"မိုးသောက်"သူ့မိသားစုအိမ်ဆီ တန်းပြန်လာလိုက်ပြီးနောက် ရေမိုးချိူးကာ ဂိမ်းတစ်ပွဲလောက် ကစားပြီးအိပ်ဖို့ပြင်လိုက်သည်။သို့သော်alarmပေးရန် ဖုန်းအားကောက်ကိုင်လိုက်ချိန်တွင် လွတ်သွားသောခေါ်ဆိုမှုအများအပြားအားသူတွေ့လိုက်ရသည်။Contactတွင် ရေးမှတ်ထားခြင်းမရှိသောဖုန်းနံပါတ်ကြောင့် စက္ကန့်အနည်းငယ်လောက် တွေဝေပြီးနောက်တွင် ဖုန်းခေါ်ဆိုမှုခလုတ်အားနှိတ်လိုက်သည်။ဖုန်းသည် အကြိမ်ပေါင်းများစွာ တတူတူ မြည်ပြီးနောက် ရင်းနှီးသော အသံတစ်ခုအား သူကြားလိုက်ရသည်။
"မင်းဘာလို့ ဖုန်းမကိုင်တာလဲ"
"ကျွန်တော် ဂိမ်းဆော့နေလို့ ဖုန်းလာတာမသိလိုက်ဘူး"
"မိုးသောက်"သာမာန်ကာလျှံကာပြန်ဖြေလိုက်သည်။
"မနက်ဖြန် ကျွန်တော့်မှတ်ပုံတင်ပြန်လိုချင်လို့.. မင်းဘယ်အချိန်လောက်အားမလဲ.. ကျွန်တော် မင်းကိုဘယ်မှာလာတွေ့ရမလဲ"
"ကျွန်တော်မနက်ဖြန် meetingရှိသေးလို့
မအားလောက်ဘူး....ဒီလိုလုပ်လေ ကျွန်တော်ညနေ ဘီလီ့ကိုကျောင်းလာကြိုမှ ယူလာခဲ့လိုက်မယ်"
"ဟုတ်ပြီလေ....ဒါဆိုကျွန်တော်ဖုန်းချတော့မယ်"
"ခင်ဗျားမချနဲ့ဦးလေ...."
"မိုးသောက်"ကပြာကယာအော်လိုက်ပြီးနောက်
"ဘာတွေလောနေတာလဲ....ကျွန်တော်နဲ့လူမှုဆက်ဆံရေးအကြောင်းတောင် မဆွေးနွေးတော့ဘူးလား"
"စောစောလေးကမှ တွေ့လာတာကို ဘာကိုလူမှုဆက်ဆံရေးအကြောင်းဆွေးနွေးချင်တာလဲ"
"မိုးသောက် " အိပ်ယာပေါ်လှဲအိပ်ပြီးနောက်
ခပ်ဟဟ ရယ်လိုက်ပြီး
"ခင်ဗျားမှာ တွဲနေတဲ့သူရှိလား.."
တစ်ဖက်မှ အတန်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်
"ရှိတယ်"
"ကျွန်တော် မယုံဘူး....ခင်ဗျားဘယ်လိုသက်သေပြမှာလဲ"
" ကျွန်တော့်အိပ်ချိန်ရောက်ပြီ
မို့လို့ ဖုန်းချလိုက်တော့မယ်"
"ဒါဆို good...
တစ်ဖတ်မှ တိကနဲ ချသွားသောဖုန်းကြောင့် "မိုးသောက်"စွန့်အ သွားပြီး မကျေမနပ်ဖြစ်စွာ ဖုန်းအားလက်ခလယ်ထောင်ပြလိုက်သည်။
"လူမှုဆက်ဆံရေးညံ့ဖျင်းတဲ့လူ"
နောက်တစ်နေ့မနက်"မိုးသောက်"သူ၏ ရုံးခန်းသို့ရောက်ချိန် အဖြူရောင်နှင်းဆီပန်းများအပြည့်ဖြင့် ပန်းခြင်းတစ်ခြင်းအားတွေ့လိုက်ရတော့သည်။ "မိုးသောက်"ပန်းခြင်းထဲမှ အနီရောင်"ပို့စကတ်"လေးအားထုတ်ယူ၍ အသံတိတ်ဖတ်လိုက်ပြီးနောက် မထူးဆန်းသလိုဖြင့် အံဆွဲထဲထည့်လိုက်သည်။သူ့အနားလာ၍ ကွက်ကြည့် ကွက်ကြည့်လုပ်နေသော အတွင်းရေးမှူးအစ်မအား သူမျက်လွှာပင့်ကာကြည့်လိုက်သည်နှင့် ထိုအစ်မသည်သူ့အား မျက်နှာချိူသွေး၍ပြုံးပြလာသည်။
"ဆရာတို့များ အရမ်းကံကောင်းချက်နော် ချစ်သူချောချောလှလှလေးရှိတဲ့အပြင် နှစ်တိုင်းပန်းစည်းမပျက်မကွက်ပို့တဲ့သူကလည်းရှိသေးတယ်"
"မိုးသောက်"ပန်းခြင်းအား မေးငေါ့ပြ၍
"လိုချင်ရင်ယူသွားလေအစ်မ...ရုံးထဲကကလေးမတွေကိုပါဝေပေးလိုက်ဦး"
"တကယ်နော်....မောင်လေး..အစ်မယူသွားပြီ"
အတွင်းရေးမှူးအစ်မသည် ပန်းခြင်းအကြီးကြီးအား ဆွေ့ကနဲနေအောင် ကောက်မသွားပြီးနောက် ရူံးခန်းထဲမှ လေလိုအလျင်ဖြင့်
ထွက်သွားတော့သည်။
"လက်ယျာ"မနက်ပိုင်းအတန်းချိန်များ ပြီးဆုံးသွားပြီးနောက် နေ့လည်စာထွက်စားရန် ကားပါကင်သို့ လမ်းလျှောက်လာနေစဥ် သူ၏ကားဘေးတွင် လက်ပိုက်၍မတ်တပ်ရပ်နေသော "ဘီလီမေ"အားတွေ့လိုက်ရသည်။
"ငါနင်နဲ့ပြောစရာရှိတယ်"
"လက်ယျာ"ဘီလီ့ ရှေ့တွင်ရပ်လိုက်ပြီး
"ငါ ကျောင်းထဲမှာ personalကိစ္စတွေမပြောချင်ဘူး... ပြီးတော့ ငါကမင်းရဲ့ဆရာဖြစ်တဲ့အတွက် ကျောင်းမှာငါ့ကိုစကားပြောရင် ဆရာလို့သုံးနှုန်းပါ.."
