Unicode 🍊
"ဘာအကြောင်းမလို့လဲ မြို့အုပ်မင်း.... ခင်ဗျားရဲ့မျက်နှာက တမျိုးဖြစ်နေသလိုပဲ....."
မြို့အုပ်မင်း ကိုစေ့စေ့ကြည့်မနေသော်ငြား.....Khaotungဟာ မြို့အုပ်မင်း ဘာဖြစ်နေမှန်းသိနေခဲ့ပြန်သည်.....
"အော်... ကျုပ်တို့ဆီကို တိုင်းတပါးကဘုရင်ခံချုပ်ကြီး... လာမယ်ဆိုလို့လေ...အဲ့တာကြောင့်...ကျုပ်နက်ဖြန်ခါ..မြို့ကိုသွားရဦးမယ်... အသေးကောင်လေးရဲ့....."
မြို့အုပ်မင်း ရဲ့စကားဟာ အနည်းငယ် ဆန်းကျယ်နေသည်မလို့... Khaotungဟာ ပန်းချီဆွဲတာကို လက်စသတ်လို့ မြို့အုပ်မင်းနား ထိုင်လိုက်ရင်း...
"မြို့အုပ်မင်း ဆိုတာမျိုးကလေ...ဘုရင်ခံချုပ်နဲ့တွေ့ဆုံခွင့်ရှိလို့လားဗျာ...ကျွန်တော်ပြောချင်တာက မြို့အုပ်မင်း ဆိုတဲ့ရာထူးထက်..တခြား ရာထူးကြီးပုဂ္ဂိုလ်တွေရှိကြတာပဲလေ..... "
''တခြားမြို့အုပ်မင်းတွေ အတွက်ကတော့ ခက်ခဲတာပေါ့.. ကျုပ်ရဲ့အသေးကောင်လေးရဲ့.....မဟုတ်သေးပါဘူး... သိပ်ကို ခက်ခဲလွန်းတာ....ဒါပေမဲ့.... ကျုပ်က .....
''အသေးကောင်လေးရဲ့မြို့အုပ်မင်းလေ..."
အဲ့တာကြောင့် ကျုပ်က ဘုရင်ခံချုပ်ကို သွားကြိုဆိုရဦးမှာ...."
အသေးကောင်လေးရဲ့ ပုခုံးပေါ်ခေါင်းလေးမှီလို့....မြို့အုပ်မင်းက ပြောလာသည်.....
''ခင်ဗျားတို့ နိုင်ငံရေးက...တော်ရုံပြောမရတဲ့ကိစ္စတွေ ရှိနေတတ်တာမလို့..ခင်ဗျားကျွန်တော့်ကို ပြောရခက်နေတာ... ကျွန်တော်သိပါတယ်...မြို့အုပ်မင်း.... တကယ်လို့ပေါ့ဗျာ...လမ်းခရီးမှာ ဟိုတစ်ခေါက်ကလို အနက်ရောင်သူရဲကောင်းတို့အဖွဲ့တွေနဲ့တွေ့ခဲ့ရင်... ကိုယ့်ကိုယ်ကို ဘာမှမဖြစ်အောင် ခုခံပါ....နောက်ပြီးတော့............ "
"သူတို့ကို..ကျုပ်အန္တရာယ်ပြုမှာ မဟုတ်ပါဘူး...စိတ်ချပါဗျာ...."
အလိုက်တသိ မြို့အုပ်မင်းက ပြောတဲ့အခါ...အသေးကောင်လေးဟာ အားရစွာ ပြုံးနေတော့သည်။
ကျုပ်တော့ဖြင့်လေ အသေးကောင်လေးရဲ့ အပြုံးတွေကို မြင်ရရင်...စိတ်ချမ်းသာရပါရဲ့.....
"ကျုပ်ပြန်လာရင်တော့...ကျုပ်ကိုအဖြေပေးမယ်မလား..ဟင်...အသေးကောင်လေးရဲ့.........''
နှုတ်ခမ်းလေးဆူ၍ ကပ်ချွဲကာပြောနေတဲ့ မြို့အုပ်မင်း ကြောင့်... အသေးကောင်လေးမှာ ခပ်သဲ့သဲ့လေး ရယ်ရင်း...ခေါင်းညိမ့်ပြလိုက်သည်.....
''ကျုပ်ကို ချစ်တယ်လို့သာ.... အသေးကောင်လေးက အဖြေပေးမယ်ဆိုရင်... ကျုပ်ကိုလေ..ချစ်တယ်ဆိုတဲ့စကားနဲ့အတူ...အသေးကောင်လေး ကိုယ်တိုင် ရေးဆွဲထားတဲ့...နေကြာပန်းလေးတစ်ပွင့်ကို လက်ဆောင်ပေးပါနော်....အဲ့ဒီ့ အသေးကောင်လေး ရေးဆွဲပေးတဲ့ ပုံလေးကို ကျုပ်တကယ် တောင့်တနေမိလို့....... "
"တကယ်လို့..ခင်ဗျားသဘောကျမဲ့...အဖြေမျိုးကို ပေးဖြစ်ခဲ့ရင်... ခင်ဗျားပြောသလို ကျွန်တော် လုပ်ပေးပါ့မယ်...ဒါပေမဲ့.. ဒါဟာ ချစ်တယ်လို့ အဖြေပေးမယ်လို့တော့ ဆိုလိုတာမဟုတ်ဘူး.... "
''ကျုပ်နားလည်ပါတယ် အသေးကောင်လေးရဲ့...ကဲ~ပြန်ကြရအောင်လေ... ကျုပ်မအားတော့လို့...."
