ချစ်မိသော ပင်လယ်

By LinnThetNyein14

422K 7.2K 454

🔞🔞 Unicode မိဘပေးစားလို့ လက်ထပ်ရသောသူက ကိုယ်တဖက်သတ်ချစ်ရသူဖြစ်နေသောအခါ.. အချစ်က ဒီလောက်ပဲဆန်းကြယ်ရသတဲ့လား က... More

Intro
Ch 1
Ch2
Ch 3
Ch 4
Ch5
Ch 6
Ch 7 🍬
Ch8
Ch9
Ch 11
Ch 12
Ch 13 🍬
Ch14 🍬🍬
Writer's note
Ch 15
Ch 16 🔥🔞
Ch17 🔞
Ch 18 🔞
Writer 's Note
Ch 19
Ch 20
Ch21 🔥
Ch22
Ch 23 🔞
Writer's Note
Ch24💓🍬
Ch25🔞
Ch26🍬
CH27🔞
Ch28
Author's Note
Ch29🍬
Ch30🍬😭
Ch31🔞🍬
Ch32🔞
Ch 33🔞
Ch34🔞
Ch35😭😭😭
Ch36 😭😭💔
Ch 37💔❤
Writer's BF🙄
Ch38😚😚😚
Ch39🍬🔥
Ch 40🍬💓🔞
Ch41 🔥🍬✨
Writer's Night Song
Writer's Note
Ch 42🔞
Writer's Note
Ch 43 🔞
Ch 44🔞
Ch 45 (Ending)🔞

Ch 10

4.8K 164 2
By LinnThetNyein14

ဆိုယွန်းကို ဘာဒါက အားရင် Studioက လိုက်လည်ပါလားပြောလို့ ဆိုယွန်းတစ်ယောက်ဘာဝတ်သွားရမလဲ အသည်းအသန်စဥ်းစားနေတယ်။ Dancerကောင်မလေးလန်းလန်းလေးတွေကြားမှာ ကိုယ့်ပုံကို ပုံတုံးကြီးမဖြစ်ချင်တာမို့လို့ ဘာဒါရေချိူးနေတုန်း အဝတ်အစားတွေအကုန်ထုတ်ကြည့် ကိုယ်မှာကပ်ကြည့်နဲ့ ဗျာများနေတယ်။ တစ်ခန်းထဲနေရတော့ အရမ်းလှချင်နေတာ သူလည်းမသိစေချင်။ ဘာဒါရေချိူးပြီးတာနဲ့ အဝတ်အစားလဲပြီး ဧည့်ခန်းက စောင့်နေတယ်။

ဆိုယွန်းရေချိူးပြီးတော့ ဟိုဟာဝတ်ရနိုး ဒါဝတ်ရနိုးဖြစ်နေတုန်း ဘာဒါကအပြင်က တံခါးခေါက်တယ်။
''ဆိုယွန်းရေ နောက်ကျတော့မယ် မြန်မြန်လုပ်''

''ပြီးပြီ လာပြီ လာပြီ''

ဂါဝန်တိုလေးတစ်ထည်အမြန်ယူဝတ်ပြီး အပြင်ထွက်လိုက်တော့ ဘာဒါက ခြေဆုံးခေါင်းဆုံးကြည့်တယ်။ ပြီးတော့
''သွားရအောင်''ဆိုပြီး ကားသော့ကောက်ကိုင်ပြီး ထွက်တယ်။

နှစ်ယောက်သား Studioကိုရောက်တော့ အခန်းထဲက သင်တန်းသားတွေ သူ့တပည့်လေးတွေ အကုန်လုံးက cargo pantနဲ့T shirtဝတ်ထားကြတာများတယ်ဆိုတာ ဆိုယွန်းသိလိုက်တယ်။ ကိုယ့်ကိုကိုယ်မသိမသာငုံ့ကြည့်မိတော့ သူတို့နဲ့လားလားမျှမဆိုင် ဂြိုလ်သားတစ်ယောက်လိုကိုဖြစ်လို့။
''ဆိုယွန်းခဏထိုင်ဦး''
ဘာဒါပြောရင်း ဟိုဘက်ကိုစကားသွားပြောတယ်။ ပြောရင်း ဟိုက ဘယ်သူလဲလို့မေးကြတယ်ထင်တယ် ။ သူတခုခုပြောပြီး ဆိုယွန်းဘက်ကို ပြန်လျှောက်လာတယ်။ ဆိုယွန်းမော့ကြည့်လိုက်တော့ သူ့ဂျာကင်ကိုချွတ်ပြီး ဆိုယွန်းပေါင်ပေါ်အုပ်လိုက်တယ်။ ပြီးတော့တိုးတိုးကပ်ပြောသွားတယ်။
''စကပ်တိုလေးဝတ်လာတယ်''
ကိုယ် စကပ်တိုဝတ်လာလို့ သူကမျက်နှာပူနေတာလား အဲ့ဆိုလည်းအိမ်မှာကတည်းကပြောပေါ့ ဟွန့်။

