แ€แ€ปแ€…แ€บแ€™แ€ญแ€žแ€ฑแ€ฌ แ€•แ€„แ€บแ€œแ€šแ€บ

By LinnThetNyein14

398K 7K 453

๐Ÿ”ž๐Ÿ”ž Unicode แ€™แ€ญแ€˜แ€•แ€ฑแ€ธแ€…แ€ฌแ€ธแ€œแ€ญแ€ฏแ€ท แ€œแ€€แ€บแ€‘แ€•แ€บแ€›แ€žแ€ฑแ€ฌแ€žแ€ฐแ€€ แ€€แ€ญแ€ฏแ€šแ€บแ€แ€–แ€€แ€บแ€žแ€แ€บแ€แ€ปแ€…แ€บแ€›แ€žแ€ฐแ€–แ€ผแ€…แ€บแ€”แ€ฑแ€žแ€ฑแ€ฌแ€กแ€แ€ซ.. แ€กแ€แ€ปแ€…แ€บแ€€ แ€’แ€ฎแ€œแ€ฑแ€ฌแ€€แ€บแ€•แ€ฒแ€†แ€”แ€บแ€ธแ€€แ€ผแ€šแ€บแ€›แ€žแ€แ€ฒแ€ทแ€œแ€ฌแ€ธ แ€€... More

Intro
Ch 1
Ch2
Ch 3
Ch 4
Ch5
Ch 6
Ch8
Ch9
Ch 10
Ch 11
Ch 12
Ch 13 ๐Ÿฌ
Ch14 ๐Ÿฌ๐Ÿฌ
Writer's note
Ch 15
Ch 16 ๐Ÿ”ฅ๐Ÿ”ž
Ch17 ๐Ÿ”ž
Ch 18 ๐Ÿ”ž
Writer 's Note
Ch 19
Ch 20
Ch21 ๐Ÿ”ฅ
Ch22
Ch 23 ๐Ÿ”ž
Writer's Note
Ch24๐Ÿ’“๐Ÿฌ
Ch25๐Ÿ”ž
Ch26๐Ÿฌ
CH27๐Ÿ”ž
Ch28
Author's Note
Ch29๐Ÿฌ
Ch30๐Ÿฌ๐Ÿ˜ญ
Ch31๐Ÿ”ž๐Ÿฌ
Ch32๐Ÿ”ž
Ch 33๐Ÿ”ž
Ch34๐Ÿ”ž
Ch35๐Ÿ˜ญ๐Ÿ˜ญ๐Ÿ˜ญ
Ch36 ๐Ÿ˜ญ๐Ÿ˜ญ๐Ÿ’”
Ch 37๐Ÿ’”โค
Writer's BF๐Ÿ™„
Ch38๐Ÿ˜š๐Ÿ˜š๐Ÿ˜š
Ch39๐Ÿฌ๐Ÿ”ฅ
Ch 40๐Ÿฌ๐Ÿ’“๐Ÿ”ž
Ch41 ๐Ÿ”ฅ๐Ÿฌโœจ
Writer's Night Song
Writer's Note
Ch 42๐Ÿ”ž
Writer's Note
Ch 43 ๐Ÿ”ž
Ch 44๐Ÿ”ž
Ch 45 (Ending)๐Ÿ”ž

