STAR ll Jinkook ll ⭐
By mal788
3K 225 82
ချာတိတ်က ကိုယ့်ရဲ့ ကြယ်.... ဦးငယ်စောင့်နေတဲ့ တပွင့်တည်းသောကြယ်....⭐ More
ဇာတ်လမ်း အမြည်း...💐
လမ်းခွဲနိဒါန်း..... 🦋(part 1.1)
ကြယ်ကလေးရဲ့ ပိုင်ရှင်...🌟(part-2.2)final
ဝေးကွာခြင်း ရက်ပေါင်း ၃၀...🍁(part 1.2)
ကတိ ခါးခါး....💔 (part 2.1)
အချပ်ပို...🌼
273 28 28
By mal788
"ဦးငယ်ရေ နေ့လယ်စာဝယ်ကျွေးပါလား"
အသံဆာဆာလေးနဲ့အတူ မျက်နှာလေးမလန်းပေမယ့် ခုန်ဆွခုန်ဆွနဲ့ဝင်လာတဲ့ ယုန်ကလေး တကောင်။ ဘယ်သူလဲ မေးစရာမလို ဦးငယ်ရဲ့ ချာတိတ် ငယ်ပါပဲ။ CEO ရုံးခန်းကို တံခါခေါက်စရာမလို ချောင်းပေါက်အောင် ဝင်နိုင်ထွက်နိုင်တာ ဒီကလေးမှလွဲ နှစ်ယောက် မရှိဘူး မဟုတ်လား။ ဒီနေ့ကလေး ကျောင်းနားရက်မလို့ အိပ်ရေးဝဝအိပ်စေဖို့ မနိုးပဲ ကွန်ဒိုမှာ ထားခဲ့တာဖြစ်သည်။ နိုးနိုးချင်း သူ့ရုံးခန်းဆီ ဦးတည်လာတဲ့ ကလေးဟာ တကယ် ငချွဲကလေးပါပဲ။ရုံးခန်းထဲရောက်တယ် ဆိုရင်ပဲ သူ့ဦးငယ်ထိုင်နေတဲ့ ခုန်ကိုဘေးဘက်လှည့်ချပြီး ပေါင်ပေါ်ခွထိုင်လိုက်တဲ့ ကလေး။ သူ့ဦးငယ် ပခုံးပေါ်မှီရင်း မျက်လုံး​တွေ မှိတ်ပြီး မှေးနေတဲ့ကလေးပါးလေးဆီက ခံစားလိုက်ရတာက ကိုယ်ငွေ့နွေးနွေး။ မဟုတ်မှ ကလေးဖျားနေတာလား...။
"ချာတိတ် ခဏကိုယ့်ကိုကြည့်အုန်း ကိုယ်ငွေ့ရှိနေတာ
နေမကောင်းဘူးလားကလေး"
"ဟုတ်မယ် မနက်က အိပ်ယာထတည်းက
နေရတာတမျိုးကြီးပဲ ဦးငယ်နားပဲကပ်နေချင်နေတယ်"
ကလေးက မျက်လုံးတွေမှေးထားရင်းပဲပြန်ပြောနေတာမလို့ ဒီကလေးဖျားနေတာ သေချာသွားသည်။ နဖူးလေးပေါ် ​ ဆော့ဂျင်း လက်ဖဝါးတင်စမ်းမိတော့ ပူးကျစ်နေတဲ့ ကိုယ်ငွေ့လေး။ ဒါကြောင့် ချာတိတ်ငယ်က ဝင်ဝင်လာချင်း သူ့ဦးငယ်ပေါင်ပေါ် တန်းရောက်လာတာ။ မဟုတ်ရင် နေ့လယ်စာမမှာပေးမချင် ဂျစ်တိုက်ပြီး အစားမြင်မှ သူ့ဦးငယ်နားကပ်တဲ့ ချာတိတ်။ ဒီကလေးက ဖျားနေရင် သိပ်အားငယ်တတ်တဲ့ကလေး သူ့ဦးငယ်ကိုပဲ ဖက်တွယ်ထားချင်တဲ့ ပိုလာဝက်ဝံလေး။
"ဟုတ်တာပဲ ကလေးအဖျား ရှိနေ တာ"
"အွန်း...အဲ့ဒါကြောင့် ဦးငယ်ဖက်ထားပေး"
"မအိပ်နဲ့အုန်းကလေး ကိုယ်တခုခုမှာပေးမယ်
စားပြီး ဆေးသောက်ရအောင် ပြီးမှကိုယ့်ကွန်ဒိုပြန်ပြီး
အိပ်နော် လိမ်မာတယ် ကလေး​လေးက..."
