4. Bow To Eros (အချစ်နတ်ဘုရား...

By DoeymyDoe

40K 4K 628

Twin story More

Intro (uni)
Intro (Z)
P 1 (U+Z)
P 2 (U +Z)
P 3 (U+ Z)
P 4 (U+Z)
P 5 (U+Z)
Part 6 (Uni+Z)
P 7 ( U+Z)
P 8 (U+Z)
P 9 (U+Z)
P 10 (U+Z)
P 11 (U+Z)
P 12 (U+Z)
P 13 (U+Z)
P 14 (U+Z)
P 15 ( U+Z)
Part 16
Part 17
Part 18
Part 20
Part 21

Part 19

584 49 7
By DoeymyDoe

ဦးနေမောင် အိမ်သို့ ပြန်ရောက်လာသောအခါတွင် အသက်ဝိညာဉ်ပျောက်ဆုံးနေသလို ပိန်လီခြောက်ကပ်နေသည့် ဇနီးဖြစ်သူကို မြင်ခဲ့ရလေသည်။ ဇနီးဖြစ်သူမှာ တစ်ချိန်လုံး ငိုယိုနေခဲ့ပြီး မည်သည့်စကားကိုမှ ပြောဆိုခြင်းလည်း မရှိဘဲ အိပ်ခန်းထဲကပင် အပြင်ကို မထွက်တော့ပေ။

ဇနီးကို အသက်တမျှ ချစ်ရသည့် ဦးနေမောင်မှာမူ အပူကြီးစွာဖြင့် စိတ်သောက ရောက်ရလေတော့သည်။ အိမ်တွင် ထားသော အစောင့်များကို မေးကြည့်သည့်အခါ သူမရှိခင် အိမ်သို့ လာရောက်သူမှာ ခေါင်းဆောင် ဦးနေမင်း တစ်ဦးတည်းသာ ရှိကြောင်း ကြားခဲ့ရလေသည်။

ထို့ကြောင့် မိမိဇနီး မည်ကဲ့သို့ ဖြစ်ခဲ့သည်ကို သိလို၍ ခေါင်းဆောင်ကို မေးခဲ့သော်လည်း မိမိကိုယ်စား မိသားစုကို နေကောင်းကျန်းမာကြောင်း စောင့်ရှောက်လို၍သာ အိမ်ကို အလည်သွားခဲ့ခြင်းဖြစ်ပြီး ဇနီးဖြစ်သူ ဘာကြောင့် ရုတ်တရက် ရူးသွပ်သွားရသည်ကို သူမသိကြောင်း ပြောလာလေသည်။ ထို့အပြင် ထိုကိစ္စအတွက် သူကိုယ်တိုင် အဖြေရှာပေးပြီး ဖြေရှင်းပေးပါမည်ဟု ဆိုခဲ့လေသည်။

နောက်တစ်ရက်တွင်တော့ ဇနီးဖြစ်သူသည် ညသန်းခေါင်လောက်တွင် မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့ ကြိုးစားခဲ့လေသည်။ ထို့ကြောင့် သူ့မှာ မနည်းတားခဲ့ရပြီး နောက်ဆုံးတွင်တော့ ဇနီးဖြစ်သူက ဇာတ်ကြောင်းတစ်ခုကို ပြန်လည်ပြောပြလိုစိတ်ရှိခဲ့ပေသည်။

ဦးနေမင်း လာတွေ့သည့်နေ့က လက်ရှိတွင် ဂိုဏ်းမှာ အန္တရာယ်ရှိနေတာကြောင့် ဂိုဏ်းအတွင်း လာနေပါရန် ဆိုလာလေသည်။ သို့သော် ဇနီးဖြစ်သူမှာ ငြင်းလိုက်ပြီး သားဖြစ်သူ ကျောင်းက ပြန်အလာတွင် မိမိအား မတွေ့မှာကို စိုးရိမ်ပါသဖြင့် သားဖြစ်သူ ပြန်လာမှသာ လိုက်ခဲ့မည့်အကြောင်း ဆိုလေသည်။

ထိုအခါ ဦးနေမင်းက နေသူရိန်ပြန်အလာကို သူလည်း ကူစောင့်ပေးမည့်အကြောင်းပြော၍ အိမ်တွင် နေထိုင်ခဲ့လေသည်။ ထိုနေ့က နေသူရိန်မှာ မထင်မှတ်ဘဲ စကော်လာရှစ်လျှောက်ရန် အဆင်သင့်မဖြစ်သေးသောကြောင့် ဆရာဖြစ်သူ အိမ်မှာပင် အိပ်လိုက်ရပေသည်။

"အဲ့နေ့က ကျွန်မ ခေါင်းဆောင်ကို သိပ်ကျေးဇူးတင်ခဲ့တာ၊ မိန်းမသားတစ်ယောက်ထဲ ရှိနေလို့ ကူစောင့်ပေးခဲ့တာကြောင့် အားကိုးခဲ့မိတာ၊ ညရောက်တော့ ကျွန်မအိပ်နေတုန်း သူအခန်းထဲဝင်လာတယ်၊ ကျွန်မ...ကျွန်မကို သူမတော်မတရားကျင့်ဖို့ အိမ်ထဲ ဝင်ခွင့်ပေးလိုက်မိသလို ဖြစ်သွားတယ် အစ်ကိုရယ်"

ထိုအချိန်ခဏမှာ အနှစ်နှစ်အလလ တည်ဆောက်ထားခဲ့ရသည့် ဦးနေမောင်၏ ဘဝဟာ ပြိုလဲကျသွားခဲ့သည်။ မိမိအယုံကြည်ရဆုံးလူက မိမိ၏ ဇနီးသည်ကို မိမိအဝေးရောက်နေစဉ်မှာ စော်ကားဖျက်စီးသွားခဲ့သည်။ ဇနီးဖြစ်သူသည် ဦးနေမောင်က ထိုအကြောင်းကို သိလျှင် လက်စားချေလိုက်ပါက ခေါင်းဆောင်၏ အင်အားကြောင့် ခင်ပွန်းဖြစ်သူ အသက်အန္တရာယ်ရှိမှာကို စိုးရိမ်တာကြောင့် တစ်ယောက်ထဲ ခါးစည်းခံရင်း စိတ်ထွေပြားသွားကာ အရူးတစ်ပိုင်းဖြစ်လာရလေတော့သည်။

"ကျွန်မကို သေခွင့်ပေးပါ အစ်ကိုရယ်၊ ကျွန်မ အရမ်းလည်း ရှက်တယ်၊ ပြီးတော့ ကျွန်မ အစ်ကို့ကိုလည်း မျက်နှာမပြရဲဘူး၊ သေခွင့်ပေးပါနော်"

