Obsessive Love
By sean16902
79.2K 3.7K 97
လင်ပါသားနဲ့ မယားပါသားတို့ နှစ်ယောက်ကြားက ... အဟွတ်အဟွတ်တွေပေါ့ 🌚 လင်ပါသားနဲ့ မယားပါသားတို့ နှစ်ယောက်ကြားက... More
စွဲလမ်းသော အချစ် ( အပိုင်း၁)
စွဲလမ်းသော အချစ် ( အပိုင်း၂)
စွဲလမ်းသော အချစ် (အပိုင်း ၄)
စွဲလမ်းသောအချစ် (အပိုင်း၅)
စွဲလမ်းသော အချစ်(အပိုင်း6)
စွဲလမ်းသောအချစ် (Part7)
စွဲလမ်းသောအချစ် (အပိုင်း၈)
စွဲလမ်းသော အချစ် (အပိုင်း9)
စွဲလမ်းသောအချစ် (အပိုင်း၁၀)
စွဲလမ်းသော အချစ်(အပိုင်း၁၁)
စွဲလမ်းသော အချစ်( အပိုင်း၁၂)
စွဲလမ်းသော အချစ် (အပိုင်း ၁၃)
စွဲလမ်းသောအချစ် (အပိုင်း၁၄)
စွဲလမ်းသောအချစ် (အပိုင်း၁၅)
စွဲလမ်းသော အချစ်(အပိုင်း ၁၆)🔥
(အပိုင်း၁၇) ဇာတ်သိမ်းပိုင်း
စွဲလမ်းသော အချစ် ( အပိုင်း၃)
4.5K 264 4
By sean16902
Unicode:
Xiao Zhan ဝမ်အိမ်တော်ကိုရောက်တာ...၂လပြည့်ပြီး ၊ ဒီနှစ်လအတွင်း...ဝမ်ရိပေါ်အကြောင်းကို သူကောင်းကောင်းသိနေပြီး။ Wang Yiboက သူတို့သားအမိနှစ်ယောက်ကို သဘောမကျဘူး။
ဒါပေမယ့် ဝမ်ဦးလေးနဲ့ရှောင်းမားမားအရှေ့ကျ ကောင်းပြပြီး နောက်ကွယ်ကျ ကျန့်ကျန့်ကို အနိုင်ကျင့်လိုက်တာမှ။
မနက်ဖြန် ကျောင်းပြန်တတ်ရတော့မှာမလို့ ညနေ့စောင်းလေး လမ်းလျှောက်ထွက်ရင်း
အိမ်အနီးနား Super Marketမှ  လိုအပ်တာတွေဝယ်ပြီး ပြန်အလာ....
'ကျွီ'
ဘေးမှအသံမြည်အောင် ကပ်ရပ်လိုက်သော ဆိုင်ကယ်တစီးကြောင့် ၊ရှောင်းကျန့်လဲ
လန့်ပြီး
ခြေနှစ်လှမ်းလောက် နောက်ဆုပ်မိသွားတယ်။
"ဝမ်သခင်လေး"
မြင်လိုက်ရတဲ့မျက်နှာကြောင့် လက်ထဲက ကိုင်ထားတဲ့ ပစ္စည်းတွေကိုဆုပ်ကိုင်ထားလိုက်မိတယ်။
ဒီလူက ကျန့်ကျန့်ကို ဘာဒုက္ခပေးအုံးမလို့လဲမသိဘူး။
" လာ...တတ်"
ဝမ်ရိပေါ် ဟက်မက်စ်ကို လှန်တင်လိုက်ပြီး...သူ့ကိုကြောင်တောင်တောင်ကြည့်နေတဲ့ရှောင်းကျန့်ကို ခေါ်လိုက်တော့.... မျက်လုံးဝိုင်းဝိုင်းကြီးတွေနဲ့ လူကိုစိုက်ကြည့်နေတယ်။
" အိမ်ရောက်တော့ မှာမလို့ ကျန့်ကျန့် ကိုယ်ဘာသာ
ပြန်လာခဲ့ပါ့မယ်"
'ကျစ်' ဝမ်ရိပေါ်စိတ်မရှည်တော့ဘူး။
အိမ်ရောက်တော့ မှာသိသားပဲ။ ဒီဟာလေး ဆိုင်ကယ်မစီးရဲမှန်းသိလို့ တမင်သက်သက် ခေါ်နေတာကိုမလာပဲ ပေကပ်ကပ်လုပ်နေတဲ့ရှောင်းကျန့်
ကြောင့် ခေါင်းပေါ်က ဟက်မက်စ်ကိုချွတ်ပြ ပြီး လက်ညှိုးထိုးပြလိုက်သည်။
" ဒါ...ဘာလဲ..သိလား..ရှောင်းကျန့်"
"သိတယ် လေ...ဆိုင်ကယ်ဦးထုပ်ကြီးကို.."
