4. Bow To Eros (အချစ်နတ်ဘုရား...

By DoeymyDoe

40K 4K 628

Twin story More

Intro (uni)
Intro (Z)
P 1 (U+Z)
P 2 (U +Z)
P 3 (U+ Z)
P 4 (U+Z)
P 5 (U+Z)
Part 6 (Uni+Z)
P 7 ( U+Z)
P 8 (U+Z)
P 9 (U+Z)
P 10 (U+Z)
P 11 (U+Z)
P 12 (U+Z)
P 13 (U+Z)
P 14 (U+Z)
P 15 ( U+Z)
Part 16
Part 17
Part 19
Part 20
Part 21

Part 18

360 41 0
By DoeymyDoe

"ငါ ဒီကို ပြဿနာရှာဖို့ လာတာမဟုတ်ဘူး၊ အဖေနဲ့ တွေ့ဖို့လာတာ ငါ့ကို တားမယ်ဆို အဆိုးမဆိုနဲ့"

ခြံကျယ်ကြီးရှေ့ကို ရောက်သည့်အခါ အစောင့်များက သူတို့နားသို့ ဝိုင်းလာကြပေသည်။ ထိုအခါ နေသူရိန်က ခြံတံခါးကို ဆိုင်ကယ်ဖြင့် ဝင်တိုက်လိုက်ပေတော့သည်။

"သခင်လေး အတင်းအကြပ်မလုပ်ပါနဲ့ ဆရာဒေါသထွက်သွားရင်..."

"ဂရုမစိုက်ဘူး၊ ခုချက်ချင်း တံခါးကို ဖွင့်လိုက်"

နောက်ဆုံးမှာတော့ အစောင့်က အိမ်အတွင်းသို့ ဖုန်းခေါ်လိုက်ပြီးနောက် နေသူရိန်ကို အထဲသို့ ဝင်ခွင့်ပေးလိုက်လေတော့သည်။

"မင်းမှာ ဘယ်က သတ္တိတွေ ရှိနေလို့ ရန်သူကို ငါ့အိမ်ထဲ တင်ခေါ်လာတာလဲ နေသူရိန်"

ဆိုတော့ ထွက်လာတဲ့ လူက သူ့ဘဝ သုံးပုံနှစ်ပုံလောက် လိုက်ရှာနေခဲ့ရတဲ့ ဦးနေမောင်ပေါ့။ ရသ၏ မျက်ဝန်းများက ဒေါသကြောင့် နီရဲနေလေသည်။

"ကျုပ် အစ်ကို ဘယ်မှာလဲ"

ဦးနေမောင်က တစ်ချက်ရယ်လိုက်ပြီး ရသကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

"ဘယ်က မင်းအစ်ကိုလဲ၊ မင်းဘယ်သူ့ကို ရှာနေမှန်းတောင် ငါမသိဘူး"

"ခင်များ လိုက်ဖမ်းနေတဲ့ အဂ္ဂလင်းလေ"

ဦးနေမောင်က ရသလင်းကို စိုက်ကြည့်လိုက်ပြီး ထိုမျက်နှာပေါက်မျိုးကို ရင်းနှီးနေသလိုမျိုး ခံစားရလေသည်။

"အဂ္ဂလင်းက မင်းပဲလေ"

"ကျုပ်သာ အဂ္ဂလင်းဆို ခင်များရှေ့မှာ ရှိနေမှာ မဟုတ်ဘူး၊ ကျုပ်ရဲ့ အမြွှာ ကျုပ်ရဲ့အစ်ကို အဂ္ဂလင်း ဘယ်မှာလဲလို့ မေးနေတာ"

ဦးနေမောင်၏ မျက်ဆံတို့မှာ လှုပ်ရှားလာခဲ့လေသည်။ ထို့နောက် သူက ရုတ်ချည်း တစ်စုံတစ်ခုကို သတိရသွားလေတော့သည်။

"မင်း...မင်းက လင်းသူနဲ့ ဘယ်လို ပတ်သတ်လဲ"

အဖေဖြစ်သူ၏ နာမည်ကို အခြားသော လူတစ်ယောက်၏ ပါးစပ်ကနေ မကြားရတာပင် အတော်ကို ကြာနေပြီဖြစ်ရာ သူလည်းပဲ လန့်သွားရသည်။ ထို့နောက် စိတ်ကို စုစည်းလိုက်ပြီး ခေါင်းကို မော့လိုက်လျှင် သူ့ကို အကဲခတ်နေသည့် နေသူရိန်ကို မြင်လိုက်ရလေသည်။

"ခင်များသိဖို့ မလိုဘူး"

ဦးနေမောင်က တွေးစစဖြင့် စားပွဲစွန်းကို ကိုင်လိုက်ကာာ မတ်တပ်ရပ်လာလေသည်။

"လင်းသူမှာ အမြွှာသားနှစ်ယောက်ရှိတယ်လို့ ငါကြားဖူးတယ်၊ သူသေပြီးတော့ ငါ သူ့ကလေးတွေကို လိုက်ရှာခဲ့သေးပေမယ့် ဘယ်မှာမှ မတွေ့ခဲ့ဘူး၊ စေသူရိန် အဲံ့ဒီခွေးကောင်က မင်းတို့နှစ်ယောက်ကို ခေါ်သွားပြီး သူ့အတွက် အလုပ်လုပ်ခိုင်းနေတယ်ပေါ့ ဟုတ်လား"

ထိုစကားကြားမှသာ ရသလင်း၏ ဒေါသတို့က ငယ်ထိပ်ရောက်သွားပြီး ဦးနေမောင်ကို ထိုးဖို့ ပြင်လိုက်စဉ် နေသူရိန်က ကြားကနေ ဝင်ဆွဲလိုက်လေသည်။

"ခင်များ ပါးစပ်ကနေ ဦးသူကို ဘာမှ ပြောစရာ အကြောင်းမရှိဘူး"

"ဟား...ဟား ဟား"

ဦးနေမောင်မှာ ကျယ်လောင်စွာ ရယ်မောပြီးမှ သက်ပြင်းချလိုက်လေသည်။

"လင်းသူက ငါ့ရဲ့ညီအစ်ကိုကောင်း အမြဲတမ်း ဖြစ်ခဲ့တာ၊ မင်းအဖေကို သတ်တာ ဘယ်သူလဲဆိုတာကို မင်းတကယ်မသိချင်တာလား၊ စေသူရိန် သူ့ကို မင်းတကယ်ပဲ ယုံနေတာလား"