"ကိုယ် ဘယ်လိုများ ခွင့်ပြုနိုင်ပါ့မလဲ မိန်းမရယ်၊ ကိုယ်အပြစ်တင်မှာလည်း မဟုတ်သလို၊ မင်းအပေါ်မှာလည်း ကိုယ်မငြိုငြင်ပါဘူး"

"ကျွန်မကတော့ ကိုယ့်ကိုယ်ကို ငြိုငြင်ပါတယ် အစ်ကို"

ဦးနေမောင်မှာ ထိုနေ့က မိမိကိုယ်ကို အပြစ်တင်လို့ မဆုံးပေ။ ထို့အပြင် သူ၏ နောက်ထပ်အမှားကတော့ မစ်ရှင်က ပြန်လာပြီးကတည်းက သေနတ်ကို စားပွဲပေါ်တွင် တင်ထားပြီး သိမ်းဖို့ မေ့လျော့ခဲ့တာပင်။ သေနတ်ကို လုလာသည့် မိန်းမဖြစ်သူကို တားနေရင်းနဲ့ပဲ လက်ချော်ကာ စနက်တံကို ဖိချလိုက်မိပြီး ထိုနေရာမှာတင် ဇနီးသည်ကို ဆုံးရှုံးခဲ့ရလေသည်။

ထို့ကြောင့် သူသည် လူရိုင်းတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရလေသည်။ ဂိုဏ်းခေါင်းဆောင်ကိုလည်း ခွင့်မလွှတ်နိုင်သလို မိမိဇနီးအပေါ် ကာကွယ်မပေးနိုင်ခဲ့သည့် သူ၏ ညီအစ်ကိုကောင်းများကိုလည်း မုန်းတီးမိလေသည်။ 

ထို့ကြောင့် ပုန်ကန်မည့်အကြောင်းကို လင်းသူကို ပြောပြသည့်အခါ လင်းသူက သဘောမတူခဲ့သလို တားမြစ်ခဲ့ပေသည်။ သူ့ဆုံးဖြတ်ချက်ဟာ ပြတ်သားမှန်းသိသွားသည့်အခါ လင်းသူသည် နစ်နာသူကို ထပ်မံ မနှိပ်စက်လိုတာကြောင့် ဦးနေမောင် ရှုံးနိမ့်သည်ဖြစ်စေ အနိုင်ရသွားသည်ဖြစ်စေ သူဝင်ပါမည်မဟုတ်ကြောင်း ပြောလေသည်။ သို့သော် သူက ဂိုဏ်းခေါင်းဆောင်ကိုလည်း ကူညီပေးမည်မဟုတ်ကြောင်း ကတိပေးခဲ့လေသည်။

လင်းသူ၏ တစ်ခုတည်းသောအမှားက မျက်ကွယ်ပြုလိုက်မိခြင်းပါပဲ။ ထိုနေ့က ယခုလို ပြောင်းပြန်လှန်သွားမည့်အကြောင်း သိခဲ့ပါက သူဦးနေမောင်ကို တားခဲ့မှာပင်။

ဦးနေမောင်သည် ဂိုဏ်းတွင် သစ္စာအရှိဆုံးလူတစ်ယောက်ဖြစ်ပြီး အောက်လက်ငယ်သားများကို ကူညီဖေးမတတ်သူ ဖြစ်တာကြောင့် သူသည် လက်အောက်ငယ်သား အများဆုံး ခေါင်းဆောင်လည်း ဖြစ်ပေသည်။

ဂိုဏ်းတစ်ဂိုဏ်းလုံး မီးတင်ရှို့ခံခဲ့ရသည့်နေ့က လင်းသူသည် မိမိ၏ မိသားစုကို ခေါ်ကာ ဂိုဏ်းပြင်ကို ထွက်သွားခဲ့ပြီး ဂိုဏ်း၏ ကိုယ်ပျောက်ခေါင်းဆောင် ဦးမင်းရောင်သည်လည်း ရှိမနေပေ။ ဦးနေရောင်သည်လည်း မစ်ရှင်ဖြင့် တာဝန်ထမ်းဆောင်နေသည့် အချိန်ဖြစ်တာကြောင့် ထိုအချိန်ကို ရွေး၍ ဦးနေမောင်က ဂိုဏ်းတံခါးကို ပိတ်ချခဲ့လေသည်။ မူလက သူသေကိုယ်သေ ချဖို့ စိတ်ကူးခဲ့တာပင်။

အပြင်ဘက်မှာ တိုက်ခိုက်နေကြချိန်တစ်လျှောက် ဂိုဏ်းခေါင်းဆောင်သည် ထွက်မလာခဲ့ပေ။ အရက်မူးပြီး အိပ်ပျော်နေလောက်သည်ဟု သူတွေးထားခဲ့ပြီး ဒေါသဖြင့် သူရောက်သွားချိန်တွင် ဂိုဏ်ခေါင်းဆောင်နှင့်အတူ မရီးဖြစ်သူကိုပါ တွေ့ခဲ့ရလေသည်။ စားပွဲပေါ်တွင် သေနတ်တစ်လက် ရှိနေပြီး သူ့ကို ဘာမှ မဆိုလာဘဲ သူ့ရှေ့တွင် နှစ်ဦးသား ဒူးထောက်ချခဲ့လေသည်။

"ငါ့အမှားပါ နေမောင်၊ အားလုံး ငါမှားခဲ့တာပါ၊ ငါ မင်းအပေါ် အပြစ်ပြုမိပြီ၊ လက်အောက်ငယ်သား မကောင်းတဲ့အခါ ဆုံးမဖို့ ပျက်ကွက်ခဲ့တဲ့ ခေါင်းဆောင်ရဲ့ အမှားပါ၊ ငါမင်းဆီက ခွင့်လွှတ်မှုကို မတောင်းခံနိုင်မှန်း ငါသိပါတယ်၊ ငါမင်းရဲ့ ဇနီးကို ကာကွယ်ပေးခဲ့သင့်တာကို ငါက ပျက်ကွယ်သွားခဲ့ရတယ်၊ မင်းငါ့အသက်ကို လိုချင်ရင် ငါအသာတကြည်ပေးလိုက်မှာ နေမောင်၊ ဒါပေမယ့် ငါ့သားကိုတော့ အသက်ချမ်းသားပေးဖို့ တောင်းဆိုပါရစေ၊ အဲ့ဒီအတွက် ငါမင်းကို ကျေးဇူးတင်နေမှာဖြစ်ပြီး ငါမင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး"

