ဒေါက်တာကျန်း

By eithethmue

42.8K 5K 62

Title -Dr. Jiang Is Pregnant With His Nemesis's Child More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
ဈေးဗန်းခင်း🥰
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62

Chapter 27

636 86 2
By eithethmue


Chapter 27





အဆုံး၌ မားဟောင် လုံခြုံရေးများ၏ဆွဲခေါ်သွားခြင်းကို မခံရမီ ကျန်းရွှိသူ၏လက်ကို အညှာအတာကင်းမဲ့စွာဆွဲယူပြီး အဆစ်လွဲသွားသည့်နေရာကို ပြန်တည့်ပေးလိုက်ကာ ပြောလိုက်သည်။ " နောက်ကြ မသက်မသာခံစားနေရရင် ယွင်နန်ဆေးအဖြူကိုလိမ်းထားလို့ရတယ်.."

စောင့်ဆိုင်းဧရိယာမှလူများမှာမူ အတွင်းတွင်ဖြစ်ပျက်နေသည့်အရာများကို မသိခဲ့ကြပေ။ သူတို့သိသည်မှာ ကြမ်းတမ်းသည့်လူကြီးတစ်ဦးမှာ ပေါက်ကွဲကာ ဝင်သွားခဲ့ပြီးနောက် မကြာမီ လုံခြုံရေးများ၏ဆွဲခေါ်သွားခြင်းကို ခံရသည်ဟုပင်။ သူတို့အားလုံးမှာ ဆေးကုသရာတွင်အနှောင့်အယှက်ဖြစ်မည်ဟု ခန့်မှန်းနေကြပြီး တစ်စုံတစ်ဦးမှ သွေးများရွှဲနေသည့်ခံရသူကို လူနာတွန်းလှည်းဖြင့် ထုတ်ကာ ထွက်လာမည်အား စိုးရိမ်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့အချိန်အတော်ကြာစောင့်ဆိုင်းခဲ့သော်လည်း မည်သည့်ဆရာဝန်ကိုမှ ထုတ်လာရသည်ကို မမြင်မိကြချေ။

ပြင်ပလူနာဌာနမှ ဆရာဝန်များသည်လည်း သူတို့၏လူနာလှည့်ခြင်းများကို တစ်ချိန်တည်းပင်ပြီးစီးသွားကြပြီဖြစ်သည်။ ကျန်းရွှိ သူ၏ကုတ်အင်္ကျီအဖြူကိုချွတ်ကာ ရုံးခန်းထဲမှထွက်လာခဲ့ပြီး မျက်နှာချင်းဆိုင်ရှိပြင်ပလူနာဌာနရုံးခန်းအတွင်းရှိနေသည့် ရှန့်ဖန်းယွိစီသို့ အပြေးသွားလိုက်သည်။

" မင်းငါ့ကိုကျေးဇူးမတင်တော့ဘူးလား.." ရှန့်ဖန်းယွိမှ စကားဝိုင်းကိုစတင်လိုက်သည်။

သူတို့စကားများပြီးသည့်အချိန်မှစ၍ အချင်းချင်းလေလိုပင် သဘောထားကြကာ စကားပြောခဲလှသည်။ ယနေ့ဆွေးနွေးတိုင်ပင်ခြင်းမတိုင်မီအထိ သူတို့ကြားရှိလေထုမှ မှိုင်းအုံ့နေသော်လည်း ယခုတစ်ကြိမ်တွင် ကျန်းရွှိ ရှန့်ဖန်းယွိကို ကြည့်လာကာ " ကျေးဇူးပဲ…"

ရှန့်ဖန်းယွိ ဤတစ်ကြိမ်တွင် ကြားဖြတ်မပြောခြင်းကြောင့် ဖြစ်နိုင်ပေမည်။သူ၏ကျေးဇူးတင်စကားမှာ အဆုံးထိရောက်သွားခဲ့သည်။

ရှန့်ဖန်းယွိ၏ပုံမှာ အနည်းငယ်အံ့ဩနေပုံရပြီး " မင်းဒီနေ့မထိခိုက်သွားဘူးမလား … အဲဒီခွေးကောင်က မင်းခေါင်းကိုများ ရိုက်သွားတာလားဟ.. မင်းပါးစပ်ကနေ ဒီလိုစကားတွေတောင် ကြားနေရပြီ…"

"....."

