟန် မဖတ်ရသေးခင် စာရွက်ကို ပြန်ဆွဲယူလိုက်တယ်။
[ မင်းကရော သွားချင်ရဲ့လား ? ]
ထယ်ဆန်း ရေးနေတဲ့အချိန်မှာတင် စာကို ကြိုပြီး လှမ်းဖတ်လိုက်တဲ့ အီဟန့်ရဲ့ မျက်နှာက သူ ဘာလုပ်ရမလဲဆိုတာကို စဥ်းစားနေပုံပဲ။
သူ မလုပ်ချင်ရင်လည်း ထယ်ဆန်းက အတင်းဆွဲခေါ်ဖို့ စိတ်ကူးမရှိပါဘူး။
စိတ်ထဲ ပေါ်လာလို့ ဒီအတိုင်း မေးကြည့်လိုက်တာဆိုပေမယ့် ကမ်းလှမ်းချက်ကို ပယ်ချခံရင်တော့ အနည်းအငယ် အီလည်လည်ဖြစ်သွားရမှာပေါ့လေ။
အီဟန် မပါရင် ထယ်ဆန်းက ဘယ်ကျောင်းမှလည်း လစ်ချင်မနေဘူး။
စာသင်ခန်းထဲ အီဟန် မနေချင်တာကို သိလို့။
အဲဒါကြောင့်မို့လို့။
ဦးတည်ရာတိုင်းက ..၊ အီဟန်ဖြစ်နေလို့။
စားပွဲပေါ် လက်ဆစ်နဲ့ သာသာကလေး ခေါက်တီးလိုက်သံကို ကြားမိတော့ ပြန်စာပါတဲ့ စာရွက်က ထယ်ဆန်းရှေ့ကို ပြန်ရောက်နေပြီ။
[ သွားမယ် ]
အသံတိတ်ဆက်သွယ်မှုအတွက် ဓါးစာခံဖြစ်နေရရှာတဲ့ စာရွက်လေးက လူနှစ်ယောက် ကြားထဲမှာ ဟိုလူ့ဆီ ရောက်သွားလိုက် ၊ ဒီလူ့ဆီ ရောက်လာလိုက်နဲ့ပဲ။
ဘေးချင်းကပ်ရပ်ထိုင်နေရင်းကနေမှ ရေးစာကို ရေးစာနဲ့ အလုပ်ရှုပ်ခံပြီး ဟိုတွန်း ၊ ဒီတွန်း ပို့ပေးနေရပေမယ့်လို့ ထယ်ဆန်းက ဒီအခြေအနေကို သေးသေးလေးတောင် စိတ်မညစ်မိဘူး။
တစ်ဖက်လူက ကင်မ်ဒုံဟျွန်းဖြစ်နေတဲ့အခါ ဒါ အမှန်ပဲ။
ပျော်တယ်လို့ပြောရင် ပိုသွားမှာကို သိတယ်။
မပျော်ပါဘူးဆိုရင်လည်း လိုနေဦးမယ်။
တစ်ယောက်ယောက်ရဲ့ အမည်နာမဟာ ချစ်မိသွားသမျှ အရာရာဆိုတော့လည်း ထယ်ဆန်း ထပ်တွန့်တက်နိုင်တာက ဘာရှိဦးမှာလဲ။
°°°°
---- >
▪︎𝗓𝖺𝗐𝗀𝗒𝗂
𖠗 - ❛ 아직은 어색해 익숙해질까요 ? ❜
[ ၅ ]
' အီဟန္ရဲ့ တစ္ဖက္သတ္ အခ်စ္ဇာတ္လမ္းေလး တစ္ခန္းရပ္သြားရၿပီ ' ဆိုတဲ့ ေနာက္ေတာ့ ထယ္ဆန္းက ( ဝမ္းနည္း ) နဲ႔ ( ဝမ္းသာ ) ၾကားထဲ ဒြိဟေတြ ျဖစ္ခဲ့ရတယ္။
ဝမ္းနည္းရတယ္ဆိုတာက အီဟန္ အျငင္းခံလိုက္ရတဲ့အတြက္ ဝိုင္းကူၿပီး စိတ္မေကာင္းျဖစ္ေပးတာ မဟုတ္ဘူး။
