အပိုင်း (၅၂) ထူးဆန်းတဲ့ မိန်းကလေး
ဆောင်းတွင်းက လျင်မြန်စွာဖြင့် ကုန်ဆုံးသွားသည်။
ညအချိန်ရောက်လာသောအခါ အေးစက်နေတတ်သေးသော်လည်း သူမက အိပ်ပျော်သွားပြီးသည့်နောက်တိုင်း ဘာကိုမှ မခံစားမိတော့ချေ။ သို့သော် မနက်ပိုင်း နိုးထလာသောအခါ အရိုးကွဲမတတ်အေးစိမ့်သော ခံစားချက်နှင့်အတူ ကျောင်းသို့ ဦးတည်ရပြန်သည်။
နေ့တိုင်းလိုလို သူမက အတန်းသို့ ရောက်သည်နှင့် ရှီချီ၏ လက်ကို ဆုပ်ကိုင်လိုက်လေ့ရှိသည်။ သူမကသာ သူ့ကို အိမ်သို့ခေါ်သွားနိုင်မည်ဆိုလျှင် ချက်ချင်းလိုလို မေးခွန်းထုတ်စရာပင် မလိုလောက်အောင် တန်းလုပ်လောက်သည်။
သူမက စနစ်ကို သူမ ထွက်သွားရမည့်အချိန်ကို မေးမြန်းသော်လည်း စနစ်က အချိန်အချို့ကျန်သေးသည်ဟု ဆိုလာသည်။
နင်မုန့်က အိတ်ထဲသို့ သကြားလုံးများထည့်ပြီး အတန်းသို့ နေ့တိုင်းဦးတည်ပြီး တစ်ဝက်ကို ရှီချီကို ခွဲပေးသည်။ သူက တစ်ခုမှဖောက်စားခြင်းကို မမြင်ရသည့်တိုင်အောင် အမြဲတစေ လက်ခံလေသည်။
စာသင်နှစ် ဒုတိယနှစ်ဝက်စတင်သောအခါ နွေဦးက နီးကပ်နေပြီဖြစ်သည်။ နင်မုန့်ကမူ အတန်ငယ် ခံစား၍ ကောင်းလာသလို ခံစားရသည်။
သူမ၏ ကိုယ်ထဲသို့ ယင်လေများ ဝင်ရောက်ပြီးချိန်ကစပြီး ပြင်းထန်သည့် အအေးဓာတ်နာကျင်မှုကို ခံစားနေရလေရာ ဆောင်းတွင်းတစ်ခုလုံး စောင်အောက်တွင်သာ အချိန်ဖြုန်းခဲ့ရသည်။
လျန်ဖုန်းမိန်က အပြင်သို့ ထွက်ရန် မကြာခဏ ခေါ်သော်လည်း သူမကို စိုးရိမ်နေသေးပြီး အိမ်အလုပ်တစ်ခုမျှပင် လုပ်ခိုင်းခြင်းမရှိဘဲ ရေနွေးအိတ်ကိုသာ ဖက်ခိုင်းထားသည်။
သူမက အိမ်စာလုပ်သည့်အချိန်တွင်ပင် ရေနွေးအိတ်ကို တောက်လျှောက် သယ်ထားရသည်။ ထို့ကြောင့် နေ့ရက်တိုင်းလိုလို ရှီချီ၏ လက်ကို လွမ်းနေရတော့သည်။
ကျောင်းစပြီး သိပ်မကြာခင်အချိန်တွင်ပင် သူတို့က နွေရာသီအတန်းအချိန်ဇယားနောက်လိုက်ရသည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲက နီးကပ်လာနေသဖြင့် သူတို့အနေဖြင့် အတန်းကို စောစောတက်ရပြီး ညပိုင်းနောက်ကျသည်အထိ ပြန်လည်လေ့ကျင့်ခန်းများ လုပ်ရလေရာ ကျောင်းမှ ၉နာရီ ၅၀ခန့်မှသာ ဆင်းရသည်။ ပုံမှန်အတိုင်း နင်မုန့်က သူမ၏ ထိုင်ခုံအသိုက်နေရာလေးကို ရှာလိုက်နိုင်သည်။
အိမ်မှ ကျောင်းသို့ ဒီမနက် လမ်းလျှောက်သွားစဉ်တောက်လျှောက် ရှီချီ၏ အရိပ်ကို မမြင်ခဲ့ရချေ။ ယခင်က ဆိုလျှင် သူက သူမထက် စောစော ရောက်နေလေ့ရှိသည်။ ယခု ကျောင်းထဲသို့ ရောက်ရောက်ချင်း သူ့ကို မမြင်ရခြင်းက သူမကို အံ့ဩသွားစေသည်။
သူက ဒီအတိုင်း နောက်ကျသည်ဟု သူမက ထင်ခဲ့သော်လည်း မိနစ်လေးဆယ်ခန့် ကြာသွားပြီး သို့မဟုတ် မနက်ခင်းနှစ်တန်းခန့် ကုန်လွန်သွားပြီးသည့်တိုင်အောင် ရှီချီက ရောက်မလာခဲ့ချေ။ သူ၏ ထိုင်ခုံက လွတ်နေသည်။
နင်မုန့်က ဘေးသို့ မကြာခဏကြည့်နေသဖြင့် ချုံခယ့်ခယ့်က အာရုံစိုက်မိသွားသည်။
ချုံခယ့်ခယ့်က အတန်ငယ် တွေးတောပြီးမှသာ သတိပေးလိုက်သည်။
"ကြည့်ရတာ သူက အိမ်ရောက်တော့ အဖျားတက်သွားတယ်လို့ ကြားတယ်၊ ဒါကြောင့် ကျောင်းမလာတာ ဖြစ်လောက်တယ်၊ ရုံးခန်းထဲမှာ အတန်းပိုင်ဆရာမ ပြောနေတာ ငါ ကြားလိုက်တယ်"
သူမက မနက်ပိုင်း အတန်းပြီးတိုင်း ဘာသာရပ်အသီးသီးကိုယ်စားပြုက အိမ်စာများကို ကောက်ပြီး ရုံးခန်းသို့ သွားပို့ပေးရသည်။ ထိုနေရာတွင် အိမ်စာများကို ထားခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေဟန်တူသော အတန်းပိုင်ဆရာမ၏ စကားကို ကြားလိုက်ခြင်းလည်း ဖြစ်သည်။
နင်မုန့်က အံ့ဩသွားသည်။
"သူက ဖျားတတ်တာလား"
ချုံခယ့်ခယ့်က ရယ်ပြီး ပြန်ဖြေလိုက်သည်။ သူမ၏ မျက်နှာလေးကို ဆိတ်ဆွဲလိုက်သည်။
"ရှီချီကလည်း လူပဲလေ၊ သူဖျားတာက ပုံမှန်ပါပဲ၊ သူ့ကို ဘယ်သူလို့ ထင်နေလို့လဲ"
သူမ၏ စကားကို ကြားသော နင်မုန့်က သူမကို အမှန်တိုင်းမပြောနိုင်တော့ဘဲ ရယ်လိုက်ရသည်။
"သူက ဒီအတိုင်း မျှမျှတတ ကျန်းမာရေးကောင်းတယ်လို့ ထင်တာပါ"
"သူက ကျန်းမာရေးကောင်းတယ်လို့ ထင်ရတယ်ဆိုရင်တောင်မှ အအေးမိတတ်တာပဲ"
ချုံခယ့်ခယ့်က ထိုသို့ ပြောပြီးနောက် တစ်ဖက်သို့လှည့်သွားကာ ပစ္စည်းများကို သပ်သပ်ရပ်ရပ်စီသည်။
"နင်က ဒီနေ့ ညဂျူတီကျတယ်၊ မမေ့နဲ့"
ကျောင်းသူကျောင်းသားများကို လေ့ကျင့်ပေးရန် အလို့ငှာ အတန်းပိုင်ဆရာက ကျောင်းသူတစ်ယောက်ကို အတန်း၏ သန့်ရှင်းရေးအတွက် ဂျူတီချပေးသည်။ သို့သော် များများစားစား လှည်းကျင်းစရာလည်း ရှိမနေခဲ့ပေ။ ပို၍ဆိုးသည်မှာ လူတိုင်းက ကိုယ့်နေရာကိုယ် သန့်ရှင်းရေးလုပ်တတ်သဖြင့် အလုပ်မရှုပ်တော့ချေ။ မဟုတ်လျှင်လည်း သူတို့က အမှတ်အနုတ်ခံရမည် ဖြစ်သည်။
ရာသီဥတုက အေးလာသောအခါ ဂျူတီအတိုင်း လုပ်သောသူက ရှားသည်။ ယခုအခါ ဒုတိယနှစ်ဝက်ဖြစ်လာပြီး နွေရာသီလည်း ရောက်လာသဖြင့် အတန်းပိုင်ဆရာမက ထိုကိစ္စကို ပြန်ထည့်ပြောလာခြင်းလည်း ဖြစ်သည်။
နင်မုန့်က ယခင်အချိန်များက အအေးကို ကြောက်နေကတည်းက လူအချို့က သူမ၏ ကိုယ်စား ဂျူတီနေရာ ဝင်ယူပေးလေ့ရှိသည်။ သူမက ဆက်လက်ပြီး တာဝန်ယူရန် ငြင်းဆန်နေမည်ဆိုလျှင် သူမအပေါ် အမြင်ကောင်းရှိကြတော့မည်မဟုတ်ချေ။
နင်မုန့်က ခေါင်းညိတ်လိုက်သည်။
