Queens 's Love story

Galing kay Erick379

1.1K 108 16

ယောင်း ဘဝမှာ အချစ်ဆိုတာ လီဆာနဲ့မှ စတင်ခဲ့တယ်၊၊ Higit pa

intro
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8

Part-1

176 15 1
Galing kay Erick379

ဒီနေ့ယောင်းနဲ့ဂျိမ်းရဲ့ကား ကျောင်းဝန်းထဲသို့အဝင်မှာ လူအုပ်ကြီးရဲ့အသံကိုကြားလိုက်ရတယ်

လီဆာ လီဆာ လီဆာ ဆိုတဲ့အသံတွေကြီးပဲ ဘာများလည်းပေါ့ ယောင်းကခဏဆိုသလိုစဥ်းစားပြီးမှ

"လီဆာ အမ်းသိပြီသူပဲကို"

"ဟင် ဘာသိတာလဲယောင်း"

"အခုကြားနေရတဲ့နာမည်ကိုသိတယ်ပြောတာ၊၊ကျောင်းစတက်တဲ့နေ့က coatပေးသွားတဲ့တစ်ယောက်၊၊"

"သြော် လာသွားကြည့်အောင် ဘာလုပ်နေလို့ ၊၊ဒီလောက်လူအုံနေရတာလဲ၊၊"

"အိုကေ သွားကြည့်တာပေါ့၊၊"

ယောင်းနဲ့ဂျိမ်း ကဝရံတာပေါ်ကနေပြီး မြေညီထပ်ကိုကြည့်လိုက်တော့ လီဆာကလူအုပ်အလယ်မှာ အကပြိုင်နေတယ်၊၊အကုန်လုံးထဲမှာ လီဆာက smart အကျဆုံးနဲ့ အတော်ဆုံးဖြစ်နေတာလေ၊၊ယောင်းကလီဆာရဲ့danceကိုသဘောကျသွားတယ်၊၊

"အို့ သူအဲ့လောက်တော်မှန်းမသိဘူး ၊၊မိုက်တယ်၊၊"

"ငါ့ရဲ့ဘဲလေးအကနဲ့ ဆိုရင်ရော ဘယ်သူပိုမိုက်လဲ၊၊

ယောင်းခဏလောက်ကြောင်သွားတယ် ဂျိမ်းကယှဥ်မေးလာတော့၊၊ပြီးမှ အကြံရသွားဟန်နဲ့၊၊

"တို့ရဲ့ ဂျန်နီကင် ရဲ့ဘဲလေးအကကသာအကောင်းဆုံးပေါ့၊၊ဂျိမ်း မကြိုက်ဘူးလား အခုကနေတာကို၊၊"

"ဒါတောင်မှ တွေဝေနေတဲ့ပုံနဲ့ယောင်းနော်၊၊ကြိုက်ပါတယ်၊၊သူ့အရပ်ကြီးကလည်း ကြွေချင်စရာကို၊၊"

ဟုတ်ပါရဲ့၊၊ယောင်းလည်းအခုမှကြည့်မိတယ် ၊၊လီဆာက ယောင်းထက်တောင် ပိုရှည်မလားပဲ၊၊topဝတ်ထားလို့ ဗိုက်သားလွတ်နေတဲ့ အပိုင်းမှာ absတွေလည်းရှိနေလေရဲ့၊၊

"အင်းဟုတ်တယ်၊၊သွားကြမယ်လေ"

ဂျိမ်းလည်း လီဆာကို အနည်းငယ်သဘောကျသွားပေမယ့် ကျောင်းက Queenမမထက်တော့ ပိုပြီးသဘောမကျခဲ့ပေ၊၊

"လီဆာနင်အရမ်းတော်တယ်ဟာ"

"Thank !မင်ယောင် နင်လည်းမိုက်တယ်"

"နင့်လောက်တော့မဟုတ်ဘူးသိလား၊၊ခုနက နင်ကနေတာကို ကျောင်းကအလှလေး၂ယောက်ရပ်ကြည့်နေတယ်ဟ၊၊"

လီဆာခဏတွေးမိသွားတယ်၊၊ကျောင်းမှာနာမည်ကြီး၂ယောက်ဆိုလို့ ယောင်းနဲ့ဆူးပဲရှိတာလေ၊၊ဒါလည်းမဟုတ်သေးဘူး ယောင်းနဲ့ဂျိမ်းကလည်းသူငယ်ချင်းတွေလေ ၊၊ဘယ်သူများလဲ၊၊လီဆာရင်ခုန်သွားတယ်၊၊