"အပြစ်တင်မယ်၊ ကျုပ်ကို ခင်များက အပြစ်ပြန်တင်ချင်သေးတာလား ခေါင်းဆောင်၊ ခင်များ လုပ်ရက်လိုက်တာဗျာ... ကျုပ်ကို ရူးတော့မလို ခံစားရအောင် ခင်များ သိပ်ကို လုပ်ရက်တယ်"

"ငါ့မှာ တောင်းပန်ပါတယ်ဆိုတဲ့ စကားကလွဲရင် ပြောစရာမရှိတော့ဘူး နေမောင်၊ မင်းသတ်ချင်ရင် ငါ့ကို သတ်လိုက်တော့"

ခေါင်းဆောင်နဲ့ မရီးဖြစ်သူတို့က သူ့အတွက် အစ်ကိုလို မိဘလိုပင် ဖြစ်နေခဲ့တာကြောင့် သေနတ်မောင်းတံကို ကွေးဖို့ သူတွန့်ဆုတ်နေခဲ့လေသည်။ ထို့နောက်တွင်တော့ ဇနီးဖြစ်သူ၏ မျက်နှာကို မြင်ယောင်လာတာကြောင့် လည်ချောင်းကွဲမတတ် အော်ဟစ်ကာ တစ်ကိုယ်လုံးရှိ အားများကို သုံး၍ မောင်းတံကို ဆွဲလိုက်ခဲ့လေသည်။ ခေါင်းဆောင်သည် ထိုနေရာတွင်ပင် သွေးချင်းနီရဲ၍ လဲကျသွားခဲ့လေသည်။ မရီးဖြစ်သူ၏ ငိုသံမှာ သူ့ရင်ကို ကွဲစေလေသည်။ 

သွေးကြွေးကို သွေးကြွေးနဲ့ ဆပ်ခဲ့ပြီမို့ မရီးဖြစ်သူကို သူမသတ်လိုခဲ့။ အပြစ်မရှိသည့် စေသူရိန်ကိုဆို သူပို၍တောင် သတ်မည်မဟုတ်ပေ။ အိမ်ထဲက မထွက်ခင် စေသူရိန်၏ အခန်းထဲသို့ သူစေ့ထားသည့် တံခါးမှ ချောင်းကြည့်သည့်အခါ ဘာမှမသိရှာသေးတဲ့ ကောင်လေးမှာ အိပ်ဆေးအရှိန်ကြောင့် နောက်နေ့ မနက်ထိပင် နိုးမည့်ပုံမပေါ်ပေ။ ဒါကလည်း ခေါင်းဆောင်က သားဖြစ်သူကို မမြင်စေလို၍ ဆေးခတ်ခဲ့တာ ဖြစ်နိုင်ကြောင်း ဦးနေမောင် သဘောပေါက်ခဲ့လေသည်။

တစ်နေ့မှာ စေသူရိန်က သူ့ကို ပြန်သတ်လိမ့်မည်။ သူချခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကြောင့် စေသူရိန်က လက်စားချေလိုလျှင် သူလည်စင်းပေးရမည်ဖြစ်ပြီး နေသူရိန်က လက်စားချေလိုလျှင် စေသူရိန်ကလည်း ခေါင်းထိုးပေးရမည်သာ။

ဒီအကြွေးတွေဟာ သူတို့ဆီမှာတင် ပြီးဆုံးသွားမှာ မဟုတ်သလို နောက်မျိုးဆက်ထိ ပါလာမည်ကို စိုးရိမ်မိတာကလွဲလျှင် သူ့ဝိညာဉ်ဟာ စိတ်နဲ့ ကိုယ်နဲ့ မကပ်တော့သလို ခေါင်းငိုက်စိုက်ကာ ခြေတစ်ရွတ်တိုက်ဆွဲ၍ ဂိုဏ်းပြင်ပကို ထွက်လာခဲ့လေသည်။ သူ့အတွက်တော့ သားဖြစ်သူကို ခေါ်ကာ ခြေဖျောက်ဖို့က လွဲလျှင် အခြားမတွေးမိပါချေ။

သို့သော် သူထွက်လာပြီး နာရီပိုင်းမျှ ကြာချိန်တွင် ဂိုဏ်းတစ်ခုလုံး မီးခိုးများနှင့် ဖုံးလွှမ်းခံလိုက်ရပြီး အော်ဟစ်သံတွေဟာ အရှိန်ပြင်းစွာ ပူလောင်နေသည့် မီးများကြားတွင် ပျောက်ကွယ်သွားရလေသည်။ ထိုအခါမှသာ ဦးနေမောင် သိလိုက်ရသည်က ကိုအင်ဂိုဏ်းကို ဖျက်စီးချင်သူမှာ သူမဟုတ်တဲ့ အခြားတစ်ယောက် ဖြစ်နိုင်ကြောင်း သဘောပေါက်သွားရလေသည်။

ထို့ကြောင့် ခြေရဖျောက်မည့် မူလအစီအစဉ်ကို စွန့်လွှတ်ပြီး Eros ဂိုဏ်းကို တည်ထောင်ခဲ့လေသည်။ Eros Clubသည် သတင်းစုံရနိုင်သည့် တစ်ခုတည်းသော အရင်းမြစ်ဖြစ်အောင် သူကြိုးစားခဲ့သည်။ ကိုအင်ဂိုဏ်းကို နောက်ကွယ်က ဖျက်ဆီးလိုသူကို ယနေ့ထက်တိုင် တစ်ရက်မှ မနားဘဲ သတင်းတွေစုရင်း သူရှာဖွေနေခဲ့တာပင်။ ဒါဟာ သေဆုံးသွားခဲ့ရသည့် ဂိုဏ်းသားများအတွက် သူတာဝန်မကျေခဲ့သည်ကို ပေးဆပ်ဖို့ နောက်ဆုံး မြက်တစ်ပင် ဖြစ်နေခဲ့တာကြောင့်ပင် ဖြစ်လေသည်။

အနှစ်နှစ် အလလကြာသည့်အခါ သူ၏ နောက်ဆုံးလက်ကျန် သံယောဇဉ်ဖြစ်သော နေသူရိန်ကလည်း သူ့ကို အကြောင်းပြချက်မရှိ မုန်းနေပေသည်။ သူ့အပြစ်လို့သာ ခံယူပြီး အခုချိန်ထိ အသက်ရှင်လာရတာပင်။