"ဘီလီ"နှုတ်ခမ်းတစ်ချက်ကိုက်လိုက်ပြီးနောက်
"ဒီမှာ... နင့်မှတ်ပုံတင်"
"လက်ယျာ"ဘီလီ့ လက်ထဲမှ သူ၏မှတ်ပုံအား ဆက်ကနဲဆွဲယူလိုက်ပြီးနောက်
"ကျေးဇူးပဲ"
"ဒါကဘာလို့... ကိုကို့ဆီမှာရှိနေရတာလဲဆိုတာ နင်ရှင်းပြ"
"သိချင်ရင်သူ့ကိုသွားမေးလေ"
"လက်ယျာ"ကားတံခါးဖွင့်ပြီးနောက် ကားထဲဝင်ထိုင်လိုက်သည်။
"နင့်အကြံကိုငါမသိဘူးမထင်နဲ့နော် "ယိန်းလက်ယျာ" နင်ကိုကို့ ကိုငါ့ဆီကလုယူချင်နေတာ"
"ဘီလီမေ"၏ခပ်ကျယ်ကျယ်အော်သံကြောင့်
"လက်ယျာ"ကားမှန်အား အဆုံးထိချလိုက်ပြီး
"ထင်ချင်သလိုထင်လို့ရတယ်"
"မိုးသောက်" အလုပ်ကိစ္စများအား ခပ်မြန်မြန်အပြီးသတ်ပြီးနောက် စောစီးစွာရုံးဆင်းလာခဲ့လိုက်သည်။ကျောင်းထဲသို့ကားမောင်းဝင်လာခဲ့ပြီးနောက် ဖုန်းအားထုတ်၍ "လက်ယျာ"အားဖုန်းခေါ်လိုက်သည်။
"ကျွန်တော် ကျောင်းထဲရောက်နေပြီ ကားပါကင်ထိုးတဲ့နေရာမှာ ခင်ဗျားလာခဲ့လိုက်"
ထို့နောက် ဖုန်းချ၍ သူ၏ပိုက်ဆံအိတ်အား ဖွင့်ကြည့်လိုက်ချိန်တွင် မှတ်ပုံတင်ကဒ်သည် ရှိမနေတော့။
"သေစမ်း"
သူမနက်ပိုင်း "ဘီလီ့"ကိုကျောင်းလာပို့တုန်းကတောင်ရှိနေသေး၏။သူ့နဖူးအား သူရိုက်ကာ ကားခြေနင်းခုံပေါ်ကုန်းရုံးရှာလဲမတွေ့။သူတစ်ယောက်ထဲ ကမောက်ကမဖြစ်နေစဥ်တွင် ကားတံခါးခေါက်သံအား သူကြားလိုက်ရသည်။
"မိုးသောက်"ကားပေါ်မှ ချွေးတလုံးလုံးနှင့်ဆင်းလာခဲ့ပြီး သူ၏အမူအယာမှာ ငါတစ်ခုခုပျောက်နေသည်ဟု ရေးကပ်ထားသလို သိသာလှသည်။
"ဒါကို.... ရှာနေတာလား"
"လက်ယျာ"မှတ်ပုံတင်ကဒ်ကိုမြှောက်ပြလိုက်ပြီး သူ့အိပ်ကပ်ထဲ တဖန်ပြန်၍ထည့်လိုက်သည်။
"မိုးသောက်"အံ့သြတကြီးအမူအယာဖြင့်ပြောလိုက်သည်။
"ခင်ဗျား"ဆီဘယ်လိုလုပ်ရောက်နေတာလဲ"
"လာပေးတဲ့သူရှိလို့ပေါ့"
"လက်ယျာ"ခပ်နိမ့်နိမ့်အသံဖြင့်ပြန်ဖြေလိုက်ပြီး သူ့လက်ထဲက ကော်ဖီအေး ခွက်ကို "မိုးသောက်"အား ကမ်းပေးလိုက်သည်။
"တပည့်တစ်ယောက်က အတင်းလက်ထဲထိုးထည့်သွားတာ... ပြီးတော့ ကျွန်တော် black coffeeမသောက်တက်လို့"
"မိုးသောက်" နဖူးရှိချွေးစများအား လက်ဖြင့်သပ်လိုက်ရင်းblack coffeeအား ထက်ဝက်ကျိူးသည်အထိ ပိုက်နှင့်စုပ်သောက်လိုက်သည်။
"ဘယ်သူလာပေးတာလဲ"
"coffeeလား"
"မှတ်ပုံတင်ကိုပြောတာ"
"ဘီလီမေ"
"ဘယ်လို...."