ခဏနေသီချင်းစဖွင့်ပြီး သူစသင်တယ်။ 123 countလုပ်ပေးနေတာတောင် ကြည့်ကောင်းချောမောသောပါပဲ ။ ဆိုယွန်းကတော့ Danceနဲ့ပက်သက်ရင် ဘာမှမသိတဲ့သူပါ။ ဘာဒါကတာပဲကြည့်ပြီး ဘာဒါchreoထားသမျှသီချင်းတွေကို playlistလုပ်ပြီး အလုပ်လုပ်ရင်ဖွင့်ထားတတ်တယ်။ အတူတူရှိသလိုခံစားရလို့။

သူကလိုက်တိုင်း ဝိုင်းအော်ကြတဲ့ကောင်မလေးတွေကို လိုက်ကြည့်မိတယ်။ သူတို့လည်း ငါ့လိုများလားပေါ့။ တစ်ခါလေ့ကျင့်ပြီးတိုင်း တခါပြေးဖက်ကြတဲ့ ကောင်မလေးတွေကြောင့် အားလည်းကျ သဝန်လည်းတို ဘယ်လိုမျက်နှာထားရမှန်းမသိတော့တာကြောင့် အခန်းပြင်ထွက်ပီး သန့်စင်ခန်းရှာလိုက်တယ်။

Toiletထဲထိုင်ပြီး ဘာဒါကတဲ့အချိန်ခိုးရိုက်ထားတဲ့videoလေးပြန်ကြည့်နေတုန်း

သန့်စင်ခန်းထဲ ကောင်မလေးနှစ်ယောက်စကားပြောပီးဝင်လာသံကြားတယ်။
'' ဟိတ် ဘာဒါssaemမှာ ကောင်မလေးခေါ်လာတယ်ဆို''
''အင်း ဟုတ်တယ်''
''အမလေး ငါတို့တော့အသဲကွဲပါပီဟယ်''
''သူ့အမေအသိရဲ့သမီးလို့ပြောတယ်တဲ့''
''သူ့အမေအသိရဲ့သမီးကိုတော့ ခေါ်လာမလားလို့ ထိုင်နေတုန်း စကပ်တိုလို့ အင်္ကျီနဲ့သွားဖုံးနေတာဆို''
''ဒါပေမယ့် မဟုတ်လောက်ပါဘူး ဒါဟျွန်းလည်းရှိတာပဲ''
''အဲဒါတော့ ဟုတ်တယ်
ဟုတ်နေရင် ဒါဟျွန်းကျန်ခဲ့ပြီပေါ့''
''ဒီနေ့ ဒါဟျွန်းမွေးနေ့မလား ssaemက ဒါဟျွန်းကိုဂရုစိုက်တာပဲ အဲလိုမလုပ်လောက်ပါဘူး ဒီည Birthday partyလည်းရှိတယ်ဆို''
''အေး ဟုတ်တယ်''
နှစ်ယောက်လက်ဆေးပြီး အပြင်ကိုစကားပြောရင်းပြန်ထွက်သွားကြတယ်။
ဆိုယွန်းကတော့ ဒါဟျွန်းကဘယ်သူလဲ ဘယ်လိုပက်သက်ကြတာလဲတွေးရင်း အတောင့်လိုက်ကျန်ခဲ့တယ်..။

တော်တော်ကြာမှ သန့်စင်ခန်းထဲက ထွက်လာတော့
အပြင်မှာ ဘာဒါကိုတွေ့တယ်။
''ဘယ်ပျောက်သွားတာလဲ လိုက်ရှာနေတာ''
''သန့်စင်ခန်းရှာရင်းနဲ့ ကြာသွားတာ''
''နေမကောင်းဘူးလား ဖြူဖျော့လို့''
''ဟို..''

