Unicode 🍊
''ကျုပ်ကို ဒီနေရာခေါ်လာပြီး ဘာများပြောမှာလဲလို့.... ပန်းချီဆွဲ ဖို့ရာ အဖော်လိုလို့များ ခေါ်လေသလား...ကျုပ်အလုပ်တွေကတော့ဖြင့် မနည်းကျန်သေးတယ် အသေးကောင်လေးရဲ့...."
နေကြာပန်းခင်းကြီးအား နောက်ခံထား၍ ဆွဲနေသောပန်းချီကားထဲသို့ စိတ်နှစ်ပြီးရေးဆွဲနေသည့် အသေးကောင်လေးကို မြို့အုပ်မင်းဟာ စီးကရက်တစ်ချက်ဖွာရင်း... ပြောလာခဲ့သည်.......
"စီးကရက်တွေ သောက်နေပြန်ပြီလား မြို့အုပ်မင်းရယ်....အစ်ကိုPat(ပတ်ပ်)ပြောတော့ မြို့အုပ်မင်းက စိတ်ညစ်တဲ့အခါ...စိတ်တိုတဲ့အခါ...စိတ်အားငယ်တဲ့ အခါတွေမှာ စီးကရက်သောက်တတ်တယ်ဆို... မသောက်ပါနဲ့လားဗျာ... ကျန်းမာရေးအတွက် ဆိုးကျိုးများလွန်းလို့ ကျွန်တော်ပြောနေရတာ.... "
''ဗျာ...ကျုပ်က အသေးကောင်လေးအတွက် ဘာမှမဟုတ်တဲ့ပါမွှားလေးပါ... ကျုပ်သေသေရှင်ရှင် အသေးကောင်လေးအတွက် မထူးဘူးမလား...ဘာလို့ဆို..ကျုပ်က..ကျုပ်က..မင်းရဲ့ချစ်သူ Pan Thitawinမှ မဟုတ်ပဲလေ...."
တားနေပါရက်နှင့် ချစ်မိနေသည့် နှလုံးသားရယ်...တားနေပါရက်နှင့် စီးကျလာတဲ့ မြို့အုပ်မင်းရဲ့ မျက်ရည်တွေရယ်....အသေးကောင်လေးက သူ့ရဲ့လက်သေးသေးလေးတွေနှင့် မျက်ရည်တွေကိုသုတ်ပေးရှာလေသည်.......
"အဲ့ဒီ့လိုတော့ မပြောပါနဲ့... မြို့အုပ်မင်းလို လူကောင်းတစ်ယောက်ကို ကျွန်တော်အဆုံးရှုံးမခံနိုင်ပါဘူး..."
"ပြန်လဲ...မချစ်နိုင်ဘူးမဟုတ်လား..."
မြေပြင်ကိုသာ အကြည့်ပို့လို့ မြို့အုပ်မင်းက
ေမးလာသည်....Khaotung မှာ ဖြေစရာအဖြေမရှိခဲ့... ဒါဆိုရင် မြို့အုပ်မင်း ဘယ်လိုထင်သွားမလဲ.......
"ကျုပ်က ယောက်ျားသားတစ်ယောက်... မျိုးချစ်စိတ်ဓာတ်မရှိတဲ့ နယ်ချဲ့လက်ပါးစေ...ကျုပ်က မင်းရဲ့Panလို အမျိုးချစ်တဲ့သူပီပီ တော်လှန်ရေးမှာတစ်နေရာရာကနေ ပါဝင်နေတဲ့လူလည်းမဟုတ်.... ကိုယ်ပိုင်အိမ်နဲ့ကားလဲ ကျုပ်မှာမရှိဘူး...အစိုးရပေးတဲ့ လစာကို စားပြီးသူတို့စီစဥ်ပေးထားတဲ့ နေရာထိုင်ခင်းမှာပဲ နေရတဲ့သူပါ....
