အပိုင်း(၄.၁)
ဖန်းလိရဲ့ သနားစရာ မျက်လုံးတွေက ရေနတ်ဆိုးအပေါ်မှာ ကျရောက်နေတယ်။ ဒီအမြှောက်စာဇာတ်ကောင်လေးနဲ့ ပတ်သက်တဲ့ အကြီးဆုံးပြဿနာက သူ့ရဲ့ ပြိုင်ဘက်က အားကြီးလား အားနည်းလားဆိုတာကို မသိတာပဲ။
ချီပြိုကွဲခြင်းထိပ်ခေါင်ရဲ့ အမြင့်ဆုံးအနေနဲ့ ရှဲ့ဟိုင်က အကျဉ်းချခံထားရပြီး သူ့ရဲ့ ကျင့်ကြံဆင့်တွေက ချိတ်ပိတ်ထားခံရပေမဲ့လည်း သူက ရှားရှားပါးပါး မွေးရာပါ တာအိုခန္ဓာကိုယ်ရှိတယ်။ သူက အသက်ရှင်ဖို့အတွက် ရုပ်ရည်အပေါ်ပဲ မှီခိုနေပြီး အခြေခံအဆင့်တောင် မရှိတဲ့ မိန်းမငယ်လေးမဟုတ်ဘူး။ နတ်ဆိုးတွေတောင် မကျေမနပ်ဖြစ်သွားနိုင်တယ်။
ရေနတ်ဆိုးက သူ့လက်ကို သူကိုင်ထားပြီး မြေပြင်ပေါ် ဒူးထောက်ကျသွားတယ်။ သူ့မျက်နှာကလည်း နာကျင်မှုကြောင့် ဖြူဖျော့နေတယ်။ ပြီးတော့ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နေတယ်။
နတ်ဆိုးဘုရင်ရဲ့ အနောက်ဘက်ခြံဝန်းထဲမှာ လူသားစားခြင်းနဲ့ နှောင့်ယှက်ခြင်းကို တားမြစ်ထားတယ်။ တကယ်လို့ တစ်ယောက်ယောက်က မလိုက်နာခဲ့ဘူးဆိုရင် အနည်းဆုံးတော့ သူက ဒီကမ္ဘာပေါ်မှာ အေးချမ်းစွာနေသွားရလိမ့်မယ်။ (သေရလိမ့်မယ်လို့ ဆိုလိုတာပါ) ဒါပေမဲ့ သူတို့ရဲ့ အရှင်ရှေ့မှာ ဒီလို လုပ်ရဲခဲ့မယ်ဆိုရင် ဒီလူက အရမ်း စွမ်းအားကြီးနေလို့ပဲ ဖြစ်ရမယ်။
ရေနတ်ဆိုးရဲ့ ဝမ်းနည်းအားငယ်နေတဲ့ မျက်လုံးတွေက ရက်စက်ခြင်းကို အရိပ်အမြွက်ပြနေသလိုပါပဲ။ ဒါကြောင့် ဒါက ဒီလူကို ပထုတ်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးကို ယူဖို့ ကောင်းမွန်တဲစိတ်ကူးပဲ။
သူရှဲ့ဟိုင်ကို ပထမဆုံးတွေ့လိုက်ရကတည်းက ပြင်းထန်တဲ့ အန္တရာယ်အာရုံကို ခံစားမိတယ်။
ရေနတ်ဆိုးက နောက်ပြန်လှည့်လိုက်ပြီး ဖန်းလိဆီ မျက်ရည်တွေနဲ့ လျှောက်သွားလိုက်တယ်။ ဒါကြောင့် သူက သနားစရာကောင်းနေခဲ့တယ်။ သူကရှိုက်ပြီးပြောလိုက်တယ်။ “ အရှင် သူက အရှင့်ကို မလေးစားရုံတင်မကဘူး။ လူတွေရှေ့မှာ တခြားသူကို နာကျင်အောင်လုပ်ရဲတယ်။ သူ့ကို အပြစ်ပေးပေးပါ..အရှင်”
ရှဲ့ဟိုင်က ပန်းလေးတွေနဲ့ ကျောက်စိမ်းလေးတွေကို ဘယ်လိုသနားအောင် လုပ်ရမလဲမသိဘူးပဲ။ ဖန်းလိကတော့ လုပ်ခဲ့တယ်။ သူက အလှလေးတွေ နာကျင်နေတာကို မကြည့်ချင်ဘူး။ ဒါ့ကြောင့် နူးနူးညံ့ညံ့ပြောလိုက်တယ်။ “ မငိုပါနဲ့”
