အပိုင်း( ၃)

18 1 0
                                    

"လက်ယျာ" Hotelထဲမှထွက်လာပြီး အသိစိတ်ပျောက်ဆုံးနေတဲ့လူတစ်ယောက်လို လမ်းလျှောက်နေမိခဲ့တယ်။ဖေဖေက ဘယ်တော့မှ သူဖြစ်စေချင်တဲ့ အဖေ ဖြစ်မလာနိုင်ဘူးဆိုတာသူ အစကထဲက သိခဲ့သင့်တာ။ သူ့မာနတွေကို ခဝါချပြီး ဒီHotelထိရောက်မလာခဲ့သင့်ဘူး။ကိုးနှစ်လုံးလုံး တစ်ချက်လေးတောင်လှည့်မကြည့်ပေးခဲ့တဲ့ အဖေ ဆီက သူဘာတွေများမျှော်လင့်ခဲ့မိတာလဲ။

ည၏ ဝါကျင့်ကျင့်မီးရောင်များသည် သူ၏အမြင်အာရုံများအကြား ဝေဝါးသွားခဲ့ရ၏။ဝန်ထမ်း တစ်ဦးမှ အဆင်သင့်ထုတ်လာပေးသော ကားပေါ်သို့တက်၍ လီပါကိုအားကုန်နင်းကာ အရက်ဘားတစ်ခုမရောက်ခင်အချိန်အထိ အရှိန်ပြင်းစွာမောင်းနှင်လာခဲ့တော့သည်။

"လက်ယျာ" Bar ကောင်တာ၏ ခပ်ဝေးဝေး ချောင်ကျသော နေရာတစ်ခုအားရွေးထိုင်လိုက်သည်။အရက်လေးခွက်လောက် သူ့ဗိုက်ထဲရောက်သွားပြီးချိန်တွင် သူ့အစာအိမ်သည် မခံမရပ်နိုင်အောင် ထိုးအောင့်လာခဲ့သည်။ငါးခုမြောက်သောခွက်အား သူကောက်ကိုင်လိုက်ချိန်တွင် တစ်စုံတစ်ယောက်သည် သူ၏လက်ကောက်ဝတ်အား ဖမ်းကိုင်လာခဲ့သည်။

"ခင်ဗျားတော်သင့်ပြီ"

"မင်းက....ငါ့နောက်ကလိုက်နေခဲ့တာ"

"လက်ယျာ"သူ့ကိုယ်သူ စကားပြောနေသလို ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဘာလဲ...မင်းရှေ့မှာမူးကွဲနေတဲ့ငါ့ပုံစံကိုထပ်မြင်ချင်သေးတာလား"

"ကျွန်တော်....ခင်ဗျားကိုစိတ်ပူလို့ပါ"

"မင်း....ဘာပြောလိုက်တယ်"

"ခင်ဗျား အဆင်ပြေရဲ့လားသိချင်လို့"

"လက်ယျာ"ခပ်ထွေထွေဖြစ်နေတဲ့ မျက်ဝန်းတစ်စုံနဲ့ သူ့ရှေ့ကလူကို စေ့စေ့ကြည့်လိုက်သည်။

"ငါအဆင်မပြေတော့ရော... မင်းကဘာလုပ်ပေးနိုင်မှာမို့လို့လဲ"

"အနည်းဆုံးတော့... ကျွန်တော် ခင်ဗျားကို နှစ်သိမ့်ပေးနိုင်တယ်လေ"

"လက်ယျာ"သူ၏ မျက်ဝန်းအား မှေးကျဥ်းလိုက်ပြီး

"နှစ်သိမ့်ပေးတယ်ဆိုတာ.. ဘယ်လိုမျိူးလဲ"

Hope From The Rainy DayWhere stories live. Discover now