"အင်း အဲ့ဒါဆိုမြန်မြန်မှာ မျက်လုံးတွေပူနေတယ်
မျက်လုံး မဖွင့်ချင်တော့ဘူး"
"အင်း အင်း ဟုတ်ပြီနော် ကိုယ်ချီထားမယ်
မှေးနေ အစားအသောက်တွေရောက်မှ နိုးမယ်နော်"
ကလေးနေမကောင်းရင် ခြေမကိုင်မိလက်မကိုင်မိဖြစ်တတ်တဲ့ ဒီဦးငယ်နဲ့ နေမကောင်းရင်ပျော့ခွေနေ တတ်တဲ့ ချာတိတ်နဲ့ အဲ့မှာစတွေ့တာပဲ။ ဆော့ဂျင်းမှာ ကိုယ်တိုင်သာ ကလေး အစားဖျားပေးလိုက်ချင်သည်။ ကလေးကိုကြည့်နေရတာ ကိုယ်ခံစားရတာထက် ပိုနာကျင်စေသည် ။
**************
*********
"ကလေး ခဏဆိုဖာမှာဆင်းထိုင်နော်
ဦးငယ် ဆန်ပြုတ်လေးခွံ့မယ် ပြီးရင်
ဆေးသောက်ရအောင် နော်"
ချာတိတ်တွက်မှာထားတဲ့ ဂုံးဆန်ပြုတ်ခွက်လေးကို ပြရင်း
ပြောတော့ သူ့ဦးငယ်ရင်ခွင်ထဲ မှေးနေတဲ့ ချာတိတ်ဟာ ခေါင်းကို အတွင်တွင်ခါရင်း မျက်နှာငယ်လေးနဲ့ သူ့ဦးငယ် မျက်နှာချောချောအား ငေးကြည့်ရှာတယ်။
"ဟင့်အင်း မဆင်းချင်ဘူး ဦးငယ် ကိုယ်ငွေ့ကိုရနေမှ
နေသာထိုင်သာ ရှိလို့ပါဆို ဦးငယ်ပေါ်ပဲ နေချင်တယ်"
အသံလေးဟာ တကယ့်ကိုတိုးတိုးလေး ရယ်သာ...။
ကလေးနေလို့မကောင်းရင် ​ဆော့ဂျင်းကိုယ်တိုင်နာကျင်သည်။ကိုယ့်အချစ်တွေနဲ့ ကိုယ့်ကလေးလေးမြန်မြန်နေကောင်းပါတော့ကွာ.....။
"အင်းအင်း ဟုတ်ပြီ ဒါဆိုကိုယ့်ပေါင်ပေါ်ပဲထိုင်နေနော်
ကိုယ် ဆန်ပြုတ်ခွံ့မယ်"
ချာတိတ်ခေါင်းလေးကို ခပ်ဖွဖွပွတ်ပေးရင်ပြောတော့လည်း ရင်ခွင်ထဲ မှေးနေရင်း ခေါင်းလေးညိတ်ပြရှာတယ်။ ချာတိတ် ကလေးဟာ နေမကောင်းပေမယ့် အရမ်းဂျစ်မတိုက်ပဲ စကားနားထောင်တတ်တဲ့ လိမ်မာတဲ့ကိုယ့်ကလေးလေး....။
ဆန်ပြုတ်သောက်ပြီး ဆေးတိုက်တော့လည်း ဂျစ်မတိုက်ပဲ လိမ်လိမ်မာမာ ဆေးတွေအကုန်သောက်ရှာတဲ့ ကလေးလေးဟာ တကယ်ကို အလိမ်မာတုံးလေး... ။
"ဒါဆိုအိမ်ပြန်နားကြမယ်နော် ထပြန်ရအောင်"
"ဟင့်အင်း မဆင်းချင်ဘူး ကွန်ဒိုထိ ချီသွား"
သူ့ဦးငယ်လည်းပင်းတွေကို ကုတ်တွယ်ဖက်ထားတဲ့ ချာတိတ်ငယ်ဟာ ဖျားနေချိန်မလို့လားမသိ တကယ်ကို ငချွဲလေးလုပ်နေတာ။ ဒီလူကြီး ကကော မချီချင်ဘူးထင်နေသလား။ဒီကောင်က သူ့အပိုင်လေးကို တလောကလုံးသိအောင် ပြောပြချင်နေတာ။ ကင်ဂျောင်ကုဟာ ကင်ဆော့ဂျင် အပိုင်ဆိုတာ တလောကလုံးကို အသိပေးပစ်လိုက်ချင်တာ။