မြို့အုပ်မင်း... စိတ်မချလို့ ပြောတာကို သိတဲ့ အသေးကောင်လေးဟာ ခပ်ပြုံးပြုံးနှင့်ပြောတော့....
''အို....အသေးကောင်လေးကိုတော့.. တစ်ယောက်ထဲ မထားခဲ့ရက်နိုင်ပါဘူး.... ကိုင်း..ပစ္စည်းတွေ ကို ကျုပ်က သိမ်းပေးမှာမလို့... ဈေးမဆစ်ပဲ..လိုက်ခဲ့လိုက်တော့..အသေးကောင်လေးရယ်...."
ပြောလဲပြောရင်း အသေးကောင်လေးရဲ့ ပစ္စည်းတွေကို ကောက်သိမ်းနေတဲ့ မြို့အုပ်မင်းဟာ အသေးကောင်လေးရဲ့ ပန်းချီကားလေးကို တအံ့တဩ ကြည့်လို့နေသည်............
"အသေးကောင်လေး.....ဒီချိုင့်ဝှမ်းနဲ့ နေကြာပန်းလေးတွေကတော့ဖြင့်... ဟုတ်ပါပြီ.. ဒီ ကျောက်တုံးပေါ်က... စီးကရက်ထိုင်သောက်နေတဲ့ လူတစ်ယောက်ရဲ့ ကျောပြင်က..ကျုပ်နဲ့များ နည်းနည်းလေး ဆင်သလားလို့...."
''တကယ်လဲ..ခင်ဗျားရဲ့ နောက်ကျောကို ဆွဲထားတာပဲလေ..ဘာလို့ရယ်မသိ...ဒီနေ့တော့... နေကြာပန်းတွေထက် ခင်ဗျားကိုပိုပြီး အာရုံလာနေတယ်... မြို့အုပ်မင်း.... "
.........
"အစ်ကိုPat(ပတ်ပ်)...မြို့အုပ်မင်းက...ဘယ်လိုဖြစ်ရတာလဲ...."
မျက်ရည်တွေ တနင့်တပိုးနှင့် Khaotung ဟာ...မြို့အုပ်မင်းရဲ့အိမ်ကို.. အပြေးလေးလာပြီးပြောတော့... ဒဏ်ရာပလပွနှင့် Pat(ပတ်ပ်)ဟာ Khaotung နဲ့အတူ ငိုကြွေးနေတော့သည်.....
နောက်ပြီး... Pat(ပတ်ပ်)ဆီက ထပ်ကြားရတဲ့ စကားသံကြောင့် Khaotung မှာ မေ့မျောမတတ် ရှိုက်ကာ ငိုမိလေတော့သည်......
မြို့အုပ်မင်းဟာ အနက်ရောင် သူရဲကောင်း ရဲ့..သူပုန်တပ်နဲ့ဘုရင်ခံချုပ် ရဲ့တပ်တွေ စစ်ဖြစ်တဲ့ အချိန်အတွင်းမှာပဲ.... ေသနတ်အပစ်ခံရတဲ့အပြင်.. တောင်ပေါ်ကပါ ပြုတ်ကျတာမလို့ အသက် မရှိတော့ဘူးတဲ့လေ....
အနက်ရောင် သူရဲကောင်း ဆိုတာကလည်း တခြားသူ မဟုတ်...မြို့အုပ်မင်းပဲတဲ့...တကယ်တော့ မြို့အုပ်မင်း ဟာ တော်လှန်ရေး တပ်တစ်ခုလုံးရဲ့ အကြီးအမှူး ခေါင်းဆောင်တဲ့လေ.....မျိုးချစ်စိတ်မရှိဘူးဆိုကာ အသားလွတ်မုန်းခဲ့တဲ့သူဟာ...ခေါင်းဆောင်တစ်ယောက်တဲ့လေ.......
အခုလိုဖြစ်တာကလည်း ဟိုဖက်က လက်နက်အင်အားသာနေလို့ ကိုယ့်တပ်သားတွေ အကျအဆုံးများလာတာနဲ့ ...မြို့အုပ်မင်း ဟာ..တစ်ယောက်ထဲ မကြောက်မရွံ ဘုရင်ခံချုပ်လိုက်ပါလာတဲ့ ဝေါယဥ်ထဲကို ဖြတ်ဝင်..ဘုရင်ခံချုပ်ကို သတ်ပြီးပြန်အထွက်..... ဟိုဘက်က စစ်သားတွေဟာ သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်တာကြောင့်...တောင်စောင်းမှာ ရှိနေတဲ့ မြို့အုပ်မင်း ဟာ...တောင်အောက်ကို ပြုတ်ကျလို့ အသက် သေဆုံးသွားသတဲ့...ကျွန်တော် ရင်တွေတော့ ကွဲပါပေါ့လား မြို့အုပ်မင်း ရယ်........
