​ကောင်းမွန်တဲ့ဘဝနဲ့ အမျိုးသမီ...

By Autumn_Aster

29.6K 2.8K 64

Type : Web Novel Author: Jiu Yue Wei Lan 九月微蓝 Total Chapter: 106 Eng Trans -> https://www.novelupdates.com... More

Prologue
အခန်း၁ တွင်ပါဝင်သည့် အသုံးအနှုန်းများ
အခန်း ၁
အခန်း-၂
အခန်း-၃
အခန်း ၄
အခန်း ၅
အခန်း-၆
အခန်း ၇
အခန်း ၈
အခန်း-၉
အခန်း-၁၀
အခန်း ၁၁
အခန်း- ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၆
အခန်း ၁၇

အခန်း ၁၅

1K 131 2
By Autumn_Aster

UNICODE

သူမရဲ့သမီးက ထိတ်လန့်တကြီးနှင့် ရပ်နေပြီး နည်းနည်းလေးတောင် မလှုပ်တာ ကျန်းရှီမြင်ချိန်မှာ သူမနှလုံးသားက ဆွဲညှစ်ခံထားရသလို တင်းကြပ်လာသည်။ သူမရဲ့ မျက်ရည်တွေက အထိန်းချုပ်ကင်းမဲ့စွာ ကျဆင်းလာပြီး သူမနှလုံးသားထဲ နောင်တတွေ ပြည့်လာ၏။

"စန်းညန် စိတ်မပူနဲ့ စံအိမ်သမားတော်က ရောက်လာတော့မှာ"

လွန်စန်းညန်က အသိပြန်ဝင်လာသည်။ သူမအမေရဲ့ ပူဆွေးမှုနှင့် ခါးသက်မှုကို မြင်ချိန်မှာ သူမက ဂရုစိုက်ခြင်းအလျင်းမရှိ ပြောလာသည်။ "အမေ သမီးအဆင်ပြေတယ်"

သူမက ရောဂါကုသရေးစနစ်ရှိသည့် လူဖြစ်သည်။ သူမရဲ့ အရင်ဘဝမှာ ကလေးမရနိုင်သည့် ဝမ်ဖေးတစ်ဦးကို သားသမီးရနိုင်သည့်ဆေးဖြင့် ကုသပေးခဲ့သည်။ သူမ ဖုံးကွယ်ထားသည့် ပြဿနာတွေကို ဖြေရှင်းဖို့ သူမရဲ့စွမ်းရည်ကို အကောင်အထည်ဖော်ဖို့သာလိုသည်။

သူမက ဒီလျှို့ဝှက်ချက်ကို မဖော်ထုတ်ဖို့ ပြောလို့မရပေ။ လွမ်စန်းညန်က အံ့အားသင့်ဖွယ် ဆရာဝန်တစ်ဦးဖြစ်သည့် ဂုဏ်သတင်းထွက်လာချိန်မှာ သူမက သွေးခုန်နှုန်းမဖတ်နိုင်တာကို လူတွေက သိချိန်မှာ ထိုဩဇာကြီးမားသည့် အရာရှိတွေ၏ ရွံ့ရှာဖွယ်အကြည့်တွေကို မှတ်မိသေးသည်။ သူမက တုန်ယီသွားပြီး သူမရဲ့ အနက်ရှိုင်းဆုံး ကြောက်ရွံ့မှုအား ဖုံးကွယ်ရန် မျက်လွှာချလိုက်သည်။

ကျန်းရှီက လွမ်စန်းညန်၏ အပြုအမူကြောင့် ကြောင်မပြီး ဉာဏ်မမှီသလိုဖြစ်သွားသည်။

"စန်းညန် သမီး..."

သူစကားမဆုံးခင်မှာပဲ မားမားကောင်းက စံအိမ်တော်သမားတော်အား အခန်းဆီသို့ အမြန်ခေါ်လာသည်။

"ဖူးရန် တတိယသခင်မလေး သမားတော်ရောက်ပါပြီ"

အပြင်မှာ စောင့်ကြပ်နေသည့် မားမားစွန်းလည်း သူတို့နှင့်အတူ လိုက်ဝင်လာသည်။

ရုတ်ချည်းဆိုသလို လွမ်စန်းညန်က မကောင်းသည့်ခံစားချက်ကြီး ရလာသည်။

ကျန်းရှီက သူမစိတ်ကို ပြန်ပြင်ပြီး မျက်ရည်အမြန်သုတ်လိုက်သည်။ သူမက ညွှန်ကြားလာ၏။ "သမားတော် စန်းညန်က မစားသင့်တာ စားမိသွားလို့ အမြန် ပြန်အန်စေတဲ့ဆေးညွှန်း ရေးပေးပါ"

သမားတော်က ကျန်းရှီရဲ့လူဖြစ်ပြီး ဖူးရန်ပြောသည့် တတိယသခင်မလေးက မစားသင့်တာကို စားမိတယ်လို့ ကြားချိန်မှာ သူဒီလာအလမ်း၌ ကြားရသည့်သတင်းကို ပြန်တွေးမိပြီး တတိယသခင်မလေးက ဘာစားလိုက်လဲဆိုတာ ချက်ချင်းနားလည်သွားသည်။

"ဖူးရန် ခဏလောက်စောင့်ပေးပါ"

သမားတော်က အခြေအနေကိုသိလို့ ပြန်အန်စေတာနှင့် သင့်တော်သည့် ဆေးညွှန်းအား ချက်ချင်းရေးချတော့သည်။

"မားမားကောင်း ဆေးအမြန်သွားကျို" ကျန်းရှီက မှင်တောင်မခြောက်သေးခင် ဆေးညွှန်းကို မားမားကောင်းဆီ အမြန်ပေးလိုက်တော့သည်။

လျစ်လျူရှုခံထားရသည့် လွန်စန်းညန်က အခြေအနေကို ကြည့်နေရင်း ထူးဆန်းသလို မြင်လာသည်။ မျက်လုံးအပြူးသားနှင့် ကြည့်နေရင်း သူမအမေက သူမကို ပြန်အန်ထွက်စေတဲ့ဆေး တိုက်ဖို့ ကြိုးစားနေတာလား?

ပြန်အန်ထွက်စေတဲ့ဆေးက ရိုးရိုးသားသားပြောရရင် အရမ်းကြောက်ဖို့ကောင်း၏။

လွမ်စန်းညန်ရဲ့ မျက်နှာလှလှက ချက်ချင်း စိမ်းဖန့်ဖန့်ဖြစ်သွားသည်။ ပျာယာခတ်ပြီး ဒေါသထွက်သွားပြီး အကျယ်ကြီး အော်လာ၏။ "အမေ သမီးအဆင်ပြေတယ်။ အော့အန်စေတဲ့ဆေးကို သမီးမစားချင်ဘူး"

ကျန်းရှီက သူမသမီးကို ကြင်နာသည့်အမူအရာနှင့် နှစ်သိမ့်လေသည်။ "စန်းညန် အမေ့စကားကို နားထောင် အမေက သမီးကောင်းဖို့အတွက် လုပ်နေတာ"

"သမီးမသောက်ဘူး"

လွမ်စန်းညန်က ငြင်းဆန်နေသည်။ သူမက မြုံစေသည့်ဆေး၏ အစွမ်းကို ဖယ်ရှားပစ်ဖို့ စွမ်းရည်ရှိနေတာကို ဘာလို့ သူမကိုယ်သူမနှိပ်စက်ဖို့ အော့အန်စေတဲ့ဆေးကို သောက်ရမှာလဲ?

"သမီးခြံဝန်းကို အရင်ပြန်တော့မယ်"

ထိုစကားပြောပြီးနောက် လွမ်စန်းညန်က လှစ်ကနဲပြေးဖို့ ကြိုးစားပေမယ့် အသင့်ပြင်ထားသည့် မားမားစွန်း၏ တားမြစ်မှုကိုခံလိုက်ရသည်.

သူမရဲ့သမီးက ဘယ်လောက်သဘောထားကြီးမြတ်လဲဆိုတာ ကျန်းရှီမြင်ချိန်မှာ ထိတ်လန့်ဒေါသထွက်မိသည်။ ဒါက မြုံစေတဲ့ဆေး သူမသမီးက မြုံစေတဲ့ဆေးတွေ ပြန်အန်မထုတ်ရင် သူမရဲ့ကျန်နေတဲ့ဘဝတစ်ဝက်က ပျက်ဆီးသွားမှာဖြစ်သည်။ ထို့ကြောင့် ကျန်းရှီက ရွေးစရာမရှိဘဲ ချက်ချင်း သဘောထား တင်းမာရတော့သည်။

သူမသမီးက ဂရုမစိုက်ပေမယ့် သူမကတော့ ဂရုစိုက်သည်။

"စန်းညန် သမီးက အော့အန်စေတဲ့ဆေး မသောက်ချင်ရင်တောင် သောက်ရမယ်"

လွမ်စန်းညန်က အားကုန်ရုန်းပေမယ့် မားမားစွန်းချုပ်ကိုင်မှုကနေ ရုန်းမထွက်နိုင်ဘဲ သူမမျက်လုံးက မီးတွေတောက်လာတော့သည်။

"မားမားစွန်း တို့ကို လွှတ်"

"သခင်မလေး ဖူးရန်က သခင်မလေးကို နာကျင်အောင် ဘယ်တော့မှ မလုပ်ဘူး" မားမားစွန်းက လွမ်စန်းညန်ကို တင်းကြပ်စွာ ကိုင်ထား၏။

ထိုအချိန်မှာပဲ သမားတော်က ဘေးကနေ ကြည့်ရင်း တတိယသခင်မလေးရဲ့ အပြုအမူကို နားမလည်နိုင်ဖြစ်နေသည်။

သူမဦးနှောက်ထဲ ရေတွေဝင်သွားတာလား?