အဆိုးလေးသဘောကျ ကလေးလေးကို ပေါင်ပေါ်ထိုင်နေလျက်လေး ချီခေါ်လာခဲ့သည်။ ဝန်ထမ်းတွေကတော့ သူတို့CEOကြီး ကလေးထိန်းဖြစ်နေတာကို တအံ့တသြေငေးနေကြပေမယ့် ကင်ဆော့ဂျင်တို့ကတော့ဂရုမစိုက် ပါ။ ဒီဦးငယ်ဘဝမှာသူ့ကလေးလေးမျက်နှာ တစ်ကမ္ဘာပဲ ။ကားဆီရောက်တော့လည်း ကလေးကို ဘေးခုံမှာ မထိုင်ခိုင်းတော့ပဲ ချီလျက်လေးသာ ကားကိုမောင်းလာခဲ့သည်။ ထိုင်ရတာ ကျင်းကြပ်ပေမယ့် ကလေးက သူ့ကိုယ်ငွေ့မရရင် နိုးလာမှာစိုးတာကြောင့် ထိုအတိုင်းသာ ကားမောင်းပြန်လာခဲ့လိုက်သည်။ ကွန်ဒိုရောက်တော့ ကားကို ပါကင်က ဝန်ထမ်းကိုပဲ ပိုက်ဆံပေးပြီး ကားပါးကင်ထိုးခိုင်းလိုက်သည်။ ပြိီးတော့ ကလေးလေးနားဖို့ ကွန်ဒိုဆီ တက်လာခဲ့သည်။ အခန်းထဲရောက်ရောက်ချင်း ကလေးကိုအိပ်ယာပေါ်ချပေးလိုက်တော့ ချာတိတ်ငယ်ဟာ သူ့ဦးငယ်ရင်ငွေ့လေးကို မခံစားရတော့တာကြောင့် မျက်လုံးတွေဆုံမှိတ်ထားရင်း လူးလွန့်လာတာမလို့ က​လေးကို အဝတ်အစားမြန်မြန်လဲပေးပြီး ကိုယ်တိုင်လည်း အဝတ်အစား လဲ ကိုယ်လက်သန့်စင် ပြီး ကလေးလေးကို ရင်ခွင်ထဲထည့်လိုက်ရင်း တနေ့တာပင်ပန်းခဲ့သမျှကို ရင်ခွင်ထဲက အနွေးဓာတ်လေးနဲ့အတူ အနားယူမှေးစက်လိုက်တော့သည်။ကိုယ့် အနွေးဓာတ်လေး  ကိုယ့် မေတ္တာတွေနဲ့အတူနွေးနွေးထွေးထွေးလေး နိုးထလာပါစေ ကိုယ်နဲ့အတူပေါ့....။
*************
********
ချာတိတ်ငယ်နိုးလာတော့ မျက်လုံးတွေကြိမ်းစပ်နေတာမလို့ မျက်လုံးတွေ တော်တော်နဲ့ ဖွင့်လို့မရ။ တဖြည်းဖြည်းချင်း အားယူပြီး မျက်လုံးတွေကို ဖွင့်လိုက်တော့ ပထမဆုံး မြင်လိုက်ရတာက နွေးထွေးတဲ့သူ့အပိုင် ရင်ခွင်ကျယ်။ ရင်ခွင်ထဲကနေ အနည်းငယ်ခေါင်းမော့ကြည့်မိတော့ သိပ်စွဲမက်စရာကောင်းတဲ့ နှုတ်ခမ်းဖူးဖူးတွေကို တွေ့ရတယ်။ဘယ်လိုပဲ ညဘက်မှာ ဦးငယ်ရင်ခွင်ထဲ အိပ်စက်သွားရပါစေ မနက်ခင်းနိုးလာရင် ဦးငယ်မျက်နှာချောချော ကို မမြင်ရတော့မှာ သိပ်ကြောက်ခဲ့ရတာ။ မ​ေန့ကလည်း နေလို့မကောင်းပေမယ့် အိပ်ယာနိုးနိုးချင်း ဦးငယ်ကို မတွေ့ရလို့ ပြာသွားရသည်။ ရုံးခန်းရောက်မှ ဦးငယ်ကို တွေ့ရမှ စိတ်ထဲအလုံးကြီးကျသွားခဲ့ကသည်။ ဦးငယ်ဟာ ချာတိတ်ကို ပထမဆုံးအကြိမ် ပစ်ပယ်သွားဖူးတာမလို့ နောက်တကြိမ် ထပ်ထားသွားမှာကို ချာတိတ်သိပ်ကြောက်သည်။ ရှေ့မှာမြင်နေရတဲ့ ဦးငယ်ရဲ့နှုတ်ခမ်းဖူးဖူးကို ချာတိတ်နှုတ်ခမ်းပါးတွေနဲ့ နူးနူးညံ့ညံ့ ထိတွေ့လိုက်သည်။
"ချစ်လိုက်ရတာဦးငယ်ရယ်...."