ရေနတ်ဆိုးက ဖန်းလိရဲ့ မျက်နှာကို မှင်တက်စွာနဲ့ ငေးလိုက်မိတယ်။ ဒီအချိန်လေးကို တွေဝေငေးမောဖြစ်နေတာကို မထိန်းနိုင်ဖြစ်သွားတယ်။ သူ့မျက်နှာက အမြဲတမ်း အေးစက်ပြီး တင်းမာနေတတ်ပေမဲ့ နူးညံ့မှုလေးကို သနားခြင်းနဲ့ တစ်ချိန်တည်းမှာဖော်ပြနေတယ်။ သူ့ရဲ့ အသံကလည်း ညှို့ယူဖမ်းစားနေသလိုပဲ။ သူ့နှလုံးသားလေးတဒိန်းဒိန်းခုန်နေပြီး သူ့မျက်နှာလေးကလည်း နူးညံ့သိမ်မွေ့နေတာပဲ။ နတ်ဘုရားက သူ့ကို ထူးထူခြားခြားဆက်ဆံနေတာပဲ။ ဖြစ်နိုင်တာက ဖြစ်နိုင်တာက.......
ဖန်းလိက ဒီပြီးပြည့်စုံနေတဲ့လူကို နှစ်သိမ့်ပြီးတဲ့နောက် ရှဲ့ဟိုင်ကို လှည့်ကြည့်လိုက်တယ်။
ရှဲ့ဟိုင်က သူ့လက်ထဲက စစ်တုရင်အပိုင်းလေးတွေကို အောက်ကိုတောင် ချပြီးသွားပြီ။ သူ့ကို တည်တည်ငြိမ်ငြိမ်ကြည့်လိုက်ပြီး သူ့ရဲ့ မျက်လုံးနက်နက်တွေက သူ့ကို ပထမဆုံးစတွေ့တဲ့ အချိန်တုန်းကလိုပဲ အေးစက်စက်နဲ့ ကွဲပြားသွားတာမရှိဘဲ နက်မှောင်ပြီး မတုန်မလှုပ်ရှိနေတုန်းပဲ။ သူလုံးဝကို ဂရုမစိုက်ရင် နောက်ပြီး ဘာဖြစ်မလဲ။
ဖန်းလိရဲ့ နှုတ်ခမ်းထောင့်တွေက တဖြည်းဖြည်းမြင့်တက်လာတယ်။ အသံက ရှည်လျားနေတယ်။ “သူ့အတွက်က .....”
ရေနတ်ဆိုးနဲ့ လူတိုင်းက အသက်ရှုတာကို ထိန်းထားလိုက်ကြပြီး အရှင်က သူ့ကို ကွက်မျက်မှာကို စောင့်ရင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာတယ်။
လူတိုင်းကလည်း တူညီတဲ့ အတွေးတွေနဲ့ ။ မတိုင်ခင်ကလည်း အရှင့်ရှေ့မှာ ဇာချဲ့နေတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်။ အရှင်က မှန်းလား မှားလားဆိုတာကို ချင့်ချိန်ခြင်းကို ဂရုတောင်စိုက်မနေခဲ့ဘူး။ အဲ့နှစ်ယောက်လုံးကို Meteor ပင်လယ်ထဲကို ငါးစာအဖြစ် ကျွေးလိုက်တယ်။ အဲ့ကတည်းကစပြီး လူတိုင်းက သတိနဲ့ နေလာကြတယ်။ သူဝေးဝေးကို မသွားရဲတော့သလို အရှင့်ရှေ့မှာလည်း ပြဿနာတွေမရှာရဲတော့ဘူး။
သူ့အရှင်ကို မစော်ကားနိုင်ဘူး။ ဒီလူက အရှင့်အပေါ်ရိုင်းပြခဲ့ရုံသာမက အရှင့်ရှေ့မှာလည်း သူများတွေကို နာကျင်အောင်လုပ်ရဲတယ်။
ဖန်းလိက သူ့ရဲ့ နှုတ်ခမ်းထောင့်တွေကို ပင့်လိုက်ပြီး အသံနှေးနှေးနဲ့ ပြောလိုက်တယ်။ “ ဒီည သူ့ကို ငါအရှင်ရဲ့ အခန်းကို ပို့လိုက်”
လူတိုင်း “...........”