စောင့်ဆိုင်းရတာက အဆိုးဆုံးညှင်းပန်းနှိပ်စက်မှုဖြစ်သည်။

မားမားကောင်းက အော့အန်စေတဲ့ဆေးကို ကိုင်ပြီး ပြန်လာချိန်မှာ မားမားစွန်းက သခင်မလေးကို ဖမ်းချုပ်ထားတာ မြ်ငလိုက်သည်။

"ဖူးရန် အော့အန်စေတဲ့ဆေး ရပါပြီ"

လွမ်စန်းညန်က ပြင်းထန်သည့်ဆေးနံ့ကို ရချိန်မှာ သူမမျက်နှာက အရွက်စိမ်းလိုပြောင်းသွားသည်။ ဆေးတောင်မလိုဘဲ သူမ အန်မိတော့မည်။

သူမအမေက မပြီးခင်ကို လွှတ်ပေးမည့်ပုံမမြင်တော့ လွမ်စန်းညန်၏ လွတ်မြောက်အောင် ကြိုးပမ်းမှုက အလကားပင်။

ဒါပေမယ့် သူမရဲ့စွမ်းရည်ကို မဖော်ထုတ်ရဲပေ။

သူမရဲ့ စွမ်းရည်ကို တိတ်တိတ်လေးသုံးခဲ့ပေမယ့် သူမက အော့အန်စေတဲ့ဆေးကို အတင်းဖိအားပေး သောက်ခိုင်းခံရတုန်းပင်။ လွမ်စန်းညန်က သွေးအန်ချင်မတတ် စိတ်ဓာတ်ကျနေ၏။

သမားတော်က ရှေ့တိုးလာပြီး ထပ်စစ်ဆေးလေသည်။ ပြဿနာမရှိဘဲ သေချာပေါက် ပြင်းထန်သည့်အစွမ်းနှင့် အော့အန်စေတဲ့ဆေး သေချာတော့ ကျန်းရှီအား ခေါင်းညိတ်ပြလိုက်သည်။

ကျန်းရှီက အော့အန်စေတဲ့ဆေးကို ယူကာ ဒေါသတွေနှင့် ပြည့်နေသည့် သူမသမီးကို ကြည့်လိုက်သည်။ သူမမျက်လုံးထဲ အပြစ်ရှိစိတ် စိတ်မကောင်းမှုတွေ ဖြတ်ပြေးသွားရင်း သူမက ညင်သာသည့်အသံနှင့် ပြောလာသည်။

"စန်းညန် လာ ဒီဆေးသောက်လိုက်"

"ဟင့်အင်း သမီးမသောက်ဘူး" လွမ်စန်းညန်က ဤအချိန်မှာ နောက်ဆုံးခွန်အားဖြင့် ရုန်းကန်နေတုန်းဖြစ်သည်။

ဖူးရန်ရဲ့ အချက်ပြမှုအောက်မှာ မားမားကောင်းက အပြစ်ပြုမိသည့်အတွက် တောင်းပန်ရင်း လွမ်စန်းညန်ရဲ့ လက်နှင့် ခြေတွေကို မားမားစွန်းနှင့် အတူချုပ်ကိုင်လိုက်သည်။

မလှုပ်နိုင်တော့ လွမ်စန်းညန်ရဲ့ အကြည့်ထဲ ဝမ်းနည်းမှုနှင့် ဒေါသတွေ လျှံထွက်လာသည်။

"စန်းညန် ဒီအမေရက်စက်တာအတွက် အပြစ်မတင်နဲ့။ အမေက သမီးကောင်းဖို့အတွက် လုပ်နေတာ" ကျန်းရှီက တုန်ယီနေသည့် နှုတ်ခမ်းနှင့် ပြောလာသည်။

ပြီးနောက် ဆေးကို ယူကာ လွမ်စန်းညန်ရဲ့ မေးစေ့ကို လက်တစ်ဖက်ဖြင့် ဆွဲဖွင့်ပြီး လွမ်စန်းညန်ရဲ့ပါးစပ်ထဲ တုန့်ဆိုင်းမှုမရှိ ဆေးလောင်းထည့်လိုက်တော့သည်။

ခါးသက်နံစော်နေသည့် ဆေးက လည်ချောင်းထဲ ဝင်လာချိန်မှာ လွမ်စန်းညန်က ပြင်းထန်စွာ ချောင်းဆို‌ေးတော့သည်။

"အဟွက်အဟွက်..."

မားမားစွန်းနှင့် မားမားကောင်းက သူမကို လွှတ်ပေးလိုက်ပြီး ကျန်းရှီက အစေခံတွေကို သန့်ရှင်းသည့် ထွေးခံအမြန်ယူလာဖို့ ပြောလိုက်သည်။

ခဏကြာပြီးနောက် ဆေးအစွမ်းပြလေသည်။ လွမ်စန်းညန်က သူမရဲ့ပုံရိပ်တောင် ဂရုမစိုက်နိုင်တော့ဘဲ ချက်ချင်း အန်တော့၏။

တစ်နာရီကြာပြီးနောက်မှာတော့ လွမ်စန်းညန်က စိမ်းဖန့်ဖြူဖျော့နေသည့် အမူအရာနှင့် တွဲထူခံရပြီး သူမခြံဝန်းဆီ ပြန်ပို့ခံရသည်။

ထိုနှိပ်စက်ခံရမှုအပြီးမှာ ကျန်းရှီက နောက်ဆုံးစိတ်အေးသွားပေမယ့် လွမ်စန်းညန်ကတော့ လုပ်ငန်းစဉ်အတွင်းမှာ အသက်တစ်ဝက်လောက် ဆုံးရှုံးလုနီးပါးဖြစ်သွားသည်။

သူမခြံဝန်းကို ပြန်ရောက်ချိန်မှာ အစေခံတွေကို မောင်းထုတ်ပြီးနောက် စောင်ကို ဖက်ကာ အကျယ်ကြီး အော်ငိုတော့သည်။

......

လွမ်စန်းညန်က တစ်ခုခုကို မှားစားမိပြီး အတင်းအော့အန်ခိုင်းတယ်ဆိုတဲ့ သတင်းက အမတ်စံအိမ်၏ ကိုယ်လုပ်တော်တွေဆီ သူတို့ရဲ့ ယုံကြည်ရတဲ့ အစေခံတွေဆီကနေ အောင်မြင်စွာ ရောက်ရှိလာသည်။

စူးယွီ၏ မရည်ရွယ်သည့် ထုတ်ဖော်မှုတွေကြောင့် ကိစ္စက ဖုံးကွယ်လို့မရတော့ပေ။

အရမ်းကို လျင်မြန်စွာနှင့် အကုန်လုံးက လွမ်စန်းညန်က လွမ်စစ်ညန်နှင့် အတူတူစားခဲ့တာကို သိလိုက်ရသည်။

သံသယမရှိစွာနှင့် အကုန်လုံးက လွမ်စစ်ညန်၏ အစားအသောက်မှာ တစ်ခုခုမှားနေတာကို သံသယဝင်သွားကြသည်။

သူတို့ထဲမှာ ပင်မမီးဖိုချောင်က ဖူးရန်၏ထိန်းချုပ်အောက်မှာ ရှိတာ မသိတဲ့သူ ဘယ်သူရှိလို့လဲ? ရက်အနည်းငယ် သည်းခံပြီးနောက် ဖူးရန်က လွမ်စစ်ညန်ကို ဆန့်ကျင်ဖို့ကို မထိန်းချုပ်နိုင်တော့ပေ။ ဖူးရန်က လွမ်စန်းညန်ကို ဒီလောက်ထိ လုပ်လိုက်ရအောင် အစားအသောက်ထဲမှာ ဘာထည့်ထားလဲဆိုတာသာ သူတို့မသိတာဖြစ်သည်။

လင်းယိညန်က အမှန်တရားကို ပထမဆုံးခန့်မှန်းမိသူဖြစ်သည်။ ဝမ်မိသားစုနှင့် အမတ်စံအိမ်ကြားမှ လက်ထပ်ထိမ်းမြားမှုက ဖျက်ဆီးလို့မရပေမယ့် လွမ်စစ်ညန်ကတော့ ပျက်ဆီးရမည်။ ပြီးတော့ ဖူးရန်သာ လွမ်စစ်ညန်ကို ဖျက်ဆီးချင်ရင် သူမကိုယ်ကို ပျက်ဆီးစေမည့် မြုံဆေးကိုသာ သုံးမှာဖြစ်သည်။

လင်းယိညန်က သူမရဲ့ ယုံကြည်ရသည့်မားမားကို ပြောလာသည်။ "စစ်ညန်က သနားဖို့ကောင်းတာပဲ"

.......