"ငါ သိပါတယ်"
ကျောင်းပြီးသွားနောက် မိနစ်အနည်းငယ် အချိန်ယူရုံဖြင့် သန့်ရှင်းရေးက ပြီးသည်။ ထို့နောက် အမှိုက်ကျန်မကျန် စစ်ဆေးရသည်။
မီးများပိတ်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်ပြီးနောက် သူခိုးလေးများက ဘာကိုမှ လာခိုးနိုင်မည်မဟုတ်ကြောင်း သေချာသွားစေလိုက်ရသည်။
သူမအနေဖြင့် အတန်းထဲသို့ သူခိုးများ ဝင်ပြီး ပစ္စည်းများကို ကျူးကျော်ကာ မခိုးယူနိုင်အောင် သေချာစေရမည်ဖြစ်သည်။
ချုံခယ့်ခယ့်က မေးသည်။
"ငါ နင့်ကို အဖော်လုပ်ပေးဖို့ လိုသေးလား"
နင်မုန့်က ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး၊ ဒီအတိုင်း သန့်ရှင်းဂျူတီကျတာပဲ၊ ငါ ခဏလောက် ဟိုလှည်းဒီလှည်းလုပ်လိုက်ရင် ပြီးသွားမှာ၊ ဒါ့အပြင် နင့်ရဲ့ အိမ်က ဝေးတယ်မဟုတ်ဘူးလား၊ ငါ့ရဲ့အိမ်က ဒီကျောင်းရှေ့တင်ပဲ၊ အရမ်းကြီးမဝေးဘူး"
ချုံခယ့်ခယ့်က ဆက်ပြောမနေတော့ချေ။
နင်မုန့်ကလည်း ရှီချီက အဖျားမရှိနိုင်ဟု တွေးခဲ့မိသည်။ သို့သော် အဆုံးတွင်မူ သူက တစ်နေ့လုံး ကျောင်းသို့ မလာခဲ့ချေ။
တနေ့လုံးလွတ်နေသော ခုံကို မြင်ရသောအခါ သူမက မသက်မသာ ဖြစ်လာသည်။ ပို၍အရေးကြီးသည်မှာ သူမ၏ အနွေးဓာတ်လက်က ပျောက်ဆုံးသွားသည်။ ထိုအရာက သူမကို မသက်မသာ ဖြစ်စေသည်။ နွေဦးရာသီရောက်နေသည့်တိုင်အောင် ဆောင်းတွင်းထက် အခြေအနေ ပိုကောင်းသွားသော်လည်း သူမက အနည်းငယ် အေးစက်မှုကို ခံစားနေရသေးသည်။
ညနက်ပိုင်းအတန်းချိန်က ပြီးဆုံးကြောင်း ခေါင်းလောင်းသံက ထွက်လာသောအခါ သူမက မနေနိုင်တော့ဘဲ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ သူမ၏ မျက်နှာကို ခုံတွင် အပ်လိုက်တော့သည်။
ချုံခယ့်ခယ့်က လွယ်အိတ်ကို လွယ်လိုက်ပြီးသည့်အချိန်မှာတင် သူမ၏ သနားစရာ ပုံပန်းသွင်ပြင်လေးကို မြင်လိုက်ပြီး မနေနိုင်တော့ဘဲ အနားကပ်လာကာ မေးသည်။
"ဘာဖြစ်လို့လဲ၊ နင် အထီးကျန်နေတာလား၊ နင့်ရဲ့ အတန်းဖော်မရှိလို့ ဝမ်းနည်းနေတာလား"
နင်မုန့်က စိုက်ကြည့်သည်။
"ဘာပြောတာလဲ၊ နောက်ကျနေပြီ၊ နင် အိမ်ပြန်တာကောင်းမယ်"
နွေရာသီအချိန်ဇယားက ပြောင်းလဲသွားပြီဖြစ်ပြီး သူတို့၏ ညပိုင်းလေ့ကျင့်ခန်းလုပ်ချိန်က တိုးသည်ထက် တိုးလာသည်။ အားလုံးသုံးတန်းပေါင်းသွားသော် ၉နာရီ ၅၀မှ ပြီးသည်။ အချိန်ထပ်ဆွဲနေမည်ဆိုလျှင် ၁၀ နာရီ ထိုးသွားပေလိမ့်မည်။
ချုံခယ့်ခယ့်က ပြန်ဖြေသည်။
"ဒါဆိုရင်လည်း ငါ သွားတော့မယ်၊ နင် ဂရုစိုက်ပြီး အိမ်ကို စောစောပြန်ဦး"
အတန်းထဲမှ လူအများက ထွက်သွားကြပြီဖြစ်သည်။ နောက်ဆုံးတစ်ယောက်က ထွက်သွားပြီးသောအခါ နင်မုန့်က တစ်ခုံချင်းစီမှ အမှိုက်များကို စတင်လှည်းကျင်းသည်။ ကံကောင်းစွာဖြင့် လူအများစုက သပ်သပ်ရပ်ရပ်လုပ်ထားပေးခဲ့သည်။ ကိုယ့်အမှိုက်ကိုယ် အမှိုက်ပုံးထဲသို့ ပစ်ခဲ့ကြသည်။
တစ်တန်းလုံးကို စစ်ဆေးပြီးနောက်တွင် စက္ကူလုံးတစ်လုံး၊ နှစ်လုံးခန့်ကို ရှာတွေ့လိုက်သည်။ သူမက ကောက်ယူပြီးနောက် အမှိုက်ပုံးထဲသို့ ထည့်သည်။
နင်မုန့်က အမှိုက်အိတ်ကို ချည်နှောင်ကာ သန့်ရှင်းရေးလုပ်နေရင်း စနစ်နှင့် စကားပြောကာ အတန်းအပြင်ဘက်သို့ ထွက်လိုက်သည်။ ထို့နောက် အမှိုက်ကန်ကြီးထံသို့ ဦးတည်လိုက်သည်။
စာသင်ခန်းအများအပြား၏ အပြင်ဘက် မီးမှိတ်ထားကြပြီဖြစ်ပြီး အမှောင်ထုကသာ ကြီးစိုးနေသည်။
အမှိုက်ကန်ကြီးကလည်း sensor အလင်းသာ ဖွင့်ထားသော အိမ်သာ၏ ဘေးတွင် ဖြစ်သည်။ မည်သူကမှ မရှိနေကတည်းက ထိုထောင့်ချိုးနေရာတွင် မီးမဖွင့်ထားချေ။ ထို့ကြောင့် ဘေးဘက်မှ သစ်ပင်အရိပ်များက အုံ့ဆိုင်းနေလေရာ မှောင်မည်းနေလေတော့သည်။
နင်မုန့်က ထိုနေရာသို့ တစ်ချက်ကြည့်လိုက်ပြီး လမ်းလျှောက်သွားသည်။ စိတ်ထဲတွင်မူ တုန်လှုပ်ခြောက်ခြားနေပြီဖြစ်သည်။ သူမက အလျင်စလို သူမကိုင်လာသည့် အမှိုက်အိတ်ကို အမှိုက်ကန်ကြီးထဲသို့ ထည့်လိုက်သည်။ ထို့နောက် ခေါင်းကို မေ့ာလိုက်ပြီးနောက် တစ်ဖက်ခြမ်းတွင် ရပ်နေသော မိန်းကလေးကို တွေ့လိုက်ရသည်။
ထိုမိန်းကလေးက သူမကို မကြည့်နေချေ။ ခေါင်းကို ငုံ့လျက် ထိုနေရာတွင် ဒီတိုင်း မျက်နှာသေဖြင့် ရပ်နေသည်။ သူမ၏ ဆံပင်ရှည်ကြီးများက မျက်နှာတစ်ဝက်ကို ဖုံးနေပြီး မျက်နှာကို ခပ်ယေးယေးသာ မြင်ရသည်။
နင်မုန့်က အနားသို့ မကပ်သွားရဲဘဲ ဘေးဘက်ရှိ စာသင်ခန်းဘက်သို့သာ အလျင်စလို သွားသည်။
ကံကောင်းစွာဖြင့် သူမ၏ အခန်းဘက်တွင် မီးများဖွင့်ထားသေးသလို လျှောက်လမ်းတွင်လည်း မီးများက ရှိသည်။ ထို့ကြောင့် သူမက စိတ်အေးသွားတော့လေသည်။
သူမက ခေါင်းမော့ကာ ထိုကောင်မလေးကို ပြန်လှည့်ကြည့်လိုက်သောအခါ ထိုကောင်မလေးက မရှိတော့ကြောင်း မြင်လိုက်ရသည်။ အမှိုက်ကန်ဝန်းကျင်က ပြောင်ရှင်းနေသည်။ ထိုနေရာက အလွန်မှောင်နေသောကြောင့် သူမက ကောင်မလေးကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရချေ။
နင်မုန့်က နှုတ်ခမ်းကို ကိုက်ပြီးနောက် စနစ်ကို ပြောသည်။
"အဲ့ဒီတစ်ယောက်က သရဲလား"
စနစ်က အချိန်အတန်ကြာမှသာ ပြန်ဖြေသည်။
"လူဖြစ်လောက်တယ်၊ ငါ အပေါ်က လူတွေကို သွားမေးလိုက်ဦးမယ်၊ ငါ ဒီကောင်မလေးကို တစ်ခါမှ မမြင်ဖူးဘူး"