သို့ပေမဲ့ ကျုပ်ကလည်း နှလုံးသားနဲ့ လူပဲလေ အသေးကောင်လေးရယ်...သို့ရာ ကျုပ်က အမျိုးတူ ယောက်ျားလေးတစ်ယောက်ကိုမှ ချစ်မိသွားလည်း ကျုပ်မသိဘူး..သိလည်းမသိချင်ဘူး... ဒီအတိုင်းလေးပဲ ကျုပ်ပျော်တယ်...ဒါကြောင့် ကျုပ်ကို အသေးကောင်လေးက အခြောက်လို့ပြောလည်း ပြောခွင့်ရှိတာပဲ...သို့သော် ကျုပ်က အသေးကောင်လေး တစ်ယောက်ထဲကိုပဲ နက်နက်ရှိုင်းရှိုင်းချစ်တာ.....အသေးကောင်လေးမှာလေ ချစ်ရသူရှိတယ် ဆိုတာ သိပြီးကတည်းက အသေးကောင်လေးရဲ့ အရိပ်ကလေးကို ခပ်သဲ့သဲ့မြင်မိရင်.. အဲ့နားကို ကျုပ် ယောင်လို့တောင် မလာခဲ့ဘူး...ကျုပ်က ရိုင်းတယ်လို့ဆိုပေမဲ့ တွေးခေါ်တတ်တဲ့ ဦးနှောက်ရှိတဲ့လူပါ.... ကျုပ်ရှေ့လျှောက် အသေးကောင်လေးကို မေ့ဖို့ရာ ကြိုးစားတော့မှာ မလို့ ဖြစ်နိုင်ရင်လေ..ကျုပ်နဲ့ဝေးနိုင်သမျှ အဝေးဆုံးမှာ နေပေးပါ..ကျုပ်အနူးညွတ်တောင်းဆိုတာပါ....."
စကားအရှည်ကြီးပြောလို့ အပြီး မြို့အုပ်မင်း မှာ ရင်ဘတ်ကလေးကို ဖိလို့ အမောဖြေရသည်......အသေးကောင်လေးမှာလည်း..မြို့အုပ်မင်း ရဲ့စကားတွေကြောင့် စုတ်တံကိုပင် ကောင်းကောင်း ကိုင်မထားနိုင်တော့ချေ.....
"ညီမPanက...ဘယ်တုန်းကမှ ကျွန်တော့် ချစ်သူမဖြစ်ခဲ့ပါဘူး....ကျွန်တော့်ဆီကို အလည်လာလို့ ကျွန်တော်က ဧည့်ဝတ်ကျေပွန်အောင် အလိုက်တသိနေပေးတာပါ...ကျွန်တော်မရှိတုန်း ဘယ်လိုကနေဘယ်လို Panကကျွန်တော်နဲ့ချစ်သူဖြစ်သွားတာလဲ...... အစ်မကလည်း ဘာမှမသိပဲ အကြောင်းရာအမှားကို ပြောပြမိတာဖြစ်ပါလိမ့်မယ်.... အခုတော့..ကျွန်တော်ပြောပြ ပြီးပြီ.....ယုံတာ မယုံတာကတော့ မြို့အုပ်မင်း အပိုင်းပဲ....."
တအံတဩဖြစ်သွားတဲ့မျက်လုံးတွေနှင့် မြို့အုပ်မင်းဟာ အသေးကောင်လေးကို ကြည့်ရင်း......
"အဲ့တာမှ ဒုက္ခပါပဲ အသေးကောင်လေးရယ်.... ကျုပ်မှာတော့ဖြင့်လေ..ဒီရက်ပိုင်းအသဲတွေကွဲလိုက်ရတာ... လွမ်းနေပါလျက်နဲ့တွေ့ချင်လွန်းပါလျက်နဲ့ အသေးကောင်လေးကို မတွေ့ပဲနေခဲ့ရတာ... ရူးမတတ်ပါပဲ...ထင်တော့ထင်ပါတယ်လေ... အသေးကောင်လေးက ကျုပ်အတွက်ပဲဖြစ်မှာပါလို့...ဟီးဟီး...''