''Ssaem''
''ဟင် ဒါဟျွန်း အင်း လာပြီ လာပြီ''
''ခဏလေးနေဦးနော် ပြီးရင် ပြန်ပို့ပေးမယ်
ဒါဟျွန်းနဲ့တွဲကပေးမယ်ပြောထားလို့''

ဆိုယွန်းဘာမှတောင်ပြန်မပြောနိူင်ခင် ဘာဒါက အဲကောင်မလေးနောက်အပြေးလိုက်သွားတယ်။ ဆိုယွန်းလည်း အကခန်းထဲဝင်တော့
couple danceကနေတဲ့ သူတို့နှစ်ယောက်နဲ့ အကြီးအကျယ်အားပေးနေတဲ့လူအုပ်ကြီးကိုကြည့်ပြီး ခေါင်းတွေချာချာလည်လာတယ်။
ချာခနဲလှည့်ထွက်ခဲ့ပြီး အဆောင်အဦအပြင်ကိုပြေးထွက် Taxiတားပြီး အိမ်ပြန်ခဲ့လိုက်တယ်။ အိမ်ရောက်မှ ဘာဒါက ဖုန်းလှမ်းဆက်တယ်။အပြန်နောက်ကျမယ်တဲ့။

လက်ထဲမှာပါလာတဲ့ သူ့ဂျာကင်ကို ဖက်ပြီး ငိုလိုက်ရတာ။ ဒီနေ့ studio ကို ဘာလို့ခေါ်တာလဲလို့ပဲ အထပ်ထပ်တွေးနေမိတယ်။ ဒါဟျွန်းနဲ့အကြောင်းပြောပြချင်လို့လား။ သူ့မှာရည်းစားရှိတာလား။ အဲဒါကြောင့်အခန်းခွဲနေချင်တာလား။ အတွေးပေါင်းစုံနဲ့ အလုပ်ခန်းထဲတနေကုန်ဝင်ခွေနေလိုက်တယ်။

Zawgyi

ဆိုယြန္းကို ဘာဒါက အားရင္ Studioက လိုက္လည္ပါလားေျပာလို႔ ဆိုယြန္းတစ္ေယာက္ဘာဝတ္သြားရမလဲ အသည္းအသန္စဥ္းစားေနတယ္။ Dancerေကာင္မေလးလန္းလန္းေလးေတြၾကားမွာ ကိုယ့္ပုံကို ပုံတုံးႀကီးမျဖစ္ခ်င္တာမို႔လို႔ ဘာဒါေရခ်ိဴးေနတုန္း အဝတ္အစားေတြအကုန္ထုတ္ၾကည့္ ကိုယ္မွာကပ္ၾကည့္နဲ႕ ဗ်ာမ်ားေနတယ္။ တစ္ခန္းထဲေနရေတာ့ အရမ္းလွခ်င္ေနတာ သူလည္းမသိေစခ်င္။ ဘာဒါေရခ်ိဴးၿပီးတာနဲ႕ အဝတ္အစားလဲၿပီး ဧည့္ခန္းက ေစာင့္ေနတယ္။

ဆိုယြန္းေရခ်ိဴးၿပီးေတာ့ ဟိုဟာဝတ္ရနိုး ဒါဝတ္ရနိုးျဖစ္ေနတုန္း ဘာဒါကအျပင္က တံခါးေခါက္တယ္။
''ဆိုယြန္းေရ ေနာက္က်ေတာ့မယ္ ျမန္ျမန္လုပ္''

''ၿပီးၿပီ လာၿပီ လာၿပီ''

ဂါဝန္တိုေလးတစ္ထည္အျမန္ယူဝတ္ၿပီး အျပင္ထြက္လိုက္ေတာ့ ဘာဒါက ေျခဆုံးေခါင္းဆုံးၾကည့္တယ္။ ၿပီးေတာ့
''သြားရေအာင္''ဆိုၿပီး ကားေသာ့ေကာက္ကိုင္ၿပီး ထြက္တယ္။