ကျန်းရွှိ : " ဒါဆိုလည်း ငါပြန်ရုတ်သိမ်းလိုက်မယ်…"

" အာ မလုပ်နဲ့လေ…"

ကျန်းရွှိ၏ စိုက်ကြည့်နေခြင်းကို ခံနေရသောရှန့်ဖန်းယွိမှ ကြင်နာသည့်အသံဖြင့် " ကောင်းပြီလေ မင်းမထိခိုက်သွားတာ ငါသိပြီးပြီပဲ မင်းငါ့ကိုဒီလိုကြည့်နေတာကြီး ရပ်ပေးလို့ရမလား…မင်းမျက်လုံးထဲကအကြည့်တွေက ဖွင့်ပြောတော့မယ်လို့ ငါသံသယရှိနေမိပြီ…"

ကျန်းရွှိ သူ၏အကြည့်များကို ပြန်သိမ်းလိုက်သည်။ သို့သော်လည်း ရှန့်ဖန်းယွိမှာမူ သူ့ဘာသာတီးတိုးရေရွတ်နေခဲ့သည် " မင်းမထိခိုက်သွားတာကောင်းတာပဲ.." သူ အမှတ်တရအချို့ကို ပြန်သတိရသွားသောကြောင့် ရုတ်တရက်ဆိုသလို သတိထား၍ရယ်လိုက်မိကာ " မင်းကိုယ့်ကိုကိုယ် ကာကွယ်နိုင်ပုံကို ကြည့်ရတာ ငါတို့အရင်တုန်းကတိုက်ခိုက်ခဲ့တွေက အကျိုးမရှိတာမဟုတ်ဘူးပဲ.."

ကျန်းရွှိ မျက်လုံးသာလှန်ပြလိုက်သည်။

ရှန့်ဖန်းယွိ၏စကားများမှ အတိတ်မှကိစ္စအချို့ကို ပြန်လည်အမှတ်ရသွားစေခဲ့သည်။

ကျန်းရွှိမှာ ကျောင်းသားကောင်းတစ်ဦးသာဖြစ်ခဲ့ပြီး များစွာတိုက်ခိုက်ခဲ့ခြင်းမရှိချေ။ အလွန်ဆုံးအနေဖြင့် သူကလေးဘဝတွင် တိုက်ကွမ်ဒိုသင်ကြားခဲ့ရခြင်းသာဖြစ်သည်။ သို့သော်လည်း တက္ကသိုလ်တက်ချိန်ရချိန်တွင် ဆေးတက္ကသိုလ်မှ ဆရာဝန်များအား မိမိကိုယ်ကိုကာကွယ်နိုင်စေရေးအတွက် အနီးကပ်တိုက်ခိုက်မှုကို မသင်မနေရဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းပေးခဲ့သည်။

လူတိုင်းသိကြသည့်အတိုင်းပင် မသင်မနေရဘာသာများမှာ ခရစ်ဒစ်အမှတ်များထည့်သွင်းထားပြီး ထိုအမှတ်များမှာ အလုံးစုံပေါင်းထားသည့်အဆင့်ပေါ်တွင် သက်ရောက်မှုရှိသည်။

အလွန်များပြားသောဆေးကျောင်းသားများရှိသည့် တက္ကသိုလ်တစ်ခုအနေဖြင့် အတန်းများမှာ အချိန်အတိအကျ ထိုင်ခုံအတိအကျဖြင့် အကြမ်းဖျင်းတစ်ခုနှင့်တစ်ခုဆက်နေပြီး ကျောင်းသားများကို ကြိုက်ရာအတန်းကို ရွေးချယ်ခွင့်မပေးချေ။ သို့ဖြစ်ရာ တိုက်ခိုက်ရေးသင်တန်းအတွက် ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့ တစ်တန်းတည်းကျခဲ့ကြသည်။