ကြည်လင်နှလုံးသားဥယျာဉ်၌

လွမ်ရှီက သူမရဲ့ စုတ်တံ၊ မှင်၊ စာရွက်နှင့် မှင်သွေးကျောက်တို့ကို သေချာ နေရာချလိုက်သည်။ သူမက ခဏအနားယူမည့်အချိန်မှာပဲ စူးယွီက အလျင်စလို ဝင်လာပြီး သတင်းကောင်းသယ်လာပေးသည်။

"သခင်မလေး ပင်မခြံဝန်းကနေ သတင်းရလာပါတယ်။ တတိယသခင်မလေးက မစားသင့်တာကို စားမိလို့ အော့အန်စေတဲ့ဆေးနဲ့ ပြန်အော့အန်ခိုင်းခံရပါတယ်တဲံ"

"အတင်းဖိအားပေးပြီး အန်ခိုင်းပြီးနောက်မှာ တတိယသခင်မလေးက အသက်တစ်ဝက်နီးပါး ဆုံးရှုံးလုဖြစ်သွားပြီးတော့ သူမခြံဝန်းကို တွဲပြီး ပို့ပေးလိုက်ရပါတယ်တဲ့"

စူးယွီက ပီတိပြည့်နေသော မျက်နှာဖြင့် စကားပြောရင်း သူမ၏ ဒေါသက အတိုင်းအတာတစ်ခုအထိ ပြေပျောက်သွားသလို ခံစားလိုက်ရသည်။

ထိုအချင်းအရာကြားတော့ လွမ်ရှီရဲ့ နှုတ်ခမ်းက ခပ်ပါးပါးကွေးတက်သွားသည်။ လွမ်စန်းညန်က သူမရဲ့ တရားဝင်မိခင် ဖိအားပေးပြီး အော့အန်ဆေးသောက်ခိုင်းဖို့ကို သိဖို့ အတွေးအများကြီးမလိုပေ။

"သခင်မလေး တတိယသခင်မလေးက သခင်မလေးရဲ့ ဟင်းပွဲတွေကို မြုံဆေးတွေ ခပ်ခံရတာကို သိပြီးနောက်မှာ ကြည်လင်နှလုံးသားဥယျာဉ်ဆီလာပြီးတော့ ထမင်းတူတူလာစားဦးမယ်လို့ ထင်သေးလားဟင်?" စူးယွီက မျက်ဝန်းအိမ်တွေ လှုပ်ခါသွားပြီး ပျော်ရွှင်စွာနှင့် မေးလာ၏။

လွမ်ရှီက ခပ်ဖွဖွရယ်လေသည်။ "လာမှာမဟုတ်တော့ဘူး။ ဒီတစ်ကြိမ် စန်းကျဲက အကြီးအကျယ်ခံစားလိုက်ရတာ။ တို့ခြံဝန်းကို ထပ်ပြီးလာစားရဲတဲ့ သတ္တိရှိတော့မှာမဟုတ်လောက်ဘူး"

အင်း သူမက မြုံဆေးခပ်ခံရတဲ့အချက်ကို သိပြီး လွမ်စန်းညန်က ဘာလုပ်မလဲဆိုတာ သူမ သိချင်မိသည်။

သူမသည် အေးစက်သောမျက်လုံးများဖြင့် ကြည့်ကာ သတိမထားမိချင်ယောင်ဆောင်နေမည်လား သို့မဟုတ် တိတ်တဆိတ်နှင့် သူမကို ကူညီကုသပေးမည်လား။

လွမ်ရှီက လွမ်စန်းညန် မည်သည့်ရွေးချယ်မှုကို ပြုလုပ်မည်ကို အမှန်တကယ် သိချင်လာသည်။

စူးယွီက သူမရဲ့သခင်မလေး၏ အဖြေကို ကြားသောအခါ သူမ သဘောတူသည်။ သေချာစွာနှင့်ပဲ တတိယသခင်မလေးက ဒီတစ်ကြိမ်မှာ ကြီးမားသည့်ဒုက္ခနှင့် ကြုံတွေ့ခဲ့ရလို့ ပြန်သက်သာဖို့ကို ရက်အနည်းငယ်ခန့် အချိန်ယူရမှာဖြစ်သည်။

သူမရဲ့ ပျော်ရွှင်မှု လျော့သွားပြီးနောက် စူးယွီက မနေနိုင်ဘဲ စိုးရိမ်လာမိသည်။ "သခင်မလေး ဖူးရန်က ဒီတစ်ကြိမ်မှာ တတိယသခင်မလေး မတော်တမှုနဲ့ ကြုံတွေ့ရလို့ ဒီအကြွေးကို သခင်မလေးအပေါ် ပုံချမှာလား? ဖူးရန်က သခင်မလေးကို အိမ်ထိန်းသိမ်းမှုကို မသင်ပေးတော့ရင် ဘယ်လိုလုပ်မလဲ?"

"မဖြစ်နိုင်ဘူး။ အဖေက အမေ့ကို အိမ်ထိန်းသိမ်းရေးကိစ္စကို ပြောထားပြီးသား။ လောင်ထိုက်ထိုက်ကလည်း ကြည့်နေတော့ အမေက ဒီမတော်တဆကို သူ့နှလုံးသားထဲပဲ သိမ်းထားပြီးတော့ ဒီအကြွေးကို ဖြေဖျောက်ဖို့ နောက်အခွင့်အရေးကိုပဲ စောင့်တော့မှာ"

"ပြီးတော့ ဒီမတော်တဆမှုကြောင့် အမေက တို့ဟင်းပွဲတွေကို အပိုဟင်းခတ်ထည့်တာ ရပ်လိမ့်မယ်" လွမ်ရှီက ခပ်ဖျော့ဖျော့ပြောလာသည်။

သူမရဲ့ တရားဝင်မိခင်၏ စိတ်ထဲဝယ် မြုံစေသည့်ဆေးက အစောထဲက အစွမ်းပြနေပြီလို့ ထင်နေတာဖြစ်သည်။

သူမနားမလည်တာ တစ်ခုက သူမရဲ့ တရားဝင်မိခင်က သူမရဲ့ လက်အောက်ငယ်သားတွေကို ဆေးအား ဟင်းပွဲတွေ အကုန်ထည့်ခိုင်းမည့်အစား ဟင်းတစ်မျိုးနှစ်မျိုးထဲပဲ ဘာလို့ထည့်ခိုင်းလဲဆိုတာပင်။

အခု လွမ်စန်းညန်က အော့အန်စေသည့်ဆေးကို စားသည့်ကိစ္စက အကြီးအကျယ်ဖြစ်သွားတော့ လောင်ထိုက်ထိုက်က သေချာပေါက် သံသယဝင်မှာဖြစ်သည်။

သူမရဲ့တရားဝင်မိခင် ယခုလက်ရှိအရေးကြီးဆုံးလုပ်ရမည့်အရာက သဲလွန်စတွေကို ရှင်းပစ်ဖို့သာဖြစ်သည်။

ထိုစကားကြားပြီးနောက် စူးယွီက ချက်ချင်းပျော်သွားသည်။

"ဒါကအမှန်ဆိုရင် ကောင်းတာပေါ့။ အမြဲ စားလို့မရတဲ့ ဟင်းပွဲတွေကို လွှင့်ပစ်ရတာက အရမ်းဖြုန်းတီရာကျတယ်"

"တို့ထင်မြင်ချက် မှန် မမှန် ဒီည တို့ဟင်းပွဲတွေရောက်ချိန်ကျ သိရလိမ့်မယ်" လွမ်ရှီက ပြုံးလိုက်၏။

အမှန်ပြောရရင် လွမ်စန်းညန်က သူမနှင့်အတူ စားချင်သည်လို့ ပြောချိန်မှာ ဤဖြစ်နိုင်ချေကို သူမတွေးမိခဲ့ပြီးသားဖြစ်သည်။

ထိုဟင်းပွဲတွေကို လွှင့်ပစ်ရသည့် စူးယွီတစ်ယောက် နာကျင်သည်ကို မဆိုထားနှင့် သူမတောင် စိတ်မသက်မသာဖြစ်ရသည်။

"ဟုတ်သား စူးယွီ တို့ရဲ့ ကိုယ်ပိုင်စတိုခန်းထဲသွားပြီးတော့ အမေ တို့ကို ပေးတဲ့ နှစ်သုံးဆယ်ဂျင်ဆင်းကို ယူပြီး စန်းကျဲဆီ ပို့ပေးလိုက်"

"နင်အဲ့ဒီကို ရောက်ချိန်ကျ ဒီဂျင်ဆင်းက အမေက ပေးခဲ့တာကိုပါ ထည့်ပြော"

ပြုံးပြုံးရွှင်ရွှင်နဲ့ ညွှန်ကြားရင်း လွမ်ရှီအတွေးတွေက ရွေ့ရှားသွားသည်။ သူမ၏တရားဝင်မိခင်က ဆေးဖက်ဝင်အပင်တွေကို ပေးရတာ သဘောကျတယ်မဟုတ်ဘူးလား? သူမက ထိုဆေးပင်တွေကို စန်းကျဲဆီ ပို့ပေးလိုက်မည်။

သူမတရားဝင်မိခင်ရဲ့ ဒေါသထွက်ရင်တောင်မှ မျိုသိပ်ရုံသာ တတ်နိုင်သည်။

စူးယွီက ဉာဏ်များသည့်ဟန်ဖြင့် ပြုံးကာ လက်မထောင်ပြလိုက်သည်။ "သခင်မလေးက နည်းပရိယာယ်ကြွယ်ဝလှပါပေတယ်"

"ဒီအခြေအနေအောက်မှာပဲ တို့က ဒီခြေလှမ်း လှမ်းနိုင်တာ" လွမ်ရှီက လက်ဝှေ့ယမ်းကာ ပြောလာသည်။ သူမကိုယ်သူမ ကောင်းကောင်းိသသည်။ ဒီအကွက်ရွေ့မှု သေးသေးလေးက သူမရဲ့ တရားဝင်မိခင်ကို စိတ်အနှောင့်အယှက်ပေးရုံသာ ဖြစ်၏။ အန္တရာယ်မဖြစ်ချေ။

သို့ပေမယ့် သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်တောင် လွမ်ရှီက ထပ်တူညီတာ လုပ်ဦးမည်ဖြစ်သည်။

စူးယွီက သူမကို အလျင်အမြန် နှစ်သိမ့်လာသည်။ "သခင်မလေး သခင်မလေးအနေနဲ့တောင် အရမ်းကို ပြည့်စုံနေပါပြီ"

လွမ်ရှီက ပြုံးကာ စူးယွီကို ထွက်သွားပြီး လက်ဆောင်သွားပေးဖို့ လက်ဝှေ့ယမ်းပြကာ ခွင့်ပြုလိုက်သည်။ ပြီးနောက် သူမအတွင်းခန်းထဲ ဝင်ပြီး ခဏအနားယူဖို့ ပြန်လေသည်။

သူမ မျက်လုံးမမှိတ်ခင်မှာပဲ လွမ်ရှီက သူမရဲ့ သတို့သားလောင်း ဝမ်ကုန်းဇီကို ထပ်တွေးမိသွားသည်။ သူက မြန်နိုင်သမျှ မြန်မြန် လေ့ကျင့်ရေးမားမား ပို့ပေးဖို့ မျှော်လင့်နေသည်။

......

