ဖေဖေတို့ကိုလိုက်ပို့တုန်းက မမကတည်ငြိမ်နေသလောက် ယူဂျင်းမှာမငိုမိအောင်အတင်းထိန်းထားရတယ်။
ဝန်ယောင်းသာ ယူဂျင်းလက်မောင်းကိုဆုပ်ကိုင်မပေးထားဘူးဆိုရင် ရှုံးပွဲချငိုပစ်မိမှာအမှန်.....
မေမေတို့က ပုံမှန်လိုပဲစကားတွေပြောနေတယ်။
မသိရင် ခနအလည်သွားမယ့်သူတွေလိုပဲ။
"မေမေတို့သွားပြီနော်"
ယူဂျင်းတို့ကို ပွေ့ဖက်နှုတ်ဆက်ပြီးလေယာဥ်ပေါ်တက်သွားတဲ့မေမေတို့ကို မကြည့်နိုင်တော့လို့ ဝန်ယောင်းပုခုံးပေါ်မျက်နာအပ်မိတယ်။
"ယူဂျင်းရယ်.... နင် ကလေးလဲမဟုတ်ဘဲနဲ့"
မမက ရယ်တောင်ရယ်နေသေးတယ်။
သူတို့ဘာမှမခံစားကြရဘူးလားမသိ။
ယူဂျင်းကပဲ ပိုနေတာလား.....
ဒါပေမယ့် ရက်နဲနဲကြာတော့ ဘာဆိုဘာမှမခံစားရတော့ပါ။
အချိန်က ကုစားပေးတယ်ဆိုတာဒီနေရာမှာမှန်နေပါရော။
"အစ်ကို့ အဒေါ်ဝမ်းကွဲက ဆေးရုံတက်နေရတယ် ဝန်ယောင်း..... တို့ သွားကြည့်မလို့ မင်းရောလိုက်ခဲ့ပါလား"
"ဆောင်းဂျူနိုလား.... အဆက်အသွယ်ရှိနေတာလား"
"သူနဲ့က အဆက်အသွယ်မရှိပါဘူး
ဟိုတလောက စားသောက်ဆိုင်မှာမိတ်ဆွေတစ်ယောက်နဲ့တွေ့လို့ စကားစပ်မိရင်းသိတာ
အရင်တုန်းက အရမ်းခင်ခဲ့ကြတာလေ"
"စားသောက်ဆိုင်က ဘယ်သူနဲ့သွားစားတာလဲ
အဲ့ဒီ့မိတ်ဆွေဆိုတာရော ဘယ်သူလဲ
ဆွေတွေမျိုးတွေနဲ့တောင် သိခဲ့ကြတယ်ပေါ့"
"ဟာ... မင်းမရစ်နဲ့နော်
တို့ဘာသာအလုပ်ကိစ္စနဲ့သွားတာ ....အားလုံးကိုလိုက်ပြောပြနေရမှာလား"
အလုပ်မှာပင်ပန်းလာတဲ့အရှိန်ကြောင့် စိတ်မရှည်ရတဲ့အထဲ သူ့စကားတွေကတရားလွန်လာတော့ အသံကျယ်ကျယ်နဲ့အော်ငေါက်မိတယ်။
တစ်နေကုန်အိမ်တွင်းအောင်းထားတဲ့ ဝန်ယောင်းက ယူဂျင်းပြန်ရောက်ရောက်ချင်း အပြင်ပြန်ထွက်မယ်ကိစ္စကို ကြည်ပုံမရ။
"နောက်ပြီး အဒေါ်ကကိုယ့်ကို တူမအရင်းလို မေတ္တာထားပေးတဲ့သူ.... အစ်ကိုနဲ့လမ်းခွဲတော့ အဆက်အသွယ်ဖြတ်လိုက်တာတောင် စိတ်မခုဘဲကြုံရင်ကြုံသလို ခေါ်ပြောနေတုန်း "
"သွားမယ်လေ.... ကားက ကိုယ်မောင်းမယ်"
သူ စိတ်လျှော့ကာ ယူဂျင်းကိုဆေးရုံစီမောင်းပို့ပေးတယ်။
လမ်းမှာ minimart ထဲ လက်ဆောင်ဝင်ဝယ်တော့လဲ စိတ်ရှည်လက်ရှည်စောင့်ပေးရှာတယ်။
ဆေးရုံရောက်တော့ အပြင်မှာစောင့်နေမယ်ဆိုပြီး အခန်းထဲကို သူလိုက်မဝင်လာပါ။
"သမီး ကိစ္စရှိလို့လား"
အနောက်ကို လှည့်ကြည့်လှည့်ကြည့်လုပ်နေတဲ့ ယူဂျင်းကို အဒေါ်ကရိပ်မိသွားပုံပါ။
"မရှိဘူး ဒေါ်လေးရဲ့ ၊ ဝန်ယောင်း အပြင်မှာလျှောက်သွားရင်းလမ်းပျောက်နေမှာစိုးလို့"
"ယူဂျင်းရယ် သူလဲကလေးမှမဟုတ်တာ"
ကလေးမဟုတ်လို့ ပိုစိတ်ပူကြောင်းကို ရယ်မောနေတဲ့အဒေါ် သိအောင် မပြောပြဖြစ်ပါ။
တစ်နာရီလောက်စကားပြောပြီး ပြန်ထွက်လာတော့ ထင်တဲ့အတိုင်း ဝန်ယောင်းရှိမနေ။
သိပ်တော့မရှာလိုက်ရ ၊ ကော်ရစ်တာအဆုံးကခုံတန်းလေးပေါ်မှာ ကလေးမတစ်ယောက်နဲ့စကားပြောနေတဲ့ ဝန်ယောင်းကိုတွေ့လိုက်ရတယ်။
ကလေးမက လူနာဝတ်စုံနဲ့ ငယ်ဦးမယ့်ပုံ.... လက်တစ်ဖက်က ဆေးပုလင်းချိတ်ထားရတယ်။
ဝန်ယောင်းက ကြင်နာမှုအပြည့်နဲ့စကားတွေပြောနေသလောက် ကောင်မလေးရဲ့မျက်လုံးတွေက နေမကောင်းတဲ့ပုံစံမပေါက်ဘဲ စူးရဲနေတယ်။
အဲ့အကြည့်တွေကို မကြိုက်လိုက်တာနော်.....