"လက်ယျာ"၏ အတက်အကျမရှိသော စကားသံကြောင့် "မိုးသောက်"ခေါင်းနပန်းကြီးသွားရသည်။
"ဘီလီ.. ခင်ဗျားကိုဘာတွေပြောသွားသေးလဲ သူပြောတာတွေ စိတ်ထဲမထားနဲ့နော် သူကလူတကာနဲ့လိုက်သဝန်တိုနေတာ "
"ဘာမှသိပ်မပြောပါဘူး....ကျွန်တော်ကမင်းကိုသူ့ဆီကလုယူချင်နေတာတဲ့"
"အဲ့တော့... ခင်ဗျားဘာပြန်ပြောလိုက်လဲ"
"လက်ယျာ"သူ၏ မျက်တောင်နက်နက်များအား နှစ်ခေါက်လောက် ပုတ်ခတ်ကာ
"ဟုတ်တယ်လို့"
"ဟမ်..."
"မိုးသောက်"နားမလည်နိုင်၍ နှစ်ခါပြန်မေးရသည်အထိ။
"မင်းကိုလုယူချင်နေတယ်ဆိုတာ ဟုတ်တယ်လို့"
"ခင်ဗျားအဲ့လိုကြီးပြောချလိုက်လို့ဘယ်ဖြစ်မလဲ"
"ခင်ဗျားဟာက...ကုန်းအဆင်းကိုဘီးတပ်ပေးလိုက်သလိုပဲ"
"မိုးသောက်"ဦးရေပြားများတောင်ထူပူသွားရပြီး coffeeခွက်ကြီးကိုင်ကာ သူ့ရှေ့ကလူအား ဆွဲထိုးလိုက်လို့ကလည်းမရဖြင့် အံ့သြကာ စွန့်အ နေမိသည်။
"မင်းစိတ်ဆိုးသွားတာလား"
"ကျွန်တော် စိတ်....."
"မိုးသောက်"လေပူများအား မှုတ်ထုတ်ကာ သူ့လေသံအား လျှော့ချလိုက်သည်။
"စိတ်မဆိုးပါဘူး"
"အဲ့ဒါဆို ကော်ဖီသောက်"
မိုးသောက် သူ့လက်ထဲက ကော်ဖီလက်ကျန်အား တစ်ချက်ကြည့်ပြီး ကုန်စင်အောင်သောက်လိုက်သည်။ဒီလူ့ပုံစံက စတွေ့တဲ့ညတုန်းကတော့ စိတ်ထားဖြူစင်သလိုနဲ့ ရိုးရိုးအေးအေးလို့ထင်ရတယ်။ဒုတိယအကြိမ်ပြန်တွေ့တော့ ဖခင်ဂရုစိုက်အောင် တမင်အရွဲ့တိုက်နေတဲ့ကလေးလိုပဲ ဂျစ်ကန်ကန်နဲ့။အခုတစ်ခေါက်ကျပြန်တော့ ပြဿနာကို မီးထွန်းရှာတဲ့ ပြဿနာအိုးဖြစ်နေပြန်တယ်။လူကိုစိတ်မဆိုးနိုင်အောင်လည်း ကော်ဖီတိုက်ပြီး ကြိုတင် လာဘ်ထိုးသေးတယ်။
"ကိုကို..."
