𝑳𝒐𝒗𝒆 𝒑𝒐𝒆𝒎

By Forsythia_Bom

1.5K 200 73

သူ့အတွက်အချစ်ကဗျာလေး...။ Choi Yeonjun × Choi Beomgyu More

(2)
(3)
(4)
(5)
(6)
(7)
(8)
(9)

(1)

315 26 0
By Forsythia_Bom

" ချွဲဆူဘင်း ငါရောက်ပြီ "

အခန်းထဲသို့ဝင်ရန်ဖိနပ်ချွတ်နေရင်း အော်သံတစ်ခုကိုပြုလိုက်တဲ့ဘောမ်ဂယူအား အိမ်ထဲမှသူငယ်ချင်းဖြစ်သူသည် မည်သည့်တုန့်ပြန်မှုမှပေးမလာခဲ့ပေ။

ဧည့်ခန်းထဲဝေ့ဝိုက်ကြည့်ပြီးလူရိပ်မမြင်တာကြောင့် မီးဖိုခန်းထဲဝင်လိုက်တဲ့အခါ မနက်စာကိုအေးဆေးစွာစားသုံးနေသူကိုတွေ့လိုက်ရသည်။

စိတ်ရှိတိုင်းသာဆိုအနောက်ကနေတစ်ချက်လောက်ရိုက်လိုက်ချင်သော်ငြား သီးသွားခဲ့ရင်သူပဲဗျာများရမှာမို့မလုပ်ဖြစ်လိုက်။

" ရှိနေရဲ့သားနဲ့ မထူးတဲ့အကျင့်လေးလည်းပြင်ဦး "

ဆူဘင်းကိုလည်းပြောရင်း သူ့ခြေလှမ်းတွေဟာ ရေခဲသေတ္တာဆီသို့ဦးတည်လျက်။

" မင်းလည်းငါ့အိမ်ရောက်မှမနက်စာစားတဲ့အကျင့်ကိုပြင်ဦး "

ဖြတ်ခနဲ ပြန်ပြောလာတဲ့ဆူဘင်းစကားမှာ ဘောမ်ဂယူတစ်‌ယောက်ကိတ်လေးတစ်ဖဲ့စားမလို့ဟန်ပြင်နေတာတောင်ရပ်တန့်သွားရတယ်။

ထွေထွေထူးထူးပြန်ပြောမနေပါပဲ မကျေနပ်သလိုတစ်ချက်ကြည့်ပြီး ချွဲဆူဘင်းဘေးသို့ဝင်ကာ ခပ်တည်တည်ပဲမုန့်စားနေလိုက်သည်။

သူတို့နှစ်ယောက်ကမတည့်အတူနေဆိုသလိုပါပဲ။ တည့်တယ်လို့မရှိပေမဲ့ တစ်ယောက်အကြောင်းတစ်ယောက်အသိဆုံးသူတွေပင်။

ဘောမ်ဂယူကိတ်ကြိုက်တတ်မှန်းသိလို့ မနက်သူလာရင်စားဖို့ရာ ဆူဘင်းက ကိတ်တွေဝယ်ဝယ်ပေးထားတတ်တာပဲကြည့်လေ။

" ကော်ဖီဖျော်ပေးရဦးမလား "

ကိတ်ချည်းပဲစားနေတဲ့သူ့ကိုကြည့်ကာ ဆူဘင်းကမေးသည်။ သူပြောပါတယ်။ သူ့ရဲ့နှစ်ယောက်မရှိသူငယ်ချင်းလေးကသူ့ကိုချစ်ပါတယ်လို့။

" ရတယ် ကျောင်းပဲမြန်မြန်သွားရအောင် "

" ကျောင်းပျော်ကြီး "

ဆူဘင်းရဲ့ရေရွတ်သံတိုးတိုးထွက်လာတယ်။ ဘောမ်ဂယူကကျောင်းပျော်ဆိုတာအမှန်ပင်။ ကျောင်းမှာဆို အသိတွေများတဲ့သူကပျင်းချိန်ပင်မရ။