အသေအချာကိုပင် အခြေအနေတွေက လွမ်ရှီ မျှော်လင့်ထားသည့်အတိုင်းပင်။ ကျန်းရှီက သူမသမီးထွက်သွားသည်နှင့် လက်စလက်နတွေ ရှင်းတော့သည်။

ပင်မမီးဖိုဆောင်မှ စားဖိုမှူးတစ်ယောက်က စိတ်သက်သာရာရသွားသည်။ ဖူးရန်က လူတစ်ယောက်ကို လွှတ်ပြီး စားဖိုဆောင် ကြီးကြပ်သူထံ ဆေးမှုန့်တစ်အိတ်ပို့လာချိန်မှာ ကြီးကြပ်သူက သူ့အား စတုတ္ထသခင်မလေးရဲ့ ဟင်းပွဲတွေထဲ ထည့်ဖို့ ညွှန်ကြားလာသည်။

ထိုပင်မစားဖိုမှူးက သူ့စိတ်ထဲမှာတော့ ထိုအမိန့်အား ငြင်းဆန်နေသည်။ ဤဆေးမှုန့်တွေက တစ်ချက်ကြည့်လိုက်တာနှင့် မကောင်းဘူးဆိုတာ သိသာနေလို့ သေချာအောင် ဆေးဆိုင်ကို ယူသွားပြီး မေးလေသည်။

အသေအချာကိုပင် သားသမီးမရစေသည့် ဆေးဖြစ်နေ၏။

ဤပင်မစားဖိုမှူးက စိတ်ထဲမှာ လေအေးတွေ ရှိုက်သွင်းမိသည်။ ဖူးရန်က စတုတ္ထသခင်မလေးကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေသည်။

ပင်မစားဖိုမှူးမှာလည်း ဇနီးနှင့် သားသမီးတွေ ရှိနေလို့ မငြင်းဆန်ရဲပေ။ ထို့ကြောင့် ဆေးမှုန့်ကို ကြီးကြပ်သူရှေ့မှာ အမြဲတမ်း ဟင်းတစ်ပွဲ သို့မဟုတ် ဟင်းနှစ်ပွဲထံမှာပဲ ဖြူးကာ ကျန်ဟင်းပွဲတွေကို မထိပေ။ ပြီးနောက် စတုတ္ထသခင်မလေးက ဤအကောက်ကြံမှုကနေ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်စေဖို့ ဆုတောင်းနေမိသည်။

လွမ်ရှီက အတွင်းဇာတ်လမ်းကို မသိပေ။ သူမသံသယဝင်မိသော်လည်း ထဲထဲဝင်ဝင်မစုံစမ်းချေ။ ဟင်းပွဲလေးမျိုးလုံးမှာ ပြဿနာရှိနေရင် လွမ်ရှီ၌ ရှောင်ရှားဖို့ ရွှေလက်ချောင်းရှိရင်တောင်မှ ဘာမှမစားလျှင် အလွယ်တကူ ပေါ်သွားမှာဖြစ်သည်။

ထို့ကြောင့် ပင်မစားဖိုမှူး ဤကဲ့သို့လုပ်တာက အဆုံးမှာ လွမ်ရှီအား ကူညီပေးနေတာဖြစ်သည်။

ဒါက အမတ်ချန်းယီ၏ ဖူးရန်က လွမ်ရှီ ဤအကောက်ကြံမှုကနေ လွတ်မြောက်သွားတာကို သံသယမဝင်သည့် အကြောင်းရင်းလည်းဖြစ်သည်။

လက်ရှိမှာတော့ ကျန်းရှီက စစ်ညန်မှ သူမပေးပို့ထားသည့် နှစ်သုံးဆယ်ဂျင်ဆင်းကို သူမသမီးထံ ပေးပို့တာကို ဆိုးရွားသည့် အမူအရာနှင့် မားမားကောင်းတင်ပြတာ နားထောင်နေသည်။ သူမဗိုက်ထဲကို လေအေးတွေ ရှိုက်သွင်းနေမိသည်။

"ဖူးရန် စတုတ္ထသခင်မလေးက ထောင်ချောက်ထဲ ကျပြီးပြီမို့လို့ ဒီမှာ ရပ်သင့်ပြီလို့ ထင်မိတယ်"

"ဖူးရန်သတိမထားမိချိန်မှာ ဒီလိုနောက်ထပ် မတော်တဆထပ်ဖြစ်ရင် သခင်မလေးရဲ့ ကျန်ဘဝတစ်ဝက်က ပျက်ဆီးသွားလိမ့်မယ်"

"ပြီးတော့ တည်ငြိမ်သက်ရှည်ခန်းမကနေ သတင်းရတာက လောင်ထိုက်ထိုက် သံသယဝင်နေလို့ သမားတော်တစ်ယောက်ရှာပြီး ကြည်လင်နှလုံးသားဉယျာဉ်ဆီလွှတ်လိုက်တယ်တဲ့။ ကံကောင်းတာက မြုံဆေးက လျှို့ဝှက်ဆေးနည်းဖြစ်တော့ သွေးခုန်နှုန်းကနေ စမ်းသပ်လို့မရဘူး"

မားမားစွန်းက သူမကို နားချဖို့ကြိုးစားသည်အား မအောင့်နိုင်တော့ပေ။

ကျန်းရှီက လေအေးတွေ ပြန်ရှူထုတ်လိုက်သည်။ သုန်မှုန်နေသည့် အမူအရာနှင့် သူမက ခေါင်းညိတ်လိုက်သည်။ "မားမား မပြောရင်တောင် ကျွန်မက ဒီအကွက်ကို ရပ်တော့မလို့ပဲ"

မားမားစွန်းက သက်မချလိုက်မိသည်။

"မားမားစွန်း ပြီးရင် ကြည်လင်နှလုံးသားဥယျာဉ်ကို စကားပါးလိုက်။ ကျွန်မက စစ်ညန်ကို အိမ်စီမံခန့်ခွဲတာ စသင်ပေးတော့မယ်လို့" စန်းညန်ကို အတင်းအော့အန်ခိုင်းလိုက်တာ တခြားသူတွေရဲ့ သံသယကို ဆွဲဆောင်မိသွားပြီး သူမအကြောင်း အန္တရာယ်ရှိစေမည့် ကောလဟလတွေ ပျံ့တော့မှာ ကျန်းရှီသိနေသည်။

သူမက စစ်ညန်ကို အိမ်ထောင်စီမံခန့်ခွဲမှုကို သင်ပေးပြီး တရားဝင်မိခင်တစ်ယောက်ရဲ့ မျှတသည့်အပြုအမူကို ပြသရမည်ဖြစ်သည်။ ဟန်ဆောင်နေတာဖြစ်သော်လည်း ကြည့်ကောင်းအောင်တော့ လုပ်ရမည်ဖြစ်၏။

2023 Oct 02

ZAWGYI

သူမရဲ႕သမီးက ထိတ္လန္႔တႀကီးႏွင့္ ရပ္ေနၿပီး နည္းနည္းေလးေတာင္ မလႈပ္တာ က်န္း႐ွီျမင္ခ်ိန္မွာ သူမႏွလုံးသားက ဆြဲညႇစ္ခံထားရသလို တင္းၾကပ္လာသည္။ သူမရဲ႕ မ်က္ရည္ေတြက အထိန္းခ်ဳပ္ကင္းမဲ့စြာ က်ဆင္းလာၿပီး သူမႏွလုံးသားထဲ ေနာင္တေတြ ျပည့္လာ၏။

"စန္းညန္ စိတ္မပူနဲ႔ စံအိမ္သမားေတာ္က ေရာက္လာေတာ့မွာ"

လြန္စန္းညန္က အသိျပန္ဝင္လာသည္။ သူမအေမရဲ႕ ပူေဆြးမႈႏွင့္ ခါးသက္မႈကို ျမင္ခ်ိန္မွာ သူမက ဂ႐ုစိုက္ျခင္းအလ်င္းမ႐ွိ ေျပာလာသည္။ "အေမ သမီးအဆင္ေျပတယ္"

သူမက ေရာဂါကုသေရးစနစ္႐ွိသည့္ လူျဖစ္သည္။ သူမရဲ႕ အရင္ဘဝမွာ ကေလးမရႏိုင္သည့္ ဝမ္ေဖးတစ္ဦးကို သားသမီးရႏိုင္သည့္ေဆးျဖင့္ ကုသေပးခဲ့သည္။ သူမ ဖုံးကြယ္ထားသည့္ ျပႆနာေတြကို ေျဖ႐ွင္းဖို႔ သူမရဲ႕စြမ္းရည္ကို အေကာင္အထည္ေဖာ္ဖို႔သာလိုသည္။

သူမက ဒီလွ်ိဳ႕ဝွက္ခ်က္ကို မေဖာ္ထုတ္ဖို႔ ေျပာလို႔မရေပ။ လြမ္စန္းညန္က အံ့အားသင့္ဖြယ္ ဆရာဝန္တစ္ဦးျဖစ္သည့္ ဂုဏ္သတင္းထြက္လာခ်ိန္မွာ သူမက ေသြးခုန္ႏႈန္းမဖတ္ႏိုင္တာကို လူေတြက သိခ်ိန္မွာ ထိုဩဇာႀကီးမားသည့္ အရာ႐ွိေတြ၏ ႐ြံ႕႐ွာဖြယ္အၾကည့္ေတြကို မွတ္မိေသးသည္။ သူမက တုန္ယီသြားၿပီး သူမရဲ႕ အနက္႐ိႈင္းဆုံး ေၾကာက္႐ြံ႕မႈအား ဖုံးကြယ္ရန္ မ်က္လႊာခ်လိုက္သည္။

က်န္း႐ွီက လြမ္စန္းညန္၏ အျပဳအမူေၾကာင့္ ေၾကာင္မၿပီး ဉာဏ္မမွီသလိုျဖစ္သြားသည္။

"စန္းညန္ သမီး..."