သူအတွေးလွန်နေစဥ်တွင် "ဘီလီ"၏ ဆောင့်ကြီး အောင့်ကြီးခေါ်သံကြောင့် သူအနောက်ကိုလှည့်ကြည့်လိုက်တော့ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲနေသည့် "ဘီလီ့"အားတွေ့လိုက်ရသည်။
ကားပေါ်တွင်စိတ်ဆိုးနေသည့် "ဘီလီ"အား အာပေါက်အောင် ချော့မော့ပြောဆိုပြီးအဆုံးတွင် "ဘီလီ"စိတ်ပြေသွားခဲ့၏။ထို့နောက် "ဘီလီ့"စိတ်ကြိုက် တစ်နေ့လုံးအလိုလိုက်ပါမည်ဟူသည့်ကတိဖြင့် ဘီလီစား နေကျကိတ်ဆိုင်တစ်ဆိုင်ရှေ့တွင်ကားရပ်၍ ဘီလီ မထမချင်း သူသည်လည်း ထ၍မရတော့။
"ကိုကိုက သူ့အကြောင်းမသိလို့ ယောက်ျားချင်း ဘာသဝန်တိုစရာရှိလဲလို့တွေးမှာပေါ့"
"ဘီလီ"ကိတ်အသစ်တစ်မျိူးအား မြည်းစမ်းရင်းပြောလိုက်သည်။
"ဘီလီ ပြောပြမယ်တကယ်တော့သူကယောက်ျားတွေကိုပဲ သဘောကျတဲ့ ဂေး"
ထိုစကားကြောင့် "မိုးသောက်"ခပ်ဟဟ ရယ်လိုက်ကာ
"မဟုတ်တာတွေ"
"ဖေဖေတောင်သူ့ကို မနိုင်တော့လို့လွှတ်ထားတာ....ဘီလီ တကယ်ပြောတာပါဆို"
"ဘီလီ"သူ့အသံကိုနှိမ့်လိုက်ပြီး
"ကျောင်းမှာဆို...ကျောင်းသားတွေ သူ့နားကိုသိပ်မကပ်ရဲကြဘူး သူနဲ့ခင်တဲ့ ဆရာဆရာမတောင်မရှိသလောက်ပဲ လွန်ခဲ့တဲ့သုံးနှစ်လောက်က ကျောင်းသားတစ်ယောက်ကို လိင်အကြမ်းဖက်လိုက်လို့ အဲ့ဒီ့ကျောင်းသားတောင် ကျောင်းကအပြီးထွက်သွားရတယ်တဲ့"
ထိုစကားကြောင့် မိုးသောက်ရယ်နေရာမှရပ်လိုက်၍
"အဲ့ဒါသာ တကယ်ဆို သူအခုချိန်ကျောင်းမှာတောင်ရှိနေမှာမဟုတ်ဘူး"
"ဒါကတော့ ဘီလီလဲအတိအကျဘယ်သိပါ့မလဲ ကျောင်းမှာသတင်းထွက်နေတာကိုပြောပြတာလေ ပြောလို့တော့မရဘူး ဖေဖေက သူ့သားသတင်းတွေကိုဖုံးထားပေးချင်ဖုံးထားပေးမှာ"
"ဘီလီ ဘာတွေလျှောက်ပြောနေတာလဲ...အဲ့ဒါဘီလီ့အစ်ကိုနော် သူ မကောင်းသတင်းထွက်ရင်ဘီလီပဲအရင်ဆုံးထိခိုက်မှာ အဲ့အကြောင်းတွေကျောင်းမှာလျှောက်လျှောက်မပြောနဲ့"
"ဘီလီ သိပါတယ် ကိုကို့တစ်ယောက်ထဲကိုပဲ ပြောတာပါ"
ပြောရင်းဖြင့် လက်တွင်ပေနေသော ကိတ်အစအနအား "ဘီလီ"တစ်ရှူးတစ်ရွက်ဖြင့်သုတ်လိုက်သည်။
"ကိုကိုပြောပါဦးမယ် ဘီလီ့အစ်ကိုကဂေး ဖြစ်နေလို့သဝန်တိုတာထားပါတော့ တစ်ခြားယောက်ျားလေးတွေနဲ့ပါ သဝန်တိုတာကရော... "
"ပြီးတော့... ဘီလီ့အစ်ကိုကဂေးဖြစ်နေရင်တောင် သူ့ကိုကို့ကိုဘာလုပ်နိုင်မှာမို့လို့လဲ....မင်းအစ်ကိုလောက်ကို ကိုကိုကလက်တစ်ဖက်ထဲနဲ့တောင် အလဲထိုးနိုင်သေးတယ် အဓိက က ကိုကိုစိတ်မပါရင်ရပြီလေ ဟုတ်တယ်ဟုတ်"
"မိုးသောက်"ချက်ကျလက်ကျရှင်းပြပြီးနောက်
"ကိုကိုစိတ်ပါသွားမှာစိုးလို့ပြောနေတာပေါ့"
ဆိုသောစကားကြောင့် ခေါင်းရမ်းကာ သောက်လက်စ ကော်ဖီအား မကျေနပ်ခြင်းများစွာဖြင့်မော့သောက်လိုက်ရသည်။ဒီနေ့တစ်နေ့လုံးသူ့ခန္တာကိုယ်ထဲမှာ caffeine ဓာတ်တွေချည်းပါပဲလား။အစ်ကိုကနှိပ်စက် ညီမက နှိပ်စက်နဲ့ သူတော့အပေါင်းအသင်းမှားပြီထင်ပါတယ်။
Zawgyi
"မိုးေသာက္"သူ႕မိသားစုအိမ္ဆီ တန္းျပန္လာလိုက္ၿပီးေနာက္ ေရမိုးခ်ိဴးကာ ဂိမ္းတစ္ပြဲေလာက္ ကစားၿပီးအိပ္ဖို႔ျပင္လိုက္သည္။သို႔ေသာ္alarmေပးရန္ ဖုန္းအားေကာက္ကိုင္လိုက္ခ်ိန္တြင္ လြတ္သြားေသာေခၚဆိုမႈအမ်ားအျပားအားသူေတြ႕လိုက္ရသည္။Contactတြင္ ေရးမွတ္ထားျခင္းမရွိေသာဖုန္းနံပါတ္ေၾကာင့္ စကၠန့္အနည္းငယ္ေလာက္ ေတြေဝၿပီးေနာက္တြင္ ဖုန္းေခၚဆိုမႈခလုတ္အားႏွိတ္လိုက္သည္။ဖုန္းသည္ အႀကိမ္ေပါင္းမ်ားစြာ တတူတူ ျမည္ၿပီးေနာက္ ရင္းႏွီးေသာ အသံတစ္ခုအား သူၾကားလိုက္ရသည္။
"မင္းဘာလို႔ ဖုန္းမကိုင္တာလဲ"
"ကြၽန္ေတာ္ ဂိမ္းေဆာ့ေနလို႔ ဖုန္းလာတာမသိလိုက္ဘူး"
"မိုးေသာက္"သာမာန္ကာလွ်ံကာျပန္ေျဖလိုက္သည္။
"မနက္ျဖန္ ကြၽန္ေတာ့္မွတ္ပုံတင္ျပန္လိုခ်င္လို႔.. မင္းဘယ္အခ်ိန္ေလာက္အားမလဲ.. ကြၽန္ေတာ္ မင္းကိုဘယ္မွာလာေတြ႕ရမလဲ"
"ကြၽန္ေတာ္မနက္ျဖန္ meetingရွိေသးလို႔
မအားေလာက္ဘူး....ဒီလိုလုပ္ေလ ကြၽန္ေတာ္ညေန ဘီလီ့ကိုေက်ာင္းလာႀကိဳမွ ယူလာခဲ့လိုက္မယ္"
"ဟုတ္ၿပီေလ....ဒါဆိုကြၽန္ေတာ္ဖုန္းခ်ေတာ့မယ္"
"ခင္ဗ်ားမခ်နဲ႕ဦးေလ...."