"ယောင်းနဲ့ဂျိမ်းလား"

"ဟုတ်တယ်လေ ၊၊နင့်ကတာသေချာကြည့်နေတာ ၊၊ငါတို့က အားကျနေတာ၊၊"

"ဟဲ့ မင်ယောင် နင်ဖြေးဖြေး မြောကိငါ့ကို၊၊ငါမြောက်နေပြီ၊၊နင်ပြောတာတကယ်ဆိုရင်တော့၊၊"

"တကယ်ကြီး မယုံရင် မေးကြည့်သူတို့လည်းသိတယ်"

လီဆာ မှိုရသလိုဖြစ်သွားတယ်၊၊ပြုံးပြီး၊၊

"အဲ့တာဆိုသွားအုံးမယ် ၊၊ဂီတ အချိန်မလို့၊၊"

"အမ်း ဟုတ်ပြီ see you lily"

လီဆာလည်း ခေါင်းညိတ်ပြီး တာ့တာပြလိုက်တယ်၊၊

တကယ်ဆိုရင်တော့ ပိုပြီးပျော်မိပြီ၊၊ရင်ဘက်ကို ဖိပြီးပြုံးနေတဲ့ လီဆာတစ်ယောက်၊၊မီးစလေးကိုသွားထိလိုက်ပါပြီ၊၊အပျော်လွန်ပြီး မျက်စိထဲယောင်းပဲမြင်နေတော့

"အာ့"

"လမ်းကိုသတိထားပြီးလျှောက်စေချင်တယ်၊၊လူတစ်ယောက်လုံးတောင် မြင်ရဲ့လား၊၊"

ခပ်စွာစွာရန်တွေ့နေတာကတော့ အချေတော် soo ၊၊ပြဿနာကို မီးခွက်ထွန်းရှာမိတာပဲ၊၊

"တောင်းပန်ပါတယ် ဆူး၊၊ကျွန်မလည်း အာရုံများနေလို့ပါ၊၊ဆူးဘယ်နားထိသွားဘာလဲရှင့်၊၊"

ဆူးခဏရပ်ကြည့်ပြီး ၊၊ယဥ်ကျေးပျူငှာလွန်းတဲ့ သူ့ကို စွာဖို့တောင်အားမရှိတော့ဘူး၊၊မျက်နှာလေးကြည့်ရတာတော့ သဘောကောင်းမယ့်ပုံပါပဲ၊၊သူ့အရပ်မှ အားမနာ တိုက်မိတာတော့လွန်တာပေါ့၊၊

"ရတယ် ရတယ်၊၊နောက်ခါလမ်းကိုကြည့်လျှောက်ပေါ့ ၊၊ အရပ်ကို အားနာအုံး၊၊"

"ဟုတ်ကဲ့ ၊၊ကျမနာမည် လီဆာပါဆူး"

"ဘယ်သူမေးလို့လဲ၊၊"

"သိထားသင့်တယ်ထင်လို့လေ"

"ဟမ် ဘာကိုလဲ"

"ကျမက ဆူးနဲ့သူငယ်ချင်းဖွဲ့ချင်မိလို့ပါ၊၊ဆူးကို လူတိုင်းကချေတယ်ပြောပေမယ့် ကျမတော့မထင်မိဘူး ဆူးရဲ့စိတ်နေစိတ်ထားက မျက်နှာမှာပေါ်တယ်လေ၊၊"

ဆူးခဏလောက်လီဆာကို သဘောတကျကြည့်ပြီး ရယ်တယ်၊၊ပြီးမှ

"ဟုတ်ပြီ မင်းကိုဆူးသဘောကျသွားပြီ၊၊ပွင့်လင်းတယ်၊၊ရဲတင်းတယ်၊၊အိုကေ ဆူးမှာ အပေါင်းသင်းမရှိတော့ မင်းကိုလည်း ခင်ချင်မိတယ်၊၊ကောင်းပြီ ဆူးနဲ့လီဆာ သူငယ်ချင်းဖြစ်ပြီ၊၊"

"ဟာ ဆူး တကယ်ကြီးပေါ့၊၊ကျေးဇူးပါဆူး"