သူစကားမဆုံးခင္မွာပဲ မားမားေကာင္းက စံအိမ္ေတာ္သမားေတာ္အား အခန္းဆီသို႔ အျမန္ေခၚလာသည္။

"ဖူးရန္ တတိယသခင္မေလး သမားေတာ္ေရာက္ပါၿပီ"

အျပင္မွာ ေစာင့္ၾကပ္ေနသည့္ မားမားစြန္းလည္း သူတို႔ႏွင့္အတူ လိုက္ဝင္လာသည္။

႐ုတ္ခ်ည္းဆိုသလို လြမ္စန္းညန္က မေကာင္းသည့္ခံစားခ်က္ႀကီး ရလာသည္။

က်န္း႐ွီက သူမစိတ္ကို ျပန္ျပင္ၿပီး မ်က္ရည္အျမန္သုတ္လိုက္သည္။ သူမက ၫႊန္ၾကားလာ၏။ "သမားေတာ္ စန္းညန္က မစားသင့္တာ စားမိသြားလို႔ အျမန္ ျပန္အန္ေစတဲ့ေဆးၫႊန္း ေရးေပးပါ"

သမားေတာ္က က်န္း႐ွီရဲ႕လူျဖစ္ၿပီး ဖူးရန္ေျပာသည့္ တတိယသခင္မေလးက မစားသင့္တာကို စားမိတယ္လို႔ ၾကားခ်ိန္မွာ သူဒီလာအလမ္း၌ ၾကားရသည့္သတင္းကို ျပန္ေတြးမိၿပီး တတိယသခင္မေလးက ဘာစားလိုက္လဲဆိုတာ ခ်က္ခ်င္းနားလည္သြားသည္။

"ဖူးရန္ ခဏေလာက္ေစာင့္ေပးပါ"

သမားေတာ္က အေျခအေနကိုသိလို႔ ျပန္အန္ေစတာႏွင့္ သင့္ေတာ္သည့္ ေဆးၫႊန္းအား ခ်က္ခ်င္းေရးခ်ေတာ့သည္။

"မားမားေကာင္း ေဆးအျမန္သြားက်ိဳ" က်န္း႐ွီက မွင္ေတာင္မေျခာက္ေသးခင္ ေဆးၫႊန္းကို မားမားေကာင္းဆီ အျမန္ေပးလိုက္ေတာ့သည္။

လ်စ္လ်ဴ႐ႈခံထားရသည့္ လြန္စန္းညန္က အေျခအေနကို ၾကည့္ေနရင္း ထူးဆန္းသလို ျမင္လာသည္။ မ်က္လုံးအျပဴးသားႏွင့္ ၾကည့္ေနရင္း သူမအေမက သူမကို ျပန္အန္ထြက္ေစတဲ့ေဆး တိုက္ဖို႔ ႀကိဳးစားေနတာလား?

ျပန္အန္ထြက္ေစတဲ့ေဆးက ႐ိုး႐ိုးသားသားေျပာရရင္ အရမ္းေၾကာက္ဖို႔ေကာင္း၏။

လြမ္စန္းညန္ရဲ႕ မ်က္ႏွာလွလွက ခ်က္ခ်င္း စိမ္းဖန္႔ဖန္႔ျဖစ္သြားသည္။ ပ်ာယာခတ္ၿပီး ေဒါသထြက္သြားၿပီး အက်ယ္ႀကီး ေအာ္လာ၏။ "အေမ သမီးအဆင္ေျပတယ္။ ေအာ့အန္ေစတဲ့ေဆးကို သမီးမစားခ်င္ဘူး"

က်န္း႐ွီက သူမသမီးကို ၾကင္နာသည့္အမူအရာႏွင့္ ႏွစ္သိမ့္ေလသည္။ "စန္းညန္ အေမ့စကားကို နားေထာင္ အေမက သမီးေကာင္းဖို႔အတြက္ လုပ္ေနတာ"

"သမီးမေသာက္ဘူး"

လြမ္စန္းညန္က ျငင္းဆန္ေနသည္။ သူမက ျမဳံေစသည့္ေဆး၏ အစြမ္းကို ဖယ္႐ွားပစ္ဖို႔ စြမ္းရည္႐ွိေနတာကို ဘာလို႔ သူမကိုယ္သူမႏွိပ္စက္ဖို႔ ေအာ့အန္ေစတဲ့ေဆးကို ေသာက္ရမွာလဲ?

"သမီးျခံဝန္းကို အရင္ျပန္ေတာ့မယ္"

ထိုစကားေျပာၿပီးေနာက္ လြမ္စန္းညန္က လွစ္ကနဲေျပးဖို႔ ႀကိဳးစားေပမယ့္ အသင့္ျပင္ထားသည့္ မားမားစြန္း၏ တားျမစ္မႈကိုခံလိုက္ရသည္.

သူမရဲ႕သမီးက ဘယ္ေလာက္သေဘာထားႀကီးျမတ္လဲဆိုတာ က်န္း႐ွီျမင္ခ်ိန္မွာ ထိတ္လန္႔ေဒါသထြက္မိသည္။ ဒါက ျမဳံေစတဲ့ေဆး သူမသမီးက ျမဳံေစတဲ့ေဆးေတြ ျပန္အန္မထုတ္ရင္ သူမရဲ႕က်န္ေနတဲ့ဘဝတစ္ဝက္က ပ်က္ဆီးသြားမွာျဖစ္သည္။ ထို႔ေၾကာင့္ က်န္း႐ွီက ေ႐ြးစရာမ႐ွိဘဲ ခ်က္ခ်င္း သေဘာထား တင္းမာရေတာ့သည္။

သူမသမီးက ဂ႐ုမစိုက္ေပမယ့္ သူမကေတာ့ ဂ႐ုစိုက္သည္။

"စန္းညန္ သမီးက ေအာ့အန္ေစတဲ့ေဆး မေသာက္ခ်င္ရင္ေတာင္ ေသာက္ရမယ္"

လြမ္စန္းညန္က အားကုန္႐ုန္းေပမယ့္ မားမားစြန္းခ်ဳပ္ကိုင္မႈကေန ႐ုန္းမထြက္ႏိုင္ဘဲ သူမမ်က္လုံးက မီးေတြေတာက္လာေတာ့သည္။

"မားမားစြန္း တို႔ကို လႊတ္"

"သခင္မေလး ဖူးရန္က သခင္မေလးကို နာက်င္ေအာင္ ဘယ္ေတာ့မွ မလုပ္ဘူး" မားမားစြန္းက လြမ္စန္းညန္ကို တင္းၾကပ္စြာ ကိုင္ထား၏။

ထိုအခ်ိန္မွာပဲ သမားေတာ္က ေဘးကေန ၾကည့္ရင္း တတိယသခင္မေလးရဲ႕ အျပဳအမူကို နားမလည္ႏိုင္ျဖစ္ေနသည္။

သူမဦးေႏွာက္ထဲ ေရေတြဝင္သြားတာလား?

