" ဘာလဲ " မို့ရွှီတုန်းသည် သူ၏အမေးကို လျင်မြန်စွာသတိမထားမိပေ။ သူမသည် သူ့အကြည့်နောက်ကို လိုက်ကာ သူမလက်ပေါ်ရှိ ဒဏ်ရာကို ကြည့်လိုက်သည်။
"တို့ အဆင်ပြေပါတယ် ၊ တို့ခုနက တိုက်မိသွားတာ ၊ မင်းသား ၊ မင်းရဲ့ အကြီးဆုံးအစ်ကိုကြီးနဲ့ပတ်သက်ပြီး ထူးဆန်းတာတစ်ခုရှိတယ်။ အခုက အလွန်လှပသောညဖြစ်ပြီး သူ့ဘေးမှာလည်း လှပသော အမျိုးသမီးတစ်ဦးရှိသေးတယ် ။ ဒါပေမဲ့ သူမှာ ချွန်ထက်သော လက်နက်များစွာ ဝှက်ထားတယ် ။ အဲဒါ လုံးဝမကောင်းပါဘူး။ "
စောစောက လင်းဖန်ရန်က သူမကို ရှောင်ဖယ်ပြီးနောက် သူမက ဖန်ယုရှောင်ဆီသို့ တိုက်မိသလို့ မတော်တစ်ဆတစ်ခုကို တမင်ပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ ဖန်ယုရှောင်ရဲ့ ရင်ဘတ်မှာ ကြိမ်လုံးပုံသဏ္ဍာန် အရာဝတ္ထုတစ်ခု ရှိနေတယ်။ မို့ရွှိတုန်း လဲကျသွားစဉ် ၎င်းကို ထိလိုက်သည်နှင့် ဓားတိုသွားသလို ခံစားရသည်။ ဖန်ယုရှောင်သည် လင်းဖန်ရန်နှင့် လမ်းများတစ်လျှောက် လမ်းလျှောက်နေစဉ် လက်နက်တစ်ခု ထုတ်လာခဲ့သည် ။ ဒါက အရမ်းထူးဆန်းတယ်။
လင်းဖန်ရန်သည် စောစောက ဘာမှမပြောခဲ့သော်လည်း သူမရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ သူမသည် မင်းသားချူးနှင့် နှစ်ယောက်တည်း အချိန်ဖြုန်းချင်သည်။ အကယ်၍ သူမ မှားယွင်းစွာ မှတ်မိခြင်းမဟုတ်ပါက ဧကရီသည် တတိယမင်းသားရန်ကို ထောက်ခံသည်။ သို့သော် မင်းသားချူကို လိုက်ပို့ရန် သူ၏အလှဆုံးတူမကို အဘယ်ကြောင့် တောင်းဆိုရသနည်း ။
ဖန်ယုလန် အရင်ကပြောခဲ့ဖူးတာကို သူမကြားလိုက်ရသည်။ သူဆိုလိုတာက မင်းသားရန် ၊ ဖန်ယုလိက လင်းဖန်ရန်ကို စိတ်ဝင်စားခဲ့တယ်။ မင်းသားရန်က သူမကို သဘောကျတယ်ဆိုရင် သူကဘာလို့ သူမကို မင်းသားချူးဆီ ပေးလိုက်ရသနည်း ။ ဒီကြားမှာ ကိစ္စတစ်ခုခုရှိနိုင်ပြီး ထိုအရာသည် သူမ ဂရုမစိုက်သင့်သော အရာများဖြစ်သည် ။ ဒါပေမယ့် ဖန်ယုလန်က သူမကို အကြိမ်ကြိမ်ကူညီခဲ့တဲ့အတွက် သူမသည် သူ့အမြင်ကနေ သဘာဝကျကျ စဉ်းစားမိလိမ့်မယ်။ စောစောက မတော်တဆထိခိုက်မိတာက ဖန်ယုလန်အတွက် ဖန်ယုရှောင်ကို စစ်ဆေးဖို့ သူမ ကူညီပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။
"မင်းက ကျုပ်ကို ကူညီပေးဖို့ အစ်ကို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ဆေးခဲ့တယ်လို့ ဆိုလိုတာလား။" ဖန်ယုလန်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် သူမစကားရဲ့ လေးနက်တဲ့ သက်ရောက်မှုတွေကို သူ ဂရုမစိုက်ဘူး။ သူ၏ကြည့်ကောင်းသော အပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ် ပေါ်လာပြီး ရုတ်တရတ် အလွန်သဘောကျ ကျေနပ်သွားသည် ။သူသည် သူမလက်ကို မလွှတ်ခင် နူးညံ့စွာ နမ်းလိုက်သည်။