"မိုးေသာက္"ကျပာကယာေအာ္လိုက္ၿပီးေနာက္
"ဘာေတြေလာေနတာလဲ....ကြၽန္ေတာ္နဲ႕လူမႈဆက္ဆံေရးအေၾကာင္းေတာင္ မေဆြးႏြေးေတာ့ဘူးလား"
"ေစာေစာေလးကမွ ေတြ႕လာတာကို ဘာကိုလူမႈဆက္ဆံေရးအေၾကာင္းေဆြးႏြေးခ်င္တာလဲ"
"မိုးေသာက္ " အိပ္ယာေပၚလွဲအိပ္ၿပီးေနာက္
ခပ္ဟဟ ရယ္လိုက္ၿပီး
"ခင္ဗ်ားမွာ တြဲေနတဲ့သူရွိလား.."
တစ္ဖက္မွ အတန္ၾကာေအာင္ တိတ္ဆိတ္သြားၿပီးေနာက္
"ရွိတယ္"
"ကြၽန္ေတာ္ မယုံဘူး....ခင္ဗ်ားဘယ္လိုသက္ေသျပမွာလဲ"
" ကြၽန္ေတာ့္အိပ္ခ်ိန္ေရာက္ၿပီ
မို႔လို႔ ဖုန္းခ်လိဳက္ေတာ့မယ္"
"ဒါဆို good...
တစ္ဖတ္မွ တိကနဲ ခ်သြားေသာဖုန္းေၾကာင့္ "မိုးေသာက္"စြန့္အ သြားၿပီး မေက်မနပ္ျဖစ္စြာ ဖုန္းအားလက္ခလယ္ေထာင္ျပလိုက္သည္။
"လူမႈဆက္ဆံေရးညံ့ဖ်င္းတဲ့လူ"
ေနာက္တစ္ေန႕မနက္"မိုးေသာက္"သူ၏ ႐ုံးခန္းသို႔ေရာက္ခ်ိန္ အျဖဴေရာင္ႏွင္းဆီပန္းမ်ားအျပည့္ျဖင့္ ပန္းျခင္းတစ္ျခင္းအားေတြ႕လိုက္ရေတာ့သည္။ "မိုးေသာက္"ပန္းျခင္းထဲမွ အနီေရာင္"ပို႔စကတ္"ေလးအားထုတ္ယူ၍ အသံတိတ္ဖတ္လိုက္ၿပီးေနာက္ မထူးဆန္းသလိုျဖင့္ အံဆြဲထဲထည့္လိုက္သည္။သူ႕အနားလာ၍ ကြက္ၾကည့္ ကြက္ၾကည့္လုပ္ေနေသာ အတြင္းေရးမႉးအစ္မအား သူမ်က္လႊာပင့္ကာၾကည့္လိုက္သည္ႏွင့္ ထိုအစ္မသည္သူ႕အား မ်က္ႏွာခ်ိဴေသြး၍ၿပဳံးျပလာသည္။
"ဆရာတို႔မ်ား အရမ္းကံေကာင္းခ်က္ေနာ္ ခ်စ္သူေခ်ာေခ်ာလွလွေလးရွိတဲ့အျပင္ ႏွစ္တိုင္းပန္းစည္းမပ်က္မကြက္ပို႔တဲ့သူကလည္းရွိေသးတယ္"
"မိုးေသာက္"ပန္းျခင္းအား ေမးေငါ့ျပ၍
"လိုခ်င္ရင္ယူသြားေလအစ္မ...႐ုံးထဲကကေလးမေတြကိုပါေဝေပးလိုက္ဦး"
"တကယ္ေနာ္....ေမာင္ေလး..အစ္မယူသြားၿပီ"
အတြင္းေရးမႉးအစ္မသည္ ပန္းျခင္းအႀကီးႀကီးအား ေဆြ႕ကနဲေနေအာင္ ေကာက္မသြားၿပီးေနာက္ ႐ူံးခန္းထဲမွ ေလလိုအလ်င္ျဖင့္
ထြက္သြားေတာ့သည္။
"လက္ယ်ာ"မနက္ပိုင္းအတန္းခ်ိန္မ်ား ၿပီးဆုံးသြားၿပီးေနာက္ ေန႕လည္စာထြက္စားရန္ ကားပါကင္သို႔ လမ္းေလွ်ာက္လာေနစဥ္ သူ၏ကားေဘးတြင္ လက္ပိုက္၍မတ္တပ္ရပ္ေနေသာ "ဘီလီေမ"အားေတြ႕လိုက္ရသည္။
"ငါနင္နဲ႕ေျပာစရာရွိတယ္"
"လက္ယ်ာ"ဘီလီ့ ေရွ႕တြင္ရပ္လိုက္ၿပီး
"ငါ ေက်ာင္းထဲမွာ personalကိစၥေတြမေျပာခ်င္ဘူး... ၿပီးေတာ့ ငါကမင္းရဲ႕ဆရာျဖစ္တဲ့အတြက္ ေက်ာင္းမွာငါ့ကိုစကားေျပာရင္ ဆရာလို႔သုံးႏႈန္းပါ.."