ရသလင်း၏ ရင်မှာ ပြင်းထန်စွာ ခုန်လှုပ်လာတော့သည်။ သူကိုယ်တိုင်လည်း သူ့အဖေကို ဦးသူသတ်လိုက်တာကို မြင်ခဲ့တာကြောင့် ဒီအမှန်တရားကို  သူသေတဲ့ နေ့ထိ ထိန်းသိမ်းသွားဖို့ စိတ်ကူးရှိခဲ့တာပင်။ ဒီနေ့ထက်ထိ သူ့စိတ်ထဲမှာ ဦးသူက နစ်နာခဲ့သူဖြစ်ပြီး အကြောင်းရှိလို့သာ သူ့အဖေကို လက်စားချေခဲ့တာဖြစ်ဖို့ မျှော်လင့်နေခဲ့သည်။ သို့မဟုတ် ကြားထဲမှာ အထင်လွဲစရာရှိနေခဲ့ပြီး ဦးသူက အဖေ့ကို အမြင်လွဲနေခဲ့တယ်ဆိုတာကို သက်သေပြချင်ခဲ့ပေသည်။

"ခင်များ ပါးစပ်ကို ပိတ်ထား၊ ဦးသူကို ခင်များ ဘာမှ မကောင်းပြောနေစရာ အကြောင်းမရှိဘူး၊ ပြဿနာ အားလုံးက ခင်များ စခဲ့တာပဲ မလား၊ ကိုအင်ဂိုဏ်းကို ခင်များ ဖျက်စီးခဲ့တာ၊ ဦးသူရဲ့ အဖေကို အပြစ်မရှိဘဲ ခင်များ သတ်ပစ်ခဲ့တာလေ"

နေသူရိန်မှာ မှန်းဆထားပြီးသား အမှန်တရားများကို ကြားလိုက်ရတာကြောင့် ရသကို ဆက်၍ ဆွဲမထားနိုင်တော့ပေ။ သူလွှတ်ပေးလိုက်တော့ ရသက ဦးနေမောင်ဆီ တစ်ဟုန်ထိုး ပြေးပေမယ့် အစောင့်များကို သူမကျော်နိုင်ပေ။ ကြမ်းပြင်တွေ မှောက်လိုက်ရပြီး အနောက်ကနေ လက်ကို ချုပ်ထားတာကြောင့် သူဘယ်လိုပင် ရုန်းရုန်း မလွတ်နိုင်ပေ။

ဦးနေမောင်သည်လည်း မျက်နှာပျက်သွားခဲ့လေပြီး ရသလင်းနားကို လျှောက်လာကာ ထိုင်ချလိုက်ပြီး မျက်နှာကို လက်ဖြင့် ပင့်ကာမော့စေလိုက်ပေသည်။

"မင်းစိတ်အထင် တကယ်ဖြစ်ခဲ့တာ ဒါအကုန်ပဲလို့ မင်းထင်လား၊ ငါ နေမောင် ဘယ်တုန်းကမှ အပြစ်မရှိတဲ့ သူကို မသတ်ခဲ့ဖူးသလို ဘယ်တုန်းကမှလည်း ကိုအင်ဂိုဏ်းရဲ့ အာဏာနဲ့ စည်းစိမ်ကို မမက်ခဲ့ဖူးဘူး၊ ဦးနေမင်း အဲ့အဘိုးကြီးသာ ခေါင်းဆောင်ပီသခဲ့မယ်ဆိုရင် ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး၊ သူခေါင်းဆောင်တဲ့ အချိန်မှ ကိုအင်ဂိုဏ်းက အတွင်းပုတ်သွားခဲ့ရတာလေ"

ထိုစဉ် အပြင်ဘက်တွင် တိုက်ခိုက်သံများကို ကြားနေရလေသည်။ အိမ်တော် တံခါးကို ကန်၍ ဖွင့်လိုက်သူက ဇွဲမင်းဖြစ်ပြီး သူ၏ တည်တံ့နေသော မျက်နှာမှာ ကြမ်းပြင်မှာ လဲနေသည့် ရသလင်းကို မြင်လိုက်ရသောအခါ မျက်ဝန်းများက တုန်လှုပ်သွားလေကာ ထိုအစောင့်များနားသို့ ပြေးသွားလိုက်ပြီး ရသလင်းကို ကယ်တင်လိုက်ပေသည်။

"မင်း ဘာဖြစ်သွားသေးလဲ"

"အသက်နားတော့ မနီးသေးဘူး"

ရသလင်းက ပုံမှန်အတိုင်းဖြစ်နေတာမို့ သူတို့နှစ်ဦးက ကျောချင်းကပ်လိုက်ပြီး တစ်ဖက်လူများကို ပြန်ချဖို့ အဆင်သင့်ဖြစ်နေလေသည်။

"ရပ်လိုက်"

ကိုယ်ရံတော်တစ်ယောက်၏ အကူညီဖြင့် ဝှီးချဲပေါ်တွင် ထိုင်ကာ ဝင်ရောက်လာသူမှာ ကော်လံပင် ပုံမပျက်သေးသည့် အနောက်တိုင်းဝတ်စုံဖြင့် ချောမောခန့်ညားသည့် လူပင်။ စေသူရိန်က ရသလင်းကို ကြည့်လိုက်တော့ ရသမှာ ခေါင်းငုံ့သွားလေတော့သည်။ 

သူ့ဘဝမှာ လူတိုင်းကို ပမာမခန့်လုပ်ရဲသည်။ လူတစ်ယောက် သတ်ဖို့ ဝန်မလေးပေမယ့် ဦးသူရဲ့စကားကို နားမထောင်မိသည့် အချိန်တိုင်း ဦးသူရဲ့ မျက်လုံးတွေကို မကြည့်ရဲခဲ့ဘူး။ သူအတောင့်တဆုံး ဘဝက ဦးသူရယ် သူ့အစ်ကိုရယ် နောင်တမရှိ ပူပင်ခြင်းမရှိ နေထိုင်နိုင်ဖို့ပါပဲ။

"ဒီနားလာခဲ့"

ရသလင်းမှာ ချက်ချင်းပင် မာန်ဖီနေသော ကျားတစ်ယောက် အဖြစ်မှ အမှားလုပ်ထားမိသည့် ကြောင်ငယ်လေးအသွင် ပြောင်းလဲသွားပေသည်။ 

"ထိုင်"

ရသမှာ နာခံစွာ ဦးသူရှေ့တွင် ငုတ်တုတ်လေးထိုင်လိုက်လေသည်။ သူ၏ ပွန်းပဲ့နေသော လက်များကို စေသူရိန်က ခပ်ဖွဖွပွတ်လိုက်ပြီး ပူဆွေးမှုများဖြင့် သူလည်းပဲ ရသလင်း၏ မျက်ဝန်းများကို မကြည့်ရဲတော့ပေ။ သူ့အဖေကို သတ်ခဲ့သူက သူကိုယ်တိုင်ဖြစ်သည်ဆိုတာ ပြင်လို့မရတဲ့ အမှန်တရားပါပဲ။

"ဘယ်သွားမယ်ဆိုတာ မပြောမဆိုနဲ့ ခဏခဏ ထွက်သွားမယ်ဆိုရင် တစ်နေ့ ကိုယ်မင်းကို ရှာမတွေ့နိုင်တော့ရင် ဘယ်လိုလုပ်မလဲ"

"ကျွန်တော် အစ်ကို့ကို ရှာချင်လို့ပါ"