ထယ္ဆန္းလည္း အီဟန္႔ကို ေပ်ာ္ေစခ်င္တာပဲ။
သူသာ အစ္ကိုဆန္းေယာ့ဆိုရင္ အီဟန္႔သေဘာကို လိုက္ေလ်ာၿပီး ျပန္ႀကိဳက္ေပးမိမွာပါ။
ဒီလိုဆိုေပမယ့္ အစ္ကိုဆန္းေယာ့က အစ္ကိုဆန္းေယာ့ျဖစ္ေနတာကိုေတာ့ သူလည္း ဘာမွ ဝင္ေျပာင္းလဲေပးလို႔ မရဘူးပဲေပါ့။
ဝိဥာဥ္ဝင္ပူးေပးဖို႔ဆိုတာကလည္း ရူးႏွမ္းတာပဲ။
ဒီလိုမ်ိဳး ကေသာက္ကရိုက္ေတြ အမ်ိဳးစံုေအာင္ ျဖစ္ေနတုန္းမွာပဲ အီဟန္႔အတြက္ ေနာက္ထပ္ ရိုက္ခ်က္အသစ္တစ္ခုက ထပ္ဝင္လာတယ္။
အဲဒါက ..၊
အဲဒီအခ်င္းအရာ ၿပီးဆံုးသြားၿပီး
သံုး ၊ ေလးရက္ အၾကာမွာ ..။
အစ္ကိုဆန္းေယာ့က ေအဂ်င္စီတစ္ခုနဲ႔ ပူးေပါင္းၿပီး ေလ့က်င့္ေရးဆင္းေနရတဲ့ သင္တန္းသားတစ္ေယာက္ ျဖစ္ေနမွန္း အီဟန္ေရာ ထယ္ဆန္းပါ တအံ့တၾသနဲ႔ သိခဲ့ရတယ္။
ႏွစ္မကုန္ခင္မွာတင္ ( ရီဝူ ) ဆိုတဲ့ နာမည္တစ္လံုးနဲ႔ ပြဲၪီးေတာင္ ထြက္ခြင့္ရေတာ့မယ့္ အစ္ကို႔အေၾကာင္းက ေက်ာင္းက လူတိုင္းရဲ့ ပါးစပ္ဖ်ားမွာ မေျပာမျဖစ္တဲ့ စကားလမ္းေၾကာင္းပဲ။
[ ထမင္းစားၿပီးၿပီလား ] နဲ႔ အစတည္တဲ့ စကားဝိုင္းေတြဟာ ..၊
[ ေနာက္ဆံုးႏွစ္ ၊ အခန္း ( ၃ ) က အီဆန္းေယာ့ ပြဲၪီးထြက္ေတာ့မယ္ ] ဆိုတာနဲ႔ပဲ အဆံုးသတ္ရတာခ်ည္း။
အီဟန္ေတာင္မွပဲ ဒီအေၾကာင္းကို ေဘးလူေတြဆီက ဟိုဟိုဒီဒီ သတင္းေတြ ထြက္လာေတာ့မွ အမွန္ပါဆိုၿပီး ခက္ခက္ခဲခဲ လက္ခံခဲ့ရတာ။
ဒါကို လူေတြ ပိုသိလာတဲ့အခ်ိန္မွာေတာ့ အစ္ကို႔ကို ေက်ာင္းမွာ ျမင္ရတာက တျဖည္းျဖည္း ရွားသထက္ ရွားလာတယ္။
အရင္က လံုးလံုး သတိမထားမိဘူးဆိုတာကလည္း အစ္ကိုက တမင္ ရည္ရြယ္ၿပီး ဖံုးကြယ္လိမ္ညာထားလို႔ မဟုတ္ပဲ ၊
သူတို႔ကသာ အစ္ကို႔အေၾကာင္းကို အဆံုးစြန္အထိ စိတ္ဝင္စားမႈ မရိွခဲ့လို႔ပါပဲ။
ေနာက္ၿပီး အစ္ကိုဆန္းေယာ့ ေက်ာင္းမတက္တဲ့ ရက္ေတြမ်ားလာတယ္ဆိုတာ သူ႔ဘာသာသူ အလုပ္မအားလို႔ပဲ ျဖစ္ျဖစ္ ၊ အခ်ိန္မရလို႔ပဲ ျဖစ္ျဖစ္။
ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္လည္း ျဖစ္ႏိုင္ေပမယ့္ ၊
တေထြေထြ ၊ တမိႈင္မိႈင္နဲ႔ အီဟန္ကေတာ့ သူ႔ေၾကာင့္ရယ္လို႔ ေတြးမိရင္လည္း ေတြးမိေနလိမ့္မယ္။
• • •
၁၇ ႏွစ္သား ဟန္ဒံုမင္ရဲ့ ၪီးေနွာက္ကို အသံုးျပဳရရင္ ၊
အစ္ကိုက အီဟန္႔ကို ျငင္းလိုက္ၿပီ ျဖစ္တဲ့အတြက္။
အီဟန္က သူ႔ေဘးမွာ လာထိုင္ေနၿပီ ျဖစ္တဲ့အတြက္။
သူနဲ႔ အီဟန္ၾကားမွာ အရင္ကထက္ နီးစပ္လာႏိုင္ၿပီလို႔ အထင္မွားၿပီး ေတြးမိခါနီး ဆဲဆဲေလးမွာပဲ ..။
အီဟန္ရဲ့ ေျပာင္းလဲမႈဟာ နီးစပ္ဖို႔ ေနေနသာသာ သူနဲ႔ ပိုေဝးရာကို အရိွန္ျပင္းျပင္း လြင့္ထြက္သြားသလို ခံစားရေစတယ္။
ဒီရက္ပိုင္းမွာ အီဟန္က အရင္လိုေတာင္ ဟန္မေဆာင္ႏိုင္ေတာ့ပဲ ဆရာ့ ေရ႔ွမွာတင္ မထီမဲ့ျမင္ပံုစံနဲ႔ စာသင္ခန္း အျပင္ဘက္ကို အၿမဲလိုလို ထိုင္ေငးတတ္ေနၿပီ။
တျခားလူတစ္ေယာက္လို ၿငိမ္သြားတဲ့ အီဟန္ကို ၾကည့္ရင္း ဘယ္လိုမွ အလိုမက်ႏိုင္တာလည္း ထယ္ဆန္းရဲ့ ကုမရတဲ့ စိတၲဇတစ္မ်ိဳးလို႔ ထင္တာပါပဲ။
ပိုဆိုးတဲ့ တစ္ခ်က္ကေတာ့ ဆရာ သတိထားမိသြားလို႔ အဆူခံရတိုင္းမွာ ..၊
သူ႔ရဲ့ တံု႔ျပန္ခ်က္က ဘယ္သူ ဘာေျပာေျပာ ေခါင္းတညိတ္ညိတ္နဲ႔ ဘယ္အျပစ္ကိုမဆို ၾကည္ၾကည္ျဖဴျဖဴ ခံယူႏိုင္ပါတယ္ဆိုတဲ့ အၿပံဳးမ်ိဳး ျဖစ္ေနတာပဲ။
စာအုပ္နဲ႔ ရိုက္ရင္လည္း သူက ၿပံဳၿပံဳးေလးနဲ႔ ၿငိမ္ခံတယ္။ လူၾကားထဲ အရွက္ရေစတဲ့ စကားမ်ိဳးသံုးၿပီး ဆရာက စိတ္ဒဏ္ရာေပးလည္း သူ႔ အမူအရာကေတာ့ ထိုနည္းလည္းေကာင္းပဲ။
အဲဒါက အဆိုးဆံုးပဲ။
အီဟန္ရဲ့ အဲဒီလိုပံုစံကို ျမင္ေနရတာက ဆိုးပါတယ္။
ေနြပူပူမွာ ထယ္ဆန္း ခင္းအိပ္ထားတဲ့ အိပ္ရာခင္းက ေက်ာေအာက္ လိပ္တက္ၿပီး ခိုးလို႔ခုလုျဖစ္ေနေပမယ့္ ဘယ္ေလာက္ဆြဲဆြဲ ျပန္မက်လာသလိုပဲ။
စိတ္တိုရတယ္။
ဘာမွလည္း မလုပ္ေပးတတ္လို႔ ထပ္ဆင့္ ပိုစိတ္တိုရတယ္။