"အနမ်းသူခိုးလေး နိုးနေ ပြီးလား"
ရုတ်တရက်ကြီး မျက်လုံးတွေမှိတ်ထားရင် ပြုံးစစပြောလာတဲ့ဦးငယ်ကြောင့် ချာတိတ်မျက်နှာလေး ပန်းရောင်သန်းသွားသည်။
"နိုးနေရင်လည်း ထတော့ဗျာ ဗိုက်ဆာပြီ"
"ဒါကဘာလဲ ရှက်တာလား ဟ ဟား နမ်းတုန်းနမ်းပြီး
အ့....မကိုက်နဲ့လေ ယုန်ပေါက်စရဲ့...အ"
ရှက်ရမ်းရမ်းပြီး သူ့ဦးငယ်လက်မောင်းတွေကို ကိုက်ချလာတဲ့ ချာတိတ်ဟာ တကယ့်ကို အဆိုးလေး။
"အကိုက်မခံချင်ထတော့ ဗိုက်ဆာပါပြီဆို"
"ဟုတ်ပါပြီ ဗျာ ထ ကိုယ်လက်သန့်စင်ပေးမယ်"
ကလေးကို ဂျိုင်းကနေချီမြောှက်ပြီး ထူတော့ ငပျင်းလေးဟာ သူ့ဦးငယ်ခါးတွေဆီ ခြေထောက်ကိုခွရင်း လိုက်ပါလာသည်။ ထိုအတိုင်းလေးသာ ရေချိုးခန်းဆီခေါ်လာပြီး မျက်နှာဝိုင်းလေးကို သန့်စင်ပေးလိုက်သည်။
"အပူတော့မရှိတော့ဘူး
နေရတာသက်သာလားကလေး"
"ဟုတ် ဦးငယ်ရှိလို့ အဆင်ပြေတယ် ဟီး"
"အတတ်ကလေး..."
ချာတိတ်နှုတ်ခေါင်းလုံးလေးကို ညစ်ရင်းအသဲတယားယားပြောမိသည်။ ဒီကလေးဟာ တကယ့်ကို ငချွဲလေး။ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲပေးပြီးတော့ ကလေးလက်ကိုဆွဲရင်း မီးဖိုဆောင်ဆီ ချီတက်လာကြသည်။
"ခဏနော် ဦးငယ် ကြက်ဥလိပ်လုပ်ပေးမယ်"
"ဟုတ်"
ဟုတ် ဆိုတဲ့ အသံဆာဆာလေးနဲ့အတူ ဦးငယ်ခါးတွေကို နောက်ကနေ တိုင်းဖက်ရင်း အနားက မခွာတဲ့ ချာတိတ်ကလေး။ သူ့ဦးငယ်ကလည်း ချက်ပြုတ်ရတာ ကျင်းကြပ်ပေမယ့် သူ့က​ေလးလေးချွဲနေရင် သဘောကျတာမလို့ ထိုအတိုင်းလေးသာ လုပ်စရာရှိတာ ဆက်လုပ်နေမိသည်။ ချက်ပြုတ်စာသောက်ပြီးတော့ ကလေးကိုကျောင်းပို့ပေးရမည်။ ပြီးတော့ ဦးငယ်က ကုမဏ္ဍီ တန်းသွားဖို့ ရုံးတက်ရန်ပြင်ဆင်ပြီး ကလေး​ေလးလက်ကို ဆွဲရင်ကိုယ်ဆီအလုပ်ခွင်ဆီသို့။
ဒါဟာ ကလေးလေးနဲ့ ဦးငယ်တို့ရဲ့ ပံုမှန်​ဖြတ်သန်းမှုလေးပါပဲ။ ညဘက်တွေ ကလေးလေးကို ရင်ခွင်ထဲထည့် အိပ်စက်မယ်။ မနက်ခင်းလေးတွေမှာလည်း ဒီကလေးလေးရဲ့ အနွေးဓာတ်လေး နဲ့ အတူနိုးထမယ်။အရိုးရှင်းဆုံး မနက်စာလေးကို ဦးငယ်က ပြင်ဆင်မယ်။ ကလေးလေးက နောက်ကနေ ဖက်တွယ်ထားရင်းပေါ့။ ကလေးလေးကို ကျောင်းပို့မယ် ကိုယ်ကရုံးတက်မယ်။ ညနေခင်းမှာ ကလေးကို ကျောင်းကြိုပြီး ကိုယ်တို့အိမ်လေးဆီ ပြန်အနားယူမယ်။ ရိုးရှင်းပေမယ့် ကလေးလေးလည်း ပျော်ရွှင်နေတယ် ကိုယ်လည်း ပျော်ရွှင်နေတယ်။