Ch 7 ๐Ÿฌ

8.8K 163 3
By LinnThetNyein14

ဘာဒါရေချိုးပြီး အပြင်ထွက်လာတော့ ထမင်းစားခန်းမှာ အသီးထိုင်ခွဲနေတဲ့ အိုမားနဲ့ ဘေစင်ပေါ်က ဗီဒိုတံခါးဖွင့်နေတဲ့ဆိုယွန်းကို တွေ့တယ်။ အကောင်သေးသေးနဲ့ ခလေးမက အသီးထည့်တဲ့ပန်းကန်ကို ​ခြေဖျားထောက်ပြီး ယူနေပေမယ့် ရမယ့်ပုံမပေါ်တာကြောင့် ဘာဒါနောက်ကဝင်ရပ်ပြီး ယူပေးလိုက်တယ်။ တံခါးပြန်ပိတ်ပြီး ခုံမှာဝင်ထိုင်တော့ အိုမားက ပြုံးစိစိနဲ့ကြည့်တယ်။
ပြီးတော့
''အိုမား ဘယ်အခန်းမှာအိပ်လိုက်ရမလဲ ဆိုယွန်းအခန်းမှာ အိပ်ယာတွေ့တယ် အိုမားအိပ်လိုက်လို့ရလား'' လို့မေးတယ်။
နှစ်ယောက်သား ခုံအောက်က ​ခြေထောက်လှမ်းထိလိုက်ပြီး ဘာဒါပြန်ဖြေလိုက်တယ်.
''ဟုတ် အိုမား အဲ့ဒီမှာ ဆိုယွန်းက နေ့လည်အလုပ်လုပ်ရင်း ဝင်အိပ်တာ စောင်တွေဘာတွေအဆင်သင့်ရှိတယ်''
''ဒီဘက်အခန်းမှာ အိပ်ချင်လည်းရတယ် သမီးတို့ ဆိုယွန်းအခန်းမှာ သွားအိပ်လိုက်မယ်''
အိုမားက တချက်ပြုံးလိုက်ပြီး
''ရပါတယ် အိုမားက တစ်ယောက်ထဲဆိုတော့  ဆိုယွန်းအခန်းမှာအိပ်လိုက်မယ်''
''ဟုတ် အိုမား ဘာဒါအရင်ဝင်နှင့်မယ်နော် ပင်ပန်းလာလို့ ဆိုယွန်းလည်း အိပ်ချင်နေပြီထင်တယ် အကြာကြီးဆွဲမထားနဲ့ဦး''
''အေးပါ ငါအလိုက်သိပါ့မယ်''
(အိုမားက အရောက်ပို့😁😁)

ပြောပြီး အခန်းထဲ ဝင်နှင့်ပြီး အိပ်ယာပေါ်ဖုန်းသုံးရင်း ဆိုယွန်းကိုစောင့်နေလိုက်တယ်.

ဆိုယွန်းအခန်းထဲဝင်လာတော့ ဘာဒါကိုကုတင်ပေါ် ဖုန်းသုံးနေတာတွေ့တယ်။ ဆိုယွန်းလည်း ကုတင်အစွန်းလေးမှာဝင်ထိုင်ပြီး မီယွန်းကိုစာပို့လိုက်တယ်။ သူ့အိုမားရောက်နေလို့ အတူတူအိပ်ရမယ့်အကြောင်းပေါ့။ မီယွန်းက အားတက်သရော replyပြန်နေတုန်း
ရုတ်တရက် ဘာဒါက ဆိုယွန်းလက်ကို ဆတ်ကနဲလှမ်းဆွဲတော့ သူ့ရင်ခွင်ထဲပစ်လဲသွားတယ်။ ဆိုယွန်းလည်း ဘာမှန်းမသိအတင်းရုန်းပြီးပြန်ထမလိုလုပ်တော့ ဘာဒါက ဆိုယွန်းကိုအပေါ်ကမိုးပြီး အနားကပ်ပြောတယ်...

''အိုမားခြေသံကြားတယ် ခဏ''တဲ့

သူဘာကိုဆိုလိုမှန်းမသိသေးခင်မှာပဲ အိုမားက အခန်းတံခါးဖွင့်ပြီးဝင်လာတယ်။
''ဟဲ့ သြော် အေး အေး ဆက်လုပ်ကြ ဆက်လုပ်ကြ''ဆိုပြီး ပြန်ထွက်သွားတော့ ဘာဒါက လှမ်းအော်တယ်
''အိုမား ဘာပြောမလို့လဲ''
''Breakfastဘာစားချင်ကြလဲ မေးမလို့ပါ
ရတယ် ရတယ် အိုမားအဆင်ပြေတာကြည့်လုပ်လိုက်မယ်''လို့လှမ်းပြောတယ်
ဘာဒါကလည်း
''အိုမားကလည်း တံခါးခေါက်တာမဟုတ်ဘူး သူများလင်မယားအခန်းကို''
''အေးပါ အေးပါ နောက်တခါဆိုခေါက်ပါမယ်''
(နောက်တခါလည်းမခေါက်မှာ သိတယ်😅)