ထိုအရာကြောင့် မို့ရွှီတုန်းသည် ဒေါသရဲ့ ကန့်သတ်ချက်တွေကို ရောက်သွားပုံရတယ်။
ဒီလူက သူမပြောနေတဲ့ အရေးတကြီးကိစ္စကို ဘယ်လိုမှ နားမလည်ဘူးလား။
လှပသောအမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခြင်းသည် ပြေပြစ်သောစီးပွားရေးတစ်ခုဖြစ်သည်။ ဘာ့ကြောင့် လက်နက်တွေ ယူလာဖို့ လိုတာလဲ။ သူသည် များသောအားဖြင့် အလွန်ထက်မြက်သည် ။ သို့သော် သူက ဒီနေ့ ဘာလုပ်စရာရှိလို့လဲ ။
"အရှင်မင်းသား ၊ မင်းကတို့ကို အကြိမ်ကြိမ်ကူညီခဲ့တယ်၊ ဒါကြောင့် မင်းရဲ့ကြင်နာမှုကို တို့ပြန်ဆပ်ရမှာက လုပ်သင့်တာပဲ ။ စောစောက တို့ပြောခဲ့တဲ့စကားတွေကို မင်းပိုစဉ်းစားသင့်တယ်" မို့ရွှီတုန်းက သူမလက်ကို ဆွဲယူလိုက်ပြီး သူ့ကိုသတိပေးရင်း သူ့လက်ကို တွန်းထုတ်လိုက်သည်။
သူသည် သူမအား အကြိမ်ပေါင်းများစွာ ကူညီခဲ့ဖူး၍ သူမက အကြွေးပြန်ဆပ်ခဲ့တယ်တဲ့လား??? သို့သော် ထိုအရာများကို သူက သိထားခဲ့ပြီးသားလေ????
ဖန်ယုလန်က အတော်လေး စိတ်မချမ်းသာသလို ဖြစ်ပြီးသူ့အမူအရာက မှောင်သွားတယ်။ သူက အေးစက်စက်နဲ့ ပြောလေသည် ။ " မင်းကို ကျုပ်အကြိမ်ကြိမ် ကူညီခဲ့ပြီး မင်းရဲ့အသက်ကိုတောင် ကယ်ခဲ့တယ် ၊ ဒါကလည်း အဆင်ပြေပါတယ် ၊ မင်းက မင်းရဲ့ကြင်နာမှုကို ပြသချင်တယ်ဆိုရင် ကျုပ်ကို လက်ထပ်ပြီး ကျေးဇူးပြန်ဆပ်လို့ ရပါတယ် ။ ဒါပေမယ့် မင်းကျုပ်ကို ဒီလိုသေးငယ်တဲ့အရာတွေနဲ့ အကြွေးပြန်ဆပ်လို့ မရဘူး ။ ကျုပ်ကို လှည့်စားဖို့ လွယ်တယ်လို့ မင်းတကယ်ထင်နေလား ! "
သူ ဒေါသထွက်သွားတာလား ?? မို့ရွှီတုန်းက သူ့ကို ထိတ်လန့်စွာ ကြည့်ကာ ပါးစပ်ကို ဖွင့်လိုက်သည်။ သူ့အတွေးတွေကို သူမ လိုက်မမှီနိုင်ပေ ။
မင်းသားရှောင်က တကယ့်ကို နားလည်ရခက်တယ်။ သူခဏတုန်းက အရမ်းပျော်နေသေးပေမယ့် အခုတော့ အားလုံးက မှောင်မဲနေပြီး အုံ့မှိုင်းနေတယ်။ သူမသည် သူ့ကို စိတ်ကျေနပ်စေရန်အတွက်သာ ပြုလုပ်ခဲ့သော်လည်း သူသည် သူမကို လှည့်စားဖို့ ကြိုးစားနေသလို ပြောခဲ့သည် ။
အကယ်၍ သူသည် ဧကရာဇ်ဇုန်ဝမ်၏ အမြင့်မြတ်ဆုံးသော အဋ္ဌမမြောက်မင်းသားမဟုတ်ပါက၊ တန်ခိုးကြီးသောမင်းသားရှောင်သည် သူမ စော်ကားရန် မတတ်နိုင်သူမဟုတ်ပါက မို့ရွှီတုန်းသည် ဟိုးရှေးရှေးကတည်းက သူကို ရိုက်နှက်ပြီး ထွက်ခွာသွားပေလိမ့်မည်။