" အေး...အရစ်ရှည်နေအုံးမယ်ဆိုရင်
မာနေတဲ့ အဲ့ခေါင်းကို ဒါနဲ့ရိုက်ခွဲပစ်မယ်...အခု.. ဆိုင်ကယ်ပေါ် တတ်!...."
ရှောင်းကျန့်လဲ ဆက်မငြင်းရဲတော့ဘူး..။
ဝမ်သခင်လေးက  စိတ်မှန်တဲ့လူမဟုတ်တော့ ကျန့်ကျန့်ကပဲ အလျော့ပေးလိုက်ပါမယ်လေ ။
ကိုယ်က အငယ်ပဲ။
အနားတွန့်ဆုတ်စွာ..လာရပ်နေတဲ့ရှောင်းကျန့် ခေါင်းပေါ်..ကို.. စောက ချွတ်ထားတဲ့ ဟက်မက်စ်စောင်းပေးလိုက်တယ်။
" မင်း..သေချာကိုင်ထားနော်...ပြုတ်ကျရင် ပြန်ကောက်မတင်ဘူး..ထားခဲ့မယ်..ကြားလား"
ဝမ်ရိပေါ် လေသံမာမာနဲ့ပြောလိုက်တော့ ခေါင်းတဆက်ဆက်ညိမ့်ပြလာတဲ့အကောင်ပေါက်လေး..ကြောင့်
ရိပေါ်လဲ မဲ့ပြုံးပြုံးပြီး...ဆိုင်ကယ်စက်နှိုးကာ..
' ဝူး..ဘွန်း..' 
အရှိန်ပြင်းစွာမောင်းထွက်လာတဲ့ ဆိုင်ကယ်ကြောင့် လူကအနောက်သို့ လန်ကျမှာ
ကြောက်တာကြောင့် ရှေ့ကလူကြီးရဲ့ခါးကိုတင်းကြပ်နေအောင်ဖက်ထားလိုက်သည်။
ထိုလက်သေးသေးလေးကို ကြည့်ပြီး ဝမ်ရိပေါ်
အကျင့်ယုတ်စွာအရှိန်ထပ် တင်လိုက်တော့..
" Arr...မားမားရေ.
ကျန့်ကျန့်ကို ကယ်ပါအုံး..ဝမ်ကိုကိုလေး အရှိန်လျော့ပါအုံး..ကျန့်ကျန့်ကြောက်တယ်..အီးဟီး..."
ဆိုင်ကယ်ပေါ်တွင် အကြောက်လွန်ပြီး ငိုနေသော
ကောင်လေးနှင့်  ကျေနပ်စွာ ရယ်မောနေသော
ကောင်လေးတယောက်ရဲ့အသံရယ်...ဆိုင်ကယ်သံ
တဝူးဝူးနဲ့ လီဗာဆွဲသံတို့ကြောင့် လမ်းကြားထဲဆူညံသွားတော့သည်။
_______♥_______
" အူးဝါး...ဝမ်ကိုကိုလေးအနိုင်ကျင့်တယ်"
ရပ်ကွက် ကို ၇ပတ်လောက် ပတ်မောင်းပြီး...နောက်ဆုံး ဝမ်ရိပေါ်တို့နှစ်ယောက် အိမ်ပြန်ရောက်လာတယ်။ ဒါတောင် အကောင်ပေါက်က ဆိုင်ကယ်ရပ်ပြီးနေတာကို ငိုနေတုန်းမို့၊ ရိပေါ်လဲ နားညီးလာပီး၊ ထိုကြောင့် ....ရိပေါ်လဲ ရှေ့ကဟာလေးကို ပိတ်ဟောက်လိုက်တယ်..။
" အခု အငိုတိတ်မလား..အသက်ရှုကြပ်တဲ့အထိ.ဖက်နမ်းပစ်လိုက်ရမလား.ရှောင်းကျန့် "
သူ့စကားလဲဆုံးရော... အရှေ့ကဟာလေးငိုနေတာ..တိကနဲ့ရပ်သွားတယ်။ ဒီဟာလေးက သူနမ်းမှာတော့ ကြောက်သား...ပဲ။
ကျန့်ကျန့်အခုဘာကြားလိုက်တာလဲ၊
ဝမ်ရိပေါ်က သူ့ကိုနမ်းမယ်လို့ပြောလိုက်တာလား..