ႏွစ္ေယာက္သား Studioကိုေရာက္ေတာ့ အခန္းထဲက သင္တန္းသားေတြ သူ႕တပည့္ေလးေတြ အကုန္လုံးက cargo pantနဲ႕T shirtဝတ္ထားၾကတာမ်ားတယ္ဆိုတာ ဆိုယြန္းသိလိုက္တယ္။ ကိုယ့္ကိုကိုယ္မသိမသာငုံ႕ၾကည့္မိေတာ့ သူတို႔နဲ႕လားလားမွ်မဆိုင္ ၿဂိဳလ္သားတစ္ေယာက္လိုကိုျဖစ္လို႔။
''ဆိုယြန္းခဏထိုင္ဦး''
ဘာဒါေျပာရင္း ဟိုဘက္ကိုစကားသြားေျပာတယ္။ ေျပာရင္း ဟိုက ဘယ္သူလဲလို႔ေမးၾကတယ္ထင္တယ္ ။ သူတခုခုေျပာၿပီး ဆိုယြန္းဘက္ကို ျပန္ေလွ်ာက္လာတယ္။ ဆိုယြန္းေမာ့ၾကည့္လိုက္ေတာ့ သူ႕ဂ်ာကင္ကိုခြၽတ္ၿပီး ဆိုယြန္းေပါင္ေပၚအုပ္လိုက္တယ္။ ၿပီးေတာ့တိုးတိုးကပ္ေျပာသြားတယ္။
''စကပ္တိုေလးဝတ္လာတယ္''
ကိုယ္ စကပ္တိုဝတ္လာလို႔ သူကမ်က္ႏွာပူေနတာလား အဲ့ဆိုလည္းအိမ္မွာကတည္းကေျပာေပါ့ ဟြန့္။

ခဏေနသီခ်င္းစဖြင့္ၿပီး သူစသင္တယ္။ 123 countလုပ္ေပးေနတာေတာင္ ၾကည့္ေကာင္းေခ်ာေမာေသာပါပဲ ။ ဆိုယြန္းကေတာ့ Danceနဲ႕ပက္သက္ရင္ ဘာမွမသိတဲ့သူပါ။ ဘာဒါကတာပဲၾကည့္ၿပီး ဘာဒါchreoထားသမွ်သီခ်င္းေတြကို playlistလုပ္ၿပီး အလုပ္လုပ္ရင္ဖြင့္ထားတတ္တယ္။ အတူတူရွိသလိုခံစားရလို႔။

သူကလိုက္တိုင္း ဝိုင္းေအာ္ၾကတဲ့ေကာင္မေလးေတြကို လိုက္ၾကည့္မိတယ္။ သူတို႔လည္း ငါ့လိုမ်ားလားေပါ့။ တစ္ခါေလ့က်င့္ၿပီးတိုင္း တခါေျပးဖက္ၾကတဲ့ ေကာင္မေလးေတြေၾကာင့္ အားလည္းက် သဝန္လည္းတို ဘယ္လိုမ်က္ႏွာထားရမွန္းမသိေတာ့တာေၾကာင့္ အခန္းျပင္ထြက္ပီး သန့္စင္ခန္းရွာလိုက္တယ္။

Toiletထဲထိုင္ၿပီး ဘာဒါကတဲ့အခ်ိန္ခိုးရိုက္ထားတဲ့videoေလးျပန္ၾကည့္ေနတုန္း

သန့္စင္ခန္းထဲ ေကာင္မေလးႏွစ္ေယာက္စကားေျပာပီးဝင္လာသံၾကားတယ္။
'' ဟိတ္ ဘာဒါssaemမွာ ေကာင္မေလးေခၚလာတယ္ဆို''
''အင္း ဟုတ္တယ္''
''အမေလး ငါတို႔ေတာ့အသဲကြဲပါပီဟယ္''
''သူ႕အေမအသိရဲ႕သမီးလို႔ေျပာတယ္တဲ့''
''သူ႕အေမအသိရဲ႕သမီးကိုေတာ့ ေခၚလာမလားလို႔ ထိုင္ေနတုန္း စကပ္တိုလို႔ အကၤ်ီနဲ႕သြားဖုံးေနတာဆို''
''ဒါေပမယ့္ မဟုတ္ေလာက္ပါဘူး ဒါဟြၽန္းလည္းရွိတာပဲ''
''အဲဒါေတာ့ ဟုတ္တယ္
ဟုတ္ေနရင္ ဒါဟြၽန္းက်န္ခဲ့ၿပီေပါ့''
''ဒီေန႕ ဒါဟြၽန္းေမြးေန႕မလား ssaemက ဒါဟြၽန္းကိုဂ႐ုစိုက္တာပဲ အဲလိုမလုပ္ေလာက္ပါဘူး ဒီည Birthday partyလည္းရွိတယ္ဆို''
''ေအး ဟုတ္တယ္''
ႏွစ္ေယာက္လက္ေဆးၿပီး အျပင္ကိုစကားေျပာရင္းျပန္ထြက္သြားၾကတယ္။
ဆိုယြန္းကေတာ့ ဒါဟြၽန္းကဘယ္သူလဲ ဘယ္လိုပက္သက္ၾကတာလဲေတြးရင္း အေတာင့္လိုက္က်န္ခဲ့တယ္..။