ခုတင္ေပၚ ခင္းထားသမ်ွ အကုန္လံုးကို ဆြဲခြာပစ္လိုက္ခ်င္တယ္။ ေစာင္ေတြကိုလည္း ခုတင္ေအာက္ က်တဲ့အထိ ကန္ခ်ပစ္မယ္။
ျမင္သာထင္သာမရိွတဲ့ ကုတ္ျခစ္ရာ အေသးစားေလးေတြကို ရက္ပိုင္းေလာက္အထိ အီဟန္ ခံစားေနရမယ္ဆိုတာ သိေပမယ့္လည္း ..၊
ေအာ္ဟစ္ေပါက္ကြဲလိုက္ရမယ့္အစား ေန့တိုင္းနီးပါး မ်က္ႏွာေသျဖစ္ေနတာကိုေတာ့ ထယ္ဆန္းက နည္းနည္းမွ ..၊
ဘဝင္မက်ႏိုင္ဘူး။ မက်ခ်င္ဘူး။
အီဟန္က ေရအေသႀကီးလိုပဲ။
အကယ္၍ အီဟန္သာ ေရေသကန္တစ္ခုဆိုရင္ ထယ္ဆန္းက အဲဒီ ေရေသထဲကို အဝိုင္းသဏၭာန္ ခေလာက္ဆန္သြားေအာင္ ပစ္ဝင္သြားမယ့္ ခဲလံုးတစ္လံုး ျဖစ္ခ်င္တယ္။
ခဏဆိုလည္း ခဏပဲေပါ့။
အနည္းဆံုးေတာ့ အဲဒီေရကန္ကေလး ျပန္ၿပီး လႈပ္လႈပ္ရွားရွားျဖစ္သြားဖို႔ပဲ လိုပါတယ္။
အဲဒီလိုမ်ိဳး ေတြးမိၿပီးခ်င္းမွာ ထယ္ဆန္းက ကိုယ္ကို ယိမ္းယိုင္လို႔ အီဟန္ရဲ့ ပုခံုးတစ္ဖက္ကို ပုခံုးခ်င္း ဝင္တိုက္လိုက္ေတာ့တာပဲ။
မနာပါဘူး။ ဖြဖြေလးပါ။
ထိမိတယ္ဆိုရံုေလး။
သူက အဲဒီလိုႀကီး ဘာမေျပာ ညာမေျပာပဲ ရုပ္တည္နဲ႔ ဝင္တိုက္လိုက္ေတာ့ ၊
ၾကယ္အစုအေဝးေတြလို လင္းလင္းလက္လက္ မူပိုင္မ်က္လံုးဝိုင္းေတြနဲ႔ လွည့္ၾကည့္လာတဲ့ အီဟန္က ဘာေျပာမလို႔လဲဆိုတဲ့ အထာနဲ႔ ေမးဆတ္ျပတယ္။
" ငါတို႔ အတန္းလစ္မလား "
ေလသံေလာက္သာ ထြက္လာတဲ့ ထယ္ဆန္းရဲ့ အသံတိုးတိုးေၾကာင့္ အီဟန္က သူတို႔ကို ေက်ာေပးထားတဲ့ ဆရာ့ဘက္ကို အကဲခတ္သလို တစ္ခ်က္ လွမ္းၾကည့္တယ္။
သဘာဝသိပၸံတြဲရဲ့ အေျခခံသေဘာတရားေတြကို ေက်ာက္သင္ပုန္းေပၚမွာ စာေၾကာင္းေပါင္းမ်ားစြာနဲ႔ ရွင္းျပေနတဲ့ ဆရာက သူတို႔ကို ျမင္မယ့္ပံုမရေပမယ့္ ၊
အီဟန္ကေတာ့ သူ႔ လြယ္အိတ္ထဲက တစ္အုပ္တည္းေသာ ဗလာစာအုပ္ကေလးထုတ္လို႔ ၊ စာရြက္တစ္ရြက္ၿဖဲကာ စာနဲ႔ပဲ ေရးေပးၿပီး ထယ္ဆန္းဘက္ကို တိုးေပးလာတယ္။
[ ရလို႔လား ? ]