နင်မုန့်က တိတ်ဆိတ်နေသေးသည်။
ထိုလူက လူဟုတ်မဟုတ် သူတို့ကသာ ဆက်လက်ပြီး ငြင်းခုံနေရသည့်အတွက် သူမ၏ ခံစားချက်က ပို၍ဆိုးရွားလာပြီး တုန်လှုပ်ချောက်ချားလာတော့သည်။
ထိုမိန်းကလေးက ထူးဆန်းသည်ဟု ခံစားမိသော်လည်း ထိုတစ်ယောက်က လူဖြစ်ပြီး အချို့သော ပြဿနာများရှိသောကြောင့်သာ အတန်းထဲသို့ ပြန်သွားသည်ဟု တွေးလိုက်သည်။
ပြတင်းပေါက်များကို ပိတ်လိုက်ပြီးနောက် သူမက မီးကိုလည်း မှိတ်လိုက်သည်။
မီးများအားလုံးပိတ်ပြီးသောအခါ လျှောက်လမ်းတစ်ခုလုံးက မည်းမှောင်သွားသည်။ နင်မုန့်က ဖုန်းမီးကို သုံးပြီး သူမ၏ ရှေ့ရှိမြင်ကွင်းကို လင်းသွားစေလိုက်သည်။ သူမက နောက်သို့ ပြန်လှည့်ကာ တံခါးကို သော့ပိတ်သောအခါ သူမ၏ အနောက်တွင် လူတစ်ယောက်ရှိသလိုမျိုး အရိပ်ကြီးက နံရံတွင် ပေါ်နေကြောင်း တွေ့လိုက်ရသည်။
သူမက လန့်လွန်းသဖြင့် ထခုန်ချင်သွားသည်။ သူမက တုန်ယင်စွာဖြင့် ခေါင်းကိုလှည့်လိုက်သည်။
ရှီချီပဲ။
သူက သူမ၏အနောက်တွင် ရပ်နေသည်။ သူက အလွန်အရပ်ရှည်သဖြင့် သူ၏ အရိပ်က သူမ၏ ကိုယ်ပေါ် မိုးကျနေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်က ပို၍တောက်ပသလို ဖြစ်သွားသည်။
သူ၏ နှုတ်ခမ်းပေါ်တွင် ရှည်သွယ်ကာ ဖြူဖွေးသော လက်ညှိုးတစ်ချောင်းရှိနေပြီး အဆစ်များကလည်း သိသိသာသာထင်ရှားက ပုံပန်းတကျရှိနေသည်။ အပြင်ပန်းသွင်ပြင်ကလည်း ချောမွေ့ကာ ကြည့်ကောင်းနေပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လူတစ်ယောက်က အကြည့်လွှဲရန် ခက်ခဲသွားပေလိမ့်မည်။
နင်မုန့်က သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ခေါင်းကို မော့ကာ မေးလိုက်သည်။
"နင် ညလယ်ခေါင်ကြီး ဒီနေရာကို ဘာလာလုပ်နေတာလဲ၊ နင် ဖျားနေတာ အိမ်မှာ ကုသမှုခံယူနေသင့်တာ မဟုတ်ဘူးလား"
သူတို့နှစ်ယောက်ကြားရှိ အရပ်ကွာခြားချက်က အလွန်ကြီးသည်။ သူတို့က အတူရပ်လိုက်သောအခါ သူမက သူ၏ မေးစေ့နားထိသာ ရောက်သည်။ ထို့ကြောင့် သူ၏မျက်နှာကို ကြည့်ရန် ခေါင်းအလွန်မော့ရသည်။ ရှီချီက မထူးခြားနားသလို ပြန်ဖြေသည်။
"ငါ့ရဲ့စာအုပ်တွေ လာယူတာ"
သူ၏ အသံက အနည်းငယ် ဩရှနေပြီး သူက အအေးမိထားကြောင်းကို အတည်ပြုပေးသလို ဖြစ်သွားခဲ့သည်။
နင်မုန့်က တံခါးကို တွန်းဖွင့်လိုက်ပြီး မီးပြန်ဖွင့်လိုက်သည်။
"ငါ တံခါးကို သော့မခတ်ရသေးဘူး မြန်မြန်သွားယူလိုက်"
သူမက ဝင်ပေါက်တွင် စောင့်နေချိန်တွင် ရှီချီကမူ သူ၏ ထိုင်ခုံနေရာသို့ သွားပြီး စာအုပ်နှစ်အုပ်ကို သူ၏သွယ်လျ ရှည်လျားသော လက်များဖြင့် ဆွဲထုတ်လာသည်။
သူက ခန္ဓာကိုယ် ပြန်မမတ်နိုင်ခင်မှာတင် အခန်းထဲရှိ မီးများက ပိတ်သွားသည်။
ရှီချီ၏ မျက်လုံးအရှေ့ရှိ မြင်ကွင်းက မှောင်သွားသည်။ ရှီချီ၏ အကြည့်ကမူ ပြောင်းလဲသွားခြင်း မရှိဘဲ ထိုနေရာတွင် မတ်တပ်ပြန်ရပ်လိုက်ပြီး အမှောင်ထဲတွင် အရာအားလုံးကို ထင်ထင်ရှားရှား မြင်နိုင်သလိုမျိုးသာ ပြုမူသည်။ စက္ကန့်အနည်းငယ်ထဲနှင့် သူက အခန်း၏ အပေါက်ဝထံရောက်လာသည်။
နင်မုန့်၏ မျက်ဝန်းက အမှောင်နှင့် ကျင့်သားရအောင် လုပ်နေရသေးသည်။ သူမက ဘာကိုမှ မမြင်နိုင်ချေ။ တခဏခန့် မျက်တောင်တဖျပ်ဖျပ် ခတ်ပြီးမှသာ လက်ဆန့်ထုတ်လိုက်ပြီး နံရံကို စမ်းကြည့်ကာ ခလုတ်ကို ဖွင့်လိုက်သည်။ ခလုတ်ကို အကြိမ်အနည်းငယ် ဖွင့်လိုက်သော်လည်း မထူးခြားနားလာချေ။
"အာ ဘာလို့ ပွင့်မလာတာလဲ"
သူမ၏ လက်ပေါ် နွေးထွေးသော လက်က ရောက်လာသည်။ ရှီချီက အတန်ငယ် လေးလံသော လေသံမျိုးဖြင့် ပြောလိုက်သည်။
"လူတစ်ယောက် ရှိနေတယ်"
နင်မုန့်က မတုန့်ပြန်နိုင်ခင်မှာတင် ရှီချီက သူမကို အခန်းထဲသို့ အတင်းဆွဲခေါ်သွားပြီး ဖုန်းမီးကိုလည်း ပိတ်လိုက်သည်။
သူမက စကားစပြောတော့မည့်အချိန်တွင် အပြင်ဘက် လှေကားထံမှလာသော ခြေသံများကို ကြားလိုက်ရသည်။ ခြေသံများက ဖျော့တော့ရုံသာမက အလျင်စလိုလည်း နိုင်သည်။
ရှီချီက နင်မုန့်ကို အတွင်းသို့ ဆွဲလိုက်ပြီး စာသင်သော စင်မြင့်ငယ်လေး၏ အောက်ဘက်ထဲထိုးထည့်သည်။ ထို့နောက် သူကိုယ်တိုင်ကလည်း ဝင်လိုက်သည်။ အတွင်းရှိ နေရာက အလွန်ကျယ်ပြီး ထိုနှစ်ယောက် ကောင်းကောင်းမွန်မွန် ထိုင်နိုင်လောက်အောင် အဆင်ပြေလေသည်။
သူ၏ ခြေတံရှည်များက ကွေးထားပြီး နင်မုန့်က လျှို့ဝှက်စွာ ချောင်းကြည့်လိုက်ပြီးနောက် သူက အင်အားကြီးကတည်းက မည်သည့်အတွက်ကြောင့် ဤနေရာတွင် ပုန်းနေသင့်ကြောင်း နားမလည်တော့ချေ။
အပြင်ရှိ ခြေလှမ်းသံများက သူတို့၏ အခန်းအပေါက်ဝရှေ့တွင် ရပ်သွားသည်။
လှေကားများကို တတိယနှစ်၏ ပထမအထပ်နှင့် ဒုတိယအထပ်ကို ခွဲခြားထားပေးခြင်းဖြစ်ပြီး အဓိကဝင်ပေါက်ထံရောက်နိုင်သလို လှေကားမှတဆင့် အောက်သို့ ဆင်း၍လည်း ရသည်။ ထိုလူလား သရဲလားမသိသောအရာက ဒီနေရာသို့ လာနေခြင်း ဖြစ်ရပေမည်။
နင်မုန့်၏ နှလုံးခုန်သံက ရုတ်တရက် မြန်ဆန်လာသည်။ သူမက မေးခွန်းထုတ်ချင်လိုက်သော်လည်း ရန်သူကို ထိတ်လန့်အောင် လုပ်လိုက်မိသလို ဖြစ်သွားမည်ကို စိုးရိမ်သည်။