"တကယ်ကြီးလီဆာ"

ထိုနေ့မှစပြီး ဆူးနဲ့လီဆာလည်း အခင်ဆုံးသူငယ်ချင်းဖြစ်ပြီး ပူးတွဲသွားလာနေပါတော့တယ်၊၊လူတိုင်းကတော့ ဆူးကလီဆာနဲ့တွဲနေပြီဆိုပြီး သတင်းတွေထွက်လာတာပေါ့၊၊ယောင်းနားကို ဒီသတင်းပေါက်သွားတယ်၊၊

"တွဲနေတာလား သူတို့က"

"ငါဘယ်သိမလဲ ဂျိမ်းရယ် နင်ကဘာထဖြစ်တာလဲ၊၊တွဲတော့ရော နင့်ကိစ္စလား၊၊"

"ငါ ငါကဆူးကိုသဘောကျတာလေဟာ၊၊နည်းနည်းတော့ ဒေါသထွက်တာပေါ့"

"ဘာတဲ့ ဆူးကိုသဘောကျတာလား၊၊အဲ့တာဆို နင်ဘာလို့ သူ့ကို ဘာလို့ဟိုတခါချေလိုက်တာလဲ၊၊"

"အဲ့တာကဟာ သူ့ငါ့အပေါ်မှာ ပိုပြီးသတိထားမိအောင်ပါ"

"သြော်အေး ကောင်းရော ဂျိမ်း၊၊အခုရော နင်ကတကယ်ကြီး ဆူးကိုသဘောကျတာလား၊၊"

"မသိသေးဘူး အခုခံစားချက်ကတော့ အသဲကွဲနေသယောင်ပဲ"

ယောင်းက ခပ်ဟဟရယ်ပြီး ၊၊

"နင်ကမထင်ရဘူး၊၊နင့်ကိုလေ ငါကလုံးဝ ရင့်ကျက်တယ်ထင်တာ၊၊ဆူးအကြောင်းမင်းစမသိဘူးလား ဘယ်တုန်းကရောအတည်အကျတွဲလို့လဲ၊၊အခုလီဆာနဲ့က သူငယ်ချင်းဖြစ်သွားတာထင်တယ်၊၊ဆူးက play girlလေ နင်မသိတာလည်းမဟုတ်ဘူး၊၊"

ဂျိမ်းလည်း မျက်နှာပြန်လန်းလာပြီး၊၊

"ဟုတ်တယ် သူငယ်ချင်းတွေပဲဖြစ်မှာ ၊၊ငါမတွေးခဲ့မိဘူး ၊၊အချစ်ကလေးယောင်းရယ်၊၊"

"တော်ပါ သုံးမရဘူးသိလား နင်သဘောကျတယ်ဆို ဆူးကို flirtလေ၊၊"

"လီဆာကို ချည်းကပ်ပြီး ဆူးကိုflirtမယ်၊၊သြော် ယောင်းနင်လီဆာcoatပြန်ပေးပြီးသွားပြီလား"

"ငါမေ့နေတာ လီဆာcoatကို ငါပန်ချီဆွဲတဲ့ ဆေးခွက်ပေါ်ကျသွားလို့ ပေသွာပြီး၊၊အသစ်ပြန်ဝယ်ပေးမယ်လို့စဥ်းစားထားတယ်၊၊"

"So good ideal လီဆာနဲ့အရင် မိတ်ဖွဲ့ပြီး ဆူးကို flirtမယ်၊၊"

မလွယ်ဘူးဆိုသော ဟန်နှင့်ယောင်းကခေါင်းခါပြတယ်၊၊

"ဒါမယ့်နင့်သဘောလေ ၊၊ဒီည clubလစ်မယ် လိုက်မယ်မလား"

"လိုက်မှာပေါ့ clubမှာ အပြတ်ကဲမလို့"

"အဲ့တာဆို ဒီညနေ ၆နာရီ သွားမယ်"

"အိုကေ"

........

