ဒီနေ့မှလကပိုသာနေသလိုပင်။
ဘာလဲသဘာ၀တရားကြီးကပါငါ့ကိုရွဲ့နေတာလားဟ
တစ်သက်လုံးဘ၀ကိုပျော်ပျော်ပါးပါးနဲ့တစ်ကိုယ်တည်းဖြတ်သန်းမယ်လို့ဆုံးဖြတ်ထားခါမှ......
"သူကဘာလို့ငါ့ဘ၀ထဲအလွယ်တကူ၀င်လာတာလဲ။
ကျစ်! ကပ်ပါးကောင်! ငါသွားသမျှနေရာတိုင်းကိုလိုက်ပြီးဖျတ်လို့ဖျတ်ဆီးလုပ်နေတဲ့ချီးထုတ်ကောင်။"
လက်ကြားမှာညှပ်ထားတဲ့ဆေးလိပ်ကိုမီးညှိဖို့ ရှာရင်းး
မိမိမြင်ကွင်းရှေ့ ခပ်သွယ်သွယ်လက်ဖမိုးလေးတစ်ခုကကျရောက်လို့လာ၏။
ထိုလက်ပိုင်ရှင်ဟာတခြားသူမဟုတ်....ခွန်းစေ ပင်။
"ငါမီးညှိပေးမယ် ဇိုင်ရမ်"
လရောင်အောက်မှာမို့ထိုလူ၏မျက်နှာအစိတ်ပိုင်းတစ်ခုခြင်းဆီကထင်းခနဲပင်။
၀င်းမွတ်နေတဲ့မျက်နှာအသားရည်ပေါ်မှာသွေးကြောစိမ်းလေးတွေကပြန့်ကြဲလျက်
ခပ်လုံးလုံးနှာခေါင်းထိပ်လေးကဆွဲညှစ်ပစ်ချင်စရာကောင်းလှ၏
ယပ်တောင်သဖွယ်ဖြာကျနေတဲ့မျက်တောင်မွှေးတွေကလည်းမီးရိူ့ပစ်ချင်စရာ
မီးညှိဖို့ကိုအာရုံစိုက်နေလို့လားမသိ၊ထိုလူ့မျက်၀န်းတွေကဝိုင်းစက်နေ၏။
ထိုကျော့ကွင်းအတွင်းမတိမ်းညွှတ်အောင်.......
"ဖယ်စမ်း ခများလက်။"
"ငြိမ်ငြိမ်နေလေ ဇိုင်ရမ် ဆေးလိပ်မှာမီးမစွဲသေးဘူး။"
"ခများ!!"
အသံကဟိန်းသွားလို့လားမသိ။မိမိကိုအလန့်တကြားမော့ကြည့်လာသူရဲ့မျက်၀န်းတွေကတစ်စထက်တစ်စအရောင်ရင့်လာသလို
"ဇိုင်ရမ် ငါ့ကိုစိတ်တိုနေတာလားဟင်"
"စိတ်လည်းမတိုဘူး၊စိတ်လည်းမဆိုးဘူး၊စိတ်ထဲမှာလည်းမရှိဘူး။"
ထိုစကားတွေကဆေးလိပ်ငွေ့တွေကြားပျောက်ကွယ်သွားလျက်။
>>>>>>>>>
<<<<<<<
စိတ်ထဲမှာအပြစ်လုပ်ထားမိသလိုမဝံ့မရဲနဲ့
အကြောင်းပြချက်ရယ်လို့မယ်မယ်ရရမရှိပေမဲ့
ထိုစံအိမ်ရဲ့ခမ်းနားမှုကြောင့် အနည်းငယ်ရှိန်နေသလိုပင်။
"ရောက်ပြီလားအကိုလေး ခွန်းစေ"
မိမိနာမည်ခေါ်သံကြားမှ တွေးလက်အတွေးတွေကိုရုတ်သိမ်းဖို့ပြင်ရတော့တယ်။
"ဟုတ်ကျွန်တော်ရောက်ပြီ"
"အထဲ၀င်သွားလိုက်နော် သခင်ကြီးအထဲမှာစောင့်နေတယ်"
.......
ကြီးမားတဲ့အိမ်တော်အတွင်း မိမိကိုစောင့်နေရှာသူကတခြားသူမဟုတ် ဇိုင်ရမ် မွေးစားအဖေပင်။
"ခွန်းစေ!"