''ခင်ဗျားကတော့လေ ပိုပြန်ပြီ..."
မြို့အုပ်မင်း ကိုမျက်စောင်းထိုးလို့ အသေးကောင်လေးက ပြောလာတော့ ကျောက်တုံးကြီးပေါ်မှာ ထိုင်နေတဲ့ မြို့အုပ်မင်း အောက်ကချိုင့်ဝှမ်းထဲကို ပြုတ်ကျသွားသည်အထိ.....
"ဟင်...ခင်ဗျားက ပြန်တော့မလို့လား မြို့အုပ်မင်း..... "
အသေးကောင်လေးဟာ ပန်းချီကားထဲကို စိတ်ရောက်နေပင်မဲ့လည်း မျက်လုံးထောင့်စွန်းတစ်နေရာကနေ မြို့အုပ်မင်း ထရပ်လိုက်တာကို မြင်လိုက်ဟန်....
"မပြန်ပါဘူး အသေးကောင်လေးရယ်...ကျောက်တုံးပေါ်ထိုင်ရတာကြာတော့... တင်ပါးနာလာလို့ပါ....အသေးကောင်လေးက နေကြာပန်းလေးတွေကို သိပ်နှစ်သက်တယ်နဲ့တူပါရဲ့...ဆွဲလိုက်တိုင်း နေကြာပန်းတွေကမပါမဖြစ်... နေကြာပန်းလေးတွေကို ကြိုက်တိုင်း နေကြာပန်းတစ်မျိုးထဲကိုပဲ ဆွဲရမယ်ရယ်လို့ ပြောထားတာမျိုးလဲမရှိပဲနဲ့...တခြားပန်းလေးဘာလေးဆွဲပါဦးလား..အသေးကောင်လေးရယ်...."
မြို့အုပ်မင်း ဟာ အကြံပေးသမားလိုလို ဘာလိုလိုနဲ့ မေးကို ပွတ်သတ်ပြီးပြောနေတော့.......
''ဒါကတော့ဖြင့်...ကျွန်တော်အာရုံလာတာကိုဆွဲရတာကိုးလို့ မြို့အုပ်မင်း ရဲ့..."
''အဲ့တာဆိုလဲလေ..ဟဲဟဲ..ကျုပ်ကိုပါ အာရုံလာပြီး အဖြေပေးလိုက်ပါလား.. အသေးကောင်လေးရယ်..."
အခွင့်အရေးကို အမြဲတမ်း ကျားချောင်းချောင်းနေသည့် မြို့အုပ်မင်း ဟာ စကားတိုင်းအလိုလိုမှာ အဖြေတောင်းတဲ့ကိစ္စကို ညှပ်ညှပ်ပြောတတ်သေးသည်.... ဒါဟာလဲ အသေးကောင်လေးကို ရင်ခုန်စေသလို...ရယ်မောစေသည့် အချက်တစ်ချက်.....
''အခုချက်ချင်း ချစ်တယ်ပြော..အခုချက်ချင်း အဖြေပေးလိုက်ရင်လေ. .ကျွန်တော်က သိပ်လွယ်လွန်းရာ ရောက်သွားမှာပေါ့လို့ မြို့အုပ်မင်း ရဲ့...."
ခါတိုင်းလို ငြင်းဆိုခြင်းမရှိသော်လည်း အသေးကောင်လေးရဲ့စကားကို မြို့အုပ်မင်းမှာ သဘောမတွေ့လှ....အသေးကောင်လေးကို ချစ်ရေးဆိုခဲ့တာ လနှင့်ချီပြီး ကြာခဲ့ပြီကိုးလို့.....