ေတာ္ေတာ္ၾကာမွ သန့္စင္ခန္းထဲက ထြက္လာေတာ့
အျပင္မွာ ဘာဒါကိုေတြ႕တယ္။
''ဘယ္ေပ်ာက္သြားတာလဲ လိုက္ရွာေနတာ''
''သန့္စင္ခန္းရွာရင္းနဲ႕ ၾကာသြားတာ''
''ေနမေကာင္းဘူးလား ျဖဴေဖ်ာ့လို႔''
''ဟို..''

''Ssaem''
''ဟင္ ဒါဟြၽန္း အင္း လာၿပီ လာၿပီ''
''ခဏေလးေနဦးေနာ္ ၿပီးရင္ ျပန္ပို႔ေပးမယ္
ဒါဟြၽန္းနဲ႕တြဲကေပးမယ္ေျပာထားလို႔''

ဆိုယြန္းဘာမွေတာင္ျပန္မေျပာနိူင္ခင္ ဘာဒါက အဲေကာင္မေလးေနာက္အေျပးလိုက္သြားတယ္။ ဆိုယြန္းလည္း အကခန္းထဲဝင္ေတာ့
couple danceကေနတဲ့ သူတို႔ႏွစ္ေယာက္နဲ႕ အႀကီးအက်ယ္အားေပးေနတဲ့လူအုပ္ႀကီးကိုၾကည့္ၿပီး ေခါင္းေတြခ်ာခ်ာလည္လာတယ္။
ခ်ာခနဲလွည့္ထြက္ခဲ့ၿပီး အေဆာင္အဦအျပင္ကိုေျပးထြက္ Taxiတားၿပီး အိမ္ျပန္ခဲ့လိုက္တယ္။ အိမ္ေရာက္မွ ဘာဒါက ဖုန္းလွမ္းဆက္တယ္။အျပန္ေနာက္က်မယ္တဲ့။

လက္ထဲမွာပါလာတဲ့ သူ႕ဂ်ာကင္ကို ဖက္ၿပီး ငိုလိုက္ရတာ။ ဒီေန႕ studio ကို ဘာလို႔ေခၚတာလဲလို႔ပဲ အထပ္ထပ္ေတြးေနမိတယ္။ ဒါဟြၽန္းနဲ႕အေၾကာင္းေျပာျပခ်င္လို႔လား။ သူ႕မွာရည္းစားရွိတာလား။ အဲဒါေၾကာင့္အခန္းခြဲေနခ်င္တာလား။ အေတြးေပါင္းစုံနဲ႕ အလုပ္ခန္းထဲတေနကုန္ဝင္ေခြေနလိုက္တယ္။

Continue Reading

You'll Also Like

2.6K 257 28
আসসালামুয়ালায়কুম আরেকটা বাংলা তেইকুক ফফ নিয়ে আমি হাজির । এটা অনেক আগের একটা আইডিয়া আমার। এটা ভালো লাগবে কিনা নিশ্চিত না কিন্তু মন্দ হবেনা। আর যেহুত...
BTS FF By nawshen

Fanfiction

310 12 8
BTS all members Bangla & English new ff 😍😚😍💞
177 8 7
"" ৭ বছরের আপেক্ষিক চাওয়া কি পূর্ণতা পাবে?"" Top- Jeon Jungkook Bottom- Kim Taehyung
1.7K 76 13
আমাকে ক্ষমা করে দাও jungkook আমি তোমাকে আর কখনো কোনো কষ্ট দেব না taehyung তার চোখে পানি নিয়ে বলে। আমি তোমাকে ক্ষমা করে দেব। যদি তুমি আমার সেই দুই...