ဆူဘင်းအနားနေတာများသော်လည်း ကျန်တဲ့အသိတွေနဲ့လည်းအဆက်အသွယ်မပျက်တာကြောင့် ပေါက်ကရတွေလုပ်တဲ့အခါလည်းအဖော်ကရှိသည်။

ဒီနေ့မှာလည်း သူငယ်ချင်းတစ်ချို့သတင်းပေးမှုအရစီနီယာတွေရဲ့ရန်ပွဲရှိသည်ဟုသိထားတာကြောင့် သွားကြည့်ဖို့ရာအတွက်စိတ်လောနေခြင်းပေ။

ထို့ကြောင့် ဘောမ်ဂယူရဲ့တက္ကသိုလ်ဘဝဟာ စာတွေလုပ်ရတာကလွဲရင် ပျော်စရာအတိပါပဲ။

ဆူဘင်းကဘောမ်ဂယူရဲ့တက်ကြွနေပုံကိုအကြောင်းသိနေတာဖြစ်နိုင်ပေမဲ့ ဘာမှပြောမနေပဲ မနက်စာကိုသာအမြန်ဆုံးစားသည်။

ဘောမ်ဂယူကပေါက်ကရတွေလုပ်တတ်ပေမဲ့ ပြဿနာကြီးကြီးမားမားမရှိခဲ့ဖူးဘူးလေ။ ပျော်ပျော်နေတတ်တဲ့သဘောဆိုတာလည်း ချွဲဆူဘင်းကသဘောပေါက်နေခဲ့ပါသည်။

သူတို့နှစ်ယောက်မနက်စာစားပြီး လိုအပ်တာတွေယူကာ ဆူဘင်းကားဖြင့် ကျောင်းသို့ထွက်လာခဲ့ကြသည်။

ပထမဆုံးအတန်းမတက်ခင် ဆူဘင်းကစာကြည့်တိုက်ကိုသွားမှာဖြစ်ပြီး သူကတော့သူငယ်ချင်းတွေနဲ့ရန်ပွဲသွားကြည့်မှာဖြစ်သည်။

သူကကိုယ်တိုင်တော့ရန်မဖြစ်ပါဘူး။ ဖြစ်လည်းမဖြစ်တတ်ဘူးလေ။ ဒီတိုင်း အတွေ့အကြုံရအောင်သွားကြည့်ပြီး တစ်ခါတစ်ခါတော့ဟိုဘက်ဒီဘက်အတွက်နည်းနည်းထပ်ပြီးရန်တိုက်ပေးခဲ့ပါသေးတယ်။

ဒါကလည်း အားလုံးမပျင်းရစေဖို့ စေတနာသက်သက်သာ။ ချွဲဘောမ်ဂယူကအဲ့လိုလူကောင်းလေးတစ်ယောက်ပင်။

အဲ့တော့ စီစဉ်ထားသည့်အတိုင်း ဆူဘင်းနဲ့သူ ကားပေါ်မှဆင်းကာလမ်းခွဲဖို့ပြင်စဉ် ‌ဂျန်ဆိုရာအမည်ရှိသည့် သူငယ်ချင်းမလေးကဘောမ်ဂယူတို့အနားပြေးလာသည်။

" ရား ဒီနေ့အတွက်ငါ့မှာသတင်းထူးရှိတယ် "

ဆူဘင်းကခဏတော့ရပ်နေပေမဲ့ ဆိုရာနဲ့လည်းမေးထူးခေါ်ပြောအဆင့်တင်မို့ ထွက်သွားဟန်ပြင်တော့သည်။

ဆိုရာကလည်းဆူဘင်းအနားကနေထွက်သွားတာကိုဘာမှမပြော။ ချွဲဆူဘင်းရဲ့ပုံစံဟာအမြဲဒီ‌လိုပဲမို့သူတို့နားလည်နေခဲ့ကြပြီ။