အီဟန္က ဒီလိုလုပ္လာမွေတာ့ ထယ္ဆန္းကလည္း ေအာက္စြန္းနားမွာ စုတ္ၿပဲေနၿပီး တစ္ရြက္ေတာင္ ေသခ်ာမျပည့္ခ်င္တဲ့ စာရြက္ေပၚမွာပဲ သူေျပာခ်င္တာကို အီဟန္႔နည္းတူ ခ်ေရးေပးလိုက္ရေတာ့တာေပါ့။
[ မသိဘူး ၊ လုပ္ၾကည့္မလို႔။ ]
ေရးၿပီးေတာ့ အီဟန္႔ဆီ တြန္းေပးဖို႔ ျပင္လိုက္ေပမယ့္ စာေနာက္တစ္ေၾကာင္းကို ထပ္တိုးျဖည့္ခ်င္လာတာမို႔လို႔ အီဟန္ မဖတ္ရေသးခင္ စာရြက္ကို ျပန္ဆြဲယူလိုက္တယ္။
[ မင္းကေရာ သြားခ်င္ရဲ့လား ? ]
ထယ္ဆန္း ေရးေနတဲ့အခ်ိန္မွာတင္ စာကို ႀကိဳၿပီး လွမ္းဖတ္လိုက္တဲ့ အီဟန္႔ရဲ့ မ်က္ႏွာက သူ ဘာလုပ္ရမလဲဆိုတာကို စဥ္းစားေနပံုပဲ။
သူ မလုပ္ခ်င္ရင္လည္း ထယ္ဆန္းက အတင္းဆြဲေခၚဖို႔ စိတ္ကူးမရိွပါဘူး။
စိတ္ထဲ ေပၚလာလို႔ ဒီအတိုင္း ေမးၾကည့္လိုက္တာဆိုေပမယ့္ ကမ္းလွမ္းခ်က္ကို ပယ္ခ်ခံရင္ေတာ့ အနည္းအငယ္ အီလည္လည္ျဖစ္သြားရမွာေပါ့ေလ။
အီဟန္ မပါရင္ ထယ္ဆန္းက ဘယ္ေက်ာင္းမွလည္း လစ္ခ်င္မေနဘူး။
စာသင္ခန္းထဲ အီဟန္ မေနခ်င္တာကို သိလို႔။
အဲဒါေၾကာင့္မို႔လို႔။
ၪီးတည္ရာတိုင္းက ..၊ အီဟန္ျဖစ္ေနလို႔။
စားပြဲေပၚ လက္ဆစ္နဲ႔ သာသာကေလး ေခါက္တီးလိုက္သံကို ၾကားမိေတာ့ ျပန္စာပါတဲ့ စာရြက္က ထယ္ဆန္းေရ႔ွကို ျပန္ေရာက္ေနၿပီ။
[ သြားမယ္ ]
အသံတိတ္ဆက္သြယ္မႈအတြက္ ဓါးစာခံျဖစ္ေနရရွာတဲ့ စာရြက္ေလးက လူႏွစ္ေယာက္ ၾကားထဲမွာ ဟိုလူ႔ဆီ ေရာက္သြားလိုက္ ၊ ဒီလူ႔ဆီ ေရာက္လာလိုက္နဲ႔ပဲ။
ေဘးခ်င္းကပ္ရပ္ထိုင္ေနရင္းကေနမွ ေရးစာကို ေရးစာနဲ႔ အလုပ္ရႈပ္ခံၿပီး ဟိုတြန္း ၊ ဒီတြန္း ပို႔ေပးေနရေပမယ့္လို႔ ထယ္ဆန္းက ဒီအေျခအေနကို ေသးေသးေလးေတာင္ စိတ္မညစ္မိဘူး။
တစ္ဖက္လူက ကင္မ္ဒံုဟြၽန္းျဖစ္ေနတဲ့အခါ ဒါ အမွန္ပဲ။
ေပ်ာ္တယ္လို႔ေျပာရင္ ပိုသြားမွာကို သိတယ္။
မေပ်ာ္ပါဘူးဆိုရင္လည္း လိုေနၪီးမယ္။
တစ္ေယာက္ေယာက္ရဲ့ အမည္နာမဟာ ခ်စ္မိသြားသမ်ွ အရာရာဆိုေတာ့လည္း ထယ္ဆန္း ထပ္တြန္႔တက္ႏိုင္တာက ဘာရိွၪီးမွာလဲ
°°°°