"ဝန်ယောင်း.... "
သူတို့ဆီယူဂျင်းရောက်တော့ မော့ကြည့်လာတဲ့ ဝန်ယောင်းအကြည့်က ဖြူစင်နေသော်ငြား ကောင်မလေးက မှုန်ကုပ်သွားတယ်။
"ဘေဘီ ပြီးပြီလား ၊ ပြန်တော့မလား"
"အင်း "
"အဲ့ဒါဆို ကလေးလေး.... မမသွားဦးမယ်နော်"
ကောင်မလေးက အပြုံးနဲ့ခေါင်းငြိမ့်ပြတယ်။
ဝန်ယောင်းလက်မောင်းကို တမင်ပဲချိတ်လို့ထွက်လာခဲ့လေတော့ ယူဂျင်းအဖြစ်ကို သူရိပ်မိပုံရပါတယ်။
"ကလေးနဲ့တောင် သဝန်တိုရတယ်လို့.... "
"ဟင်! ! ဘာလို့ကလေးရမှာလဲ ၊ မင်းမှာမျက်စိမပါဘူးလား"
"ဟော.... ကိုယ့်ထက်ငယ်တယ် ခင်ဗျားရဲ့....
သနားစရာလေးပါ အီဆောလေးက....မွေးရာပါသွေးအားနည်းတာတဲ့"
ကားပေါ်မရောက်ခင် သူပြောလိုက်တဲ့စကားကြောင့် ယူဂျင်းသွေးတွေတောင်တိုးလာသလို။
"ဘာ.... ဘာပြောတယ် ဝန်ယောင်း! !
သူ့အသက်ကိုလဲ သိပြီ သူ့နာမည်ကိုလဲသိပြီပေါ့
သူ့ရောဂါကိုပါ သိလိုက်သေးတယ်ပေါ့
ဒီလောက်ခနလေးအတွင်းမှာတောင် အဲ့လောက်
တောင်ပြောဖြစ်ကြလိုက်ကြတယ်ပေါ့..."
"ဘာတွေအထိတ်တလန့်ဖြစ်နေတာတုန်း... မသိရင်သရဲမြင်လိုက်ရတဲ့အတိုင်းပဲ"
"လန့်ရတာပေါ့.... မင်းက! !"
ယူဂျင်းနှုတ်ခမ်းပေါ်ရောက်လာတဲ့အနမ်းကြောင့် ပြောရမယ့်စကားကိုမေ့သွားတယ်။
တွန်းထုတ်ပေမယ့် သူကမလွှတ် ....
ခနကြာတော့ ယူဂျင်းတုံ့ပြန်မိရင်းဒေါသတွေကိုပါမေ့သွားမိတယ်။
ကော်ဖီဆိုင်မှာ ဝန်ယောင်းသွားထိုင်တဲ့နေ့တွေဆို အလုပ်တွေပြီးတာနဲ့ ယူဂျင်းလိုက်သွားတတ်တယ်။
သူ့လက်ရာကော်ဖီတစ်ခွက်ကို အရသာခံသောက်ပြီး သူ့ဆီနစ်ဝင်မတတ်ပူးကပ်ရတာအမော......
ဘာရယ်မဟုတ် ယူဂျင်းအပိုင်ဆိုတာ လူတိုင်းသိအောင်ပြချင်တာ။
သူကတော့ 'ကိုယ်က မမယူဂျင်းကိုပဲချစ်တာပါ'လို့ပြောင်ချော်ချော်နဲ့ပြောပါရဲ့။
နေ့လည် ၁၂ နာရီကျော်လို့ ကဖင်းဓာတ်တစ်ခုခုမှီဝဲရင် အိပ်မပျော်တော့တဲ့ ယူဂျင်းဟာအဲ့လိုနေ့တွေဆို ညဘယ်လောက်နက်နက် မျက်လုံးကြီးပြူးလို့......