သူမသည် သူကို လှည့်ကြည့်လိုက်သည်။ နေရာတိုင်းမှာ လူတွေရှိနေတယ် ။ မို့ရွှီတုန်းသည် သဘောထားသေးသိမ်သူနှင့် ရန်မဖြစ်ချင်ပေ ။ အခုအခြေအနေက သူမဘက်မှာ ရှိမနေဘူး ။ သူသာ သူမကိုထားသွားခဲ့ရင် သူမ မိုစံအိမ်ဆီ ပြန်ဖို့လမ်းရှာနိုင်မှာ မဟုတ်ဘူး။ ထို့အပြင် သူ မပါဘဲ တံတိုင်းကို သူမ ဖြတ်ကျော်သွားနိုင်မှာ မဟုတ်ဘူး ။ သူ့ကို အခုချက်ချင်း စော်ကားတာက ပညာရှိသူတွေရဲ့ လုပ်ရပ် မဟုတ်ဘူး။
သူမသည် သူမ၏ ဂုဏ်သိက္ခာကို မထိခိုက်စေချင်ပါဘူး။
"အရှင်မင်းသားက တို့နဲ့စကားပြောရတာ မနှစ်သက်တဲ့အတွက် တို့ကိုအိမ်ပြန်ပို့ပေးပါ ၊ ဒီနေ့ မင်းရဲ့ဧည့်ဝတ်ပြုမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်" မို့ရွှီတုန်းက ယဉ်ကျေးစွာ ဆဲဆိုလိုက်သည်။
"အဲဒါကို မစဉ်းစားနဲ့!" ဖန်ယုလန်က ရုတ်တရက် ဒေါသဖြစ်သွားတယ်။ သူသည် ခေါင်းကို ဘေးဘက်လှည့်ကာ သူမကို မကြည့်တော့ပေ ။
သူ ဒေါသထွက်နေသလား။ မို့ရွှီတုန်းသည် အတော်လေး ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ သို့သော် ဤကိစ္စကို ထည့်သွင်းစဉ်းစားရမည့်အချိန်မဟုတ်ကြောင်း သူမသိသည်။ သူမ သူ့ကို အရင် ချော့ရမည် ။
"အရှင်မင်သား ၊ မင်းသားရှောင် !" မို့ရွီတုန်းက သူ့ကို ဘယ်အရာက စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လဲဆိုတာ အမှန်မသိပေ ။ သူမသည် သူ့ကို လှည့်ကြည့်ကာ ပြုံးပြသော်လည်း သူ့ခေါင်းက သူမနှင့် ဝေးသွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ သူမကို ဂရုမစိုက်တော့ဘူးလား။ ဒီလူကို ကျေနပ်စေဖို့ အရမ်းခက်တယ်။
မို့ရွှီတုန်းက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ရုတ်တရက် တိုးတိုးလေးပြောလိုက်သည် ။ " အရှင်မင်းသားက တို့ကို မမြင်ချင်တော့ တို့တစ်ယောက်တည်း အိမ်ပြန်တော့မယ်။ တို့အိမ်ကို ပြန်သွားပြီး အပြင်ကို တစ်ယောက်တည်း တိတ်တိတ်လေး ထွက်လာခဲ့တယ်ဆိုတာ ဝန်ခံလိုက်မယ်"
ထို့နောက် သူမသည် တစ်ဖက်သို့လှည့်ကာ အခြားဘက်သို့ ဦးတည်သွားခဲ့သည်။
သူ့နောက်မှာတော့ ဖန်ယုလန်က အနည်းငယ် လှုပ်သွားပါတယ်။ ထို့နောက် ချက်ချင်းပင် သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ သူမဘာသာသူမ အိမ်ပြန်ဖို့ သတ္တိရှိမယ်လို့ သူ မယုံဘူး။ သူ သူမကို ကြည့်နေသည် ။
သူမသည် ထွက်သွားတော့မယ်လို့ ပြောပေမယ့် ဖြည်းဖြည်းချင်းသာ ရွေ့လျားနေတယ်။ သူသည် သူ့ကိုယ်သူ အေးစက်စွာ ရယ်မောလိုက်သည်။ ဒီကောင်မလေးက သူ့ကို လိမ်ဝံ့တယ် !