ဟွန့်..ဒီလူ..နှာဘူးကြီး။
ရှောင်းကျန့်လဲ...အရှေ့ကလူကို မျက်စောင်းထိုးပြီး၊ခြေဆောင့်ကာ...အိမ်ထဲဝင်လာခဲ့သည်။
ကျန်ခဲ့တဲ့လူတယောက် ကတော့ ဒီအပြုအမှုလေးကို မသိစိတ်ထဲမှာ..ချစ်ဖို့ကောင်းတယ်လို့မြင်နေပါသတည်း။
______♥____
"ကျန့်ကျန့် သား...ကြာလိုက်တာကွယ်"
" မား"
အိမ်ထဲဝင်ဝင်ချင်း ကြားလိုက်ရတဲ့ရှောင်းမားမားအသံ၊ ရှောင်းကျန့်ပြန်မဖြေရသေးခင်..သူ့အနောက်က ကပ်လိုက်လာသော...ဝမ်ရိပေါ်က...
" အန်တီ... ကျွန်တော်...ရှောင်းကျန့်ကို လမ်းမှာ
တွေ့လို့ခေါ်လာတာ..လမ်းလျှောက်ရင်. သူ့ပင်ပန်းမှာစေလို့လေ"
ရှောင်းယွမ်ကတော့..ဝမ်ရိပေါ်ရဲ့ အပြောတွေမှာ...မြောလို့ပေါ့...ဒီလို့ကျ သားရိပေါ်လေးက စိတ်ကောင်းရှိသားပဲ။
" အေးပါကွယ်..အန်တီလဲ သားနဲ့ဆို ကျန့်ကျန့်ကိုစိတ်ချပါတယ်ကွယ် "
ကျေနပ်ပြုံးလေးနဲ့ပြောနေသော...ဒေါ်ရှောင်းယွမ်ကို
ကြည့်ပြီး ဝမ်ရိပေါ်စိတ်ထဲ ကြိတ် လှောင်နေလိုက်တယ်။ပြီးတော့ ဘေးနားမှာ ကြောင်တောင်တောင်လေးဖြစ်နေတဲ့ ရှောင်းကျန့်လက်ထဲက အထုပ်တွေကို ဆွဲယူလိုက်တယ်။
"လေးတယ်...ကလေးရဲ့..ကိုယ်အခန်းထဲထိလိုက်ပို့ပေးမယ်နော်''
အလကား..အပိုတွေ။ ဒီလူကြီး..မျက်နှာ နှစ်ဖက်နဲ့လူ၊ သိပ်ကြောက်ဖို့ကောင်းတယ်။
Xiao Zhanမျက်နှာက တော့ ရှုံ့မဲ့နေတာပဲ။
" သားကျန့်ကျန့်...ကိုကို့အပေါ်မှာ မဆိုးရဘူးနော်"
"..မား..ကျွန်တော်..."
သူ့စကားပင်မဆုံးသေး..ရိပေါ်က ...သူ့ပခုံးအား
ဖက်ကာ....
" မနက်...ရှောင်းကျန့်ကို ...ကျွန်တော်နဲ့အတူတူ ကျောင်းသွားဖို့...အန်တီကို ခွင့်​တောင်းပါတယ်"
ကလေးတွေအဆင်ပြေတာပဲမြင်ချင်တဲ့ရှောင်းမားတယောက်ကတော့ ဝမ်ရိပေါ်အပြောကိုသဘောတူပြီးသားပဲ၊ ကလေး တွေရင်နှီးလေ... ပိုကောင်းလေပဲမဟုတ်လား။
"သားသဘောပါကွယ်...သားညီလေးကို..ကျောင်းမှာစောင့်​ရှောက်ပေးပါအုံး"
ဝမ်ရိပေါ်...ခေါင်းတချက်ငြိမ့်ပြပြီး...ရှောင်းကျန့် ပခုံးကိုဖက်ကာ..အပေါ်ထပ်အခန်းသို့ တတ်လာခဲ့တယ်။ရှောင်းကျန့်နားနားသို့ကပ်ပြီး....