"ဘီလီ"ႏႈတ္ခမ္းတစ္ခ်က္ကိုက္လိုက္ၿပီးေနာက္
"ဒီမွာ... နင့္မွတ္ပုံတင္"
"လက္ယ်ာ"ဘီလီ့ လက္ထဲမွ သူ၏မွတ္ပုံအား ဆက္ကနဲဆြဲယူလိုက္ၿပီးေနာက္
"ေက်းဇူးပဲ"
"ဒါကဘာလို႔... ကိုကို႔ဆီမွာရွိေနရတာလဲဆိုတာ နင္ရွင္းျပ"
"သိခ်င္ရင္သူ႕ကိုသြားေမးေလ"
"လက္ယ်ာ"ကားတံခါးဖြင့္ၿပီးေနာက္ ကားထဲဝင္ထိုင္လိုက္သည္။
"နင့္အႀကံကိုငါမသိဘူးမထင္နဲ႕ေနာ္ "ယိန္းလက္ယ်ာ" နင္ကိုကို႔ ကိုငါ့ဆီကလုယူခ်င္ေနတာ"
"ဘီလီေမ"၏ခပ္က်ယ္က်ယ္ေအာ္သံေၾကာင့္
"လက္ယ်ာ"ကားမွန္အား အဆုံးထိခ်လိဳက္ၿပီး
"ထင္ခ်င္သလိုထင္လို႔ရတယ္"
"မိုးေသာက္" အလုပ္ကိစၥမ်ားအား ခပ္ျမန္ျမန္အၿပီးသတ္ၿပီးေနာက္ ေစာစီးစြာ႐ုံးဆင္းလာခဲ့လိုက္သည္။ေက်ာင္းထဲသို႔ကားေမာင္းဝင္လာခဲ့ၿပီးေနာက္ ဖုန္းအားထုတ္၍ "လက္ယ်ာ"အားဖုန္းေခၚလိုက္သည္။
"ကြၽန္ေတာ္ ေက်ာင္းထဲေရာက္ေနၿပီ ကားပါကင္ထိုးတဲ့ေနရာမွာ ခင္ဗ်ားလာခဲ့လိုက္"
ထို႔ေနာက္ ဖုန္းခ်၍ သူ၏ပိုက္ဆံအိတ္အား ဖြင့္ၾကည့္လိုက္ခ်ိန္တြင္ မွတ္ပုံတင္ကဒ္သည္ ရွိမေနေတာ့။
"ေသစမ္း"
သူမနက္ပိုင္း "ဘီလီ့"ကိုေက်ာင္းလာပို႔တုန္းကေတာင္ရွိေနေသး၏။သူ႕နဖူးအား သူရိုက္ကာ ကားေျခနင္းခုံေပၚကုန္း႐ုံးရွာလဲမေတြ႕။သူတစ္ေယာက္ထဲ ကေမာက္ကမျဖစ္ေနစဥ္တြင္ ကားတံခါးေခါက္သံအား သူၾကားလိုက္ရသည္။
"မိုးေသာက္"ကားေပၚမွ ေခြၽးတလုံးလုံးႏွင့္ဆင္းလာခဲ့ၿပီး သူ၏အမူအယာမွာ ငါတစ္ခုခုေပ်ာက္ေနသည္ဟု ေရးကပ္ထားသလို သိသာလွသည္။
"ဒါကို.... ရွာေနတာလား"
"လက္ယ်ာ"မွတ္ပုံတင္ကဒ္ကိုျမႇောက္ျပလိုက္ၿပီး သူ႕အိပ္ကပ္ထဲ တဖန္ျပန္၍ထည့္လိုက္သည္။
"မိုးေသာက္"အံ့ၾသတႀကီးအမူအယာျဖင့္ေျပာလိုက္သည္။
"ခင္ဗ်ား"ဆီဘယ္လိုလုပ္ေရာက္ေနတာလဲ"
"လာေပးတဲ့သူရွိလို႔ေပါ့"
"လက္ယ်ာ"ခပ္နိမ့္နိမ့္အသံျဖင့္ျပန္ေျဖလိုက္ၿပီး သူ႕လက္ထဲက ေကာ္ဖီေအး ခြက္ကို "မိုးေသာက္"အား ကမ္းေပးလိုက္သည္။
"တပည့္တစ္ေယာက္က အတင္းလက္ထဲထိုးထည့္သြားတာ... ၿပီးေတာ့ ကြၽန္ေတာ္ black coffeeမေသာက္တက္လို႔"
"မိုးေသာက္" နဖူးရွိေခြၽးစမ်ားအား လက္ျဖင့္သပ္လိုက္ရင္းblack coffeeအား ထက္ဝက္က်ိဴးသည္အထိ ပိုက္ႏွင့္စုပ္ေသာက္လိုက္သည္။
"ဘယ္သူလာေပးတာလဲ"
"coffeeလား"
"မွတ္ပုံတင္ကိုေျပာတာ"
"ဘီလီေမ"
"ဘယ္လို...."