ဟမ် ၊ အရမ်းကောင်းပါတယ်။ သူမသည် သူနှင့်အတူ ကစားချင်ခဲ့သည်။ ကောင်းတယ် ! သူသာ ဆက်လျစ်လျူရှုထားရင် သူမဘာလုပ်မှာလဲ။ မိုအိမ်တော်သို့ ပြန်ရောက်သောအခါတွင် သူမသည် အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မည်ဟု သူ မယုံကြည်ခဲ့ပေ။ ဒီလောက် တိတ်တဆိတ်အပြင်ထွက်လာတာကို သူမ ဘယ်လိုရှင်းပြနိုင်မလဲ။
"နင် တို့ကို တကယ် လျစ်လျူရှုမှာလား" မို့ရွီတုန်းက ဉာဏ်ရည်ထက်မြက်ပြီး မှန်းလို့မရတဲ့လူကို ဆန့်ကျင်တဲ့ စိတ်ကူးတွေ အမှန်တကယ် မရှိသင့်တာကို မို့ရွှီတုန်း သဘောပေါက်သွားတယ်။ ပိုဆိုးတာက သူမ အကူအညီ တောင်းဖို့သူက ဖန်ယုလန်တစ်ဦးတည်းသာ ရှိသည် ။ သူမသည် ဤမျှမြင့်သော နံရံကို ကျော်တက်နိုင်သူကို ဖန်ယုလန်မှလွဲ၍ မည်သူမျှကို ရှာမတွေ့နိုင်ပေ။ အခု မိုဖန်သည် အနားမှာ မရှိတော့ဘူး ဆိုတာ သေချာပါတယ်။ မိုဖန်းသည် သူမပိုင်မဟုတ်ဟု သူမတွေးလိုက်သည်။
"မင်းသားရှောင် ၊ မင်းတို့ကို မကူညီရင် တို့မင်းသားချူးကို သွားမေးမယ်၊ မင်းသားချူးက အဲဒီလမ်းကို စောစောက ဆင်းခဲ့တယ် မဟုတ်လား ၊ ငါတို့ မကြာသေးခင်ကပဲ လမ်းခွဲခဲ့တာမို့ သူဝေးဝေးမရောက်နိုင်ဘူးလို့ တို့ယုံကြည်တယ် ။" မို့ရွှီတုန်းသည် သူမရပ်နေသည့်နေရာမှ ဝမ်းနည်းစွာပြောသည်။ သူမသည် ကိုယ့်ကိုယ်ကို သနားကာ သက်ပြင်းချ၍ ကံကြမ္မာကို လက်ခံပြီး တစ်ဖက်သို့ လှည့်လိုက်သည်။ ထိုလမ်းသည် ဖန်ယုရှောင်နှင့် လင်းဖန်ရန်တို့ စောစောက ဆင်းခဲ့သောလမ်းဖြစ်သည်။
ဒီကောင်မလေးက သူ့ကို ခြိမ်းခြောက်တာတော့ အမှန်ပဲ။ ဖန်ယုလန် ဒေါသထွက်သွားသည်။ သူသည် နံရံကို မှီလိုက်သည်။ ဒီကောင်မလေးက ဖန်ယုရှောင်ကို တကယ်သွားတွေ့မယ်လို့ သူ မယုံဘူး။ သူမသည် ဖန်ယုလန်ကို ပိုမိုဆိုးရွားစေရန် အသုံးပြုနေခြင်းသာဖြစ်၍ သူ မကြောက်ခဲ့ပေ။
မို့ရွှီတုန်းသည် နောက်ထပ် ခြေလှမ်းနှစ်လှမ်းကိုလှမ်းလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်သည်။ သူမသည် ဖန်ယုလန်၏ ချစ်စရာကောင်းသောအသွင်အပြင်ကို စိုက်ကြည့်ရင်း သူမ မှုန်မှိုင်းသွားသလို ခံစားလိုက်ရသည်။
ဒီလူက တကယ်ပဲ...... သူ့အကူအညီမပါဘဲ သူမ အိမ်ပြန်နိုင်ခဲ့ရင် သူမ ရှင်းရှင်းလင်းလင်း ထွက်သွားပြီးသား ဖြစ်မှာပါ။ ဒီလူက တကယ်ကို ခန့်မှန်းလို့မရလောက်အောင်ပါပဲ။
မို့ရွှီတုန်းက မလှုပ်တော့ဘူး။ သူမသည် သူ့ဘက်လှည့်ကာ စကားမပြောဘဲ နှုတ်ခမ်းစူ၍ သူ့ဘက်သို့ ပြန်လာခဲ့သည်။ သူမသည် ဒေါသများ ပွက်ပွက်ဆူနေပြီး သူ့အား စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ အထူးသဖြင့် သူ့၏ချောမောသော မျက်နှာတွင် ပြောင်စပ်စပ် အမှုအရာကို မြင်လိုက်တဲ့ အခါမှာ သူမ စိတ်တိုဒေါသထွက်သလို ခံစားရတယ်။