"လီဆာ ဒီညclubသွားမယ်ကွာ"

"သွားမှာပေါ့ ဆူးရဲ့၊၊ဒါနဲ့ဆူး"

ဆူးကပြောဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ပြတယ်၊၊

"ဆူး နင်ဟိုဘဲကြီးကိုဖျက်လိုက်ပြီလား"

"ဘယ်ဘဲလဲ အမှတ်စဥ်နဲ့ပြော လီဆာ"

"၃ "

ဆူးကရယ်ကြဲကြဲဖြင့် ဆံပင်မှာ ညှပ်ထားတဲ့ ကလစ်ကို ဖြုတ်တယ်၊၊

"လီဆာ အဲ့လိုလူကိုငါကတွဲနေစရာလား ၊၊အလကား နှာဘူးကို၊၊ဟိုတစ်ခါထဲက ငါခေါက်ထားလိုက်ပြီ၊၊နင်ကဘာကြားလာလို့လဲ၊၊"

"သြော်၊၊ဆူး ငါဘာမှမကြားဘူး၊၊နင့်ကိုသတိပေးချင်တာသိလား ငါနဲ့ခင်တာမကြာသေးဘူးဆိုပေမယ့် အခင်ဆုံးအဖြစ်သတ်မှတ်ထားလို့ ပြောတာ နင်မချစ်ဘဲနဲ့တော့ မတွဲတော့နဲ့၊၊နင်တကယ်ချစ်တဲ့လူကျရင် အဲ့အကြောင်းတွေကြောင့် ခက်မယ်၊၊"

"အမ်းပါလီဆာ ငါသိပါတယ်၊၊နင့်ကိုငါလည်း အခင်ဆုံးအဖြစ်သတ်မှတ်ထားတယ်၊၊ ငါချစ်တဲ့လူဆိုတာက ပြီးသွားပါပြီ အတိတ်က တကယ်တော့ လက်ရှိဘဝထိကို လိုက်နှောက်ယှက်တုန်း"

"အတိတ် ငါသိခွင့်ရှိမလား"

ဆူးက ခေါင်းညိတ်ပြပြီး ပြတင်းပေါက်ကိုငေးတယ်၊၊cafeဆိုင်မှာဖွင့်ထားတဲ့ westlife အဖွဲ့ရဲ့ My loveသီချင်းကလည်းထွက်ပေါ်လာတယ်၊၊

"လူတစ်ယောက်ကို မချစ်သင့်ခဲ့ဘူး ၊၊အဲ့လူတစ်ယောက်ကဘဝမှာ ဒုက္ခအပေးဆုံးဆိုတာငါသိခဲ့ရင်ပေါ့၊၊နင်သိလား လီဆာ ငါဘဝမှာ အချစ်မခံခဲ့ရဘူး၊၊ငါ့ပါးပါး မားမား အကုန်လုံးကငွေကိုပဲချစ်တာ၊၊နောက်ဆုံး londonမှာ ကျောင်းတက်ခဲ့တုန်းက ချစ်သူကလည်း ငါ့ကိုမချစ်ခဲ့ဘူး၊၊"

"Cheat ခံခဲ့ရတာလား၊၊ငါစိတ်မကောင်းပါဘူးဆူး"

"ရပါတယ် ၊၊နောက်ဆုံး ငါ့မားမားနဲ့ပါးပါးကွဲတော့ မားမားရှိတဲ့ မြန်မာပြည်ပဲပြန်လာခဲ့တယ်၊၊အခုလည်းပျော်ပါတယ်၊၊ ငါက တွဲနေတာ၊၊ကစားနေတာမဟုတ်ဘူးလီဆာ၊၊ငါအချစ်ကိုရှာဖွေနေတာ"

လီဆာက ခပ်ရေးရေးပြုံးပြပြီး ဆူးကို

"ဆူး နင်က တကယ့်အာဂမိန်းမသိလား၊၊နင့်ဇာတ်နင်နိုင်ရင် ဆက်သာက"

"ဆူးကဘဝမှာ လုံးဝOKပဲ"

"လီဆာ နင်ရော ချစ်တဲ့သူမရှိဘူးလား"

လီဆာဘယ်လိုပြောရမလဲ ၊၊လီဆာချစ်တဲ့သူရှိတာပေါ့ဆူးရယ်၊၊ဒါပေမယ့် သူက သတိထားမိနေရင်ကံကောင်း၊၊

"သဘောကျတဲ့သူတော့ရှိတယ်"

"ငါများလား"

"အော့ ဆူးအထင်ကြီးလွန်းတယ်၊၊ဖြစ်စရာလား အချစ်ကိုရှာဖွေနေသူကြီးကိုတော့ စိတ်တောင်မကူးရဲဘူး"

