Part-2

113 11 2
                                    

လီဆာတို့နဲ့လည်း clubနောက်ဆုံးညပြီးသွားထဲက မတွေ့ဖြစ်တာခုထက်ထိပါပဲ၊၊ယောင်းလည်း လီဆာကိုမတွေ့ရဲပါဘူး ၊၊ရှက်နေသလားပဲ၊၊အရင်က မိန်းမတိုင်းနဲ့မဟုတ်ပေမယ့် ဂျိမ်းနဲ့ဤကဲ့သိုထိတွေ့ဖူးခဲ့သည်၊၊သို့ပင် မည်မျှ ၊၊အသေးအမွှားလေးကအစ ရှက်နေချင်းမရှိပေ၊၊ယောင်းစိတ်တော့ ဂျိမ်းက သူငယ်ချင်းမို့လို့သာဖြစ်မည်ထင်မိပါသည်၊၊ ယောင်းတစ်ပတ်လုံးမတွေ့ရတော့အနည်းငယ်၊၊အင်း အနည်းငယ်ထက်တော့ ပိုပြီး သတိရမိပါသည်၊၊လီဆာက Eco major ယောင်းက Civil ဆိုတော့ ရထားတစ်လမ်း သံတစ်လမ်းပင် မတွေ့ဖြစ်ကြပါ၊၊ဂျိမ်းက ယောင်းနှင့်majorတူပေမယ့် janeကဂီတကို အထူးပြုmajorယူထားသည်၊၊ဆူးကတော့ Eco- Technology ဘာသာရပ်ကိုယူထားသည်၊၊

ယောင်းရဲ့စိတ်အစဥ်သည်၊၊လီဆာထံတွင်သာရောက်နေ၍ ယောင်းကိုယ့်ကိုယ်ကိုယ်တောင် သံသယဝင်လာမိသည်၊၊ယောင်းက lesbian လား၊၊မဟုတ်သေးပါဘူး၊၊မဖြစ်နိုင်ဘူး၊၊ဟု တစ်ယောက်ထဲသာ အတွင်တွင်ခေါင်းခါနေမိသည်၊၊

တီ ..တီ

ကားဟွန်းသံကြားရဲ့ ယောင်းပြတင်းမှန်ကကြည့်မိရာ၊၊

"ဂျိမ်း စောစောစီးစီး "

ယောင်းစိတ်ထဲ တစ်မျိုးဖြစ်သွားရသည်၊၊ဂျိမ်းသည် သူမတို့အိမ်ကို အလာနည်းပါသည် ၊၊အထူးသဖြင့် မနက်ပိုင်းကို မလာဖူးပါ၊၊ဂျိမ်းရဲ့ဖွားဖွားက မြန်မာဆိုတော့ ရှေးဆန်တယ် ၊၊မနက်ပိုင်း အိမ်လည်တာကို မကြိုက်ပေ၊၊ဂျိမ်းက အဖွားချစ်လေး ဖြစ်ပေမယ့် အဝတ်အစားပိုင်းက သူ့စိတ်ကြိုက်သာ သူဝတ်ဆင်ပါသည်၊၊ဂျိမ်းက သမီးလိမ္မာလေးတစ်ယောက်ဟု သူမ ဖွားဖွားကအမြဲပြောလေ့ရှိသည်၊၊ယောင်းကတော့မထင်၊၊

ဒေါက် ဒေါက်
"ယောင်း ယောင်း အခုတံခါးဖွင့်၊၊ငါအရေးကြီးပြောစရာရှိလို့၊၊"

ယောင်းလည်းအတွေးထဲမျောနေရာကနေ ဂျိမ်းရဲ့အသံကြောင့် သတိဝင်သွားပြီး၊၊တံခါးဖွင့်ပေးလိုက်သည်၊၊

ဂျောက်

"ဝင်ခဲ့၊၊ဘာဖြစ်လာသလဲ ၊၊ငါကဘုရားနောက်တစ်ဆူပွင့်ပြီထင်တာ၊၊"

"ယောင်း ၊၊ငါနင့်ကိုအရေးကြီးပြောမလို့၊၊ငါဖုန်းထဲကပြောရင် မလေးနက်လို့၊၊"

Queens 's Love storyWhere stories live. Discover now