" ဟက်...မင်းအမေကိုအရူးလုပ်ရတာ..လွယ်သားပဲ"
လှောင်ရီသံနဲ့ပြောလာတဲ့ရိပေါ်ကြောင့် ရှောင်းကျန့် ဒေါသထွက်သွားတယ်။
"ခင်ဗျား ကြီး..ကျုပ်အမေကိုမစော်ကားနဲ့"
မျက်ရည်လေးတွေဝဲကာ...ပြန်ပြောလာတဲ့ရှောင်းကျန့်ကိုကြည့်ပြီး..ဝမ်ရိပေါ် ထပ်မပြောမိ၊တကယ့်အမေချစ်သားပဲ။
အပေါ်ထပ်အခန်းရှေ့ရောက်မှ....ဖက်ထားတာကို လွှတ်လိုက်ပြီး....အခန်းထဲ ဝင်ရန်အပြင်..သူ့လက်ကောက်ကို ဆွဲကိုင်လာတဲ့ လက်သေးသေးလေးတွေကြောင့် အနောက်ကိုပြန်လှည့်ကြည့်လိုက်တော့....သူ့ကို.ငိုပီး​ ကြည့်နေတဲ့ ရှောင်းကျန့်။
"ခင်ဗျား...ကျူပ်တို့သားအမိကိုအဲ့လောက်တောင်မုန်းတာလား"
" အင်း မုန်းတယ် " ဝမ်ရိပေါ် စိတ်ထဲမပါတာပြောလိုက်တယ်။
ရှောင်းကျန့်တို့သားအမိကိုသူမမုန်းပါဘူး။
ဒါပေမယ့် စိတ်ချမ်းသာနေတာကိုမမြင်ချင်လို့ တမင်သက်သက် စိတ်ဒုက္ခပေးနေတာ။
"ကျွန်တော်လဲ...ခင်ဗျားကြီးကို အမြင်ကပ်တယ်
လူယုတ်မာကြီး.. "
"မင်း!!...''
သူ့စကားမဆုံးခင် ဟိုဟာလေးက အခန်းထဲဝင်သွားသည်။တကယ် ယုတ်မာလိုက်လို့ ကျော်မကောင်း၊ကြားမကောင်းတွေဖြစ်ကုန်တော့မယ်။
ဒီဟာလေးကတော့နော်။
THE END💙
Zawgyi:
(Part-3)
"ဝမ်သခင်လေး"
ဒိလူကို ကျန့်ကျန့်ကို ဘာဒုက္ခပေးအုံးမလို့လဲမသိဘူး။
" လာ...တတ်"
ပြန်လာခဲ့ပါ့မယ်"
အဲ့တုံးနေတဲ့ ခေါင်းကို ဒါနဲ့ရိုက်ခွဲပစ်မယ်...အခု.. ဆိုင်ကယ်ပေါ် တတ်!...."
ကိုယ်က အငယ်ပဲ။
' ဝူး..ဘွန်း..' 
" Arr...မားမားရေ.
______________
ဟွန့်..ဒီလူ..နှာဘူးကြီး။
__________
" မား"
"လေးတယ်...ကလေးရဲ့..ကိုယ့်အခန်းထဲထိလိုက်ပို့ပေးမယ်နော်''
"..မာ..ကျွန်တော်..."
ဖက်ကာ....
" အွန်း" ဝမ်ရိပေါ် စိတ်ထဲမပါတာပြောလိုက်တယ်။
လူယုတ်မာကြီး.. "
"မင်း!!...''
ဒီဟာလေးကတော့နော်။
THE END
စာတွေရှည်ရင် ဖတ်ရတာပျင်းလား??
Like & Comments တွေရချင်ပါတယ်နော်..
Thanks For Like&Comments
Continue Reading
You'll Also Like
864K 19.7K 48
In wich a one night stand turns out to be a lot more than that.
394K 24K 83
Y/N L/N is an enigma. Winner of the Ascension Project, a secret project designed by the JFU to forge the best forwards in the world. Someone who is...
176K 5K 68
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
599K 30.3K 59
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...