ထိုအခါ စေသူရိန်၏ မျက်ဝန်းတို့က ဦးနေမောင်ဆီကို ရောက်သွားလေသည်။ အောက်ပိုင်းသေနေသည့် လူတစ်ယောက်၏ လူသတ်လိုစိတ် အရှိန်အဝါက ဦးနေမောင်ကိုပါ အေးခဲသွားစေလေသည်။

"အဂ္ဂလင်း ဘယ်မှာလဲဆိုတာ အခု ခင်များပြောလို့ရပြီလား"

ဦးနေမောင်က ရှေ့တိုးလိုက်ပြီး စေသူရိန်ကို ရင်ဆိုင်လိုက်သည်။

"ငါ ညာပြောနေတာ မဟုတ်ဘူး၊ ရေထဲကျသွားပြီးကတည်းက ငါတို့လည်း သူ့ကို ရှာနေခဲ့တာ၊ အခုထိ မတွေ့သေးဘူး၊ သူတို့နှစ်ယောက်ကသာ လင်းသူရဲ့ သားတွေဆိုရင် မင်းထက်တောင် ငါက ပိုရှာတွေ့ချင်သေးတယ် စေသူရိန်"

"ခင်များ ပါးစပ်က ကျုပ် နာမည်ထွက်ဖို့ မတန်ဘူး၊ တစ်ခါ သစ္စာဖောက်ပြီးရင် တစ်သက်လုံး ခင်များက သစ္စာဖောက်ပဲ"

ဦးနေမောင်မှာ ထိုစကားကြောင့် နာကျည်းစွာ ရယ်လေသည်။

"သစ္စာဖောက်တယ် ဟုတ်လား၊ သွေးသောက် ညီအစ်ကိုရဲ့ မယားကို မတော်မတရားကျင့်တဲ့ ဂိုဏ်းခေါင်းဆောင်ထက် ဆိုးနိုင်ပါဦးမလား စေသူရိန် မင်းပြော၊ ဒီအမှန်တရားကို အခုချိန်ထိ ငါရင်ထဲမှာ သိမ်းထားခဲ့တာ ငါသူ့ကို နောက်ဆုံး လုပ်ပေးနိုင်တဲ့ သစ္စာရှိခြင်းပဲ စေသူရိန်၊ ငါ့ကိုယ်ငါ လူတိုင်းရဲ့ စိတ်ထဲ သစ္စာဖောက် တစ်ယောက်အဖြစ်ခံပြီး ကိုအင်ဂိုဏ်းရဲ့ အတွင်းပိုင်းကို ငါဆေးပေးခဲ့တာ"

စေသူရိန်မှာ ဒေါသကြောင့် မျက်ဝန်းများ နီရဲလာပေတော့သည်။ 

"ခင်များ ပါးစပ်က ခွေးစကားအတော်ပြောတတ်တာပဲ"

စေသူရိန်၏ သည်းခံမှုမှာ နှစ်များစွာ လေ့ကျင့်ထားတာကြောင့် အတော်လေးကို ကောင်းမွန်နေပြီပင်။ သူ့အနေနဲ့ ဒီနေ့မှာတော့ အခဲမကြေသမျှကို ရှင်းထုတ်လိုက်ပြီး သင်ပုန်းချ အပြီးသတ်လိုက်ချင်ပြီ။ အဂ္ဂနဲ့ ရသတို့ အမြွှာညီအစ်ကိုတွေကို သူ့ကြောင့်နဲ့ထပ်ပြီး ဒုက္ခမရောက်စေလိုတော့ပေ။ ဦးနေမောင်ကို သူ့လက်နဲ့သတ်ပြီး မိဘများအတွက် ကလဲ့စားချေလိုစိတ်ကြောင့် ဒီလောက်နှစ်တွေအများကြီး ကိုအင်ဂိုဏ်းကို မလွှတ်ချနိုင်ဘဲ လူနည်းစုကနေ ပြန်လည်တည်ထောင်ခဲ့ရတာပင်။

"မင်း မယုံရင် ငါမင်းကို အဲ့ဒီနှစ်တုန်းက ဖြစ်ပျက်ခဲ့တာ မင်းအဖေရဲ့ လူမဆန်မှုကို ငါပြောပြမယ်"

အမှန်တရားက တကယ်ပဲ ခါးသီးတယ်ဆိုရင် လူတိုင်းက အမှားကို ရွေးဖို့ ဝန်လေးကြမှာ မဟုတ်ဘူး။ သို့ပေမယ့် အမှန်တရားကတော့ ရှိနေဦးမှာပါပဲ။ အမှားကို လက်ခံထားကြတဲ့ လူတွေကြောင့်သာ အမှန်ဆိုတာ ပျောက်ကွယ်နေခဲ့ရတာ။

ကိုအင်ဂိုဏ်း မပျက်စီးခင် အင်အားကြီး၍ အားကောင်းနေဆဲ အချိန်၌ ဂိုဏ်းအတွင်းရှိ ခေါင်းဆောင် ငါးဦးမှာ အလွန်လုပ်ကိုင်နိုင်စွမ်း ရှိကြပြီး သစ္စာလည်း ကြီးမားကြသည်။ သို့သော် လူတိုင်းကတော့ လူကောင်း ဘယ်ဖြစ်ပါ့မလဲ။ 

ဂိုဏ်းခေါင်းဆောင် ဦးနေမင်းက သေရည်အရက်ကို ခုံမင်သူဖြစ်ပြီး အရက်တစ်ငုံ အမြည်းတစ်ဖုံဖြင့် နေ့တိုင်း နေထိုင်တတ်သူဖြစ်လေသည်။ သို့သော် သူ၏ ခေါင်းဆောင်နိုင်စွမ်းကတော့ အာဏာရပြီး နှစ်အနည်းငယ်အတွင်း ကိုအင်ဂိုဏ်းကို အလင်းဝင်ခဲ့ပြီး ထိပ်သီးဂိုဏ်း ဖြစ်လာစေခဲ့လေသည်။

ဦးနေမောင်ကတော့ ထိုအချိန်က ခေါင်းဆောင်၏ ညာလက်ရုံး ဖြစ်ခဲ့ပြီး လှပသော နာမည်ကြီးမင်းသမီးကို ဇနီးအဖြစ် ယူခဲ့ကာ နေသူရိန်ကို ဖွားမြင်ခဲ့လေသည်။ ဇနီးသည်ကို အလိုလိုက်၍ ဂိုဏ်းပြင်ပတွင် နေထိုင်စေခဲ့ပြီး သားဖြစ်သူကိုလည်း အပြင်တွင်သာ ပြုစုပျိုးထောင်ခဲ့လေသည်။

ထိုစဉ်က ဂိုဏ်းသားများက မိမိတို့၏ မိသားစုများကိုပါ ဂိုဏ်းထဲသို့ ခေါ်ဆောင်ကာ ဂိုဏ်းကို ပိုမို၍ ကြီးထွားလာစေခဲ့သော်လည်း ဦးနေမောင်၏ လုပ်ရပ်က အများပြောစရာ ဖြစ်လာလေသည်။