ဒေါသက အတွင်းကနေ တိုးလာတယ်။ အကယ်၍ သူသာ သူမကို မခေါ်ထုတ်လာခဲ့ပါက သူမသည် ယခုလို အဆင်မပြေသည့် အခြေအနေတွင် ရှိနေမည်လား။ ထိုအခိုက်အတန့်တွင် သူမ ဒေါသကို မထိန်းနိုင်ဘဲ သူ့လက်ကို အတင်းကိုက်လိုက်သည်။
ဖန်ယုလန်သည် သူမျှော်လင့်ထားသည့်အတိုင်း သူမ မည်သို့ပြန်လာသည်ကို မြင်သောအခါ တိတ်တဆိတ် ကျေနပ်သွားသည်။ သို့သော် သူမသည် သူ့လက်ကို ဤမျှ မြန်မြန်ဆန်ဆန် ကိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ သူသည် သူမကို မသိစိတ်က ဖယ်ထုတ်ချင်သော်လည်း သူ့ကိုယ်သူ ထိန်းထားနိုင်ခဲ့သည်။ "မင်း ကျုပ်ကိုကိုက်လိုက်တာလား ၊ မင်းကျုပ်ကိုကိုက်တာ စွဲနေပြီလား"
သူ့ကို ကိုက်လိုက်ပြီးနောက် မို့ရွှီတုန်း၏ စိတ်ကြည်လင်သွားသည်။ အခု အခြေအနေကို သူမ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ သူမ နှုတ်ခမ်းကို ငုံ့ကာ သူမ၏ ပျော့ပျောင်းဖျော့သောလက်ကို ဖန်ယုလန်ရှေ့မှာ တင်လိုက်ပြီး အတော်လေး ဝမ်းနည်းနေပုံပေါ်သည်။ သူမက အသက်ပြင်းပြင်းရှူပြီး ပြန်ပြောသည် ။ "မင်း တို့ကိုပြန်ကိုက်လို့ရတယ်!"
မို့ရွှီတုန်းသည် သူ့အား သေးသေးလေးသာ ကိုက်ခဲ့သည် ။ ဒါကြောင့် သူမကိုက်ခဲ့ရင်တောင် သူဒေါ်သထွက်မှာ မဟုတ်ဘူး ။ ပြီးရင် သူလည်း သူမကိုပြန်ကိုက်နိုင်တာပဲလေ ၊ ဖန်ယုလန်သည် မို့ရွှီတုန်းက သူ့အား စိတ်လိုလက်ရ လုပ်နေတာကို သူမြင်တဲ့အခါ သူ သူမကို လွှတ်ထားလိုက်မှာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။
" မင်း ကျုပ်ကို ကိုက်လိုက်တာ ၊ပြီးတော့ ကျုပ်က မင်းကို ပြန်ကိုက်ရမှာလား ? မင်း ကျုပ်ကို ကိုက်တာ တစ်ကြိမ်ထက်ပိုနေပြီ " ဖန်ယုလန်က ညည်းညူလိုက်တယ်။
ဖန်ယုလန်သည် သူမ၏ ဘယ်လောက်တောင် ဝမ်းနည်းနေပုံနဲ့ "မင်းငါ့ကို ကိုက်မှာကို မကြောက်ဘူး" ဆိုတဲ့ မျက်နှာဘေးဖြင့် သူ့ကိုစိုက်ကြည့်နေတာ တွေ့လိုက်ရတော့ ဖန်ယုလန် ရဲ့ စိတ်တွေ ရုတ်တရတ် ပိုကောင်းလာခဲ့တယ်။
ကောင်မလေးမှာ အသိစိတ်ရှိနေတုန်းပဲ။ အနည်းဆုံးတော့ သူမက ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ရုံတင်မကဘူး သူကိုပါ ပြန်ကိုက်ခွင့်ပေးခဲ့သည် ။ ဟုတ်ပါတယ် ၊ ဖန်ယုလန်က သူ့ကိုဒီလိုတန်းတူ ဆက်ဆံတာကို သူသဘောကျကြောင်း အခု သူမ ပြောပြမှာ မဟုတ်ဘူး ။
ငါ မင်းကို ကိုက်တယ်၊ မင်းလည်း ငါ့ကို ကိုက်တယ်။ ဘယ်လောက်ကောင်းလိုက်သလဲ ! ဖန်ယုလန်သည် မို့ရွှီတုန်းက သူ့ကို မျက်လုံးထောင့်ကနေ တိတ်တဆိတ်ကြည့်နေတာကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့ အပြုံးက ပိုတောက်ပလာတယ်။