ကိုအင်ဂိုဏ်း နောက်ဆုံး ပြိုကွဲသွားချိန်ထဲက အသက်ရှင်ကျန်ရစ်သူများကို သူစုဆောင်းသည့်အခါ ခေါင်းဆောင်ငယ်များ အချို့ကိုသာ ပြန်လည် ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုသူများမှာလည်း အချို့က မစ်ရှင်များကြောင့် အခင်းဖြစ်သည့်နေ့က အဝေးရောက်နေခဲ့သူများ သို့မဟုတ် ခွင့်ယူထားသူများနှင့် ဂိုဏ်းမှာ အကြောင်း အမျိုးမျိုးကြောင့် ရှိမနေသူမျာသာ ဖြစ်လေသည်။

ထိုသူတို့ကို ဦးနေမောင်က အထောက်အပံ့ပေးခဲ့ပြီး  Eros ဂိုဏ်းအောက်သို့ ဝင်စေခဲ့သည်။ သို့ပေမယ့် အများစုက ငွေနောက်လိုက်ကာ ပျက်စီးခဲ့ကြလေသည်။ သို့သော် သူ့အနေနဲ့ မတတ်နိုင်စွာ ဆက်လက်ထောက်ပံ့ခဲ့ရသည်။ သူ့တွင် ကိုအင်ဂိုဏ်နှင့် ပတ်သတ်သည့် အဆက်သွယ် မပြတ်စေလို၍ပင်။

နှစ်များစွာကြာသည့်အခါ ထိုဂိုဏ်းခေါင်းဆောင်ငယ်များ တစ်ဦးပြီး တစ်ဦး ကလပ်တွင် အသတ်ခံခဲ့ရသည်။ တစ်စုံတစ်ဦးက သူ့ကို စိန်ခေါ်နေပြီ ဖြစ်ကြောင်း သိသော်လည်း ထိုလူက စေသူရိန် ဖြစ်လိမ့်မည်ဟု မထင်မှတ်ခဲ့တာပင်။ စေသူရိန်က ကိုအင်ဂိုဏ်းကို ပြန်လည် တည်ထောင်ခဲ့သူ ဖြစ်ကြောင်း သိရသည့် အခါတွင် သူဝမ်းနည်းသလို ဝမ်းသာခဲ့ရသည်။

သူ့ရန်သူသည် သူ့ကိုသတ်မည့်သူ ဖြစ်သော်လည်း ကိုအင်ဂိုဏ်း၏ ဆက်ခံသူဖြစ်နေသောကြောင့် အသက်ရှင်နေသည်ကို ဝမ်းသာခဲ့ရသည်။ သို့ပေမယ့် သွေးကြွေးတိုက်ပွဲ ဖြစ်နေတာကြောင့် နေသူရိန်ကို ကာကွယ်ဖို့ သူကတော့ လည်ဆင်းပေးဖို့ စိတ်ကူးမရှိပေ။

ဟိုးယခင်ထဲက စေသူရိန်သည် တိုက်ခိုက်စွမ်းရည်ရော ပါရမီရော ထူးကဲတာကြောင့် အားလုံးက သူခေါင်းဆောင်ဖြစ်လာမည့် တစ်နေ့ကို စောင့်မျှော်နေခဲ့တာပင်။ ထိုကြင်နာတတ်ပြီး ထောက်ထားညှာတာတတ်သည့် လူငယ်လေးကို သားရိုင်းဖြစ်စေသည့် တရားခံမှာ မိမိဖြစ်နေလေသည်။ ထို့ကြောင့် နောက်ဆုံးအချိန်ထိ နေသူရိန်ကို ကာကွယ်ဖို့သာ သူရုန်းကန်ခဲ့တာဖြစ်လေသည်။

စေသူရိန်သည် ကြင်နာတတ်သောအခါ သူမတူအောင် နွေးထွေးသလို ရက်စက်သည့်အခါတွင်လည်း သူမတူအောင် ကောက်ကျစ်လေသည်။ မူလက နေသူရိန်တစ်ဦးထဲကိုသာ ကာကွယ်ရန် ကျန်ရှိနေသည့် မိမိရှေ့မှောက်သို့ ညီအစ်ကိုဟောင်း လင်းသူ၏ ကလေးများကို ခေါ်ဆောင်လာခဲ့ပေသည်။

လင်းသူ၏ သေဆုံးမှုမှာ တရားခံမပေါ်ခဲ့။ သူအမြဲလိုလို စုံစမ်းနေပေမယ့် အဖြေက ထွက်မလာခဲ့ပေ။ နောက်ဆုံးတွင် အဂ္ဂလင်း၏ ပေါ်ထွက်လာမှုနှင့်အတူ နောက်ကနေ တိတ်တဆိတ် စုံစမ်းခဲ့ခြင်းကြောင့်သာ စေသူရိန် အသက်ရှင်နေကြောင်း သူသိခဲ့ရသည်။ ထိုအခါတွင်တော့ လင်းသူသေဆုံးရသည့် အကြောင်းကို သူနားလည် သွားခဲ့ပြီဖြစ်သည်။ စေသူရိန်က လင်းသူကို သတ်ပြီး သားနှစ်ဦးကို လက်နက်ကဲ့သို့ မွေးမြူခဲ့လေသည်။ ထိုရက်စက်မှုက တမြည့်မြည့်လောင်ကျွမ်းစေမည့် လက်စားချေမှုပင် ဖြစ်လေတော့သည်။

Zawgyi

ဦးေနေမာင္ အိမ္သို႔ ျပန္ေရာက္လာေသာအခါတြင္ အသက္ဝိညာဥ္ေပ်ာက္ဆုံးေနသလို ပိန္လီေျခာက္ကပ္ေနသည့္ ဇနီးျဖစ္သူကို ျမင္ခဲ့ရေလသည္။ ဇနီးျဖစ္သူမွာ တစ္ခ်ိန္လုံး ငိုယိုေနခဲ့ၿပီး မည္သည့္စကားကိုမွ ေျပာဆိုျခင္းလည္း မရွိဘဲ အိပ္ခန္းထဲကပင္ အျပင္ကို မထြက္ေတာ့ေပ။

ဇနီးကို အသက္တမွ် ခ်စ္ရသည့္ ဦးေနေမာင္မွာမူ အပူႀကီးစြာျဖင့္ စိတ္ေသာက ေရာက္ရေလေတာ့သည္။ အိမ္တြင္ ထားေသာ အေစာင့္မ်ားကို ေမးၾကည့္သည့္အခါ သူမရွိခင္ အိမ္သို႔ လာေရာက္သူမွာ ေခါင္းေဆာင္ ဦးေနမင္း တစ္ဦးတည္းသာ ရွိေၾကာင္း ၾကားခဲ့ရေလသည္။