ဦးနေရောင်သည်ကား မိန်းမရှုပ်သူဖြစ်တာကြောင့် အမြဲလိုလို ခေါင်းဆောင်နှင့် ပြဿတက်လေ့ရှိပြီး ဂိုဏ်းခေါင်းဆောင်ကလည်း သူ့ကိုဆိုဆုံးမ၍ မရသူဟု သတ်မှတ်ထားလေသည်။

နောက်တစ်ဦးမှာ လင်းသူဖြစ်ပြီး ဂိုဏ်း၏ အရေးပါ အရာရောက်သူ ဖြစ်သော်ငြား အလောင်းကစား ဝါသနာထုံပြီး ဂိုဏ်းတွင်း ပိုက်ဆံများကိုပါ လောင်းကစားလုပ်ရာတွင် သုံးလေ့ရှိတာကြောင့် ခေါင်းဆောင် သူ့ကို အမြဲအပြစ်ပေးလေ့ရှိသည်။

နောက်ဆုံးတစ်ဦးမှာ မင်းရောင်ဖြစ်ပြီး သူက စကားနည်း၍ အလုပ်လုပ်တာလည်း တိကျလေသည်။ ဂိုဏ်းသားများက သူ့ကို လေးစားကြပြီး သူကိုယ်တိုင်ကလည်း စည်းမျဉ်းစည်းကမ်းများကို လေးစားသူပင်။ သို့ပေမယ့် သူ၏ အားနည်းချက်က အမြဲကိုယ်ရောင်ဖျောက်နေတတ်ပြီး နောက်ကွယ်မှသာ လှုပ်ရှားသူဖြစ်တာကြောင့် လူတိုင်းက သူ့နာမည်ကြားဖူးသည့်တိုင် လူကို မြင်တွေ့ရဖို့ ခဲယဉ်းလေသည်။

တစ်နေ့မှာတော့ ဦးနေမောင်သည် မစ်ရှင်တစ်ခု သွားဖို့ ခေါင်းဆောင်ဆီကနေ အမိန့်ရခဲ့လေသည်။ ထို့ကြောင့် ဂိုဏ်းပြင်ခဏထွက်ကာ မိန်းမနဲ့ သားဖြစ်သူ နေသူရိန်ကို သွားရှာခဲ့လေသည်။ ထိုစဉ်က သူရခဲ့သည့် မစ်ရှင်သည် အနည်းငယ် အန္တရာယ်များပြီး မူးယစ်ဂိုဏ်း တစ်ခုကို သင်္ဘောကျင်းတွင် အမိဖမ်းရန် ဖြစ်သည်။ မစ်ရှင်မှ လအနည်းငယ်မျှပင် ကြာနိုင်ကြောင်း မိသားစုကို အသိပေး၍ မစ်ရှင်ထမ်းဆောင်ရန် ဂိုဏ်းမှ ထွက်ခွာခဲ့လေသည်။

သူနှင့်အတူ ပါလာသူက လင်းသူဖြစ်တာကြောင့် ထိုမစ်ရှင်ကို ခက်ခဲသည်ဟုပင် သူမယူဆပေ။ အမှန်တွင်မူ ဂိုဏ်းတွင် ခေါင်းဆောင်ငါးဦးမှာ တစ်ဦးတည်းဆိုလျှင် ရှုံးနိုင်ချေရှိပေမယ့် နစ်ဦးဆိုလျှင်တော့ အစိုးရရုံးတစ်ရုံးကိုပင် အချိန်မရွေးလောင်ကျွမ်းစေနိုင်လောက်သည်အထိ စွမ်းဆောင်ရည်မြင့်မားပေသည်။ မည်သူနှင့် မည်သူ တွဲ၍ လုပ်ဆောင်ရမည်မဟုတ်ဘဲ နှစ်ယောက်ဖြစ်ဖို့ပဲ လိုအပ်တာပင်။

ထိုစဉ်တွင် လင်းသူမှာ မစ်ရှင်အတွင်း အလောင်းကစားလုပ်ရင်း လက်လွန်သွားပြီး အကြွေးတင်သွားကာ ရန်သူများအောင် စွဲဆောင်လိုက်မိသည်။ ထို့ကြောင့် ဦးနေမောင်မှာ သားဖြစ်သူအတွက် ကားဝယ်ပေးရန် စုဆောင်းထားသော ပိုက်ဆံအားလုံးကို လင်းသူအတွက် အကြွေးဆပ်ပေးလိုက်ရလေသည်။ 

ဂိုဏ်းခေါင်းဆောင်က ဂိုဏ်းအတွင်း လုပ်အားခများကို ရာထူးအလိုက်အဆင့်ဆင့် ခွဲပေးပေမယ့် မိမိကတော့ ကျန်ခေါင်းဆောင်လေးဦးနှင့် ညီမျှသော လုပ်ခကိုသာ ယူလေသည်။ ထို့ကြောင့် ဂိုဏ်းရန်ပုံငွေသည် အလွန်များပြားပြီး လက်နက်များလည်း စုံလင်စွာ တပ်ဆင်နိုင်ပေသည်။ သူတို့၏ လုပ်ခမှာလည်း အတော်အသင့်များလေပြီး အခြားသော စီးပွားရေးလုပ်ငန်းငယ်များကိုပါ ရင်းနှီးနိုင်သည်အထိ ခေါင်းဆောင်က လုပ်ခကို တန်အောင်ပေးလေသည်။

ထို့ကြောင့် ဦးနေမောင်သည်လည်း ခေါင်းဆောင်အပေါ် ထာဝရသစ္စာရှိသွားမည်ဖြစ်ကြောင်း သစ္စာဆိုခဲ့ဖူးလေသည်။ သို့သော် မစ်ရှင်ကနေ သူပြန်ရောက်လာချိန်မှာတော့ အခြေနေက တစ်မျိုးပြောင်းသွားလေတော့သည်။

Zawgyi

"ငါ ဒီကို ျပႆနာရွာဖို႔ လာတာမဟုတ္ဘူး၊ အေဖနဲ႔ ေတြ႕ဖို႔လာတာ ငါ့ကို တားမယ္ဆို အဆိုးမဆိုနဲ႔"

ၿခံက်ယ္ႀကီးေရွ႕ကို ေရာက္သည့္အခါ အေစာင့္မ်ားက သူတို႔နားသို႔ ဝိုင္းလာၾကေပသည္။ ထိုအခါ ေနသူရိန္က ၿခံတံခါးကို ဆိုင္ကယ္ျဖင့္ ဝင္တိုက္လိုက္ေပေတာ့သည္။

"သခင္ေလး အတင္းအၾကပ္မလုပ္ပါနဲ႔ ဆရာေဒါသထြက္သြားရင္..."