" ဟိုအရမ်းနာမည်ကြီးတဲ့စီနီယာကိုသိလား ချွဲယောန်ဂျွန်းလေ "

ဘောမ်ဂယူ့မျက်နှာမှာတည်တံ့သွားသလို မလှမ်းမကမ်းမှဆူဘင်းခြေလှမ်းတို့မှာလည်း ရပ်တန့်သွားသည်။

သူ့အားလှည့်ကြည့်လာတဲ့ ဆူဘင်းနှင့်မျက်လုံးချင်းဆုံသွားပြီးနောက် ဆိုရာရှိရာသို့မျက်နှာအမူအယာကိုပြန်ထိန်းရင်းမေးရသည်။

" အင်း သိတယ်။ ဘာဖြစ်လို့လဲ သူက "

" ပြန်လာတော့မယ်တဲ့ ဒီမှာကျောင်းဆက်တက်မယ်ဆိုပဲ။ အခုကျောင်းမှာပွက်လောရိုက်နေတာက ပြန်လာမယ်ဆိုတာထက် စီနီယာနဲ့သူ့ရည်းစားကအခုပြတ်သွားပြီး သူ့ရည်းစားကအိမ်ထောင်ပါပြုသွားပြီဆိုတဲ့သတင်းကိုလေ "

" ဘယ်လို! "

ဘောမ်ဂယူသိပ်ကိုလန့်သွားရတယ်။ ပြန်လာမယ်ဆိုတာကိုလည်းလန့်သွားရပေမဲ့ပိုပြီးထိတ်လန့်သွားရသည်မှာ အနောက်ကသတင်းဖြစ်သည်။

ချွဲယောန်ဂျွန်းကသူမကိုအရမ်းချစ်တာ။ သူတို့နှစ်ယောက်ဒီကျောင်းမှာရှိတုန်းကဆို လုံးဝနာမည်ကြီးခဲ့ကြတဲ့အတွဲ။

တစ်ယောက်နဲ့တစ်ယောက်သိပ်ကိုချစ်ပြီး တစ်ယောက်ကိုတစ်ယောက်လည်းအရမ်းနားလည်ကြလို့ အားကျရတဲ့သူတွေပင်အများအပြား။

လွန်ခဲ့တဲ့နှစ်နှစ်လောက်ကနှစ်ယောက်အတူ ကနေဒါကို‌ကျောင်းပြောင်းကာထွက်သွားခဲ့ကြပြီး ဟိုမှာပဲ‌လက်ထပ်ကာအခြေချတော့မယ်လို့အားလုံးသိထားခဲ့ကြတာဖြစ်သည်။

ဒါကြောင့် အခုလိုရုတ်တရက်ပြန်ကြားရတဲ့သတင်းမှာ အားလုံးအံ့ဩကြတာမဆန်းပေ။ ပြီးတော့ ချွဲယောန်ဂျွန်းကအခုဆိုကျောင်းပြီးနေပြီဖြစ်ရမှာကို ဘာလို့ဒီကိုပြန်လာတက်မှာတဲ့လဲ။

အဲ့တာတွေထက် ဘောမ်ဂယူကတော့သူ့ကိုပိုစိတ်ပူပါတယ်။ အရင်နှစ်တွေကလို မပြောင်းမလဲ သူနဲ့ပတ်သက်လာရင် ကိုယ်ကိုယ်တိုင်တောင်အရေးမပါတော့သလိုမျိုး။

" စီနီယာ့ရည်းစား ဂျောင်ရှီအွန်းကဖောက်ပြန်တာသေချာသလောက်ပဲ။ စီနီယာနဲ့ပြတ်ပြီးတန်းလက်ထပ်တာပဲကြည့်လေ "

ပျက်ယွင်းနေဆဲဘောမ်ဂယူ့မျက်နှာကို ဆိုရာကသတိမထားမိပဲဆက်ပြောတယ်။

" နင်ကလည်း ဟုတ်မဟုတ်မသိတာကို "