ထို႔ေၾကာင့္ မိမိဇနီး မည္ကဲ့သို႔ ျဖစ္ခဲ့သည္ကို သိလို၍ ေခါင္းေဆာင္ကို ေမးခဲ့ေသာ္လည္း မိမိကိုယ္စား မိသားစုကို ေနေကာင္းက်န္းမာေၾကာင္း ေစာင့္ေရွာက္လို၍သာ အိမ္ကို အလည္သြားခဲ့ျခင္းျဖစ္ၿပီး ဇနီးျဖစ္သူ ဘာေၾကာင့္ ႐ုတ္တရက္ ႐ူးသြပ္သြားရသည္ကို သူမသိေၾကာင္း ေျပာလာေလသည္။ ထို႔အျပင္ ထိုကိစၥအတြက္ သူကိုယ္တိုင္ အေျဖရွာေပးၿပီး ေျဖရွင္းေပးပါမည္ဟု ဆိုခဲ့ေလသည္။

ေနာက္တစ္ရက္တြင္ေတာ့ ဇနီးျဖစ္သူသည္ ညသန္းေခါင္ေလာက္တြင္ မိမိကိုယ္ကို ေသေၾကာင္းႀကံစည္ဖို႔ ႀကိဳးစားခဲ့ေလသည္။ ထို႔ေၾကာင့္ သူ႔မွာ မနည္းတားခဲ့ရၿပီး ေနာက္ဆုံးတြင္ေတာ့ ဇနီးျဖစ္သူက ဇာတ္ေၾကာင္းတစ္ခုကို ျပန္လည္ေျပာျပလိုစိတ္ရွိခဲ့ေပသည္။

ဦးေနမင္း လာေတြ႕သည့္ေန႔က လက္ရွိတြင္ ဂိုဏ္းမွာ အႏၲရာယ္ရွိေနတာေၾကာင့္ ဂိုဏ္းအတြင္း လာေနပါရန္ ဆိုလာေလသည္။ သို႔ေသာ္ ဇနီးျဖစ္သူမွာ ျငင္းလိုက္ၿပီး သားျဖစ္သူ ေက်ာင္းက ျပန္အလာတြင္ မိမိအား မေတြ႕မွာကို စိုးရိမ္ပါသျဖင့္ သားျဖစ္သူ ျပန္လာမွသာ လိုက္ခဲ့မည့္အေၾကာင္း ဆိုေလသည္။

ထိုအခါ ဦးေနမင္းက ေနသူရိန္ျပန္အလာကို သူလည္း ကူေစာင့္ေပးမည့္အေၾကာင္းေျပာ၍ အိမ္တြင္ ေနထိုင္ခဲ့ေလသည္။ ထိုေန႔က ေနသူရိန္မွာ မထင္မွတ္ဘဲ စေကာ္လာရွစ္ေလွ်ာက္ရန္ အဆင္သင့္မျဖစ္ေသးေသာေၾကာင့္ ဆရာျဖစ္သူ အိမ္မွာပင္ အိပ္လိုက္ရေပသည္။

"အဲ့ေန႔က ကြၽန္မ ေခါင္းေဆာင္ကို သိပ္ေက်းဇူးတင္ခဲ့တာ၊ မိန္းမသားတစ္ေယာက္ထဲ ရွိေနလို႔ ကူေစာင့္ေပးခဲ့တာေၾကာင့္ အားကိုးခဲ့မိတာ၊ ညေရာက္ေတာ့ ကြၽန္မအိပ္ေနတုန္း သူအခန္းထဲဝင္လာတယ္၊ ကြၽန္မ...ကြၽန္မကို သူမေတာ္မတရားက်င့္ဖို႔ အိမ္ထဲ ဝင္ခြင့္ေပးလိုက္မိသလို ျဖစ္သြားတယ္ အစ္ကိုရယ္"

ထိုအခ်ိန္ခဏမွာ အႏွစ္ႏွစ္အလလ တည္ေဆာက္ထားခဲ့ရသည့္ ဦးေနေမာင္၏ ဘဝဟာ ၿပိဳလဲက်သြားခဲ့သည္။ မိမိအယုံၾကည္ရဆုံးလူက မိမိ၏ ဇနီးသည္ကို မိမိအေဝးေရာက္ေနစဥ္မွာ ေစာ္ကားဖ်က္စီးသြားခဲ့သည္။ ဇနီးျဖစ္သူသည္ ဦးေနေမာင္က ထိုအေၾကာင္းကို သိလွ်င္ လက္စားေခ်လိုက္ပါက ေခါင္းေဆာင္၏ အင္အားေၾကာင့္ ခင္ပြန္းျဖစ္သူ အသက္အႏၲရာယ္ရွိမွာကို စိုးရိမ္တာေၾကာင့္ တစ္ေယာက္ထဲ ခါးစည္းခံရင္း စိတ္ေထြျပားသြားကာ အ႐ူးတစ္ပိုင္းျဖစ္လာရေလေတာ့သည္။

"ကြၽန္မကို ေသခြင့္ေပးပါ အစ္ကိုရယ္၊ ကြၽန္မ အရမ္းလည္း ရွက္တယ္၊ ၿပီးေတာ့ ကြၽန္မ အစ္ကို႔ကိုလည္း မ်က္ႏွာမျပရဲဘူး၊ ေသခြင့္ေပးပါေနာ္"

"ကိုယ္ ဘယ္လိုမ်ား ခြင့္ျပဳႏိုင္ပါ့မလဲ မိန္းမရယ္၊ ကိုယ္အျပစ္တင္မွာလည္း မဟုတ္သလို၊ မင္းအေပၚမွာလည္း ကိုယ္မၿငိဳျငင္ပါဘူး"

"ကြၽန္မကေတာ့ ကိုယ့္ကိုယ္ကို ၿငိဳျငင္ပါတယ္ အစ္ကို"

ဦးေနေမာင္မွာ ထိုေန႔က မိမိကိုယ္ကို အျပစ္တင္လို႔ မဆုံးေပ။ ထို႔အျပင္ သူ၏ ေနာက္ထပ္အမွားကေတာ့ မစ္ရွင္က ျပန္လာၿပီးကတည္းက ေသနတ္ကို စားပြဲေပၚတြင္ တင္ထားၿပီး သိမ္းဖို႔ ေမ့ေလ်ာ့ခဲ့တာပင္။ ေသနတ္ကို လုလာသည့္ မိန္းမျဖစ္သူကို တားေနရင္းနဲ႔ပဲ လက္ေခ်ာ္ကာ စနက္တံကို ဖိခ်လိုက္မိၿပီး ထိုေနရာမွာတင္ ဇနီးသည္ကို ဆုံးရႈံးခဲ့ရေလသည္။