ဒီဦးငယ်နဲ့ ချာတိတ်ရဲ့ ဘဝမှာ မိသားစုဘဝဆိုတာမျိုးကို မဖန်တီးနိုင်ပေမယ့် တယောက်တွက်တယောက်ရှိနေရုံနဲ့ ပြည့်စုံနေခဲဲ့ပြီမလို့ ချာတိတ်လေးစိတ်ပူနေသလို ဒီဦးငယ်ဟာ နောက်တကြိမ် ချာတိတ်ငယ်ကိုထပ်ထားသွားမှာ မဟုတ်တော့သလိုဘယ်တော့မှလည်း ကလေးလေးကို အဝေးပို့မှာမဟုတ်တော့ဘူးဆိုတဲ့အကြောင်းကို ဒီ စာဖတ်သူလေးတွေကို သက်သေထားရင် ဒီဦးငယ် ကတိ သစ္စာ ဆိုလိုက်ရပါသည်.......။
**********
*****************
No more extra ပါချစ်တို့....
ကတိအတိုင်း extra လေးလာရေးပေးတာပါ
ဦးငယ်နဲ့ချာတိတ်ကို ချစ်ပေးကြလို့
ကျေးဇူးတင်ပါတယ် ရှင်.........
Extra ပေမယ့်အရမ်းတိုလို့ နားလည်ပေးပါ
နောက်ဆုံးအနေနဲ့ ဦးငယ်နဲ့ချာတိတ်ကို
နှုတ်ဆက်စကားလေး တွေ ပြောပေးသွားအုန်းနော်...
နေမကောင်းဘူးလားကလေး"
**************
*********
ဆေးသောက်ရအောင် နော်"
*************
********
"အပူတော့မရှိတော့ဘူး
နေရတာသက်သာလားကလေး"
"အတတ်ကလေး..."
"ဟုတ်"
ဒီဦးငယ်နဲ့ ချာတိတ်ရဲ့ ဘဝမှာ မိသားစုဘဝဆိုတာမျိုးကို မဖန်တီးနိုင်ပေမယ့် တယောက်တွက်တယောက်ရှိနေရုံနဲ့ ပြည့်စုံနေခဲ့ပြီမလို့ ချာတိတ်လေးစိတ်ပူနေသလို ဒီဦးငယ်ဟာ နောက်တကြိမ် ချာတိတ်ငယ်ကိုထပ်ထားသွားမှာ မဟုတ်တော့သလိုဘယ်တော့မှလည်း ကလေးလေးကို အဝေးပို့မှာမဟုတ်တော့ဘူးဆိုတဲ့အကြောင်းကို ဒီ စာဖတ်သူလေးတွေကို သက်သေထားရင် ဒီဦးငယ် ကတိ သစ္စာ ဆိုလိုက်ရပါသည်.......။
**********
*****************
ကျေးဇူးတင်ပါတယ် ရှင်.........
Continue Reading
You'll Also Like
1.2M 52.3K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
72K 7.4K 11
•ᴄᴏᴍᴘʟᴇᴛᴇᴅ•ᴜɴɪ×ᴢᴀᴡ• •ᴠᴍɪɴ-ᴛᴀᴇᴊɪ -ᴊᴀɴᴜᴀʀʏ 2 ᴛᴏ ᴊᴀɴᴜᴀʀʏ 17 -2021
21.3K 388 3
Bakugou likes to crossdress and cosplays...but he want to keep it a secret at all cost. what will happened when his crush with green hair found out...
1.8K 227 5
[U+Z] Always Start :: 11.1.2023 End :: 18.1.2023