"ကျွန်တော့ကို လက်ညှိုးထိုးရင်လေ.. ကျွန်တော်ကအဲ့လူကို တစ်သက်လုံးနောင်တရသွားအောင် လုပ်ရမှကျေနပ်တာနော်... အသေးကောင်လေး "
ဆိုတဲ့ မြို့အုပ်မင်း ရဲ့စကားလေးပြန်ကြားယောင်မိသည်......
တကယ်လဲ ချစ်ရတဲ့အကြောင်းတွေ ပြောမပြနိုင်ခဲ့လို့ နောင်တရနေမိပါရဲ့ မြို့အုပ်မင်းရယ်...ကျွန်တော့်ကို သနားပါဦးလား.......
"ကျုပ်ကို အဲ့လိုမကြည်ကြည့်နဲ့ မကြည့်ပါနဲ့လား အသေးကောင်လေးရယ်....နောက်များ အသေးကောင်လေးရဲ့ အနားမှာ ကျုပ်မရှိတော့မှ... အသေးကောင် ကျုပ်ကိုလွမ်းနေရမယ် "
မြို့အုပ်မင်းကို လွမ်းမိတိုင်း ဒီစကားသံကိုသာ အဖန်ဖန်ကြားယောင်မိသည်။
လွမ်းလို့ပါဗျာ...လွမ်းလွန်းလို့ပါ.....
"မလိုပါဘူးလေ... ရှိလဲလေ.. ကျုပ်ကတော့ အသေးကောင်လေးကို..ရအောင်ယူမှာ.. ကျုပ်က အသေးကောင်လေးကို..တအားချစ်တာ ''
"ကျွန်တော်လည်း ခင်ဗျားကို သိပ်ချစ်တာမလို့....ကျွန်တော့်ဆီပြန်လာခဲ့ပါလား..မြို့အုပ်မင်းရယ်..."
ခပ်တိုးတိုးဆိုလိုက်ချိန်မှာပဲ...မျက်စိအောက်ကို ရောက်လာတဲ့ စာအုပ်ခပ်ထူထူတစ်အုပ်.....
"မြို့အုပ်မင်းက ဒီမူကြမ်းတွေ..အတည်မပြဌာန်းခင် မကြေညာခင်...မင်းကိုအရင်ဖတ်စေချင်တယ်လို့ ကျွန်တော့်ကို အရင်ပြောဖူးတယ်..Khaotung ရဲ့
ဒါကြောင့် သူစိတ်ချမ်းသာသွားအောင် Khaotung က ဒီစာအုပ်ကိုသေသေချာချာဖတ်ပေးပါ...Khaotung မနှစ်သက်တာ..Khaotung မကြိုက်တာရှိရင် လွတ်လပ်စွာ ပြင်နိုင်ပါတယ်...မြို့အုပ်မင်းရဲ့ ဆန္ဒအတိုင်း ကျွန်တော်က ပြောပြတာပါ....."
ဥပဒေမူကြမ်းဟူ၍ ကဗျည်းထိုးထားသော စာအုပ်ထူထူကို အခုမှပဲ မြင်ဖူးသည်တော့မဟုတ်....
>>>
"ဒဏ်ရာကြီးနဲ့ကို နားနားနေနေ မနေပဲစာတွေရေးနေသလား မြို့အုပ်မင်းရဲ့"
ဘယ်ကရောက်ချလာမှန်းမသိတဲ့ အသေးကောင်လေးကြောင့် မြို့အုပ်မင်းမှာ..ေရးလက်စ စာအုပ်ကိုသာ ဆွဲဖြဲပစ်ရတော့မလို.......ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ကိုယ့်နိုင်ငံသားတွေပဲ အုပ်ချုပ်ခွင့်ရတဲ့အခါ အသုံးပြုရမဲ့ မူကြမ်းတွေဖြစ်နေလို့ပင်...
"အိုး.....အသေးကောင်လေး ဘာများရှိလို့လာတာပါလဲ......"
စာအုပ်ကို ပိတ်လို့.... ထိုင်ခုံက အတင်းကုန်းရုန်းထလာတဲ့.. မြို့အုပ်မင်းကြောင့်... အသေးကောင်လေးမှာ မျက်ခုံးတွေကျုံ့ဝင်လာသည်.....