ထို႔ေၾကာင့္ သူသည္ လူ႐ိုင္းတစ္ေကာင္အျဖစ္သို႔ ေျပာင္းလဲသြားခဲ့ရေလသည္။ ဂိုဏ္းေခါင္းေဆာင္ကိုလည္း ခြင့္မလႊတ္ႏိုင္သလို မိမိဇနီးအေပၚ ကာကြယ္မေပးႏိုင္ခဲ့သည့္ သူ၏ ညီအစ္ကိုေကာင္းမ်ားကိုလည္း မုန္းတီးမိေလသည္။ 

ထို႔ေၾကာင့္ ပုန္ကန္မည့္အေၾကာင္းကို လင္းသူကို ေျပာျပသည့္အခါ လင္းသူက သေဘာမတူခဲ့သလို တားျမစ္ခဲ့ေပသည္။ သူ႔ဆုံးျဖတ္ခ်က္ဟာ ျပတ္သားမွန္းသိသြားသည့္အခါ လင္းသူသည္ နစ္နာသူကို ထပ္မံ မႏွိပ္စက္လိုတာေၾကာင့္ ဦးေနေမာင္ ရႈံးနိမ့္သည္ျဖစ္ေစ အႏိုင္ရသြားသည္ျဖစ္ေစ သူဝင္ပါမည္မဟုတ္ေၾကာင္း ေျပာေလသည္။ သို႔ေသာ္ သူက ဂိုဏ္းေခါင္းေဆာင္ကိုလည္း ကူညီေပးမည္မဟုတ္ေၾကာင္း ကတိေပးခဲ့ေလသည္။

လင္းသူ၏ တစ္ခုတည္းေသာအမွားက မ်က္ကြယ္ျပဳလိုက္မိျခင္းပါပဲ။ ထိုေန႔က ယခုလို ေျပာင္းျပန္လွန္သြားမည့္အေၾကာင္း သိခဲ့ပါက သူဦးေနေမာင္ကို တားခဲ့မွာပင္။

ဦးေနေမာင္သည္ ဂိုဏ္းတြင္ သစၥာအရွိဆုံးလူတစ္ေယာက္ျဖစ္ၿပီး ေအာက္လက္ငယ္သားမ်ားကို ကူညီေဖးမတတ္သူ ျဖစ္တာေၾကာင့္ သူသည္ လက္ေအာက္ငယ္သား အမ်ားဆုံး ေခါင္းေဆာင္လည္း ျဖစ္ေပသည္။

ဂိုဏ္းတစ္ဂိုဏ္းလုံး မီးတင္ရႈိ႕ခံခဲ့ရသည့္ေန႔က လင္းသူသည္ မိမိ၏ မိသားစုကို ေခၚကာ ဂိုဏ္းျပင္ကို ထြက္သြားခဲ့ၿပီး ဂိုဏ္း၏ ကိုယ္ေပ်ာက္ေခါင္းေဆာင္ ဦးမင္းေရာင္သည္လည္း ရွိမေနေပ။ ဦးေနေရာင္သည္လည္း မစ္ရွင္ျဖင့္ တာဝန္ထမ္းေဆာင္ေနသည့္ အခ်ိန္ျဖစ္တာေၾကာင့္ ထိုအခ်ိန္ကို ေ႐ြး၍ ဦးေနေမာင္က ဂိုဏ္းတံခါးကို ပိတ္ခ်ခဲ့ေလသည္။ မူလက သူေသကိုယ္ေသ ခ်ဖို႔ စိတ္ကူးခဲ့တာပင္။

အျပင္ဘက္မွာ တိုက္ခိုက္ေနၾကခ်ိန္တစ္ေလွ်ာက္ ဂိုဏ္းေခါင္းေဆာင္သည္ ထြက္မလာခဲ့ေပ။ အရက္မူးၿပီး အိပ္ေပ်ာ္ေနေလာက္သည္ဟု သူေတြးထားခဲ့ၿပီး ေဒါသျဖင့္ သူေရာက္သြားခ်ိန္တြင္ ဂိုဏ္ေခါင္းေဆာင္ႏွင့္အတူ မရီးျဖစ္သူကိုပါ ေတြ႕ခဲ့ရေလသည္။ စားပြဲေပၚတြင္ ေသနတ္တစ္လက္ ရွိေနၿပီး သူ႔ကို ဘာမွ မဆိုလာဘဲ သူ႔ေရွ႕တြင္ ႏွစ္ဦးသား ဒူးေထာက္ခ်ခဲ့ေလသည္။

"ငါ့အမွားပါ ေနေမာင္၊ အားလုံး ငါမွားခဲ့တာပါ၊ ငါ မင္းအေပၚ အျပစ္ျပဳမိၿပီ၊ လက္ေအာက္ငယ္သား မေကာင္းတဲ့အခါ ဆုံးမဖို႔ ပ်က္ကြက္ခဲ့တဲ့ ေခါင္းေဆာင္ရဲ႕ အမွားပါ၊ ငါမင္းဆီက ခြင့္လႊတ္မႈကို မေတာင္းခံႏိုင္မွန္း ငါသိပါတယ္၊ ငါမင္းရဲ႕ ဇနီးကို ကာကြယ္ေပးခဲ့သင့္တာကို ငါက ပ်က္ကြယ္သြားခဲ့ရတယ္၊ မင္းငါ့အသက္ကို လိုခ်င္ရင္ ငါအသာတၾကည္ေပးလိုက္မွာ ေနေမာင္၊ ဒါေပမယ့္ ငါ့သားကိုေတာ့ အသက္ခ်မ္းသားေပးဖို႔ ေတာင္းဆိုပါရေစ၊ အဲ့ဒီအတြက္ ငါမင္းကို ေက်းဇူးတင္ေနမွာျဖစ္ၿပီး ငါမင္းကို အျပစ္တင္မွာ မဟုတ္ပါဘူး"

"အျပစ္တင္မယ္၊ က်ဳပ္ကို ခင္မ်ားက အျပစ္ျပန္တင္ခ်င္ေသးတာလား ေခါင္းေဆာင္၊ ခင္မ်ား လုပ္ရက္လိုက္တာဗ်ာ... က်ဳပ္ကို ႐ူးေတာ့မလို ခံစားရေအာင္ ခင္မ်ား သိပ္ကို လုပ္ရက္တယ္"