ထိုအနီးကပ်တိုက်ခိုက်ရေးသင်တန်းမှာ သူတို့နှစ်ယောက်အတွက် နောက်ထပ်စစ်မြေပြင်တစ်ခုဖြစ်ခဲ့လေသည်။

ထိုအတန်း၏ရလဒ်များမှာ လှုပ်ရှားမှုတစ်ခုချင်းစီကို ပေါင်းစည်းထားသည့်စစ်ဆေးမှု၊ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းစစ်ဆေးမှုနှင့် နောက်ဆုံးအဆင့်တစ်ဦးခြင်းတိုက်ပွဲများမှ ထုတ်ယူထားခြင်းဖြစ်သည်။ ညီမျှမှုရှိစေရေးအတွက် ကာယဆရာမှ ပြိုင်ဘက်များကို အရင်ပြိုင်ပွဲအနည်းငယ်မှ ယှဉ်တွဲပေးထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် ပထမနှင့် ဒုတိယ၊ တတိယနှင့်စတုတ္ထ စသည်တို့ဖြစ်ကြသည်။

ထို့ကြောင့် ပြိုင်ဘက်နှစ်ဦးအကြားရှိ ကွာဟမှုမှာ တတ်နိုင်သမျှ နည်းပါးသော်လည်း တိုက်ပွဲပြီးချိန်တွင် အနိုင်ရရှိသူမှာ သုံးမှတ်အပိုရရှိနိုင်ပေမည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် ရှန့်ဖန်းယွိနှင့်ကျန်းရွှိတို့မှာ ပြီးခဲ့သည့်ပွဲစဉ်အနည်းငယ်အတွင်း ပူးတွဲပထမရရှိထားကြသည်ဖြစ်ရာ သဘာဝကျစွာပင် ဆရာမှ သူတို့ကို တစ်ဖွဲ့ဖွဲ့ထားပေးခဲ့သည်။ ထိုအချိန်တုန်းကတော့ ဆရာဖြစ်သူမှာ ထိုဆုံးဖြတ်ချက်သည် မည်မျှဆိုးရွားလှကြောင်းကို မသိပြုမိခဲ့ပေ။

ဆရာဖြစ်သူမှာ သူတို့နှစ်ဦး ဤကဲ့သို့ ဆက်လက်တိုက်ခိုက်နေပါက အဆုံးတွင် ဆေးပေးခန်းသို့ပို့လိုက်ရမည်ကို စိုးရိမ်သောကြောင့် တစ်ဦးစီကို တစ်မှတ်ခွဲစီ အညီအမျှ ခွဲဝေပေးလိုက်ရသည်။

အဆုံး၌ သူတို့နှစ်ဦးမှာ စိတ်တိုင်းမကျနိုင်ဘဲ ဆက်လက်ယှဉ်ပြိုင်နေကြပြန်သည်။ ကာယဆရာမှာ သူတို့နှစ်ဦးကို တစ်ပတ်တစ်ကြိမ် အားသုံး၍ ဆွဲခွာနေရသော်လည်း အပတ်လိုပင် နိုင်သူရှူံးသူဟူ၍ ရလဒ်မရှိခဲ့ပေ။ ပိတ်ရက်များတွင် ဆရာဖြစ်သူမှ သူတို့ထံအပိုသင်ခန်းစာလာပေးခြင်း မရပ်တန့်သွားခင်အထိ သူတို့နှစ်ဦးကို " သူငယ်ချင်းပထမ ပြိုင်ပွဲဒုတိယ " ဟူ၍ ဆုံးမလေ့ရှိသည်။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးမှာမူ တစ်လေသံတည်းဖြင့် " ကျွန်တော်တို့သူငယ်ချင်းတွေ မဟုတ်ဘူး…" ဟုပြောကြမြဲသာ။