ေစာင့္ဆိုင္းရတာက အဆိုးဆုံးညႇင္းပန္းႏွိပ္စက္မႈျဖစ္သည္။

မားမားေကာင္းက ေအာ့အန္ေစတဲ့ေဆးကို ကိုင္ၿပီး ျပန္လာခ်ိန္မွာ မားမားစြန္းက သခင္မေလးကို ဖမ္းခ်ဳပ္ထားတာ ျမ္ငလိုက္သည္။

"ဖူးရန္ ေအာ့အန္ေစတဲ့ေဆး ရပါၿပီ"

လြမ္စန္းညန္က ျပင္းထန္သည့္ေဆးနံ႔ကို ရခ်ိန္မွာ သူမမ်က္ႏွာက အ႐ြက္စိမ္းလိုေျပာင္းသြားသည္။ ေဆးေတာင္မလိုဘဲ သူမ အန္မိေတာ့မည္။

သူမအေမက မၿပီးခင္ကို လႊတ္ေပးမည့္ပုံမျမင္ေတာ့ လြမ္စန္းညန္၏ လြတ္ေျမာက္ေအာင္ ႀကိဳးပမ္းမႈက အလကားပင္။

ဒါေပမယ့္ သူမရဲ႕စြမ္းရည္ကို မေဖာ္ထုတ္ရဲေပ။

သူမရဲ႕ စြမ္းရည္ကို တိတ္တိတ္ေလးသုံးခဲ့ေပမယ့္ သူမက ေအာ့အန္ေစတဲ့ေဆးကို အတင္းဖိအားေပး ေသာက္ခိုင္းခံရတုန္းပင္။ လြမ္စန္းညန္က ေသြးအန္ခ်င္မတတ္ စိတ္ဓာတ္က်ေန၏။

သမားေတာ္က ေ႐ွ႕တိုးလာၿပီး ထပ္စစ္ေဆးေလသည္။ ျပႆနာမ႐ွိဘဲ ေသခ်ာေပါက္ ျပင္းထန္သည့္အစြမ္းႏွင့္ ေအာ့အန္ေစတဲ့ေဆး ေသခ်ာေတာ့ က်န္း႐ွီအား ေခါင္းညိတ္ျပလိုက္သည္။

က်န္း႐ွီက ေအာ့အန္ေစတဲ့ေဆးကို ယူကာ ေဒါသေတြႏွင့္ ျပည့္ေနသည့္ သူမသမီးကို ၾကည့္လိုက္သည္။ သူမမ်က္လုံးထဲ အျပစ္႐ွိစိတ္ စိတ္မေကာင္းမႈေတြ ျဖတ္ေျပးသြားရင္း သူမက ညင္သာသည့္အသံႏွင့္ ေျပာလာသည္။

"စန္းညန္ လာ ဒီေဆးေသာက္လိုက္"

"ဟင့္အင္း သမီးမေသာက္ဘူး" လြမ္စန္းညန္က ဤအခ်ိန္မွာ ေနာက္ဆုံးခြန္အားျဖင့္ ႐ုန္းကန္ေနတုန္းျဖစ္သည္။

ဖူးရန္ရဲ႕ အခ်က္ျပမႈေအာက္မွာ မားမားေကာင္းက အျပစ္ျပဳမိသည့္အတြက္ ေတာင္းပန္ရင္း လြမ္စန္းညန္ရဲ႕ လက္ႏွင့္ ေျခေတြကို မားမားစြန္းႏွင့္ အတူခ်ဳပ္ကိုင္လိုက္သည္။

မလႈပ္ႏိုင္ေတာ့ လြမ္စန္းညန္ရဲ႕ အၾကည့္ထဲ ဝမ္းနည္းမႈႏွင့္ ေဒါသေတြ လွ်ံထြက္လာသည္။

"စန္းညန္ ဒီအေမရက္စက္တာအတြက္ အျပစ္မတင္နဲ႔။ အေမက သမီးေကာင္းဖို႔အတြက္ လုပ္ေနတာ" က်န္း႐ွီက တုန္ယီေနသည့္ ႏႈတ္ခမ္းႏွင့္ ေျပာလာသည္။

ၿပီးေနာက္ ေဆးကို ယူကာ လြမ္စန္းညန္ရဲ႕ ေမးေစ့ကို လက္တစ္ဖက္ျဖင့္ ဆြဲဖြင့္ၿပီး လြမ္စန္းညန္ရဲ႕ပါးစပ္ထဲ တုန္႔ဆိုင္းမႈမ႐ွိ ေဆးေလာင္းထည့္လိုက္ေတာ့သည္။

ခါးသက္နံေစာ္ေနသည့္ ေဆးက လည္ေခ်ာင္းထဲ ဝင္လာခ်ိန္မွာ လြမ္စန္းညန္က ျပင္းထန္စြာ ေခ်ာင္းဆို‌ေးေတာ့သည္။

"အဟြက္အဟြက္..."

မားမားစြန္းႏွင့္ မားမားေကာင္းက သူမကို လႊတ္ေပးလိုက္ၿပီး က်န္း႐ွီက အေစခံေတြကို သန္႔႐ွင္းသည့္ ေထြးခံအျမန္ယူလာဖို႔ ေျပာလိုက္သည္။

ခဏၾကာၿပီးေနာက္ ေဆးအစြမ္းျပေလသည္။ လြမ္စန္းညန္က သူမရဲ႕ပုံရိပ္ေတာင္ ဂ႐ုမစိုက္ႏိုင္ေတာ့ဘဲ ခ်က္ခ်င္း အန္ေတာ့၏။

တစ္နာရီၾကာၿပီးေနာက္မွာေတာ့ လြမ္စန္းညန္က စိမ္းဖန္႔ျဖဴေဖ်ာ့ေနသည့္ အမူအရာႏွင့္ တြဲထူခံရၿပီး သူမျခံဝန္းဆီ ျပန္ပို႔ခံရသည္။

ထိုႏွိပ္စက္ခံရမႈအၿပီးမွာ က်န္း႐ွီက ေနာက္ဆုံးစိတ္ေအးသြားေပမယ့္ လြမ္စန္းညန္ကေတာ့ လုပ္ငန္းစဥ္အတြင္းမွာ အသက္တစ္ဝက္ေလာက္ ဆုံး႐ႈံးလုနီးပါးျဖစ္သြားသည္။

သူမျခံဝန္းကို ျပန္ေရာက္ခ်ိန္မွာ အေစခံေတြကို ေမာင္းထုတ္ၿပီးေနာက္ ေစာင္ကို ဖက္ကာ အက်ယ္ႀကီး ေအာ္ငိုေတာ့သည္။

......

လြမ္စန္းညန္က တစ္ခုခုကို မွားစားမိၿပီး အတင္းေအာ့အန္ခိုင္းတယ္ဆိုတဲ့ သတင္းက အမတ္စံအိမ္၏ ကိုယ္လုပ္ေတာ္ေတြဆီ သူတို႔ရဲ႕ ယုံၾကည္ရတဲ့ အေစခံေတြဆီကေန ေအာင္ျမင္စြာ ေရာက္႐ွိလာသည္။

စူးယြီ၏ မရည္႐ြယ္သည့္ ထုတ္ေဖာ္မႈေတြေၾကာင့္ ကိစၥက ဖုံးကြယ္လို႔မရေတာ့ေပ။

အရမ္းကို လ်င္ျမန္စြာႏွင့္ အကုန္လုံးက လြမ္စန္းညန္က လြမ္စစ္ညန္ႏွင့္ အတူတူစားခဲ့တာကို သိလိုက္ရသည္။

သံသယမ႐ွိစြာႏွင့္ အကုန္လုံးက လြမ္စစ္ညန္၏ အစားအေသာက္မွာ တစ္ခုခုမွားေနတာကို သံသယဝင္သြားၾကသည္။

သူတို႔ထဲမွာ ပင္မမီးဖိုေခ်ာင္က ဖူးရန္၏ထိန္းခ်ဳပ္ေအာက္မွာ ႐ွိတာ မသိတဲ့သူ ဘယ္သူ႐ွိလို႔လဲ? ရက္အနည္းငယ္ သည္းခံၿပီးေနာက္ ဖူးရန္က လြမ္စစ္ညန္ကို ဆန္႔က်င္ဖို႔ကို မထိန္းခ်ဳပ္ႏိုင္ေတာ့ေပ။ ဖူးရန္က လြမ္စန္းညန္ကို ဒီေလာက္ထိ လုပ္လိုက္ရေအာင္ အစားအေသာက္ထဲမွာ ဘာထည့္ထားလဲဆိုတာသာ သူတို႔မသိတာျဖစ္သည္။

လင္းယိညန္က အမွန္တရားကို ပထမဆုံးခန္႔မွန္းမိသူျဖစ္သည္။ ဝမ္မိသားစုႏွင့္ အမတ္စံအိမ္ၾကားမွ လက္ထပ္ထိမ္းျမားမႈက ဖ်က္ဆီးလို႔မရေပမယ့္ လြမ္စစ္ညန္ကေတာ့ ပ်က္ဆီးရမည္။ ၿပီးေတာ့ ဖူးရန္သာ လြမ္စစ္ညန္ကို ဖ်က္ဆီးခ်င္ရင္ သူမကိုယ္ကို ပ်က္ဆီးေစမည့္ ျမဳံေဆးကိုသာ သုံးမွာျဖစ္သည္။

လင္းယိညန္က သူမရဲ႕ ယုံၾကည္ရသည့္မားမားကို ေျပာလာသည္။ "စစ္ညန္က သနားဖို႔ေကာင္းတာပဲ"

.......