"လီဆာ နင်ကဟာ ငါကစတာပါ ၊၊အဖြစ်ပြောပြတာ ၊၊လီဆာ အစုတ်ပလုတ် လူကိုအန်တယ်ပေါ့ ၊၊ဒီလောက် ချောတဲ့မင်းသမီးလေးကိုနင့်မို့ပြောရက်"

"ဟား ဟား ဆူးနင်ကတကယ်အပေါလေးသိလား၊၊နင့်ကို ငါကချေပြီးတည်မယ်ထင်ထားတာ အခုတော့ အပေါလေးနဲ့ မိတ်ဖွဲ့မိတာပဲ၊၊"

"လီဆာနော်၊၊လူကိုခင်လို့မဟုတ်ဘူးပေါ့ အဲ့လိုလား၊၊"

"ဆူးရယ်ဖြစ်စရာလား ဆူးကိုစမြင်ထဲက ခင်တာသိလား"

"ပြောပါအုံး ဘယ်သူလဲ သဘောကျတဲ့သူက"

"ထားလိုက်ပါ  ငါသေချာတဲ့နေ့ ပြောပြမယ်"

ဆူးညစ်ကျယ်ကျယ်ရုပ်နဲ့ မရဘူးဆိုပြီး ၊၊အတင်းလိုက်မေးပြန်ရော၊၊

"လီဆာ နင်လူလည်မကျနဲ့ပြောနော်"

"မသေ‌‌ချာ‌ေသးလို့ မိဆူးရဲ့"

"မရဘူး ပြောပြောအခုပြော"

လီဆာ ထွက်ပြေးပြီး အသံခပ်အုပ်အုပ်နဲ့

"Clubကျရင်ပြောမယ်"

ဒါတောင် ဂျီဆူးက မကျေမချမ်းရုပ်နဲ့ပါ၊၊
........

ယောင်းလည်းဒီနေ့topလက်ရှည်နဲ့ စကပ် အတိုလေးဝတ်ပြီး ထွက်လာပါတယ်၊၊

"ဂျိမ်း နင်အမြဲနောက်ကျတယ်၊၊ငါ့ကားနဲ့ပဲလိုက်တော့၊၊"

ဂျိမ်းက coffeရောင် corgo pantအပွ နဲ့ topလက်တစ်လုံးလေးကို ဝတ်ထားတယ် ၊၊

"လာပြီ ယောင်း၊၊ဒယ်ဒီလေ ငါ့ကို မေးနေလို့ပါ၊၊"

.......

လီဆာကဒီနေ့ ပေါ့ပေါ့ပါးပါးtype jeans နဲ့ အပေါ်က ရှပ်လက်ရှည် အဖြူအပါးလေးကိုတွဲဝတ်ထားပြီး ဆံပင်က တစ်ဝက်တင်စီးထားတယ်၊၊

"လီဆာ အရမ်းcoolနေတယ်၊၊"

"Sooအရမ်းမြောက်မနေနဲ့ ဟိုရောကိရင် beerသောက်ရမယ်၊၊"

ဆူးကဒီနေ့ sexy ဆန်ဆန် အသားကပ် လက်တစ်လုံကြိုးအကျီ် အမဲကိုဝတ်ဆင်ထားတယ်၊၊

"ဆူး ညို့အားပျင်းလွန်းတယ်၊၊လျော့အုံး"

ဆူးကရယ်ကျဲကျဲဖြင့်

"လီဆာ ဒီနေ့တော့ ငါတို့၂ယောက်လေပေါ်မြောက်ပြီ"

"ဟားဟား အဟုတ်ပဲ ၊၊သွားကြစို့"

တီးလုံးသံများဆူညံနေပြီး ကနေတဲ့ လူတွေ သောင်နေတဲ့ ဘဲကြီးတွေ အစုံပါပဲ၊၊လီဆာ တစ်ဖက်ကို လှမ်းကြည့်လိုက်တော့ မင်ယောင်တို့အဖွဲ့ ဘီယာ ပင်ပေါင်ဆော့နေကြတယ်၊၊လီဆာကိုတွေ့တော့ အတင်းပြေးလာပြီး၊၊

"လီဆာ လာသွားမယ် ဟိုမှာပင်ပေါင်ဆော့နေတာ ဆူးယောင်းလည်းရှိတယ် jakeလည်းပါတယ် ယောင်းရော ဂျိမ်းကိုပါခေါ်ထားတယ်၊၊နင်လည်းလာ"