"ငါ့မွာ ေတာင္းပန္ပါတယ္ဆိုတဲ့ စကားကလြဲရင္ ေျပာစရာမရွိေတာ့ဘူး ေနေမာင္၊ မင္းသတ္ခ်င္ရင္ ငါ့ကို သတ္လိုက္ေတာ့"

ေခါင္းေဆာင္နဲ႔ မရီးျဖစ္သူတို႔က သူ႔အတြက္ အစ္ကိုလို မိဘလိုပင္ ျဖစ္ေနခဲ့တာေၾကာင့္ ေသနတ္ေမာင္းတံကို ေကြးဖို႔ သူတြန႔္ဆုတ္ေနခဲ့ေလသည္။ ထို႔ေနာက္တြင္ေတာ့ ဇနီးျဖစ္သူ၏ မ်က္ႏွာကို ျမင္ေယာင္လာတာေၾကာင့္ လည္ေခ်ာင္းကြဲမတတ္ ေအာ္ဟစ္ကာ တစ္ကိုယ္လုံးရွိ အားမ်ားကို သုံး၍ ေမာင္းတံကို ဆြဲလိုက္ခဲ့ေလသည္။ ေခါင္းေဆာင္သည္ ထိုေနရာတြင္ပင္ ေသြးခ်င္းနီရဲ၍ လဲက်သြားခဲ့ေလသည္။ မရီးျဖစ္သူ၏ ငိုသံမွာ သူ႔ရင္ကို ကြဲေစေလသည္။ 

ေသြးေႂကြးကို ေသြးေႂကြးနဲ႔ ဆပ္ခဲ့ၿပီမို႔ မရီးျဖစ္သူကို သူမသတ္လိုခဲ့။ အျပစ္မရွိသည့္ ေစသူရိန္ကိုဆို သူပို၍ေတာင္ သတ္မည္မဟုတ္ေပ။ အိမ္ထဲက မထြက္ခင္ ေစသူရိန္၏ အခန္းထဲသို႔ သူေစ့ထားသည့္ တံခါးမွ ေခ်ာင္းၾကည့္သည့္အခါ ဘာမွမသိရွာေသးတဲ့ ေကာင္ေလးမွာ အိပ္ေဆးအရွိန္ေၾကာင့္ ေနာက္ေန႔ မနက္ထိပင္ ႏိုးမည့္ပုံမေပၚေပ။ ဒါကလည္း ေခါင္းေဆာင္က သားျဖစ္သူကို မျမင္ေစလို၍ ေဆးခတ္ခဲ့တာ ျဖစ္ႏိုင္ေၾကာင္း ဦးေနေမာင္ သေဘာေပါက္ခဲ့ေလသည္။

တစ္ေန႔မွာ ေစသူရိန္က သူ႔ကို ျပန္သတ္လိမ့္မည္။ သူခ်ခဲ့တဲ့ ဆုံးျဖတ္ခ်က္တစ္ခုေၾကာင့္ ေစသူရိန္က လက္စားေခ်လိုလွ်င္ သူလည္စင္းေပးရမည္ျဖစ္ၿပီး ေနသူရိန္က လက္စားေခ်လိုလွ်င္ ေစသူရိန္ကလည္း ေခါင္းထိုးေပးရမည္သာ။

ဒီအေႂကြးေတြဟာ သူတို႔ဆီမွာတင္ ၿပီးဆုံးသြားမွာ မဟုတ္သလို ေနာက္မ်ိဳးဆက္ထိ ပါလာမည္ကို စိုးရိမ္မိတာကလြဲလွ်င္ သူ႔ဝိညာဥ္ဟာ စိတ္နဲ႔ ကိုယ္နဲ႔ မကပ္ေတာ့သလို ေခါင္းငိုက္စိုက္ကာ ေျခတစ္႐ြတ္တိုက္ဆြဲ၍ ဂိုဏ္းျပင္ပကို ထြက္လာခဲ့ေလသည္။ သူ႔အတြက္ေတာ့ သားျဖစ္သူကို ေခၚကာ ေျခေဖ်ာက္ဖို႔က လြဲလွ်င္ အျခားမေတြးမိပါေခ်။

သို႔ေသာ္ သူထြက္လာၿပီး နာရီပိုင္းမွ် ၾကာခ်ိန္တြင္ ဂိုဏ္းတစ္ခုလုံး မီးခိုးမ်ားႏွင့္ ဖုံးလႊမ္းခံလိုက္ရၿပီး ေအာ္ဟစ္သံေတြဟာ အရွိန္ျပင္းစြာ ပူေလာင္ေနသည့္ မီးမ်ားၾကားတြင္ ေပ်ာက္ကြယ္သြားရေလသည္။ ထိုအခါမွသာ ဦးေနေမာင္ သိလိုက္ရသည္က ကိုအင္ဂိုဏ္းကို ဖ်က္စီးခ်င္သူမွာ သူမဟုတ္တဲ့ အျခားတစ္ေယာက္ ျဖစ္ႏိုင္ေၾကာင္း သေဘာေပါက္သြားရေလသည္။

ထို႔ေၾကာင့္ ေျခရေဖ်ာက္မည့္ မူလအစီအစဥ္ကို စြန႔္လႊတ္ၿပီး Eros ဂိုဏ္းကို တည္ေထာင္ခဲ့ေလသည္။ Eros Clubသည္ သတင္းစုံရႏိုင္သည့္ တစ္ခုတည္းေသာ အရင္းျမစ္ျဖစ္ေအာင္ သူႀကိဳးစားခဲ့သည္။ ကိုအင္ဂိုဏ္းကို ေနာက္ကြယ္က ဖ်က္ဆီးလိုသူကို ယေန႔ထက္တိုင္ တစ္ရက္မွ မနားဘဲ သတင္းေတြစုရင္း သူရွာေဖြေနခဲ့တာပင္။ ဒါဟာ ေသဆုံးသြားခဲ့ရသည့္ ဂိုဏ္းသားမ်ားအတြက္ သူတာဝန္မေက်ခဲ့သည္ကို ေပးဆပ္ဖို႔ ေနာက္ဆုံး ျမက္တစ္ပင္ ျဖစ္ေနခဲ့တာေၾကာင့္ပင္ ျဖစ္ေလသည္။