နှစ်ပေါင်းမြောက်များစွာ စာသင်ကြားခဲ့ဖူးသော ကာယဆရာမှာ စိတ်လွတ်တော့မလိုပင် ဖြစ်လာရသည်။

နောက်ဆုံးတွင် ကာယဆရာမှ ထိုတိုက်ပွဲကိုရပ်တန့်နိုင်ရေးအတွက် သုံးမှတ်စီထုတ်ယူ၍ပေးခဲ့ရလေသည်။ ပြောကြသည်မှာ ကာယဆရာမှ ကျောင်းအုပ်ကြီးထံသို့သွားကာ ငိုကြွေးလျက် နောက်လာမည့်စာသင်နှစ်တွင် သူတို့ကိုမသင်ပေးချင်တော့ပြီဟု ပြောခဲ့သည်ကိုပင်။

ကျန်းရွှိ ရှန့်ဖန်းယွိကို ကြည့်ကာ ဤနှစ်များ၏တိုက်ပွဲအများစုမှာ ထိုသူနှင့်သာဖြစ်ခဲ့ကြောင်းကို ရုတ်တရက်အမှတ်ရမိသွားသည်။

အလိုလိုနားလည်နေခြင်းကြောင့်ဖြစ်နိုင်ပေမည်။ ရှန့်ဖန်းယွိ ကျန်းရွှိ သူ့အားစိုက်ကြည့်နေကို မြင်လိုက်ရသောအခါ ပြုံးလျက် ပြောလိုက်သည်။ " ငါအခုပဲမှတ်မိလိုက်တာ တက္ကသိုလ်တုန်းကလည်း အဲဒီအနီးကပ်တိုက်ခိုက်မှုသင်တန်းကြောင့် ဆရာကိုသွေးတိုးကတေ့ာမတတ်အထိ ဖြစ်သွားစေခဲ့တာနော်…မင်းအရင်တုန်းက ဘာလို့အဲဒီလောက်မွှေရတာလဲဟ…"

" မင်းကော မမွှေခဲ့လို့လား…" ကျန်းရွှိ သူ့ကို ဗလာအကြည့်သာပေးလိုက်သည်။

" ငါတစ်နှစ်ကိုမှတ်မိသေးတယ်…စာသင်နှစ်အတွင်း ဆယ့်နှစ်ဘာသာရှိတုန်းကလေ ဘာသာတိုင်းကလည်း ဓာတ်ခွဲခန်းအတွေ့အကြုံပါတာ… ငါစာမေးပွဲလတွေဆို ညတိုင်းညလုံးပေါက်နေပြီးတော့ ထပ်မမှတ်နိုင်တော့တဲ့အထိကို စာကျက်ခဲ့ရတာ… အဲဒါကြောင့် မင်းစီပြေးလာပြီးတော့ ရှုပ်နေတာရပ်ပြီး အိပ်ခွင့်ပေးပါတော့လို့တောင် လာပြောခဲ့ရတာ…" ရှန့်ဖန်းယွိ သူ့ကိုယ်သူအံ့ဩနေပုံပေါ်နေခဲ့သည်။

" ပြီးတာနဲ့ မင်းကငါကို ဒီလိုကြည့်တာလေ.." သူတစ်လောကလုံးမှ အကြွေးတင်နေသည့်ပုံစံသို့ပြောင်းသွားခဲ့ပြီး ကျန်းရွှိ၏ပုံစံကိုအတုခိုးကာ အိတ်ကပ်ထဲသို့ လက်ထည့်၍ မရှိသည့်မျက်မှန်ကိုပင့်တင်ဟန်ဖြင့် ကျန်းရွှိ၏အသံအတိုင်းတုပလိုက်သည် " ကောင်းပြီ ဒါဆိုရင် မင်းဒုတိယဖြစ်လာလိမ့်မယ်…"