"ကျုပ်က အသေးကောင်လေးကို ချစ်တယ် လို့ပြောခဲ့တာ လွန်ခဲ့တဲ့ လကတည်းကလေ... ကျုပ်ရဲ့အသေးကောင်လေး ကလည်း စာရေးလိုက်... ပန်းချီဆွဲလိုက်နဲ့...အလုပ်နဲ့လက်နဲ့ မပြတ်တော့ မှတ်ဥာဏ်တွေလည်း သိပ်မကောင်းတော့ဘူး ထင်ပါတယ်လေ....''
မြို့အုပ်မင်းက ခပ်သဲ့သဲ့လေးရယ်ရင်း စတော့ အသေးကောင်လေးဟာ ပန်းချီဆွဲကာကို ခဏရပ်လိုက်ရင်း....
"ကျွန်တော်ကတော့ လေ...ခင်ဗျားကိုဒီနေ့မှ...ကျွန်တော့်ကို ချစ်ရေးဆိုတယ်လို့ပဲ သတ်မှတ်တယ်...အဲ့တော့ ကျွန်တော် ခင်ဗျားကို...."
''အစ်ကိုPat(ပတ်ပ်)က ပို့ခိုင်းလိုက်တာပါ မြို့အုပ်မင်း........ ''
အသေးကောင်လေးရဲ့ စကားကိုနားအကုန်စွင့်လို့ နားထောင်နေချိန်...ကြားကဖြတ်ဝင်လာတဲ့ ... ေကာင်ေလးတစ်ေယာက်ရဲ့ေအာ်ေြပာသံကြောင့် မြို့အုပ်မင်း ရင်ဘတ်ထဲက ခိုးလို့ခုလုနှင့်ခံစားရတာဟာ လူကို အင်မတန်နေရခက်စေသည်.. ...
ပုံမှန်ချိန်ဆို ငယ်သူကို သနားညှာတာတတ်တဲ့စိတ် မြို့အုပ်မင်း မှာ အပြည့်အဝ ရှိပင်မဲ့...ယခုချိန်မှာတော့ ထိုကောင်ငယ်လေးကို မျက်စိရှေ့က အနည်းငယ်နက်တဲ့ ချိုင့်ဝှမ်းထဲသာ ကန်ချပစ်ချင်တော့သည်.....
"အေးကွာ...ရော့ မုန့်ဖိုးယူသွားဦး..."
ထိုကောင်ငယ်လေးဟာ ပြေးထွက်သွားသလို အသေးကောင်လေးဟာလည်း...ပန်းချီဆက်ဆွဲနေသည်မလို့...မြို့အုပ်မင်း စာကိုဖတ်လိုက်ချိန်.... စိတ်တွေဟာ အနည်းငယ်တော့ တွေဝေခြောက်ခြားသွားရသည်.....
x x x x x x x x x x x x x x x x x x x x x x x x x x x
Chapter-11 The End🍁
ချစ်တယ်ဗျို့😾🤞
𝓚𝓲𝓶 𝓛𝔀𝓲𝓷𝓷𝓲𝓮 🐭🌴
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi 🍊
မေးလာသညျ....Khaotung မှာ ဖြေစရာအဖြေမရှိခဲ့... ဒါဆိုရင် မြို့အုပ်မင်း ဘယ်လိုထင်သွားမလဲ.......
အသေးကောင်လေးရဲ့ စကားကိုနားအကုန်စွင့်လို့ နားထောင်နေချိန်...ကြားကဖြတ်ဝင်လာတဲ့ ... ကောငျလေးတဈယောကျရဲ့အျောပြောသံကြောင့် မြို့အုပ်မင်း ရင်ဘတ်ထဲက ခိုးလို့ခုလုနှင့်ခံစားရတာဟာ လူကို အင်မတန်နေရခက်စေသည်.. ...
Chapter-11 The End🍁
ချစ်တယ်ဗျို့😾🤞
𝓚𝓲𝓶 𝓛𝔀𝓲𝓷𝓷𝓲𝓮 🐭🌴
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~