ၾကည္လင္ႏွလုံးသားဥယ်ာဥ္၌

လြမ္႐ွီက သူမရဲ႕ စုတ္တံ၊ မွင္၊ စာ႐ြက္ႏွင့္ မွင္ေသြးေက်ာက္တို႔ကို ေသခ်ာ ေနရာခ်လိုက္သည္။ သူမက ခဏအနားယူမည့္အခ်ိန္မွာပဲ စူးယြီက အလ်င္စလို ဝင္လာၿပီး သတင္းေကာင္းသယ္လာေပးသည္။

"သခင္မေလး ပင္မျခံဝန္းကေန သတင္းရလာပါတယ္။ တတိယသခင္မေလးက မစားသင့္တာကို စားမိလို႔ ေအာ့အန္ေစတဲ့ေဆးနဲ႔ ျပန္ေအာ့အန္ခိုင္းခံရပါတယ္တဲံ"

"အတင္းဖိအားေပးၿပီး အန္ခိုင္းၿပီးေနာက္မွာ တတိယသခင္မေလးက အသက္တစ္ဝက္နီးပါး ဆုံး႐ႈံးလုျဖစ္သြားၿပီးေတာ့ သူမျခံဝန္းကို တြဲၿပီး ပို႔ေပးလိုက္ရပါတယ္တဲ့"

စူးယြီက ပီတိျပည့္ေနေသာ မ်က္ႏွာျဖင့္ စကားေျပာရင္း သူမ၏ ေဒါသက အတိုင္းအတာတစ္ခုအထိ ေျပေပ်ာက္သြားသလို ခံစားလိုက္ရသည္။

ထိုအခ်င္းအရာၾကားေတာ့ လြမ္႐ွီရဲ႕ ႏႈတ္ခမ္းက ခပ္ပါးပါးေကြးတက္သြားသည္။ လြမ္စန္းညန္က သူမရဲ႕ တရားဝင္မိခင္ ဖိအားေပးၿပီး ေအာ့အန္ေဆးေသာက္ခိုင္းဖို႔ကို သိဖို႔ အေတြးအမ်ားႀကီးမလိုေပ။

"သခင္မေလး တတိယသခင္မေလးက သခင္မေလးရဲ႕ ဟင္းပြဲေတြကို ျမဳံေဆးေတြ ခပ္ခံရတာကို သိၿပီးေနာက္မွာ ၾကည္လင္ႏွလုံးသားဥယ်ာဥ္ဆီလာၿပီးေတာ့ ထမင္းတူတူလာစားဦးမယ္လို႔ ထင္ေသးလားဟင္?" စူးယြီက မ်က္ဝန္းအိမ္ေတြ လႈပ္ခါသြားၿပီး ေပ်ာ္႐ႊင္စြာႏွင့္ ေမးလာ၏။

လြမ္႐ွီက ခပ္ဖြဖြရယ္ေလသည္။ "လာမွာမဟုတ္ေတာ့ဘူး။ ဒီတစ္ႀကိမ္ စန္းက်ဲက အႀကီးအက်ယ္ခံစားလိုက္ရတာ။ တို႔ျခံဝန္းကို ထပ္ၿပီးလာစားရဲတဲ့ သတၱိ႐ွိေတာ့မွာမဟုတ္ေလာက္ဘူး"

အင္း သူမက ျမဳံေဆးခပ္ခံရတဲ့အခ်က္ကို သိၿပီး လြမ္စန္းညန္က ဘာလုပ္မလဲဆိုတာ သူမ သိခ်င္မိသည္။

သူမသည္ ေအးစက္ေသာမ်က္လုံးမ်ားျဖင့္ ၾကည့္ကာ သတိမထားမိခ်င္ေယာင္ေဆာင္ေနမည္လား သို႔မဟုတ္ တိတ္တဆိတ္ႏွင့္ သူမကို ကူညီကုသေပးမည္လား။

လြမ္႐ွီက လြမ္စန္းညန္ မည္သည့္ေ႐ြးခ်ယ္မႈကို ျပဳလုပ္မည္ကို အမွန္တကယ္ သိခ်င္လာသည္။

စူးယြီက သူမရဲ႕သခင္မေလး၏ အေျဖကို ၾကားေသာအခါ သူမ သေဘာတူသည္။ ေသခ်ာစြာႏွင့္ပဲ တတိယသခင္မေလးက ဒီတစ္ႀကိမ္မွာ ႀကီးမားသည့္ဒုကၡႏွင့္ ၾကဳံေတြ႕ခဲ့ရလို႔ ျပန္သက္သာဖို႔ကို ရက္အနည္းငယ္ခန္႔ အခ်ိန္ယူရမွာျဖစ္သည္။

သူမရဲ႕ ေပ်ာ္႐ႊင္မႈ ေလ်ာ့သြားၿပီးေနာက္ စူးယြီက မေနႏိုင္ဘဲ စိုးရိမ္လာမိသည္။ "သခင္မေလး ဖူးရန္က ဒီတစ္ႀကိမ္မွာ တတိယသခင္မေလး မေတာ္တမႈနဲ႔ ၾကဳံေတြ႕ရလို႔ ဒီအေႂကြးကို သခင္မေလးအေပၚ ပုံခ်မွာလား? ဖူးရန္က သခင္မေလးကို အိမ္ထိန္းသိမ္းမႈကို မသင္ေပးေတာ့ရင္ ဘယ္လိုလုပ္မလဲ?"

"မျဖစ္ႏိုင္ဘူး။ အေဖက အေမ့ကို အိမ္ထိန္းသိမ္းေရးကိစၥကို ေျပာထားၿပီးသား။ ေလာင္ထိုက္ထိုက္ကလည္း ၾကည့္ေနေတာ့ အေမက ဒီမေတာ္တဆကို သူ႕ႏွလုံးသားထဲပဲ သိမ္းထားၿပီးေတာ့ ဒီအေႂကြးကို ေျဖေဖ်ာက္ဖို႔ ေနာက္အခြင့္အေရးကိုပဲ ေစာင့္ေတာ့မွာ"

"ၿပီးေတာ့ ဒီမေတာ္တဆမႈေၾကာင့္ အေမက တို႔ဟင္းပြဲေတြကို အပိုဟင္းခတ္ထည့္တာ ရပ္လိမ့္မယ္" လြမ္႐ွီက ခပ္ေဖ်ာ့ေဖ်ာ့ေျပာလာသည္။

သူမရဲ႕ တရားဝင္မိခင္၏ စိတ္ထဲဝယ္ ျမဳံေစသည့္ေဆးက အေစာထဲက အစြမ္းျပေနၿပီလို႔ ထင္ေနတာျဖစ္သည္။

သူမနားမလည္တာ တစ္ခုက သူမရဲ႕ တရားဝင္မိခင္က သူမရဲ႕ လက္ေအာက္ငယ္သားေတြကို ေဆးအား ဟင္းပြဲေတြ အကုန္ထည့္ခိုင္းမည့္အစား ဟင္းတစ္မ်ိဳးႏွစ္မ်ိဳးထဲပဲ ဘာလို႔ထည့္ခိုင္းလဲဆိုတာပင္။

အခု လြမ္စန္းညန္က ေအာ့အန္ေစသည့္ေဆးကို စားသည့္ကိစၥက အႀကီးအက်ယ္ျဖစ္သြားေတာ့ ေလာင္ထိုက္ထိုက္က ေသခ်ာေပါက္ သံသယဝင္မွာျဖစ္သည္။

သူမရဲ႕တရားဝင္မိခင္ ယခုလက္႐ွိအေရးႀကီးဆုံးလုပ္ရမည့္အရာက သဲလြန္စေတြကို ႐ွင္းပစ္ဖို႔သာျဖစ္သည္။

ထိုစကားၾကားၿပီးေနာက္ စူးယြီက ခ်က္ခ်င္းေပ်ာ္သြားသည္။

"ဒါကအမွန္ဆိုရင္ ေကာင္းတာေပါ့။ အၿမဲ စားလို႔မရတဲ့ ဟင္းပြဲေတြကို လႊင့္ပစ္ရတာက အရမ္းျဖဳန္းတီရာက်တယ္"

"တို႔ထင္ျမင္ခ်က္ မွန္ မမွန္ ဒီည တို႔ဟင္းပြဲေတြေရာက္ခ်ိန္က် သိရလိမ့္မယ္" လြမ္႐ွီက ျပဳံးလိုက္၏။

အမွန္ေျပာရရင္ လြမ္စန္းညန္က သူမႏွင့္အတူ စားခ်င္သည္လို႔ ေျပာခ်ိန္မွာ ဤျဖစ္ႏိုင္ေခ်ကို သူမေတြးမိခဲ့ၿပီးသားျဖစ္သည္။

ထိုဟင္းပြဲေတြကို လႊင့္ပစ္ရသည့္ စူးယြီတစ္ေယာက္ နာက်င္သည္ကို မဆိုထားႏွင့္ သူမေတာင္ စိတ္မသက္မသာျဖစ္ရသည္။

"ဟုတ္သား စူးယြီ တို႔ရဲ႕ ကိုယ္ပိုင္စတိုခန္းထဲသြားၿပီးေတာ့ အေမ တို႔ကို ေပးတဲ့ ႏွစ္သုံးဆယ္ဂ်င္ဆင္းကို ယူၿပီး စန္းက်ဲဆီ ပို႔ေပးလိုက္"

"နင္အဲ့ဒီကို ေရာက္ခ်ိန္က် ဒီဂ်င္ဆင္းက အေမက ေပးခဲ့တာကိုပါ ထည့္ေျပာ"

ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ ၫႊန္ၾကားရင္း လြမ္႐ွီအေတြးေတြက ေ႐ြ႕႐ွားသြားသည္။ သူမ၏တရားဝင္မိခင္က ေဆးဖက္ဝင္အပင္ေတြကို ေပးရတာ သေဘာက်တယ္မဟုတ္ဘူးလား? သူမက ထိုေဆးပင္ေတြကို စန္းက်ဲဆီ ပို႔ေပးလိုက္မည္။

သူမတရားဝင္မိခင္ရဲ႕ ေဒါသထြက္ရင္ေတာင္မွ မ်ိဳသိပ္႐ုံသာ တတ္ႏိုင္သည္။

စူးယြီက ဉာဏ္မ်ားသည့္ဟန္ျဖင့္ ျပဳံးကာ လက္မေထာင္ျပလိုက္သည္။ "သခင္မေလးက နည္းပရိယာယ္ႂကြယ္ဝလွပါေပတယ္"