ကျန်းရွှိ သူ၏ဖျော်ဖြေမှုကို ကြည့်နေမိသည်။ ကြည့်ရသည်မှ အတိတ်မှသူ၏ပုံစံအချို့ကို အမှန်တကယ်ပင် ပြန်မြင်သွားခဲ့လေသည်။

" ကျန်းရွှိ မင်းပြုံးနေတာပဲ.." ရှန့်ဖန်းယွိ ကျန်းရွှိကို ညွန်ပြကာ သူ၏အမြီးလေးကို ဖမ်းမိသွားသည့်ဟန်ဖြင့် " မင်းကပြုံးခဲလွန်းလို့လားမသိ ရှားပါးတဲ့အရာတွေက အရမ်းတန်ဖိုးရှိတာဟ.. ငါမင်းပြုံးတာကို ကြည့်ရတာ တကယ်သဘောကျတာ…"

ကျန်းရွှိ မျက်လုံးကို အောက်စိုက်ကာ သူ၏မျက်နှာတစ်ဝက်ကို နှာခေါင်းစည်းဖြင့် ဖုံးကွယ်လိုက်သော်လည်း ရှန့်ဖန်းယွိမှာမူ သူတွေးနေသည့်အရာကို သိနေဟန်ဖြင့် " မင်းနှာခေါင်းစည်းဝတ်ထားရင်တောင် ပြုံးနေတာ ငါသိပါတယ်နော်…" သူထုတ်ပြောလိုက်သည်။ " မင်းရဲ့မျက်လုံးတွေကလည်း ပြုံးနေတယ်လေ …"

အမှန်တကယ်အားဖြင့် ကျန်းရွှိ၏မျက်လုံးများသာမကချေ။ သူပြုံးလိုက်ချိန်တွင် မျက်လုံးအောက်မှ ထိုမှဲ့ကလေးမှာလည်း အသက်ဝင်လာခဲ့လေသည်။

ကျန်းရွှိ ခေါင်းစောင်းကာ ရှန့်ဖန်းယွိ၏အကြည့်ကိုရှောင်တိမ်းနေပြီး အိတ်ကပ်ထဲသို့ လက်ထည့်ကာ ပေါ့ပေါ့ပါးပါးပြောလိုက်သည် " ငါအရင်သွားနှင့်မယ်…"

သူ ရုံးခန်းသို့ ပြန်မသွားဘဲ ဓာတ်ခွဲခန်းစီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။

ယခုရက်များအတွင်း ကျန်းရွှိ ဓာတ်ခွဲခန်းသို့ မသွားခဲ့ချေ။ ယခုအချိန်တွင် သူသည် လက်ထောက်ပါရဂူသမားတော်တစ်ဦးဖြစ်နေပြီဖြစ်ပြီး စာသင်ကြားရေးအရဆိုလျှင် တွဲဘက်ပါမောက္ခအဆင့်နှင့် ညီမျှနေပြီဖြစ်ရာ စမ်းသပ်မှုများကို ဘွဲ့လွန်ကျောင်းသားအချို့အားလွှဲထားနိုင်ပြီး သူကိုယ်တိုင်လုပ်နေရန် မလိုပေ။

ထိုမျှသာမက သူ၏ကိုယ်ဝန်ကြောင့် ဓာတ်ခွဲခန်းအတွင်းရှိဆေးအများစုမှာ သန္ဓသေားကိုသက်ရောက်စေပြီး ပုံမမှန်ဖြစ်မှုဖြစ်စေမည်ကို စိုးရိမ်နေသည့်အတွက် သူတင်ပြချက်များကိုသာနားထောင်ကာ အကြံပေးချက်နှင့် ယေဘူယျညွှန်ပြချက်များကိုသာ ပေးလေ့ရှိသည်။

ကျောင်းသားများမှ သူတို့၏စမ်းသပ်မှုများလုပ်နေသည်ကို ကြည့်နေပြီး ကျောင်းသားငယ်တစ်ဦးကို အနီးကပ်ရိုက်ကူးတတ်ရန် သင်ကြားပေးလိုက်ကာ ကိုးနာရီကျော်တွင် ဓာတ်ခွဲခန်းမှ ထွက်လာခဲ့လိုက်သည်။