ရေနတ်ဆိုးက ထိုင်းမှိုင်းစွာနဲ့ ကြည့်လိုက်တယ်။ ပြောလိုက်တယ်။ “အရှင်....အရှင် .....ဒါက....”
ဖန်းလိက ပြုံးလိုက်ပြီး သူ့မျက်လုံးကို မှေးကျဉ်းလိုက်ပြီး ပြောလိုက်တယ်။ “ သူက သေဖို့ အကြောင်းရှာနေတာဆိုကတည်းကိုက ဒီအရှင်က သူ့ကို သေတာထက် ပိုဆိုးအောင် လုပ်ဖို့ ခွင့်မပြုနိုင်ဘူး။ ဒါဆို မင်းကျေနပ်ပြီလား?”
ရေနတ်ဆိုးက ရုတ်တရက်စို့နင့်သွားပြီး အားတင်းကာပြုံးလိုက်ပြီးနောက် ပြောလိုက်တယ်။ “ ကျေနပ်ပါတယ်။” သူမကျေနပ်ဘူးလို့ ပြောရဲခဲ့မယ်ဆိုရင် သေရမဲ့ သူက သူဖြစ်သွားလိမ့်မယ်။
ဖန်းလိက ဒီဒုက္ခသည်လေးကို အောင်မြင်စွာ နှစ်သိမ့်ခဲ့ပြီးနောက် သူ့အင်္ကျီလက်ကို ကျေနပ်စွာနဲ့ ဝှေ့ယမ်းလိုက်ပြီး ထွက်လာခဲ့တယ်။
..............................................
ဖန်းလိဒါကိုပြောပြီး ထွက်သွားတာကို systemက မြင်ပြီးနောက် စိတ်သက်သာယာ ရသွားခဲ့တယ်။ မူလဝတ္ထုရဲ့ ဇာတ်ကြောင်းအရ အဲ့အချိန်တုန်းက ရှဲ့ဟိုင်က ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရနေပြီး သူ့တစ်ကိုယ်လုံးကလည်း ကျိုးကြေနေခဲ့တယ်။ သူက သူ့ဘဝအတွက် ဆက်လျှောက်နေရပေမဲ့ သူက တစ်ဝက်သေနေသလိုပဲ ။ သူရေနတ်ဆိုးရဲ့ လက်ကောက်ဝတ်ကို ဆိတ်တောင်မဆိတ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ ဒီဇာတ်ကြောင်းက မူရင်းဝတ္ထုမှာ ရှိတောင် ရှိမနေဘူးလေ။
Host ပြောင်းသွားတာကြောင့် ဇာတ်ကြောင်းအနည်းငယ်သွေဖည်သွားတယ်။ ဒါပေမဲ့ ကံကောင်းစွာနဲ့ Hostက ဒီအခြေအနေကို လိုက်လျောညီအောင် ချောချောမွေ့မွေ့ သရုပ်ဆောင်နိုင်ခဲ့တယ်။
ဖန်းလိက သူ့အိပ်ယာဆီကို အေးအေးလူလူလမ်းလျှောက်လာခဲ့တယ်။ ဒါပေမဲ့ သူက အခြားအကြောင်းအရာကို စဉ်းစားနေခဲ့တယ်။