လျင်မြန်စွာဖြင့် ခြေလှမ်းသံများက အပေါက်ဝရှေ့တွင် ရပ်သွားပြီးနောက် ပြန်မြည်လာပြန်သည်။ ဒီတစ်ကြိမ်တွင် နှေးကွေးလွန်းပြီး သတိကြီးကြီးထားလွန်းကာ အတွင်းသို့ လျှောက်ဝင်လာပြီး အဆုံးထိလာသည်။
ထို့နောက် တစ်နေရာရှေ့တွင် ရပ်သွားသည်။
နင်မုန့်က နားကို စွင့်ထားပြီး ပါးစပ်ကို လက်ဖြင့် အုပ်ထားကာ ရှီချီ၏ အဝတ်ကိုလည်း လက်တစ်ဖက်ဖြင့် ခပ်တင်းတင်း ဆွဲထားသည်။
ရှီချီက သူမ၏ လက်ထဲမှ အင်္ကျီကို ဆွဲထုတ်လိုသော်လည်း မထုတ်ပြန်နိုင်ချေ။ သူက သူ၏ နှုတ်ခမ်းထောင့်စွန်းများကတောင် အနည်းငယ် ကော့တက်သွားလျက် သူမ၏ လက်ထဲသို့ သကြားလုံးတစ်လုံးကို ထည့်ပေးလိုက်သည်။ အချိန်ကသာ အဆင်ပြေလျှင် သူမ၏ ပါးစပ်ထဲသို့ သကြားလုံးကို ထည့်ပေးလိုက်ချင်သေးသည်။
နင်မုန့်က အနည်းငယ် ကြောင်သွားသည်။ သူ ဘာလုပ်ချင်မှန်းနားမလည်သဖြင့် စိတ်ရှုပ်သွားသည်။ သို့သော် သူမက သကြားလုံးကို အိတ်ကပ်ထဲသို့ ထည့်လိုက်သေးသည်။ ထို့နောက် အသံမထွက်အောင် သတိထားလိုက်သည်။
ဝင်လာတာ လူဖြစ်လောက်တယ်။ဒါပေမယ့် ဒီလိုအချိန်ကြီးမှာ လာပြီး မီးကလည်း ရုတ်တရက် ပျက်သွားတယ်ဆိုကတည်းက ပုံမှန်မဟုတ်တော့ဘူး။
သူမက ခေါင်းလှည့်ကြည့်လိုက်သောအခါ စင်မြင့်အောက်ဘက်ခြမ်းတွင် အဟကြားလေးတစ်နေရာ ရှိကြောင်း တွေ့လိုက်ရသည်။
ထိုသို့ဖြင့် ကောင်လေးနှစ်ယောက်က ကိစ္စတစ်ခုကြောင့် ရန်ဖြစ်ကာ လုံးထွေးသတ်ပုတ်ကြရင်း ဒီစင်မြင့်ကို ပျက်စီးစေမိသွားသဖြင့် ပြင်ရန် တင်ပြထားသော်လည်း မပြင်ရသေးကြောင်း သတိရသွားသည်။
သူမက ရှီချီကို တံတောင်ဖြင့် တို့လိုက်လျက် တိတ်တဆိတ် အနားသို့ ကပ်သွားလိုက်ပြီး သူ၏ နားအနားသို့ ခပ်တိုးတိုး ပြောလိုက်သည်။
"နင် ဒီနေရာကနေ ကြည့်ရင် မြင်ရလိမ့်မယ်"
ရှီချီ၏ နားက ယားယံသွားသည်။ သူက နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်လိုက်မိသည်။
သူက မျက်နှာသေဖြင့် ရှိနေသေးကြောင်း မြင်သောအခါ နင်မုန့်က သူ့ကို ဂရုမစိုက်တော့ဘဲ အဟကြားနားသို့ သွားကပ်ကြည့်လိုက်သည်။
သူတို့နှင့် မျက်နှာချင်းဆိုင်တွင် အခန်းတစ်ခန်း ရှိနေပြီး မီးမဖွင့်ထားသဖြင့် အပြင်ဘက်ပြတင်းပေါက်မှတဆင့် ဖျော့တော့သော အလင်းရောင်က အခန်းထဲသို့ ဝင်ရောက်လာကာ ဝေဝါးသော ပုံရိပ်ကို ရှင်းရှင်းလင်းလင်း ပေါ်လာစေသည်။
သို့ရာတွင် အတန်းက အလွန်မှောင်မည်းနေလေသောကြောင့် ဖြစ်လောက်သည်။ ထိုလူက အလွန်ဂရုတစိုက်နိုင်ပြီး ခြေတစ်လှမ်းချင်းစီတိုင်း ဖြည်းဖြည်းချင်း လျှောက်သွားသည်။ သို့သော် သူ၏ ဆံပင်ရှည်များကနောက်တွင် လွင့်နေသည်။
သူမက အမှိုက်ပစ်တုန်းက တွေ့တဲ့ ကောင်မလေးပဲ။
နင်မုန့်က ကြောင်သွားသည်။ သူမက သူမ ရပ်နေသော နေရာကို အာရုံမစိုက်နိုင်ဘဲ ထိုကောင်မလေးက အတန်းထဲက ပြေးထွက်သွားသည်။ သူမ ခြေလှမ်းသံများက ဝေးကွာသွားသည်။
မိနစ်အနည်းငယ်ကြာပြီးမှ ရှီချီက ခြေထောက်ကို ပြန်ဆွဲထုတ်လိုက်ပြီး စင်မြင့်ထဲမှ ထွက်လိုက်သည်။ ထို့နောက် ထိုနေရာတွင် ပြန်ရပ်နေလိုက်သည်။
နင်မုန့်က အောက်ခြေတွင် ရှိနေသေးသည်။ သူမက လေသံတိုးတိုးဖြင့် မေးသည်။
"ငါ အခု ထွက်လို့ရပြီလား"
ရှီချီက စသလိုပြောသည်။
"သဘောပဲ"
နင်မုန့်က သူနောက်မှန်း ချက်ချင်းသိသွားသဖြင့် အပြင်သို့ ထွက်လိုက်ကာ သူ၏ ခြေထောက်နား လက်ဖြင့် ပုတ်လိုက်သည်။ ရှီချီက သူမကို ဆွဲထူပေးသည်။
သူမက ဝင်ပေါက်ထံသို့ ကြည့်လိုက်ပြီးသောအခါ မည်သည့်ပုံရိပ်ကိုမှ မမြင်ရတော့ချေ။
အမှိုက်ကန်မှ အချိန်ကို ပြန်တွေးလိုက်မိသည်။ ထိုအချိန်ကလည်း ထိုမိန်းကလေး၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသလို သူမ၏ အဝတ်အစားအရောင်ကိုလည်း အမှောင်ထဲတွင် ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ချေ။
ရှီချီက ရုတ်တရက် ဖုန်းကို ဖွင့်လိုက်ပြီးနောက် ကျောင်းအနောက်ဘက်ပိုင်းမှ စားပွဲတစ်ခုထံ လျှောက်သွားသည်။
သူက ဒီနေရာတွင် ရှိနေသောအခါ သူမ၏ သတ္တိကလည်း ကြီးသည်ထက်ကြီးလာပြီးနောက် သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"အဲ့ဒါ ဘယ်သူလဲ၊ ဘာလို့ ဒီလိုအချိန်ကြီးမှာ ငါတို့ရဲ့အတန်းကို လာတာလဲ၊ တစ်ခုခု အရှက်ရစရာကိစ္စများလုပ်ချင်လို့လား"
သူမက သူခိုးတစ်ယောက်လို ပြုမူသွားခြင်း ဖြစ်သည်။ တစ်ခုခုများ ခိုးသွားတာလား။
အဲ့ဒါနဲ့လည်း မတူပါဘူး။ ဒီလို ညအချိန်ကြီးမှာ သူခိုးခိုးချင်ရင် ပြတင်းပေါက်တွေကနေ ဖြတ်ဝင်လာသင့်တာပဲ။ ဘာလို့ လူရှိနေသေးတဲ့အချိန်မှာ လာခိုးရမှာလဲ။
ရှီချီကမူ မတုန့်ပြန်လာသဖြင့် နင်မုန့်က သူ့ကို တိတ်တဆိတ် ဆက်ပြောလာသည်။
"ငါ ဒီည ဂျူတီကျလို့ အမှိုက်သွားပစ်တုန်းက အဲ့ဒီနားမှာ ကြောက်စရာကောင်းတဲ့ ပုံစံမျိုးနဲ့ ရပ်နေတာကို တွေ့လိုက်ရတယ်"
သူတို့က လူတစ်ယောက်တည်း ဖြစ်လောက်သည်။ သို့သော် သူမ၏ မျက်နှာကို မမြင်ရပြန်ချေ။
ရှီချီက နောက်ပြန်လှည့်ပြီး ကြည့်လာကာ တည်ငြိမ်စွာပြောသည်။
"ခြေရာက ဒီနေရာမှာ ရပ်သွားတာ"
နင်မုန့်က ခြေဖျားထောက်လိုက်ပြီးနောက် အံ့အားတကြီးပြောသည်။
"ခယ်ခယ်ပဲ"
ဘာလို့ ဒီကောင်မလေးက ညလယ်ခေါင်မှ အတန်းထဲကို လာပြီး ချုံခယ့်ခယ့်ရဲ့ စားပွဲရှေ့မှာ ရပ်သွားတာလဲ။
တကယ်ပဲ ဘာလုပ်ချင်နေတာလဲ။
...