ယောင်းဆိုတဲ့နာမည်ကြားတော့လီဆာ မြူးသွားတယ်၊၊

"ငါကဆူးနဲ့လာတာ မင်ယောင်၊၊ဟိုမှာဆူးလာပြီ၊၊ဆူး မင်ယောင်တို့လာခေါ်နေတယ် ၊၊ဘယ်လိုလဲ ဘီယာပင်ပေါင်တဲ့"

"ကောင်းသားပဲ၊၊လူစုံတက်စုံပဲ ပျော်ရတာပေါ့၊၊ ဆူးကိုရောဖိတ်ရဲ့လား၊၊"

မင်ယောင်ဆူးအလှကမျက်စိမခွာနိုင်ပဲ၊၊ဆူးခေါ်တာကို ကြောင်အနေတယ်၊၊

"ဟေ့ ဆူးခေါ်တာရောကြားရဲ့လား"

"ရှင် သြော်ဟုတ် ဖိတ်တယ်ဆူး ၊၊လာကြ၊၊"

"အိုကေ အိုကေ"

မင်ယောင်က သူ့အဖွဲ့တွေကို ဧည့်သည်၂ယောက်ဖိတ်ကြောင်းအော်ပြောတယ်၊၊

"ဝိုးးး ဒီနေ့ပွဲက ပွဲဆူပြီဟေ့ ကျောင်းရဲ့နာမည်ကြီးတွေလာစုနေတာပဲ"

လို့ tommyကအော်တယ်၊၊ဟုတ်တယ်လေ ဒီပွဲမှာရောက်နေတဲ့ လူတွေက ကျွန်မတို့လေးယောက်အပြင် jake,ဆူးယောင်း,Nacy,နာယွန်းပါရောက်နေတာကို

ပင်ပေါင်ဆော့ဖို့လူစုခွဲကြတယ် ကျွန်မနဲ့ယောင်းတဲ့လေ ဘယ်လိုရေစက်လဲ တော်သေးတယ် ပြိုင်မသောက်ရလို့
ယောင်းနဲ့ nacyပြိုင်သောက်ရမှာတဲ့

ယောင်းကခွက်များနေပေမယ့် ၊၊Nacyက ခပ်မူးမူးဖြစ်လာပြီ၊၊နောက်ဆုံး အခွက်ရေ များပြီး မူးနေတာက ၂ယောက်စလုံးပဲ၊၊ သူတို့၂ယောက်ကို ကျမနဲ့ ဆူးအေးဆေးထိုင်ခိုင်းရတယ်၊၊ယောင်းက အမူးကြီးမဟုတ်ပါဘူး၊၊Nacyကတော့ မှောက်နေပြီ၊၊

"ယောင်းရရဲ့လား ၊၊သွားကမလို့"

ယောင်းက ခပ်ကျယ်ကျယ်နဲ့ သူမမူးဘူး သွားကမယ်ဆိုတဲ့အကြောင်းပြောနေလေရဲ့၊၊ ဓာတ်ပုံရိုက်ပြီး igပေါ်တင်တဲ့အဖွဲ့ကသက်သက်၊၊ကနေတဲ့အဖွဲ့ကသက်သက်၊၊ကျမတို့၂ယောက်ကလည်းသောက်ထားတယ်ဆိုပေမယ့် ကကောင်းအောင်သောက်ထားတာပါ၊၊ဆူးကတဲ့နားမှာ ကောင်လေးတွေပါရောနေတယ်၊၊ဂျိမ်းက ဆူးကိုကာပြီးကပေးနေလေရဲ့၊၊

"ဆူးကျမနဲ့တွဲကမလား"

"အိုးရတာပေါ့ ဂျိမ်း"

"ဆူးဒီနေ့ အရမ်းလှတယ်"

"ဂျိမ်းလည်း မိုက်နေတယ်၊၊ဘီယာသောက်သွားတာဆရာကျတယ်နော်၊၊"

"ဟား ဟား အဲ့လောက်မဟုတ်ပါဘူး ဆူးရဲ့ ၊၊လီဆာနဲ့ယောင်း ဘယ်ရောက်သွားလဲမသိဘူး၊၊"

"ထားလိုက်ပါ ယောင်းကိုလီဆာထိန်းလိမ့်မယ်၊၊လီဆာကယောင်းလောက်မမူးဘူး"