သူသည် သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို လွှတ်ရန် မဆုံးဖြတ်မီ သူမ၏ ပျော့ပျောင်းဖျော့သော လက်များကို ကိုက်လိုက်သည်။
"အရှင်မင်းသား ၊ မင်းအခု ကျေနပ်ပြီလား ? တို့ကို အိမ်ပြန်ခေါ်သွားပေးနိုင်မလား " မို့ရွှီတုန်းက နှုတ်ခမ်းတွေကို တင်းတင်းကိုက်လိုက်ပြီး လက်ကို ပြန်ဆွဲယူလိုက်ပါတယ်။ သူမ၏ လက်နောက်ဘက်ရှိ သပ်ရပ်သော သွားတန်းကို ကြည့်လိုက်ရာ သူမမျက်လုံးထဲတွင် ဒေါသများ တဖြည်းဖြည်း ပေါ်လာသည်။ သူမသည် သူမ ခံစားရတဲ့ ဒေါသတွေကို တွန်းလှန်နိုင်ခဲ့ပြီး အချိန်အတော်ကြာပြီးနောက် နူးညံ့တဲ့ အပြုံးကို ဆွဲထုတ်လိုက်တယ်။ သူကအရမ်း စိတ်သဘောထားသေးသိမ်သည် ။
“ဘာလို့ ထွက်သွားရမှာလဲ ၊ ကျုပ်တို့ မီးရှူးမီးပန်းတွေကို မမြင်ရသေးဘူးလေ ၊ အဲဒီ့လမ်းက ဖြတ်သွားတုန်းက မင်း ကြိုက်တဲ့မီးပုံးကို ကျုပ်မဝယ်ရသေးဘူး ၊ ကျုပ်တို့ အဲဒါကို သွားကြည့်ပြီး မီးရှူးမီးပန်းတွေကို ကြည့်ရအောင်။ နောက်မှာ ကြည့်ရှုဖို့ ရှိုးတစ်ခုလည်းရှိပါသေးသည်။ " ဖန်ယုလန်၏ စိတ်နေစိတ်ထားမှာ ပြန်ကောင်းမွန်ခဲ့၍ အလွန်တက်ကြွနေခဲ့တယ် ။
သူသည် သူမလက်ကို ကိုင်ဖို့ လက်ဆွဲပြီး ပွတ်သပ်ပေးရင်း တက်ကြွစွာ ပြောနေခဲ့သည် ။ သူမ၏ ပျော့ပျောင်းဖျော့သော လက်ပေါ်တွင် သူ၏ သွားရာ အမှတ်အသားများကို မြင်လိုက်ရသောအခါ သူ အလွန်ဝမ်းသာသွားသည် ။ သူမလက်မှာ သူ တံဆိပ်ခတ်ထားသလိုပင် ။ ထို့နောက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူမလက်နှင့် နှိုင်းယှဉ်လိုက်သည်။ သူလက် အပေါ်မှာလည်း သွားနှစ်တန်းရာ အမှတ်အသား ရှိတယ်။ ဒါအမှန်ပဲ ။ သူတို့နှစ်ယောက်လုံးက သူတို့ရဲ့ တံဆိပ်တွေကို ပြုလုပ်ထားခဲ့တယ် ။ ဒီနည်းက ပိုလုံခြုံလိမ့်မယ်။
"တို့ မီးရှူးမီးပန်းတွေကို မတွေ့ချင်တော့ဘူး ၊ တို့အိမ်ပြန်ချင်တယ် !"
မို့ရွှီတုန်းသည် ဖန်ယုလန်က ကျေနပ်သောအမူအရာဖြင့် သူတို့၏လက်များကို ရည်ရွယ်ချက်ရှိရှိ နှိုင်းယှဉ်ထားသည်ကို မြင်သောအခါ သူမ ဒေါသထွက်သွားသည်။ သူသည် သူမကို ရည်ရွယ်ချက်ရှိရှိ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ပြီး အခု ဘာမှမဖြစ်သလို ဟန်ဆောင်နေတယ်။
သူသည်သူမကို ခဏလေး ပျော်ရွှင်အောင်လုပ်ပြီး နောက်တစ်ကြိမ် စိတ်ဆိုးစေတယ်။ သူ့မှာ ငြီးငွေ့ပြီး ဘာမှလုပ်စရာမရှိတော့ဘူးလား ။ သူမကို သူကူညီမည်ဟု ထင်ခဲ့သမျှအတွက် ဖျော်ဖြေရေးအဖြစ်သာ ဟာသအဖြစ်သာ ဖြစ်လိမ့်မယ် ။
ဒီလူက ဆိုးလွန်းတယ် !