ငါ ငါ့ရဲ့အဝတ်ကိုတောင် ပြန်မဆွဲထုတ်နိုင်ဘူး။
ဒီသကြားလုံးရဲ့ အင်အားက အံ့ဩစရာပဲ။
ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း (၅၂) ထူးဆန္းတဲ့ မိန္းကေလး
ေဆာင္းတြင္းက လ်င္ျမန္စြာျဖင့္ ကုန္ဆုံးသြားသည္။
ညအခ်ိန္ေရာက္လာေသာအခါ ေအးစက္ေနတတ္ေသးေသာ္လည္း သူမက အိပ္ေပ်ာ္သြားၿပီးသည့္ေနာက္တိုင္း ဘာကိုမွ မခံစားမိေတာ့ေခ်။ သို႔ေသာ္ မနက္ပိုင္း ႏိုးထလာေသာအခါ အ႐ိုးကြဲမတတ္ေအးစိမ့္ေသာ ခံစားခ်က္ႏွင့္အတူ ေက်ာင္းသို႔ ဦးတည္ရျပန္သည္။
ေန႔တိုင္းလိုလို သူမက အတန္းသို႔ ေရာက္သည္ႏွင့္ ရွီခ်ီ၏ လက္ကို ဆုပ္ကိုင္လိုက္ေလ့ရွိသည္။ သူမကသာ သူ႔ကို အိမ္သို႔ေခၚသြားႏိုင္မည္ဆိုလွ်င္ ခ်က္ခ်င္းလိုလို ေမးခြန္းထုတ္စရာပင္ မလိုေလာက္ေအာင္ တန္းလုပ္ေလာက္သည္။
သူမက စနစ္ကို သူမ ထြက္သြားရမည့္အခ်ိန္ကို ေမးျမန္းေသာ္လည္း စနစ္က အခ်ိန္အခ်ိဳ႕က်န္ေသးသည္ဟု ဆိုလာသည္။
နင္မုန႔္က အိတ္ထဲသို႔ သၾကားလုံးမ်ားထည့္ၿပီး အတန္းသို႔ ေန႔တိုင္းဦးတည္ၿပီး တစ္ဝက္ကို ရွီခ်ီကို ခြဲေပးသည္။ သူက တစ္ခုမွေဖာက္စားျခင္းကို မျမင္ရသည့္တိုင္ေအာင္ အၿမဲတေစ လက္ခံေလသည္။
စာသင္ႏွစ္ ဒုတိယႏွစ္ဝက္စတင္ေသာအခါ ေႏြဦးက နီးကပ္ေနၿပီျဖစ္သည္။ နင္မုန႔္ကမူ အတန္ငယ္ ခံစား၍ ေကာင္းလာသလို ခံစားရသည္။
သူမ၏ ကိုယ္ထဲသို႔ ယင္ေလမ်ား ဝင္ေရာက္ၿပီးခ်ိန္ကစၿပီး ျပင္းထန္သည့္ အေအးဓာတ္နာက်င္မႈကို ခံစားေနရေလရာ ေဆာင္းတြင္းတစ္ခုလုံး ေစာင္ေအာက္တြင္သာ အခ်ိန္ျဖဳန္းခဲ့ရသည္။
လ်န္ဖုန္းမိန္က အျပင္သို႔ ထြက္ရန္ မၾကာခဏ ေခၚေသာ္လည္း သူမကို စိုးရိမ္ေနေသးၿပီး အိမ္အလုပ္တစ္ခုမွ်ပင္ လုပ္ခိုင္းျခင္းမရွိဘဲ ေရေႏြးအိတ္ကိုသာ ဖက္ခိုင္းထားသည္။
သူမက အိမ္စာလုပ္သည့္အခ်ိန္တြင္ပင္ ေရေႏြးအိတ္ကို ေတာက္ေလွ်ာက္ သယ္ထားရသည္။ ထို႔ေၾကာင့္ ေန႔ရက္တိုင္းလိုလို ရွီခ်ီ၏ လက္ကို လြမ္းေနရေတာ့သည္။
ေက်ာင္းစၿပီး သိပ္မၾကာခင္အခ်ိန္တြင္ပင္ သူတို႔က ေႏြရာသီအတန္းအခ်ိန္ဇယားေနာက္လိုက္ရသည္။
ေကာလိပ္ဝင္ခြင့္စာေမးပြဲက နီးကပ္လာေနသျဖင့္ သူတို႔အေနျဖင့္ အတန္းကို ေစာေစာတက္ရၿပီး ညပိုင္းေနာက္က်သည္အထိ ျပန္လည္ေလ့က်င့္ခန္းမ်ား လုပ္ရေလရာ ေက်ာင္းမွ ၉နာရီ ၅၀ခန႔္မွသာ ဆင္းရသည္။ ပုံမွန္အတိုင္း နင္မုန႔္က သူမ၏ ထိုင္ခုံအသိုက္ေနရာေလးကို ရွာလိုက္ႏိုင္သည္။
အိမ္မွ ေက်ာင္းသို႔ ဒီမနက္ လမ္းေလွ်ာက္သြားစဥ္ေတာက္ေလွ်ာက္ ရွီခ်ီ၏ အရိပ္ကို မျမင္ခဲ့ရေခ်။ ယခင္က ဆိုလွ်င္ သူက သူမထက္ ေစာေစာ ေရာက္ေနေလ့ရွိသည္။ ယခု ေက်ာင္းထဲသို႔ ေရာက္ေရာက္ခ်င္း သူ႔ကို မျမင္ရျခင္းက သူမကို အံ့ဩသြားေစသည္။
သူက ဒီအတိုင္း ေနာက္က်သည္ဟု သူမက ထင္ခဲ့ေသာ္လည္း မိနစ္ေလးဆယ္ခန႔္ ၾကာသြားၿပီး သို႔မဟုတ္ မနက္ခင္းႏွစ္တန္းခန႔္ ကုန္လြန္သြားၿပီးသည့္တိုင္ေအာင္ ရွီခ်ီက ေရာက္မလာခဲ့ေခ်။ သူ၏ ထိုင္ခုံက လြတ္ေနသည္။
နင္မုန႔္က ေဘးသို႔ မၾကာခဏၾကည့္ေနသျဖင့္ ခ်ဳံခယ့္ခယ့္က အာ႐ုံစိုက္မိသြားသည္။
ခ်ဳံခယ့္ခယ့္က အတန္ငယ္ ေတြးေတာၿပီးမွသာ သတိေပးလိုက္သည္။
"ၾကည့္ရတာ သူက အိမ္ေရာက္ေတာ့ အဖ်ားတက္သြားတယ္လို႔ ၾကားတယ္၊ ဒါေၾကာင့္ ေက်ာင္းမလာတာ ျဖစ္ေလာက္တယ္၊ ႐ုံးခန္းထဲမွာ အတန္းပိုင္ဆရာမ ေျပာေနတာ ငါ ၾကားလိုက္တယ္"
သူမက မနက္ပိုင္း အတန္းၿပီးတိုင္း ဘာသာရပ္အသီးသီးကိုယ္စားျပဳက အိမ္စာမ်ားကို ေကာက္ၿပီး ႐ုံးခန္းသို႔ သြားပို႔ေပးရသည္။ ထိုေနရာတြင္ အိမ္စာမ်ားကို ထားခဲ့ရျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ တစ္စုံတစ္ေယာက္ႏွင့္ ဖုန္းေျပာေနဟန္တူေသာ အတန္းပိုင္ဆရာမ၏ စကားကို ၾကားလိုက္ျခင္းလည္း ျဖစ္သည္။
နင္မုန႔္က အံ့ဩသြားသည္။
"သူက ဖ်ားတတ္တာလား"
ခ်ဳံခယ့္ခယ့္က ရယ္ၿပီး ျပန္ေျဖလိုက္သည္။ သူမ၏ မ်က္ႏွာေလးကို ဆိတ္ဆြဲလိုက္သည္။
"ရွီခ်ီကလည္း လူပဲေလ၊ သူဖ်ားတာက ပုံမွန္ပါပဲ၊ သူ႔ကို ဘယ္သူလို႔ ထင္ေနလို႔လဲ"
သူမ၏ စကားကို ၾကားေသာ နင္မုန႔္က သူမကို အမွန္တိုင္းမေျပာႏိုင္ေတာ့ဘဲ ရယ္လိုက္ရသည္။
"သူက ဒီအတိုင္း မွ်မွ်တတ က်န္းမာေရးေကာင္းတယ္လို႔ ထင္တာပါ"
"သူက က်န္းမာေရးေကာင္းတယ္လို႔ ထင္ရတယ္ဆိုရင္ေတာင္မွ အေအးမိတတ္တာပဲ"
ခ်ဳံခယ့္ခယ့္က ထိုသို႔ ေျပာၿပီးေနာက္ တစ္ဖက္သို႔လွည့္သြားကာ ပစၥည္းမ်ားကို သပ္သပ္ရပ္ရပ္စီသည္။
"နင္က ဒီေန႔ ညဂ်ဴတီက်တယ္၊ မေမ့နဲ႔"
ေက်ာင္းသူေက်ာင္းသားမ်ားကို ေလ့က်င့္ေပးရန္ အလို႔ငွာ အတန္းပိုင္ဆရာက ေက်ာင္းသူတစ္ေယာက္ကို အတန္း၏ သန႔္ရွင္းေရးအတြက္ ဂ်ဴတီခ်ေပးသည္။ သို႔ေသာ္ မ်ားမ်ားစားစား လွည္းက်င္းစရာလည္း ရွိမေနခဲ့ေပ။ ပို၍ဆိုးသည္မွာ လူတိုင္းက ကိုယ့္ေနရာကိုယ္ သန႔္ရွင္းေရးလုပ္တတ္သျဖင့္ အလုပ္မရႈပ္ေတာ့ေခ်။ မဟုတ္လွ်င္လည္း သူတို႔က အမွတ္အႏုတ္ခံရမည္ ျဖစ္သည္။
ရာသီဥတုက ေအးလာေသာအခါ ဂ်ဴတီအတိုင္း လုပ္ေသာသူက ရွားသည္။ ယခုအခါ ဒုတိယႏွစ္ဝက္ျဖစ္လာၿပီး ေႏြရာသီလည္း ေရာက္လာသျဖင့္ အတန္းပိုင္ဆရာမက ထိုကိစၥကို ျပန္ထည့္ေျပာလာျခင္းလည္း ျဖစ္သည္။
နင္မုန႔္က ယခင္အခ်ိန္မ်ားက အေအးကို ေၾကာက္ေနကတည္းက လူအခ်ိဳ႕က သူမ၏ ကိုယ္စား ဂ်ဴတီေနရာ ဝင္ယူေပးေလ့ရွိသည္။ သူမက ဆက္လက္ၿပီး တာဝန္ယူရန္ ျငင္းဆန္ေနမည္ဆိုလွ်င္ သူမအေပၚ အျမင္ေကာင္းရွိၾကေတာ့မည္မဟုတ္ေခ်။