"ဂ႐ုမစိုက္ဘူး၊ ခုခ်က္ခ်င္း တံခါးကို ဖြင့္လိုက္"

ေနာက္ဆုံးမွာေတာ့ အေစာင့္က အိမ္အတြင္းသို႔ ဖုန္းေခၚလိုက္ၿပီးေနာက္ ေနသူရိန္ကို အထဲသို႔ ဝင္ခြင့္ေပးလိုက္ေလေတာ့သည္။

"မင္းမွာ ဘယ္က သတၱိေတြ ရွိေနလို႔ ရန္သူကို ငါ့အိမ္ထဲ တင္ေခၚလာတာလဲ ေနသူရိန္"

ဆိုေတာ့ ထြက္လာတဲ့ လူက သူ႔ဘဝ သုံးပုံႏွစ္ပုံေလာက္ လိုက္ရွာေနခဲ့ရတဲ့ ဦးေနေမာင္ေပါ့။ ရသ၏ မ်က္ဝန္းမ်ားက ေဒါသေၾကာင့္ နီရဲေနေလသည္။

"က်ဳပ္ အစ္ကို ဘယ္မွာလဲ"

ဦးေနေမာင္က တစ္ခ်က္ရယ္လိုက္ၿပီး ရသကို လက္ညႇိဳးထိုးကာ ေျပာလိုက္သည္။

"ဘယ္က မင္းအစ္ကိုလဲ၊ မင္းဘယ္သူ႔ကို ရွာေနမွန္းေတာင္ ငါမသိဘူး"

"ခင္မ်ား လိုက္ဖမ္းေနတဲ့ အဂၢလင္းေလ"

ဦးေနေမာင္က ရသလင္းကို စိုက္ၾကည့္လိုက္ၿပီး ထိုမ်က္ႏွာေပါက္မ်ိဳးကို ရင္းႏွီးေနသလိုမ်ိဳး ခံစားရေလသည္။

"အဂၢလင္းက မင္းပဲေလ"

"က်ဳပ္သာ အဂၢလင္းဆို ခင္မ်ားေရွ႕မွာ ရွိေနမွာ မဟုတ္ဘူး၊ က်ဳပ္ရဲ႕ အႁမႊာ က်ဳပ္ရဲ႕အစ္ကို အဂၢလင္း ဘယ္မွာလဲလို႔ ေမးေနတာ"

ဦးေနေမာင္၏ မ်က္ဆံတို႔မွာ လႈပ္ရွားလာခဲ့ေလသည္။ ထို႔ေနာက္ သူက ႐ုတ္ခ်ည္း တစ္စုံတစ္ခုကို သတိရသြားေလေတာ့သည္။

"မင္း...မင္းက လင္းသူနဲ႔ ဘယ္လို ပတ္သတ္လဲ"

အေဖျဖစ္သူ၏ နာမည္ကို အျခားေသာ လူတစ္ေယာက္၏ ပါးစပ္ကေန မၾကားရတာပင္ အေတာ္ကို ၾကာေနၿပီျဖစ္ရာ သူလည္းပဲ လန႔္သြားရသည္။ ထို႔ေနာက္ စိတ္ကို စုစည္းလိုက္ၿပီး ေခါင္းကို ေမာ့လိုက္လွ်င္ သူ႔ကို အကဲခတ္ေနသည့္ ေနသူရိန္ကို ျမင္လိုက္ရေလသည္။

"ခင္မ်ားသိဖို႔ မလိုဘူး"

ဦးေနေမာင္က ေတြးစစျဖင့္ စားပြဲစြန္းကို ကိုင္လိုက္ကာာ မတ္တပ္ရပ္လာေလသည္။

"လင္းသူမွာ အႁမႊာသားႏွစ္ေယာက္ရွိတယ္လို႔ ငါၾကားဖူးတယ္၊ သူေသၿပီးေတာ့ ငါ သူ႔ကေလးေတြကို လိုက္ရွာခဲ့ေသးေပမယ့္ ဘယ္မွာမွ မေတြ႕ခဲ့ဘူး၊ ေစသူရိန္ အဲံ့ဒီေခြးေကာင္က မင္းတို႔ႏွစ္ေယာက္ကို ေခၚသြားၿပီး သူ႔အတြက္ အလုပ္လုပ္ခိုင္းေနတယ္ေပါ့ ဟုတ္လား"

ထိုစကားၾကားမွသာ ရသလင္း၏ ေဒါသတို႔က ငယ္ထိပ္ေရာက္သြားၿပီး ဦးေနေမာင္ကို ထိုးဖို႔ ျပင္လိုက္စဥ္ ေနသူရိန္က ၾကားကေန ဝင္ဆြဲလိုက္ေလသည္။

"ခင္မ်ား ပါးစပ္ကေန ဦးသူကို ဘာမွ ေျပာစရာ အေၾကာင္းမရွိဘူး"

"ဟား...ဟား ဟား"

ဦးေနေမာင္မွာ က်ယ္ေလာင္စြာ ရယ္ေမာၿပီးမွ သက္ျပင္းခ်လိုက္ေလသည္။

"လင္းသူက ငါ့ရဲ႕ညီအစ္ကိုေကာင္း အၿမဲတမ္း ျဖစ္ခဲ့တာ၊ မင္းအေဖကို သတ္တာ ဘယ္သူလဲဆိုတာကို မင္းတကယ္မသိခ်င္တာလား၊ ေစသူရိန္ သူ႔ကို မင္းတကယ္ပဲ ယုံေနတာလား"

ရသလင္း၏ ရင္မွာ ျပင္းထန္စြာ ခုန္လႈပ္လာေတာ့သည္။ သူကိုယ္တိုင္လည္း သူ႔အေဖကို ဦးသူသတ္လိုက္တာကို ျမင္ခဲ့တာေၾကာင့္ ဒီအမွန္တရားကို  သူေသတဲ့ ေန႔ထိ ထိန္းသိမ္းသြားဖို႔ စိတ္ကူးရွိခဲ့တာပင္။ ဒီေန႔ထက္ထိ သူ႔စိတ္ထဲမွာ ဦးသူက နစ္နာခဲ့သူျဖစ္ၿပီး အေၾကာင္းရွိလို႔သာ သူ႔အေဖကို လက္စားေခ်ခဲ့တာျဖစ္ဖို႔ ေမွ်ာ္လင့္ေနခဲ့သည္။ သို႔မဟုတ္ ၾကားထဲမွာ အထင္လြဲစရာရွိေနခဲ့ၿပီး ဦးသူက အေဖ့ကို အျမင္လြဲေနခဲ့တယ္ဆိုတာကို သက္ေသျပခ်င္ခဲ့ေပသည္။

"ခင္မ်ား ပါးစပ္ကို ပိတ္ထား၊ ဦးသူကို ခင္မ်ား ဘာမွ မေကာင္းေျပာေနစရာ အေၾကာင္းမရွိဘူး၊ ျပႆနာ အားလုံးက ခင္မ်ား စခဲ့တာပဲ မလား၊ ကိုအင္ဂိုဏ္းကို ခင္မ်ား ဖ်က္စီးခဲ့တာ၊ ဦးသူရဲ႕ အေဖကို အျပစ္မရွိဘဲ ခင္မ်ား သတ္ပစ္ခဲ့တာေလ"