အတိတ်တွင် ရိုးရိုးသမားတော်အဖြစ်လုပ်ကိုင်စဉ်က သူအမြဲလိုပင် ဓာတ်ခွဲခန်း၌ ၂နာရီ ၃နာရီအထိ နေနေကြဖြစ်သည်။ ထိုအချိန်တုန်းက သူ့ထံတွင် ကိုယ်ပိုင်ဓာတ်ခွဲခန်းမရှိသော်လည်း ဒါရိုက်တာချွေ့၏အဖွဲ့ထဲတွင် ပရောဂျက်တစ်ခု‌ကိုလုပ်ခဲ့ခြင်းဖြစ်သည်။

၎င်းမှာ အလွန်ခက်ခဲလှသောကြောင့် သူတို့ထွက်သွားပြီးနောက် အချေအတင်ဖြစ်ရန်ပင် အားအင်မကျန်ခဲ့ချေ။ သူတို့ လရောင်အောက်တွင် တိတ်တဆိတ်လမ်းလျှောက်နေကြကာ လည်ပင်းတွင်တစ်ဆို့နေသည့်ခေါင်းစဉ်ကိုသာ အပြင်းအထန်တွေးတောနေကြရသည်။

ရေချိုးကန်ကိုမှီချလိုက်သည်နှင့် ရေနွေးနွေးလေးမှာ ကျန်းရွှိ၏ခန္ဓာကိုယ်ကို ရိုက်ခတ်လာပြီး သူ၏မျက်လုံးများကိုမှိတ်ထားကာ ဤရှားပါးလှသောအခိုက်အတန့်လေးအတွင်း သူအ‌လုပ်အကြောင်းမစဉ်းစားခဲ့ပေ။

လေထုမှာ အလွန်ပျင်းစရာကောင်းနေပြီး သူ၏ဗိုက်ထဲမှကလေးမှာ သူ၏အာဟာရကို လျင်မြန်စွာစုပ်ယူနေခြင်းကြောင့် ရံဖန်ရံခါ အာရုံလွင့်သွားရကာ အချိန်ကြာအတွင်း မေ့လျော့ထားသည့်အရာများကို ပြန်လည်သတိရမိစေသည်။

ဥပမာအားဖြင့် ဓာတ်ခွဲခန်းမှ သူ၏အဆောင်သို့ပြန်သည့်လမ်းတွင် ပိုကျိုင်ကိတ်ဆိုင်ကို ဖြတ်သွားဖူးသည်။ ပိုကျိုင်ကိတ်မှာ ကွမ်တုန်းမှလာသောအစားအစာဖြစ်ပြီး အေမြို့တွင်ရှားပါးလှကာ ကျန်းရွှိမစားခဲ့ဖူးပေ။

မည်သို့ပင်ဆိုစေကာမူ အရောင်စုံလင်ပြီး ကျောက်မျက်ကဲ့သို့ကိတ်များကို ဆိုင်းဘုတ်ပေါ်၌ မြင်လိုက်ရသည့်အချိန်တွင် သူစားချင်သလို ခံစားလာမိသည်။

သို့သော်လည်း ထိုဆိုင်မှာ ညဆယ်နာရီတွင်ပိတ်ပြီး မနက်ရှစ်နာရီတွင်ဖွင့်သည့်အတွက် ကျန်းရွှိ မည်သည့်အခါကမှ မစားခဲ့ရပေ။

နောက်ပိုင်းတွင် သူဆယ်နာရီမထိုးခင် အလုပ်မှထွက်လာရန် အခွင့်အရေးရလာခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် သူသည် အဆောင်တွင် မနေတော့ဘဲ အိမ်တစ်လုံးဝယ်ယူပြီးသွားပြီဖြစ်သောကြောင့် အလုပ်မှဆင်းချိန်တွင် ထိုလမ်းကိုမဖြတ်မိခဲ့ချေ။