"ဒီအေျခအေနေအာက္မွာပဲ တို႔က ဒီေျခလွမ္း လွမ္းႏိုင္တာ" လြမ္႐ွီက လက္ေဝွ႔ယမ္းကာ ေျပာလာသည္။ သူမကိုယ္သူမ ေကာင္းေကာင္းိသသည္။ ဒီအကြက္ေ႐ြ႕မႈ ေသးေသးေလးက သူမရဲ႕ တရားဝင္မိခင္ကို စိတ္အေႏွာင့္အယွက္ေပး႐ုံသာ ျဖစ္၏။ အႏၲရာယ္မျဖစ္ေခ်။

သို႔ေပမယ့္ သူမကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတယ္ဆိုရင္ေတာင္ လြမ္႐ွီက ထပ္တူညီတာ လုပ္ဦးမည္ျဖစ္သည္။

စူးယြီက သူမကို အလ်င္အျမန္ ႏွစ္သိမ့္လာသည္။ "သခင္မေလး သခင္မေလးအေနနဲ႔ေတာင္ အရမ္းကို ျပည့္စုံေနပါၿပီ"

လြမ္႐ွီက ျပဳံးကာ စူးယြီကို ထြက္သြားၿပီး လက္ေဆာင္သြားေပးဖို႔ လက္ေဝွ႔ယမ္းျပကာ ခြင့္ျပဳလိုက္သည္။ ၿပီးေနာက္ သူမအတြင္းခန္းထဲ ဝင္ၿပီး ခဏအနားယူဖို႔ ျပန္ေလသည္။

သူမ မ်က္လုံးမမွိတ္ခင္မွာပဲ လြမ္႐ွီက သူမရဲ႕ သတို႔သားေလာင္း ဝမ္ကုန္းဇီကို ထပ္ေတြးမိသြားသည္။ သူက ျမန္ႏိုင္သမွ် ျမန္ျမန္ ေလ့က်င့္ေရးမားမား ပို႔ေပးဖို႔ ေမွ်ာ္လင့္ေနသည္။

......

အေသအခ်ာကိုပင္ အေျခအေနေတြက လြမ္႐ွီ ေမွ်ာ္လင့္ထားသည့္အတိုင္းပင္။ က်န္း႐ွီက သူမသမီးထြက္သြားသည္ႏွင့္ လက္စလက္နေတြ ႐ွင္းေတာ့သည္။

ပင္မမီးဖိုေဆာင္မွ စားဖိုမႉးတစ္ေယာက္က စိတ္သက္သာရာရသြားသည္။ ဖူးရန္က လူတစ္ေယာက္ကို လႊတ္ၿပီး စားဖိုေဆာင္ ႀကီးၾကပ္သူထံ ေဆးမႈန္႔တစ္အိတ္ပို႔လာခ်ိန္မွာ ႀကီးၾကပ္သူက သူ႕အား စတုတၳသခင္မေလးရဲ႕ ဟင္းပြဲေတြထဲ ထည့္ဖို႔ ၫႊန္ၾကားလာသည္။

ထိုပင္မစားဖိုမႉးက သူ႕စိတ္ထဲမွာေတာ့ ထိုအမိန္႔အား ျငင္းဆန္ေနသည္။ ဤေဆးမႈန္႔ေတြက တစ္ခ်က္ၾကည့္လိုက္တာႏွင့္ မေကာင္းဘူးဆိုတာ သိသာေနလို႔ ေသခ်ာေအာင္ ေဆးဆိုင္ကို ယူသြားၿပီး ေမးေလသည္။

အေသအခ်ာကိုပင္ သားသမီးမရေစသည့္ ေဆးျဖစ္ေန၏။

ဤပင္မစားဖိုမႉးက စိတ္ထဲမွာ ေလေအးေတြ ႐ိႈက္သြင္းမိသည္။ ဖူးရန္က စတုတၳသခင္မေလးကို ဖ်က္ဆီးပစ္ဖို႔ ႀကိဳးစားေနသည္။

ပင္မစားဖိုမႉးမွာလည္း ဇနီးႏွင့္ သားသမီးေတြ ႐ွိေနလို႔ မျငင္းဆန္ရဲေပ။ ထို႔ေၾကာင့္ ေဆးမႈန္႔ကို ႀကီးၾကပ္သူေ႐ွ႕မွာ အၿမဲတမ္း ဟင္းတစ္ပြဲ သို႔မဟုတ္ ဟင္းႏွစ္ပြဲထံမွာပဲ ျဖဴးကာ က်န္ဟင္းပြဲေတြကို မထိေပ။ ၿပီးေနာက္ စတုတၳသခင္မေလးက ဤအေကာက္ၾကံမႈကေန ကံေကာင္းေထာက္မစြာျဖင့္ လြတ္ေျမာက္ေစဖို႔ ဆုေတာင္းေနမိသည္။

လြမ္႐ွီက အတြင္းဇာတ္လမ္းကို မသိေပ။ သူမသံသယဝင္မိေသာ္လည္း ထဲထဲဝင္ဝင္မစုံစမ္းေခ်။ ဟင္းပြဲေလးမ်ိဳးလုံးမွာ ျပႆနာ႐ွိေနရင္ လြမ္႐ွီ၌ ေ႐ွာင္႐ွားဖို႔ ေ႐ႊလက္ေခ်ာင္း႐ွိရင္ေတာင္မွ ဘာမွမစားလွ်င္ အလြယ္တကူ ေပၚသြားမွာျဖစ္သည္။

ထို႔ေၾကာင့္ ပင္မစားဖိုမႉး ဤကဲ့သို႔လုပ္တာက အဆုံးမွာ လြမ္႐ွီအား ကူညီေပးေနတာျဖစ္သည္။

ဒါက အမတ္ခ်န္းယီ၏ ဖူးရန္က လြမ္႐ွီ ဤအေကာက္ၾကံမႈကေန လြတ္ေျမာက္သြားတာကို သံသယမဝင္သည့္ အေၾကာင္းရင္းလည္းျဖစ္သည္။

လက္႐ွိမွာေတာ့ က်န္း႐ွီက စစ္ညန္မွ သူမေပးပို႔ထားသည့္ ႏွစ္သုံးဆယ္ဂ်င္ဆင္းကို သူမသမီးထံ ေပးပို႔တာကို ဆိုး႐ြားသည့္ အမူအရာႏွင့္ မားမားေကာင္းတင္ျပတာ နားေထာင္ေနသည္။ သူမဗိုက္ထဲကို ေလေအးေတြ ႐ိႈက္သြင္းေနမိသည္။

"ဖူးရန္ စတုတၳသခင္မေလးက ေထာင္ေခ်ာက္ထဲ က်ၿပီးၿပီမို႔လို႔ ဒီမွာ ရပ္သင့္ၿပီလို႔ ထင္မိတယ္"

"ဖူးရန္သတိမထားမိခ်ိန္မွာ ဒီလိုေနာက္ထပ္ မေတာ္တဆထပ္ျဖစ္ရင္ သခင္မေလးရဲ႕ က်န္ဘဝတစ္ဝက္က ပ်က္ဆီးသြားလိမ့္မယ္"

"ၿပီးေတာ့ တည္ၿငိမ္သက္႐ွည္ခန္းမကေန သတင္းရတာက ေလာင္ထိုက္ထိုက္ သံသယဝင္ေနလို႔ သမားေတာ္တစ္ေယာက္႐ွာၿပီး ၾကည္လင္ႏွလုံးသားဉယ်ာဥ္ဆီလႊတ္လိုက္တယ္တဲ့။ ကံေကာင္းတာက ျမဳံေဆးက လွ်ိဳ႕ဝွက္ေဆးနည္းျဖစ္ေတာ့ ေသြးခုန္ႏႈန္းကေန စမ္းသပ္လို႔မရဘူး"

မားမားစြန္းက သူမကို နားခ်ဖို႔ႀကိဳးစားသည္အား မေအာင့္ႏိုင္ေတာ့ေပ။

က်န္း႐ွီက ေလေအးေတြ ျပန္႐ွဴထုတ္လိုက္သည္။ သုန္မႈန္ေနသည့္ အမူအရာႏွင့္ သူမက ေခါင္းညိတ္လိုက္သည္။ "မားမား မေျပာရင္ေတာင္ ကြၽန္မက ဒီအကြက္ကို ရပ္ေတာ့မလို႔ပဲ"

မားမားစြန္းက သက္မခ်လိုက္မိသည္။

"မားမားစြန္း ၿပီးရင္ ၾကည္လင္ႏွလုံးသားဥယ်ာဥ္ကို စကားပါးလိုက္။ ကြၽန္မက စစ္ညန္ကို အိမ္စီမံခန္႔ခြဲတာ စသင္ေပးေတာ့မယ္လို႔" စန္းညန္ကို အတင္းေအာ့အန္ခိုင္းလိုက္တာ တျခားသူေတြရဲ႕ သံသယကို ဆြဲေဆာင္မိသြားၿပီး သူမအေၾကာင္း အႏၲရာယ္႐ွိေစမည့္ ေကာလဟလေတြ ပ်ံ႕ေတာ့မွာ က်န္း႐ွီသိေနသည္။

သူမက စစ္ညန္ကို အိမ္ေထာင္စီမံခန္႔ခြဲမႈကို သင္ေပးၿပီး တရားဝင္မိခင္တစ္ေယာက္ရဲ႕ မွ်တသည့္အျပဳအမူကို ျပသရမည္ျဖစ္သည္။ ဟန္ေဆာင္ေနတာျဖစ္ေသာ္လည္း ၾကည့္ေကာင္းေအာင္ေတာ့ လုပ္ရမည္ျဖစ္၏။

2023 Oct 02

Continue Reading

You'll Also Like

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.3M 68.8K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
456K 26.8K 44
The story continues to unfold, with secrets unraveling and new dangers lurking in the shadows. The Chauhan family must stay united and face the chall...
1.5M 136K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...