ေနသူရိန္မွာ မွန္းဆထားၿပီးသား အမွန္တရားမ်ားကို ၾကားလိုက္ရတာေၾကာင့္ ရသကို ဆက္၍ ဆြဲမထားႏိုင္ေတာ့ေပ။ သူလႊတ္ေပးလိုက္ေတာ့ ရသက ဦးေနေမာင္ဆီ တစ္ဟုန္ထိုး ေျပးေပမယ့္ အေစာင့္မ်ားကို သူမေက်ာ္ႏိုင္ေပ။ ၾကမ္းျပင္ေတြ ေမွာက္လိုက္ရၿပီး အေနာက္ကေန လက္ကို ခ်ဳပ္ထားတာေၾကာင့္ သူဘယ္လိုပင္ ႐ုန္း႐ုန္း မလြတ္ႏိုင္ေပ။

ဦးေနေမာင္သည္လည္း မ်က္ႏွာပ်က္သြားခဲ့ေလၿပီး ရသလင္းနားကို ေလွ်ာက္လာကာ ထိုင္ခ်လိုက္ၿပီး မ်က္ႏွာကို လက္ျဖင့္ ပင့္ကာေမာ့ေစလိုက္ေပသည္။

"မင္းစိတ္အထင္ တကယ္ျဖစ္ခဲ့တာ ဒါအကုန္ပဲလို႔ မင္းထင္လား၊ ငါ ေနေမာင္ ဘယ္တုန္းကမွ အျပစ္မရွိတဲ့ သူကို မသတ္ခဲ့ဖူးသလို ဘယ္တုန္းကမွလည္း ကိုအင္ဂိုဏ္းရဲ႕ အာဏာနဲ႔ စည္းစိမ္ကို မမက္ခဲ့ဖူးဘူး၊ ဦးေနမင္း အဲ့အဘိုးႀကီးသာ ေခါင္းေဆာင္ပီသခဲ့မယ္ဆိုရင္ ဒီလိုေတြ ျဖစ္လာမွာ မဟုတ္ဘူး၊ သူေခါင္းေဆာင္တဲ့ အခ်ိန္မွ ကိုအင္ဂိုဏ္းက အတြင္းပုတ္သြားခဲ့ရတာေလ"

ထိုစဥ္ အျပင္ဘက္တြင္ တိုက္ခိုက္သံမ်ားကို ၾကားေနရေလသည္။ အိမ္ေတာ္ တံခါးကို ကန္၍ ဖြင့္လိုက္သူက ဇြဲမင္းျဖစ္ၿပီး သူ၏ တည္တံ့ေနေသာ မ်က္ႏွာမွာ ၾကမ္းျပင္မွာ လဲေနသည့္ ရသလင္းကို ျမင္လိုက္ရေသာအခါ မ်က္ဝန္းမ်ားက တုန္လႈပ္သြားေလကာ ထိုအေစာင့္မ်ားနားသို႔ ေျပးသြားလိုက္ၿပီး ရသလင္းကို ကယ္တင္လိုက္ေပသည္။

"မင္း ဘာျဖစ္သြားေသးလဲ"

"အသက္နားေတာ့ မနီးေသးဘူး"

ရသလင္းက ပုံမွန္အတိုင္းျဖစ္ေနတာမို႔ သူတို႔ႏွစ္ဦးက ေက်ာခ်င္းကပ္လိုက္ၿပီး တစ္ဖက္လူမ်ားကို ျပန္ခ်ဖို႔ အဆင္သင့္ျဖစ္ေနေလသည္။

"ရပ္လိုက္"

ကိုယ္ရံေတာ္တစ္ေယာက္၏ အကူညီျဖင့္ ဝွီးခ်ဲေပၚတြင္ ထိုင္ကာ ဝင္ေရာက္လာသူမွာ ေကာ္လံပင္ ပုံမပ်က္ေသးသည့္ အေနာက္တိုင္းဝတ္စုံျဖင့္ ေခ်ာေမာခန႔္ညားသည့္ လူပင္။ ေစသူရိန္က ရသလင္းကို ၾကည့္လိုက္ေတာ့ ရသမွာ ေခါင္းငုံ႔သြားေလေတာ့သည္။ 

သူ႔ဘဝမွာ လူတိုင္းကို ပမာမခန႔္လုပ္ရဲသည္။ လူတစ္ေယာက္ သတ္ဖို႔ ဝန္မေလးေပမယ့္ ဦးသူရဲ႕စကားကို နားမေထာင္မိသည့္ အခ်ိန္တိုင္း ဦးသူရဲ႕ မ်က္လုံးေတြကို မၾကည့္ရဲခဲ့ဘူး။ သူအေတာင့္တဆုံး ဘဝက ဦးသူရယ္ သူ႔အစ္ကိုရယ္ ေနာင္တမရွိ ပူပင္ျခင္းမရွိ ေနထိုင္ႏိုင္ဖို႔ပါပဲ။

"ဒီနားလာခဲ့"

ရသလင္းမွာ ခ်က္ခ်င္းပင္ မာန္ဖီေနေသာ က်ားတစ္ေယာက္ အျဖစ္မွ အမွားလုပ္ထားမိသည့္ ေၾကာင္ငယ္ေလးအသြင္ ေျပာင္းလဲသြားေပသည္။ 

"ထိုင္"

ရသမွာ နာခံစြာ ဦးသူေရွ႕တြင္ ငုတ္တုတ္ေလးထိုင္လိုက္ေလသည္။ သူ၏ ပြန္းပဲ့ေနေသာ လက္မ်ားကို ေစသူရိန္က ခပ္ဖြဖြပြတ္လိုက္ၿပီး ပူေဆြးမႈမ်ားျဖင့္ သူလည္းပဲ ရသလင္း၏ မ်က္ဝန္းမ်ားကို မၾကည့္ရဲေတာ့ေပ။ သူ႔အေဖကို သတ္ခဲ့သူက သူကိုယ္တိုင္ျဖစ္သည္ဆိုတာ ျပင္လို႔မရတဲ့ အမွန္တရားပါပဲ။

"ဘယ္သြားမယ္ဆိုတာ မေျပာမဆိုနဲ႔ ခဏခဏ ထြက္သြားမယ္ဆိုရင္ တစ္ေန႔ ကိုယ္မင္းကို ရွာမေတြ႕ႏိုင္ေတာ့ရင္ ဘယ္လိုလုပ္မလဲ"

"ကြၽန္ေတာ္ အစ္ကို႔ကို ရွာခ်င္လို႔ပါ"

ထိုအခါ ေစသူရိန္၏ မ်က္ဝန္းတို႔က ဦးေနေမာင္ဆီကို ေရာက္သြားေလသည္။ ေအာက္ပိုင္းေသေနသည့္ လူတစ္ေယာက္၏ လူသတ္လိုစိတ္ အရွိန္အဝါက ဦးေနေမာင္ကိုပါ ေအးခဲသြားေစေလသည္။

"အဂၢလင္း ဘယ္မွာလဲဆိုတာ အခု ခင္မ်ားေျပာလို႔ရၿပီလား"