"လက္ယ်ာ"၏ အတက္အက်မရွိေသာ စကားသံေၾကာင့္ "မိုးေသာက္"ေခါင္းနပန္းႀကီးသြားရသည္။
"ဘီလီ.. ခင္ဗ်ားကိုဘာေတြေျပာသြားေသးလဲ သူေျပာတာေတြ စိတ္ထဲမထားနဲ႕ေနာ္ သူကလူတကာနဲ႕လိုက္သဝန္တိုေနတာ "
"ဘာမွသိပ္မေျပာပါဘူး....ကြၽန္ေတာ္ကမင္းကိုသူ႕ဆီကလုယူခ်င္ေနတာတဲ့"
"အဲ့ေတာ့... ခင္ဗ်ားဘာျပန္ေျပာလိုက္လဲ"
"လက္ယ်ာ"သူ၏ မ်က္ေတာင္နက္နက္မ်ားအား ႏွစ္ေခါက္ေလာက္ ပုတ္ခတ္ကာ
"ဟုတ္တယ္လို႔"
"ဟမ္..."
"မိုးေသာက္"နားမလည္နိုင္၍ ႏွစ္ခါျပန္ေမးရသည္အထိ။
"မင္းကိုလုယူခ်င္ေနတယ္ဆိုတာ ဟုတ္တယ္လို႔"
"ခင္ဗ်ားအဲ့လိုႀကီးေျပာခ်လိဳက္လို႔ဘယ္ျဖစ္မလဲ"
"ခင္ဗ်ားဟာက...ကုန္းအဆင္းကိုဘီးတပ္ေပးလိုက္သလိုပဲ"
"မိုးေသာက္"ဦးေရျပားမ်ားေတာင္ထူပူသြားရၿပီး coffeeခြက္ႀကီးကိုင္ကာ သူ႕ေရွ႕ကလူအား ဆြဲထိုးလိုက္လို႔ကလည္းမရျဖင့္ အံ့ၾသကာ စြန့္အ ေနမိသည္။
"မင္းစိတ္ဆိုးသြားတာလား"
"ကြၽန္ေတာ္ စိတ္....."
"မိုးေသာက္"ေလပူမ်ားအား မႈတ္ထုတ္ကာ သူ႕ေလသံအား ေလွ်ာ့ခ်လိဳက္သည္။
"စိတ္မဆိုးပါဘူး"
"အဲ့ဒါဆို ေကာ္ဖီေသာက္"
မိုးေသာက္ သူ႕လက္ထဲက ေကာ္ဖီလက္က်န္အား တစ္ခ်က္ၾကည့္ၿပီး ကုန္စင္ေအာင္ေသာက္လိုက္သည္။ဒီလူ႕ပုံစံက စေတြ႕တဲ့ညတုန္းကေတာ့ စိတ္ထားျဖဴစင္သလိုနဲ႕ ရိုးရိုးေအးေအးလို႔ထင္ရတယ္။ဒုတိယအႀကိမ္ျပန္ေတြ႕ေတာ့ ဖခင္ဂ႐ုစိုက္ေအာင္ တမင္အ႐ြဲ႕တိုက္ေနတဲ့ကေလးလိုပဲ ဂ်စ္ကန္ကန္နဲ႕။အခုတစ္ေခါက္က်ျပန္ေတာ့ ျပႆနာကို မီးထြန္းရွာတဲ့ ျပႆနာအိုးျဖစ္ေနျပန္တယ္။လူကိုစိတ္မဆိုးနိုင္ေအာင္လည္း ေကာ္ဖီတိုက္ၿပီး ႀကိဳတင္ လာဘ္ထိုးေသးတယ္။
"ကိုကို..."