"အန်ကယ်"
ဇရာသို့လားခါနီးအရွယ်ရောက်နေပင်မဲ့ ထိုသူ့မှာငယ်ရွယ်စဉ်ကအရှိန်ဝါတို့ကကျန်သေး၏။
ပြတ်တောင်းသောအသံတို့ကား တစ်စုံတစ်ယောက်အပေါ်အမြဲလွှမ်းမိုးနိုင်၏။
"မင်းအသုံးမကျဘူး!!"
"ဗျာ"
ဆိုင်းမဆင့်ဗုံမဆင့်လူကိုခေါ်ပြီးပြောတာက
မင်းအသုံးမကျဘူးတဲ့လား။
"ဇိုင်ရမ် ကိုအလင်းနက်ဂိုဏ်းကလူတွေနဲ့ဝေးဝေးနေခိုင်းမထားဘူးမလား ဟမ်!"
"ဗျာ!"
"အန်ကယ် သားဇိုင်ရမ်ကိုစိတ်မချဘူး။"
"ကျွန်တော်နားလည်ပါတယ်၊ ကျွန်တော့်အမျိုးသား ဇိုင်ရမ် ကိုကျွန်တော်အတက်နိုင်ဆုံးစောင့်ရှောက်မှာပါ။ အန်ကယ်ကျွန်တော့်ကိုယုံတယ်မလား။"
"အန်ကယ် ခွန်းစေ ကိုယုံပြီးသားပါ၊ အန်ကယ်မယုံရဲတာက သေမင်း ကို!"
သေမင်း!
တစ်နေ့တစ်ချိန်မှာလူတိုင်းတွေ့ကြုံရမဲ့သေခြင်းတရား။
ဒီဘ၀မှာရော ငါနဲ့ ဇိုင်ရမ် နဲ့ကိုသေမင်းကဘယ်လိုသေခြင်းတရားနဲ့ခွဲခွာစေမှာလဲ။
>>>>>
<<<<<
"ဟာကွာ ကျစ်! ဘယ်တွေသွားနေလို့ကြာနေရတာလဲ။"
Bathing suit ရင်ဘတ်ဟပြဲနဲ့ဧည့်ခန်းမှာခြေချိတ်ထိုင်နေသူအားတခြားသူမဟုတ် ဇိုင်ရမ် ပင်။
သွယ်တန်းတဲ့ခြေတံရှည်တွေက စိတ်အလိုမကျမှုဖြစ်တိုင်း မြင်သမျှအရာ၀တ္တုကိုဖျတ်ဆီးစေသည့်အလား။
ရေချိုးပြီးခါစမို့ ဆံစတွေကစိုစွတ်နေလျက်......
"ဟင်!"
နှုတ်ကအာမေဠိတ်ပင်ထွက်ကျလာသည်အထိအံ့ဩမိသည်။
ခများ အိမ်မှာမရှိရင်ကောင်းတယ်လို့ပြောနေသူကခုများတော့ ရေချိုးပြီးတာတောင် ကိုယ်မှာအ၀တ်မကပ်နိုင်ပဲ Bathing suit နဲ့ဧည့်ခန်းမှာဖြစ်ချင်တိုင်းဖြစ်လို့။
"အဲဒါဘယ်ကသဝေထိုးပြန်လာတာလဲ"
"ဒီနားတင်သွားတာ။"
"သေချာလား! ကျုပ်မယုံဘူး။"
"စေ သပတ်သွားယူလိုက်ဦးမယ် ခေါင်းသုတ်ပေးမယ်လေနော်။"
"ဟာ ဟိတ်!"
"အမေ့!!"
အလန့်တကြားမော့ကြည့်လာတဲ့ ထိုခရမ်းနုရောင်မျက်၀န်းတွေ၊မွေးရာပါခရမ်းရောင်ဆံနွယ်တွေ၊လက်ဖဝါးနုနုလေးတွေ
ထိုထူးခြားတဲ့အရာတွေဟာ တခြားသူအတွက်မကောင်းဆိုးဝါးတစ်ကောင်၀င်စားသလားကြောက်ရွံ့ထူးဆန်းမှုတွေပြည့်နှက်နေမဲ့ ဇိုင်ရမ် ဆိုတဲ့ငါ့အတွက်ကတော့ ထိုအခြင်းအရာတွေဟာ စုတ်ချက်မမှီတဲ့ဂန္တ၀င်ပန်းချီကားတစ်ချပ်ထက်ပင်ပိုနေသည်။
ထိုသူကားငါ့အိမ်ထောင်ဖက်တည်း။
💗기 기💗
1.10.23
10:45PM
"See you next month"