မွန်းကြပ်နေတဲ့ခံစားချက်တွေကြားထဲမှာတောင် ဘောမ်ဂယူကထိုအမျိုးသမီးဘက်ကကာပြောပေးခဲ့ပါသေးတယ်။

ဒါဟာသူ့စိတ်ထဲက‌စစ်မှန်သောစကားတွေပင်။ ထိုအမျိုးသမီးကိုမထိခိုက်စေချင်ပါဘူး။ ချစ်ရသူတန်ဖိုးထားတဲ့အရာတွေကိုဘောမ်ဂယူဘယ်တုန်းကမှ မထိခိုက်စေချင်ခဲ့သည်မှာစိတ်ရင်းဖြစ်ခဲ့ပါသည်။

" ဟုတ်နေတာကြီးပါဟာ။ စီနီယာ‌ယောန်ဂျွန်းလိုလူကို သူမလို့လုပ်ရက်တယ်။ ဟင်းမ်....စီနီယာတစ်ယောက်တော့ ဒီကိုပြန်လာတက်ရင် အလိုက်မသိတဲ့ဟာတွေမေးတာဖြေရဦးမှာပဲ "

ဆိုရာပြောတာတွေကိုနားထောင်ရင်းမှ တွေးလေလေ အဆင်မပြေလေလေဖြစ်လာပြီး မျက်ရည်တွေပင်ဝေ့တက်လာတော့သည်။

" ဒါနဲ့ စီနီယာကကျောင်းတစ်နှစ်နားလိုက်ရတာများ- "

ဘာမှမသိပဲဆက်ပြောနေတဲ့ဆိုရာ့ရှေ့ကသူ့ကို အားလုံးသိနေတဲ့ဆူဘင်းကချက်ချင်းပြန်လှည့်လာကာ လက်ကောက်ဝတ်မှဆွဲခေါ်လာသည်။

နောက်မှာကျန်ခဲ့တဲ့ ဆိုရာ့လှမ်းခေါ်သံကိုတော့သူတို့နှစ်ယောက်လုံးလျစ်လျူရှုရင်း...။






•••










ဘောမ်ဂယူတစ်စုံတစ်ယောက်ဆီသို့အဆက်မပြတ်ဖုန်းခေါ်နေမိသည်။ လက်ခံပြောကြားခြင်းမခံရပဲ အော်ပရေတာကအမျိုးသမီးရဲ့အသံကိုသာဆက်တိုက်ကြားနေရပေမဲ့ သူကလက်မလျော့ပဲဆက်ခေါ်နေသည်။

ဆယ့်ငါးမိနစ်လောက်ကြာပြီးသည့်‌နောက်မှာတော့ တစ်ဘက်မှဖုန်းကိုလက်ခံပြောကြားလာလေသည်။

" ဟယ်- "

" ဟျောင်းပြန်လာတော့မယ်ဆိုတာဘာလို့ကျွန်တော့်ကိုအသိမပေးရတာလဲ "

စိတ်လောနေတဲ့ဘောမ်ဂယူကတစ်ဘက်မှပြောကြားသည်ကိုမစောင့်ပဲ မေးချင်တာကိုတန်းမေးလိုက်မိသည်။

" ထင်ထားတာထက်မြန်မြန်သိသွားတာပဲ "

လောနေတဲ့သူနဲ့မတူစွာ တစ်ဘက်မှလေသံအေးအေးထွက်လာတော့ အော်သံရောယှက်နေတဲ့ခေါ်ဆိုသံတစ်ခုဘောမ်ဂယူဆီမှထွက်လို့လာသည်။

" အမေ! "

" ချွဲဘောမ်ဂယူ! လေသံကိုပြင်စမ်း "

" ဘာလို့မပြောခဲ့တာလဲ အခုလိုတစ်ကျောင်းလုံးမှာသတင်းတွေပျံ့‌နေမှကျွန်တော်ကသိရမှာလား "