"မင်းတွဲခဲ့တဲ့ ရည်းစားတွေထဲဘယ်သူ့ကိုအချစ်ဆုံးလဲ"
"ဘေဘီ့ကိုအချစ်ဆုံးပေါ့"
" မယုံပါဘူး ၊ အရင်လူတွေကိုလဲ အဲ့လိုပဲပြောခဲ့တာမလား"
"သူတို့ကိုပြောခဲ့တုန်းက သူတို့ကိုအချစ်ဆုံးဖြစ်ခဲ့တာလေ ၊ အခုက ဘေဘီ့ကိုအချစ်ဆုံးပဲ "
ဝန်ယောင်းကစင်းကျနေတဲ့မျက်တောင်တွေကို အတင်းတွန်းလှန်ရင်း ယူဂျင်းရဲ့ရစ်လုံးပေါင်းသောင်းခြောက်ထောင်ကို စိတ်ရှည်ရှည်နဲ့ဖြေရှင်းရှာတယ်။
အိပ်ပျော်သွားမှာစိုးလို့ တပလ္လင်ခွေထိုင်နေသေးတာ။
သူ့ပေါင်ပေါ် ခေါင်းတင်ရင်း မော့ကြည့်နေတဲ့ယူဂျင်းကတော့ နှုတ်ခမ်းလေးစူလို့.....
"အဲ့ဒါဆို ကင်မင်ဂျူနဲ့ဂန်ဟယ်ဝန် ဘယ်သူ့ကိုပိုချစ်လဲ"
"မမပေါ့"
"ဂန်ဟယ်ဝန်နဲ့ဆာကူရာဆိုရင်ရော "
"ဆာကူရာ"
"အစ်မဟယ်ဝန်ကိုမချစ်ဘူးလား"
"ချစ်တာပေါ့"
ယူဂျင်း ငေါက်ခနဲထထိုင်တော့ သူလန့်ဖြတ်သွားတယ်။
"မင်းက လူတိုင်းကိုချစ်နေတော့တာပါပဲလား
တို့ ကျေနပ်အောင်လိမ်လိုက်တော့ ဘာဖြစ်မှာမို့လဲ ၊ တို့မျက်ရည်ကျမှ မင်းပျော်တာလား"
အခုမှ ယူဂျင်းလိုပဲ သူ့မျက်လုံးကဝိုင်းစက်စက်လေးဖြစ်သွားတယ်။
"မဟုတ်ဘူးလေ ၊ ဘေဘီမေးလို့ ကိုယ်ဖြေတာလေ"
"ဪ သိပ်လိမ္မာနေတယ်ပေါ့
သိပ်စကားနားထောင်တယ်ပေါ့"
"အသက်ကလေးရယ်"
"လာမဖက်နဲ့! !"
ဆိုပေမယ့် သူဖက်ထားတာကို ယူဂျင်းနဲနဲမှမရုန်းမိ။
"ကိုယ့်ကို မထားခဲ့ပါနဲ့နော်"
"အဲ့စကားက တို့ပြောရမှာပါ"
"မဟုတ်ဘူး ၊ ကိုယ် ဘေဘီ့ကိုဘယ်လောက်ချစ်မှန်း ဘယ်သူမှသိကြမှာမဟုတ်ဘူး
ကိုယ့်အပေါ် စိတ်ပျက်သွားမှာ၊အထင်သေးသွားမှာ သိပ်ကြောက်တာပဲ
ဘေဘီ့ကိုအဆုံးရှုံးမခံနိုင်ဘူး ၊ ဝေးရရင် သေမှာပဲ"
သူ့စကားတွေကြားမှာ ယူဂျင်းဆွံ့အနေမိပြီး ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူး။
အဲ့ဒါကြောင့် တိတ်တိတ်လေးနေမိပြီး သူ့ကျောပြင်ကိုသိုင်းဖက်ထားမိတယ်။
မကြာခင်မှာပဲ ယူဂျင်းလည်တိုင်ဆီမျက်နာအပ်လို့ အိပ်ပျော်သွားတဲ့ ဝန်ယောင်းကိုအိပ်ရာပေါ်သာသာလေးလှဲစေလိုက်တယ်။
အခုန်မြန်နေဆဲရင်ကို ဖိထားပြီး ဒီညလဲယူဂျင်းအိပ်ပျော်နိုင်မှာမဟုတ်မှန်းသေချာနေပါပြီ။
ဒါပေမယ့် စိတ်ဆင်းရဲလို့မဟုတ်ဘဲ ကြည်နူးလို့အိပ်မပျော်တာကတော့ ဝမ်းသာစရာလို့ပြောရမလားနော်။