ဦးေနေမာင္က ေရွ႕တိုးလိုက္ၿပီး ေစသူရိန္ကို ရင္ဆိုင္လိုက္သည္။

"ငါ ညာေျပာေနတာ မဟုတ္ဘူး၊ ေရထဲက်သြားၿပီးကတည္းက ငါတို႔လည္း သူ႔ကို ရွာေနခဲ့တာ၊ အခုထိ မေတြ႕ေသးဘူး၊ သူတို႔ႏွစ္ေယာက္ကသာ လင္းသူရဲ႕ သားေတြဆိုရင္ မင္းထက္ေတာင္ ငါက ပိုရွာေတြ႕ခ်င္ေသးတယ္ ေစသူရိန္"

"ခင္မ်ား ပါးစပ္က က်ဳပ္ နာမည္ထြက္ဖို႔ မတန္ဘူး၊ တစ္ခါ သစၥာေဖာက္ၿပီးရင္ တစ္သက္လုံး ခင္မ်ားက သစၥာေဖာက္ပဲ"

ဦးေနေမာင္မွာ ထိုစကားေၾကာင့္ နာက်ည္းစြာ ရယ္ေလသည္။

"သစၥာေဖာက္တယ္ ဟုတ္လား၊ ေသြးေသာက္ ညီအစ္ကိုရဲ႕ မယားကို မေတာ္မတရားက်င့္တဲ့ ဂိုဏ္းေခါင္းေဆာင္ထက္ ဆိုးႏိုင္ပါဦးမလား ေစသူရိန္ မင္းေျပာ၊ ဒီအမွန္တရားကို အခုခ်ိန္ထိ ငါရင္ထဲမွာ သိမ္းထားခဲ့တာ ငါသူ႔ကို ေနာက္ဆုံး လုပ္ေပးႏိုင္တဲ့ သစၥာရွိျခင္းပဲ ေစသူရိန္၊ ငါ့ကိုယ္ငါ လူတိုင္းရဲ႕ စိတ္ထဲ သစၥာေဖာက္ တစ္ေယာက္အျဖစ္ခံၿပီး ကိုအင္ဂိုဏ္းရဲ႕ အတြင္းပိုင္းကို ငါေဆးေပးခဲ့တာ"

ေစသူရိန္မွာ ေဒါသေၾကာင့္ မ်က္ဝန္းမ်ား နီရဲလာေပေတာ့သည္။ 

"ခင္မ်ား ပါးစပ္က ေခြးစကားအေတာ္ေျပာတတ္တာပဲ"

ေစသူရိန္၏ သည္းခံမႈမွာ ႏွစ္မ်ားစြာ ေလ့က်င့္ထားတာေၾကာင့္ အေတာ္ေလးကို ေကာင္းမြန္ေနၿပီပင္။ သူ႔အေနနဲ႔ ဒီေန႔မွာေတာ့ အခဲမေၾကသမွ်ကို ရွင္းထုတ္လိုက္ၿပီး သင္ပုန္းခ် အၿပီးသတ္လိုက္ခ်င္ၿပီ။ အဂၢနဲ႔ ရသတို႔ အႁမႊာညီအစ္ကိုေတြကို သူ႔ေၾကာင့္နဲ႔ထပ္ၿပီး ဒုကၡမေရာက္ေစလိုေတာ့ေပ။ ဦးေနေမာင္ကို သူ႔လက္နဲ႔သတ္ၿပီး မိဘမ်ားအတြက္ ကလဲ့စားေခ်လိုစိတ္ေၾကာင့္ ဒီေလာက္ႏွစ္ေတြအမ်ားႀကီး ကိုအင္ဂိုဏ္းကို မလႊတ္ခ်ႏိုင္ဘဲ လူနည္းစုကေန ျပန္လည္တည္ေထာင္ခဲ့ရတာပင္။

"မင္း မယုံရင္ ငါမင္းကို အဲ့ဒီႏွစ္တုန္းက ျဖစ္ပ်က္ခဲ့တာ မင္းအေဖရဲ႕ လူမဆန္မႈကို ငါေျပာျပမယ္"

အမွန္တရားက တကယ္ပဲ ခါးသီးတယ္ဆိုရင္ လူတိုင္းက အမွားကို ေ႐ြးဖို႔ ဝန္ေလးၾကမွာ မဟုတ္ဘူး။ သို႔ေပမယ့္ အမွန္တရားကေတာ့ ရွိေနဦးမွာပါပဲ။ အမွားကို လက္ခံထားၾကတဲ့ လူေတြေၾကာင့္သာ အမွန္ဆိုတာ ေပ်ာက္ကြယ္ေနခဲ့ရတာ။

ကိုအင္ဂိုဏ္း မပ်က္စီးခင္ အင္အားႀကီး၍ အားေကာင္းေနဆဲ အခ်ိန္၌ ဂိုဏ္းအတြင္းရွိ ေခါင္းေဆာင္ ငါးဦးမွာ အလြန္လုပ္ကိုင္ႏိုင္စြမ္း ရွိၾကၿပီး သစၥာလည္း ႀကီးမားၾကသည္။ သို႔ေသာ္ လူတိုင္းကေတာ့ လူေကာင္း ဘယ္ျဖစ္ပါ့မလဲ။ 

ဂိုဏ္းေခါင္းေဆာင္ ဦးေနမင္းက ေသရည္အရက္ကို ခုံမင္သူျဖစ္ၿပီး အရက္တစ္ငုံ အျမည္းတစ္ဖုံျဖင့္ ေန႔တိုင္း ေနထိုင္တတ္သူျဖစ္ေလသည္။ သို႔ေသာ္ သူ၏ ေခါင္းေဆာင္ႏိုင္စြမ္းကေတာ့ အာဏာရၿပီး ႏွစ္အနည္းငယ္အတြင္း ကိုအင္ဂိုဏ္းကို အလင္းဝင္ခဲ့ၿပီး ထိပ္သီးဂိုဏ္း ျဖစ္လာေစခဲ့ေလသည္။

ဦးေနေမာင္ကေတာ့ ထိုအခ်ိန္က ေခါင္းေဆာင္၏ ညာလက္႐ုံး ျဖစ္ခဲ့ၿပီး လွပေသာ နာမည္ႀကီးမင္းသမီးကို ဇနီးအျဖစ္ ယူခဲ့ကာ ေနသူရိန္ကို ဖြားျမင္ခဲ့ေလသည္။ ဇနီးသည္ကို အလိုလိုက္၍ ဂိုဏ္းျပင္ပတြင္ ေနထိုင္ေစခဲ့ၿပီး သားျဖစ္သူကိုလည္း အျပင္တြင္သာ ျပဳစုပ်ိဳးေထာင္ခဲ့ေလသည္။