ဒီအမတလောကထဲ လေးစားခံရတဲ့ ယုရီအရှင်ကဲ့သို့ ရှဲ့ဟိုင်ကဆိုရင် နတ်ဆိုးတွေကို ဖယ်ရှားဖို့ အားကြီးသူကို အပြစ်ပေးပြီး အားနည်းသူကို ကူညီမယ်။သူ့ရဲ့ ဓားတစ်လက်တည်းနဲ့ သာမန်လူတွေကို ကာကွယ်မယ်။ ဒီနည်းလမ်းအတိုင်းပဲ ပြုလုပ်လေ့ရှိတယ်။ သူ့ရဲ့ နာမည်ကောင်းဟာဆိုရင် တစ်လောကလုံး ပြန့်နှံ့သွားတယ်။ လူတိုင်းကပြောကြတယ်။ သူကလူကြီးလူကောင်းတစ်ယောက်တဲ့။ ဒါကြောင့် ယုတ္တိရှိရှိပြောရမယ်ဆိုရင် ဒီလိုလူမျိုးက အားနည်းတဲ့သူကို တိုက်ခိုက်ရမှာကို မနှစိမြို့ကြဘူး။
ဒါပေမဲ့ သူရေနတ်ဆိုးရဲ့ လက်ကို ချိုးလိုက်တုန်းက ကြင်နာစိတ်နည်းနည်းလေးတောင် မပြခဲ့ဘူး။ မကွဲပြားသွားဘူး။ ဒါကို ဖန်းလိတောင်မှ ခံစားလိုက်ရတယ်။ ရေနတ်ဆိုးသာ ရှေ့ဆက်တိုးခဲ့မယ်ဆိုရင် လက်တင်မဟုတ်တော့ဘူး။ အဲ့အခါကျရင် ကျိုးသွားမှာက လည်ပင်းဖြစ်သွားလိမ့်မယ်။
ဒီလိုမျိုးသွေးအေးပြီး မစာနာတတ်တဲ့ ပုံစံက ဒဏ္ဍာရီလာလူကြီးလူကောင်းနဲ့ လားလားမျှမဆိုင်သလိုပဲ။
ဒါပေမဲ့ ဖန်းလိဒီအကြောင်းကို စဉ်းစားပြီးနောက် သူအကြောင်းအရင်အမှန်ကို နားလည်သွားပြီ။ ပြဿနာကို လုပ်ခဲ့တဲ့သူက ရှဲ့ဟိုင်မဟုတ်ခဲ့ဘူး။ ဒီကမ္ဘာနဲ့ လုံးဝ မကိုက်ညီတဲ့ သူကိုယ်တိုင်ပဲ။
ဒီကမ္ဘာကြီးက မသေမျိုးနဲ့ မိစ္ဆာဆိုပြီး နယ်ပယ်နှစ်မျိုးနဲ့ ခွဲခြားထားတယ်။ အမှန်တရားနဲ့ နတ်ဆိုးဆိုတာ ရှေးကတည်းက ရေနဲ့ဆီလိုပဲ။ မသေမျိုးနဲ့ နတ်ဆိုးတွေဆိုတာ အကျော်အမော်တွေပဲ။ ရှဲ့ဟိုင်က သာမန်လူတွေအတွက် မီးနဲ့ရေကိုတောင် ဖြတ်ကျော်နိုင်ပြီး အားနည်းသူတွေကို ကူညီပေးနိုင်တဲ့ မသေမျိုးတစ်ယောက်ဖြစ်တယ်။ မိတ္ဆာနတ်ဆိုးတွေက အကာအကွယ်ကို အခွင့်ကောင်းယူပြီး သူ့အပေါ်ကို မသနားရုံသာမက သူ့ကိုလိမ်လည်နေသေးတယ်။ သူတို့အလိုရှိပြီဆိုရင် အပြစ်တောင်ပေးနိုင်တယ်။
နတ်ဆိုးတွေကို သုတ်သင်ခြင်းနဲ့ ဖယ်ရှားခြင်းဆိုတဲ့ စကားလုံးက ဒီကမ္ဘာမှာတော့ ဗလာသပ်သပ်မဟုတ်ပါဘူး။ .......