သူမ ခြေထောက်ကို ကြမ်းကြမ်းဆောင့်ပြီး လွန်စွာ ဒေါသထွက်သွားသည်။
" မင်းတကယ် စိတ်ဆိုးနေတာလား ၊ မင်းက သဘောထားသေးလိုက်တာ ၊ ကြည့်စမ်း မင်း ငါ့ကို ကိုက်လိုက်တာ ငါဒေါသတောင် မထွက်ဘူး ၊ ငါ မင်းကို ပေါ့ပေါ့လေးပဲ ကိုက်လိုက်တာ မင်းကဘာလို့ စိတ်ဆိုးနေတာလဲ ? မိန်းကလေးဆိုတာ သဘောထား ကြီးမြတ်ရမယ်။ ဒုတိယသခင်မလေးလင်းကို ကြည့်ပါဦး ။ သူမက ဘယ်လိုပဲဖြစ်ဖြစ် မြင့်မြတ်တဲ့မိသားစုက မိန်းကလေးတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ထိန်းသိမ်းထားဆဲပါ။"
ဖန်ယုလန်က မျက်တောင်ခတ်ရင်း ပြောလိုက်သည် ။ သူ့မျက်လုံးတွေက အနက်ရောင် ကျောက်စိမ်းလိုပါပဲ။ သူသည် သူ့လက်ကို ဆန့်တန်းပြီး ပြုံးပြကာ စောစောကကဲ့သို့ ဒေါသဖြစ်ဟန် လုံးဝမရှိပေ။
သဘောထားသေးတယ် ။ သူမက သူ့လောက်တော့ သဘောထား သေးသိမ်နိုင့်ပါ့မလား ။ သူမက သူ့ကိုကိုက်ခဲ့ပေမယ့် သူကတော့ သူမကို ပြန်မကိုက်သင့်ဘူးလေ ။ မည်သို့ပင်ဆိုစေ သူမသည်မိန်းကလေးတစ်ဦးဖြစ်ခဲ့သည်။
မို့ရွှီတုန်းဒေါသအရမ်းထွက်ပြီး သူ့ကို ထပ်ကိုက်ချင်နေခဲ့တယ်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး အသက်ကို ကျယ်လောင်စွာ ရှူထုတ်လိုက်သည်။ သူမက ဖန်ယုလန်ကို အေးတိအေးစက်နဲ့ ဆဲဆိုလိုက်သည် ။
"အရှင်မင်းသားကို တို့ဘယ်လိုလုပ် ဒေါသထွက်ရဲမှာလဲ။ မင်းသားက မြင့်မြတ်သူဖြစ်ပြီး ငါတို့လိုလူတွေ ထိခိုက်နစ်နာစေအောင်လုပ်နိုင်မယ့် လူမဟုတ်ပါဘူး။ တို့ မင်းကို မကိုက်ခင် မင်းကို ဒဏ်ရာမရအောင်မပြုခင် မင်းဘာလို့ တို့ကို အိမ်ပြန်ခွင့်မပေးတာလဲ ၊ မင်း တစ်ခုခုဖြစ်ရင် တို့ကို ထပ်အပြစ်တင်မှာ တို့စိုးမိပါတယ် "
"ကောင်းပါပြီ၊ နောင်မှာ မင်းငါ့ကို ကိုက်တဲ့အခါ ငါစိတ်ဆိုးမှာ မဟုတ်ဘူး" ဖန်ယုလန်က ပြုံးပြီး ပြောလိုက်တယ်။ သူသည် မို့ရွှီတုန်းကို သူနှင့်အတူ လမ်းကြောင်းတစ်ခုဆီသို့ ဆွဲခေါ်သွားပြီး သူမနားထဲတွင် တိုးတိုးလေးပြောလိုက်သည် ။ "မင်းကို ကျုပ်ရဲ့ဘယ်နေရာမှာမဆို ကိုက်ခွင့်ပေးမယ်။ အဲဒါကော ဘယ်လိုလဲ။ မင်း ဒေါသမထွက်တော့ဘူးမလား ! " ထို့နောက် သူသည် သူမကို မျက်တောင်ခတ်ပြပြီး သူမ၏ သဘောထားကို လုံးဝ ဟန့်တားခြင်းမရှိပေ။
"တို့ မလုပ်ချင်ဘူး..." မို့ရွှီတုန်းက ဒေါ်သတကြီး ပြောလိုက်သည်။
ထို့နောက် ရုတ်တရက် လူအုပ်ကြီးသည် နှစ်ဖက်စလုံးမှ သူတို့ဆီသို့ ပြေးဝင်လာသည်။ ဖန်ယုလန်ကို အပြင်းအထန် တွန်းလှန်ခြင်း မပြုမီ သူမ ဘာမှ မပြောနိုင်ခဲ့ပေ။ အရာများက လျှင်မြန်စွာ ဖြစ်ပျက်ခဲ့သည် ။ ဖန်ယုလန်က နံရံကို မဖိမှီ သူမကို ပွေ့ဖက်ဖို့ အလျင်အမြန် လှုပ်ရှားလိုက်သည် ။ ကံကောင်းထောက်မစွာ၊ သူ့တုံ့ပြန်မှုသည် မြန်ဆန်ပြီး မို့ရွီတုန်းကို ဘေးနားရှိ လမ်းကြားတစ်ခုထဲသို့ ချက်ချင်းသယ်ဆောင်သွားခဲ့သည်။