"ကျွန်တော်က ခင်ဗျားသက်သာသလား လာကြည့်တာပါ.... ဒီမယ် မြို့အုပ်မင်း... ကျွန်တော်က ခင်ဗျားတို့နိုင်ငံရေးကို စိတ်ကိုမဝင်စားတာ....ဒါပေမဲ့လည်း ခင်ဗျားကို တော်လို့တတ်လို့ ဟိုက မူကြမ်းရေးဆွဲခိုင်းတယ်ဆိုရင်တောင် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကိုလည်း ငဲ့ကွက်ကြည့်ပါဦးလို့ ကျွန်တော်ပြောချင်တယ်... ကျွန်တော်ပြန်တော့မယ်.... "
အသေးကောင်လေးဟာ သူထင်ချင်ရာထင်ပြီး စိတ်ဆိုးကာ အိမ်ပြန်မယ်လုပ်တော့... မြို့အုပ်မင်းဟာ အသေးကောင်လေးရဲ့ လက်ကလေးကို ဆွဲလို့တားလာသည်.....
"ကျုပ် မူကြမ်းတွေကို...ဟော့ဒီ့နိုင်ငံက အသုံးပြုတဲ့အခါ..ဘယ်သူတွေ အတွက်...ဘယ်လိုအကျိုးရှိမယ်ဆိုတာ... အသေးကောင်လေး နားလည်လာပါလိမ့်မယ်...အရင်ဆုံး ကျုပ်မူကြမ်းဆွဲပြီးတဲ့အခါ ဟော့ဒီက ကျုပ်ရဲ့အသေးကောင်လေးကို ကျုပ်က အရင်ဦးဆုံး ပြမှာမလို့....အမှားပါရင်လည်း ပြောပါ မနှစ်မျို့တာ ရှိရင်လည်း ပြောဖို့ရာ ကျုပ်ကြိုတောင်းဆိုထားပါရစေလားဟင်..."
မြို့အုပ်မင်းဟာ လေသံခပ်တိုးတိုးနဲ့တောင်းဆိုတော့ ...အသေးကောင်လေး ရဲ့ မျက်နှာလေးက ပြုံးယောင်သမ်းလာသည်....
"ကျွန်တော် အဲ့တာမျိုးတွေ ဝါသနာမပါ ပါဘူးဗျာ...ကိုယ့်ဘာ့သာ ကိုယ်ပဲ အဆင်ပြေသလို လုပ်စမ်းပါ...."
"မရပါဘူး...ကျုပ်ရဲ့အသေးကောင်လေးက ကျုပ်အတွက် အထူးပုဂ္ဂိုလ်လေးဖြစ်တာမလို့.. ကြည့်ကိုကြည့်ရမယ်...ဒါပဲ....''
အတိတ်တွေဆီ စိတ်အစုံပြန်သန်းတဲ့အခါ လွမ်းနေရရှာ... ကြေကွဲနေရရှာတဲ့...နှလုံးသားတစ်စုံဟာလည်း သနားစရာ...
မထင်မှတ်ပဲ စာရွက်တွေကို စိုစေခဲ့တဲ့ မျက်ရည်တွေအတွက်.. လူချင်းတွေ့လို့ တောင်းပန်ချင်မိပါရဲ့.."ကျွန်တော့်ရဲ့မြို့အုပ်မင်းရယ်..."
"ကျွန်တော်က ခင်ဗျားကို အရမ်းချစ်တာပါ..မြို့အုပ်မင်းရယ်..."
ရည်ရွယ်သူ မကြားတော့မှန်းသိပါလျက်.... ချစ်ရသူမရှိတော့မှန်းသိပါလျက်နှင့်...စာအုပ်ကို ရင်ဝယ်ပိုက်လို့ အရှိုက်ကြီးတငင် ငိုကြွေးနေလေတော့သည်....
x x x x x x x x x x x x x x x x x x x x x x x x x x x
Chapter-12 The End🍁
အစစ အရာရာ ဂရုစိုက်ကြပါဗျ😚💟
𝓚𝓲𝓶 𝓛𝔀𝓲𝓷𝓷𝓲𝓮 🐭🌴
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~~ ~ ~ ~ ~ ~
Zawgyi 🍊
"ဘာအေၾကာင္းမလို႔လဲ ၿမိဳ႕အုပ္မင္း.... ခင္ဗ်ားရဲ႕မ်က္ႏွာက တမ်ိဳးျဖစ္ေနသလိုပဲ....."
ၿမိဳ႕အုပ္မင္း ကိုေစ့ေစ့ၾကည့္မေနေသာ္ျငား.....Khaotungဟာ ၿမိဳ႕အုပ္မင္း ဘာျဖစ္ေနမွန္းသိေနခဲ့ျပန္သည္.....
"ေအာ္... က်ဳပ္တို႔ဆီကို တိုင္းတပါးကဘုရင္ခံခ်ဳပ္ႀကီး... လာမယ္ဆိုလို႔ေလ...အဲ့တာေၾကာင့္...က်ဳပ္နက္ျဖန္ခါ..ၿမိဳ႕ကိုသြားရဦးမယ္... အေသးေကာင္ေလးရဲ႕....."
ၿမိဳ႕အုပ္မင္း ရဲ႕စကားဟာ အနည္းငယ္ ဆန္းက်ယ္ေနသည္မလို႔... Khaotungဟာ ပန္းခ်ီဆြဲတာကို လက္စသတ္လို႔ ၿမိဳ႕အုပ္မင္းနား ထိုင္လိုက္ရင္း...