အခုချိန်မှာဘာကိုမှဂရုမစိုက်နိုင်တော့တဲ့ဘောမ်ဂယူက အမေဖြစ်သူကိုဒေါသထွက်နေတာလွဲရင်မသိနိုင်တော့။

" မဖြစ်မနေသိစရာလည်းလိုမနေဘူးလေ။ နှစ်နှစ်လောက်စိတ်ချမ်းသာနေခဲ့ရတာကို အခုအဲ့ကလေးပြန်ရောက်လာမယ်ဆိုတော့ ငါဘယ်လောက်စိတ်ညစ်သွားတယ်ထင်လဲ။ အခုလည်း ရောက်တောင်မလာသေးဘူး မင်းရဲ့ဒီလိုစိတ်ပျက်စရာပုံစံတွေကိုထပ်မြင်ရပြန်ပြီ "

ဘောမ်ဂယူမှာမယုံကြည်နိုင်စွာ။ အမေဖြစ်သူကိုဒီလောက်အထိသူ့အပေါ်‌ပြောရက်လိမ့်မယ်လို့မထင်ခဲ့မိတာကြောင့်လည်းဖြစ်နိုင်ပါသည်။ အမေကသူ့ကိုလက်မခံနိုင်ဘူးဆိုတဲ့အချက်ကလည်း သူ့ရင်ကိုနာစေသည်။

" ဘယ်လိုတောင် သားတစ်ယောက်အပေါ်ပြောထွက်ရတာလဲ အမေ "

" မင်းကငါမကြိုက်တာတွေကိုလုပ်နေလို့ပေါ့ ချွဲဘောမ်ဂယူရဲ့ "

" အမေသိတယ်မလား သူကကျွန်တော့်အတွက်ဘယ်လောက်အထိအရေးပါကြောင်းနဲ့ ကျွန်တော်သူ့ကို- "

" မပြောနဲ့! ငါမင်းဆီကနေအဲ့စကားထပ်မကြားချင်ဘူးလို့ပြောထားတယ်နော် "

လွန်ခဲ့တဲ့နှစ်နှစ်ကအတိုင်းသူ့ကိုတားပြန်တယ်။ အမေကသူ့ကိုနားလည်မပေးနိုင်ဘူး။ သူ့ဆီကနေအဲ့စကားကိုပြန်မကြားချင်ဘူးလို့အထပ်ထပ်ပြောခဲ့သေးတာကိုပါ အမှတ်ရလာတော့ ဘောမ်ဂယူပိုပြီးရင်နာသွားရသည်။

ဒါပေမဲ့ ဒီတစ်ခေါက်တော့အမေ့သဘောကျဖြစ်စေမှာမဟုတ်ဘူး။ သူ့အပေါ်စိတ်ပျက်လက်စနဲ့အဆုံးအထိပျက်ပါစေတော့။

" ကျွန်တော်သူ့ကိုချစ်တယ်။ ချွဲယောန်ဂျွန်းကိုသေလောက်အောင်ချစ်တယ်လို့!! "

" မင်း- "

သူဆက်ပြီးပြောဖို့ရာအားမရှိတော့ဘူးမို့ ဖုန်းကိုချပစ်လိုက်သည်။ စိတ်ရော၊လူရောပင်ပန်းလာရသည့်အခါ သူ့ခန္ဓာကိုယ်ကညွှတ်ခနဲလဲပြီး ကြမ်းပြင်ပေါ်ထိုင်ကျသွားသည်။

ဘေးနားမှာရပ်နေခဲ့တဲ့ဆူဘင်းကအပြေးအလွှားလာထူပြီး ဆိုဖာပေါ်သို့ပြောင်းထိုင်စေတယ်။ ကျောင်းမှာဆက်မနေပဲဆူဘင်းအိမ်ကိုပြန်လာလိုက်တာမှန်သွားပြီး အမေ့ကိုဖုန်းဆက်မေးမိတာကတော့သူမှားသွားတာဖြစ်ပါလိမ့်မည်။