သူ့(ဖန်းလိ)ရဲ့ မျက်လုံးထဲမှာတော့ ရေနတ်ဆိုးက အားနည်းတဲ့သူမဟုတ်ခဲ့ဘူး။ သူ့ကိုယ်သူ နတ်ဆိုးဘုရင်ကြီးနဲ့ အဆင့်တူတယ်ဆိုပြီး ထင်နေတဲ့ နတ်ဆိုးတစ်ကောင်ပါပဲ။
ယုရီကျွင်းရှဲ့ချင်းရဲ့ ဓားအောက်မှာ သေဆုံးသွားတဲ့ နတ်ဆိုးတွေရဲ့ ဝိဥာဉ်က မသန်မာသလို အားလည်းမနည်းခဲ့ဘူးလို့ လေလိုသဘောထားခံခဲ့ရတယ်။
ထပ်ပြောရမယ်ဆိုရင် ရေနတ်ဆိုးက ကောင်းတဲ့နတ်ဆိုးတော့မဟုတ်ဘူး။
ဖန်းလိက နှင်းလို ဖြူဖွေးနေပြီး အလွန်အမင်း သန့်စင်နေတဲ့ သူ့ရဲ့ လက်ကို ငုံကြည်လိုက်တယ်။ အကြောင်းပြချက်မရှိ လူတန်းစားမရွေ မရေမတွက်နိုင်အောင်များပြားတဲ့ လူတွေကို သူသတ်ခဲ့တာပဲ။ သူဒီမိစ္ဆာလမ်းကိုလျှောက်မယ်ဆိုပြီး ရွေးချယ်ပြီးကတည်းက သူ့ရွေးချယ်မှုတာဝန်က သူလုပ်ရမဲ့တာဝန်ပဲလေ။
သာမန်လူသားတွေအတွက်တော့ ရှဲ့ဟိုင်က သနားဂရုဏာထားပြီးစာနာတတ်တဲ့လူတစ်ယောက်ဖြစ်ပေမဲ့ သူ့လိုနတ်ဆိုးတစ်ယောက်အတွက်တော့ ရှဲ့ဟိုင်က သွေးအေးပြီး ရက်စက်တဲ့ လူသတ်သမားပဲ။
ဒါ့အပြင် သူတို့ကို(နတ်ဆိုး) သတ်လိုက်ခြင်းက လူတွေအတွက် ဘေးဒုက္ခကို ဖယ်ရှားပေးတဲ့ ကောင်းမွန်တဲ့လုပ်ရပ်ပဲလို့ ယူဆကြတယ်။
နတ်ဆိုးကာကွယ်ခုခံသူ.........
ဒါကနတ်ဆိုးတွေကို ဖယ်ရှားပြီး ခုခံတဲ့နည်းလမ်းတစ်ခုပဲ။ ရှဲ့ဟိုင်အခိုင်အမာယုံကြည်ထားတဲ့နည်းလမ်းတစ်ခု။
ဒါကိုစဉ်းစားလိုက်ပြီး ဖန်းလိရဲ့ စိတ်ထဲမှာ အတွေးတစ်ခုဖြတ်ပြေးသွားခဲ့တယ်။ တကယ်လို သူက ရေနတ်ဆိုးကို လွှတ်ပေးလိုက်ပြီး ပုံမှန်အတိုင်း ဆက်လုပ်နေမယ်ဆိုရင်တောင်မှ သူ့ရဲ့အဓိကဇာတ်ကြောင်းအပေါ်တော့သက်ရောက်မှာမဟုတ်ဘူး။ သူအရင်က ရှဲ့ဟိုင်အပေါ်လုပ်ခဲ့တာတွေက သူ့ကို အကြိမ်တစ်သောင်း ပြန်သတ်ဖို့တောင် လုံလောက်နေပြီ။
ဒါက စိတ်ကူးယဉ်ဆန်ပြီး မပြတ်သားတဲ့ကိစ္စဖြစ်နေရင်တောင် မူလဝတ္ထုမှာ အသည်းမာတဲ့ ရှဲ့ဟိုင်တော့မဟုတ်ခဲ့ဘူး။
သူ့ရဲ့သခင်နဲ့ မိသားစုကြား သွေးရန်စနဲ့ အရှက်တကွဲဖြစ်အောင် ပြည့်တန်ဆာအဖြစ် အခုထိ ပြန်ပေးဆွဲထားတုန်းပဲ။ ဒါဟာဆိုရင် ငါတို့အတူမရှိနိုင်ဘူး၊ ရှဲ့ဟိုင်တုန်လှုပ်သွားမှာကို ငါမကြောက်ဘူးလို့ ပြောဖို့ဟန်လုပ်နေတာမဟုတ်ဘူး။
ဖန်းလိက အနောက်ဘက်ကိုအနည်းငယ် ပြန်လျှောက်သွားလိုက်ပြီးတော့ အကာအဝေးတစ်ခုကနေ တံခါးမှာ