"ၿမိဳ႕အုပ္မင္း ဆိုတာမ်ိဳးကေလ...ဘုရင္ခံခ်ဳပ္နဲ႕ေတြ႕ဆုံခြင့္ရွိလို႔လားဗ်ာ...ကြၽန္ေတာ္ေျပာခ်င္တာက ၿမိဳ႕အုပ္မင္း ဆိုတဲ့ရာထူးထက္..တျခား ရာထူးႀကီးပုဂၢိုလ္ေတြရွိၾကတာပဲေလ..... "
''တျခားၿမိဳ႕အုပ္မင္းေတြ အတြက္ကေတာ့ ခက္ခဲတာေပါ့.. က်ဳပ္ရဲ႕အေသးေကာင္ေလးရဲ႕.....မဟုတ္ေသးပါဘူး... သိပ္ကို ခက္ခဲလြန္းတာ....ဒါေပမဲ့.... က်ဳပ္က .....
''အေသးေကာင္ေလးရဲ႕ၿမိဳ႕အုပ္မင္းေလ..."
အဲ့တာေၾကာင့္ က်ဳပ္က ဘုရင္ခံခ်ဳပ္ကို သြားႀကိဳဆိုရဦးမွာ...."
အေသးေကာင္ေလးရဲ႕ ပုခုံးေပၚေခါင္းေလးမွီလို႔....ၿမိဳ႕အုပ္မင္းက ေျပာလာသည္.....
''ခင္ဗ်ားတို႔ နိုင္ငံေရးက...ေတာ္႐ုံေျပာမရတဲ့ကိစၥေတြ ရွိေနတတ္တာမလို႔..ခင္ဗ်ားကြၽန္ေတာ့္ကို ေျပာရခက္ေနတာ... ကြၽန္ေတာ္သိပါတယ္...ၿမိဳ႕အုပ္မင္း.... တကယ္လို႔ေပါ့ဗ်ာ...လမ္းခရီးမွာ ဟိုတစ္ေခါက္ကလို အနက္ေရာင္သူရဲေကာင္းတို႔အဖြဲ႕ေတြနဲ႕ေတြ႕ခဲ့ရင္... ကိုယ့္ကိုယ္ကို ဘာမွမျဖစ္ေအာင္ ခုခံပါ....ေနာက္ၿပီးေတာ့............ "
"သူတို႔ကို..က်ဳပ္အႏၱရာယ္ျပဳမွာ မဟုတ္ပါဘူး...စိတ္ခ်ပါဗ်ာ...."
အလိုက္တသိ ၿမိဳ႕အုပ္မင္းက ေျပာတဲ့အခါ...အေသးေကာင္ေလးဟာ အားရစြာ ၿပဳံးေနေတာ့သည္။
က်ဳပ္ေတာ့ျဖင့္ေလ အေသးေကာင္ေလးရဲ႕ အၿပဳံးေတြကို ျမင္ရရင္...စိတ္ခ်မ္းသာရပါရဲ႕.....
"က်ဳပ္ျပန္လာရင္ေတာ့...က်ဳပ္ကိုအေျဖေပးမယ္မလား..ဟင္...အေသးေကာင္ေလးရဲ႕.........''
ႏႈတ္ခမ္းေလးဆူ၍ ကပ္ခြၽဲကာေျပာေနတဲ့ ၿမိဳ႕အုပ္မင္း ေၾကာင့္... အေသးေကာင္ေလးမွာ ခပ္သဲ့သဲ့ေလး ရယ္ရင္း...ေခါင္းညိမ့္ျပလိုက္သည္.....
''က်ဳပ္ကို ခ်စ္တယ္လို႔သာ.... အေသးေကာင္ေလးက အေျဖေပးမယ္ဆိုရင္... က်ဳပ္ကိုေလ..ခ်စ္တယ္ဆိုတဲ့စကားနဲ႕အတူ...အေသးေကာင္ေလး ကိုယ္တိုင္ ေရးဆြဲထားတဲ့...ေနၾကာပန္းေလးတစ္ပြင့္ကို လက္ေဆာင္ေပးပါေနာ္....အဲ့ဒီ့ အေသးေကာင္ေလး ေရးဆြဲေပးတဲ့ ပုံေလးကို က်ဳပ္တကယ္ ေတာင့္တေနမိလို႔....... "
"တကယ္လို႔..ခင္ဗ်ားသေဘာက်မဲ့...အေျဖမ်ိဳးကို ေပးျဖစ္ခဲ့ရင္... ခင္ဗ်ားေျပာသလို ကြၽန္ေတာ္ လုပ္ေပးပါ့မယ္...ဒါေပမဲ့.. ဒါဟာ ခ်စ္တယ္လို႔ အေျဖေပးမယ္လို႔ေတာ့ ဆိုလိုတာမဟုတ္ဘူး.... "
''က်ဳပ္နားလည္ပါတယ္ အေသးေကာင္ေလးရဲ႕...ကဲ~ျပန္ၾကရေအာင္ေလ... က်ဳပ္မအားေတာ့လို႔...."