နင္မုန႔္က ေခါင္းညိတ္လိုက္သည္။
"ငါ သိပါတယ္"
ေက်ာင္းၿပီးသြားေနာက္ မိနစ္အနည္းငယ္ အခ်ိန္ယူ႐ုံျဖင့္ သန႔္ရွင္းေရးက ၿပီးသည္။ ထို႔ေနာက္ အမႈိက္က်န္မက်န္ စစ္ေဆးရသည္။
မီးမ်ားပိတ္ၿပီး ျပတင္းေပါက္ကို ပိတ္လိုက္ၿပီးေနာက္ သူခိုးေလးမ်ားက ဘာကိုမွ လာခိုးႏိုင္မည္မဟုတ္ေၾကာင္း ေသခ်ာသြားေစလိုက္ရသည္။
သူမအေနျဖင့္ အတန္းထဲသို႔ သူခိုးမ်ား ဝင္ၿပီး ပစၥည္းမ်ားကို က်ဴးေက်ာ္ကာ မခိုးယူႏိုင္ေအာင္ ေသခ်ာေစရမည္ျဖစ္သည္။
ခ်ဳံခယ့္ခယ့္က ေမးသည္။
"ငါ နင့္ကို အေဖာ္လုပ္ေပးဖို႔ လိုေသးလား"
နင္မုန႔္က ၿပဳံးလိုက္သည္။
"ကိစၥမရွိပါဘူး၊ ဒီအတိုင္း သန႔္ရွင္းဂ်ဴတီက်တာပဲ၊ ငါ ခဏေလာက္ ဟိုလွည္းဒီလွည္းလုပ္လိုက္ရင္ ၿပီးသြားမွာ၊ ဒါ့အျပင္ နင့္ရဲ႕ အိမ္က ေဝးတယ္မဟုတ္ဘူးလား၊ ငါ့ရဲ႕အိမ္က ဒီေက်ာင္းေရွ႕တင္ပဲ၊ အရမ္းႀကီးမေဝးဘူး"
ခ်ဳံခယ့္ခယ့္က ဆက္ေျပာမေနေတာ့ေခ်။
နင္မုန႔္ကလည္း ရွီခ်ီက အဖ်ားမရွိႏိုင္ဟု ေတြးခဲ့မိသည္။ သို႔ေသာ္ အဆုံးတြင္မူ သူက တစ္ေန႔လုံး ေက်ာင္းသို႔ မလာခဲ့ေခ်။
တေန႔လုံးလြတ္ေနေသာ ခုံကို ျမင္ရေသာအခါ သူမက မသက္မသာ ျဖစ္လာသည္။ ပို၍အေရးႀကီးသည္မွာ သူမ၏ အေႏြးဓာတ္လက္က ေပ်ာက္ဆုံးသြားသည္။ ထိုအရာက သူမကို မသက္မသာ ျဖစ္ေစသည္။ ေႏြဦးရာသီေရာက္ေနသည့္တိုင္ေအာင္ ေဆာင္းတြင္းထက္ အေျခအေန ပိုေကာင္းသြားေသာ္လည္း သူမက အနည္းငယ္ ေအးစက္မႈကို ခံစားေနရေသးသည္။
ညနက္ပိုင္းအတန္းခ်ိန္က ၿပီးဆုံးေၾကာင္း ေခါင္းေလာင္းသံက ထြက္လာေသာအခါ သူမက မေနႏိုင္ေတာ့ဘဲ သက္ျပင္းရွည္ႀကီးကို ခ်လိုက္သည္။ သူမ၏ မ်က္ႏွာကို ခုံတြင္ အပ္လိုက္ေတာ့သည္။
ခ်ဳံခယ့္ခယ့္က လြယ္အိတ္ကို လြယ္လိုက္ၿပီးသည့္အခ်ိန္မွာတင္ သူမ၏ သနားစရာ ပုံပန္းသြင္ျပင္ေလးကို ျမင္လိုက္ၿပီး မေနႏိုင္ေတာ့ဘဲ အနားကပ္လာကာ ေမးသည္။
"ဘာျဖစ္လို႔လဲ၊ နင္ အထီးက်န္ေနတာလား၊ နင့္ရဲ႕ အတန္းေဖာ္မရွိလို႔ ဝမ္းနည္းေနတာလား"
နင္မုန႔္က စိုက္ၾကည့္သည္။
"ဘာေျပာတာလဲ၊ ေနာက္က်ေနၿပီ၊ နင္ အိမ္ျပန္တာေကာင္းမယ္"
ေႏြရာသီအခ်ိန္ဇယားက ေျပာင္းလဲသြားၿပီျဖစ္ၿပီး သူတို႔၏ ညပိုင္းေလ့က်င့္ခန္းလုပ္ခ်ိန္က တိုးသည္ထက္ တိုးလာသည္။ အားလုံးသုံးတန္းေပါင္းသြားေသာ္ ၉နာရီ ၅၀မွ ၿပီးသည္။ အခ်ိန္ထပ္ဆြဲေနမည္ဆိုလွ်င္ ၁၀ နာရီ ထိုးသြားေပလိမ့္မည္။
ခ်ဳံခယ့္ခယ့္က ျပန္ေျဖသည္။
"ဒါဆိုရင္လည္း ငါ သြားေတာ့မယ္၊ နင္ ဂ႐ုစိုက္ၿပီး အိမ္ကို ေစာေစာျပန္ဦး"
အတန္းထဲမွ လူအမ်ားက ထြက္သြားၾကၿပီျဖစ္သည္။ ေနာက္ဆုံးတစ္ေယာက္က ထြက္သြားၿပီးေသာအခါ နင္မုန႔္က တစ္ခုံခ်င္းစီမွ အမႈိက္မ်ားကို စတင္လွည္းက်င္းသည္။ ကံေကာင္းစြာျဖင့္ လူအမ်ားစုက သပ္သပ္ရပ္ရပ္လုပ္ထားေပးခဲ့သည္။ ကိုယ့္အမႈိက္ကိုယ္ အမႈိက္ပုံးထဲသို႔ ပစ္ခဲ့ၾကသည္။
တစ္တန္းလုံးကို စစ္ေဆးၿပီးေနာက္တြင္ စကၠဴလုံးတစ္လုံး၊ ႏွစ္လုံးခန႔္ကို ရွာေတြ႕လိုက္သည္။ သူမက ေကာက္ယူၿပီးေနာက္ အမႈိက္ပုံးထဲသို႔ ထည့္သည္။
နင္မုန႔္က အမႈိက္အိတ္ကို ခ်ည္ေႏွာင္ကာ သန႔္ရွင္းေရးလုပ္ေနရင္း စနစ္ႏွင့္ စကားေျပာကာ အတန္းအျပင္ဘက္သို႔ ထြက္လိုက္သည္။ ထို႔ေနာက္ အမႈိက္ကန္ႀကီးထံသို႔ ဦးတည္လိုက္သည္။
စာသင္ခန္းအမ်ားအျပား၏ အျပင္ဘက္ မီးမွိတ္ထားၾကၿပီျဖစ္ၿပီး အေမွာင္ထုကသာ ႀကီးစိုးေနသည္။
အမႈိက္ကန္ႀကီးကလည္း sensor အလင္းသာ ဖြင့္ထားေသာ အိမ္သာ၏ ေဘးတြင္ ျဖစ္သည္။ မည္သူကမွ မရွိေနကတည္းက ထိုေထာင့္ခ်ိဳးေနရာတြင္ မီးမဖြင့္ထားေခ်။ ထို႔ေၾကာင့္ ေဘးဘက္မွ သစ္ပင္အရိပ္မ်ားက အုံ႔ဆိုင္းေနေလရာ ေမွာင္မည္းေနေလေတာ့သည္။
နင္မုန႔္က ထိုေနရာသို႔ တစ္ခ်က္ၾကည့္လိုက္ၿပီး လမ္းေလွ်ာက္သြားသည္။ စိတ္ထဲတြင္မူ တုန္လႈပ္ေျခာက္ျခားေနၿပီျဖစ္သည္။ သူမက အလ်င္စလို သူမကိုင္လာသည့္ အမႈိက္အိတ္ကို အမႈိက္ကန္ႀကီးထဲသို႔ ထည့္လိုက္သည္။ ထို႔ေနာက္ ေခါင္းကို ေမ့ာလိုက္ၿပီးေနာက္ တစ္ဖက္ျခမ္းတြင္ ရပ္ေနေသာ မိန္းကေလးကို ေတြ႕လိုက္ရသည္။
ထိုမိန္းကေလးက သူမကို မၾကည့္ေနေခ်။ ေခါင္းကို ငုံ႔လ်က္ ထိုေနရာတြင္ ဒီတိုင္း မ်က္ႏွာေသျဖင့္ ရပ္ေနသည္။ သူမ၏ ဆံပင္ရွည္ႀကီးမ်ားက မ်က္ႏွာတစ္ဝက္ကို ဖုံးေနၿပီး မ်က္ႏွာကို ခပ္ေယးေယးသာ ျမင္ရသည္။
နင္မုန႔္က အနားသို႔ မကပ္သြားရဲဘဲ ေဘးဘက္ရွိ စာသင္ခန္းဘက္သို႔သာ အလ်င္စလို သြားသည္။
ကံေကာင္းစြာျဖင့္ သူမ၏ အခန္းဘက္တြင္ မီးမ်ားဖြင့္ထားေသးသလို ေလွ်ာက္လမ္းတြင္လည္း မီးမ်ားက ရွိသည္။ ထို႔ေၾကာင့္ သူမက စိတ္ေအးသြားေတာ့ေလသည္။
သူမက ေခါင္းေမာ့ကာ ထိုေကာင္မေလးကို ျပန္လွည့္ၾကည့္လိုက္ေသာအခါ ထိုေကာင္မေလးက မရွိေတာ့ေၾကာင္း ျမင္လိုက္ရသည္။ အမႈိက္ကန္ဝန္းက်င္က ေျပာင္ရွင္းေနသည္။ ထိုေနရာက အလြန္ေမွာင္ေနေသာေၾကာင့္ သူမက ေကာင္မေလးကို ရွင္းရွင္းလင္းလင္း မျမင္ခဲ့ရေခ်။
နင္မုန႔္က ႏႈတ္ခမ္းကို ကိုက္ၿပီးေနာက္ စနစ္ကို ေျပာသည္။
"အဲ့ဒီတစ္ေယာက္က သရဲလား"
စနစ္က အခ်ိန္အတန္ၾကာမွသာ ျပန္ေျဖသည္။
"လူျဖစ္ေလာက္တယ္၊ ငါ အေပၚက လူေတြကို သြားေမးလိုက္ဦးမယ္၊ ငါ ဒီေကာင္မေလးကို တစ္ခါမွ မျမင္ဖူးဘူး"