အႏွစ္ႏွစ္ အလလၾကာသည့္အခါ သူ၏ ေနာက္ဆုံးလက္က်န္ သံေယာဇဥ္ျဖစ္ေသာ ေနသူရိန္ကလည္း သူ႔ကို အေၾကာင္းျပခ်က္မရွိ မုန္းေနေပသည္။ သူ႔အျပစ္လို႔သာ ခံယူၿပီး အခုခ်ိန္ထိ အသက္ရွင္လာရတာပင္။

ကိုအင္ဂိုဏ္း ေနာက္ဆုံး ၿပိဳကြဲသြားခ်ိန္ထဲက အသက္ရွင္က်န္ရစ္သူမ်ားကို သူစုေဆာင္းသည့္အခါ ေခါင္းေဆာင္ငယ္မ်ား အခ်ိဳ႕ကိုသာ ျပန္လည္ ရွာေဖြေတြ႕ရွိခဲ့ေလသည္။ ထိုသူမ်ားမွာလည္း အခ်ိဳ႕က မစ္ရွင္မ်ားေၾကာင့္ အခင္းျဖစ္သည့္ေန႔က အေဝးေရာက္ေနခဲ့သူမ်ား သို႔မဟုတ္ ခြင့္ယူထားသူမ်ားႏွင့္ ဂိုဏ္းမွာ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ရွိမေနသူမ်ာသာ ျဖစ္ေလသည္။

ထိုသူတို႔ကို ဦးေနေမာင္က အေထာက္အပံ့ေပးခဲ့ၿပီး  Eros ဂိုဏ္းေအာက္သို႔ ဝင္ေစခဲ့သည္။ သို႔ေပမယ့္ အမ်ားစုက ေငြေနာက္လိုက္ကာ ပ်က္စီးခဲ့ၾကေလသည္။ သို႔ေသာ္ သူ႔အေနနဲ႔ မတတ္ႏိုင္စြာ ဆက္လက္ေထာက္ပံ့ခဲ့ရသည္။ သူ႔တြင္ ကိုအင္ဂိုဏ္ႏွင့္ ပတ္သတ္သည့္ အဆက္သြယ္ မျပတ္ေစလို၍ပင္။

ႏွစ္မ်ားစြာၾကာသည့္အခါ ထိုဂိုဏ္းေခါင္းေဆာင္ငယ္မ်ား တစ္ဦးၿပီး တစ္ဦး ကလပ္တြင္ အသတ္ခံခဲ့ရသည္။ တစ္စုံတစ္ဦးက သူ႔ကို စိန္ေခၚေနၿပီ ျဖစ္ေၾကာင္း သိေသာ္လည္း ထိုလူက ေစသူရိန္ ျဖစ္လိမ့္မည္ဟု မထင္မွတ္ခဲ့တာပင္။ ေစသူရိန္က ကိုအင္ဂိုဏ္းကို ျပန္လည္ တည္ေထာင္ခဲ့သူ ျဖစ္ေၾကာင္း သိရသည့္ အခါတြင္ သူဝမ္းနည္းသလို ဝမ္းသာခဲ့ရသည္။

သူ႔ရန္သူသည္ သူ႔ကိုသတ္မည့္သူ ျဖစ္ေသာ္လည္း ကိုအင္ဂိုဏ္း၏ ဆက္ခံသူျဖစ္ေနေသာေၾကာင့္ အသက္ရွင္ေနသည္ကို ဝမ္းသာခဲ့ရသည္။ သို႔ေပမယ့္ ေသြးေႂကြးတိုက္ပြဲ ျဖစ္ေနတာေၾကာင့္ ေနသူရိန္ကို ကာကြယ္ဖို႔ သူကေတာ့ လည္ဆင္းေပးဖို႔ စိတ္ကူးမရွိေပ။

ဟိုးယခင္ထဲက ေစသူရိန္သည္ တိုက္ခိုက္စြမ္းရည္ေရာ ပါရမီေရာ ထူးကဲတာေၾကာင့္ အားလုံးက သူေခါင္းေဆာင္ျဖစ္လာမည့္ တစ္ေန႔ကို ေစာင့္ေမွ်ာ္ေနခဲ့တာပင္။ ထိုၾကင္နာတတ္ၿပီး ေထာက္ထားညႇာတာတတ္သည့္ လူငယ္ေလးကို သား႐ိုင္းျဖစ္ေစသည့္ တရားခံမွာ မိမိျဖစ္ေနေလသည္။ ထို႔ေၾကာင့္ ေနာက္ဆုံးအခ်ိန္ထိ ေနသူရိန္ကို ကာကြယ္ဖို႔သာ သူ႐ုန္းကန္ခဲ့တာျဖစ္ေလသည္။

ေစသူရိန္သည္ ၾကင္နာတတ္ေသာအခါ သူမတူေအာင္ ေႏြးေထြးသလို ရက္စက္သည့္အခါတြင္လည္း သူမတူေအာင္ ေကာက္က်စ္ေလသည္။ မူလက ေနသူရိန္တစ္ဦးထဲကိုသာ ကာကြယ္ရန္ က်န္ရွိေနသည့္ မိမိေရွ႕ေမွာက္သို႔ ညီအစ္ကိုေဟာင္း လင္းသူ၏ ကေလးမ်ားကို ေခၚေဆာင္လာခဲ့ေပသည္။

လင္းသူ၏ ေသဆုံးမႈမွာ တရားခံမေပၚခဲ့။ သူအၿမဲလိုလို စုံစမ္းေနေပမယ့္ အေျဖက ထြက္မလာခဲ့ေပ။ ေနာက္ဆုံးတြင္ အဂၢလင္း၏ ေပၚထြက္လာမႈႏွင့္အတူ ေနာက္ကေန တိတ္တဆိတ္ စုံစမ္းခဲ့ျခင္းေၾကာင့္သာ ေစသူရိန္ အသက္ရွင္ေနေၾကာင္း သူသိခဲ့ရသည္။ ထိုအခါတြင္ေတာ့ လင္းသူေသဆုံးရသည့္ အေၾကာင္းကို သူနားလည္ သြားခဲ့ၿပီျဖစ္သည္။ ေစသူရိန္က လင္းသူကို သတ္ၿပီး သားႏွစ္ဦးကို လက္နက္ကဲ့သို႔ ေမြးျမဴခဲ့ေလသည္။ ထိုရက္စက္မႈက တျမည့္ျမည့္ေလာင္ကြၽမ္းေစမည့္ လက္စားေခ်မႈပင္ ျဖစ္ေလေတာ့သည္။

Continue Reading

You'll Also Like

290K 14.7K 83
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.2M 63.6K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
316K 34K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
765K 46.3K 30
A love contest between a boy who likes to kick football and a little doctor.