ဝူရိမေ့ မတ်တပ်ရပ်နေတာကို တွေ့လိုက်တယ်။သူ့(ဖန်းလိ)ကို စောင့်နေတာသေချာတာပေါ့။ သူ့(ဖန်းလိ)ကို တစ်ခုခုတင်ပြစရာရှိနေတဲ့ပုံပဲ။
ဝူရိမေ့က ခါတိုင်းလိုပဲ မျက်လွှာချထားတဲ့ပုံစံနဲ့ လေးလေးစားစားကြည့်ပြီး ပြောလိုက်တယ်။ "သံတမန်တွေက လင်းရှဲန်းစီရင်စုမှာရှိတဲ့ တခြားမသေမျိုးဂိုဏ်းတွေကို တိုကါခိုက်ဖို့အမိန့်ပေးလိုက်ပါပြီ။ ကြီးမားလှတဲ့ အင်အားကြောင့် ယန်ကျန်းချီးက လက်နက်ချလိုက်ပြီး လင်းရှဲန်းစီရင်စုမှာရှိတဲ့ တခြားမသေမျိုးဂိုဏ်းတွေကလည်း မခုခံနိုင်ခဲ့ဘူး။ အရှုံးပေးလိုက်ပြီး သံတမန်တွေက ဂျီတျဲန်းဂိုဏ်းအခွဲကို ရက်အနည်းငယ်အတွင်း တောင်ပေါ်ကို ဉီးဆောင်လာလိမ့်မယ်"
ဖန်းလိက ခေါင်းငြိမ့်လိုက်တယ်။ ဒီစာအုပ်ထဲမှာ တုမန်က ရန်ရွှီရဲ့ အဓိက အချစ်ပြိုင်ဖက်တွေထဲကတစ်ယောက်ပဲ။ ကြည့်ရတာတော့ မကြာခင် ဇာတ်ကြောင်းကြီးက အသက်ဝင်လာတော့မဲ့ပုံပဲ။
ဝူရိမေ့က တုမိန်အကြောင်းပြောပြီးတဲ့နောက် လွန်ခဲ့တဲ့သုံးလကအရေးကြီးတဲ့ အကြောင်းအရာတွေကို တင်ပြလိုက်တယ်။ သူ့(ဖန်းလိ)ရဲ့လက်အောက်က မိစ္ဆာဂိုဏ်းတွေအားလုံးက ဆက်သလာတဲ့ ဝိဥာဉ်ကျောက်တုံးပေါင်းက နှစ်သိန်းရှစ်သောင်းဖြစ်တယ်။ ဝိဥာဉ်ကျောက်တုံးအရင်းအမြစ်က အများကြီးရှိပေမဲ့လို့ ပိုလျှံတယ်ဆိုတာ မရှိခဲ့ဘူး။
မကြာခင်က နတ်ဆိုးကျင့်ကြံသူတွေ ဘယ်လောက်တောင်သတ်ခံခဲ့ရလဲ ကျန်းတောင်ဘယ်လောက်များများသတ်ခံခဲ့ရလဲ ဘယ်လောက်တောင်များဖမ်းခံခဲ့ရတာလဲဆိုတဲ့သက်သေပဲ။
(T/N-ကျန်းတောင်ဆိုတာက မှန်ကန်တဲ့လမ်းစဉ်ကို ကျင့်သုံးတဲ့သူလို့အဓိပ္ပာယ်ရပါတယ်)
သခင်က အမြဲတမ်းဒီတိုင်းပဲလား။ ဘာကိစ္စကိုမှအရေးမစိုက်တော့တာလား။ ဝူရိမေ့က တိတ်တဆိတ်သက်ပြင်းချရင်း တကယ်လို့ ဖူချုန်တောင်ကိုသာ သင့်တင့်လျောက်ပတ်စွာ နေရာမချထားရင် မမြင်ရတဲ့ အန္တရာယ်တွေအများကြီး ရှိလာနိုင်တယ်။ သခင်က ဒါကို ဂရုမပြုမိဘူး။ သူတစ်ယောက်တည်းကသာလျှင် ထိန်းသိမ်းရမဲ့သူလေ။
ဝူရိမေ့ဒီအကြောင်းအရာတွေကို လျှောက်တင်ပြီးတဲ့နောက် သူ့ရဲ့မျက်လုံးအိမ်တွေကို အနည်းငယ်လှုပ်ရှားလိုက်ပြီး ခဏတာ ဆိုင်းငံ့ပြီးနောက် ဆက်ပြောလိုက်တယ်။ " ကျွန်တော် ဒီနေ့ သခင်အနောက်ခြံတော်ကို သွားခဲ့တယ်ဆိုတာကို ကြားခဲ့ရတယ်။ ယုရီကျင်းကို ဒီညအိပ်ဖို့ အမိန့်ပေးခဲ့တာလား?"