နင္မုန႔္က တိတ္ဆိတ္ေနေသးသည္။
ထိုလူက လူဟုတ္မဟုတ္ သူတို႔ကသာ ဆက္လက္ၿပီး ျငင္းခုံေနရသည့္အတြက္ သူမ၏ ခံစားခ်က္က ပို၍ဆိုး႐ြားလာၿပီး တုန္လႈပ္ေခ်ာက္ခ်ားလာေတာ့သည္။
ထိုမိန္းကေလးက ထူးဆန္းသည္ဟု ခံစားမိေသာ္လည္း ထိုတစ္ေယာက္က လူျဖစ္ၿပီး အခ်ိဳ႕ေသာ ျပႆနာမ်ားရွိေသာေၾကာင့္သာ အတန္းထဲသို႔ ျပန္သြားသည္ဟု ေတြးလိုက္သည္။
ျပတင္းေပါက္မ်ားကို ပိတ္လိုက္ၿပီးေနာက္ သူမက မီးကိုလည္း မွိတ္လိုက္သည္။
မီးမ်ားအားလုံးပိတ္ၿပီးေသာအခါ ေလွ်ာက္လမ္းတစ္ခုလုံးက မည္းေမွာင္သြားသည္။ နင္မုန႔္က ဖုန္းမီးကို သုံးၿပီး သူမ၏ ေရွ႕ရွိျမင္ကြင္းကို လင္းသြားေစလိုက္သည္။ သူမက ေနာက္သို႔ ျပန္လွည့္ကာ တံခါးကို ေသာ့ပိတ္ေသာအခါ သူမ၏ အေနာက္တြင္ လူတစ္ေယာက္ရွိသလိုမ်ိဳး အရိပ္ႀကီးက နံရံတြင္ ေပၚေနေၾကာင္း ေတြ႕လိုက္ရသည္။
သူမက လန႔္လြန္းသျဖင့္ ထခုန္ခ်င္သြားသည္။ သူမက တုန္ယင္စြာျဖင့္ ေခါင္းကိုလွည့္လိုက္သည္။
ရွီခ်ီပဲ။
သူက သူမ၏အေနာက္တြင္ ရပ္ေနသည္။ သူက အလြန္အရပ္ရွည္သျဖင့္ သူ၏ အရိပ္က သူမ၏ ကိုယ္ေပၚ မိုးက်ေနသည္။ သို႔ေသာ္ သူ၏ ခႏၶာကိုယ္က ပို၍ေတာက္ပသလို ျဖစ္သြားသည္။
သူ၏ ႏႈတ္ခမ္းေပၚတြင္ ရွည္သြယ္ကာ ျဖဴေဖြးေသာ လက္ညႇိဳးတစ္ေခ်ာင္းရွိေနၿပီး အဆစ္မ်ားကလည္း သိသိသာသာထင္ရွားက ပုံပန္းတက်ရွိေနသည္။ အျပင္ပန္းသြင္ျပင္ကလည္း ေခ်ာေမြ႕ကာ ၾကည့္ေကာင္းေနၿပီး ထိုျမင္ကြင္းကို ျမင္လိုက္ရသည့္ လူတစ္ေယာက္က အၾကည့္လႊဲရန္ ခက္ခဲသြားေပလိမ့္မည္။
နင္မုန႔္က သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီးေနာက္ ေခါင္းကို ေမာ့ကာ ေမးလိုက္သည္။
"နင္ ညလယ္ေခါင္ႀကီး ဒီေနရာကို ဘာလာလုပ္ေနတာလဲ၊ နင္ ဖ်ားေနတာ အိမ္မွာ ကုသမႈခံယူေနသင့္တာ မဟုတ္ဘူးလား"
သူတို႔ႏွစ္ေယာက္ၾကားရွိ အရပ္ကြာျခားခ်က္က အလြန္ႀကီးသည္။ သူတို႔က အတူရပ္လိုက္ေသာအခါ သူမက သူ၏ ေမးေစ့နားထိသာ ေရာက္သည္။ ထို႔ေၾကာင့္ သူ၏မ်က္ႏွာကို ၾကည့္ရန္ ေခါင္းအလြန္ေမာ့ရသည္။ ရွီခ်ီက မထူးျခားနားသလို ျပန္ေျဖသည္။
"ငါ့ရဲ႕စာအုပ္ေတြ လာယူတာ"
သူ၏ အသံက အနည္းငယ္ ဩရွေနၿပီး သူက အေအးမိထားေၾကာင္းကို အတည္ျပဳေပးသလို ျဖစ္သြားခဲ့သည္။
နင္မုန႔္က တံခါးကို တြန္းဖြင့္လိုက္ၿပီး မီးျပန္ဖြင့္လိုက္သည္။
"ငါ တံခါးကို ေသာ့မခတ္ရေသးဘူး ျမန္ျမန္သြားယူလိုက္"
သူမက ဝင္ေပါက္တြင္ ေစာင့္ေနခ်ိန္တြင္ ရွီခ်ီကမူ သူ၏ ထိုင္ခုံေနရာသို႔ သြားၿပီး စာအုပ္ႏွစ္အုပ္ကို သူ၏သြယ္လ် ရွည္လ်ားေသာ လက္မ်ားျဖင့္ ဆြဲထုတ္လာသည္။
သူက ခႏၶာကိုယ္ ျပန္မမတ္ႏိုင္ခင္မွာတင္ အခန္းထဲရွိ မီးမ်ားက ပိတ္သြားသည္။
ရွီခ်ီ၏ မ်က္လုံးအေရွ႕ရွိ ျမင္ကြင္းက ေမွာင္သြားသည္။ ရွီခ်ီ၏ အၾကည့္ကမူ ေျပာင္းလဲသြားျခင္း မရွိဘဲ ထိုေနရာတြင္ မတ္တပ္ျပန္ရပ္လိုက္ၿပီး အေမွာင္ထဲတြင္ အရာအားလုံးကို ထင္ထင္ရွားရွား ျမင္ႏိုင္သလိုမ်ိဳးသာ ျပဳမူသည္။ စကၠန႔္အနည္းငယ္ထဲႏွင့္ သူက အခန္း၏ အေပါက္ဝထံေရာက္လာသည္။
နင္မုန႔္၏ မ်က္ဝန္းက အေမွာင္ႏွင့္ က်င့္သားရေအာင္ လုပ္ေနရေသးသည္။ သူမက ဘာကိုမွ မျမင္ႏိုင္ေခ်။ တခဏခန႔္ မ်က္ေတာင္တဖ်ပ္ဖ်ပ္ ခတ္ၿပီးမွသာ လက္ဆန႔္ထုတ္လိုက္ၿပီး နံရံကို စမ္းၾကည့္ကာ ခလုတ္ကို ဖြင့္လိုက္သည္။ ခလုတ္ကို အႀကိမ္အနည္းငယ္ ဖြင့္လိုက္ေသာ္လည္း မထူးျခားနားလာေခ်။
"အာ ဘာလို႔ ပြင့္မလာတာလဲ"
သူမ၏ လက္ေပၚ ေႏြးေထြးေသာ လက္က ေရာက္လာသည္။ ရွီခ်ီက အတန္ငယ္ ေလးလံေသာ ေလသံမ်ိဳးျဖင့္ ေျပာလိုက္သည္။
"လူတစ္ေယာက္ ရွိေနတယ္"
နင္မုန႔္က မတုန႔္ျပန္ႏိုင္ခင္မွာတင္ ရွီခ်ီက သူမကို အခန္းထဲသို႔ အတင္းဆြဲေခၚသြားၿပီး ဖုန္းမီးကိုလည္း ပိတ္လိုက္သည္။
သူမက စကားစေျပာေတာ့မည့္အခ်ိန္တြင္ အျပင္ဘက္ ေလွကားထံမွလာေသာ ေျခသံမ်ားကို ၾကားလိုက္ရသည္။ ေျခသံမ်ားက ေဖ်ာ့ေတာ့႐ုံသာမက အလ်င္စလိုလည္း ႏိုင္သည္။
ရွီခ်ီက နင္မုန႔္ကို အတြင္းသို႔ ဆြဲလိုက္ၿပီး စာသင္ေသာ စင္ျမင့္ငယ္ေလး၏ ေအာက္ဘက္ထဲထိုးထည့္သည္။ ထို႔ေနာက္ သူကိုယ္တိုင္ကလည္း ဝင္လိုက္သည္။ အတြင္းရွိ ေနရာက အလြန္က်ယ္ၿပီး ထိုႏွစ္ေယာက္ ေကာင္းေကာင္းမြန္မြန္ ထိုင္ႏိုင္ေလာက္ေအာင္ အဆင္ေျပေလသည္။
သူ၏ ေျခတံရွည္မ်ားက ေကြးထားၿပီး နင္မုန႔္က လွ်ိဳ႕ဝွက္စြာ ေခ်ာင္းၾကည့္လိုက္ၿပီးေနာက္ သူက အင္အားႀကီးကတည္းက မည္သည့္အတြက္ေၾကာင့္ ဤေနရာတြင္ ပုန္းေနသင့္ေၾကာင္း နားမလည္ေတာ့ေခ်။
အျပင္ရွိ ေျခလွမ္းသံမ်ားက သူတို႔၏ အခန္းအေပါက္ဝေရွ႕တြင္ ရပ္သြားသည္။
ေလွကားမ်ားကို တတိယႏွစ္၏ ပထမအထပ္ႏွင့္ ဒုတိယအထပ္ကို ခြဲျခားထားေပးျခင္းျဖစ္ၿပီး အဓိကဝင္ေပါက္ထံေရာက္ႏိုင္သလို ေလွကားမွတဆင့္ ေအာက္သို႔ ဆင္း၍လည္း ရသည္။ ထိုလူလား သရဲလားမသိေသာအရာက ဒီေနရာသို႔ လာေနျခင္း ျဖစ္ရေပမည္။
နင္မုန႔္၏ ႏွလုံးခုန္သံက ႐ုတ္တရက္ ျမန္ဆန္လာသည္။ သူမက ေမးခြန္းထုတ္ခ်င္လိုက္ေသာ္လည္း ရန္သူကို ထိတ္လန႔္ေအာင္ လုပ္လိုက္မိသလို ျဖစ္သြားမည္ကို စိုးရိမ္သည္။
လ်င္ျမန္စြာျဖင့္ ေျခလွမ္းသံမ်ားက အေပါက္ဝေရွ႕တြင္ ရပ္သြားၿပီးေနာက္ ျပန္ျမည္လာျပန္သည္။ ဒီတစ္ႀကိမ္တြင္ ေႏွးေကြးလြန္းၿပီး သတိႀကီးႀကီးထားလြန္းကာ အတြင္းသို႔ ေလွ်ာက္ဝင္လာၿပီး အဆုံးထိလာသည္။