"ဟုတ်ပါပြီ "

လီဆာက ယောင်းကိုစိတ်မချလို့၊၊ယောင်းဘက်ကိုကပ်ပြီး ကနေတယ်၊၊ယောင်းလည်းသတိသွားမိသွားဟန်ဖြင့်

"ဟေ့ လီဆာ၊၊coatကို အသစ်ပဲဝယ်ပေးတော့မယ်နော်၊၊ယောင်းလုပ်လိုက်တာ ပေသွားလို့ sryကွယ်၊၊"

"ရပါတယ် ယောင်း ဝယ်မပေးပါနဲ့၊၊ယောင်း ဖြေး"

လီဆာစကားမဆုံးခင် လီဆာရဲ့ခါးကို ယောင်း လက်ဖြင့်ဖက်လိုက်၍လီဆာ ရင်ခုန်သွားလေရဲ့

"လီဆာရဲ့ရင်အုပ်ကြီးကျယ်လိုက်တာ"

"မူးနေပြီလား သွားထိုင်ကြမလား"

လီဆာခပ်လန့်လန့်ရယ်ပါ၊၊ယောင်းကလီဆာရင်ခွင်ထဲကိုခေါင်းကပ်လိုက်၍ လီဆာ ရဲ့ရင်ခုန်သံကို ကြားသွားမှာ သိပ်စိုးရိမ်ရပါတယ်၊၊

"မထိုင်ပါဘူး ဒီတိုင်းလေးကနေချင်လို့"

"အ အင်းဟုတ်ပြီလေ"

"လီဆာရဲ့ကိုယ်သင်းနံက မွှေးသား ဒီနေ့ဝတ်လာတဲ့ပုံကို အရမ်းကြိုက်တယ် ကျားယားနေတယ် လီဆာ"

"ကျေး ကျေးဇူးပါ ယောင်း၊၊ယောင်းလည်းအရမ်းလှနေတယ်"

ဆူးလှမ်းကြည့်လိုက်တော့ ပွဲကျနေတဲ့ ယောင်းနဲ့လီဆာ ၊၊ဒါဆိုလီဆာသဘောကျတာ ယောင်းများလား မယ်လီဆာ ၊၊
ဆူးပြုံးပြီး ဂျိမ်းနဲ့ပဲ သောက်လိုက် ကလိုက်လုပ်လိုက်တယ်၊၊

ပွဲပြီးချိန်မှာတော့ ၁နာရီမှာ အိမ်ကိုပြန်ကြတယ် ယောင်းလည်းအတော်ပိုမူးနေပြီမို့ ဂျိမ်းပြန်ခေါ်သွားရတယ်၊၊ဂျိမ်းကတော့  ဆူးနဲ့အသေချာကခဲ့‌ရတယ်၊၊ယောင်းကမူးပြီး ပေါက်ကရတွေထွက်သွားခဲ့တယ်၊၊ လီဆာကလည်း ပျော်ရဲမပျော်ရဲပါ ၊၊အမူးသမားစကားက မယုံရဲဘူးလေ၊၊ဒီည flirtခံလိုက်ရလို့ ပူထူနေတာက ဆူးမဟုတ်ပဲလီဆာဖြစ်နေတယ်၊၊

Erick379

28.9.2023(publish)

ချစ်ခြင်းများစွာဖြင့်💛
(အခု lisa, rose,jisoo,jennieတို့ရဲ့ Height တွေကို မူလရှိရင်းထက် ပြင်ဆင်ထားပါတယ်၊၊)

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

2.9K 257 9
ရေလှိုင်းသံတွေနဲ့ သာယာလွန်းလှတဲ့ရာသီဥတု မျက်နှာကိုလာတိုက်ခတ်တဲ့ လေပြေနုလေးတွေ အဓိက ကတော့ ကျွန်မ ၇နရက် လုံးလုံး ငေးမောခွင့်ရ စွဲလမ်းခွင့်ရခဲ့တယ့် ချယ်...
37.9K 2.2K 16
people says 'don't judge a book by it's cover, kyu samajh nhi aaya chalo aur ek clue deti hu yaha jo jaisa dikhta he waisa he nhi aur jaisa he waisa...
1.3M 52.6K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
784K 17.6K 46
In wich a one night stand turns out to be a lot more than that.