ဖန်းလိသူ့ရဲ့ မျက်လုံးကိုပင့်လိုက်ပြီး "အင်း"
ဝူရိမေ့ကသူ့နှုတ်ခမ်းကို တင်းကြပ်သွာဖိကိုက်လိုက်တယ်။ သူဒီလိုကိစ္စမျိုးကို မပြောသင့်ဘူးမမေးသင့်ဘူးဆိုပေမဲ့ ဒီရှဲ့ဟိုင်ကို အရှင်ကတကယ့်ကိုလိုချင်.......
ဖန်းလိက ဝူရိမေ့က ဘာကိုစိတ်ပူနေလဲဆိုတာ မသိတော့ဘူး။ ဒီလိုဖြူရော်နေတဲ့ ဘုရင်အတွက် သူ့နှလုံးသားကို ခွဲချေလိုက်တဲ့ တော်ဝင်မျိုးနွယ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် သူက ဒီအလှလေးတွေအောက်မှာ ဝိဥာဉ်ကုန်ဆုံးသွားရင်း လိင်မှုကိစ္စကို အလွန်အကျွံစွဲလမ်းလာနိုင်တဲ့ အကြောက်တရားအပြင် မပိုလောက်ပါဘူး။
ဖန်းလိက ခဏလောက် တွေးလိုက်ပြီး နောက်ပိုင်းမှာ သက်ပြင်းဖျော့ဖျော့လေးချလိုက်တယ်။ ဝူရိမေ့ကို ကြည့်လိုက်ပြီး ဖြေးဖြေးလေးပြောလိုက်တယ်။ " မင်းစိတ်ပူစရာမလိုပါဘူး။ ရှဲ့ဟိုင်ကို ထိန်းသိမ်းထားရတဲ့ ကိုယ်ပိုင်အကြောင်းပြချက်တွေရှိတယ်။"
ဝူရိမေ့က သူ့ရှေ့ကလူကို ဗလာမဲ့ ငေးကြည့်လိုက်တယ်။ သူ့မျက်ဝန်းတွေက မတူညီတော့ဘဲ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။ သူ့စိတ်ကလည်း ပွင့်လင်းနေတယ်။ ရှဲ့ဟိုင်ရဲ့နာမည်ကိုထုတ်ပြောလိုက်တဲ့အချိန်မှာ လိုချင်တပ်မက်ခြင်းတွေပါဝင်နေတဲ့ အရိပ်အမြွက်အနည်းငယ်တောင် ရှိမနေဘဲ ရင်းနှီးကျွမ်းဝင်မှုလည်း ရှိမနေဘူး။ ရုတ်တရက် သူထင်လိုက်တာက သူ့အရှင်က ဒါကိုလုပ်ရတာ တကယ်ကို မကြိုက်ခဲ့တာလား? ရှဲ့ဟိုင်? တခြားအစီအစဉ်လား?
(ဟုတ်ပါတယ် ခများလေးတို့ထင်နေတဲ့အတိုင်းပါ..အိပ်ယာပေါ်က ကိစ္စပါ)
ဝူရိမေ့က တွန့်ဆုတ်တွန့်ဆုတ်နဲ့ပြောလိုက်တယ်။ "အရှင်...ဒါက....."
ဖန်းလိရဲ့အသံကတိုးနေပြီး ခန့်မှန်းလို့မရနိုင်ဘူး။ "မင်းဒါကို မေးစရာမလိုပါဘူး။ မင်းသိထားရမှာက မင်းက ငါ့ရဲ့အယုံကြည်ရဆုံးပဲ။ဒါကြောင့် ငါမင်းကို ဖုံးကွယ်မထားပါဘူး။"
အယုံကြည်....အယုံကြည်ရဆုံးလူ....