ၿမိဳ႕အုပ္မင္း... စိတ္မခ်လိဳ႕ ေျပာတာကို သိတဲ့ အေသးေကာင္ေလးဟာ ခပ္ၿပဳံးၿပဳံးႏွင့္ေျပာေတာ့....
''အို....အေသးေကာင္ေလးကိုေတာ့.. တစ္ေယာက္ထဲ မထားခဲ့ရက္နိုင္ပါဘူး.... ကိုင္း..ပစၥည္းေတြ ကို က်ဳပ္က သိမ္းေပးမွာမလို႔... ေဈးမဆစ္ပဲ..လိုက္ခဲ့လိုက္ေတာ့..အေသးေကာင္ေလးရယ္...."
ေျပာလဲေျပာရင္း အေသးေကာင္ေလးရဲ႕ ပစၥည္းေတြကို ေကာက္သိမ္းေနတဲ့ ၿမိဳ႕အုပ္မင္းဟာ အေသးေကာင္ေလးရဲ႕ ပန္းခ်ီကားေလးကို တအံ့တဩ ၾကည့္လို႔ေနသည္............
"အေသးေကာင္ေလး.....ဒီခ်ိဳင့္ဝွမ္းနဲ႕ ေနၾကာပန္းေလးေတြကေတာ့ျဖင့္... ဟုတ္ပါၿပီ.. ဒီ ေက်ာက္တုံးေပၚက... စီးကရက္ထိုင္ေသာက္ေနတဲ့ လူတစ္ေယာက္ရဲ႕ ေက်ာျပင္က..က်ဳပ္နဲ႕မ်ား နည္းနည္းေလး ဆင္သလားလို႔...."
''တကယ္လဲ..ခင္ဗ်ားရဲ႕ ေနာက္ေက်ာကို ဆြဲထားတာပဲေလ..ဘာလို႔ရယ္မသိ...ဒီေန႕ေတာ့... ေနၾကာပန္းေတြထက္ ခင္ဗ်ားကိုပိုၿပီး အာ႐ုံလာေနတယ္... ၿမိဳ႕အုပ္မင္း.... "
.........
"အစ္ကိုPat(ပတ္ပ္)...ၿမိဳ႕အုပ္မင္းက...ဘယ္လိုျဖစ္ရတာလဲ...."
မ်က္ရည္ေတြ တနင့္တပိုးႏွင့္ Khaotung ဟာ...ၿမိဳ႕အုပ္မင္းရဲ႕အိမ္ကို.. အေျပးေလးလာၿပီးေျပာေတာ့... ဒဏ္ရာပလပြႏွင့္ Pat(ပတ္ပ္)ဟာ Khaotung နဲ႕အတူ ငိုေႂကြးေနေတာ့သည္.....
ေနာက္ၿပီး... Pat(ပတ္ပ္)ဆီက ထပ္ၾကားရတဲ့ စကားသံေၾကာင့္ Khaotung မွာ ေမ့ေမ်ာမတတ္ ရွိုက္ကာ ငိုမိေလေတာ့သည္......
ၿမိဳ႕အုပ္မင္းဟာ အနက္ေရာင္ သူရဲေကာင္း ရဲ႕..သူပုန္တပ္နဲ႕ဘုရင္ခံခ်ဳပ္ ရဲ႕တပ္ေတြ စစ္ျဖစ္တဲ့ အခ်ိန္အတြင္းမွာပဲ.... ေသနတ်အပစ်ခံရတဲ့အပြင်.. ေတာင္ေပၚကပါ ျပဳတ္က်တာမလို႔ အသက္ မရွိေတာ့ဘူးတဲ့ေလ....
အနက္ေရာင္ သူရဲေကာင္း ဆိုတာကလည္း တျခားသူ မဟုတ္...ၿမိဳ႕အုပ္မင္းပဲတဲ့...တကယ္ေတာ့ ၿမိဳ႕အုပ္မင္း ဟာ ေတာ္လွန္ေရး တပ္တစ္ခုလုံးရဲ႕ အႀကီးအမႉး ေခါင္းေဆာင္တဲ့ေလ.....မ်ိဳးခ်စ္စိတ္မရွိဘူးဆိုကာ အသားလြတ္မုန္းခဲ့တဲ့သူဟာ...ေခါင္းေဆာင္တစ္ေယာက္တဲ့ေလ.......
အခုလိုျဖစ္တာကလည္း ဟိုဖက္က လက္နက္အင္အားသာေနလို႔ ကိုယ့္တပ္သားေတြ အက်အဆုံးမ်ားလာတာနဲ႕ ...ၿမိဳ႕အုပ္မင္း ဟာ..တစ္ေယာက္ထဲ မေၾကာက္မ႐ြံ ဘုရင္ခံခ်ဳပ္လိုက္ပါလာတဲ့ ေဝါယဥ္ထဲကို ျဖတ္ဝင္..ဘုရင္ခံခ်ဳပ္ကို သတ္ၿပီးျပန္အထြက္..... ဟိုဘက္က စစ္သားေတြဟာ ေသနတ္နဲ႕ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္တာေၾကာင့္...ေတာင္ေစာင္းမွာ ရွိေနတဲ့ ၿမိဳ႕အုပ္မင္း ဟာ...ေတာင္ေအာက္ကို ျပဳတ္က်လိဳ႕ အသက္ ေသဆုံးသြားသတဲ့...ကြၽန္ေတာ္ ရင္ေတြေတာ့ ကြဲပါေပါ့လား ၿမိဳ႕အုပ္မင္း ရယ္........