ဆိုယွန်းကတော့ ဘာစကားမှကိုမပြောနိုင်သေး
ဘာဒါလှည့်ကြည့်လိုက်တော့ မျက်နှာတစ်ခုလုံးနီရဲပြီး နားရွက်ဖျားတွေပါရဲနေတဲ့ ဆိုယွန်းကိုတွေ့လိုက်ရတယ်
ဘာဒါ လည်ပင်းကိုလက်နဲ့အသာပွတ်ရင်း
''မင်းထိုင်နေတဲ့ပုံက ဒီကုတင်ပေါ်အခုမှရောက်ဖူးတာမှန်းအရမ်းသိသာနေလို့ လုပ်လိုက်တာ ဆောရီး
အိုမားအကြောင်းလည်းသိတယ်မလား
အဲလိုမဟုတ်ရင် သူ ဒီက ပြန်မှာကိုမဟုတ်ဘူး''
''ဟုတ်''
''မင်းအဝတ်အစားတွေ ဒီဘက်ပြောင်းထားတာလား''
''ဟုတ်တယ် နေ့လည်က အိုမားက ခဏနေရောက်မယ်လို့လှမ်းပြောလို့ အဝတ်အစားတွေ ရသလောက်ဒီဘက်ကိုပို့လိုက်တာ''
''အင်း တော်တယ် လာ အိပ်တော့လေ
အိပ်ချင်နေပြီမလား''ပြောရင်း ကုတင်တစ်ဖက်ကို ရွေ့ပေးလိုက်တယ်။
ဆိုယွန်း ဘာဒါဘေးမှာ ဝင်လှဲရင်း ဘာဒါ့ကိုယ်သင်းနံ့ရတဲ့ မွေ့ယာခေါင်းအုံးတွေကြောင့် ရင်ခုန်တာက ပရမ်းပတာဖြစ်နေတယ်။
''ဆိုယွန်း ပူလို့လား အဲကွန်းလျှော့ပေးမယ်''
''ဟုတ် အအေးကြိုက်လို့''
(တကယ်တော့ ရင်တွေခုန်ပြီး ချွေးပါပြန်နေတာ😁)
ဆိုယွန်းဝင်လှဲပြီး ငြိမ်နေပေမယ့် တော်တော်နဲ့အိပ်မပျော်နိုင်
ဘာဒါကတော့ အိပ်ပျော်သွားပုံပေါ်တယ်
ဆိုယွန်းကို ကျောပေးပြီးအိပ်သွားတော့ ဆိုယွန်း ဘာဒါဘက်ကိုလှည့်လိုက်တယ်.
အိပ်မက်တခုလိုပဲ လီဘာဒါနဲ့အတူအိပ်နေရတယ်တဲ့လား.သူ့ကျောပြင်အကျယ်ကြီးကို နောက်က ဖက်လိုက်ချင်ပေမယ့် စိတ်ထိန်းပြီး ငေးကြည့်နေမိတယ်.

အဲဒီအချိန်မှာပဲ ရုတ်တရက်လှည့်လာတဲ့ဘာဒါက အနားမှာရှိတဲ့ဆိုယွန်းကို ဖက်လုံးအမှတ်နဲ့ ဆွဲဖက်လိုက်ပါလေရော။
သူ့ရင်ခွင်ထဲ ထွေးခနဲရောက်သွားတဲ့ ဆိုယွန်းတစ်ယောက်ရုန်းလည်းမရုန်းရဲ တစ်ယောက်ထဲရင်ခုန်ပြီး တော်တော်နဲ့အိပ်မပျော်တဲ့ ညတစ်ညကိုဖြတ်သန်းလိုက်ရတာပေါ့။

Zawgyi

ပြီးတော့
(အိုမားက အရောက်ပို့😁😁)




''အိုမား ဘာပြောမလို့လဲ''
ဘာဒါကလည်း

''ဟုတ်''
''ဟုတ် အအေးကြိုက်လို့''


Continue Reading

You'll Also Like

Luna By anya jayvyn

Teen Fiction

7.6M 330K 47
A bullied girl meets the popular new student. ***** "Still saying that you're perfectly okay?" Max whispers. I'm surprised to hear that his voice is...
126M 3.1M 49
Keeley accidentally swaps cell phones with a rivaling high school's star quarterback. Unable to switch back until a week later, she must interact wit...
1.4K 174 2
KarEena's love โค๏ธโœจ " I really love infinite love stories.....but our love story is my all time favourite....." ...
1.4M 28.4K 63
They don't play to win. They play to hurt. Sterling Academy's irresistible reputation all came crashing down last year when a list of the 'top thirty...