ဝူရိမေ့ခံနိုင်ရည်မရှိတော့ဘူး။ ဒါပေမဲ့ အကြည့်လွှဲလိုက်တယ်။
သူ့အရှင်က သူ့ကို ယန်ကျန်းချီးမှာ နောက်ဆုံးအကြိမ် ယုံကြည်တယ်လို့ ပြောခဲ့ပေမဲ့လည်း ဒါကအရှင်က သူ့ကို ယုံတယ်လို့ပြောတာ ဒုတိယမြောက်အကြိမ်ပဲ။ ဒါပေမဲ့ သူ့နှလုံးသားထဲမှာ အမှန်မဟုတ်ဘူးလို့ အမြဲခံစားခဲ့ရပေမဲ့ ဒီနေ့တော့ ဒီခံစားချက်က မရှင်းလင်းတာမဟုတ်နိုင်တော့ဘူး။ သူ့အရှင်က သူ့ကိုတကယ်ယုံကြည်ထားတာပဲ။ ဒါတင်မကဘူး သူ့ကို ယုံကြည်အားထားဖို့ပါ ဆန္ဒရှိတာပဲ။
ဝူရိမေ့က သူ့မျက်လုံးတွေကို မှိတ်လိုက်တယ်။ သူက ဒီလူ(ဖန်းလိ)နောက်လိုက်ခဲ့တာ ဆယ်နှစ်ရှိနေပြီ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့အခက်ခဲဆုံးအချိန်တုန်းက သူက သူ့ကို လက်ကမ်းပေးခဲ့လို့ပဲ။
ဒါပေမဲ့ သူ့ဘဝကို တယ်တင်ပေးခဲ့တဲ့အတွက် ပြန်ပေးဆပ်တဲ့အနေနဲ့ ဒါကိုလုပ်နေတာလား?။
မဟုတ်ဘူး၊ ဖြစ်နိုင်တာက သူ့မှာသွားစရာနေရာမရှိလို့။ ထောင်လွှားမှုမရှိတဲ့သူက သေတဲ့အထိ တက်နင်း ခံရနိုင်တယ်။ သူ့ကို ရည်မှန်းချက်နဲ့ မျှော်လင့်ချက်ကို ပေးခဲ့တဲ့သူဖြစ်ခဲ့လို့ပဲ။ ဒီလူနဲ့အတူ ဆယ်နှစ်ကြာအောင် ရွှံ့တွေကို တစ်လှမ်းပြီးတစ်လှမ်းဖြတ်ကျော်ခဲ့တာ။ ဒီလူအတွက် အတားအဆီးတွေကို ဖြတ်ကျော်ရတာ အကျင့်တစ်ခုလိုတောင်ဖြစ်နေပြီ။
ဒါပေမဲ့ ဒီလူအပေါ့်ကို ဝူရိမေ့က ခံစားချက်မရှိဘူးဆိုတာကို ရှင်းလင်းအောင်လုပ်နေခဲ့တယ်။ သူ့မှာမရှိတာကို သူပေးမှာ မဟုတ်ဘူး။ သူဘယ်တုန်းကမှ အခြားအရာတွေအတွက် တောင်းဆိုဖို့ မစဉ်းစားခဲ့ဖူးဘူး။ ဘာလို့လဲဆိုတော့ သူမလိုအပ်လို့ဘဲ။
သူတို့တွေက တကယ်တော့ အသူရာချောက်နက်နဲ့ ငရဲကို သွားတွားသွားနေကြတဲ့ လူသားဆန်တဲ့ခံစားချက်တွေကို စွန့်ပယ်ပြီး အလောင်းကောင်ကြီးကလမ်းလျှောက်နေသလို လူတွေလိုပဲ။
ဒါပေမဲ့ သူဒါကိုမသိခင်မှာ ပြောင်းသွားတယ်။ သူတွေးထားတာတွေထက်ပိုပြီး ရရှိခဲ့မယ်ဆိုရင် ဒီလူက ခံစားချက်လုံးဝမရှိတာတော့မဟုတ်ဘူး။ ဒါကြောင့် ယုံကြည်ခံရတဲ့ခံစားချက်က.............
ပြီးတော့ ငါကဂရုစိုက်တဲ့ပုံလည်းမပေါ်ဘူး။
ဝူရိမေ့က လက်သီးကို ကျစ်ကျစ်ဆုပ်လိုက်တယ်။
သူတို့လို လူမျိုးအတွက် ယုံကြည်တယ်ဆိုတဲ့ စကားလုံးက တန်ဖိုးရှိတယ်ဆိုတာထက်တောင် ကျော် လွန်နေပြီ။