ထူးချွန်လှသောဒေါက်တာကျန်းမှာ အစားတစ်လုတ်အတွက် လမ်းလွှဲမှသွားမည့်သူမျိုး မဟုတ်ချေ။ ထို့ကြောင့် ဤနှစ်များအတွင်း ကျန်းရွှိ ပိုကျိုင်ကိတ်ကို တစ်ကိုက်မျှပင် မကိုက်ခဲ့ရပေ။

ထိုမျှသာမက တစ်ချိန်တစ်ခါက ကျန်းရွှိမှာ မည်သည့်ဟင်းလျာသို့မဟုတ်အအေးကိုမှ ထူးထူးခြားခြားနှစ်ခြိုက်သူမဟုတ်ခဲ့ဖူးပေ။ သူစားနေကြအသင့်စားခေါက်ဆွဲပြုတ်သည်ပင် အရသာတစ်ခုတည်းဖြစ်ပြီး ထိုမုန့်အချိုလေးကို စားချင်စိတ်ဖြစ်ပေါ်မိသည့်ဆန္ဒကို အချိန်အတော်ကြာကြာကပင် မေ့လျော့သွားခဲ့လေပြီ။

မည်သို့ဖြစ်စေ သာမာန်ထက်ကွဲလွဲနေသောအတွေးများက ရေချိုးခန်းဝတ်ရုံကိုသာ ဝတ်ဆင်ထားပြီး အရှေ့မှခေါက်ဆွဲပြုတ်ကို ခက်ရင်းဖြင့် ဟိုထိုးသည်ထိုးလုပ်နေသည့်ကျန်းရွှိကို ရုတ်တရက်ဆိုသလို အနည်းငယ်သက်တောင့်သက်သာမရှိအောင် ပြုလုပ်နေခဲ့သည်။

ကာလအတန်ကြာမေ့လျော့ထားသည့် ပိုကျိုင်ကိတ်များအပေါ်စွဲလမ်းမှုမှာ သူ၏စိတ်ထဲတွင် တောရိုင်းမှိုများသဖွယ်ပေါက်ဖွားလာခဲ့သည်။

သူထိုအရာကို အမှန်တကယ်ပင် စားချင်နေမိသည်။

ထိုထူးဆန်းပြီး စိတ်ရှုပ်စရာခံစားချက်မှာ သူကိုယ်ဝန်စရှိလာပြီးနောက်မှာသာ စတင်ဖြစ်ပေါ်လာခဲ့သည်။ မည်သည့်နေရာမှထွက်လာမှန်းမသိသည့်အရာကို သူရုတ်တရက်တောင့်တလာကာ ၎င်းမှာ ချဉ်စူးနေသောသံပုရာသီးဖြစ်နိုင်သလို၊ မိုင်ပေါင်းများစွာကွာဝေးသည့်အရပ်မှ တို့ဟူးပုတ်လည်းဖြစ်နိုင်ပြီး ဆေးရုံဘေးတွင် မာစတာလု၏သားမှကူညီပေးနေရသော မာစတာလု၏ပန်ကိတ်များလည်း ဖြစ်နိုင်သည်။

သို့သော်လည်း ကျန်းရွှိအမြဲလို ထိုစိတ်ဆန္ဒကို ချိုးနှိမ်ထားခဲ့သည်။

ယနေ့မတိုင်ခင်အထိပင်…

သို့သော်လည်း ကျန်းရွှိ ရုတ်တရက်ဆိုသလို မကြာသေးမီအချိန်တုန်းက ယွီရှင်းကိုလိုက်ပို့ပြီးနောက် သူ၏အမေကို ဖုန်းခေါ်လိုက်ချိန်တွင် သူမချိုချိုသာသာပြောခဲ့သည့်စကားကို ပြန်လည်သတိရသွားသည်။ " ရှောင်ရွှိ အမေကမင်းအလုပ်များတယ်ဆိုတာသိပေမယ့် အခုအချိန်က အရှေ့ကိုခြေတစ်လှမ်းတိုးရမဲ့အချိန်ပဲလေ.. ဒါပေမယ့်လည်း မင်းဘလိုင်းဒိတ်တွေ မသွားချင်ရင်တော့…"