မို့ရွှီတုန်းသည် အနက်ရောင်ဝတ်ထားသော လူလေးငါးယောက် နံရံနှစ်ဖက်မှ ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသောအခါ သူမ လန့်ဖျပ်သွားမိသည် ။ သူတို့သည် ဖန်ယုလန်ကို အတူတူစတင် တိုက်ခိုက်ပါတော့တယ်။
"ဒီမှာနေပြီး တခြားဘယ်ကိုမှ မသွားနဲ့။ သတိထားပါ။" ဖန်ယုလန်က မို့ရွှီတုန်းကို ထောင့်တစ်နေရာမှာ ချထားလိုက်ပြီး သူ့ခါးမှာဆောင်ထားတဲ့ ပျော့ပြောင်းတဲ့ဓားကို ဆွဲထုတ်လိုက်ပါတယ်။
သူသည် သူမရှေ့မှာ ရပ်ပြီး အမည်းရောင်ဝတ်ထားသော သူများနှင့် စတင်တိုက်ခိုက်တယ်။ လေးယောက်အနက် တစ်ယောက်က သူ့ကို ဆန့်ကျင်ပြီး နောက်တစ်ယောက်က မို့ရွှိတုန်းအနားကို ချဉ်းကပ်သွားတယ်။ သူ့လက်ထဲမှ ဓားသည် လမ်းကြားရှိ အလင်းရောင်မှ ရောင်ပြန်ဟပ်ကာ အေးစက်စွာ တောက်ပနေသည်။
သူတို့က ဖန်ယုလန်ကို တိုက်ခိုက်နိုင်ဖို့ သူမကို အရင် ရှင်းပစ်တော့မလို့လား
သူတို့က ဖန်ယုလန်ကို လုပ်ကြံသတ်ဖြတ်ချင်ကြတယ်။
မို့ရွှီတုန်းသည် ကျောက်စိမ်းသေတ္တာထဲမှ ဓားသေးသေးလေးများကို ထုတ်ကာ ဘေးသို့ ပစ်ချလိုက်ပြီး သူမ၏ ဝတ်ရုံလက်စွပ်ကျယ်ကြီးအောက်မှာ ဂရုတစိုက် ဝှက်ထားလိုက်တယ်။ သူမ ပတ်ပတ်လည်တွင် ဝတ်ထားသည့် အင်္ကျီက ဓားမြှောင်များကို လုံး၀ ဖုံးကွယ်ထားသည်။ အနက်ရောင် ဝတ်ဆင်ထားသော အမျိုးသားသည် သူမ အနီးသို့ ချဉ်းကပ်လာသည်ကို မြင်သောအခါ သူမ ကမန်းကတန်း လှည့်လိုက်သည်။
သူမသည် ကိုယ်ခံပညာကို တစ်ခါမျှ မသင်ယူဖူးသောကြောင့် ဟန်ချက်ပျက်သွားပြီးနောက် လျင်မြန်စွာ လှုပ်ခါကာ ဘေးသို့ လဲကျသွားသည်။ သူမလက်ထဲက ဓားမြှောင်က လွင့်ထွက်သွားတယ်။
ဓားမြှောင်များသည် အနက်ရောင် ဝတ်စုံဖြင့် လူကို အပြင်းအထန် ထိုးစိုက်သွားသည် ။ သူ့လက်ထဲမှ ဓားသည် သူ၏ ပြင်းထန်စွာ နာကျင်မှုကြောင့် မြေပေါ်သို့ လဲကျသွားသည် ။
သူ နာကျင်စွာ အော်လိုက်ပြီး မိုရွှီတုန်း၏ ခန္ဓာကိုယ်ပေါ်သို့ သူ့လက်ဖဝါးဖြင့် ရိုက်လိုက်သည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်သည် ရှေ့သို့ လှဲကျသွားကာ မကူညီနိုင်ဘဲ ချမ်းစိမ့်စိမ့် ချိုမြိန်သော အရသာတစ်ခု သူ့လည်ချောင်းထဲတွင် ပေါ်လာသည်။ သူမ နံရံဆီသို့ လဲကျသွားသည်နှင့် မျက်လုံးမှိတ်ရန် အချိန်ပင်မရှိခဲ့ပေ ။
သူမ ဒီလိုမျိုးဖြင့် သေသွားမှာကို ကြောက်တယ်။