" အဆင်မပြေနေတာသိတာမို့ ငိုချင်ရင်ငိုလိုက် "

သူ့အနားမှာအတူထိုင်နေရင်းဆူဘင်းကပြောတယ်။ လွန်ခဲ့တဲ့နှစ်တွေကတည်းက သူဟာချွဲယောန်ဂျွန်းနဲ့ပတ်သက်လာရင် ထိုကဲ့သို့ဖြစ်ခဲ့သည်။ စိတ်နှစ်ပြီးချစ်ခဲ့ပေမဲ့ တစ်ဘက်သက်ဖြစ်နေသည့်နောက် အရာရာမှာသူသာခံစားခဲ့ရသည်။

ဘယ်သူ့အပြစ်မှတော့မဟုတ်ခဲ့ပါဘူး။ အပြစ်တင်ရမယ်ဆို စီနီယာယောန်ဂျွန်းကိုချစ်မိတဲ့သူ့နှလုံးသားကသာအပြစ်ဖြစ်နေပါလိမ့်မည်။ ဒါကြောင့် သူကပေးဆပ်ခြင်းနဲ့ချစ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုစာနီးပါးပင်ရှိနေခဲ့ပြီဖြစ်သည်။

ဟျောင်းကိုချစ်ခဲ့ပြီးနောက် ပျော်ရွှင်မှုတွေခံစားခဲ့ရတဲ့နှစ်က‌ဟျောင်းအထက်တန်းမရောက်ခင်အထိသာဖြစ်သည်။ အထက်တန်းရောက်ပြီးသိပ်မကြာခင် ရည်းစားရသွားတဲ့ဟျောင်းကြောင့် သူ့မှာအနီးကပ်နေရင်းခံစားခဲ့ရတဲ့နာကျင်မှုတွေဟာအများအပြား။

ဒါပေမဲ့လည်း သူကအဆုံးထိအဲ့ချစ်ခြင်းကိုလက်မလွှတ်နိုင်ခဲ့ဘူး။ ဟျောင်းနဲ့သူ့ချစ်သူတို့ ကိုရီးယားကနေထွက်သွားတာတောင် သူဟာဟျောင်းကိုမေ့မသွားနိုင်ခဲ့ပေ။ ဟိုဟို၊သည်သည်ကြားရတဲ့သတင်းအစအနလေးတွေနဲ့တင် ထိုလူသားအဆင်ပြေနေတယ်ဆိုတဲ့အတွေးနဲ့ သူလည်းဆက်ပြီးကောင်းကောင်းမွန်မွန်နေနိုင်ခဲ့တာ။

အခုလိုမထင်ထားတဲ့သတင်းနဲ့ပြန်ရောက်လာမဲ့သူက ဘယ်လောက်တောင်များအထိနာခဲ့ပေမလဲ။ တွေးကြည့်ရုံနဲ့တင် သူ့ရင်တွေနာရပါတယ်။

လုံးဝထိန်းမရ‌လာတော့တဲ့အခါမျက်ရည်တွေကသူ့ပါးပြင်ပေါ်သို့ တာကျိုးသလိုစီးဆင်းလာသည်။ အနားမှာနှစ်သိမ့်ပေးဖို့ရှိနေခဲ့တဲ့ဆူဘင်းက ပုခုံးတွေတသိမ့်သိမ့်တုန်ခါသည်အထိငိုကြွေးနေတဲ့ဘောမ်ဂယူကိုလှမ်းဖက်ကာ ကျောပြင်သို့လက်ဖြင့်ခပ်ဖွဖွပုတ်ပေးနေသည်။

" ဘယ်လိုလုပ်မလဲ ဆူဘင်း။ ငါ ဟျောင်းကိုသနားလွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ "

ရှိုက်သံကြားမပီမမြင်ထွက်လာတဲ့စကားသံတွေပေမဲ့ ဆူဘင်းကောင်းကောင်းနားလည်နိုင်တဲ့အနေအထားမှာရှိခဲ့ပါတယ်။ သူ့ သူငယ်ချင်းအချစ်ရူးလေးက သူကိုယ်တိုင်လည်းနာကျင်နေရတာများပြီဆိုတဲ့အချက်ကိုမေ့ထားသလားမပြောတတ်ပါပေ။

နှစ်အတော်ကြာသူငယ်ချင်းအ‌နေနဲ့ဘောမ်ဂယူအနားအတူရှိလာတဲ့ဆူဘင်းကအကြောင်းစုံကိုသိနေသည်။ ချွဲယောန်ဂျွန်းအပေါ် ဘောမ်ဂယူ‌ဘယ်လောက်အထိမြတ်မြတ်နိုးနိုးနဲ့ပေးဆပ်ချစ်ကြောင်းတွေကိုသူမျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရသည်။

ဘောမ်ဂယူကကျန်တဲ့နေရာတွေမှာပေါ့ပေါ့ပါးပါးနဲ့ပျော်ပျော်နေတတ်သလောက် ချွဲယောန်ဂျွန်းနဲ့ပတ်သက်လာရင်တော့ထိုသို့မဟုတ်ပဲ အရာရာကိုအလေးထားတတ်သည်။

ဒါကြောင့်လည်း ဘောမ်ဂယူဘက်မှာရှိမနေခဲ့သည့်ကံတရားကိုဆူဘင်းမကြာခဏအပြစ်တင်တတ်သည်။ ဒီလောက်ချစ်တတ်တဲ့လူကို ဘာလို့များတောက်လျှောက်နာကျင်ခိုင်းနေရသလဲမသိပါ။

ဘေးက‌ကြည့်နေရတဲ့ဆူဘင်းတောင်ဒီလောက်ပင်ပန်းနေခဲ့ရင် သူ့သူငယ်ချင်းကဘယ်လောက်တောင်များပင်ပန်းနေခဲ့မလဲဆိုတာတွေးကြည့်လို့ရနိုင်သည်။

" အဆင်ပြေသွားမှာပါ "

ဆူဘင်းရဲ့စကားဟာ သူ့သူငယ်ချင်းဘောမ်ဂယူတင်မကပဲ အခုဖြစ်ပျက်နေတဲ့အခြေအနေတွေအားလုံးကိုရည်ညွှန်းခြင်းဖြစ်သည်။

စိတ်ထဲမှလည်း အရာအားလုံးမြန်မြန်အဆင်ပြေဖို့ကိုသာဆုတောင်းပေးရင်းဖြင့် ရှိုက်ကြီးတငင်‌ငိုနေသည့်‌ဘောမ်ဂယူကိုသာပိုတိုးလို့‌ထွေးပွေ့နှစ်သိမ့်ပေးဖြစ်ပါတော့သည်...။


••••

2/11/2023
Forsythia_Bom

Love is simple ဆိုပြီး Huebin တစ်ပုဒ်ရေးထားတာကိုတင်ထားတာကြာပါပြီ။ ဒါလေးက အဲ့ထဲမှာပါတဲ့ Yeongyu ရဲ့ story ကိုဖတ်ချင်တယ်လို့ပြောလာတဲ့သူငယ်ချင်းကြောင့် လက်ဆောင်အနေနဲ့ရေးပေးဖြစ်တာပါ။ နှစ်ပုဒ်ကဆက်စပ်မှုရှိနေပေမဲ့ မဖြစ်မနေဖတ်မှနားလည်မှာမျိုးတော့မဟုတ်ပါဘူးနော်။

Thanks for reading pr💛

Continue Reading

You'll Also Like

915 103 4
သူက ကျွန်တော့်ရဲ့ ပထမဆုံးသော အချစ်ဦးမို့ ...
1.8K 173 15
ကင်မ်ဆွန်မင်းက ကြွေရုပ်လေးလိုဘဲနူးနူးညံ့ညံ့နဲ့သိပ်လှပတာ...
1M 39.6K 92
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...