ထို႔ေနာက္ တစ္ေနရာေရွ႕တြင္ ရပ္သြားသည္။
နင္မုန႔္က နားကို စြင့္ထားၿပီး ပါးစပ္ကို လက္ျဖင့္ အုပ္ထားကာ ရွီခ်ီ၏ အဝတ္ကိုလည္း လက္တစ္ဖက္ျဖင့္ ခပ္တင္းတင္း ဆြဲထားသည္။
ရွီခ်ီက သူမ၏ လက္ထဲမွ အက်ႌကို ဆြဲထုတ္လိုေသာ္လည္း မထုတ္ျပန္ႏိုင္ေခ်။ သူက သူ၏ ႏႈတ္ခမ္းေထာင့္စြန္းမ်ားကေတာင္ အနည္းငယ္ ေကာ့တက္သြားလ်က္ သူမ၏ လက္ထဲသို႔ သၾကားလုံးတစ္လုံးကို ထည့္ေပးလိုက္သည္။ အခ်ိန္ကသာ အဆင္ေျပလွ်င္ သူမ၏ ပါးစပ္ထဲသို႔ သၾကားလုံးကို ထည့္ေပးလိုက္ခ်င္ေသးသည္။
နင္မုန႔္က အနည္းငယ္ ေၾကာင္သြားသည္။ သူ ဘာလုပ္ခ်င္မွန္းနားမလည္သျဖင့္ စိတ္ရႈပ္သြားသည္။ သို႔ေသာ္ သူမက သၾကားလုံးကို အိတ္ကပ္ထဲသို႔ ထည့္လိုက္ေသးသည္။ ထို႔ေနာက္ အသံမထြက္ေအာင္ သတိထားလိုက္သည္။
ဝင္လာတာ လူျဖစ္ေလာက္တယ္။ဒါေပမယ့္ ဒီလိုအခ်ိန္ႀကီးမွာ လာၿပီး မီးကလည္း ႐ုတ္တရက္ ပ်က္သြားတယ္ဆိုကတည္းက ပုံမွန္မဟုတ္ေတာ့ဘူး။
သူမက ေခါင္းလွည့္ၾကည့္လိုက္ေသာအခါ စင္ျမင့္ေအာက္ဘက္ျခမ္းတြင္ အဟၾကားေလးတစ္ေနရာ ရွိေၾကာင္း ေတြ႕လိုက္ရသည္။
ထိုသို႔ျဖင့္ ေကာင္ေလးႏွစ္ေယာက္က ကိစၥတစ္ခုေၾကာင့္ ရန္ျဖစ္ကာ လုံးေထြးသတ္ပုတ္ၾကရင္း ဒီစင္ျမင့္ကို ပ်က္စီးေစမိသြားသျဖင့္ ျပင္ရန္ တင္ျပထားေသာ္လည္း မျပင္ရေသးေၾကာင္း သတိရသြားသည္။
သူမက ရွီခ်ီကို တံေတာင္ျဖင့္ တို႔လိုက္လ်က္ တိတ္တဆိတ္ အနားသို႔ ကပ္သြားလိုက္ၿပီး သူ၏ နားအနားသို႔ ခပ္တိုးတိုး ေျပာလိုက္သည္။
"နင္ ဒီေနရာကေန ၾကည့္ရင္ ျမင္ရလိမ့္မယ္"
ရွီခ်ီ၏ နားက ယားယံသြားသည္။ သူက ႏႈတ္ခမ္းကို ခပ္တင္းတင္း ေစ့ပိတ္လိုက္မိသည္။
သူက မ်က္ႏွာေသျဖင့္ ရွိေနေသးေၾကာင္း ျမင္ေသာအခါ နင္မုန႔္က သူ႔ကို ဂ႐ုမစိုက္ေတာ့ဘဲ အဟၾကားနားသို႔ သြားကပ္ၾကည့္လိုက္သည္။
သူတို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ အခန္းတစ္ခန္း ရွိေနၿပီး မီးမဖြင့္ထားသျဖင့္ အျပင္ဘက္ျပတင္းေပါက္မွတဆင့္ ေဖ်ာ့ေတာ့ေသာ အလင္းေရာင္က အခန္းထဲသို႔ ဝင္ေရာက္လာကာ ေဝဝါးေသာ ပုံရိပ္ကို ရွင္းရွင္းလင္းလင္း ေပၚလာေစသည္။
သို႔ရာတြင္ အတန္းက အလြန္ေမွာင္မည္းေနေလေသာေၾကာင့္ ျဖစ္ေလာက္သည္။ ထိုလူက အလြန္ဂ႐ုတစိုက္ႏိုင္ၿပီး ေျခတစ္လွမ္းခ်င္းစီတိုင္း ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားသည္။ သို႔ေသာ္ သူ၏ ဆံပင္ရွည္မ်ားကေနာက္တြင္ လြင့္ေနသည္။
သူမက အမႈိက္ပစ္တုန္းက ေတြ႕တဲ့ ေကာင္မေလးပဲ။
နင္မုန႔္က ေၾကာင္သြားသည္။ သူမက သူမ ရပ္ေနေသာ ေနရာကို အာ႐ုံမစိုက္ႏိုင္ဘဲ ထိုေကာင္မေလးက အတန္းထဲက ေျပးထြက္သြားသည္။ သူမ ေျခလွမ္းသံမ်ားက ေဝးကြာသြားသည္။
မိနစ္အနည္းငယ္ၾကာၿပီးမွ ရွီခ်ီက ေျခေထာက္ကို ျပန္ဆြဲထုတ္လိုက္ၿပီး စင္ျမင့္ထဲမွ ထြက္လိုက္သည္။ ထို႔ေနာက္ ထိုေနရာတြင္ ျပန္ရပ္ေနလိုက္သည္။
နင္မုန႔္က ေအာက္ေျခတြင္ ရွိေနေသးသည္။ သူမက ေလသံတိုးတိုးျဖင့္ ေမးသည္။
"ငါ အခု ထြက္လို႔ရၿပီလား"
ရွီခ်ီက စသလိုေျပာသည္။
"သေဘာပဲ"
နင္မုန႔္က သူေနာက္မွန္း ခ်က္ခ်င္းသိသြားသျဖင့္ အျပင္သို႔ ထြက္လိုက္ကာ သူ၏ ေျခေထာက္နား လက္ျဖင့္ ပုတ္လိုက္သည္။ ရွီခ်ီက သူမကို ဆြဲထူေပးသည္။
သူမက ဝင္ေပါက္ထံသို႔ ၾကည့္လိုက္ၿပီးေသာအခါ မည္သည့္ပုံရိပ္ကိုမွ မျမင္ရေတာ့ေခ်။
အမႈိက္ကန္မွ အခ်ိန္ကို ျပန္ေတြးလိုက္မိသည္။ ထိုအခ်ိန္ကလည္း ထိုမိန္းကေလး၏ မ်က္ႏွာကို ရွင္းရွင္းလင္းလင္း မျမင္ရသလို သူမ၏ အဝတ္အစားအေရာင္ကိုလည္း အေမွာင္ထဲတြင္ ရွင္းရွင္းလင္းလင္း မျမင္ရႏိုင္ေခ်။
ရွီခ်ီက ႐ုတ္တရက္ ဖုန္းကို ဖြင့္လိုက္ၿပီးေနာက္ ေက်ာင္းအေနာက္ဘက္ပိုင္းမွ စားပြဲတစ္ခုထံ ေလွ်ာက္သြားသည္။
သူက ဒီေနရာတြင္ ရွိေနေသာအခါ သူမ၏ သတၱိကလည္း ႀကီးသည္ထက္ႀကီးလာၿပီးေနာက္ သိခ်င္စိတ္ျပင္းျပစြာျဖင့္ ေမးလိုက္သည္။
"အဲ့ဒါ ဘယ္သူလဲ၊ ဘာလို႔ ဒီလိုအခ်ိန္ႀကီးမွာ ငါတို႔ရဲ႕အတန္းကို လာတာလဲ၊ တစ္ခုခု အရွက္ရစရာကိစၥမ်ားလုပ္ခ်င္လို႔လား"
သူမက သူခိုးတစ္ေယာက္လို ျပဳမူသြားျခင္း ျဖစ္သည္။ တစ္ခုခုမ်ား ခိုးသြားတာလား။
အဲ့ဒါနဲ႔လည္း မတူပါဘူး။ ဒီလို ညအခ်ိန္ႀကီးမွာ သူခိုးခိုးခ်င္ရင္ ျပတင္းေပါက္ေတြကေန ျဖတ္ဝင္လာသင့္တာပဲ။ ဘာလို႔ လူရွိေနေသးတဲ့အခ်ိန္မွာ လာခိုးရမွာလဲ။
ရွီခ်ီကမူ မတုန႔္ျပန္လာသျဖင့္ နင္မုန႔္က သူ႔ကို တိတ္တဆိတ္ ဆက္ေျပာလာသည္။
"ငါ ဒီည ဂ်ဴတီက်လို႔ အမႈိက္သြားပစ္တုန္းက အဲ့ဒီနားမွာ ေၾကာက္စရာေကာင္းတဲ့ ပုံစံမ်ိဳးနဲ႔ ရပ္ေနတာကို ေတြ႕လိုက္ရတယ္"
သူတို႔က လူတစ္ေယာက္တည္း ျဖစ္ေလာက္သည္။ သို႔ေသာ္ သူမ၏ မ်က္ႏွာကို မျမင္ရျပန္ေခ်။
ရွီခ်ီက ေနာက္ျပန္လွည့္ၿပီး ၾကည့္လာကာ တည္ၿငိမ္စြာေျပာသည္။
"ေျခရာက ဒီေနရာမွာ ရပ္သြားတာ"
နင္မုန႔္က ေျခဖ်ားေထာက္လိုက္ၿပီးေနာက္ အံ့အားတႀကီးေျပာသည္။
"ခယ္ခယ္ပဲ"
ဘာလို႔ ဒီေကာင္မေလးက ညလယ္ေခါင္မွ အတန္းထဲကို လာၿပီး ခ်ဳံခယ့္ခယ့္ရဲ႕ စားပြဲေရွ႕မွာ ရပ္သြားတာလဲ။
တကယ္ပဲ ဘာလုပ္ခ်င္ေနတာလဲ။
...
ငါ ငါ့ရဲ႕အဝတ္ကိုေတာင္ ျပန္မဆြဲထုတ္ႏိုင္ဘူး။
ဒီသၾကားလုံးရဲ႕ အင္အားက အံ့ဩစရာပဲ။
ရွီခ်ီရဲ႕ လွ်ိဳ႕ဝွက္ဒိုင္ယာရီ
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။