ထိုစဥ္က ဂိုဏ္းသားမ်ားက မိမိတို႔၏ မိသားစုမ်ားကိုပါ ဂိုဏ္းထဲသို႔ ေခၚေဆာင္ကာ ဂိုဏ္းကို ပိုမို၍ ႀကီးထြားလာေစခဲ့ေသာ္လည္း ဦးေနေမာင္၏ လုပ္ရပ္က အမ်ားေျပာစရာ ျဖစ္လာေလသည္။

ဦးေနေရာင္သည္ကား မိန္းမရႈပ္သူျဖစ္တာေၾကာင့္ အၿမဲလိုလို ေခါင္းေဆာင္ႏွင့္ ျပႆတက္ေလ့ရွိၿပီး ဂိုဏ္းေခါင္းေဆာင္ကလည္း သူ႔ကိုဆိုဆုံးမ၍ မရသူဟု သတ္မွတ္ထားေလသည္။

ေနာက္တစ္ဦးမွာ လင္းသူျဖစ္ၿပီး ဂိုဏ္း၏ အေရးပါ အရာေရာက္သူ ျဖစ္ေသာ္ျငား အေလာင္းကစား ဝါသနာထုံၿပီး ဂိုဏ္းတြင္း ပိုက္ဆံမ်ားကိုပါ ေလာင္းကစားလုပ္ရာတြင္ သုံးေလ့ရွိတာေၾကာင့္ ေခါင္းေဆာင္ သူ႔ကို အၿမဲအျပစ္ေပးေလ့ရွိသည္။

ေနာက္ဆုံးတစ္ဦးမွာ မင္းေရာင္ျဖစ္ၿပီး သူက စကားနည္း၍ အလုပ္လုပ္တာလည္း တိက်ေလသည္။ ဂိုဏ္းသားမ်ားက သူ႔ကို ေလးစားၾကၿပီး သူကိုယ္တိုင္ကလည္း စည္းမ်ဥ္းစည္းကမ္းမ်ားကို ေလးစားသူပင္။ သို႔ေပမယ့္ သူ၏ အားနည္းခ်က္က အၿမဲကိုယ္ေရာင္ေဖ်ာက္ေနတတ္ၿပီး ေနာက္ကြယ္မွသာ လႈပ္ရွားသူျဖစ္တာေၾကာင့္ လူတိုင္းက သူ႔နာမည္ၾကားဖူးသည့္တိုင္ လူကို ျမင္ေတြ႕ရဖို႔ ခဲယဥ္းေလသည္။

တစ္ေန႔မွာေတာ့ ဦးေနေမာင္သည္ မစ္ရွင္တစ္ခု သြားဖို႔ ေခါင္းေဆာင္ဆီကေန အမိန႔္ရခဲ့ေလသည္။ ထို႔ေၾကာင့္ ဂိုဏ္းျပင္ခဏထြက္ကာ မိန္းမနဲ႔ သားျဖစ္သူ ေနသူရိန္ကို သြားရွာခဲ့ေလသည္။ ထိုစဥ္က သူရခဲ့သည့္ မစ္ရွင္သည္ အနည္းငယ္ အႏၲရာယ္မ်ားၿပီး မူးယစ္ဂိုဏ္း တစ္ခုကို သေဘၤာက်င္းတြင္ အမိဖမ္းရန္ ျဖစ္သည္။ မစ္ရွင္မွ လအနည္းငယ္မွ်ပင္ ၾကာႏိုင္ေၾကာင္း မိသားစုကို အသိေပး၍ မစ္ရွင္ထမ္းေဆာင္ရန္ ဂိုဏ္းမွ ထြက္ခြာခဲ့ေလသည္။

သူႏွင့္အတူ ပါလာသူက လင္းသူျဖစ္တာေၾကာင့္ ထိုမစ္ရွင္ကို ခက္ခဲသည္ဟုပင္ သူမယူဆေပ။ အမွန္တြင္မူ ဂိုဏ္းတြင္ ေခါင္းေဆာင္ငါးဦးမွာ တစ္ဦးတည္းဆိုလွ်င္ ရႈံးႏိုင္ေခ်ရွိေပမယ့္ နစ္ဦးဆိုလွ်င္ေတာ့ အစိုးရ႐ုံးတစ္႐ုံးကိုပင္ အခ်ိန္မေ႐ြးေလာင္ကြၽမ္းေစႏိုင္ေလာက္သည္အထိ စြမ္းေဆာင္ရည္ျမင့္မားေပသည္။ မည္သူႏွင့္ မည္သူ တြဲ၍ လုပ္ေဆာင္ရမည္မဟုတ္ဘဲ ႏွစ္ေယာက္ျဖစ္ဖို႔ပဲ လိုအပ္တာပင္။

ထိုစဥ္တြင္ လင္းသူမွာ မစ္ရွင္အတြင္း အေလာင္းကစားလုပ္ရင္း လက္လြန္သြားၿပီး အေႂကြးတင္သြားကာ ရန္သူမ်ားေအာင္ စြဲေဆာင္လိုက္မိသည္။ ထို႔ေၾကာင့္ ဦးေနေမာင္မွာ သားျဖစ္သူအတြက္ ကားဝယ္ေပးရန္ စုေဆာင္းထားေသာ ပိုက္ဆံအားလုံးကို လင္းသူအတြက္ အေႂကြးဆပ္ေပးလိုက္ရေလသည္။ 

ဂိုဏ္းေခါင္းေဆာင္က ဂိုဏ္းအတြင္း လုပ္အားခမ်ားကို ရာထူးအလိုက္အဆင့္ဆင့္ ခြဲေပးေပမယ့္ မိမိကေတာ့ က်န္ေခါင္းေဆာင္ေလးဦးႏွင့္ ညီမွ်ေသာ လုပ္ခကိုသာ ယူေလသည္။ ထို႔ေၾကာင့္ ဂိုဏ္းရန္ပုံေငြသည္ အလြန္မ်ားျပားၿပီး လက္နက္မ်ားလည္း စုံလင္စြာ တပ္ဆင္ႏိုင္ေပသည္။ သူတို႔၏ လုပ္ခမွာလည္း အေတာ္အသင့္မ်ားေလၿပီး အျခားေသာ စီးပြားေရးလုပ္ငန္းငယ္မ်ားကိုပါ ရင္းႏွီးႏိုင္သည္အထိ ေခါင္းေဆာင္က လုပ္ခကို တန္ေအာင္ေပးေလသည္။

ထို႔ေၾကာင့္ ဦးေနေမာင္သည္လည္း ေခါင္းေဆာင္အေပၚ ထာဝရသစၥာရွိသြားမည္ျဖစ္ေၾကာင္း သစၥာဆိုခဲ့ဖူးေလသည္။ သို႔ေသာ္ မစ္ရွင္ကေန သူျပန္ေရာက္လာခ်ိန္မွာေတာ့ အေျခေနက တစ္မ်ိဳးေျပာင္းသြားေလေတာ့သည္။

Continue Reading

You'll Also Like

467K 11.3K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
251K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
118K 14.9K 86
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel
873K 58.9K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ခ်စ္ျခင္းေတြက ေမာင္တစ္ေယာက္တည္းအတြက္ရာသက္ပန္ (22.11.2020)