သူအေတြးလြန္ေနစဥ္တြင္ "ဘီလီ"၏ ေဆာင့္ႀကီး ေအာင့္ႀကီးေခၚသံေၾကာင့္ သူအေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ ေဒါသေၾကာင့္ မ်က္ႏွာတစ္ခုလုံး နီရဲေနသည့္ "ဘီလီ့"အားေတြ႕လိုက္ရသည္။
ကားေပၚတြင္စိတ္ဆိုးေနသည့္ "ဘီလီ"အား အာေပါက္ေအာင္ ေခ်ာ့ေမာ့ေျပာဆိုၿပီးအဆုံးတြင္ "ဘီလီ"စိတ္ေျပသြားခဲ့၏။ထို႔ေနာက္ "ဘီလီ့"စိတ္ႀကိဳက္ တစ္ေန႕လုံးအလိုလိုက္ပါမည္ဟူသည့္ကတိျဖင့္ ဘီလီစား ေနက်ကိတ္ဆိုင္တစ္ဆိုင္ေရွ႕တြင္ကားရပ္၍ ဘီလီ မထမခ်င္း သူသည္လည္း ထ၍မရေတာ့။
"ကိုကိုက သူ႕အေၾကာင္းမသိလို႔ ေယာက္်ားခ်င္း ဘာသဝန္တိုစရာရွိလဲလို႔ေတြးမွာေပါ့"
"ဘီလီ"ကိတ္အသစ္တစ္မ်ိဴးအား ျမည္းစမ္းရင္းေျပာလိုက္သည္။
"ဘီလီ ေျပာျပမယ္တကယ္ေတာ့သူကေယာက္်ားေတြကိုပဲ သေဘာက်တဲ့ ေဂး"
ထိုစကားေၾကာင့္ "မိုးေသာက္"ခပ္ဟဟ ရယ္လိုက္ကာ
"မဟုတ္တာေတြ"
"ေဖေဖေတာင္သူ႕ကို မနိုင္ေတာ့လို႔လႊတ္ထားတာ....ဘီလီ တကယ္ေျပာတာပါဆို"
"ဘီလီ"သူ႕အသံကိုႏွိမ့္လိုက္ၿပီး
"ေက်ာင္းမွာဆို...ေက်ာင္းသားေတြ သူ႕နားကိုသိပ္မကပ္ရဲၾကဘူး သူနဲ႕ခင္တဲ့ ဆရာဆရာမေတာင္မရွိသေလာက္ပဲ လြန္ခဲ့တဲ့သုံးႏွစ္ေလာက္က ေက်ာင္းသားတစ္ေယာက္ကို လိင္အၾကမ္းဖက္လိုက္လို႔ အဲ့ဒီ့ေက်ာင္းသားေတာင္ ေက်ာင္းကအၿပီးထြက္သြားရတယ္တဲ့"
ထိုစကားေၾကာင့္ မိုးေသာက္ရယ္ေနရာမွရပ္လိုက္၍
"အဲ့ဒါသာ တကယ္ဆို သူအခုခ်ိန္ေက်ာင္းမွာေတာင္ရွိေနမွာမဟုတ္ဘူး"
"ဒါကေတာ့ ဘီလီလဲအတိအက်ဘယ္သိပါ့မလဲ ေက်ာင္းမွာသတင္းထြက္ေနတာကိုေျပာျပတာေလ ေျပာလို႔ေတာ့မရဘူး ေဖေဖက သူ႕သားသတင္းေတြကိုဖုံးထားေပးခ်င္ဖုံးထားေပးမွာ"
"ဘီလီ ဘာေတြေလွ်ာက္ေျပာေနတာလဲ...အဲ့ဒါဘီလီ့အစ္ကိုေနာ္ သူ မေကာင္းသတင္းထြက္ရင္ဘီလီပဲအရင္ဆုံးထိခိုက္မွာ အဲ့အေၾကာင္းေတြေက်ာင္းမွာေလွ်ာက္ေလွ်ာက္မေျပာနဲ႕"
"ဘီလီ သိပါတယ္ ကိုကို႔တစ္ေယာက္ထဲကိုပဲ ေျပာတာပါ"
ေျပာရင္းျဖင့္ လက္တြင္ေပေနေသာ ကိတ္အစအနအား "ဘီလီ"တစ္ရႉးတစ္႐ြက္ျဖင့္သုတ္လိုက္သည္။
"ကိုကိုေျပာပါဦးမယ္ ဘီလီ့အစ္ကိုကေဂး ျဖစ္ေနလို႔သဝန္တိုတာထားပါေတာ့ တစ္ျခားေယာက္်ားေလးေတြနဲ႕ပါ သဝန္တိုတာကေရာ... "
"ၿပီးေတာ့... ဘီလီ့အစ္ကိုကေဂးျဖစ္ေနရင္ေတာင္ သူ႕ကိုကို႔ကိုဘာလုပ္နိုင္မွာမို႔လို႔လဲ....မင္းအစ္ကိုေလာက္ကို ကိုကိုကလက္တစ္ဖက္ထဲနဲ႕ေတာင္ အလဲထိုးနိုင္ေသးတယ္ အဓိက က ကိုကိုစိတ္မပါရင္ရၿပီေလ ဟုတ္တယ္ဟုတ္"
"မိုးေသာက္"ခ်က္က်လက္က်ရွင္းျပၿပီးေနာက္
"ကိုကိုစိတ္ပါသြားမွာစိုးလို႔ေျပာေနတာေပါ့"
ဆိုေသာစကားေၾကာင့္ ေခါင္းရမ္းကာ ေသာက္လက္စ ေကာ္ဖီအား မေက်နပ္ျခင္းမ်ားစြာျဖင့္ေမာ့ေသာက္လိုက္ရသည္။ဒီေန႕တစ္ေန႕လုံးသူ႕ခႏၱာကိုယ္ထဲမွာ caffeine ဓာတ္ေတြခ်ည္းပါပဲလား။အစ္ကိုကႏွိပ္စက္ ညီမက ႏွိပ္စက္နဲ႕ သူေတာ့အေပါင္းအသင္းမွားၿပီထင္ပါတယ္။