"ကြၽန္ေတာ့ကို လက္ညွိုးထိုးရင္ေလ.. ကြၽန္ေတာ္ကအဲ့လူကို တစ္သက္လုံးေနာင္တရသြားေအာင္ လုပ္ရမွေက်နပ္တာေနာ္... အေသးေကာင္ေလး "
ဆိုတဲ့ ၿမိဳ႕အုပ္မင္း ရဲ႕စကားေလးျပန္ၾကားေယာင္မိသည္......
တကယ္လဲ ခ်စ္ရတဲ့အေၾကာင္းေတြ ေျပာမျပနိုင္ခဲ့လို႔ ေနာင္တရေနမိပါရဲ႕ ၿမိဳ႕အုပ္မင္းရယ္...ကြၽန္ေတာ့္ကို သနားပါဦးလား.......
"က်ဳပ္ကို အဲ့လိုမၾကည္ၾကည့္နဲ႕ မၾကည့္ပါနဲ႕လား အေသးေကာင္ေလးရယ္....ေနာက္မ်ား အေသးေကာင္ေလးရဲ႕ အနားမွာ က်ဳပ္မရွိေတာ့မွ... အေသးေကာင္ က်ဳပ္ကိုလြမ္းေနရမယ္ "
ၿမိဳ႕အုပ္မင္းကို လြမ္းမိတိုင္း ဒီစကားသံကိုသာ အဖန္ဖန္ၾကားေယာင္မိသည္။
လြမ္းလို႔ပါဗ်ာ...လြမ္းလြန္းလို႔ပါ.....
"မလိုပါဘူးေလ... ရွိလဲေလ.. က်ဳပ္ကေတာ့ အေသးေကာင္ေလးကို..ရေအာင္ယူမွာ.. က်ဳပ္က အေသးေကာင္ေလးကို..တအားခ်စ္တာ ''
"ကြၽန္ေတာ္လည္း ခင္ဗ်ားကို သိပ္ခ်စ္တာမလို႔....ကြၽန္ေတာ့္ဆီျပန္လာခဲ့ပါလား..ၿမိဳ႕အုပ္မင္းရယ္..."
ခပ္တိုးတိုးဆိုလိုက္ခ်ိန္မွာပဲ...မ်က္စိေအာက္ကို ေရာက္လာတဲ့ စာအုပ္ခပ္ထူထူတစ္အုပ္.....
"ၿမိဳ႕အုပ္မင္းက ဒီမူၾကမ္းေတြ..အတည္မျပဌာန္းခင္ မေၾကညာခင္...မင္းကိုအရင္ဖတ္ေစခ်င္တယ္လို႔ ကြၽန္ေတာ့္ကို အရင္ေျပာဖူးတယ္..Khaotung ရဲ႕
ဒါေၾကာင့္ သူစိတ္ခ်မ္းသာသြားေအာင္ Khaotung က ဒီစာအုပ္ကိုေသေသခ်ာခ်ာဖတ္ေပးပါ...Khaotung မႏွစ္သက္တာ..Khaotung မႀကိဳက္တာရွိရင္ လြတ္လပ္စြာ ျပင္နိုင္ပါတယ္...ၿမိဳ႕အုပ္မင္းရဲ႕ ဆႏၵအတိုင္း ကြၽန္ေတာ္က ေျပာျပတာပါ....."
ဥပေဒမူၾကမ္းဟူ၍ ကဗ်ည္းထိုးထားေသာ စာအုပ္ထူထူကို အခုမွပဲ ျမင္ဖူးသည္ေတာ့မဟုတ္....
>>>
"ဒဏ္ရာႀကီးနဲ႕ကို နားနားေနေန မေနပဲစာေတြေရးေနသလား ၿမိဳ႕အုပ္မင္းရဲ႕"
ဘယ္ကေရာက္ခ်လာမွန္းမသိတဲ့ အေသးေကာင္ေလးေၾကာင့္ ၿမိဳ႕အုပ္မင္းမွာ..ေရးလက်စ စာအုပ္ကိုသာ ဆြဲၿဖဲပစ္ရေတာ့မလို.......ကိုယ့္တိုင္းျပည္ ကိုယ့္လူမ်ိဳးကို ကိုယ့္နိုင္ငံသားေတြပဲ အုပ္ခ်ဳပ္ခြင့္ရတဲ့အခါ အသုံးျပဳရမဲ့ မူၾကမ္းေတြျဖစ္ေနလို႔ပင္...
"အိုး.....အေသးေကာင္ေလး ဘာမ်ားရွိလို႔လာတာပါလဲ......"