အမေကျန်းမှ သက်ပြင်းချကာ ပြောလိုက်သည် " အမေကသားတစ်ယောက်တည်းကျန်ခဲ့မှာကို စိုးရိမ်နေတာပါ… မင်းကငယ်ငယ်လေးထဲက အမြဲလိုအလုပ်ရှုပ်နေတတ်တာ…ခန္ဓာကိုယ်ကိုလည်း ဂရုမစိုက်ဘူး…တစ်ခါတလေဆို ညနက်တဲ့အထိ စာကြည့်သေးတယ်…အမေကတော့လေ သားနဲ့အတူရှိမဲ့သူက သားကိုကူညီဖို့၊သတိပေးနေဖို့နဲ့ အချင်းချင်းဂရုစိုက်ကြဖို့ တစ်ခုတည်းကိုပဲ မျှော်လင့်မိတာပါ.. ဒါဆိုရင် အမေစိတ်ချလက်ချမျက်စိမှိတ်နိုင်ပါပြီ…"

" ဒီနှစ်တွေအတွင်း သားအဖေနဲ့အမေက သတင်းစာတို့ တီဗီတို့ထဲ တခြားဆရာဝန်တို့ ပါမောက္ခတို့ စာလေ့လာရင်း ရုတ်တရက်သေသွားတာမျိုး မြင်ရရင် အမြဲထိတ်လန့်နေရတာ… ပြီးတော့ အနားမှာ 120ကို ခေါ်မဲ့သူမရှိဘဲ မတော်တဆတစ်ခုခုဖြစ်သွားမှာကိုလည်း စိုးရိမ်တယ်.."

ကျန်းရွှိ သူ၏ဖုန်းမှ အမည်စာရင်းကို ငုံ့ကြည့်ကာ မိခင်ဖြစ်သူ၏အသံမှာ သူ၏နားထဲတွင် ထပ်ခါထပ်ခါပဲ့တင်ရိုက်နေခဲ့သည်။ အချိန်အတော်ကြာပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် သူ၏ဝမ်းဗိုက်အောက်ပိုင်းကို ညင်သာစွာ ထိကြည့်လိုက်လေသည်။

" ဟယ်လို…" ကျန်းရွှိ ရင်းနှီးနေသည့်ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်သည်။

" ကျန်းရွှိလား…" တစ်ဖက်မှာလူမှာ သိသိသာသာပင် အလွန်အံ့ဩနေခဲ့သည်။ ရှန့်ဖန်းယွိ၏စကားမှာ ခေတ္တရပ်တန့်သွားပြီးနောက် လက်ရှိရောက်နေသည့်အချိန်ကို ကြည့်ကာ မေးလိုက်သည် " ဘာဖြစ်လို့လဲ.."

" မင်းမှတ်စုထဲမှာ ရေးထားတဲ့စကားကို အခုထိထည့်တွက်လို့ရသေးလား…"

" ဟမ်…"

" ယွဲ့ဖုန်းအိမ်ရာဝင်း တိုက်နံပါတ်သုံး အပိုင်းလေး အခန်းနံပါတ်၁၂၀၂…" ကျန်းရွှိ ထမင်းစားစားပွဲဘေးမှ နာရီကိုမော့ကြည့်လိုက်ပြီး " ဓာတ်ခွဲခန်းကလာတဲ့လမ်းက ပိုကျိုင်ကိတ်မုန့်ဝယ်ပြီး ဆယ်နာရီခွဲအရောက်ယူလာခဲ့ပေး…"

Continue Reading

You'll Also Like

74.4K 4.1K 61
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
76.9K 19.2K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
85K 11.4K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
6.8K 1.1K 24
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...