စာအုပ္ကို ပိတ္လို႔.... ထိုင္ခုံက အတင္းကုန္း႐ုန္းထလာတဲ့.. ၿမိဳ႕အုပ္မင္းေၾကာင့္... အေသးေကာင္ေလးမွာ မ်က္ခုံးေတြက်ဳံ႕ဝင္လာသည္.....
"ကြၽန္ေတာ္က ခင္ဗ်ားသက္သာသလား လာၾကည့္တာပါ.... ဒီမယ္ ၿမိဳ႕အုပ္မင္း... ကြၽန္ေတာ္က ခင္ဗ်ားတို႔နိုင္ငံေရးကို စိတ္ကိုမဝင္စားတာ....ဒါေပမဲ့လည္း ခင္ဗ်ားကို ေတာ္လို႔တတ္လို႔ ဟိုက မူၾကမ္းေရးဆြဲခိုင္းတယ္ဆိုရင္ေတာင္ ကိုယ့္တိုင္းျပည္ ကိုယ့္လူမ်ိဳးကိုလည္း ငဲ့ကြက္ၾကည့္ပါဦးလို႔ ကြၽန္ေတာ္ေျပာခ်င္တယ္... ကြၽန္ေတာ္ျပန္ေတာ့မယ္.... "
အေသးေကာင္ေလးဟာ သူထင္ခ်င္ရာထင္ၿပီး စိတ္ဆိုးကာ အိမ္ျပန္မယ္လုပ္ေတာ့... ၿမိဳ႕အုပ္မင္းဟာ အေသးေကာင္ေလးရဲ႕ လက္ကေလးကို ဆြဲလို႔တားလာသည္.....
"က်ဳပ္ မူၾကမ္းေတြကို...ေဟာ့ဒီ့နိုင္ငံက အသုံးျပဳတဲ့အခါ..ဘယ္သူေတြ အတြက္...ဘယ္လိုအက်ိဳးရွိမယ္ဆိုတာ... အေသးေကာင္ေလး နားလည္လာပါလိမ့္မယ္...အရင္ဆုံး က်ဳပ္မူၾကမ္းဆြဲၿပီးတဲ့အခါ ေဟာ့ဒီက က်ဳပ္ရဲ႕အေသးေကာင္ေလးကို က်ဳပ္က အရင္ဦးဆုံး ျပမွာမလို႔....အမွားပါရင္လည္း ေျပာပါ မႏွစ္မ်ိဳ႕တာ ရွိရင္လည္း ေျပာဖို႔ရာ က်ဳပ္ႀကိဳေတာင္းဆိုထားပါရေစလားဟင္..."
ၿမိဳ႕အုပ္မင္းဟာ ေလသံခပ္တိုးတိုးနဲ႕ေတာင္းဆိုေတာ့ ...အေသးေကာင္ေလး ရဲ႕ မ်က္ႏွာေလးက ၿပဳံးေယာင္သမ္းလာသည္....
"ကြၽန္ေတာ္ အဲ့တာမ်ိဳးေတြ ဝါသနာမပါ ပါဘူးဗ်ာ...ကိုယ့္ဘာ့သာ ကိုယ္ပဲ အဆင္ေျပသလို လုပ္စမ္းပါ...."
"မရပါဘူး...က်ဳပ္ရဲ႕အေသးေကာင္ေလးက က်ဳပ္အတြက္ အထူးပုဂၢိုလ္ေလးျဖစ္တာမလို႔.. ၾကည့္ကိုၾကည့္ရမယ္...ဒါပဲ....''
အတိတ္ေတြဆီ စိတ္အစုံျပန္သန္းတဲ့အခါ လြမ္းေနရရွာ... ေၾကကြဲေနရရွာတဲ့...ႏွလုံးသားတစ္စုံဟာလည္း သနားစရာ...
မထင္မွတ္ပဲ စာ႐ြက္ေတြကို စိုေစခဲ့တဲ့ မ်က္ရည္ေတြအတြက္.. လူခ်င္းေတြ႕လို႔ ေတာင္းပန္ခ်င္မိပါရဲ႕.."ကြၽန္ေတာ့္ရဲ႕ၿမိဳ႕အုပ္မင္းရယ္..."
"ကြၽန္ေတာ္က ခင္ဗ်ားကို အရမ္းခ်စ္တာပါ..ၿမိဳ႕အုပ္မင္းရယ္..."
ရည္႐ြယ္သူ မၾကားေတာ့မွန္းသိပါလ်က္.... ခ်စ္ရသူမရွိေတာ့မွန္းသိပါလ်က္ႏွင့္...စာအုပ္ကို ရင္ဝယ္ပိုက္လို႔ အရွိုက္ႀကီးတငင္ ငိုေႂကြးေနေလေတာ့သည္....
x x x x x x x x x x x x x x x x x x x x x x x x x x x
Chapter-12 The End🍁
အစစ အရာရာ ဂ႐ုစိုက္ၾကပါဗ်😚💟
𝓚𝓲𝓶 𝓛𝔀𝓲𝓷𝓷𝓲𝓮 🐭🌴
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~~ ~ ~ ~ ~ ~